← Chapters

အခန်း (၅၇-၅၈)

Vol. 4 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 4 Ch. 57-58

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-57

အခန်း ၅၇ ။ အလဲအလှယ်အတွက် တန်ကြေး

ဆယ်ရက်ကျော်ခန့် ဆက်တိုက် ကြာမြင့်သွားခဲ့သော်လည်း နင်ချန်သည် မောင်းမဆောင်သို့ သုံးကြိမ်သာ ခြေချခဲ့လေသည်။ တစ်ကြိမ်မှာ လပြည့် (၁၅) ရက်နေ့တွင် မိဖုရားခေါင်ကြီး၏နန်းဆောင်သို့ ဖြစ်ပြီး၊ ကျန်နှစ်ကြိမ်မှာမူ ဝမ်ဖေးထံသို့ သွားရောက် ကြည့်ရှုခြင်း ဖြစ်သည်။

ယွီရှို့အဆောင်ထဲမှ အစေခံများမှာမူ တိတ်တဆိတ် အလွန်စိုးရိမ်နေကြသည်။

သူတို့၏ သခင်မက ဧကရာဇ်အား နှစ်

ကြိမ်တိုင်တိုင် တံခါးပိတ် ငြင်းပယ်ခဲ့သည့်အတွက် ဧကရာဇ် စိတ်ဆိုးသွားမည်ကို စိုးရိမ်နေကြသည်။ သို့သော် ထိုကဲ့သို့ကောက်ချက်ချရန် မခိုင်လုံပေ။ ဒုတိယအကြိမ်တွင် ဧကရာဇ်က မိမိတို့သခင်မအားဆုလာဘ်များစွာ ပေးပို့ခဲ့ပေသည်။ ထိုအချိန်မှစ၍ ရက်ပေါင်းများစွာ ဂရုမစိုက်ဘဲ နေခဲ့ရာ၊ ယခု လကုန်ပိုင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။ အစေခံများကစိုးရိမ်နေကြသော်လည်း သခင်မ စိတ်မကောင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် ယဲ့ယွင်၏ရှေ့တွင် ထုတ်ဖော်ပြောဆိုခြင်း မပြုရဲကြပေ။

ယဲ့ယွင်သည် မိမိအစေခံလေးများ၏ ပူပန်မှုကို မျက်မြင်တွေ့မြင်နေရသဖြင့် စိတ်ထဲတွင် နွေးထွေးသွားသော်လည်း ဖွင့်ဟ မပြောဆိုဘဲ နေ့ရက်များကို ရေတွက်လျက် ရှန်ဖိန်ကျစ်အား သွေးခုန်နှုန်း စမ်းသပ်ရန် ထပ်မံခေါ်ယူလိုက်၏။

ထိုနေ့တွင်ပင် မင်မိန်ရန် နာလန်ထူသွားပြီဖြစ်သော သတင်းသည် နန်းတော်နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

"ခန့်မှန်းရသလောက်ဆို အရှင်မင်းကြီးမကြာခင် အဆောင်ကိုရောက်လာဖို့များတယ်။ ဒီရက်ပိုင်း အားလုံး ပြင်ဆင်ထားကြ။ အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ လက်

ဝတ်ရတနာတွေထဲက အဆင်ပြေတာ ရွေးထုတ်ပြီး ငါ့ကို ဝတ်ပေး။"

ယဲ့ယွင်သည် စိတ်ခံစားချက် ကောင်းမွန်စွာ ပြောလိုက်သည်။

နန်ကျစ်နှင့် ဟွေယွဲ့ နှစ်ဦးသား နာခံစွာထူးလိုက်ကြပြီး၊ စိတ်ထဲတွင် သံသယ ရှိနေသော်လည်း ချက်ချင်းပင် အမိန့်အတိုင်း သူမအား ပြင်ဆင် ဝတ်စားဆင်ယင်ပေးလိုက်ကြ၏။ သို့သော် အလွန်ခမ်းနားထည်ဝါအောင် ပြင်ဆင်ထားခြင်း မဟုတ်ဘဲ ဦးခေါင်းထက်တွင် ဆံထိုးနှစ်ချောင်း၊သုံးချောင်းမျှသာရှိပြီး၊ တစ်ချောင်းမှာ နင်ချန် ချီးမြှင့်ထားသည့်ဆံထိုးဖြစ်သည်။

နေ့လယ်ခင်း အချိန်တွင်ယဲ့ယွင်သည် ခြံဝင်းထဲ၌ နေပူစာ လှုံနေစဉ် ပိုင်ရှုသည် ပြုံးလျက် ပြေးဝင်လာခဲ့၏။

" မိန်ရန်၊ အရှင်မင်းကြီးရဲ့ဝေါယာဉ်ဒီဘက်ကို ကြွလာနေပါပြီ။"

"ငါ သိပြီ၊ ဆင်းသွားတော့။"

ယဲ့ယွင်သည် ပြုံးလိုက်ပြီး၊ ဆံထုံးကို အနည်းငယ် သပ်ရပ်အောင် ပြုလုပ်လိုက်ကာ ထရပ်လိုက်၏။

နင်ချန် ခြံဝင်းထဲသို့ ဝင်ရောက်လာသည့်

အခါ၊ ဤသို့သော မြင်ကွင်းကို တွေ့မြင်လိုက်ရပေသည်။

မိန်းမပျိုလေးသည် တွဲလျောင်းကျနေသော ပန်းပွင့်ဆံထုံးများဖြင့် ထုံးဖွဲ့ထားပြီး၊ မျက်ခုံးများကို ခပ်ဖျော့ဖျော့ဆွဲထားကာ၊ ပတ္တမြားရောင် နှုတ်ခမ်းများကို အနည်းငယ် စေ့ထားလျက်၊ မြူခိုးရောင် ခရမ်းဖျော့ပန်းပွင့်များ ကြဲထားသော ငွေရောင်အနားကွပ် ဝတ်ရုံထူကို ဝတ်ဆင်ထား၏။ လည်ပင်းနေရာတွင် ယုန်မွေးဖြင့် ကွပ်ထားရာ သူမ၏အသားအရေကို ပန်းနုရောင်သန်း၍ ဖြူဖွေးနေစေ၏။ မျက်ဝန်းတစ်စုံသည် သူ့အား စူးစိုက်ကြည့်နေလျက်၊ မထင်မရှား အရောင်များ တောက်ပနေသကဲ့သို့ ရှိပြီး အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှု အနည်းငယ်ကိုလည်း ပါဝင်နေကာ ပယင်းကဲ့သို့ကြည်လင် တောက်ပနေ၏။

နင်ချန်သည် သူမ၏ခေါင်းထက်မှ ဖန်ဆံထိုးမှာ လွန်ခဲ့သော အချိန်က သူချီးမြှင့်ခဲ့သည့်ဆံထိုး ဖြစ်သည်ကို မှတ်မိသွားပြီး၊ စိတ်ထဲတွင် မထိန်းနိုင်ဘဲ အနည်းငယ်နူးညံ့သွားခဲ့၏။ အတွင်းဘက်သို့ ဆက်လက်လျှောက်လှမ်းရန် ပြင်လိုက်စဉ်၊ ယဲ့ယွင်က သူမ၏အောက်နှုတ်ခမ်းကို တစ်ချက် ကိုက်လိုက်ပြီး၊ လှည့်ထွက်ကာ အိမ်ထဲသို့ ခပ်သွက်သွက် ပြေးဝင်သွားပြီး၊ တံခါးကို 'ဖုန်း' ကနဲ မြည်အောင် ပိတ်

ပစ်လိုက်သည်ကို တွေ့လိုက်ရသည်။

နန်ကျစ်နှင့် ဟွေယွဲ့တို့သည် သခင်မဖြစ်သူ၏လုပ်ရပ်ကြောင့်တစ်ချက် တုန်လှုပ်သွားပြီး၊ နောက်မှလိုက်ပါရန် ပြင်လိုက်စဉ် တားဆီးခြင်း ခံလိုက်ရသည်။

" ကျန်း မင်မိန်ရန်ကို ဝင်ကြည့်လိုက်ဦးမယ်။ မင်းတို့အားလုံး အပြင်ဘက်မှာ စောင့်နေကြ။"

နင်ချန်၏မျက်ဝန်းအိမ်များ အနည်းငယ် နက်မှောင်သွားပြီး၊ ခြေလှမ်းများကို မြန်ဆန်လိုက်၏။ တံခါးအရှေ့သို့ရောက်သောအခါ ညင်သာစွာ တွန်းလိုကါရာတံခါးသည် အမှန်ပင် သော့ခတ်မထားဘဲ ပိတ်ထားရုံမျှသာ ဖြစ်၏။ အဆောင်ထဲသို့ ဝင်လိုက်သည်နှင့် အတွင်းခန်းဆောင်ထဲမှ ခပ်တိုးတိုး ရှိုက်သံတစ်ချက်ကို ကြားလိုက်ရပေသည်။

ခန်းဆီးလိုက်ကာကိုမကာ ဝင်ရောက်သွားသောအခါ မိန်းမပျိုလေးသည် ခုတင်ပေါ်တွင် မှောက်လျက်၊ မျက်နှာကို စောင်ထဲတွင် မြှုပ်နှံ၍ ငိုကြွေးနေသည်ကို တွေ့လိုက်ရပေသည်။ ခြေသံကို ကြားသောအခါယဲ့ယွင်သည် ရှိုက်ကြီးတငင်ဖြင့် စကားပြောလာ၏။

"အရှင်မင်းကြီး ဘာဒုက္ခရှာပြီး ကျွန်မကို လာကြည့်နေသေးတာလဲ။ အရှင်မင်းကြီး လာကြည့်လေ တခြားသူတွေက ကျွန်မကို ပိုပြီး ကြံစည်ကြလေပဲ၊ နန်းတော်ထဲ ဝင်လာတာ ခြောက်လတောင် မပြည့်သေးဘူး။ နှစ်ကြိမ်တောင် တော်ဝင်မျိုးဆက်ကို ကြံစည်တယ်လို့ စွပ်စွဲခံနေရပြီ။ အကယ်၍ ကျွန်မသာ အစွမ်းကုန် မချေပနိုင်ခဲ့ရင် အစောကြီးကတည်းက လူတွေရဲ့အရေခွံခွာ၊အရိုးထုတ် စားတာ ခံလိုက်ရလောက်ပြီ။ အရှင်မင်းကြီးက အရင်က ကျွန်မကို ကာကွယ်ပေးခဲ့ပေမဲ့ ကျွန်မရဲ့ ကိုယ်ကျင့်တရားကို မယုံကြည်ဘူးမလား။ အဲ့လိုမှတော့ကျွန်မကို အအေးနန်းဆောင်ထဲ ပို့လိုက်ပြီး ဟို လီမိန်ရန် နဲ့ အဖော်လုပ်ခိုင်းလိုက်ပါတော့။"

သူမသည် ဤသို့ အိန္ဒြေပျက်ယွင်းခြင်းမျိုး မည်သည့်အခါကမျှ မရှိခဲ့ဖူးပေ၊ မိမိကိုယ်

မိမိ 'ဒီချန်းချဲ့' ဟု မသုံးနှုန်းခြင်းကပင်လျှင် စည်းကမ်း ချိုးဖောက်နေခဲ့ပြီ ဖြစ်၏။

"တော်ဝင်မျိုးဆက်နဲ့ ပတ်သက်တဲ့ကိစ္စ၊ ကျန်းက သေချာ မစစ်ဆေးလိုက်နိုင်လို့ မင်း နစ်နာသွားတာပါ။"

နင်ချန်၏စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး၊ အနီးသို့ တိုး၍ ထိုင်လိုက်ကာ၊ ယဲ့ယွင်၏ပခုံးကို ဆွဲကိုင်

လျက် သူမအား လှည့်လာစေလိုက်သည်။

ယဲ့ယွင်သည် အတင်းအကျပ်

ငြင်းဆန်သော်လည်း ယောက်ျားတစ်

ယောက်၏အားအင်ကို မလွန်ဆန်နိုင်ဘဲ အဆုံးတွင်ဆွဲလှည့်ခြင်း ခံလိုက်ရ၏။

မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်နှာငယ်လေးသည် နင်ချန်၏မျက်လုံးထဲသို့ ထင်ဟပ်လာပြီး၊ နဖူးရှေ့မှ ဆံမျှင်လေးများမှာမူ ရှုပ်ယှက်ခတ်နေ၏။

ယခုကဲ့သို့ ယဲ့ယွင်သည် 'သစ်တော်ပန်း မိုးရေစို' (နူးညံ့သိမ်မွေ့သော အလှ) မဟုတ်သော်လည်း၊ ကြည့်ကောင်းနေဆဲ ဖြစ်ပြီး ပို၍ပင် အစစ်အမှန် ဖြစ်သည်ဟု ထင်ရ၏။

"ဒီလောက်ထိ ငိုနေတာ ကျန်းက မင်းကို မလှဘူးလို့ပြောမှာ မကြောက်ဘူးလား။"

နင်ချန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးခပ်တိုးတိုး ချော့မော့လိုက်၏။ ထိုခဏတွင် ရင်ခွင်ထဲမှ ကိုယ်လုပ်တော်ငယ်လေးသည် သူ့အမြင်တွင် ကလေးတစ်ယောက်နှင့် တူနေပေသည်။

ယဲ့ယွင်၏နှာတံလေးမှာ ရှုံ့မဲ့နေပြီး အလွန် နစ်နာသွားဟန်ဖြင့်၊ "အရှင်မင်းကြီးက ဒီချန်းချဲ့ကို မလှဘူးလို့ ထင်နေရင် တခြားကိုယ်လုပ်တော်တွေကို သွားကြည့်လေ သွားဟွန့် သူတို့တွေက အကုန်လှနေကြတာ။”

"တော်ပြီ တော်ပြီ၊ ကျန်းက ဘယ်တုန်းက မင်းကို မလှဘူးလို့ ပြောလို့လဲ။"

နင်ချန်သည် အမှန်တကယ်ပင် လူတစ်ယောက် မချော့ဖူးခဲ့သဖြင့် အလွန် မကျွမ်းကျင် ဖြစ်နေ၏။

"နောင်ကျရင် အအေးနန်းဆောင်ထဲ ပို့တာတို့ ဘာတို့ အဲ့လိုစကားမျိုးတွေ ထပ်မပြောနဲ့တော့။ ကျန်း စိတ်ဆိုးမိတော့မယ်။"

ယဲ့ယွင်သည် ထိုစကားကြားသည်နှင့် ချက်ချင်း နှုတ်ခမ်း ထပ်မံစူထွက်လာပြီး မျက်ရည်များဝဲကာငိုမဲ့မဲ့ဖြစ်လာပြီး နောက်တစ်ကြိမ် ငိုတော့မည် ဖြစ်ရာ နင်

ချန်သည် လန့်ဖြတ်သွားသည့်အပြင် ခေါင်းပင်ကိုက်သွားပြီး အလျင်အမြန် သူစိတ်ဆိုးမည်မဟုတ်တော့ကြောင်း ထပ်မံ ပြောဆိုမှသာလျှင်ကိုယ်လုပ်တော်လေးကို ချော့မော့နိုင်ခဲ့ပေသည်။

"အရှင်မင်းကြီး၊ ဒီချန်းချဲ့ ကျိန်ဆိုပါတယ်။ ရန်ဖြစ်တိုက်ခိုက်မှုတွေ ရှိခဲ့ရင်တောင် ကလေးကိုတော့ လုံးဝ ထိခိုက်မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက ဒီချန်းချဲ့ကို ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ ချန်းချဲ့ သေချာပေါက် ကတိအတိုင်းလုပ်မှာပါ။"

ယဲ့ယွင်သည် တည်ငြိမ်သွားပြီး၊ နင်ချန်၏မျက်လုံးများကို ကြည့်လျက် စကားလုံး တစ်လုံးချင်းစီ ဖွင့်ဟပြောဆိုလိုက်သည်။

နင်ချန်သည် သူမနှင့်ခဏမျှ မျက်လုံးချင်း ဆုံပြီးနောက် သူ့အကြည့်ကို လွှဲလိုက်ပြီး၊ သူမ၏မေးခွန်းကိုလည်း ပြန်လည်ဖြေကြားခြင်း မပြုဘဲ၊

" ကျန်း သိပါတယ်၊ ဒီကိစ္စ နှစ်ခုလုံး မင်းနဲ့ မပတ်သက်ဘူး ဟုတ်ပြီလား။”

ထိုစကားများကို ပြောလိုက်သော်လည်း ယဲ့ယွင်သည် နင်ချန်က သူမကို ချက်ချင်း ယုံကြည်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ရှေးယခင်ကတည်းက ဧကရာဇ်တိုင်းသည် သံသယ ကြီးကြသူများဖြစ်သည်။ သူတို့ နှစ်ယောက်တွေ့ဆုံခဲ့ကြသည်မှာ ခြောက်လမျှသာ ရှိသေး၏၊

သူမ၏ ယနေ့ရည်ရွယ်ချက်မှာ အစောပိုင်း တွေ့ဆုံချိန်က ငိုကြွေးခဲ့သည့်အခန်း ဖြစ်သည်။ သူမသည် နင်ချန်အား သူမ နစ်နာခဲ့ရသည်ဟု အမှန်တကယ် ခံစားစေလိုပြီး လူတစ်ယောက်သည် စိတ်ထဲတွင် အပြစ်ရှိသလို ခံစားချက် ရှိနေသမျှ၊ ပြန်လည်ပေးဆပ်ရန် တွေးတောမိမည် ဖြစ်ပြီး အကယ်၍ ကောင်းမွန်စွာ အသုံးချနိုင်ပါက ၎င်းသည် သူမ၏မျက်နှာသာ လုယူရာတွင် အလဲအလှယ်အတွက် တန်ကြေးဖြစ်လာပေလိမ့်မည်။

နှစ်ဦးသား အခန်းထဲတွင် အမွှေးတိုင် နှစ်

တိုင်ခန့် ကြာအောင် ထိုင်ပြီးနောက်၊ နောက်ဆုံးတွင် အစေခံများအား ဝင်ရောက် အမှုထမ်းရန် ခေါ်လိုက်၏။

ယဲ့ယွင်သည် အသည်းအသန် ငိုကြွေးခဲ့သဖြင့် မျက်နှာသစ်ပြီး အမူအရာ ပြင်ဆင်

ရန် လိုအပ်သည့်အပြင် နင်ချန်မှာလည်းအဝတ်အစားတစ်ထည် လဲလှယ်လိုက်၏။ အခြားကြောင့် မဟုတ်ဘဲ၊ သူ့နဂါးဝတ်ရုံပေါ်တွင် ယဲ့ယွင်၏မျက်ရည်များစွာ စွန်းထင်းသွားပြီး၊ နှာရည် အကွက်ငယ်လေးတစ်ကွက်ပင် ပါဝင်နေသေး၏။

ယွမ်ကျိုသည် အဝတ်အစား လဲလှယ်ရန် ပြုစုပေးရင်း၊ များများစားစား မတွေးဘဲ၊ နဂါးဝတ်ရုံကို လူခေါ်၍ လျှော်ဖွတ်ရန် ပို့ဆောင်လိုက်၏၊ ဤသည်က နောက်ပိုင်းတွင် ကိစ္စအနည်းငယ် ပေါ်ပေါက်လာစေခဲ့မည်ကိုမူ မထင်ထားခဲ့မိပေ။

လောလောဆယ်တွင်ညစာ သုံးဆောင်ရမည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ပြဇာတ်တစ်ပွဲ ကပြခဲ့ရသဖြင့် ယဲ့ယွင်သည် အလွန် ဗိုက်ဆာနေပြီး နာလန်ထချိန်တွင် အသားငါး များများစားစား မစားသုံးနိုင်ခဲ့သည့်အတွက် ယနေ့တွင် ဟင်းကောင်း အများအပြားကို မှာကြားလိုက်၏။

နင်ချန်သည် မပြန်တော့ဘဲ အတူတကွ ယဲ့ယွင်ကို အဖော်ပြုရန် ကျန်ရစ်ခဲ့၏။ စားပွဲပေါ်မှ ဟင်းများကို ကြည့်ရင်း မသိသူများကမူ ဒီမိန်းကလေး ရက်ပေါင်းများစွာ အငတ်နေခဲ့သည်ဟု ထင်မှတ်ကြလောက်ပေမည်။

သို့သော် ယဲ့ယွင်သည် ချုပ်တည်းနိုင်စွမ်း ရှိနေသေးပြီး၊ အသားငါးဟင်းလျာများကို တူဖြင့် အနည်းငယ်သာ ညှပ်ယူခဲ့ပြီး၊ ခုနစ်ပုံ၊ ရှစ်ပုံ လောက်သာ ဗိုက်ပြည့်အောင် စားသုံးခဲ့၏။ ရက်များစွာ အရသာ ပေါ့ပေါ့ပါးပါး စားသုံးခဲ့ပြီးနောက်၊ ရုတ်တရက် အဆီအအိမ့်များ အလွန်အကျွံ စားသုံးလိုက်ပါက သူမအစာအိမ်ကို သေချာပေါက် ဒုက္ခဖြစ်စေမည် ဖြစ်၏။

နင်ချန်မှာမူ ထိုသို့ မဟုတ်ပေ။ ရက်များစွာ 'အသားမစား' (sex) ရသေးသောကြောင့် ယွီရှို့အဆောင် သို့ ရောက်ရှိလာမှတော့ တစ်ကြိမ်တည်းဖြင့် အဝစားသုံးရန် ဆုံးဖြတ်ထား၏။

ညဘက်တွင် သုံးကြိမ်ဆက်တိုက် သန်းခေါင်ယံအထိ လှုပ်ရှားခဲ့ပြီးမှသာလျှင်လူကို လွှတ်ပေးလိုက်၏။

သူသည် မိမိကိုယ်မိမိ ဤကိစ္စအပေါ်တွင် အလွန်ချုပ်တည်းနိုင်စွမ်း ရှိသည်ဟု ယူဆပြီး၊ အခြားနေရာများတွင် သိပ်ပြီး စိတ်ဝင်စားမှု မရှိသော်လည်း၊ ယဲ့ယွင်နှင့်

အတူရှိနေလျှင်မူ ထိုကိစ္စများကို အလွန် နှစ်သက်တွယ်တာမိ၏။

နင်ချန် တဖြည်းဖြည်း သတိပြုမိလာသည်မှာ ယဲ့ယွင်သည် စိတ်ဝင်စားဖွယ် ကောင်းရုံသာမက၊ သူမ၏ကိုယ်ပေါ်မှ နေရာတိုင်းသည် အလွန်ဆွဲဆောင်မှု ရှိပြီး၊ လူကို မထိန်းချုပ်နိုင်ဘဲ စူးစမ်းချင်စိတ် ပေါက်သွားစေသည်။

လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက်၊ နှစ်ဦးသား ပွေ့ဖက်၍ အိပ်စက်လိုက်ကြသည်။ ဆောင်းရာသီတွင် လူနှစ်ယောက် အနွေးဓာတ်ပေး၍ အိပ်စက်ရသည်မှာ အလွန်သက်သောင့်သက်သာ ရှိလှ၏။

သို့သော် အိပ်စက်သည်မှာ တစ်နာရီပင် မပြည့်သေးမီ အပြင်ဘက်မှ ယွမ်ကျိုက အလျင်စလိုလာရောက် နှိုးလေသည်။

"အရှင်မင်းကြီး၊ ချူးရှို့နန်းဆောင်က ဝမ်ဖေးမယ်မယ် မွေးဖွားတော့မှာလို့ သတင်းကြားမိပါတယ်။ သမားတော်ကြီးတွေသွားနှင့်ပါပြီ။"

"ကိုးလတောင် မပြည့်သေးဘူး မဟုတ်

ဘူးလား ဘယ်လိုဖြစ်လို့ မွေးတော့မှာလဲ။"

နင်ချန်သည် ချက်ချင်း ထရပ်လိုက်ပြီး၊ မျက်မှောင်ကြုတ်လိုက်၏။

ယဲ့ယွင်သည်လည်း အိပ်စက်၍ မရတော့ဘဲ လိုက်ပါ ထရပ်ကာ၊ လူခေါ်၍ အဝတ်အစားများပြင်ဆင်ခိုင်းလိုက်သည်။

ယွမ်ကျိုသည် အလျင်အမြန် ရှင်းပြလိုက်သည်။ "ဝမ်ဖေးမယ်မယ်က ညဘက် ခြေသလုံး ကြွက်တက်ပြီး၊ အိပ်မပျော်လို့၊ ခြံဝင်းထဲ ထွက်ပြီး လမ်းလျှောက်တာ မထင်မှတ်ဘဲ ချော်လဲကျသွားပြီး အဲ့ဒီအချိန်မှာပဲ သွေးဆင်းသွားတာပါ။"

နင်ချန်သည် မျက်နှာထား မည်းမှောင်လျက်၊ အလျင်အမြန် ချူးရှို့နန်းဆောင်သို့ ထွက်သွား၏၊ ယဲ့ယွင်သည် ဆံပင်ကို ဆံထုံးတစ်ခုတည်းအဖြစ်သာ လျင်မြန်စွာ ထုံးဖွဲ့လိုက်ပြီး၊ မှန်တင်ခုံပေါ်မှ ဆံထိုးတစ်ချောင်းကိုဖြစ်သလို ဆွဲယူ၍ ထိုးစိုက်လိုက်ကာ လိုက်ပါသွားခဲ့၏။

ထိုအချိန် ချူးရှို့နန်းဆောင်ထဲတွင်၊ အစေခံများ မြေပြင်အပြည့် ဒူးထောက်နေကြ၏၊ ဝမ်ဖေး ချော်လဲကျစေခဲ့သဖြင့် သူတို့အားလုံးတွင် အပြစ်ရှိပေသည်။

အကယ်၍ တော်ဝင်မျိုးဆက် သို့မဟုတ် ဝမ်ဖေးတွင် တစ်စုံတစ်ခု ဖြစ်ခဲ့ပါက လူအတော်များများ သေဆုံးရမည်ကို စိုးရိမ်ရ၏။

နင်ချန်နှင့် ယဲ့ယွင်တို့ ရောက်ရှိလာသည့်အခါ၊ မိဖုရားခေါင်ကြီးသည် ရောက်နှင့်နေပြီ ဖြစ်၏၊ ကိုယ်ဝန်ဆောင်နေသော နှစ်ဦးမှာလာစရာ မလိုဘဲ ရှူးဖေး၊ ကျင်းဖေး၊ ယန်ရှိုးယီ အစရှိသော အဆင့်မြင့်သူများအားလုံး ရှိနေကြ၏။ အောက်ဘက်မှ ကိုယ်လုပ်တော်ငယ်လေးများမှာမူ များများစားစား မလာကြပေ။ အဓိကအားဖြင့် နေထိုင်ရာနေရာ ဝေးကွာသောကြောင့် ဖြစ်သည်။ သို့သော် လက်ရှိတွင် ဘယ်သူမှရာထူးအနိမ့်အမြင့်များကိုအာရုံမစိုက်နိုင်ကြပေ။ အဆောင်ထဲမှ လမစေ့ဘဲ မွေးဖွားနေသော ဝမ်ဖေးသာလျှင် အဓိက ဖြစ်နေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-58

အခန်း ၅၈ ။ ခက်ခဲစွာ မွေးဖွားရခြင်း

နင်ချန်သည် ပင်မဆောင်တွင် နေရာယူ ထိုင်လိုက်ပြီးနောက်မေးလိုက်၏။

"သမားတော်ကြီး ဝမ်ဖေးရဲ့အခြေအနေ ဘယ်လိုလဲ။"

အောက်ဘက်တွင် လူလေးယောက်တန်းစီရပ်လျက်ရှိရာ ဦးဆောင်သူ သမားတော်ကျန်းမှာ ယခုလက်ရှိ တော်ဝင်ဆေးကုသဆောင်၏ အကြီးအကဲ ဖြစ်ပြီး ရှေ့သို့ တိုးလာကာ လျှောက်တင်လေသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါတယ် ဝမ်ဖေး မယ်မယ်ရဲ့ အခုအခြေအနေကစိတ်မချရပါဘူး။ မတော်တဆချော်လဲသွားပေမဲ့ သွေးမဆင်းဘူးဆိုရင် အဆင်ပြေနိုင်ပါသေးတယ် ဒါပေမဲ့အခုက သွေးဆင်းပြီး ကလေးက မွေးမလာနိုင်ဘူးဖြစ်နေတယ် ကျွန်တော်မျိုးတို့ ဝမ်ဖေးမွေးဖွားလွယ်အောင် ဆေးသုံးရတော့မယ် ထင်ပါတယ်။"

ဤအရာသည် ပြောစရာ မလိုအောင်ပင် ခန္ဓာကိုယ်ကို သေချာပေါက် ထိခိုက်စေမည် ဖြစ်သည်။

"တခြား နည်းလမ်း မရှိတော့ဘူးလား။" မိဖုရားခေါင်ကြီးသည် ခက်ခဲသော အမူအရာဖြင့် ဆို၏။

သမားတော်ကြီးကျန်းသည် ခေါင်းခါလိုက်သည်။

" ဝမ်ဖေး မယ်မယ်ကအခုချိန်ထိ သွေးဆင်းတာမရပ်သေးတဲ့အပြင် ရေမြွှာလည်း ပေါက်သွားပါပြီ။ တကယ်လို့ တော်ဝင်မျိုးဆက်ကို အမြန်ဆုံး မမွေးဖွားနိုင်ဘူး ဆိုရင် မိခင်ရော ကလေးပါ နှစ်ဦးလုံး ထိခိုက်မှာကို စိုးရိမ်ရပါတယ်။"

နင်ချန်၏မျက်နှာထားသည် ချက်ချင်းပင်မည်းမှောင်သွား၏။

"ဒီလိုဆိုမှတော့ ဆေးသုံးလိုက်တော့။ မင်းတို့ သူတို့ သားအမိကို မဖြစ်မနေ ကယ်တင်ဖို့ လိုအပ်တယ်။ တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် မင်းတို့ခေါင်းကိုပါ ကျန်းတွေ့စရာမလိုတော့ဘူး။”

သမားတော်ကြီးများသည် ပြန်ဖြေလိုက်ကြပြီး အလျင်အမြန်ပင် ဆေးသွားဖော်စပ်ရန် အောက်ဆင်းသွားကြ၏။ ယခုအချိန်တွင် တစ်ခုတည်းသောအားသာချက်မှာ ဝမ်

ဖေးသည် ငယ်ရွယ်သည့်အပြင်ကျန်းမာရေးအခြေခံ ကောင်းမွန်သဖြင့် အတော်ပင် ခံနိုင်ရည် ရှိနေသေးခြင်းပင်ဖြစ်သည်။

မကြာမီတွင် အတွင်းဘက်မှ ဝမ်ဖေး၏ နာကျင်စွာညည်းညူသံများကို ထပ်မံကြားလိုက်ရပြန်သည်။

ကိုယ်လုပ်တော်များ ကလေးမွေးဖွားသည့်အခါ နာကျင်မှုကြောင့် အော်ဟစ်ဆူညံ၍ ဂုဏ်သိက္ခာ ပျက်ယွင်းမည်ကို သို့မဟုတ် မဟုတ်မဟတ်များ ပြောဆိုမည်ကို ကာကွယ်ရန်အလို့ငှာပါးစပ်ထဲတွင် သစ်သားပျော့ တစ်တုံးကို ကိုက်ခဲထားရသဖြင့် အလွန် ကျယ်လောင်သော အသံကို မပြုလုပ်နိုင်ပေ။ သို့သော် သစ်သားပျော့ကိုက်ထားသည့်တိုင် အပြင်ဘက် ခန်းမဆောင်တွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသဖြင့် အလွန် ရှင်းလင်းစွာ ကြားနေရဆဲ ဖြစ်သည်။

နင်ချန်သည် မျက်လုံးများကို မှိတ်ထားပြီး လက်ထဲမှ လက်စွပ်ကို အဆက်မပြတ် လှည့်ပတ်နေ၏။ အခြားသူများလည်း အသံ မထွက်ရဲကြဘဲ ပတ်ဝန်းကျင်အနေအထားသည် အလွန်ပင် ဖိနှိပ်ချုပ်ချယ်လျက်ရှိ၏။

ချူးရှို့နန်းဆောင်သည် ဖုန်းရှီးနန်းဆောင် ကဲ့သို့ မကျယ်ဝန်းဘဲ ထိုင်ခုံများမှာ အကန့်အသတ် ရှိသဖြင့် မိန်ရန်အဆင့်အောက်မှ သူများအားလုံး မတ်တပ်ရပ်နေကြရသည်။

ယခုအခါ ဆောင်းတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ရာ အခန်းထဲတွင် မီးသွေးအိုးများချထားသော်လည်း နောက်ဘက်ရှိရာထူးနိမ့် ကိုယ်လုပ်တော်များမှာ တံခါးအပေါက်ဝနှင့် နီးကပ်စွာ ရပ်နေရသောကြောင့် ခိုက်ခိုက်တုန်နေကြသည်။

အထူးသဖြင့် လျိုချိုက်နွီပင်။ သူမသည် လက်ရှိအနောက်ဆောင်တွင်ရာထူးအနိမ့်ဆုံးဖြစ်သောကြောင့် အပြင်ဘက်အစွန်းတွင် ရပ်နေရပြီး အဝတ်အစားမှာလည်းအနည်းငယ်ပါးလွှာသဖြင့် အေးစက်လွန်း၍ တုန်ယင်နေပေသည်။

သွေးရေများ တစ်ပန်းကန်ပြီး တစ်ပန်းကန် အတွင်းဆောင်မှ အစေခံလေးများသယ်ထုတ်လာကြသည်။

မွေးဖွားလွယ်စေရန် ဆေးသောက်သုံးပြီးနောက် အာနိသင်ရှိလာပုံရပြီး ဝမ်းဆွဲအထိန်းတော်များက ဝမ်ဖေးအား ညှစ်ရန် ညွှန်ကြားနေသည်ကို ကြားနေရပေသည်။အတွင်းအပြင် ခြားနားထားသော်လည်း သွေးညှီနံ့မှာမူ အတော်ပင် ပျံ့နှံ့ ထွက်ပေါ်လာခဲ့၏။

မိဖုရားခေါင်ကြီးသည် လူလွှတ်၍ အမွှေးနံ့သာ ထွန်းညှိစေပြီး ပြတင်းပေါက်များဖွင့်လိုက်မှသာ အနည်းငယ် သက်သာသွားပေသည်။ ပြတင်းပေါက်များဖွင့်လိုက်ခြင်းကြောင့် မူလကတည်းက အေးစက်နေသော ကိုယ်လုပ်တော်ငယ်လေးများက ပို၍ချမ်းအေးသွားကြသော်လည်းမည်သူမျှ ဂရုမစိုက်ခဲ့ကြပေ။

ကံကောင်းသည်မှာ ဟွေယွဲ့က အသေးစိတ်ကျ၍ အလောတလျင်

ထွက်လာသည့်အခါ ဆောင်းတွင်းတွင်ဝတ်ဆင်သော ဝတ်ရုံရှည်ကို ယူဆောင်လာသောကြောင့် ယဲ့ယွင်သည် အေးစက်ခြင်းကိုမခံစားရပဲ အမှန်တကယ်ပင် နွေးထွေးလှ၏။

"အရှင်မင်းကြီး မကောင်းတော့ဘူး..."

အတွင်းမှ မွေးဖွားပေးနေသော အထိန်းတော်ကြီးသည် လက်ပေါ်မှသွေးများသန့်ရှင်းအောင် မသုတ်သင်ရသေးခင်

ပင် သွေးကွက်များဖြင့် ပြေးထွက်လာပေသည်။

မိဖုရားခေါင်ကြီးက မျက်မှောင်ကြုတ်

လိုက်၍ မေးလိုက်သည်။

"ဘာမကောင်းတာလဲ ဒီလို မင်္ဂလာမရှိတဲ့ စကားကိုတောင် ပြောရဲတယ် တကယ်တမ်း ဘယ်လိုဖြစ်တာလဲ သေချာပြောစမ်း။”

"ပြန်... ပြန်လျှောက်ပါတယ် အရှင်မင်းကြီး မိဖုရားခေါင်ကြီး ဝမ်ဖေးမယ်မယ်ရဲ့ကလေး နေရာမမှန်ပါဘူး ဒီကျွန် စမ်းကြည့်ရသလောက် ခြေ... ခြေထောက်နှစ်ဖက်က အောက်ဘက်ကို စိုက်နေပါတယ်အဲ့တာကြောင့်မို့ သေချာပေါက် ခက်ခက်ခဲခဲမွေးဖွားရဖို့များပါတယ်။”

အဘွားကြီးသည် ကြောက်လန့်တကြား တုန်ယင်နေပြီး လူမှာ ငိုတော့မတတ်ပင် ဖြစ်နေသည်။ မူလက နန်းတော်ထဲ ဝင်

ရောက်၍ မျက်နှာသာရသောဝမ်ဖေးကို ပြုစုခွင့်ရခြင်းမှာ ဆုလာဘ်များရရှိနိုင်မည့် ကိစ္စကောင်းတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း ယခုအချိန်တွင် မိမိအသက်ကိုတောင် မကယ်တင်နိုင်တော့ပေ။

ထိုအချိန်တွင်လက်ဖက်ရည်ခွက်ပစ်ပေါက်သံထွက်ပေါ်လာပြီး လူတိုင်းအား ထိတ်လန့်တကြား ဖြစ်သွားစေသည်။

ပစ်လိုက်သည့် အရှိန်ကြောင့်နင်ချန်၏ အင်္ကျီလက်မှာ စိုစွတ်သွားပြီး ယခင်ကသူ့လက်ဘေးရှိ လက်ဖက်ရည်ခွက်မှာယခုအခါမြေပြင်ပေါ်တွင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" ကျန်း မင်းတို့ရဲ့ ဘယ်လိုဆင်ခြေမျိုးကိုမှ မကြားချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းက သူတို့ သားအမိကို ဘေးကင်းစေချင်တယ်။ မဟုတ်ရင် မင်းတို့အားလုံး အတူတူ သွားပြီး အဖော်လုပ်ကြ။"

အသက် နှစ်ဆယ်ကျော်အရွယ် ငယ်ရွယ်သော ဧကရာဇ်တွင် မည်သို့သော စိတ်ကောင်း ရှိနိုင်မည်နည်း ထို့အပြင် ယခု အတွင်းထဲတွင် လဲလျောင်းနေသူမှာ သူ အတော်လေး နှစ်သက်သောကိုယ်လုပ်တော်ဖြစ်ပြီး မျှော်လင့်နေခဲ့ရသော ကလေးလည်း ဖြစ်၏။

ထို့ကြောင့်အဘွားကြီးသည် လေးဘက်ထောက် ပြေးလွှားကာ မွေးဖွားခန်းသို့ ပြန်ဝင်သွားပြီး အပြင်ဘက်တွင် သမားတော်ကြီးများမှာမူ မည်သည့်ဆေးဝါးဖြင့် မီးတွင်းထဲကသားအမိအားကူညီရမည်ကို ဆွေးနွေးနေကြသည်။

ကံကောင်းသည်မှာမွေးဖွားပေးသော ဝမ်းဆွဲအထိန်းတော်များသည် နည်းလမ်းအချို့ကို တတ်ကျွမ်းကြပြီး နှိပ်နယ်ပေးခြင်းဖြင့် ကလေး၏နေရာကို ပြန်လည် မှန်ကန်စေနိုင်သော်လည်း ယခုကဲ့သို့အလွန် တင်းကျပ် ဖိစီးနေသော အခြေအနေအောက်တွင်အမှားအယွင်းများဖြစ်ပေါ်လာနိုင်ပေသည်။

နောက်တစ်ကြိမ် အသည်းခိုက်အောင်

နာကျင်မှုများကြောင့်ဝမ်ဖေးသည် အံတင်းတင်း ကြိတ်လျက် မိမိကိုယ်မိမိ သတိရှိနေစေရန် အတင်းအကျပ် ပြုလုပ်

နေရပေသည်။ သို့သော် ခန္ဓာကိုယ်၏ အပူချိန်မှာမူ ဖြည်းဖြည်းချင်းစီ ပျောက်

ကွယ်နေပြီး မျက်စိရှေ့ရှိမြင်ကွင်းများဝေဝါးလာကာ ကိုယ်အောက်ပိုင်းမှာလည်း အနည်းငယ် ထုံကျဉ်လာခဲ့သည်။

"မယ်မယ် မယ်မယ် အိပ်လို့ မဖြစ်ဘူးနော် မယ်မယ် မယ်မယ် အားတင်းထားပါ သေချာပေါက် ဘေးကင်းမှာပါ။" ပိုင်လုသည် သူမ၏ လက်ကို ဆုပ်ကိုင်လျက် အသက်ကုန် အော်ဟစ် ငိုကြွေးနေရာ အပြင်ဘက်မှ လူများ ကြားရသည်မှာပင် စိတ်မကောင်း မဖြစ်ဘဲ မနေနိုင်ပေ။

ဝမ်ဖေးသည် အားတင်း၍ သတိပြန်လည် စုစည်းလိုက်ပြီး အားနည်းစွာ ဖွင့်ဟလိုက်

သည်။

"ပိုင်လု မှတ်ထား။ အ….အရှင်မင်းကြီးကိုပန်းကုန်းရဲ့ကလေးကို သေချာပေါက်ကယ်ခိုင်းရမယ်။ တကယ်လို့ပန်းကုန်းသေသွားခဲ့ရင် ပန်းကုန်းရဲ့ဗိုက်ကို ခွဲပြီးတော့ပဲဖြစ်ဖြစ် ကလေးကိုသေချာပေါက် ကယ်တင်ရမယ်။ ပန်းကုန်းရဲ့ကလေးက သေချာပေါက်အသက်ရှင်ရမယ်။ ဒါပန်းကုန်းမင်းကိုပေးတဲ့ အမိန့်ပဲ။ ပန်းကုန်းရဲ့သွေးသား ပန်းကုန်မကယ်တင်နိုင်တော့ရင်…ပိုင်လု မင်း အရှင်မင်းကြီးကိုပြောပြီးသေချာပေါက် ကယ်တင်ရမယ်။”

ဤစကားများကို ဆိုပြီးနောက် ဝမ်ဖေး သည် ထပ်မံ၍ မထိန်းထားနိုင်တော့ဘဲ သတိလစ်သွားခဲ့သည်။

ပိုင်ရွှမ်သည် မျက်ရည်များကို သုတ်ရင်း သမားတော်ကြီးကိုခေါ်ရန် ပြေးထွက်လာပြီးအလျင်အမြန်ပင်ဒူးထောက်ကာ လျှောက်တင်ခဲ့သည်။

"အရှင်မင်းကြီး မယ်မယ်က ပြောတယ် သေချာပေါက် ကလေးကို ကာကွယ်ရမယ်တဲ့ တကယ်လို့ မယ်မယ်သာ မရှိတော့ရင် ဗိုက်ကို ခွဲဖွင့်ပြီးတော့ပဲဖြစ်ဖြစ် ကလေးကို အသက်ရှင်အောင် ကယ်တင်ရမယ်တဲ့။"

"ဒါက ဘာစကားတွေ ပြောနေတာလဲ။"

နင်ချန်သည် ဒေါသတကြီး ပြောလိုက်

သည်။ "မင်းအထဲဝင်ပြီး မင်းသခင်မကို စောင့်နေ သူ့ကို ပြောပြလိုက် ကျန်းက သူ့ကို အသက်ရှင်စေချင်တယ်လို့။"

"သမားတော်ကြီး ဝမ်ဖေး သတိလစ်သွားပြီ မင်းတို့ အခုထိ ကျန်းအတွက် နည်းလမ်း မစဉ်းစားနိုင်သေးဘူးလား။"

လက်ရှိအချိန်တွင် နင်ချန်၏မျက်ဝန်းအိမ်များမှာ ကြောက်စရာကောင်းလောက်အောင် အေးစက်နေခဲ့သည်။

သမားတော်ကြီးကျန်းသည်လည်း အန္တရာယ်ကင်းသည့်နည်းလမ်းကို မစဉ်းစားနိုင်သောကြောင့် အလျင်လိုစွာအရေးပေါ်ဖြေရှင်းနည်းကိုလျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး ဂျင်ဆင်း….ဂျင်ဆင်းက အသက်ကို ကာကွယ်နိုင်ပါတယ် ဒါပေမဲ့ ဝမ်ဖေးမယ်မယ်ရဲ့အခြေအနေက အရမ်းအန္တရာယ်များနေတော့ နှစ်တစ်ရာ ဂျင်ဆင်း

က အသုံးမဝင်မှာကို စိုးရွံ့မိပါတယ်၊အနည်းဆုံး နှစ်ရာ့ငါးဆယ်အထက်

သက်တမ်းရှိတဲ့ဂျင်ဆင်းကိုလိုအပ်ပါတယ် ဒါပေမဲ့တစ်ရာသက်တမ်းတောင်

အနည်းငယ်ပဲတွေ့ရတာမို့ နှစ်ရာကျော်ဆို ရှားပါးလွန်းလို့လောလောဆယ်တော်ဝင်သမားတော်ဌာနမှာလည်း မရှိပါဘူး။”

ယဲ့ယွင်သည် ရုတ်တရက် ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး ဒီချန်းချဲ့ နန်းတော်ထဲ ဝင်လာတုန်းက ပစ္စည်း အတော်များများ ယူဆောင်လာခဲ့ပါတယ်။ အဲ့ထဲဂျင်ဆင်းတစ်ပင်ပါလာပါတယ်။ အဲ့ဂျင်းဆင်းကနှစ်ပေါင်းနှစ်ရာရှိပြီလို့အဖိုးကပြောဖူးတယ် တကယ်လို့အသုံးဝင်နိုင်မယ်ဆိုရင် ချန်းချဲ့ အခုပဲ လူလွှတ်ပြီး ယူခိုင်းလိုက်ပါ့မယ် ဝမ်ဖေးမယ်မယ်ရဲ့အရေးပေါ် အခြေအနေကို ဖြေရှင်းနိုင်တာပေါ့။"

လူတိုင်း လှမ်းကြည့်လိုက်ကြပြီး အနည်းငယ် အံ့အားသင့်သွားကြသည်။ ဤသို့ရှားပါးလွန်းသည့်ပစ္စည်းကောင်းမျိုးကို ဘယ်လိုအတွေးနဲ့များစွန့်လွှတ်နိုင်ရတာလဲ။ အမှန်စစ်စစ်တွင်ဧကရာဇ်၏ ရှေ့မှောက်တွင် မျက်နှာသာ ရရှိရန်အလို့ငှာ အရင်းအနှီး အကြီးအကျယ် မြှုပ်နှံလိုက်ခြင်းလား?

နင်ချန်သည် လှမ်းကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားကာ လေးလံသော အသံဖြင့် ဖွင့်ဟလိုက်သည်။

"သမားတော်ကြီးကျန်း မင်း မင်မိန်ရန်နဲ့အတူ လိုက်သွားပြီးဂျင်းဆင်းကို ယူခဲ့ချည်။ လုံလောက်ရုံပဲ ဖြတ်ယူခဲ့ နှစ်နှစ်ရာသက်တမ်းရှိတဲ့ ဂျင်းဆင်းကရှားပါးလွန်းတယ်။ အကုန်လုံး ဖြုန်းတီးပစ်လို့ မဖြစ်နိုင်ဘူး။”

သမားတော်ကြီးကျန်းသည် မျှော်လင့်မထားဘဲ ဝမ်းသာသွားပြီး အလျင်အမြန်ပင် နန်ကျစ်၏ နောက်သို့ လိုက်ပါသွား၏။

ယဲ့ယွင်သည် မျက်လွှာချထားပြီး အခြားသူများ၏ သံသယဝင်နေသောအကြည့်များအပေါ် ဂရုမစိုက်ခဲ့ပေ။ အဆင့်မြင့် ပညာရေးကိုသင်ယူခဲ့ပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ဖြတ်သန်းခဲ့ဖူးသူတစ်ဦးအနေဖြင့် သူမသည် ယခုအခါမိမိရှေ့တွေဖြစ်နေသည့် အသက်ရှင်ခြင်းသေခြင်းတွင် ရုန်းကန်းနေရသည့်မြင်ကွင်းကို လုံးဝ လျစ်လျူရှုထားရန် အမှန်တကယ် မစွမ်းဆောင်နိုင်ပေ။ ထို့အပြင် ဝမ်ဖေးသည်လည်း သူမနှင့် မည်သည့်အခါကမျှရန်ငြိုး မရှိခဲ့ပေ။ ထိုအပြစ်ကင်းစင်သော ကလေးကိုကယ်တင်ခြင်းသည် သူမ၏ဂရုဏာဖြစ်ပေသည်။အများအမြင်တွေတော့ မိမိသည်နင်ချန်၏ ရှေ့မှောက်တွင်အမှတ်ကောင်း ရယူလိုက်ခြင်းဟု အဓိပ္ပာယ်ကောက်ကြမည်မှာ မလွဲမသွေပင်။ ရှိပါစေတော့ တကယ်လဲသူမ အမှတ်ကောင်းရခဲ့ပေသည်။

သမားတော်ကြီးကျန်းသည် ဂျင်ဆင်းကို ယူဆောင်၍ ပြန်လာခဲ့ရာ အမှန်ပင် နှစ်

နှစ်ရာခန့်ရှိသော ဂျင်ဆင်းဖြစ်ကြောင်းတွေ့ခဲ့ရသည်။ စိတ်ထဲတွင် ယဲ့ယွင်ကိုချီးကျူးလိုက်မိသည်။ မင်မိန်ရန်၏ မိခင်ဘက်မှ အဘိုး ချူမိသားစုသည် နှစ်တစ်ရာ ကုန်သည်မျိုးရိုး မိသားစု ဖြစ်သည်ဟု အစောကြီးကတည်းက ကြားဖူးခဲ့သော်လည်းဤသို့သောပစ္စည်းကောင်းမျိုး ပိုင်ဆိုင်နိုင်ခြင်းကို ကြည့်ခြင်းဖြင့် မင်မိန်ရန်၏နောက်ခံအင်အားမှာ သေးငယ်မည် မဟုတ်ကြောင်း မြင်နိုင်ပေသည်။

ပါးလွှာသော အချပ်တစ်ချပ်ကို ဖြတ်

တောက်၍ ဝမ်ဖေးအား ငုံထားစေပြီး အခြားသော ဆေးအချို့ကိုလည်း ထပ်မံ တိုက်ကျွေးလိုက်ရာ နောက်ဆုံးတွင် လူကို သတိပြန်လည် ရရှိလာစေပြီး ဆက်လက် မွေးဖွားခြင်းကိုလုပ်ဆောင်နိုင်ခဲ့ပေသည်။

သို့သော် ယခင်အတိုင်းပင် ခက်ခဲလျက် ကလေး နေရာမမှန်သည့်အပြင် 'ချီ' (စွမ်းအင်) နှင့် သွေးအားနည်းနေသဖြင့် သန်းခေါင်ယံမှစ၍ မိုးလင်း မိုးသောက်

အထိ မွေးဖွားနိုင်ခြင်း မရှိသေးဘဲ ထိုအချိန်အတောအတွင်းလူမှာ ကြိမ်ဖန်များစွာ သတိလစ်သွားခဲ့ပြီး ယဲ့ယွင်၏ဂျင်ဆင်းအိုကြီးဖြင့်သာ အသက်ကို ဆွဲဆန့်ထားခဲ့ရသည်။

"အရှင်မင်းကြီး နံနက်ခင်း စည်းဝေးပွဲ တက်ရဦးမှာမို့ အနားယူသင့်ပါပြီ။ ဒီနေရာကို ချန်းချဲ့ကိုပဲ စောင့်ကြည့်ဖို့ ထားခဲ့လိုက်ပါတော့ သတင်း တစ်ခုခုရတာနဲ့ ချက်ချင်း လူလွှတ်ပြီး လျှောက်တင်ခိုင်းလိုက်ပါ့မယ်။" မိဖုရားခေါင်ကြီးက ဖျောင်းဖျလိုက်၏။

အမှန်တကယ်တွင် သူမသည်လည်း အိပ်ငိုက်၍ သေမတတ်ပင် ဖြစ်နေသော်လည်း ဟန်ဆောင် ပြုမူခြင်း မပြုဘဲ မနေနိုင်ပေ။

နင်ချန်သည် နောက်ဆုံးတွင် တိုင်းပြည်ရေးရာများကို လက်လွှတ်၍ မဖြစ်သဖြင့် ခေါင်းညိတ် သဘောတူလိုက်၏။ လူတိုင်းအား ပြန်လည် အနားယူစေပြီး ယွမ်ကျိုကို ချူးရှို့နန်းဆောင် တွင် စောင့်ဆိုင်း ကျန်ရစ်စေခဲ့၏။ မိဖုရားခေါင်ကြီးသည်လည်း တင်းမားမားနှင့် စုချင်တို့အားလုံးကို ဝမ်ဖေးအားစောင့်ကြည့်ရန်ချန်ထားခဲ့ပေသည်။

လူတိုင်း သတိမထားမိသည်မှာ ဝမ်ဖေး ဤမျှ ပြင်းထန်စွာ ဖြစ်ပွားနေသော်လည်း မယ်တော်ကြီးမှာမူ လူတစ်ယောက်ကိုပင် လွှတ်၍ မေးမြန်းခြင်း မရှိခဲ့ပေ။ 'ထိုက်ကွေ့ဖေး' နှင့် တရားကျင့်ကြံရာ အဆောင်တွင်နေထိုင်သော 'သယ်ထိုက်ဖေး' တို့ပင်လျှင် လူလွှတ်၍ လာရောက်ခဲ့မေးမြန်းခဲ့ကြပေသည်။

သို့သော် ယခုအချိန်တွင် မည်သူမဆို အိပ်ငိုက်၍ သေမတတ် ဖြစ်နေကြသောကြောင့် ထိုကဲ့သို့အသေးစိတ်

လိုက်တွေးတောရန် စိတ်မရှိခဲ့ပေ။ နင်ချန်ထွက်ခွါသွားသည်နှင့် အားလုံး အလျင်အမြန်ပင် မိမိတို့၏ နေထိုင်ရာသို့ ပြန်လည် အနားယူရန် ထွက်ခွာသွားကြပေသည်။

***

All Chapters