← Chapters

အခန်း (၅၃၁-၅၃၂)

Vol. 54 Ch. 531-532

အခန်း (၅၃၁-၅၃၂)

Vol. 54 Ch. 531-532

ဖန့်ချန်

ဘာသာပြန် အရှင်ငယ်

​အခန်း ၅၃၁ - ဓားဖြင့် မေးခွန်းထုတ်ခြင်း

​နတ်မိမယ်ယွီရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ပေါ်လာပါတယ်။

"သခင်လေး အဲဒါ ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်ပဲ"

​ဖန့်ချန်က ကြေးမှန်ထဲက ပုံရိပ်ကို စိတ်ဝင်တစား ကြည့်ပြီး မေးလိုက်ပါတယ်။

"သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"

​"သတင်းတွေအရတော့ သူက ပေါင်းစပ်ခြင်းအဆင့် ရဲ့ အထွတ်ထိပ်အဆင့်မှာ ရှိတယ်လို့ ပြောကြတယ်"

နတ်မိမယ်ယွီက စဉ်းစားရင်း ပြန်ဖြေပါတယ်။

​ပေါင်းစပ်ခြင်းအဆင့်ရဲ့ အထွတ်ထိပ်အဆင့်

​ဖန့်ချန်က ဆူးမော့နဲ့ အကြီးအကဲ ချန်တို့ကို လှမ်းကြည့်လိုက်ပါတယ်။

သူတို့နှစ်ယောက်လည်း ဒီအဆင့်မှာပဲ ရှိတာပါ။

ဒါကိုကြည့်ရင် အလယ်ပိုင်းအင်ပါယာမှာ ပေါင်းစပ်ခြင်းအဆင့်ဟာ လူမြင်ကွင်းမှာ တွေ့ရသမျှ အမြင့်ဆုံးအဆင့် ဖြစ်ပုံရပါတယ်။

အဲဒီထက် မြင့်တဲ့ ပညာရှင်ကြီးတွေကတော့ လောကီရေးရာတွေကို စိတ်မဝင်စားတော့ဘဲ တစ်ခုခု ထူးခြားမှသာ ပေါ်လာတတ်ကြတာပါ။

​ကြေးမှန်ထဲမှာတော့ ဂိုဏ်းချုပ်ကြီးက လက်ကို အသာအယာ မြှောက်လိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ မသေမျိုးတောင်တန်းတွေဟာ မိုးကြိုးပစ်သလို အသံကြီးနဲ့အတူ ပြိုကျပျက်စီးသွားပါတော့တယ်။

​"ဟင်လင်းပြင်ထာဝရဓားဂိုဏ်းက ဂါရဝပြုဖို့ ရောက်လာပါတယ်"

ဂိုဏ်းချုပ်ရဲ့ အသံက အေးအေးဆေးဆေးပဲ ထွက်လာပါတယ်။

​ဘေးက ကြည့်နေတဲ့သူတွေဟာ အံ့သြလွန်းလို့ စကားတောင် မပြောနိုင်တော့ပါဘူး။

ဓားဂိုဏ်းရဲ့ ဂါရဝပြုပုံက တောင်တွေကို မြေလှန်ပစ်တာလား အဲဒီတောင်တွေမှာ ရှိတဲ့ ဆေးဖက်ဝင်စမ်းချောင်းတွေနဲ့ သယံဇာတတွေ ပျက်စီးသွားတာဟာ မဟာချဲ့ထွင်းဂိုဏ်းအတွက်တော့ အကြီးအကျယ် ဆုံးရှုံးမှုပါပဲ။

​ကြေးမှန်ထဲမှာတော့ မဟာချဲ့ထွင်းဂိုဏ်းက အကြီးအကဲ ၁၀ ယောက်ကျော် ကောင်းကင်ကို ပျံတက်လာပြီး ဒေါသတကြီး အော်ဟစ်ကြပါတယ်။

"မင်းတို့ တော်တော်လွန်နေပြီ"

​ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ နောက်ကျောကနေ ထောင်ပေါင်းများစွာသော ဓားအလင်းတန်းတွေက အဲဒီအကြီးအကဲတွေဆီကို ဒလဟော ပြေးထွက်သွားပါတယ်။

ဓားဂိုဏ်းက အကြီးအကဲတွေဟာ အရမ်းမြန်လွန်းတာကြောင့် မဟာချဲ့ထွင်းဂိုဏ်းက လူတွေ ခုခံဖို့တောင် အချိန်မရလိုက်ပါဘူး။

၃ ကွက်၊ ၅ ကွက်အတွင်းမှာတင် အကြီးအကဲ ၁၀ ယောက်လုံး အထိနာပြီး ဆုတ်ခွာသွားရပါတယ်။

​တိုက်ပွဲတစ်လျှောက်လုံးမှာ ဂိုဏ်းချုပ်ကြီးဟာ သူ့ရဲ့ မျက်နှာအစစ်ကို မပြပါဘူး။

ဘေးတစောင်း ပုံရိပ်လေးပဲ မြင်ရတာပါ။

​"ယွီလေး မင်းတို့ဂိုဏ်းချုပ်က တကယ့်ကို အရှိန်အဝါကြီးတာပဲ"

ဖန့်ချန်က မှတ်ချက်ပေးပါတယ်။

​ယွီလေးရဲ့ မျက်နှာက ပိုပြီး ထူးဆန်းသွားပါတယ်။

"အဲဒါ ဂိုဏ်းချုပ်ရဲ့ ဝါသနာတစ်ခုပဲ သခင်လေး စီနီယာတွေ ပြောပုံအရဆိုရင် တောင်ထွတ် ၃၆ ခုက တောင်သခင်တွေကလွဲလို့ ကျန်တဲ့သူတွေဟာ ဂိုဏ်းချုပ်ရဲ့ မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးကြဘူး"

​"ဘာလို့လဲ"

​"ဂိုဏ်းချုပ်က ပြောဖူးတယ်တဲ့ သူက အမြင့်ဆုံးပညာရှင်ရဲ့ အရှိန်အဝါ ကို မွေးမြူဖို့အတွက် သတ္တဝါအားလုံးကို ကျောခိုင်းပြီး ကျင့်ကြံနေတာတဲ့"

" ဒါမှ နောက်ပိုင်း မိုးကြိုးဘေးဒုက္ခကို ကျော်ဖြတ်ပြီး ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကို ချောချောမောမော ရောက်နိုင်မှာတဲ့"

​ဖန့်ချန် ကြေးမှန်ကို ကြည့်ပြီး တွေးလိုက်ပါတယ်။

"သတ္တဝါအားလုံးကို ကျောခိုင်းပြီး အရှိန်အဝါ မွေးမြူတယ် ဟုတ်လား"

ဒီသတင်းတွေသာ မှန်မယ်ဆိုရင် ဂိုဏ်းချုပ်ကြီးက အခု ကြေးမှန်ထဲမှာ သူ့ရဲ့ ဘေးတစောင်း ပုံရိပ်လေးကို ရည်ရွယ်ချက်ရှိရှိ ပြနေတာပေါ့

ဖန့်ချန် ဘေးက ဓားကျင့်သူတွေကို ကြည့်လိုက်တော့ သူတို့လည်း ယွီလေးလိုပဲ ထူးဆန်းတဲ့ မျက်နှာပေးတွေ ဖြစ်နေကြပါတယ်။

​မကြာခင်မှာပဲ တိုက်ပွဲက ပြီးသွားပါတယ်။

မဟာချဲ့ထွင်းဂိုဏ်းက လူတွေဟာ တောင်ကာကွယ်ရေး အစီရင်ကြီးကို ဖွင့်ပြီး ပုန်းနေကြပါပြီ။

ဂိုဏ်းချုပ်ကြီးက အေးစက်စက် ပြောလိုက်ပါတယ်။

"ဒီနေ့အတွက်တော့ ဒီမှာတင် တော်ပြီ နက်ဖြန်မှ ငါတို့ ပြန်လာခဲ့မယ်"

​သူက ခဏရပ်ပြီး အမိန့်ပေးလိုက်ပါတယ်။

"ဓားဂိုဏ်းတပည့်များ နားထောင်ကြ ဒီနေ့ကစပြီး အပြင်မှာ မဟာချဲ့ထွင်းဂိုဏ်းက လူကို တွေ့ရင် ချက်ချင်း ဓားစိန်ခေါ်ပွဲ လုပ်ကြစမ်း"

​"ဓားစိန်ခေါ်ပွဲ"

အလယ်ပိုင်းအင်ပါယာက ကျင့်ကြံသူတွေအားလုံး ထိတ်လန့်သွားပါတယ်။

ဓားဂိုဏ်းသားတွေအတွက် ဓားစိန်ခေါ်ပွဲဆိုတာ တစ်ဖက်ဖက်က သေမှ ပြီးမယ့်

"အသေအလဲတိုက်ပွဲ" ကို ဆိုလိုတာပါ။

​ချင်ဟော့ချိန်က ပြုံးပြီး ဘေးကလူတွေကို ကြည့်လိုက်ပါတယ်။

"ကြားတယ်မလာ မဟာချဲ့ထွင်းဂိုဏ်းကလူတွေ့ရင် ဓားစိန်ခေါ်ရမယ်တဲ့ ဟားဟား ငါ အဲဒီလို မလုပ်ရတာ ကြာပြီ"

​ကိုင်ဟုန် ကတော့ အခြေအနေကို ကြည့်ပြီး တားဖို့ ကြိုးစားပါတယ်။

"မိတ်ဆွေ ချင် ကျုပ်အဖေ ကောင်းကင်ဘုရင်ကျန့်က ပြောထားပြီးသားပါ အခု သူတို့ ထွက်သွားရင် ကျုပ်တို့က ဆက်ပြီး အပြစ်မယူတော့ပါဘူး"

"ပြီးတော့ မင်းတို့ မလာခင်ကတည်းက ကျုပ်တို့လည်း ပါးအရိုက်ခံထားရပြီးသားပါ ဒီလောက်နဲ့ပဲ ကျေအေးကြရင် မကောင်းဘူးလား"

​ချင်ဟော့ချိန်က အူကြောင်ကြောင် ပုံစံနဲ့ ပြန်မေးပါတယ်။

"မင်းတို့ ပါးရိုက်ခံရတာ ငါတို့ကတော့ ဘာမှ မသိပါလား"

​ဒီစကားကြောင့် ကိုင်ဟုန် တို့အုပ်စု ဒေါသထွက်သွားပါတယ်။

ဒီဓားဂိုဏ်းသားတွေ သိရက်နဲ့ မသိချင်ယောင် ဆောင်နေတာလေ

​နောက်ဆုံးတော့ ဓားကျင့်သူတွေဟာ ကြယ်ကြွေသလိုမျိုးပဲ မြို့ထဲကနေ ပြန်ထွက်သွားကြပါတော့တယ်။

ဖန့်ချန်လည်း မတ်တပ်ရပ်လိုက်ပါတယ်။

"ငါတို့လည်း သွားကြစို့"

​သူတို့ ထွက်သွားတာကို ဘယ်သူမှ မတားရဲပါဘူး။

ဓားဂိုဏ်းသားတွေကို ကြောက်တာထက် ဖန့်ချန်ရဲ့ ထူးဆန်းတဲ့ မိစ္ဆာနည်းလမ်းတွေကို ပိုကြောက်နေကြတာပါ။

ဒါပေမဲ့ ကိုင်ဟုန်ကတော့ ရှေ့ကို ထွက်လာပြီး လမ်းပိတ်လိုက်ပါတယ်။

​"နေဦး"

​"ဘာလဲ စည်းမျဉ်းကို ချိုးဖောက်ချင်တာလား"

ဖန့်ချန်က အေးစက်စက် မေးပါတယ်။

​"နားမူမလွဲပါနဲ့ ငါက ကိုင်ဟုန် ပါ ကိုင်ဝူရဲ့ အစ်ကိုကြီးပါ"

​"အော် ကိုင်ဝူရဲ့ အစ်ကိုပေါ့"

ယွီလေးက လှောင်ပြုံး ပြုံးလိုက်ပါတယ်။

​ကိုင်ဟုန်က ဆက်ပြောပါတယ်။

"ငါ့ညီ ကိုင်ဝူက နည်းနည်း ဆိုးသွမ်းတယ်ဆိုတာ ငါသိပါတယ် ပြီးတော့ ဒီကိစ္စမှာ သွေးဝိညာဉ်ဂိုဏ်း ပါဝင်နေတာကိုလည်း ငါတို့ စုံစမ်းနေပါတယ်"

"မင်းတို့ အခု ဒီအိမ်တော်ကနေ ထွက်သွားရင် ကောင်းကင်ဘုရင်ကျန့် အိမ်တော်နဲ့ မင်းတို့ကြားက ရန်ငြိုးတွေ ကျေအေးပြီလို့ မျှော်လင့်ပါတယ်"

​ဖန့်ချန်က ရယ်လိုက်ပါတယ်။

"ကျေအေးမယ် ဟုတ်လား ဒီကိစ္စကြောင့် ယွီလေးရဲ့ ဝိညာဉ်စွမ်းအားတွေ နောက်ပြန်စီးပြီး ပြောင်းပြန်မသေမျိုး မိစ္ဆာသန္ဓေသား ဖြစ်သွားခဲ့တာ"

"ငါတို့နဲ့ မင်းညီကြားက ရန်ငြိုးက အရမ်းကြီးတယ်မင်းညီ ကိုင်ဝူ မသေမချင်း ဒီကိစ္စက ဘယ်တော့မှ မပြီးဘူး"

​ဘေးကလူတွေအားလုံး မှင်တက်သွားပါတယ်။

ဒီကောင်လေးက ဒီလောက်အထိ ဖြစ်နေတာတောင် အလျှော့မပေးသေးဘူးလား

​အခန်း ၅၃၂ - မူလအသီး၏ တကယ့်အသုံးဝင်ပုံ

​ကိုင်ယွန်နောက ရှေ့ကို လျှောက်လာပြီး ဖန့်ချန်ကို ဒေါသတကြီး စိုက်ကြည့်နေပါတယ်။

သူမရဲ့ မျက်လုံးထဲမှာတော့ ဒေါသတွေ အပြည့်ပါပဲ။

"အစ်ကိုကြီး သူတို့ကို ဘာလို့ ဒီလောက် ယဉ်ကျေးပြနေတာလဲ ငါ့မောင်ကို သတ်ချင်တယ်ဆိုရင် သူတို့မှာ တကယ်ပဲ အစွမ်းရှိမရှိ ကြည့်ရသေးတာပေါ့ သူတို့က ကောင်းကင်ဘုရင်ကျန့် အိမ်တော်က ပညာရှင်တွေ အကုန်သေကုန်ပြီလို့ ထင်နေတာလား"

​ကိုင်ဟုန်နဲ့ ကိုင်ယွန်နောကို တစ်ချက်ကြည့်ပြီးနောက် နတ်မိမယ်ယွီက ရုတ်တရက် ရယ်မောလိုက်ပါတယ်။

သူမက ဖန့်ချန်ဘက်ကို လှည့်ပြီး

"သခင်လေး ကြည့်ပါဦး ဒီနှစ်ယောက်က တကယ့်ကို သနားစရာလေးတွေပါ ခုနက သခင်လေး ပါးရိုက်ထားတာ မသက်သာသေးလို့ ထင်တယ်ပါးစပ်တွေက ရွဲ့၊ မျက်လုံးတွေက စောင်းနေတုန်းပဲ"

လို့ ပြောလိုက်ပါတယ်။

​သူမရဲ့ စကားလုံးတွေက ထက်မြက်တဲ့ ဓားတစ်စင်းလိုပဲ ကိုင်ယွီနောရဲ့ နှလုံးသားကို ထိုးစိုက်လိုက်သလိုပါပဲ။

​"ဒါတော့ မကောင်းတော့ဘူး..."

ကိုင်ဟုန် စိတ်ထဲကနေ တွေးလိုက်မိပါတယ်။

​တကယ်လည်း ကိုင်ယွန်နောဟာ ဒေါသကြောင့် ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားပါတယ်။

ကိုင်ဟုန်က အမြန်ပဲ ကြားထဲက ဝင်တားပြီး ညီမဖြစ်သူကို အလေးအနက် ကြည့်ကာ ပြောလိုက်ပါတယ်။

"ဒုတိယညီမ ငါတို့မျက်နှာက ဒဏ်ရာတွေက အချိန်တန်ရင် ပျောက်သွားမှာပါ ဒီလို ဒဏ်ရာအသေးအဖွဲလေးတွေကြောင့် မင်းရဲ့ ဆင်ခြင်တုံတရားကို အပျောက်မခံပါနဲ့"

​ကိုင်ယွန်နောရဲ့ မျက်လုံးတွေ ပြန်လည်ကြည်လင်လာပြီး သတိပြန်ဝင်လာပါတယ်။

သူမက အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ဖန့်ချန်နဲ့ နတ်မိမယ်ယွီကို ပြောလိုက်ပါတယ်။

"တကယ်တော့ ကိုင်ဝူ သေတာရှင်တာက ငါနဲ့ ငါ့အစ်ကိုအတွက် ဘာမှ အရေးမပါဘူး ငါတို့လည်း သူ့ကို မင်းတို့လိုပဲ မုန်းတာ"

​"ငါတို့က သူ့ကိစ္စတွေထဲမှာ ဘယ်တုန်းကမှ အပါမခံချင်ခဲ့ဘူး ဒါပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ မင်းတို့က ရန်ငြိုးကို အဆုံးသတ်ဖို့ သူ့ကို သတ်ချင်တယ် ဟုတ်လား ဒါဆိုရင်လည်း ကြိုးစားကြည့်ကြပေါ့"

"မင်းတို့ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ မင်းတို့ တကယ်ပဲ လုပ်နိုင်ဖို့ မျှော်လင့်တယ်ကြွားလုံးတွေပဲ မဖြစ်နဲ့ဦး"

​ပြောပြီးတာနဲ့ ကိုင်ယွန်နောက လှည့်ထွက်သွားပါတော့တယ်။

ကိုင်ဟုန်က စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ဖန့်ချန်ကို ကြည့်လိုက်ပါတယ်။

"မိတ်ဆွေ ငါ ကိုင်ဝူ့ကိစ္စမှာ ဝင်မပါတော့ဘူး မင်း သူ့ကို သတ်ချင်ရင် သတ်နိုင်တယ် ဒါပေမဲ့ သူက ငါ့အဖေရဲ့ တတိယသား ဖြစ်နေတော့ သူ့နောက်မှာ အစွမ်းထက်တဲ့ အကာအကွယ်တွေ အများကြီး ရှိနေလိမ့်မယ် သူ့ကို သတ်ဖို့ကတော့ လွယ်မှာ မဟုတ်ဘူး"

​အဲဒီလို ပြောပြီးတာနဲ့ ကိုင်ဟုန်ကလည်း ကိုင်ယွန်နော စိတ်လိုက်မာန်ပါ တစ်ခုခု လုပ်မိမှာစိုးလို့ သူမနောက်ကို အမြန်လိုက်သွားပါတယ်။

​"ကောင်းကင်ဘုရင်ကျန့် အိမ်တော်က မောင်နှမ သုံးယောက်က သိပ်ပြီး မတည့်ကြဘူးထင်တယ်"

ဖန့်ချန်က ပြုံးရင်း မှတ်ချက်ပေးပါတယ်။

​"သခင်လေး ကိုင်ဝူကို တကယ်ပဲ သတ်ဖို့ အခွင့်အရေး ရှာမှာလား ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ရင်ရော မကောင်းဘူးလား"

" ကျွန်မတို့ သစ်စိမ်းဂိုဏ်းကို မသွားဘဲ တစ်နေရာရာမှာ တိတ်တဆိတ် ပုန်းနေကြရင်ရော ကောင်းကင်ဘုရင်ကျန့် အိမ်တော်ကလည်း ဆက်ပြီး အပြစ်မယူတော့ဘူးလို့ ပြောနေတာပဲလေ"

နတ်မိမယ်ယွီက မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်ပါတယ်။

​ဖန့်ချန်က တည်ငြိမ်စွာ ပြန်ပြောပါတယ်။

"သူတို့ကတော့ ဘာမဆို ပြောမှာပေါ့ ဒါပေမဲ့ သူတို့ မင်းကို အလွယ်တကူ ရှာတွေ့နိုင်နေသရွေ့ မင်းက အမြဲ အန္တရာယ်ရှိနေမှာပဲ"

"ပြီးတော့ မဟာချဲ့ထွင်းဂိုဏ်း နတ်ဘီလူးဂိုဏ်းနဲ့ မွေးရာပါဒေါသဂိုဏ်းတွေကိုလည်း ငါတို့ သတိထားရဦးမယ် ဒီနေ့ ငါ ရန်စလိုက်တဲ့လူတွေ အများကြီးပဲလေ ဒါကြောင့် ငါတို့ သစ်စိမ်းဂိုဏ်းကို သွားကိုသွားရမယ်"

​စကားအဆုံးမှာ သူတို့နှစ်ယောက်ဟာ ဓားအလင်းတန်းတွေအဖြစ် ပြောင်းလဲပြီး သစ်စိမ်းဂိုဏ်းဆီကို ပျံသန်းသွားကြပါတယ်။

​သူတို့ ထွက်သွားပြီးနောက်မှာတော့ နံ့သာဂိုဏ်း က လူအချို့ ပေါ်လာပါတယ်။

သူတို့က ဖန့်ချန်ရဲ့ ဓားငယ်လေးကို မျက်စိကျနေကြတာပါ။

"အဲဒီဓားက မိစ္ဆာပစ္စည်းတစ်ခုပဲ အဲဒီပေါ်က သွေးစွန်းတွေက မကောင်းဆိုးဝါးရဲ့ အရင်းအမြစ်ပဲ"

" ဒီပစ္စည်းကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်လေးက ပေါင်းစပ်ခြင်းအဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ကြောက်လန့်သွားအောင် လုပ်နိုင်တယ်ဆိုတော့ တကယ့်ကို ထူးခြားတဲ့ အရင်းအမြစ်ပဲ"

​"တကယ်လို့ ငါတို့သာ ဒါကို သိမ်းပိုက်ပြီး ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်ပူးကပ်ခြင်း အတတ် နဲ့ ပေါင်းစပ်လိုက်ရင် အစွမ်းက မခန့်မှန်းနိုင်လောက်အောင် ဖြစ်သွားလိမ့်မယ်"

​"ဒါပေမဲ့ သူ့နောက်မှာ အင်အားကြီးတဲ့ နောက်ခံရှိနေနိုင်တယ် အဆင့် ၁ ဂိုဏ်းချုပ်တစ်ယောက်ယောက် ဖြစ်နေရင်ရော"

​"ငါတို့ စွန့်စားလုပ်မိရင် ဂိုဏ်းအတွက် ဘေးဒုက္ခဖြစ်နိုင်တယ် ငါတို့က မဟာချဲ့ထွင်းဂိုဏ်းလို မဟုတ်ဘူး သူတို့ဆီမှာ မသေမျိုးဘုရင် ရှိလို့ တခြားဂိုဏ်းချုပ်တွေက မျက်နှာသာပေးတာ ငါတို့ကတော့ သတိထားရမယ်"

​"ကြိုးစားကြည့်ရအောင် မအောင်မြင်ရင်လည်း ရပ်လိုက်ရုံပေါ့ အခုတော့ ကောင်းကင်ဘုရင်ကျန့်နဲ့ ဓားဂိုဏ်းကြားက သဘောတူညီချက် ပျက်ပြယ်သွားပြီဆိုတော့ ငါတို့ လှုပ်ရှားလို့ရပြီ။"

​သူတို့က တိုင်ပင်ပြီးနောက် ဖန့်ချန်တို့နောက်ကို တိတ်တဆိတ် လိုက်သွားကြပါတော့တယ်။

​ရက်အနည်းငယ်အကြာမှာတော့ ဖန့်ချန်တို့ဟာ သစ်စိမ်းဂိုဏ်းရှိရာ မသေမျိုးတောင်ခြေကို ရောက်လာပါတယ်။

ရောက်ရောက်ချင်းမှာပဲ ရှန်ထူချန်း ဆိုတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က သူတို့ကို လာကြိုပါတယ်။

​"ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ"

​"စီနီယာက ကျမတို့ လာမယ်ဆိုတာ သိနေတာလား"

နတ်မိမယ်ယွီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။

​ရှန်ထူချန်းက ပြုံးပြီး ပြောပါတယ်။

"မင်းတို့နှစ်ယောက် ဖြစ်ထားတဲ့ ကိစ္စတွေက တစ်နိုင်ငံလုံးကို ဟိုးဟိုးကျော်နေတာပဲ သစ်စိမ်းဂိုဏ်းက ဒါကို မသိဘဲ နေပါ့မလာ ဒါက တစ်နိုင်ငံလုံးကို ဂယက်ရိုက်သွားတဲ့ ကိစ္စပဲလေ"

​သူက ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး

"မိတ်ဆွေ မင်းက တကယ်ပဲ နံ့သာဂိုဏ်း ကလား"

လို့ စပ်စုပါတယ်။ ဖန့်ချန်က

"ကျုပ်က နံ့သာဂိုဏ်းနဲ့ ပတ်သက်မှု အနည်းငယ် ရှိတယ်လို့ပဲ ပြောပါရစေ"

လို့ ခပ်မှိန်မှိန် ဖြေလိုက်ပါတယ်။

ဒါကို ရှန်ထူချန်းက အတည်ပြုချက်တစ်ခုလို့ပဲ မှတ်ယူလိုက်ပြီး အားရသွားပါတယ်။

​တောင်ပေါ်ကို တက်နေရင်းနဲ့ ရှန်ထူချန်းက မူလအသီး အကြောင်း ပြောပြပါတယ်။

"ဒီအသီးက နှစ် ၃၀၀ မှာ တစ်လုံးပဲ သီးတာအကြီးအကဲတွေကတော့ အလွယ်တကူ ပေးမှာ မဟုတ်ဘူး ဒါက ဝိညာဉ်ကျောက်တုံးတွေနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ ပစ္စည်းပဲ"

​ဖန့်ချန်က

"ဒီအသီးက ကံကြမ္မာရန်ငြိုး ကို ပယ်ဖျောက်ပေးတာထက် တခြား ဘာထူးခြားတာ ရှိသေးလဲ"

လို့ မေးလိုက်ပါတယ်။

​ရှန်ထူချန်းက ခေါင်းညိတ်ပြပါတယ်။

"ဒါကို အထင်မသေးနဲ့ ကံကြမ္မာရန်ငြိုးဆိုတာ ဘေးဒုက္ခ ၃ ပါးနဲ့ ဆက်စပ်နေတာ ကပ်ဘေး ၉ ပါး မှာလည်း ကံကြမ္မာရန်ငြိုးတွေ ပါနေတယ်"

" ဒီအသီးက ကံကြမ္မာရန်ငြိုးကို နှစ်တစ်ရာစာ ဖယ်ရှားပေးနိုင်တယ်ဆိုရင် မင်းရဲ့ မိုးကြိုးဘေးဒုက္ခ ကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ချိန် နှစ်တစ်ရာ ပိုရလိုက်တာနဲ့ အတူတူပဲ ဒါက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ သဘောပေါက်ပြီမလား"

​ဖန့်ချန် သဘောပေါက်သွားပါတယ်။

မကြာခင်မှာပဲ သူတို့ဟာ နန်းတော်ကြီးတစ်ခုဆီ ရောက်လာပါတယ်။ ရှန်ထူချန်းက

"အကြီးအကဲယို ဧည့်သည်တွေ ရောက်ပါပြီ"

လို့ အကြောင်းကြားလိုက်ပါတယ်။

​"ဝင်လာခဲ့ကြ"

လို့ အထဲက အသံထွက်လာပါတယ်။

အကြီးအကဲယိုဟာ ဂိုဏ်းရဲ့ အုပ်ချုပ်ရေးမှူး ၉ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး မူလအသီးကို တာဝန်ယူထားရသူလည်း ဖြစ်ပါတယ်။

ဖန့်ချန်ဟာ နတ်မိမယ်ယွီနဲ့အတူ နန်းတော်ထဲကို လှမ်းဝင်လိုက်ပါတော့တယ်။

All Chapters