← Chapters

အခန်း (၅၃၇-၅၃၈)

Vol. 54 Ch. 537-538

အခန်း (၅၃၇-၅၃၈)

Vol. 54 Ch. 537-538

​အခန်း ၅၃၇ - မွေးရာပါဒေါသဂိုဏ်းမှ ယွီတုန်းလိုင်း

​နောက်တစ်နေ့မနက်။

​ဖန့်ချန် အိပ်ရာကနိုးပြီး ဘေးကိုကြည့်လိုက်တဲ့အခါ ထင်မှတ်မထားစွာပဲ အမြဲရှိနေကျဖြစ်တဲ့ ကျော့ရှင်းတဲ့ ပုံရိပ်လေးကို မတွေ့ရတော့ပါဘူး။

​သူ့ရဲ့အကြည့်က အခန်းကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ စားပွဲပေါ်က စာတစ်စောင်ပေါ်မှာ ရပ်တန့်သွားပါတယ်။

ရင်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး စာအိတ်ကို အမြန်ဖွင့်ကြည့်လိုက်တော့ နတ်မိမယ်ယွီရဲ့ လှပတဲ့ လက်ရေးကို တွေ့လိုက်ရပါတယ်။

​"သခင်လေး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မရဲ့ အတ္တကြောင့် သခင်လေးကို အန္တရာယ်ထဲ တွန်းပို့ခဲ့မိတယ် တကယ်လို့ အဲဒီစီနီယာသာ ပေါ်မလာရင် သခင်လေးကို ကျွန်မ နောက်တစ်ခါ ပြန်တွေ့နိုင်တော့မှာ မဟုတ်ဘူး "

"အဲဒီအချိန်မှာ ကျွန်မ အတွေးက ရိုးရှင်းခဲ့ပါတယ် သခင်လေးဘေးမှာပဲ အမြဲရှိနေချင်ခဲ့တာ ဒါပေမဲ့ ကျွန်မ ရှိနေတာက သခင်လေးရဲ့ ခြေလက်တွေကို တုတ်နှောင်ထားသလို ဖြစ်နေတယ်ဆိုတာ အခုမှ သိလိုက်ရတယ်"

​"သခင်လေးမှာ လျှောက်ရမယ့်လမ်း ရှိသလို ကျွန်မမှာလည်း ရှိပါတယ် ကျွန်မ ထွက်သွားပါပြီတကယ်လို့ သခင်လေး ကျွန်မကို လွမ်းတယ်ဆိုရင်ကျွန်မတို့ ပထမဆုံး စတွေ့ခဲ့တဲ့ မဟာရှ နိုင်ငံမှာ ကျွန်မကို ပြန်ရှာနိုင်မှာပါ"

"စကားမစပ် ဒီနှစ်တွေအတွင်းမှာ သခင်လေး တခြားမိန်းကလေးတွေနဲ့ မပတ်သက်ခဲ့တာကို ကျွန်မ ဂုဏ်ယူပါတယ်နော် ဟိဟိ"

​စာက တိုတိုလေးဆိုပေမဲ့ ဖန့်ချန်ဟာ ဒါဇင်နဲ့ချီတဲ့အကြိမ်အထိ ထပ်ခါတလဲလဲ ဖတ်နေမိပြီးမှ သက်ပြင်းချကာ ချလိုက်ပါတော့တယ်။

​"မှန်လေး သူမရဲ့ ကံကြမ္မာကြိုးတွေ တကယ်ပဲ ပြတ်တောက်သွားတာလား မင်းတောင် ရှာမတွေ့ဘူးလား"

ဖန့်ချန် စိတ်ထဲက မေးလိုက်ပါတယ်။

​"တကယ်ပြတ်သွားတာ ငါတစ်ခုပြောမယ် မင်းတို့နှစ်ယောက်မှာ ဆုံစည်းဖို့ ကံပါရင် ပြန်တွေ့ရမှာပါ အခု သူမပြောတာ မှန်ပါတယ်"

"မင်းသာ နတ်ဘုရားသွေးကြောင့် ထပ်ပြီး ရူးသွပ်သွားရင် ဘေးကလူတွေပဲ အရင်ထိခိုက်မှာ အခုလို ခွဲခွာနေတာက မင်းတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးပဲ"

​"မှန်လေး မင်းက ဘယ်တုန်းက နှလုံးသားရေးရာ ကျွမ်းကျင်သူ ဖြစ်သွားတာလဲ"

​"အတွေ့အကြုံတွေ များလာရင် သိလာတာပေါ့"

စကြာဝဠာမှန်က သက်ပြင်းချရင်း ဆိုပါတယ်။

"ငါလည်း တစ်ချိန်က အမျိုးသမီးတစ်ယောက်ကို အသည်းအသန် ချစ်ခဲ့ဖူးတာပဲ"

​ဇာတ်လမ်းက တခြားရောက်တော့မှာမို့ ဖန့်ချန် ချက်ချင်း စကားဖြတ်လိုက်ပါတယ်။

"နေဦး မနေ့ညက ငါဘာလို့ ဒီလောက် အိပ်ပျော်သွားတာလဲ ငါ့လိုလူမျိုးအတွက် ဒါမဖြစ်နိုင်ဘူးလေ"

​"မင်းရဲ့ မိန်းကလေးက မနေ့ညက ဆေးခတ်ခဲ့တာလေ ငါ သတိထားမိပေမဲ့ အိပ်ဆေးပဲဆိုတော့ ဘာမှမဖြစ်နိုင်ဘူးဆိုပြီး မပြောလိုက်တာ"

" သူက အချစ်ရေးကို ပိုပြီး ကြွအောင်လုပ်ချင်တယ် ထင်နေတာပေါ့ နောက်နေ့ကျ ထွက်ပြေးမယ်လို့ ငါလည်း မထင်ထားဘူး"

​"နောက်တစ်ခါ ဒီလိုမျိုးဖြစ်ရင် ငါ့ကို သတိပေးဖို့ မမေ့နဲ့"

ဖန့်ချန် အေးစက်စက် ပြောလိုက်ပါတယ်။

ဖန့်ချန် စိတ်ဆိုးနေတာကို မှန်လေးရိပ်မိပုံရပြီး နောက်ပြောင်တာတွေ ရပ်သွားပါတယ်။

​အဲဒီနောက် ဖန့်ချန်ဟာ သစ်စိမ်းဂိုဏ်းဘိုးဘေး ပေးခဲ့တဲ့ ကျောက်စိမ်းပြားကို ထုတ်ကြည့်ပြီး ယွမ်ဟယ်ပေးခဲ့တဲ့ မြေပုံနဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။

မြေပုံနှစ်ခုက ဆင်တူသလိုရှိပေမဲ့ အရေးကြီးတဲ့ နေရာတွေမှာ ကွဲလွဲနေပါတယ်။

အထူးသဖြင့် ဘိုးဘေးရဲ့ မြေပုံမှာ တာအိုသုံးထောင်ဂိုဏ်း ရှိတဲ့နေရာကို အပြာရောင်တာအို နန်းတော် လို့ မှတ်သားထားပါတယ်။

​ဖန့်ချန်ဟာ လူရိပ်မပြဘဲ အရိပ်ထဲကို ပျောက်ကွယ်သွားပြီး ဂိုဏ်းကနေ တိတ်တဆိတ် ထွက်လာခဲ့ပါတယ်။

​သစ်စိမ်းဂိုဏ်း အပြင်ဘက်မှာတော့

​ဝါးတံစဥ်းလေးတွေနဲ့ ဗေဒင်တွက်နေတဲ့ ကျင့်ကြံသူတစ်စု ရှိနေပါတယ်။

သူတို့ထဲမှာ ပေါင်းစပ်ခြင်းအဆင့်ကနေ သိမြင်ခြင်းအဆင့်အထိ ပညာရှင်တွေ ပါဝင်ပါတယ်။

​"ပစ်မှတ်က သစ်စိမ်းဂိုဏ်းကနေ ထွက်လာပြီ"

ဗေဒင်ဆရာက ဝမ်းသာအားရ ပြောပါတယ်။

​"သူ ဘယ်မှာလဲ"

​"ငါတို့ဆီကို ဦးတည်လာနေတာပဲ ဟဲဟဲ ငါတို့ စောင့်ရကျိုးနပ်ပြီ"

​ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ ဘယ်သူ့ကိုမှ မတွေ့ရပါဘူး။

"သူ ဘယ်ရောက်သွားတာလဲ"

​"မဖြစ်နိုင်တာ ငါ့တွက်ချက်မှုအရ သူ ငါတို့နားမှာပဲ ရှိနေရမယ် အခု ငါတို့ဘေးကနေတောင် ဖြတ်သွားတော့မယ်"

​"ကိုယ်ရောင်ဖျောက်အတတ် သုံးထားတာလား"

သူတို့ မျက်နှာတွေ ပျက်သွားပါတယ်။

​ပေါင်းစပ်ခြင်းအဆင့် ရှိတဲ့ ခေါင်းဆောင်က ကိုယ်တိုင် ဗေဒင်ပညာအတတ်နဲ့ တွက်ကြည့်တဲ့အခါ ပစ်မှတ်က သူတို့နားမှာ တကယ်ရှိနေကြောင်း အတည်ပြုနိုင်ပါတယ်။

​ဖန့်ချန်ကတော့ အရိပ်ထဲကနေ သူတို့ကို ကြည့်ရင်း ရေရွတ်လိုက်ပါတယ်။

"မွေးရာပါဒေါသဂိုဏ်း က လူတွေပဲ သူတို့က ငါ့ကို လက်လျှော့မှာ မဟုတ်ဘူးပေါ့"

​သူတို့က ဖန့်ချန်ရဲ့ ရိပ်ခြေဗုဒ္ဓအတတ် ကို မမြင်နိုင်ပေမဲ့ ဗေဒင်ပညာနဲ့ ဧရိယာကိုတော့ ခန့်မှန်းနိုင်ကြပါတယ်။

​တစ်ဖက်မှာလည်း လီဟောင်နဲ့ လီရှောင်ချင်းတို့ ဖန့်ချန်ရဲ့ ဂူဆီ သွားတဲ့အခါ ဖန့်ချန် မရှိတော့တာကို သိသွားကြပါတယ်။

"နှမြောစရာပဲ သူက ငါတို့နဲ့ သိပ်မပတ်သက်ချင်ဘူး ထင်တယ်"

လို့ လီဟောင်က သက်ပြင်းချပေမဲ့ လီရှောင်ချင်းရဲ့ မျက်လုံးထဲမှာတော့ အေးစက်တဲ့ အငြိုးတွေ ဖြတ်ပြေးသွားပါတယ်။

​ရက်အနည်းငယ်ကြာအောင် ဖန့်ချန်နောက်ကို လိုက်နေတဲ့ တာအိုပညာရှင်တွေဟာ စိတ်မရှည်တော့ပါဘူး။

ဖန့်ချန်က သူတို့ဘေးမှာ ရှိနေမှန်း သိပေမဲ့ မမြင်ရတာက သူတို့ကို ကစားနေသလို ခံစားရစေပါတယ်။

​"စီနီယာအစ်ကို လှုပ်ရှားလိုက်ရအောင် သူ ဓားကသွေးကို ထပ်သုံးရဲမှာ မဟုတ်ဘူး သူကိုယ်တိုင်လည်း သေသွားနိုင်တာပဲ"

​ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဟာ ခဏစဉ်းစားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ကောင်းကင်ယံမှာ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းတဲ့ ရွှေရောင် အစီရင်တစ်ခု ပေါ်လာပြီး နယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်ပါတယ်။

​ထိုလူက ရိုရိုသေသေ ဂါရဝပြုရင်း ကြွေးကြော်လိုက်ပါတယ်။

"ညီငယ် ကျုပ်က မွေးရာပါဒေါသဂိုဏ်းက ယွီတုန်းလိုင်း ပါ စကားလေး ဘာလေး ပြောရအောင် ထွက်လာခဲ့ပါဦး"

​အရိပ်ထဲကနေ ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ ဖန့်ချန်ဟာ ပတ်ဝန်းကျင်တစ်ခုလုံး ချုပ်နှောင်ခံထားရတာကို သတိပြုမိလိုက်ပါတယ်။

​ဖန့်ချန်ဘက်က တုံ့ပြန်မှု မရှိတာကြောင့် ယွီတုန်းလိုင်းက ပြုံးလိုက်ပြီး အစီရင်ကို တဖြည်းဖြည်း ကျဉ်းမြောင်းအောင် လုပ်လိုက်ပါတယ်။

နောက်ထပ် ခဏနေရင် သူရှိတဲ့နေရာက ၁၀ ပေလောက်ပဲ ကျန်တော့မှာပါ။

​အဲဒီအချိန်မှာပဲ ဓားအလင်းတန်းတစ်ခုဟာ အစီရင်ရဲ့ အစွန်းကို ပစ်ခတ်လိုက်ပါတယ် ဒါပေမဲ့ အစီရင်က တုန်ခါသွားရုံကလွဲလို့ ဘာမှမဖြစ်ပါဘူး။

​ယွီတုန်းလိုင်းက ရယ်မောလိုက်ပါတယ်။

"တွေ့ပြီ ဒါက ရွှေအမြုတေအဆင့်လေးတွေ လုပ်တဲ့ နတ်ဘုရားချုပ်နှောင်ခြင်း အစီရင်မဟုတ်ဘူး မင်း လွယ်လွယ်နဲ့တော့ ဖျက်လို့ မရဘူး"

​အခန်း ၅၃၈ - အခြေအနေ အရပ်ရပ် ပြောင်းလဲခြင်း

​ဖန့်ချန်က အရိပ်ထဲကနေ ထွက်လာပြီး ယွီတုန်းလိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပါတယ်။

"စီနီယာ ကျုပ်ကို ဘာလို့ တားတာလဲ"

​ယွီတုန်းလိုင်းရဲ့ ဘေးက တပည့်တွေက ဖန့်ချန်ကို မြင်တာနဲ့ လှုပ်ရှားဖို့ ပြင်လိုက်ကြပေမဲ့ ယွီတုန်းလိုင်းက လက်မြှောက်ပြီး တားလိုက်ပါတယ်။

​ယွီတုန်းလိုင်းက ပြုံးပြီး စကားစပါတယ်။

"ငါ မင်းနဲ့ အပေးအယူတစ်ခု လုပ်ချင်လို့ပါ လူငယ်လေး ဒီကိစ္စပြီးရင် မွေးရာပါတာအိုဂိုဏ်းရဲ့ အညှိုးအတေးတွေ ပြေပျောက်သွားမယ့်အပြင် မင်းအတွက်လည်း အကျိုးအမြတ်တွေ အများကြီး ရလိမ့်မယ် အဲဒီကျမှ ငါတို့ လမ်းခွဲကြတာပေါ့"

​"ဘာအပေးအယူလဲ"

ဖန့်ချန်က အေးအေးဆေးဆေးပဲ မေးလိုက်ပါတယ်။

​"မင်းရဲ့ ဓားပေါ်မှာရှိတဲ့ သွေးကွက်ကို ငါလိုချင်တယ်"

ယွီတုန်းလိုင်းက ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။

"ဒီအရာက မင်းအတွက် အရမ်းအန္တရာယ်များတယ် မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒါကို မထိန်းချုပ်နိုင်ဘူး ငါ့ကို ရောင်းလိုက်တာက မင်းအတွက် ပိုကောင်းလိမ့်မယ်"

​"ဒါကို ဘာလို့ လိုချင်တာလဲ ဒါက ဘယ်လောက် ယုတ်ညံ့တယ်ဆိုတာ ခင်ဗျားတို့လည်း မြင်ပြီးသားပဲ ကျုပ်တောင် မထိန်းချုပ်နိုင်တာ ခင်ဗျားတို့လည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"

" ခင်ဗျားရဲ့ ကျင့်ကြံမှုက နန်းတော်က ပေါင်းစပ်ခြင်းအဆင့် ပညာရှင်နှစ်ယောက်ထက် အများကြီး နိမ့်ကျနေသေးတယ်"

လို့ ဖန့်ချန်က ပြန်ပြောပါတယ်။

​"မင်း မသိသေးတာက ငါတို့ မွေးရာပါဒေါသဂိုဏ်းမှာ ဒါကို သန့်စင်နိုင်မယ့် ဝိညာဉ်ပူးကပ်ခြင်းအတတ် ရှိတယ်"

"မင်းအတွက်ကတော့ ဒါက မင်းထင်သလောက် တန်ဖိုးမရှိနိုင်ဘူး မင်း သဘောတူရင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲပေးမယ်"

​သူက ဆက်ပြောပါတယ်။

"မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာ ဒီကျောက်တုံးတွေက မင်းကို ရွှေအမြုတေအဆင့် ဒါမှမဟုတ် ဝိညာဥ်သန္ဓေသားအဆင့်ထိ တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ်"

​ယွီတုန်းလိုင်းက ဖန့်ချန်ကို အကျပ်မကိုင်ဘဲ ယဉ်ယဉ်ကျေးကျေး ပြောနေတာက ဖန့်ချန်ကို အစွန်းရောက်တဲ့ နည်းလမ်းတွေ မသုံးလာအောင် တားဆီးဖို့ဆိုတာ တပည့်တွေ ရိပ်မိကြပါတယ်။

တကယ်လို့ ဖန့်ချန်က အဲဒီနည်းလမ်းကို သုံးလိုက်ရင် နှစ်ဦးနှစ်ဖက်လုံး အကြီးအကျယ် ထိခိုက်မှာ စိုးလို့ပါ။

​ဖန့်ချန်ရဲ့ မျက်လုံးတွေက လက်ခနဲ ဖြစ်သွားပါတယ်။

"ခင်ဗျားတို့ဆီမှာလည်း ဝိညာဉ်ပူးကပ်ခြင်းအတတ် ရှိတာလား"

​စကြာဝဠာမှန်က မဟာချဲ့ထွင်းဂိုဏ်းမှာပဲ အဲဒီအတတ်ရှိတယ်လို့ ပြောခဲ့တာပါ။

အခု မွေးရာပါဒေါသဂိုဏ်းမှာလည်း ရှိနေတယ်ဆိုတော့ ဒီဂိုဏ်းတွေကြားမှာ ဆက်နွယ်မှု ရှိနေတာလားဒါမှမဟုတ် ဒီအတတ်က ထင်သလောက် ရှားပါးတာ မဟုတ်ဘူးလား

​တကယ်လို့ ဒုတိယအချက်သာ မှန်ရင်တော့ စကြာဝဠာမှန်က ငါ့ဆီကနေ ဝိညာဉ်ကျောက်တုံး ငါးသောင်း တောင်းခဲ့တာ တကယ့်ကို အတင့်ရဲတာပဲ လို့ ဖန့်ချန် တွေးလိုက်ပါတယ်။

​"ဒီလိုလုပ်ပါလား ခင်ဗျားတို့ရဲ့ ဝိညာဉ်ပူးကပ်ခြင်းအတတ် ကိုပဲ ကျုပ်ကို ရောင်းလိုက်ပါ ကျုပ်ကိုယ်တိုင် သန့်စင်ကြည့်မယ်"

ဖန့်ချန်က ပြုံးလိုက်ပါတယ်။

"တကယ်လို့ အောင်မြင်သွားရင် ခင်ဗျားတို့ဂိုဏ်းကို ကျုပ် အကြွေးတင်သွားတာပေါ့ ဒါဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်လား"

​ယွီတုန်းလိုင်းက သရော်သလို ရယ်မောလိုက်ပါတယ်။

"မင်းရဲ့ ကျေးဇူးက ဘယ်လောက်တန်ဖိုးရှိလို့လဲ"

သူက သက်ပြင်းချပြီး ဆက်ပြောပါတယ်။

"လူငယ်လေး မင်းစဉ်းစားဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ် သေချာစဉ်းစားပါ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အလုပ်ပါ"

​ဖန့်ချန်က ရယ်မောရင်း မေးပါတယ်။

"တကယ်လို့ ကျုပ် သဘောမတူရင်ရော"

​"ဒါဆိုရင်တော့ မင်းရဲ့ ထူးဆန်းတဲ့ အတတ်ကို သုံးလာအောင် ငါတို့က အတင်းအကျပ် လုပ်ရလိမ့်မယ် အဲဒီအချိန်ကျရင် ငါတို့ အန္တရာယ်ဖြစ်မဖြစ်က တစ်ပိုင်း၊ မင်းကတော့ သေချာပေါက် သေရလိမ့်မယ်"

​"ကျုပ် စဉ်းစားပါ့မယ်"

လို့ ဖန့်ချန်က ဆိုပါတယ်။

​ယွီတုန်းလိုင်းက စိတ်ထဲက ဝမ်းသာသွားပြီး ခေါင်းညိတ်ပြပါတယ်။

​အဲဒီအချိန်မှာပဲ ဖန့်ချန်က ဆက်သွယ်ရေးလက်စွပ်ကို တိတ်တဆိတ် ထုတ်ပြီး စာတစ်စောင် ပို့လိုက်ပါတယ်။

​"ဝိညာဉ်သုတ်သင်ရေးဌာနထဲမှာ သူလျှိုရှိနေတယ် ကျုပ် သူလျှိုစာရင်းကို စုဆောင်းဖို့ ပြင်နေတုန်းမှာပဲ မွေးရာပါဒေါသဂိုဏ်းက ယွီတုန်းလိုင်းရဲ့ တားဆီးခြင်းကို ခံနေရတယ်"

​စာပို့ပြီးနောက် ဖန့်ချန်က ငြိမ်ငြိမ်လေး စောင့်နေပါတယ်။

လီမိသားစုက အဘိုးအိုရဲ့ ကျင့်ကြံမှုအဆင့်အရ အမွှေးတိုင်တစ်တိုင်စာ အချိန်ဆိုတာ သူ ရောက်လာဖို့ လုံလောက်ပါတယ်။

​အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ

​ယွီတုန်းလိုင်းက ပြုံးစိစိနဲ့ မေးပါတယ်။

"လူငယ်လေး သေချာ စဉ်းစားပြီးပြီလား"

​"ခဏနေရင် စီနီယာတစ်ယောက် ရောက်လာလိမ့်မယ် သူ သဘောတူရင် ကျုပ် အပေးအယူ လုပ်ပါ့မယ်"

လို့ ဖန့်ချန်က တည်ငြိမ်စွာ ဖြေလိုက်ပါတယ်။

​ယွီတုန်းလိုင်း ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ ကောင်းကင်ယံကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတစ်ခု ဆင်းသက်လာပါတယ်။

ယွီတုန်းလိုင်းရဲ့ အစီရင်ဟာ တို့ဖူးလိုပဲ လွယ်လွယ်ကူကူ ပျက်စီးသွားပါတော့တယ်။

​ယွီတုန်းလိုင်းဟာ သွေးတွေ အန်ထွက်လာပြီး မျက်နှာ ဖြူလျော့သွားပါတယ်။

​အရေးအကြောင်းတွေနဲ့ အဘိုးအိုဟာ ကောင်းကင်မှာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး သူတို့ကို ငုံ့ကြည့်နေပါတယ်။

​ယွီတုန်းလိုင်းဟာ အဘိုးအိုဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါကြောင့် ဒါဟာ တာအိုပေါင်းစပ်ခြင်းအဆင့် ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့သူမှန်း သိလိုက်ရပါတယ်။

"စီနီယာက ဘယ်သူပါလဲ"

​အဘိုးအိုက ဘာမှပြန်မပြောဘဲ လက်ဝါးနဲ့ တစ်ချက် ရိုက်ချလိုက်ပါတယ်။

ယွီတုန်းလိုင်းနဲ့ သူ့လူတွေဟာ မြေကြီးထဲကို ပေရာနဲ့ချီ နက်သွားတဲ့ ကျင်းကြီးထဲမှာ နစ်မြုပ်သွားပါတော့တယ်။

ဖုန်မှုန့်တွေ ငြိမ်သွားတဲ့အခါ ယွီတုန်းလိုင်းတို့ ပျောက်ကွယ်သွားပါပြီ။

​"မြေလျှိုးအတတ်လား"

အဘိုးအိုက သရော်သလို ပြောပါတယ်။

​သူက သူတို့ကို လိုက်မဖမ်းတော့ဘဲ ဖန့်ချန်ရှိတဲ့ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။

ဒါပေမဲ့ ဖန့်ချန်လည်း ပျောက်ကွယ်နေပါပြီ။

​အဲဒီအချိန်မှာပဲ အဘိုးအိုရဲ့ ဆက်သွယ်ရေးလက်စွပ်က ပူလာပါတယ်။

သူ ထုတ်ကြည့်လိုက်တဲ့အခါ စာတစ်စောင် ရောက်နေပါတယ်။

​"ဝိညာဉ်သုတ်သင်ရေးဌာနထဲက သူလျှိုကတော့ မကြာသေးခင်က သစ်စိမ်းဂိုဏ်းမှာ မူလအသီး ဝယ်သွားတဲ့ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူပဲ သူ့ရဲ့ မျိုးဆက် လီရှောင်ချင်းကလည်း သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ယောက်ပဲ"

​အဘိုးအိုရဲ့ မျက်နှာက တင်းမာသွားပြီး လက်စွပ်ကို ချက်ချင်း ချေဖျက်ပစ်လိုက်ပါတယ်။

လက်စွပ်ကနေ ထွက်ပေါ်လာတဲ့ အငွေ့အသက်တွေက သူ့ခန္ဓာကိုယ်ထဲ စီးဝင်နေပြီး ဒါက ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ သက်သေပါပဲ။

အခု သူ့အထောက်အထား ပေါ်သွားပြီဆိုတော့ ဒီလက်စွပ်ကို ဖျက်ဆီးရုံတင်မကဘဲ သူ့ကိုယ်ထဲက အငွေ့အသက်တွေကိုပါ ဖယ်ရှားရပါတော့မယ်။

မဟုတ်ရင် ဝိညာဉ်သုတ်သင်ရေးဌာနရဲ့ ခေါင်းဆောင်ကြီးက သူ့ကို ခြေရာခံနိုင်မှာပါ။

​"ဘယ်သူက ဖန့်ချန်ကို ဝိညာဉ်သုတ်သင်ရေးဌာနထဲ သွင်းပေးလိုက်တာလဲ သူက ငါနဲ့ သွေးဝိညာဉ်ဂိုဏ်း ဆက်နွယ်မှုကို ဘယ်လို သိနေတာလဲ"

​အဘိုးအိုဟာ ဖန့်ချန်ကို လိုက်မဖမ်းတော့ဘဲ သစ်စိမ်းဂိုဏ်းဆီကို အမြန်ပြန်ပြီး လီဟောင်နဲ့ လီရှောင်ချင်းတို့ကို ခေါ်ကာ ချက်ချင်း ထွက်ပြေးပါတော့တယ်။

​အဘိုးအို ထွက်သွားပြီးနောက်မှာတော့ ဖန့်ချန်ရဲ့ ပုံရိပ်က အရိပ်ထဲကနေ ပြန်ပေါ်လာပါတယ်။ သူက ဘယ်မှ မသွားခဲ့ပါဘူး။

​ဖန့်ချန်က သူ့ရဲ့ ဝိညာဉ်အသိစိတ်ကို မိုင်ပေါင်းတစ်ထောင်ပတ်လည် ဖြန့်ကျက်ပြီး ရှာဖွေလိုက်တဲ့အခါ မြေအောက် မြစ်တစ်ခုထဲမှာ ဒဏ်ရာအပြင်းအထန် ရထားတဲ့ ယွီတုန်းလိုင်းတို့ကို တွေ့လိုက်ရပါတယ်။

​"စီနီယာအစ်ကို အဲဒီကောင်မှာ ဒီလောက် တောင့်တင်းတဲ့ နောက်ခံရှိလိမ့်မယ်လို့ ကျုပ်တို့ မထင်ထားဘူး"

လို့ တပည့်တစ်ယောက်က သွေးအန်ရင်း ပြောပါတယ်။

​ယွီတုန်းလိုင်းက မျက်လုံးမှိတ်ပြီး ဒဏ်ရာ ကုသနေပါတယ်။

"စကားမပြောနဲ့ဦး အနာသက်သာအောင် အရင်လုပ်"

​ခဏအကြာမှာတော့ ယွီတုန်းလိုင်းဟာ ထိတ်လန့်စရာ မြင်ကွင်းတစ်ခုကြောင့် မျက်လုံးပွင့်လာပါတယ်။

သူ့ရဲ့ ညီငယ်တွေဟာ ခေါင်းနဲ့ကိုယ် တခြားစီဖြစ်ပြီး မြေပြင်ပေါ်မှာ လဲနေကြပါပြီ။

သူတို့ရဲ့ နဖူးမှာ ဓားဒဏ်ရာ သေးသေးလေးတွေ ရှိနေပါတယ်။

​ချက်ချင်းဆိုသလိုပဲ ယွီတုန်းလိုင်းဟာ သူ့နဖူးမှာ အေးစက်စက် အာရုံတစ်ခုကို ခံစားလိုက်ရပါတယ်။

သူ ထိကြည့်ဖို့ ကြိုးစားပေမဲ့ အဲဒီအာရုံက ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်နဲ့ ဖြစ်နေပါတယ်။

​မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာ ဓားချက်ပေါင်း ရာနဲ့ချီပြီး အမွှာမွှာ အပိုင်းပိုင်း ခံလိုက်ရပါတယ်။

​သူ မသေခင်မှာ ဖန့်ချန်ကို မြင်လိုက်ရသလိုပါပဲ။

​ဖန့်ချန်က သူ့ရှေ့မှာ ရပ်ပြီး ပြုံးနေပါတယ်။

"မထင်ထားဘူး မဟုတ်လား တစ်နေ့ကျရင် အခြေခံတည်ဆောက်ခြင်းအဆင့် လက်ထဲမှာ သေရမယ်ဆိုတာ"

​ယွီတုန်းလိုင်းက ခါးသီးစွာ ပြုံးလိုက်ပြီး သူ မသေခင်မှာ ဖန့်ချန်ကို လက်ဝါးနဲ့ အားကုန် ရိုက်ချလိုက်ပါတယ်။

ဖန့်ချန် သေမှာ သေချာပြီလို့ ယူဆပြီး သူက ကျေနပ်စွာနဲ့ နောက်ဆုံးထွက်သက်ကို စွန့်လိုက်ပါတော့တယ်။

​ဒါပေမဲ့ တကယ့် ဖန့်ချန်ကတော့ ဘေးနားမှာ ရပ်ပြီး ငြိမ်ငြိမ်လေး စောင့်ကြည့်နေတာပါ။

ယွီတုန်းလိုင်း မြင်လိုက်ရတာက အမြင်မှားအဆောင် က ဖန်တီးထားတဲ့ ပုံရိပ်ယောင်သာ ဖြစ်ပါတယ်။

​ယွီတုန်းလိုင်းဟာ ပေါင်းစပ်ခြင်းအဆင့် ဖြစ်ပေမဲ့ ဒဏ်ရာအပြင်းအထန် ရထားတာကြောင့် အခုအချိန်မှာ သာမန်လူတစ်ယောက်ထက် မသာတော့ပါဘူး။

ဒါကြောင့် အမြင်မှားအဆောင်ရဲ့ လှည့်စားမှုကို အလွယ်တကူ ခံလိုက်ရတာ ဖြစ်ပါတယ်ဗျာ။

All Chapters