အခန်း (၅၃၅-၅၃၆)
Vol. 54 Ch. 535-536
အခန်း ၅၃၅ - သူလျှိုလား
ဖန့်ချန်က တိတ်ဆိတ်နေတာကို မြင်တော့ ထိုအမျိုးသမီးက ပိုပြီး ရဲတင်းလာကာ အေးစက်စက် လှောင်ပြောင်မှုတွေနဲ့ ဆက်တိုက် ရင့်သီးစွာ ပြောဆိုနေပါတော့တယ်။
သစ်စိမ်းဂိုဏ်း တပည့်အချို့က သူမကို တားဖို့ ကြိုးစားပေမဲ့ သူမကတော့ အကြောက်အလန့်မရှိဘဲ ဒေါသတွေကို ပုံအောကာ ဂိုဏ်းကိုပါ ထိခိုက်အောင် ပြောဆိုနေပါတယ်။
မကြာခင်မှာပဲ အမျိုးသားတစ်ယောက် အပြေးအလွှား ရောက်လာပြီး သူမ စကားမဆက်နိုင်အောင် တားလိုက်ပါတယ်။
"ညီမလေး ပါးစပ်ကို ပိတ်ထားစမ်း"
ထိုလူက ဖန့်ချန်ကို သတိကြီးစွာ တစ်ချက်ကြည့်ပြီး အတင်းအကြပ် ပြုံးလိုက်ရင်း
"ကျုပ် ညီမလေးက စကားပြောရင် အဆင်အခြင် မရှိလို့ပါ စိတ်အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပေးပါ"
လို့ ပြောပြီး သူမကို အမြန်ဆွဲခေါ်သွားပါတော့တယ်။
အမျိုးသမီး ပေါ်လာပြီးကတည်းက ပတ်ဝန်းကျင် အခြေအနေက တင်းမာသွားတာကြောင့် ဖန့်ချန်ကို လာတွေ့တဲ့ တပည့်တွေလည်း နှုတ်ဆက်ပြီး အမြန်ပြန်သွားကြပါတယ်။
ဖန့်ချန် လှည့်ကြည့်လိုက်တဲ့အခါ ဂူတံခါးဝမှာ ရပ်နေတဲ့ နတ်မိမယ်ယွီကို တွေ့လိုက်ရပါတယ်။
သူမရဲ့ မျက်လုံးထဲမှာတော့ ခံစားချက်ပေါင်းစုံ ရောထွေးနေပါတယ်။
ဖန့်ချန်က ပြုံးပြလိုက်ပြီး
"ဘာဖြစ်လို့လဲ"
လို့ မေးလိုက်ပါတယ်။
ယွီလေးက မျက်မှောင်ကြုတ်ရင်း
"ကျွန်မကြောင့်သာ မဟုတ်ရင် သခင်လေး ဒီလို အပြောအဆိုခံရမှာ မဟုတ်ဘူး"
လို့ တိုးတိုးလေး ပြောပါတယ်။
"ဝမ်းနည်းစရာ မဟုတ်ပါဘူး တကယ်တော့ ငါတို့ဘက်ကလည်း မှားနေတာပဲလေ"
ဖန့်ချန်က ခေါင်းခါပြပါတယ်။
"သူမရဲ့ ဒေါသတွေကို ဒီလောက်လေး ထုတ်ခွင့်ပေးလိုက်တာ ဘာမှ အန္တရာယ် မရှိပါဘူး"
နတ်မိမယ်ယွီကတော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်သွားပါတယ်။
ရက်အနည်းငယ် ကုန်လွန်သွားပေမဲ့ ထိုအမျိုးသမီးကတော့ ပြန်ပေါ်မလာတော့ပါဘူး။
ဒါပေမဲ့ သူမကို ဆွဲခေါ်သွားတဲ့ လူငယ် လီဟောင် ကတော့ ဖန့်ချန်ဆီကို မကြာခဏ လာလည်ပါတယ်။
သူကတော့ ဖန့်ချန်ကြောင့် သူတို့ဘိုးဘေး မူလအသီး မရတော့တာကို စိတ်ဆိုးနေပုံ မရပါဘူး။
သူ လာတိုင်းမှာ အင်ပါယာအတွင်းက စိတ်ဝင်စားစရာ အကြောင်းအရာတွေနဲ့ ကောလာဟလတွေကိုပဲ ပြောကြပြီး ကျင့်စဉ်တွေ၊ အတတ်ပညာတွေအကြောင်းကိုတော့ ရှောင်ရှားကြပါတယ်။
"မိတ်ဆွေ နောက်ကျနေပြီဆိုတော့ ကျုပ် ပြန်လိုက်ပါဦးမယ်"
"ကျုပ် လိုက်ပို့ပါ့မယ်"
ဖန့်ချန်က သူ့ကို ဂူတံခါးဝအထိ လိုက်ပို့ပြီး ထွက်သွားတာကို စောင့်ကြည့်နေပါတယ်။
သူ ထွက်သွားတာနဲ့ ယွီလေးက ဖန့်ချန်ဘေးမှာ လာရပ်ပြီး
"သခင်လေး တစ်စုံတစ်ယောက်က အကြောင်းမဲ့ ကောင်းပြနေရင် တစ်ခုခုတော့ လိုချင်လို့ ဒါမှမဟုတ် မကောင်းတဲ့ အကြံရှိလို့ဆိုတာ သခင်လေးပဲ ပြောခဲ့ဖူးတယ်မလား"
ဖန့်ချန်က ခေါင်းညိတ်လိုက်ပါတယ်။
"လီဟောင်က နည်းနည်းတော့ ထူးဆန်းတယ် ပြီးတော့ သူ့ရဲ့ ကျင့်ကြံမှုကလည်း အတော်လေး တည်ငြိမ်တယ်"
"သူက ဝိညာဥ်သန္ဓေသားအဆင့်ရဲ့ နောက်ဆုံးအဆင့်မှာ ရောက်နေပြီး သိမြင်ခြင်းအဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ"
"သူက သွေးဝိညာဉ်ဂိုဏ်း က ဖြစ်နေမလား သခင်လေးက သူတို့ရဲ့ အကြံအစည်တွေကို ဖျက်ဆီးခဲ့တာဆိုတော့ သူတို့က သခင်လေးကို တကယ့်ကို အငြိုးကြီးမှာပဲ"
လို့ ယွီလေးက မှတ်ချက်ပေးပါတယ်။
"ငါ ချင်းဟူ အင်ပါယာကနေ ထွက်လာကတည်းက သွေးဝိညာဉ်ဂိုဏ်းရဲ့ စစ်သူကြီးလေးယောက်ထဲက လုံချင်းစစ်သူကြီး ငါ့နောက်ကို လိုက်နေတာ ငါသိပါတယ်"
"ငါက သူတို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးခဲ့ရုံတင်မကဘူး သူ့ရဲ့ ညီနှစ်ယောက်ကိုလည်း သတ်ခဲ့တာလေ"
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
"သူ့မှာ ဘာအကြံပဲရှိရှိ မူလအသီး ရတာနဲ့ ငါတို့ ဒီကနေ ထွက်သွားကြမယ်"
ဂူထဲ ပြန်ရောက်တဲ့အခါ ဖန့်ချန်က သူ့ရဲ့ ဝိညာဉ်အသိစိတ် ကို ခန္ဓာကိုယ်ထဲက ထုတ်ပြီး လီဟောင်ရဲ့ ဂူထဲကို တိတ်တဆိတ် စုံစမ်းဖို့ လွှတ်လိုက်ပါတယ်။
"အစ်ကို အဲဒီ ရှယဲ့ရွှမ်ကျီ ဆီကို ထပ်သွားပြန်ပြီလား သူနဲ့ ဘာလို့ ပေါင်းနေတာလဲ သူသာ မရှိရင် ငါတို့ဘိုးဘေးက မူလအသီးကို ရပြီးလောက်ပြီ"
လီဟောင် ပြန်ရောက်တာနဲ့ ညီမဖြစ်သူက ပြစ်တင်စကား ပြောပါတော့တယ်။
လီဟောင်က ပြုံးပြီး
"ညီမလေး မင်း ရှယဲ့ရွှမ်ကျီ ရဲ့ နည်းလမ်းတွေကို တွေ့ဖူးတာပဲ သူ့နောက်ခံက အရမ်းနက်ရှိုင်းတယ် သူနဲ့ ရင်းနှီးအောင် လုပ်ထားတာက ငါတို့ လီမိသားစုအတွက် အကျိုးရှိလိမ့်မယ်"
"ဘာအကျိုးရှိမှာလဲ သူက အခြေခံတည်ဆောက်ခြင်းအဆင့် လေးပဲဟာကို"
အမျိုးသမီးက ဖန့်ချန် ရူးသွပ်သွားချိန်မှာ ပြသခဲ့တဲ့ အစွမ်းတွေက သူ့ရဲ့ တကယ့်အစွမ်း မဟုတ်ဘဲ နတ်ဘုရားတစ်ပါးရဲ့ ပူးကပ်မှုကြောင့်လို့ပဲ ယူဆထားတာပါ။
"သူ မဟာချဲ့ထွင်းဂိုဏ်းရဲ့ နတ်ဘုရားချုပ်နှောင်ခြင်း အစီရင်ကို ဖျက်ဆီးတုန်းကလည်း နံ့သာဂိုဏ်း က ပညာရှင်တစ်ယောက် ပူးကပ်နေလို့ပဲ မဟုတ်လား"
"သူ့နောက်မှာ ဟင်လင်းပြင်ထာဝရဓားဂိုဏ်း ရှိနေတာကိုလည်း မမေ့နဲ့ဦး"
လီဟောင်က တိုးတိုးလေး ရယ်မောရင်း သူမရဲ့ ဆံပင်ကို အသာအယာ ဖွပေးကာ အခန်းထဲ ဝင်သွားပါတယ်။
ဖန့်ချန်က လီဟောင်ရဲ့ အခန်းကို အရင်ဝင်ကြည့်ပြီးမှ ထိုအမျိုးသမီး ရှိနေတဲ့ အခန်းကို ကူးသွားပါတယ်။
အဲဒီအခန်းထဲမှာ အမျိုးသမီးအပြင် မျက်နှာတစ်ခုလုံးမှာ အမည်းစက်တွေ ပြည့်နေတဲ့ အဘိုးအိုတစ်ယောက်လည်း ရှိနေပါတယ်။
ထိုအဘိုးအိုရဲ့ အရေပြားက တွန့်လိပ်နေပြီး ဆံပင်တွေလည်း ကျဲနေပါတယ်။
ဒါက သက်တမ်းကုန်ခါနီး ကျင့်ကြံသူတွေရဲ့ လက္ခဏာပါ။ ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါကတော့ ဆူးမော့နဲ့ အကြီးအကဲချန် တို့ထက်တောင် ပိုပြီး ပြင်းထန်နေပါတယ်။
ဆိုလိုတာက ဒီအဘိုးအိုဟာ တာအိုပေါင်းစပ်ခြင်းအဆင့် ကနေ ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကို ကူးပြောင်းဖို့ ပြင်ဆင်နေတဲ့သူ ဖြစ်ရပါမယ်။
"ဘိုးဘေးကြီး အစ်ကိုကြီးက ဝိညာဉ်သုတ်သင်ရေးဌာန က မဟုတ်ပါဘူး သူက ဖန့်ချန်နဲ့ ရင်းနှီးအောင် လုပ်ထားရင် နောင်မှာ လီမိသားစုအတွက် အသုံးချလို့ရမယ်လို့ပဲ တွေးနေတာပါ"
လို့ အမျိုးသမီးက ရိုရိုသေသေ ပြောလိုက်ပါတယ်။
ဖန့်ချန် ထိတ်လန့်သွားပါတယ်။
လီဟောင်က သံသယဖြစ်စရာကောင်းတယ်လို့ သူ ထင်ထားပေမဲ့ တကယ်တမ်းမှာတော့ ဒီအမျိုးသမီးနဲ့ အဘိုးအိုကသာ သွေးဝိညာဉ်ဂိုဏ်းက ဖြစ်နေတာပါ သူတို့က ဖန့်ချန်ရဲ့ နာမည်ရင်းကိုပါ သိနေကြပြီ။
အဘိုးအိုက ဖြည်းဖြည်းချင်း ပြောပါတယ်။
"ရှောင်ချင်း မင်းက ငါတို့မိသားစုထဲမှာ အားအကိုးရဆုံးပဲ တစ်ခါတလေ စိတ်မလောနဲ့ သွေးဝိညာဉ်ဂိုဏ်းက ငါတို့မိသားစု ဆက်တည်တံ့ဖို့အတွက် အရေးကြီးတယ် အမှားခံလို့ မရဘူး"
"မင်းအစ်ကိုက ဝိညာဉ်သုတ်သင်ရေးဌာနကလား ဆိုတာက အခု အရေးမကြီးသေးဘူး ငါ မင်းကို လုပ်စေချင်တာက ဖန့်ချန်နဲ့ နီးစပ်အောင် လုပ်ဖို့ပဲ"
"သူက သွေးဝိညာဉ်ဂိုဏ်းက အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရန်စထားတာ တကယ်လို့ သူ့ကို အရှင်ဖမ်းမိရင် ငါတို့ မူလအသီးကိုတောင် မလိုတော့ဘူး ငါလည်း ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့်ကို အစီအစဉ်အတိုင်း တက်လှမ်းနိုင်လိမ့်မယ်"
ဖန့်ချန် ကြောင်သွားပါတယ်။
"ငါ့ကို ဖမ်းမယ်"
လီရှောင်ချင်းက ပြုံးလိုက်ပါတယ်။
"စိတ်ချပါ ဘိုးဘေးကြီး ကျမ သူ့ကို လှောင်တုန်းက သူ ဘာမှပြန်မပြောဘူး သူ အားနာနေတာ သေချာတယ် ဒါကို အသုံးချပြီး သူ့ဆီကို မရိပ်မိအောင် ကျမ ချဉ်းကပ်ပါ့မယ်"
အဘိုးအိုက ခေါင်းညိတ်ပါတယ်။
"ကောင်းပြီ ဝိညာဉ်သုတ်သင်ရေးဌာနကလူတွေ ဘယ်နှစ်ယောက် ငါတို့ကို စောင့်ကြည့်နေလဲ မသိဘူး အမှားတစ်ခုလုပ်မိရင် လီမိသားစုတစ်ခုလုံး ပြုတ်သွားနိုင်တယ် ဒီအလုပ်က မင်းအပေါ်မှာပဲ မူတည်တယ်"
ထို့နောက် အဘိုးအိုက မျက်လုံးမှိတ်လိုက်ပါတယ်။
လီရှောင်ချင်းလည်း အခန်းထဲက ထွက်သွားပါတော့တယ်။
ဖန့်ချန်က သူ့ရဲ့ ဝိညာဉ်အသိစိတ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်းပြီး ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဆက်သွယ်ရေးလက်စွပ်ကို ထုတ်ကြည့်လိုက်ပါတယ်။
လက်စွပ်လေးက ပူနွေးနေပြီး လူတွေ စကားပြောနေကြတာကို တွေ့ရပါတယ်။
"ဓားဂိုဏ်းက သွေးဝိညာဉ်ဂိုဏ်းဝင်တစ်ယောက်ကို ဖော်ထုတ်လိုက်ပြီ ကောင်းကင်ဘုရင်ကျန့်ရဲ့ တတိယသား ကိုင်ဝူ လုပ်ခဲ့သမျှက အဲဒီမိစ္ဆာကောင်ရဲ့ မြှောက်ပင့်မှုကြောင့်ပဲဟေ့"
"သွေးဝိညာဉ်ဂိုဏ်းက နေရာအနှံ့ ရောက်နေတာပဲလား ဓားဂိုဏ်းထဲမှာတောင် ရှိနေတာလား"
"အားလုံး သတိထားကြဦး တိမ်မြုပ်နယ်မြေက ကိစ္စပြီးကတည်းက သွေးဝိညာဉ်ဂိုဏ်းက ပိုပြီး ရဲတင်းလာတယ် ငါတို့ အဖွဲ့ဝင်တော်တော်များများလည်း ပျောက်ဆုံးနေတယ်"
"ငါတို့ ဝိညာဉ်သုတ်သင်ရေးဌာနထဲမှာရော သူလျှိုတွေ ရှိနေနိုင်လား"
တတိယမြောက် စာတိုကို ဖတ်ပြီး ဖန့်ချန် မျက်မှောင်ကြုတ်သွားပါတယ်။
ယွီလေးရဲ့ ကိစ္စက သွေးဝိညာဉ်ဂိုဏ်းရဲ့ လက်တုံ့ပြန်မှု ဖြစ်ပုံရပါတယ်။
သူတို့က ဝိညာဉ်သုတ်သင်ရေးဌာန အဖွဲ့ဝင်တွေကိုတောင် ပစ်မှတ်ထားနေတာလား
ဖန့်ချန် စာပြန်ဖို့ ပြင်လိုက်စဉ်မှာပဲ အတွေးတစ်ခု ဝင်လာတာကြောင့် သူ့ဝိညာဉ်ကို ထပ်ထုတ်ပြီး အဘိုးအိုရှိတဲ့ အခန်းထဲကို တစ်ခေါက် ပြန်သွားလိုက်ပါတယ်။
နံရံကို ဖြတ်ပြီး အခန်းထဲကို ရောက်သွားတဲ့အခါမှာတော့ ထိုအဘိုးအိုဟာ ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ဆက်သွယ်ရေးလက်စွပ်ကို ကိုင်ထားပြီး စာပို့နေတာကို ဖန့်ချန် မျက်မြင်တွေ့လိုက်ရပါတော့တယ်
အခန်း ၅၃၆ - ကျွန်မ အလိုရှိတာက
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်မိပါတယ်။
"ဒါတော့ ဒုက္ခပဲ"
ဝိညာဉ်သုတ်သင်ရေးဌာနထဲမှာ တကယ့်ကို သူလျှိုတွေ ထိုးဖောက်ဝင်ရောက်နေတာပဲ။
ပိုဆိုးတာက အဲဒီသူလျှိုက တာအိုပေါင်းစပ်ခြင်းအဆင့် ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပါပဲ။
အဲဒီအချိန်မှာပဲ အဘိုးအိုက ဆက်သွယ်ရေးလက်စွပ်ကို သိမ်းလိုက်တာကို ဖန့်ချန် မြင်လိုက်ရပါတယ်။
ချက်ချင်းဆိုသလိုပဲ အဘိုးအိုရဲ့ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပါတယ်။
သူ့ရဲ့ ဝိညာဉ်အသိစိတ်ကို အပြင်ထုတ်လိုက်တာလား
ဖန့်ချန်လည်း သူ့ရဲ့ ဝိညာဉ်အသိစိတ်ကို ခန္ဓာကိုယ်ထဲ အမြန်ပြန်သွင်း၊ ဝိညာဉ်သုတ်သင်ရေးဌာန လက်စွပ်ကိုလည်း သေသေချာချာ သိမ်းဆည်းလိုက်ပါတယ်။
ပြီးမှ သူ့ဝိညာဉ်ကို ပြန်ထုတ်ပြီး သူ့ကိုယ်သူ အနီးကပ် စောင့်ကြည့်နေလိုက်ပါတယ်။
ခဏအကြာမှာတော့ အဘိုးအိုရဲ့ ဝိညာဉ်ဟာ အခန်းထဲကို တိတ်တဆိတ် ဝင်လာပြီး ဖန့်ချန်ကို အသေးစိတ် စစ်ဆေးနေပါတော့တယ်။
ဖန့်ချန်က အဘိုးအိုကို ရှင်းရှင်းလင်းလင်း မြင်နေရပေမဲ့ အဘိုးအိုကတော့ ဖန့်ချန်ရဲ့ တည်ရှိမှုကို လုံးဝ မရိပ်မိပါဘူး။
အဘိုးအိုဟာ အခန်းထဲမှာ တစ်နာရီနီးပါးလောက် စောင့်ကြည့်ပြီးမှ ထွက်သွားပါတယ်။
ဖန့်ချန်က စိတ်ရှည်လက်ရှည် ထပ်စောင့်နေလိုက်ပါတယ်။
ခဏအကြာမှာ အဘိုးအို ပြန်ဝင်လာပြီး နောက်ထပ် ၁၅ မိနစ်လောက် ထပ်မံ စောင့်ကြည့်ပြန်ပါတယ်။
အဘိုးအို တကယ်ထွက်သွားပြီဆိုတာ သေချာမှ ဖန့်ချန်က ဝိညာဉ်ကို ပြန်သွင်းပြီး အချိန်ကုန်သက်သာအောင် အဆောင်လုပ်တဲ့ ပစ္စည်းတွေကို ထုတ်ကာ အလုပ်ရှုပ်နေလိုက်ပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ နတ်ဗျိုင်း ကိုးလေး က ဂူတံခါးကို လာခေါက်ပါတယ်။
"အုပ်ချုပ်ရေးမှူးယိုက မင်းတို့ကို တွေ့ချင်နေတယ် ကျုပ်နောက်ကို လိုက်ခဲ့ပါ"
ဖန့်ချန်က
"ကျေးဇူးပါ"
လို့ ဆိုကာ ယွီလေးကို ခေါ်ပြီး နတ်ဗျိုင်းကျောပေါ် တက်လိုက်ပါတယ်။
နတ်ဗျိုင်းဟာ သစ်စိမ်းဂိုဏ်းရဲ့ အဆောက်အဦးတစ်ခု ရှေ့မှာ ဆင်းသက်လိုက်ပါတယ်။
အတွင်းထဲကနေ အသံတွေ ကြားနေရပြီး တစ်သံကတော့ ဖန့်ချန်အတွက် အကျွမ်းတဝင်ရှိလှတဲ့ အသံပါပဲ။
အဲဒါကတော့ အရင်က သူ့ကို သစ်စိမ်းတံဆိပ်ပြား ပေးခဲ့တဲ့ အဘိုးအိုရဲ့ အသံပါပဲ။
ခန်းမထဲကို ဝင်လိုက်တဲ့အခါ အုပ်ချုပ်ရေးမှူးယိုဟာ ခန့်ညားစွာ ထိုင်နေတဲ့ အဘိုးအိုရဲ့ ဘေးမှာ ရိုရိုသေသေ ရပ်နေတာကို တွေ့ရပါတယ်။
"ဘိုးဘေးကြီး သူတို့ ရောက်ပါပြီ"
လို့ အုပ်ချုပ်ရေးမှူးယိုက တိုးတိုးလေး ပြောလိုက်ပါတယ်။
အဘိုးအိုက ဖန့်ချန်ကို ပြုံးယောင်သန်းတဲ့ အကြည့်နဲ့ ကြည့်ပြီး
"လူငယ်လေး မတွေ့ရတာ တော်တော်ကြာပြီနော်"
လို့ နှုတ်ဆက်ပါတယ်။
ဖန့်ချန်က ဂါရဝပြုလိုက်ပြီး
"ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"
လို့ ဆိုပါတယ်။
"မင်းလာတဲ့ အကြောင်းအရင်းကို အကြီးအကဲယို ပြောပြပြီးပြီ ငါတို့ဆီမှာ မူလအသီး တစ်လုံးပဲ ကျန်တော့တာ အဲဒါကိုလည်း မင်းမလာခင်ကပဲ လီမိသားစုက ပညာရှင်ကို ရောင်းဖို့ သဘောတူထားပြီးသား"
" ငါတို့ သစ်စိမ်းဂိုဏ်းက စည်းမျဉ်းကို တန်ဖိုးထားတယ် အဲဒါကိုလည်း ဖျက်လို့ မရဘူး မင်း နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ် လူငယ်လေး"
လို့ အဘိုးအိုက အေးအေးဆေးဆေး ပြောပါတယ်။
"ဒါဆိုရင်တော့ ကျုပ် ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး ဘိုးဘေးကြီး"
လို့ ဖန့်ချန်က ပြောကာ ယွီလေးကို ခေါ်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
အဘိုးအိုက ရယ်မောလိုက်ပြီး
"လူငယ်တွေကတော့ အမြဲတမ်း လောတာပဲ ငါ စကားမဆုံးသေးဘူးလေ ဘာလို့ ဒီလောက်တောင် အလောတကြီး ထွက်သွားချင်နေတာလဲ"
ဖန့်ချန် လှည့်ကြည့်လိုက်ပါတယ်။
"ဘိုးဘေးကြီးဆီမှာ တခြား မူလအသီးတွေ ရှိသေးလို့လား"
အဘိုးအိုက ရယ်မောရင်း လက်ဖဝါးကို လှန်ပြလိုက်တဲ့အခါ အစိမ်းရောင် မြူခိုးတွေ ဝိုင်းရံနေတဲ့ အသီးတစ်လုံး ပေါ်လာပါတယ်။
"ဒါပေါ့ ငါတို့ဂိုဏ်းက တပည့်တွေအတွက် ဒီလို အဖိုးတန်အသီးမျိုး တစ်လုံးနှစ်လုံးတော့ သိမ်းထားရတာပေါ့"
မှန်လေး ဒါ တကယ်ပဲ မူလအသီးလား လို့ ဖန့်ချန်က စိတ်ထဲက မေးလိုက်ပါတယ်။
ဟုတ်တယ် လို့ မှန်လေးက အတည်ပြုပါတယ်။
ဖန့်ချန်က လက်နှစ်ဖက်ကို စုလိုက်ပြီး
"ဘိုးဘေးကြီး ဒီအသီးနဲ့ လဲလှယ်ဖို့ ကျုပ် ဘာပေးရမလဲ"
"မေးခွန်းတစ်ခုပဲ ဖြေပေးရင် ရပြီ"
လို့ အဘိုးအိုက ပြောပါတယ်။
"ဘိုးဘေးကြီး မေးပါ"
အဘိုးအိုရဲ့ မျက်နှာက တည်ကြည်သွားပါတယ်။
"မင်း ဘယ်ဂိုဏ်းကလဲ"
ဒီမေးခွန်းလေး တစ်ခုတည်းက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ညီမျှတာလား
ဖန့်ချန်က ချက်ချင်းမဖြေဘဲ ပြန်မေးပါတယ်။
"ဘိုးဘေးကြီး ကျုပ် ဘယ်ဂိုဏ်းကလဲဆိုတာ သိရတာက မူလအသီးတစ်လုံးနဲ့ လဲနိုင်လောက်အောင် အရေးကြီးလို့လား"
"ငါ့အတွက်တော့ အရေးမကြီးပါဘူး ဒါပေမဲ့ မူလအသီးရဲ့ တန်ဖိုးက ငါ့အတွက်တော့ ဒီမေးခွန်းရဲ့ အဖြေနဲ့ တူတူပဲ"
လို့ အဘိုးအိုက ပြုံးပြုံးလေး ပြောပါတယ်။
ဖန့်ချန် ခဏလောက် စဉ်းစားပြီးမှ အေးအေးဆေးဆေးပဲ ဖြေလိုက်ပါတယ်။
"ကျုပ်က တာအိုသုံးထောငါဂိုဏ်း ကပါ ဒါပေမဲ့ တရားဝင်တော့ မှတ်ပုံမတင်ရသေးပါဘူး"
အဲဒီစကားကို ကြားတာနဲ့ အုပ်ချုပ်ရေးမှူးယိုဟာ အသက်ရှူမှားသွားပြီး ဖန့်ချန်ကို အံ့သြတကြီး ကြည့်နေပါတော့တယ်။
ဖန့်ချန် တွေးလိုက်မိတာက တာအိုသုံးထောင်ဂိုဏ်းက အင်ပါယာထဲမှာ ဓားဂိုဏ်းထက်တောင် ပိုပြီး အစွမ်းထက်ပုံရတယ် ဆိုတာပါပဲ။
"တာအိုသုံးထောင်ဂိုဏ်း"
အဘိုးအိုက တိုးတိုးလေး ရေရွတ်လိုက်ပြီး
"မင်းကို ဂိုဏ်းထဲ သွင်းပေးခဲ့တဲ့ ဆရာက ဘယ်သူလဲ"
လို့ ထပ်မေးပါတယ်။
"စီနီယာ ယွမ်ဟယ် ပါ"
လို့ ဖန့်ချန် ဖြေလိုက်ပါတယ်။
အုပ်ချုပ်ရေးမှူးယိုက တစ်ခုခု ပြောဖို့ ပြင်ပေမဲ့ အဘိုးအိုရဲ့ အကြည့်တစ်ချက်ကြောင့် စကားလုံးတွေကို ပြန်မျိုချလိုက်ရပါတယ်။
"ကောင်းပြီ ဒီမူလအသီးက မင်းအပိုင်ပဲ"
အဘိုးအိုက အသီးကို ဖန့်ချန်ဆီ ပစ်ပေးလိုက်ပါတယ်။
ဖန့်ချန်က ချက်ချင်းပဲ ယွီလေးကို ပေးလိုက်ပါတယ်။
"စားလိုက်တော့"
ယွီလေးက အသီးကို စားဖို့ ပြင်လိုက်တဲ့အခါ အသီးဟာ ရုတ်တရက် ကြည်လင်တဲ့ အရှိန်အဝါ အဖြစ် ပြောင်းလဲသွားပြီး သူမရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားပါတယ်။
"ထူးဆန်းလိုက်တာ သခင်လေး ကျမရဲ့ ခန္ဓာကိုယ်ထဲက တစ်ခုခု ဖယ်ရှားခံလိုက်ရသလိုပဲ"
လို့ ယွီလေးက အံ့သြစွာ ပြောပါတယ်။
မှန်လေးရဲ့ အသံက ဖန့်ချန်ရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာပါတယ်။
" သူမရဲ့ ကံကြမ္မာ အနှောင်အဖွဲ့ တွေ ပြတ်တောက်သွားပြီ အဲဒီအနှောင်အဖွဲ့တွေက နောက်ထပ် နှစ် ၁၀၀ ကြာမှ ပြန်ပေါ်လာမှာ အခုဆိုရင် ဘယ်သူမှ သူမကို ခြေရာခံနိုင်မှာ မဟုတ်တော့ဘူး"
ဖန့်ချန် ပြုံးလိုက်ပါတယ်။
အခုဆိုရင် ယွီလေး ဘေးကင်းသွားပါပြီ။
"လူငယ်လေး တာအိုသုံးထောင်ဂိုဏ်းက ဘယ်မှာလဲဆိုတာ မင်း သိလား"
လို့ အဘိုးအိုက မေးပါတယ်။
"စီနီယာ ယွမ်ဟယ် ကျုပ်ကို မြေပုံတစ်ခု ပေးထားပါတယ်"
လို့ ဖန့်ချန် ဖြေလိုက်ပါတယ်။
"စီနီယာ ယွမ်ဟယ်ရဲ့ မြေပုံက ဟောင်းနေလောက်ပြီ ဒီ ကျောက်စိမ်းပြား ထဲမှာ ဂိုဏ်းကို ဘယ်လိုသွားရမလဲဆိုတာ ပါတယ် ယူသွားလိုက်ပါ"
လို့ ဆိုကာ အဘိုးအိုက ကျောက်စိမ်းပြားလေးကို ဖန့်ချန်ဆီ ပေးလိုက်ပါတယ်။
ဖန့်ချန်လည်း ကျေးဇူးတင်စကား ပြောပြီး ထွက်လာခဲ့ပါတယ်။
သူတို့ ထွက်သွားပြီးနောက် အုပ်ချုပ်ရေးမှူးယိုက အဘိုးအိုကို မေးပါတယ်။
"ဘိုးဘေးကြီး သူ တကယ်ပဲ တာအိုသုံးထောင်ဂိုဏ်းလို့ ပြောသွားတာလား"
အဘိုးအိုက ရယ်မောရင်း
"အကြီးအကဲယို မင်းက နားလေးနေတာလား၊ မျက်စိမှုန်နေတာလား သူ ပြောသွားတာ ရှင်းနေတာပဲလေ"
လို့ ပြောကာ အုပ်ချုပ်ရေးမှူးယိုကို ပြန်လွှတ်လိုက်ပါတယ်။
နတ်ဗျိုင်း ကိုးလေးက ဖန့်ချန်တို့နှစ်ယောက်ကို ဂူရှေ့ ပြန်ပို့ပေးပါတယ်။
ဂူရှေ့မှာတော့ လီဟောင်နဲ့ လီရှောင်ချင်းတို့က စောင့်နေကြပါတယ်။
လီဟောင်က ပြုံးပြီး
"ညီမလေး သူတို့ကို တောင်းပန်လိုက်ဦးလေ သူက ငါတို့အသီးကို လုဖို့ ရည်ရွယ်ချက် မရှိပါဘူး"
လို့ ပြောပါတယ်။
လီရှောင်ချင်းက ရှေ့တိုးလာပြီး
"မိတ်ဆွေရှယဲ့ အရင်က ကျမ ရင့်သီးခဲ့တာတွေကို တောင်းပန်ပါတယ်"
လို့ ပြောပါတယ်။
"ဘာကိစ္စ ရှိလို့လဲ"
လို့ ဖန့်ချန်က မေးလိုက်ပါတယ်။
လီဟောင်က
"ကျုပ်တို့ ဒီနေ့ သစ်စိမ်းဂိုဏ်းဆီက အသီးရခဲ့ပါတယ် အဲဒါက မိတ်ဆွေကြောင့် မဟုတ်ဘဲ ဂိုဏ်းအထက်လူကြီးတွေကြောင့် နှောင့်နှေးခဲ့တာဆိုတာ သိရလို့ လာတောင်းပန်တာပါ"
လို့ အေးအေးဆေးဆေး ဖြေပါတယ်။
ဖန့်ချန်လည်း ခပ်ပြုံးပြုံးပဲ နှုတ်ဆက်လိုက်ပါတယ်။ ဒါပေမဲ့ ယွီလေးကတော့ ဂူတံခါးကို ဖွင့်လိုက်ပြီး
"ဧည့်သည်တော်တို့ သခင်လေးက ဒီနေ့ အလုပ်များနေလို့ ဧည့်မခံနိုင်တာ ခွင့်လွှတ်ပါ ပြန်ကြပါတော့"
လို့ ပြောကာ သူတို့ကို မောင်းထုတ်လိုက်ပါတော့တယ်။
ဂူထဲ ရောက်တဲ့အခါ ယွီလေးက ဖန့်ချန်ကို ကြည့်ပြီး
"သခင်လေး အရင်က ပေးခဲ့တဲ့ ကတိကို မမေ့သေးဘူး မဟုတ်လား"
လို့ မေးလိုက်ပါတယ်။
"ပြောပါဦး မင်း ဘာလိုချင်လို့လဲ"
လို့ ဖန့်ချန်က ပြုံးပြီး မေးပါတယ်။
ယွီလေးရဲ့ နှုတ်ခမ်းလေးတွေက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး
"ကျွန်မ အလိုရှိတာက သခင်လေးကိုပါ"