အခန်း (၄၉-၅၀)
Vol. 4 Ch. 49-50
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -49
အခန်း ၄၉ ။ ထွင်းဖောက်နားလည်ခြင်း
"အရှင်မင်းကြီး၊ မယ်တော်ကြီးက ပြောထားပါတယ်။ သူနေထိုင်မကောင်း ဖြစ်နေလို့ အရှင်မင်းကြီးကိုရောဂါကူးသွားမှာ စိုးတာကြောင့် အရှင်မင်းကြီးကို မတွေ့တော့ပါဘူးတဲ့။"
အနီးကပ် အမှုထမ်းသော ဖူကျစ်သည် ထွက်၍သတင်းစကားပို့ဆောင်ရာတွင် နင်ချန်၏မျက်လုံးများကို မကြည့်ရဲဘဲ ခေါင်းငုံ့ထားလေသည်။
အမှန်တော့ ၎င်းမှာ မယ်တော်ကြီး၏ မူလစကား မဟုတ်ပေ။ မယ်တော်ကြီး၏ မူလစကားမှာ " အိုက်ကျားက ဘယ်လိုလုပ်ပြီး ကြီးမြတ်လှတဲ့ဧကရာဇ်မင်းမြတ်ကို အနီးကပ် ပြုစုစောင့်ရှောက်စေရဲမှာလဲ။ အံ့ပါရဲတော် အိုက်ကျားမြန်မြန်အသက်တိုသွားမှာ စိုးရတယ်။ အစကတည်းက နေရမယ့်နှစ်က သိပ်မကျန်တော့ဘူး။ အိုက်ကျား အစောကြီး မသေချင်သေးဘူး။" ဟူ၍ဖြစ်သည်။
နင်ချန်က မျက်မှောင်ကြုတ်လိုက်သည်။
" ကျန်းက သားတစ်ယောက်အနေနဲ့ မယ်တော် နေထိုင်မကောင်း ဖြစ်နေတာကို ဘယ်လိုလုပ် ခုတင်ဘေးမှာအနီးကပ်မပြုစုမစောင့်ရှောက်ဘဲ နေနိုင်မှာလဲ။ ကျန်း မယ်တော်ကို ဝင်ကြည့်ဦးမယ်။"
စကားဆုံးသည်နှင့် ခြေလှမ်းကာ အဆောင်ထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း ဖူကျစ်၏တစ်ဖက်သက်ဆန်လှသော တားဆီးချင်းကိုခံလိုက်ရသညိ။
"အရှင်မင်းကြီး။" ဖူကျစ်သည် 'ဖုန်း' ဟူသော အသံနှင့်အတူ ဒူးထောက်ချလိုက်ပြီး မြေပြင်ပေါ်တွင် မှောက်လျက် တုန်ယင်သော အသံဖြင့်၊ "အရှင်မင်းကြီး ကျွန်တော်မျိုးမတို့ကို သနားညှာတာတော်မူပါ။ မယ်တော်ကြီးက... အရှင်မင်းကြီးကို တကယ် မတွေ့ချင်လို့ပါ။"
မယ်တော်ကြီးတွင် နှုတ်မိန့် ရှိထားသည်။ ယနေ့ ဧကရာဇ်ကို လုံးဝ တွေ့ခွင့် မပြု၊ မည်သူမဆို သူ့ကို ဝင်ခွင့် ပြုလိုက်ပါက၊ သံယောဇဉ်ကို ထောက်မနေဘဲ တုတ်ဖြင့် ရိုက်သတ်ပစ်မည် ဟူ၍ပင်။
နင်ချန်၏ဇာမဏီမျက်ဝန်းတစ်စုံသည် သံမည်းကဲ့သို့ နက်မှောင်သွားပြီး၊ သူ့နောက်ကျောဘက်မှ လက်များသည် လက်သီးဆုပ်အဖြစ် ဒေါသကြောင့်တင်းကျပ်စွာ ဆုပ်ထားရာ လက်ဆစ်များမှာ ကြောက်မက်ဖွယ် ဖြူဖျော့လာ၏။
ထိုအချိန်တွင် မိဖုရားခေါင်ကြီးသည် ဖုန်းရှီးနန်းဆောင်မှ လာရောက်ခါစဖြစ်ပြီး၊ ရိုးရှင်းသော အရောင်ရှိသည့် သာမန်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် မယ်တော်ကြီးအား အနီးကပ် ပြုစုစောင့်ရှောက်ရန် လာရောက်ခြင်း ဖြစ်သည်။
"ချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။" မိဖုရားခေါင်ကြီးသည် အရိုအသေပေးလိုက်ပြီး၊ ပတ်ဝန်းကျင်တွင် ဒူးထောက်နေသော အစေခံများကို တစ်
ချက်ကြည့်လိုက်ရာ မျက်နှာထားသည် အနည်းငယ်တင်းမာသွား၏။
"အရိုအသေပေးစရာ မလိုဘူး။" နင်ချန်၏အသံသည် အေးစက်နေပြီး၊ ချီနင်နန်းဆောင်၏ တင်းကျပ်စွာ ပိတ်ထားသော ပင်မတံခါးမကြီးကို စူးစိုက်ကြည့်နေ၍ ကျယ်လောင်စွာ ဆိုလိုက်သည်။
"နှစ်ကုန်ပိုင်း နီးလာပြီဆိုတော့ မောင်းမဆောင်ရဲ့ ကိစ္စတွေကလည်းများလာပြီ။ မိဖုရားခေါင်ကြီးက အားကျိုးမာန်တက်လုပ်နိုင်မယ်ဆိုတာ သိပေမဲ့လည်း မယ်တော်ကြီးကို ကောင်းကောင်း မစောင့်ရှောက်နိုင်မှာ စိုးရိမ်ရတယ်။ ချန်ဝမ်ရုန် (မိန်ဝမ်ရုန်) က အမြဲတမ်း မယ်တော်ကြီးသဘောအကျဆုံးဖြစ်ပြီး စိတ်သဘောထားလည်း အကိုက်ညီဆုံးပဲ။ ဒီရက်ပိုင်း ချီနင်နန်းဆောင် မှာ နေထိုင်ပြီး ကျန်းကိုယ်စား မယ်တော်ကြီးကို စောင့်ရှောက်စေ။ အရင်က မိန်ဝမ်ရုန် အမှားလုပ်ခဲ့တုန်းက မယ်တော်ကြီးသာ တောင်းပန်မပေးခဲ့ရင် ရာထူးလျှော့ချခံရသင့်တာ။ အခု ပြန်ပြီးကျေးဇူးဆပ်သင့်တာပေါ့။ တကယ်လို့ အပြစ်ကို မဆေးကြောနိုင်ဘူး ဆိုရင်... 'ဝမ်ရုန်' (အဆင့် ၆) နေရာမှာလည်း ထပ်ပြီး ထိုင်နေစရာ မလိုတော့ဘူး။"
မိဖုရားခေါင်ကြီး၏စိတ်ထဲတွင် တစ်ချက် တုန်လှုပ်သွားပြီး၊ မျက်ဝန်းထဲတွင် မယုံနိုင်သော အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားကာ အလျင်အမြန်ပင် ခေါင်းပြန်ငုံ့လိုက်၏၊ စိတ်ထဲတွင်မူ လှိုင်းတံပိုးများ ထန်နေခဲ့သည်။ ဤသည်မှာ အမှန်တကယ် မယ်တော်ကြီးနှင့် အဆုံးစွန်ထိ မာမာတင်းတင်း ရင်ဆိုင်တော့မည့် အဓိပ္ပာယ်များလား။
"အရှင်မင်းကြီး။" ဖူကျစ်သည် မျက်လုံးများပြူးကျယ်သွားပြီး ယခုလိုရလဒ်မျိုး ဖြစ်လာမည်ဟု မထင်ထားခဲ့မိပေ။
နင်ချန်သည် မျက်ဝန်းများကိုအနည်းငယ်မှေးကျဉ်းလိုက်ပြီး၊ စိတ်ထဲတွင် အဆုံးမရှိသော အေးစက်မှုကို ခံစားလိုက်ရသည်။ ဖူကျစ်၏တုံ့ပြန်မှုကို ကြည့်လျှင် အမှန်ပင် မယ်တော်ကြီး၏ ညွှန်ကြားမှု ရှိနေခဲ့၏။ သူ့အား အသုံးချပြီး နောက်တစ်ခါအကျပ်ကိုင်ချင်တယ်ပေါ့လေ။
" ကျန်းမှာ အရေးကြီးတဲ့ ကိစ္စတွေ ရှိနေသေးတယ်။ မယ်တော်ကြီးက ကျန်းကို သနားညှာတာပြီး၊ ရောဂါ ကူးသွားမှာ စိုးရိမ်မှတော့ ကျန်းလည်း ကြာကြာမနေတော့ဘူး။ ယွမ်ကျို၊ မင်း ယောင်ကွမ်းဆောင် (ချန်ဝမ်ရုန်၏ နန်းဆောင်) ကို ကိုယ်တိုင်သွားပြီး ချန်ဝမ်ရုန်ကို ချီနင်နန်းဆောင်ကို ပို့ဆောင်လိုက်။"
စကားဆုံးသည်နှင့် ဝတ်ရုံကို မကာ၊ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွါသွား၍ နောက်ကျောပြင်တွင်လည်း မျိုသိပ်ထားသော ဒေါသတရားများ ပေါ်လွင်နေ၏။
မိဖုရားခေါင်ကြီးသည် မြေပြင်ပေါ်မှ ဖူကျစ်ကို တစ်ချက်ကြည့်လိုက်၊ ချီနင်နန်းဆောင်၏ ပင်မခန်းမဆောင်ကို တစ်ချက်ကြည့်လိုက်နှင့် စိတ်ထဲတွင် ကျေနပ်မှုဖြစ်ပေါ်လာခဲ့သည်။
အနီးကပ် ပြုစုစောင့်ရှောက်ရန် မလိုအပ်မှတော့ သူမသည်လည်း တစ်ဖန်လှည့်ကာ ဖုန်းရှီးနန်းဆောင်သို့ ပြန်သွားလေသည်။
နောက်တွင်ကျန်ခဲ့သော ဖူကျစ်သည် မြေပြင်ပေါ်တွင် ခြေထောက်လက်များ ပျော့ခွေလျက် ကျန်ရစ်ခဲ့ရာ၊ နန်းတွင်းသူလေးတစ်ဦး အလျင်အမြန် လာရောက် ထူမပေးရ၏။
ခဏမျှ သတိပြန်ဝင်လာပြီးမှ၊ ဖူကျစ်သည် ပင်မခန်းမဆောင် အတွင်းခန်းသို့ ဝင်ရောက်သွားပြီး၊ ခုတင်ပေါ်တွင် လဲလျောင်းနေသော မယ်တော်ကြီးကို ကြည့်၍ မည်သို့ စပြောရမည်ကို မသိတော့ပေ။ အကြိမ်ကြိမ် စဉ်းစားပြီးမှ နင်ချန်၏စကားများကို အတော်ပင် နူးညံ့သော နည်းလမ်းဖြင့် သွယ်ဝိုင် ပို့ဆောင်လိုက်လေသည်။
"သူက အိုက်ကျားကိုများ ခြိမ်းခြောက်ရဲတယ်ပေါ့။"
မယ်တော်ကြီးသည် ဒေါသထွက်လွန်း၍ ခေါင်းပေါ်မှ နဖူးစည်းကို တစ်ချက်တည်း ဆွဲဖြုတ်ချလိုက်ပြီး၊ စိတ်လှုပ်ရှားလွန်းသဖြင့် ပြင်းထန်သော ချောင်းဆိုးသံများ ထပ်မံ ထွက်ပေါ်လာကာ၊ မျက်နှာမှာ ဝက်အသည်းကဲ့သို့ ညိုပုတ်သွားသည်အထိပင်။
"မယ်မယ် အမျက်ပြေတော်မူပါ။ မယ်မယ့်ရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါ။"
ဖူကျစ်သည် အလျင်အမြန် ရေနွေးနွေးကို ယူဆောင်၍ သူမအား နှစ်ငုံမျှ သောက်သုံးစေပြီး၊ ကျောကို ညင်သာစွာ ပုတ်
ပေးလိုက်သည်။
မယ်တော်ကြီးသည် ပျော့ခွေသွားပြီး ခေါင်းအုံးကို မှီလိုက်သည်။
" အိုက်ကျားက သူ့ကို ဆယ်လလွယ်ပြီး မွေးထားရတာကို ဒီလောက်တောင် ရက်စက်လိမ့်မယ်မထင်ထားဘူး။ အိုက်ကျား ကောင်းတာကို ချန်မိသားစု ကောင်းတာကို မမြင်
ချင်ဘူးလား။ အဲ့ဒါက သူ့ရဲ့မိခင်ဘက် အဘိုးအရင်းရဲ့အိမ်တော်လေ။"
ဖူကျစ်သည် သက်ပြင်းချလိုက်သည်။
"မယ်မယ်၊ အရှင်မင်းကြီးက မယ်မယ့်ရဲ့ သားတော် မှန်ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုတဲ့အမှန်တရားက ဧကရာဇ်က ဒီကောင်းကင်အောက် (တိုင်းပြည်) ရဲ့ အရှင်သခင်ပါ။ အစဉ်အဆက် ဘယ်ဧကရာဇ်ကများ အမတ်တွေရဲ့ အာဏာစက် ကြီးမားလွန်းတာကို လက်ခံနိုင်မှာလဲ။"
"ဒါပေမဲ့ အဲ့ဒါက သူ့ရဲ့ ဦးရီးတော်အရင်းလေ။ ဘယ်လိုလုပ် သစ္စာဖောက်စိတ် ရှိနိုင်မှာလဲ။" မယ်တော်ကြီးက မျက်မှောင်ကြုတ်လျက် ချေပလိုက်သည်။
" ချန်အာ (နင်ချန်) က ဒီလောက် ငယ်
သေးတာ။ အခြေခံက မခိုင်မာဘူး။ တကယ်လို့ သူ့ဦးရီးတော်ရဲ့ထောက်ပံ့မှု မရှိရင် ဘယ်လိုလုပ် ဒီနန်းပလ္လင်ပေါ်မှာ တည်ငြိမ်အောင် ထိုင်နိုင်မှာလဲ။ ဒါပေမဲ့ သူက ချန်မိသားစုကို ကောင်းစားခွင့် မပေးဘူး။ ဒီလိုဆိုရင် ဘယ်သူက သူ့အတွက် အလုပ်လုပ်ပေးနိုင်မှာလဲ။"
ဖူကျစ်သည် ဆက်၍ စကားမပြောတော့ပေ။ ဤကိစ္စတွင် ဘေးလူအနေဖြင့်တောင် မိမိသခင်ဖြစ်သူ၏ အမှားများကိုတွေ့နေရသည်။
မယ်တော်ကြီးမှာ အစွန်းရောက် တွေးခေါ်နေခြင်း ဖြစ်ပြီး၊ ဖျောင်းဖျ၍ ပြန်လှည့်လာနိုင်မည် မဟုတ်ပေ။ မယ်တော်ကြီးသည် မိမိ၏ မိဘမျိုးရိုးဘက်မှ ဂုဏ်ပကာသနနှင့် ချမ်းသာကြွယ်ဝမှုကိုသာ ကာကွယ်ပေးရန် တွေးတောနေပြီး၊ ချန်မိသားစုအာဏာရရှိခြင်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိသည်ဟု မိမိဘာသာ ထင်မှတ်နေ၏၊ သို့သော် ထို နန်းတွင်း၌ အာဏာစက်ကြီးမားသူများထဲတွင် လူဘယ်နှယောက်ကများ ဧကရာဇ်အပေါ် အပြည့်အဝသစ္စာခံသူများ ရှိဖူးလို့လဲ။
သို့သော် ဖျောင်းဖြစကားများကို သူမ ထပ်မံ မပြောချင်တော့ပေ။ ပြောသော်လည်းမယ်တော်ကြီး နားထောင်မည် မဟုတ်ပေ။ ယနေ့ ဖြစ်ပျက်သွားသည်ကို ကြည့်လျှင် ဧကရာဇ်သည် အသည်းခိုက်သွားခဲ့ပြီ ဖြစ်ပြီး၊ နောင်တွင် မယ်တော်ကြီးကသာ အမှားကို မသိရှိသေးပါက ပြဿနာများ ထပ်မံဖြစ်ပွားရန်သာ ရှိတော့သည်။
နောက်ဆုံးတွင်၊ ချန်ဝမ်ရုန်သည် ချီနင်နန်းဆောင်သို့ အပို့ခံလိုက်ရ၏။ ဧကရာဇ် စကားချန်ခဲ့သည်က မယ်တော်ကြီးပြန်လည်ကျန်းမာလာမှသာ သူမလည်း ပြန်ခွင့်ရမည်ဟူ၍ပင်။
......
ယွီရှို့အဆောင်ထဲတွင် ယဲ့ယွင်သည် ခုတင်ပေါ်တွင် လဲလျောင်းလျက် အစေခံမလေးများ၏ ခြေထောက် နှိပ်နယ်ပေးခြင်းကို ခံယူနေ၏။
နံနက်ခင်းကြီးတွင် ဒူးထောက်လိုက်ရသဖြင့် အနည်းငယ်တော့ အအေးဓာတ် ဝင်သွားခဲ့ရာ ပြန်ရောက်သည်နှင့် ရေနွေးပူပူဖြင့် ရေချိုးလိုက်ရသည်။ ရေချိုးပြီးသည်နှင့် အိပ်ငိုက်လာပြီး ခုတင်ပေါ်တွင် လဲလျောင်းလျက် ခဏမျှ အိပ်စက်ရန် ကြံရွယ်လိုက်သော်လည်း၊ ဟွေယွဲ့က သူမ၏ ဒူးခေါင်းအတွက် စိုးရိမ်သဖြင့် ရှန်ဖိန်ကျစ်ထံမှ ဆေးလိမ်းအချို့ကို သွားရောက်တောင်းယူလာပြီး၊ အတင်းလိမ်းပွတ်ပေးပြီးမှသာ သူမကို အိပ်စက်စေ၏။
ပိုင်ရှုသည် မိန်းမစိုးတစ်ဦး ဖြစ်သဖြင့် ယဲ့ယွင်၏စိတ်ထဲတွင် အနည်းငယ်တော့ ကန့်သတ်ချက် ရှိနေရာ သူ့အား အကာရံ၏တစ်ဖက်မှသာခြားလျက် လျှောက်
တင်စေသည်။
"ချန်ဝမ်ရုန်က အရှင်မင်းကြီးရဲ့ နှုတ်မိန့်တော်ကို ရရှိပြီး၊ ချီနင်နန်းဆောင်ကို အနီးကပ် ပြုစုစောင့်ရှောက်ဖို့ ပြောင်းရွှေ့သွားပါပြီ။"
"အိုး။ တူမအရင်းက အနားမှာ ပြုစုစောင့်ရှောက်နေမှတော့ မယ်တော်ကြီးရဲ့ ကျန်းမာရေးကလည်း အမြန်ဆုံး ကောင်းလာတော့မယ် ထင်တယ်။" ယဲ့ယွင်သည် ခပ်ဖွဖွ ရယ်မောလိုက်၏။
နန်ကျစ်နှင့် ဟွေယွဲ့တို့သည် ကျိုချန်နန်းဆောင်သို့ လိုက်ပါသွားခဲ့ကြသဖြင့် နံနက်ခင်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သဘာဝအတိုင်း သိရှိကြ၏။ အရှင်မင်းကြီးသည် သူတို့ မိန်ရန်၏စကားကို နားထောင်လိုက်ခြင်းပင်။
သို့သော် ထိုအချိန်မှာပဲ ရုတ်တရက် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ပိုင်ရှု ၏ 'အရှင်မင်းကြီးကို ဂါရဝပြုပါတယ်' ဟူသော စကား မဆုံးမီမှာပင် နင်ချန်သည် အတွင်းခန်းဆောင်သို့ ဝင်
ရောက်လာခဲ့ပြီး ဖြစ်သည်။
"အားလုံး ထွက်သွားကြ။" နင်ချန်၏မျက်နှာထားသည် အေးစက်တင်းမာနေခဲ့သည်။
နန်ကျစ်နှင့် ဟွေယွဲ့တို့သည် စိုးရိမ်သော မျက်နှာထားဖြင့် ယဲ့ယွင်ကို တစ်ချကကြည့်လိုက်ကြပြီး၊ မည်မျှပင် မလိုလားစေကာမူ ထွက်ခွာသွားရုံမှလွဲ၍ မတတ်နိုင်ပေ။
"ဒီချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အ..."
ယဲ့ယွင်သည် အလျင်မလို မလောဘဲ သူမ၏စကတ်ကိုချကာ အပြင်ဘက်တွင်ပေါ်နေသော ခြေသလုံးနှင့် ဒူးခေါင်းကို ဖုံးအုပ်လိုက်ပြီး၊ ခုတင်ပေါ်မှ ဆင်းသက်လာစဉ် နင်ချန်၏ ပြင်းထန်စွာ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ လူနှစ်ယောက်၏နှုတ်ခမ်းများ ထိကပ်သွားပြီး၊ နင်ချန်သည် ဒေါသထွက်နေသော သားရဲတစ်ကောင်ပမာ၊ အနည်းငယ်မျှ ညှာတာခြင်း မရှိဘဲ၊ နှုတ်ခမ်းမှတစ်ဆင့် အောက်သို့ဖြေညှင်းစွာလျောကျလာကာ ကိုက်ခဲခြင်းရော စုပ်ယူခြင်းပါ ပြုလုပ်သောကြောင့် ယဲ့ယွင်သည် နာကျင်လွန်း၍ မျက်ရည်များပင် ထွက်လာခဲ့သည်။
ယဲ့ယွင် နာကျင်သွားသောအခါ ဒေါသလည်း ထွက်လာပြီး အားနာခြင်းမရှိဘဲ နင်ချန်၏ပခုံးကို ပြန်လည် ကိုက်ချလိုက်ရာ၊ သွားရာများပင် ထင်ကျန်သွားပြီး အချို့နေရာများတွင် သွေးစများပင် စို့ထွက်လာခဲ့သည်။
"အင့်—" နင်ချန်သည် လေအေးတစ်ချက် ရှူသွင်းလိုက်ပြီး၊ သူမ၏လက်မောင်းများကို ဆွဲယူကာ ခေါင်းထက်တွင် ဖိချုပ်ထားလိုက်သည်။ " ယဲ့ယွင် မင်းက ခွေးလား။"
ယဲ့ယွင်သည် မျက်လုံးများ နီရဲလျက် မျက်နှာပေါ်တွင် မျက်ရည်စလေးများ ရှိနေကာ အမှန်တကယ် နာကျင်သောကြောင့်ဖြစ်သည်။
နင်ချန်သည် သူမ၏ပုံစံကို ကြည့်ရင်း၊ အမူအရာတစ်ချက်ပြေလျော့သွားပြီး၊ ကိုယ်ကို ကိုင်းညွှတ်ကာ သူမ၏နဖူးကို ဖွဖွ နမ်းရှိုက်လိုက်၏။
ယဲ့ယွင်မှာမူ ခြေထောက်ကို ဆန့်ထုတ်ကာ နင်ချန်၏ခါးကို ချိတ်တွယ်လိုက်ပြီး၊ လှည့်ပတ် တက်ခွလျက်၊ ဧည့်သည်နေရာမှ အိမ်ရှင်နေရာသို့ ပြောင်းလဲလိုက်လေသည်။
မူလက ငြိမ်သက်သွားခဲ့သော နင်ချန်သည် သူမ၏နှိုးဆွမှုကို ဘယ်လိုများခံနိုင်ရည်ရှိပါ့မလဲ။ မျက်ဝန်းများ နီရဲလာပြီး ပိုးစောင်ကို ဆွဲယူကာ၊ နှစ်ဦးသားကို ဖုံးအုပ်လိုက်လေသည်။
.......
ယဲ့ယွင်သည် လုံးဝ အားအင်ကုန်ခန်းသွားပြီး၊ ကိုယ်ကိုကွေးလျက် နင်ချန်၏ရင်ခွင်ထဲတွင် လဲလျောင်းနေကာ၊ နဖူးကို နင်ချန်၏ရင်ဘက်တွင် ဖိကပ်ထားလေသည်။
" ကျန်းက နောက်ဆုံးတော့၊ မင်းလောက် ထွင်းဖောက် မမြင်နိုင်ခဲ့ဘူး။" နင်ချန်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး၊ ရုတ်တရက် ပြောလိုက်၏။
"အရှင်မင်းကြီးက အဖြစ်အပျက်ထဲမှာ နစ်မြောနေလို့ မျက်စိလည်သွားတာပါ။" ယဲ့ယွင်သည် သူမ၏ကိုယ်ကို လှုပ်ရှားလိုက်ပြီး၊ သက်သောင့်သက်သာရှိသောပုံစံသို့ ပြောင်းလဲကာ၊ သူ့အား ကျောပေးလျက် လဲလျောင်းလိုက်သည်။
နင်ချန်သည်လည်း ဂရုမစိုက်ဘဲ သူမကို ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်ရာ စိတ်ထဲတွင် အချိန်အတော်ကြာ မျိုသိပ်ထားခဲ့ရသော ကိစ္စများသည် ဤတစ်ခဏတွင် အရာအားလုံး လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-50
အခန်း ၅၀ ။ ကလေး
နံနက်ခင်းတွင် တစ်ကြိမ် လှုပ်ရှားခဲ့ကြပြီး နံနက်စာပင် မသုံးဆောင်ရသေးပေ။ ခုတင်ပေါ်တွင် ခဏမျှ တွယ်ကပ်နေပြီးနောက် တခါတည်း နေ့လယ်စာကိုသာ သုံးဆောင်လိုက်ကြသည်။
နင်ချန်သည် ကျိုချန်နန်းဆောင်သို့ ပြန်မသွားချင်သော်လည်း၊ လျှောက်တင်လွှာများကိုမူ စစ်ဆေးရမည် ဖြစ်သဖြင့်၊ ယွမ်ကျိုအား လျှောက်တင်လွှာများကို ယွီရှို့အဆောင် သို့ သယ်ဆောင်လာစေခဲ့၏။
ယဲ့ယွင်သည် သဘာဝအတိုင်းပင် စာရေးမင်တံ ခစားပေးရမည့် ကိစ္စမှ မလွတ်မြောက်နိုင်ခဲ့ပေ။
နှစ်ကုန်ပိုင်းတွင် နေရာဒေသအသီးသီးမှ အရာရှိများသည် လျှောက်တင်လွှာများ တင်သွင်း၍ အစီရင်ခံကြရာ အလုပ်ပမာဏမှာ အမှန်ပင် မသေးငယ်လှပေ။
နာရီဝက်ခန့်မျှ မတ်တပ်ရပ်ပြီး၊ မင်တုံးကို လုံလောက်စွာ သွေးပြီးသောအခါ ယဲ့ယွ
င်သည် ထိုင်၍ ခေတ္တမျှ အနားယူရင်း နင်
ချန်အား အခါးရည် ဆက်သလိုက်ပြီး၊ အမွှေးတိုင် တစ်တိုင်ခန့် ကြာသောအခါမှ ဆက်လက် ပြုလုပ်လေသည်။ ဤသို့ဖြင့် နေ့လယ်ခင်းတစ်ခုလုံး အချိန်ကုန်ဆုံးသွားသော်လည်း၊ လျှောက်တင်လွှာ လေးပုံတစ်ပုံမှာမူ မစစ်ဆေးရသေးဘဲ ကျန်ရှိနေသေး၏။
ဆောင်းရာသီတွင် မိုးချုပ်သည်မှာ စောသဖြင့် အပြင်ဘက်တွင် မှောင်စပြုနေပြီ ဖြစ်ရာ ယွမ်ကျိုသည် ဟွေယွဲ့နှင့် နန်ကျစ်တို့အား ဝင်ရောက်၍ မီးခွက် ထွန်းညှိစေ၏။
"ဘယ်အချိန် ရှိပြီလဲ။" နင်ချန်သည် ခေါင်းမော့လိုက်ပြီး၊ လက်ထဲမှ စုတ်တံကိုချကာ၊ သူ့နားထင်ကို နှိပ်နယ်လိုက်သည်။ ဤမျှ ကြာအောင် လျှောက်တင်လွှာများကို ကြည့်ရှုခဲ့ရာ၊ မျက်လုံးများ ညောင်းညာကိုက်ခဲနေခဲ့သည်။
"အရှင်မင်းကြီးကို လျှောက်ပါတယ်။ ရှန်
အချိန် (ညနေ ၃ နာရီမှ ၅ နာရီ) နှောင်းပိုင်းကို ရောက်ပါပြီ။" ယွမ်ကျိုသည် ကိုယ်ကို ကိုင်းညွှတ်လျက် ဆို၏။
"ဒီလောက်တောင် ကြာသွားပြီလား။" နင်ချန်သည် မျက်မှောင်ကြုတ်လိုက်ပြီး၊ လက်ထဲမှ လျှောက်တင်လွှာများကို လှန်လှောကြည့်ရင်း၊ သက်ပြင်းသာ ချချင်တော့၏။
ယဲ့ယွင်သည် စိတ်ထဲမှ ရယ်စရာ ကောင်းသည်ဟု ထင်မိသည်။ ဧကရာဇ် ဖြစ်ရသည်မှာလည်း မလွယ်ကူလှပေ။ များပြားလှသော တိုင်းပြည်ရေးရာများကို ဖြေရှင်းရသည်မှာလည်း ပင်ပန်း၍ သေမတတ် ဖြစ်ပေမည်။
"အရှင်မင်းကြီး ခဏ နားပါဦးလား။ ညစာ သုံးဆောင်ပြီးမှ လျှောက်တင်လွှာတွေကို ဆက်စစ်ဆေးရင်ကော။” ယဲ့ယွင်က အကြံပေးလိုက်၏။
နင်ချန်က လက်ကာပြလိုက်ရင်း "မလိုတော့ဘူး၊ ကျန်း မဆာသေးဘူး။ အရင် အပြီး စစ်လိုက်ဦးမယ်။"
ယဲ့ယွင်သည် စားပွဲပေါ်မှ လျှောက်တင်လွှာများကို တစ်ချက် ဝေ့ကြည့်လိုက်၊ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက် လုပ်ပြီး၊ ရုတ်တရက် ပြောလိုက်သည်။
"ဒီချန်းချဲ့ နေရာက နည်းနည်း မှောင်နေတယ်။ အရှင်မင်းကြီး မီးခွက်အလင်းရောင်နဲ့ လျှောက်တင်လွှာတွေ စစ်ဆေးနေရတာ မျက်လုံး ထိခိုက်မှာ စိုးရိမ်ရတယ်။ ကျိုချန်နန်းဆောင်ကို ပြန်တာက ပိုကောင်းမယ်ထင်တယ်။”
ယွမ်ကျိုသည် စောစီးကတည်းက ပြန်ဖို့ပြောချင်နေသော်လည်း အပြစ်တင်ခံရမည်ကို စိုးရွံ့နေခဲ့သည်။ အခုလို ယဲ့ယွင်က ကိုယ်တိုင်အဆိုပြာလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နင်ချန်သည်လည်း အံ့အားသင့်သွားပြီး၊ ယဲ့ယွင်၏လက်ကို ဆွဲယူကာ ညှစ်လိုက်သည်။ ဤအပြုအမူကို သူ မသိလိုက် မသိဘာသာပင် အကျင့်ပါနေခဲ့ပြီ ဖြစ်သည်။
" ကျန်းက မင်းကို အဖော်ပြုတာ မလိုချင်ဘူးလား။"
"သေချာပေါက် လိုချင်တာပေါ့။" ယဲ့ယွင်သည် အနည်းငယ် တိုးကပ်လိုက်သည်။ "ဒါပေမဲ့ ဒီချန်းချဲ့က အရိပ်သုံးပါးနားမလည်တဲ့သူ မှာမဟုတ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ရေးရာက အရေးကြီးသလို အရှင်မင်းကြီးရဲ့ ကျန်းမာရေးကလည်း အရေးကြီးတာပဲ။"
"ဒီလို ဆိုမှတော့၊ ကျန်း နောက်နေ့မှ မင်းကို လာကြည့်တော့မယ်။" နင်ချန်သည် ပြုံးလျက် ထရပ်လိုက်၏။ ယဲ့ယွင်ပြောသည်မှာ အမှန်တကယ် စိတ်ရင်းမှန်ဖြင့် ဖြစ်စေ၊ မဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ သူ နားထောင်ရသည်မှာ သက်သောင့်သက်သာရှိပြီး ကျေနပ်သွားခဲ့၏။
အပြင်ဘက်တွင် မိုးချုပ်နေပြီ ဖြစ်ရာ၊ ယဲ့ယွင်သည် နင်ချန်အား ခြံဝင်း အပြင်ဘက်အထိ လိုက်ပို့ပြီးနောက် နင်ချန်က သူမအား ဆက်လက် လိုက်ပို့ခွင့် မပြုတော့ဘဲ၊ လူတစ်စုသည် မီးအိမ်များကို ကိုင်ဆောင်လျက် ထွက်ခွာသွားကြ၏။
"ဟူး... နောက်ဆုံးတော့ အိပ်ကောင်းကောင်း အိပ်ရတော့မယ်။ ငါ့ရဲ့လက်ကောက်ဝတ်က တကယ်ကို ကိုက်ခဲနေတာ။"
အခန်းထဲသို့ ပြန်ရောက်သည်နှင့် ယဲ့ယွင်သည် အပြင်ဘက်မှ ခုတင်ငယ်လေးပေါ်သို့ ပစ်လှဲချလိုက်ပြီး ဘဝတွင် မျှော်လင့်ချက်ကင်းမဲ့နေသောပုံစံ ဖြစ်နေ၏။ နန်ကျစ်နှင့် ဟွေယွဲ့ နှစ်ဦးမှာမူ ကြည့်ရင်း ရယ်ချင်နေကြသည်။
" မိန်ရန် ဗိုက်ဆာနေပြီလား။ ကျွန်တော်မျိုးမ လူလွှတ်ပြီး စားဖိုဆောင်ကို သွားခိုင်းလိုက်မယ်။"
"အင်းအင်း၊ စားဖိုဆောင်ကို အသားများများ လုပ်ခိုင်းလိုက်။ အသားမစားရင် ငါ့ရဲ့ခန္ဓာကိုယ်က အားအင်တွေ ကုန်ခမ်းတော့မယ်။" ထို့နောက် ယဲ့ယွင်က မြန်မြန်သွားရန် လက်ကာပြလိုက်သည်။
ယောက်ျားတစ်ယောက်ကို အမှုထမ်းရသည်မှာ အမှန်ပင် ကိုယ်လက်လှုပ်ရှားမှု လိုအပ်သော အလုပ် ဖြစ်သည်။ ပင်ပန်းနွမ်းနယ်သွားသော ယဲ့ယွင်သည် ညစာစားသုံးပြီးနောက် ခုတင်ပေါ်သို့ တွားသွား တက်သွားပြီး အိပ်စက်ခဲ့သည်။ ဤသည်မှာ သူမ၏ သမိုင်းတစ်လျှောက် အစောဆုံး အိပ်စက်ခြင်း ဖြစ်လောက်သည်။
သို့သော် အိပ်စက်ရာတွင် နမိတ်မကောင်းသော အိပ်မက်တစ်ခုကို မက်ခဲ့သည်။ အိပ်မက်ထဲတွင် ယိဝမ်ရုန်သည် သွေးများလူးလျက် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး၊ အားအင် ကင်းမဲ့စွာဖြင့် သူမကို လက်ညှိုးထိုးလျက်၊ 'ယဲ့ယွင် နင် ငါ့ကို ကြံစည်ရဲတယ်' ဟု ဆိုနေ၏။
နောက်တစ်နေ့ ဟွေယွဲ့က လာနှိုးသောသောအခါ ယဲ့ယွင်သည် ဝေဝါးနေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ ခန့်မှန်းရသည်မှာ မနေ့ညက အိပ်မက်ထဲမှ မြင်ကွင်းမှာ အလွန်ထူးဆန်းလွန်းသဖြင့် သူမ၏စိတ်ထဲတွင် မသက်မသာ ဖြစ်နေခဲ့သည်။ ဖုန်းရှီးနန်းဆောင်သို့ ဂါရဝပြုရန် မထွက်ခွာမီ ခြံဝင်းထဲတွင်ကျန်ရစ်ခဲ့သော နန်ကျစ်နှင့် ပိုင်ရှု နှစ်ဦးအား ယွီရှို့အဆောင်၏ အတွင်းအပြင်အားလုံးကို ထပ်မံစစ်ဆေးရန် မှာကြားခဲ့သည်။ မပေါ်ပေါက်သင့်သော အရာများ ရှိ၊ မရှိကို ကြည့်ရှုရန် ဖြစ်၏။
မနေ့က နင်ချန် ယွီရှို့အဆောင်တွင် တစ်နေ့လုံး နေထိုင်ခဲ့ပြီး၊ ညဘက်တွင် ထွက်ခွာသွားခဲ့ရာ၊ လူများအား အတွေးများသွားစေခဲ့၏။ ယဲ့ယွင် ရောက်ရှိလာသည့်အခါ လူတိုင်းသည် လှုပ်ရှားရန် အသင့် ဖြစ်နေကြသည်။
" ကြည့်ရတာ ယဲ့မိန်ရန် တစ်နေ့လုံး အမှုထမ်းခိုင်းရတာ ပင်ပန်းသွားတဲ့ပုံပဲ။ ညဘက်မှာ အရှင်မင်းကြီးကို မထိန်းထားနိုင်ခဲ့ပေမဲ့ ပင်ပန်းဆင်းရဲခံရကျိုး နပ်ပါတယ်
လေ။" ယန်ရှိုးရီက စကားစလိုက်လေသည်။
"ဟုတ်ပါ့၊ ဒီချန်းချဲ့က အရည်အချင်း မရှိတော့ အရှင်မင်းကြီးကို မထိန်းထားနိုင်ခဲ့ဘူး။ နောက်နေ့ အရှင်မင်းကြီး ရှိုးယီ (ယန်ရှိုးရီ) ဆီ ရောက်သွားရင်၊ ရှိုးယီ မယ်
မယ်ကပဲ ကောင်းကောင်း ထိန်းထားလိုက်ပါဦး။ ချန်းချဲ့ကိုလည်း နည်းနည်း သင်ယူခွင့်ပေးပါဦးနော်။" ယဲ့ယွင်သည် စိတ်
ဆင်းရဲဟန်ဖြင့် နှုတ်ခမ်းစူလျက်၊ ခပ်တိုးတိုး ဆိုလိုက်၏။ ထိုပုံစံမှာ၊ ယန်ရှိုးရီကို အလွန်ပင် ရွံရှာသွားစေသည်။
ကျောက်ကျယ်ယွီသည် လက်ပဝါကို ဆုပ်ကိုင်လျက် ခပ်ဖွဖွ ရယ်မောလိုက်
သည်။
"အို၊ ယဲ့မိန်ရန် က ဒီစကားတွေမပြောခင်
ရှိုးယီ (ယန်ရှိုးရီ) မယ်မယ် အရင်တွက်ကြည့်ပါအုံး။ မယ်မယ် အရှင်မင်းကြီးကို မတွေ့ရတာဖြင့် ဆယ်ရက်ကျော်လောက်တောင်ရှိနေပြီလားနော်။ ဒါမောင်းမဆောင်မှာ မဖြစ်ခဲတဲ့အရာပဲ။”
မကြာသေးမီ အချိန်များတွင် ယဲ့ယွင်သည်
ဧကရာဇ်ကို တွေ့ဆုံရသည့် အကြိမ်ရေ ပိုများလာပြီး ယိဝမ်ရုန်သည် ယခင်အတိုင်းပင် မျက်နှာသာပေးမှု မလျော့ကျပေ။
ကိုယ်ဝန်ဆောင်သည့်ဝမ်ကျယ်ယွီ ထပ်တိုးလာပြီးနောက် ကိုယ်ဝန်ဆောင် သုံးဦးလုံးမှာလည်း အရှင်မင်းကြီး၏မျက်နှာသာပေးခံရသည်။ ရှူးဖေးသည်လည်း မင်းသမီးကြီးရှိသဖြင့် လျစ်လျူရှု၍ မဖြစ်ပြန်၊ မိဖုရားခေါင်ကြီးထံသို့လည်း လဆန်းတစ်ရက်နှင့် လပြည့်နေ့များတွင် မဖြစ်မနေ သွားရမည့် နှစ်ရက် ရှိသေးသည်။ လူသစ်များထဲတွင် ဖန်းချိုက်ရန် (ယောင်ရှန်း)၊ ယန်ပေါင်လင်၊ ကျိုးပေါင်လင်၊ ကျန်းပေါင်လင် အစရှိသူတို့လည်း တစ်ရက်စီ ခွဲဝေ ရရှိကြရာ၊ ယန်ရှိုးရီမှာမူ ထက်ဝက်မက လျော့ကျသွားခဲ့၏။
" ပန်ကုန်းကို လာမပြောနဲ့။ ကျောက်ကျယ်ယွီက လင်ရှီးဥယျာဉ်မှာကတည်းကအရှင်မင်းကြီးကို တစ်ခါ တွေ့ပြီး အခုထိထပ်မတွေ့ရသေးဘူး မဟုတ်လား။ တကယ်လို့ မင်းသာ ပန်ကုန်းကို တောင်းပန်ကြည့်ရင်၊ နောက်နေ့ ပန်ကုန်းလည်း အရှင်မင်းကြီးရဲ့ရှေ့မှောက်မှာ မင်းအကြောင်း တစ်ခွန်းနှစ်ခွန်းလောက် ထည့်ပြောပေးလို့ ရပါတယ်။”
ယန်ရှိုးရီသည် ဒေါသထွက်လွန်းနေသည်။ မျက်နှာသာပေးမှု ခွဲဝေခံလိုက်ရသဖြင့် သူမသည် မည်သူ့ထက်မဆို ပို၍ ဒေါသထွက်နေခဲ့ရာ နောက်ပေါက်နှစ်ဦး၏ နှိုးဆွမှုကြောင့် ဆွေ့ဆွေ့ခုန်နေခဲ့သည်။
ဖန်းချိုက်ရန်သည် ဘေးတွင် အခါးရည်သောက်ရင်း၊ ရန်ဖြစ်နေကြသည်ကို အေးစက်စွာ ကြည့်နေလျက် စိတ်ထဲတွင် လှောင်ပြောင်နေမိ၏။ အတိတ်ဘဝက သူမ ယန်ရှိုးရီကို ဘာကြောင့်များ အရည်အချင်းရှိတယ်လို့ ထင်မှတ်ခဲ့တာပါလိမ့်။ အခုကြည့်ရတာတော့ ဒီလောက်လေးအပြောခံရတာတောင် မထိုင်နိုင်တော့ပါလား။
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ၊ ယန်ရှိုးရီသည် ဒေါသတကြီးဖြင့် ဟန်လုရွှမ် သို့ ပြန်ရောက်သည်နှင့် အကောင်းစား တော်ဝင်ကြွေဖြူ အခါးရည်ခွက် တစ်စုံကို ရိုက်ခွဲပစ်လိုက်သည်။
အစေခံမလေး သန်းရော့သည် အလျင်အမြန် လာရောက် ဖျောင်းဖျရန်ကလွဲ တခြားနည်းလမ်းမရှိခဲ့ပေ။
"မယ်မယ် ဘာလို့ ဒေါသတွေအရမ်းထွက်နေရတာလဲ။ ကျန်းမာရေး ထိခိုက်သွားရင် တခြားသူတွေရဲ့ဆန္ဒအတိုင်း ဖြစ်သွားမှာပေါ့။"
"ပန်းကုန်း ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မှာလဲ။ အရှင်မင်းကြီးက ရကအတော်များများ ပန်းကုန်းဆီမလာတာနဲ့ သူတို့တွေက ပန်းကုန်းရဲ့မျက်နှာသာပေးမှု ဆုံးရှုံးသွားပြီထင်ပြီး တစ်ယောက်ပြီး တစ်ယောက် ပန်းကုန်းရဲ့အောက်ခြေစီးထိလာပြီး ရန်စရဲနေကြတယ်။ အဲ့ဒီ ကျောက်ကျယ်ယွီ၊ ယဲ့ယွင်၊ ဒီနေ့ ပန်းကုန်းကို စကားပြောလို့ရတိုင်း လှောင်ပြောင်
လိုက်ကြတာ၊ ပြောသမျှက ပန်းကုန်းသိက္ခာကို စော်ကားနေသလိုပဲ။” ယန်ရှိုးရီသည် ဒေါသထွက်လွန်း၍ မျက်ဝန်းများပင် နီရဲလာ၏။
မူလက သူမ၏ မိသားစုနောက်ခံမှာလည်း မကောင်းမွန်လှပေ။ ဖခင်မှာ အပြင်ဘက်တွင် တာဝန်ကျသော အဆင့်သုံး အရာရှိတစ်ဦး ဖြစ်ပြီး၊ နင်ချန် နန်းတက်နောက်ပိုင်းမှာ ရာထူး တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ကံဆိုးသည်မှာ ဖခင်ဖြစ်သူက အရည်အချင်း မရှိသောကြောင့် ရာထူးတက်သွားသော်လည်း မည်သည့် နိုင်ငံရေး အောင်မြင်မှုမျှ မရရှိခဲ့ဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ဧကရာဇ်အား စိတ်ပျက်သွားစေခဲ့သည်။
သူမသည် အလွန် ကသိကအောက် ဖြစ်ခဲ့ရသည်။ ဝမ်ဖေးကဲ့သို့ မျိုးရိုးနိမ့်ကျခြင်း မဟုတ်သဖြင့် ဧကရာဇ်အား စိတ်ချစေနိုင်ခြင်း မရှိ၊ ယိဝမ်ရုန်ကဲ့သို့ မျိုးရိုးကောင်းမွန်ခြင်း မဟုတ်သဖြင့် ဧကရာဇ်အား အထောက်အကူ ပေးနိုင်ခြင်း မရှိ၊ ဒီလောက်နှစ်တွေတစ်လျှောက်လုံး မျက်နှာသာပေးမှု အမြဲတမ်း ရရှိခဲ့သည်မှာ အမှန်စစ်စစ် သူမ၏ ပင်ပန်းဆင်းရဲစွာ ကြံစည်မှုများကြောင့်သာ ဖြစ်၏။
ယခု လူသစ်များ ထွက်ပေါ်လာသောအခါ၊ သူမဟူသော ရှိလည်းဖြစ်၊ မရှိလည်းဖြစ်သော လူသည် ပထမဆုံး အထိအခိုက် ခံရပြီး မျက်နှာသာပေးမှုများ အခွဲဝေခံလိုက်ရသည်။
"မယ်မယ့်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတစ်ယောက် ရှိထားမှ ကောင်းမှာ။ ဟို ရှူးဖေးကို ကြည့်ပါဦး။ တစ်သက်လုံး အတူတူညအိပ်ခွင့် မရတော့သလို ဖြစ်နေပြီ။ ဒါပေမဲ့ မင်းသမီးကြီး ရှိနေလို့ အရှင်မင်းကြီးကလည်း မကြာခဏ သွားကြည့်တယ်။ အခု ကျန်းပေါင်လင်က သူ့တံခါးအောက်ကို ခိုဝင်သွားတာ အကြိမ်တော်တော်များများ အမှုထမ်းခွင့် ရနေပြီ။" ယိချွမ်းသည် တိုးကပ်လာပြီး၊ တစ်ဖက်မှ ယန်ရှိုးရီကို ယက်ခပ်ပေးရင်း၊ ခပ်တိုးတိုး ပြောလိုက်၏။
သန်းရော့သည်လည်း လိုက်ပါ ချော့မော့သည်။ "မယ်မယ်က ငယ်ရွယ်ပါသေးတယ်။ ကလေးက မကြာခင် ရလာမှာပါ။ မယ်မယ် အခုလောလောဆယ် စိတ်တည်ငြိမ်အောင် ထားရမှာ၊ တကယ်လို့ များများ ပြဿနာရှာနေရင် ဆန့်ကျင်ဘက်အနေနဲ့ အရှင်မင်းကြီးကို စိတ်ပျက်သွားစေမှာ စိုးရပါတယ်။”
"ငယ်ရွယ်တယ်? ပန်းကုန်းက ငယ်ပါတယ်။ ဒါပေမဲ့လူသစ်တွေက အဆက်မပြတ် ဝင်လာနေတာ။ သူတို့က ပန်းကုန်းထပ်ပိုပြီး ငယ်ရွယ်ကြတယ်။" ယန်ရှိုးရီ၏မျက်ဝန်းတစ်စုံမှာ မျှော်လင့်ချက် ကင်းမဲ့နေသည်။
"ပန်းကုန်း အရှင်မင်းကြီးကို အမှုထမ်းလာတာ သုံးနှစ်တောင် ရှိပြီ။ ဘယ်လိုဖြစ်လို့ အခုချိန်ထိ ဗိုက်ကလှုပ်ရှားမှု မရှိသေးတာလဲ။"
"မယ်မယ် ရှချိုက်ရန်ဘက်ကို ကျွန်တော်မျိုးမတို့တွေ ပစ္စည်းတွေ ပို့ထားတာပဲကို ခန့်မှန်းရသလောက် သူလည်း မယ်မယ့်ရဲ့ သဘောထားကို သိလောက်မှာပါ။" ယိချွမ်းသည် ရုတ်တရက် ထည့်သွင်း ပြောပြောလိုက်သည်။ "ဒီအချိန်
အတောအတွင်း၊ ကျင်းဖေးကဘည်း သူ့ဆီကို ပစ္စည်းတွေ မနည်းမနော ပို့ထားတယ်လို့ကြားတယ်။ ကျွန်တော်မျိုးမတို့က တစ်ခါပဲ ပို့ဖူးသေးတယ်၊ မယ်မယ် ကြည့်..."
ယန်ရှိုးရီ သည် တစ်ချက်ကြောင်ငေးသွားပြီး၊ လက်မြှောက်ကာ သူမ၏နားထင်ကို နှိပ်နယ်လိုက်သည်။ "ပန်းကုန်းတကယ်ပဲတခြားသူရဲ့ကလေးကို မမွေးမြူချင်ဘူး။"
"မယ်မယ်။" သန်းရော့က ခေါ်လိုက်သည်။ "မယ်မယ်က သေချာပေါက် ကိုယ်ပိုင်ကလေး ရှိလာမှာပါ။ ဒါပေမဲ့ အခုလောလောဆယ် အဲ့ဒါက ဘယ်အချိန်မှန်း မသိနိုင်သေးဘူးလေ။ အခု အရှင်မင်းကြီးက မယ်မယ့်အပေါ် နည်းနည်း အေးစက်နေပြီ။ သံယောဇဉ် ရှိနေတုန်းမှာ ရှချိုက်ရန်ရဲ့ ကလေးကို ရင်ခွင်ပိုက်မွေးထားလိုက်ရင် အရှင်မင်းကြီးက မလွဲမသွေ မကြာခဏ လာကြည့်မှာ။ အဲ့ဒီလိုမှ မယ်မယ့်ရဲ့ ကိုယ်ပိုင်ကလေးကို ရရှိနိုင်မယ့် အခွင့်အရေး ရှိမှာပေါ့။"
ယန်ရှိုးရီသည် အစေခံမလေး နှစ်ဦး၏ စကားများကို နားထောင်ရင်း၊ စိတ်ထဲတွင် အလွန် မကောင်းမွန်ဟု ခံစားလိုက်ရသည်။
"ပန်းကုန်းကို ထပ်ပြီး စဉ်းစားခွင့်ပေးပါဦး။"
***