← Chapters

အခန်း (၅၉-၆၀)

Vol. 4 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 4 Ch. 59-60

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-59

အခန်း ၅၉ ။ ပထမမင်းသား

ယဲ့ယွင်သည်နေ့လယ်ခင်းအထိ အိပ်စက်နေခဲ့ပြီး မနိုးသေးသောကြောင့်အစေခံမလေးများ ဝင်ရောက်နှိုးမှသာ ထလာခဲ့ပေသည်။

"မိန်ရန် ချူးရှို့နန်းဆောင်ဘက်က သတင်း ရပါပြီ။ ဝမ်ဖေးမယ်မယ်က ပထမမင်းသားလေးကို မွေးဖွားလိုက်ပါပြီ သားအမိ နှစ်ဦးလုံး ဘေးကင်းပါတယ်" ဟွေယွဲ့က ဆို၏။

ယဲ့ယွင်သည်ပြုံး၍ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှတွေးမိလိုက်သည်မှာ မိမိ၏ဂျင်

ဆင်းကို အလဟဿမဖြုန်းတီးလိုက်ရသဖြင့် စိတ်သက်သာရာရခဲ့သည်။ ဝမ်ဖေးမွေးဖွားနိုင်ရန် နှစ်နှစ်ရာဂျင်းဆင်းသုံးပုံတစ်ပုံမျှ ဖြတ်တောက် ပေးလိုက်ရသော်လည်း အကျိုးရှိခဲ့သည့်အတွက် တိတ်တဆိတ်ဝမ်းသာမိခဲ့သည်။

"မြန်မြန် ငါ့ကို အဝတ်အစား လဲလှယ်ပေးတော့။ ခန့်မှန်းရသလောက်အခုချိန်အားလုံး ချူးရှို့နန်းဆောင်ကို ဂုဏ်ပြုဖို့ သွားကြလောက်ပြီ။

ဝမ်ဖေးသည်ကိုယ်ဝန်ကိုတစ်ရက်နှင့်တစ်ညနီးပါးကြာအောင်မွေးဖွားခဲ့ရသောကြောင့် ခန္ဓာကိုယ် အလွန်အမင်း ချည့်နဲ့သွားမည်ကို စိုးရိမ်ရပေသည်။

......

ချူးရှို့နန်းဆောင်တွင် လူတိုင်း နီးပါး ရောက်ရှိနေကြပြီ ဖြစ်ပေသည်။

နင်ချန်သည်ကလေးကို ကြည့်ရှု၍ မျက်ဝန်းအိမ်များမှာ နူးညံ့နေသော်လည်း အလွန်အမင်း အံ့ဩဝမ်းသာဟန်ကိုမူ မပြသခဲ့ပေ။

ကလေးသည် လမစေ့ဘဲ မွေးဖွားခဲ့သည့်အပြင် ဝမ်းထဲတွင်အချိန်တစ်ရက်ကြာအောင် ပိတ်မိနေခဲ့သောကြောင့်အသက်ရှူရပ်၍ သေဆုံးမတတ်ပင် ဖြစ်ခဲ့ပေသည်။ယခုကြည့်ရသည်မှာ ကိုယ်ပေါ်တွင် အနည်းငယ် ပြာနှမ်းနေဆဲဖြစ်ပြီး အလွန် ပိန်လှီသေးငယ်လှသဖြင့် အမှန်တကယ်

ကြည့်မကောင်းလှပေ။ လမစေ့ပဲမွေးဖွားခဲ့သည့်အတွက်မွေးမြူရန်ပင် မလွယ်ကူနိုင်သည်မှာ အမှန်တရားဖြစ်သည်။

ဝမ်ဖေး ချော်လဲကျသည့်ကိစ္စကို သဘာဝအတိုင်းဆက်လက်စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်သည်

အမှန်တကယ်ပင် ပယောဂကင်းကာသန့်ရှင်းရေးလုပ်သော မိန်းမစိုးက အလုပ်လုပ်ရာတွင် ပျင်းရိသဖြင့် မြေပြင်ပေါ်မှ ကျောက်စရစ်ခဲငယ်များကို မရှင်းလင်းမိသောကြောင့် ဤသို့သော မတော်တဆမှုကို ဖြစ်ပွါးစေခဲ့ခြင်းဖြစ်ပေသည်။

မေးမြန်းစရာ မလိုဘဲ ထိုမိန်းမစိုးမှာ နံနက်စောစောကတည်းက ဆွဲထုတ်၍ တုတ်ဖြင့် ရိုက်သတ်ခြင်း ခံလိုက်ရပြီး အနီးကပ် အမှုထမ်းသော နန်းတွင်းသူကြီးမှာမူ ဝမ်ဖေး၏တောင်းပန်ပေးမှုကြောင့် လစဉ် လစာငွေ ခြောက်လ ဖြတ်တောက်ခြင်း အပြစ်ကိုသာ ရရှိခဲ့၏။

မည်သို့ပင်ဖြစ်စေ ပထမမင်းသားကို မွေးဖွားထားပြီး နှစ်ကုန်ပိုင်းလည်း ဖြစ်နေသဖြင့်သတ်ဖြတ်မှုများ ပြုလုပ်ရန် မကောင်းမွန်ပေ။

" ဝမ်ဖေးက ကံကောင်းတယ် ကိုးသေတစ်သက်မွေးဖွားပြီး ပထမမင်းသားကို ဖွားမြင်ခဲ့တယ် အရှင်မင်းကြီး သူ့ကို ဆုချီးမြှင့်သင့်ပါတယ်။" မိဖုရားခေါင်ကြီးသည် ပြုံးလျက် ဆိုလိုက်၏။

ထိုစကားကို သူမ သေချာပေါက် မပြောချင်ပေ။ သို့သော် ဝမ်ဖေးက ကလေး မွေးဖွားခဲ့ပြီ ဖြစ်ရာ သေချာပေါက် ရာထူးတက်မည် ဖြစ်သည့်အတွက် မိမိဘာသာ ဖွင့်ဟပြောဆိုလိုက်ခြင်းသည် ဧကရာဇ်ကသူမအပေါ်အမြင်ကောင်း ရှိသွားစေရန်ဖြစ်ပေသည်။

ထို့အပြင် ရှူးဖေးသည် ယနေ့ ဝမ်ဖေး ပထမမင်းသားကို ဘေးကင်းစွာမွေးဖွားလိုက်

သည်ဟု ကြားသိပြီးနောက်ဖြစ်သွားသည့်အမူအရာမှာ... မိဖုရားခေါင်ကြီးအား ကြည့်ရင်း ကျေနပ်သွားစေ၏။

မည်သို့ပင်ဖြစ်စေ ဝမ်ဖေးက တက်လာမည် ဖြစ်ရာ သူမကိုယ်တိုင်ပင်မြှောက်စားပေးလိုက်ပြီး ဝမ်ဖေးအား ရှူးဖေး၏ခေါင်းပေါ်သို့ တင်ပေး၍ဖိနှိပ်စေခြင်းမှာ အကောင်းဆုံး ဖြစ်ပေသည်။

နင်ချန်သည် ခေတ္တမျှ စဉ်းစားပြီး စကားပြောလိုက်သည်။

"ဝမ်ဖေးကို ပထမအဆင့် သယ့်ဖေး အဖြစ် တိုးမြှင့်လိုက်မယ်။ ဘွဲ့အမည် မပြောင်းလဲဘူး နောင်ကျရင်လည်း ဝမ်သယ့်ဖေးလိုပဲခေါ်ကြတာပေါ့။"

ဧကရာဇ်၏ သားဦးကို မွေးဖွားခဲ့ပြီး မျက်နှာသာပေးမှုလည်း ရရှိထားလျက် ပထမအဆင့် “ဖေး” လေးပါးထဲမှ အနိမ့်ဆုံး သယ့်ဖေးမျှသာ ဖြစ်သဖြင့် မိဖုရားခေါင်ကြီးသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း သက်ပြင်း ချလိုက်ပေသည်။

ဝမ်ဖေးမှာ လက်ရှိအနောက်ဆောင်

တွင်ကြောက်စရာမလိုသည့်တစ်ဦးတည်းသော ကိုယ်လုပ်တော်ဖြစ်ပေသည်။

မျိုရိုးနှင့်ရာထူးမှာလည်း သူမကို အစားထိုးနိုင်သူ မရှိပေ။ သို့သော် 'ဧကရာဇ်၏ သားဦး' ဟူသော အမည်နာမမှာ အလွန်အရေးကြီးလှသဖြင့် ဝမ်ဖေးအနေနှင့် သယ့်ဖေး အဆင့်ကိုသာ တိုးမြှင့်ခံရခြင်းသည် ဖိနှိပ်ခြင်းဟုလည်း သတ်မှတ်နိုင်၏။

မိဖုရားခေါင်ကြီးသည် စိတ်ထဲမှတိတ်တဆိတ် တွေးတောမိသည်မှာ

ထိုကလေး သေဆုံးသွားမှသာ ဝမ်ဖေးအားရှင်းလင်းရန်ပို၍ လွယ်ကူပေမည်။ ထိုကလေးမှာလည်းကြည့်ရသည်မှာ ကြာကြာအသက်မရှည်နိုင်လောက်ပေ။

ရှူးဖေးမှာမူ သက်ပြင်းတစ်ချက် ချလိုက်

မိသည်။ မည်သို့ပင်ဖြစ်စေ သူမသည် မိဖုရားခေါင်ကြီးပြီးလျှင်အမြင့်ဆုံးရာထူး ဖြစ်နေေသေးသောကြောင့်ဖြစ်သည်။

နောင်တွင် အကယ်၍ တစ်စုံတစ်ယောက်က ပထမအဆင့် 'ဖေး' နေရာသို့ တက်လှမ်းလာပါက ထိုတစ်စုံတစ်ယောက်ကသူတို့ကို တိုက်ရိုက် ကျော်တက်သွားမည်ကို တွေးမိသောအခါ နောက်တစ်ကြိမ် မကျေမနပ် ဖြစ်သွားပြန်၏။

လက်ရှိရာထူးတိုးမြှင့်မှုအပေါ် နင်ချန်တွင်လည်း သဘာဝအတိုင်း မိမိ၏ ကိုယ်ပိုင် အတွေးအမြင်များ ရှိပေသည်။ ပထမဦးစွာ ဝမ်ဖေး ၏မျိုးရိုးနောက်ခံမှာမမြင့်မားပေ။ ရှူးဖေး 'ယန်ရှီ' ၏ ဖခင်မှာ ရှင်းယန်ဟိုဘွဲ့ ရှိပြီးရာထူးမှာ ဒုတိယအဆင့် ယွီကျိုးစစ်

ဒေသမှူး ဖြစ်၏။ မိဖုရားခေါင်ကြီး၏ ဖခင်မှာလည်း ဒုတိယအဆင့် အလုပ်သမားရေးရာဌာန၏ အမတ်ကြီးဖြစ်သည်။

ရှူးဖေး သည်လည်း ဧကရာဇ်၏ သမီးဦးကို မွေးဖွားထားသဖြင့် ဝမ်ဖေးထပ်နိမ့်ကျစွာ ဆက်ဆံခံရလျှင် မကောင်းမွန်ပေ။

ထို့အပြင် မိဖုရားခေါင်ကြီးသည်တရားဝင်သားတော်ကို မမွေးဖွားရသေးသည့်အတွက် ဧကရာဇ်၏ သားဦးကို မွေးဖွားသောဝမ်ဖေးကို အလွန်အမင်းမြှောက်စားလိုက်ပါက လူများအား မဖြစ်သင့်သော စိတ်များ ဝင်ရောက်လာစေမည်ကို စိုးရိမ်ရပြီး နန်းတွင်းစည်းမျဉ်းစည်းကမ်းများနှင့်ခည်း ချော်ထွက်နေခဲ့သည်။ ထို့ကြောင့် ဝမ်ဖေး သည် ယခုအချိန်တွင် သယ့်ဖေး သာ ဖြစ်နိုင်ပေသည်။

"အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလှပါတယ်။ ဝမ်သယ့်ဖေးက အရှင်မင်းကြီးကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပြီး တော်ဝင်

မိသားစုအတွက် သားတော်တစ်ယောက်က်ုလည်း ခက်ခက်ခဲခဲမွေးဖွားပေးခဲ့တယ်။တကယ်ပဲ ရာထူးကဝမ်ဖေးနဲ့ထိုက်တန်ပါတယ်။ ဒါပေမဲ့ဘွဲ့အပ်နှင်းပွဲကို နှစ်သစ်ကူးပြီးမှ စုပေါင်းပြီးတစ်ခါတည်း ကျင်းပလိုက်ရင် ပိုကောင်းမလား။" မိဖုရားခေါင်ကြီးသည် ပြုံးလျက် ဆို၏။

နင်ချန်က ခေါင်းညိတ်လိုက်သည်။

"ဒီကိစ္စတွေအကုန် မိဖုရားခေါင်ကြီးပဲ စီစဉ်လိုက်ပါတော့။ မင်းတို့အားလုံးလည်းလူစုခွဲကြတော့။ ဒီနှစ်ရက်လုံးပင်ပန်းနေကြပြီ ကောင်းကောင်း အနားယူပြီးကျန်းမာရေး ဂရုစိုက်ကြ။"

လူတိုင်းသည် ဧကရာဇ်၏ ဂရုစိုက်မှုအတွက် ကျေးဇူးတင်စကား ဆိုပြီးမှ အသီးသီး ထွက်ခွာသွားကြ၏။

နန်ချီတိုင်းပြည်တွင်မောင်းမဆောင် ကိုယ်လုပ်တော်များကို ဘွဲ့တိုးမြှင့်ရာတွင် ဓလေ့ထုံးတမ်းများ ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် စီစဉ်ကျင်းပရသည်မှာ အချိန်ကုန်သဖြင့် တစ်နှစ်လျှင် နှစ်ကြိမ် သုံးလပိုင်းတွင် တစ်ကြိမ် ခြောက်လပိုင်းတွင် တစ်ကြိမ် ကျင်းပရပြီး ယဲ့ယွင်နှင့်အစရှိသူတို့သည် ရာထူးတိုးမြှင့်ပြီး ဖြစ်သော်လည်း တရားဝင် ဘိုးဘွားခန်းမဆောင်တွင်သွားရောက် ဂါရဝပြုရခြင်း မရှိသေးသဖြင့် လာမည့်နှစ်တွင်အခမ်းအနားတစ်ရပ်ကို ထပ်မံ ပြုလုပ်ရဦးမည် ဖြစ်သည်။

......

ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင်သည် ချက်ချင်း အဝတ်အစားများကို ချွတ်ပစ်ကာ စောင်ထဲသို့ ပြန်လည် လူးလိမ့်ဝင်သွားခဲ့သည်။

ယဲ့ယွင်သည် အစောကတည်းကပင်

အမှန်ပင်အိပ်ငိုက်လှပြီဖြစ်သည်။ ထို့အပြင် ယခုနှစ်ဆောင်းတွင်းဝင်သည်မှာ စောသဖြင့် နေရာတိုင်းတွင် ခိုက်ခိုက်တုန်နေကြသည်။

သူမနေထိုင်ရာမှာ ပင်မအဆောင်များနှင့် နီးကပ်သဖြင့် သွားလာရေးလွယ်ကူပေသည်။ သို့သော်နေထိုင်ရာဝေးကွာသူများဖြစ်ကြသော ကျန်းပေါင်လင် နှင့် လျိုချိုက်နွီတို့မှာမူ ခြေလျှင်လျောက်ရသဖြင့် ခက်ခဲလှပေသည်။

ကျိုးပေါင်လင်သည် မိဖုရားခေါင်ကြီးထံသို့ နေရာပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့သဖြင့် လျိုချိုက်နွီ နှင့် လဲလှယ်လိုက်သည်။

ယခု ကျိုးပေါင်လင်သည် "ဖူယွင်ခန်းမ" ၏ အနောက်ဘက်ခြမ်း နန်းဆောင်တွင် နေထိုင်ပြီး လီဝမ်ရုန် နှင့် အိမ်နီးချင်းများ ဖြစ်သွားကြသည် ကျန်းပေါင်လင် မှာမူ လျိုချိုက်နွီ နှင့် အတူတူ ဖြစ်သွား၏။

မနေ့ညက လျိုချိုက်နွီ သည် အအေးဒဏ်ကို ပြင်းထန်စွာ ခံလိုက်ရပြီး ယနေ့ ထလာသောအခါ နှာရည်များ အဆက်မပြတ် ကျဆင်းနေပြီး အနည်းငယ် ဖျားချင်သလိုလည်း ဖြစ်နေသဖြင့်စတသ်ညည်းညူလေသည်။

"ကိုယ်ဝန်မီးဖွားရင် 'ခုနစ်လသား ရှင် ရှစ်

လသား မရှင်' လို့ ပြောကြတယ်မလားဝမ်သယ့်ဖေးရဲ့ဗိုက်က ရှစ်လထဲမှာ မဟုတ်လား တကယ်ပဲ..."

လျိုချိုက်နွီ၏စကားမဆုံးမီမှာပင် ကျန်းပေါင်လင်ထံမှ ပါးတစ်ချက် အရိုက်ခံလိုက်ရပြီး မျက်နှာအပြည့် မယုံနိုင်သော အမူအရာဖြင့်

ဎကျန်းပေါင်လင် နင် ငါ့ကို ရိုက်တယ်။"

"ငါ နင့်ကို ရိုက်တော့ ဘာဖြစ်လဲ ငါက 'ပေါင်လင်' (အဆင့် ၈) နင်က 'ချိုက်နွီ' (အဆင့် ၉) အရင်ကတည်းက နင့်ထက် မြင့်တယ်။ ပြီးတော့နင်က နောက်ကွယ်မှာအတင့်ရဲပြီးဘဖေးအဆင့်ကိုတောင်

ဝေဖန်ပြောဆိုရဲတဲ့အပြင် ပထမမင်းသားကို ပါကျိန်ဆဲနေသေးတယ်။"

ကျန်းပေါင်လင်သည် လျိုချိုက်နွီကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး စိတ်ထဲတွင် အလွန်စိတ်ညစ်သွားခဲ့သည်။

လျိုချိုက်နွှီကဲ့သို့ ငတုံးတစ်ယောက်မှာ မိမိနှင့်အတူ လာရောက်နေထိုင်ခြင်းသည် ဂြိုလ်ဆိုးပင်ဖြစ်သည်။ စကားဆုံးသည်နှင့် ခေါင်းပင် လှည့်မကြည့်ဘဲ အရင် ထွက်ခွါသွားခဲ့သည်။

နောက်ဘက်မှ လျိုချိုက်နွီသည် ဒေါသထွက်လွန်း၍ ကျန်းပေါင်လင်၏ကျောပြင်ဘက်သို့ တံတွေးတစ်ချက် ထွေးလိုက်သည်။

“ဖွီး ဘာကောင်မမို့လို့လဲ မယားငယ်က မွေးတဲ့ မိန်းမပဲဟာ။ 'ပေါင်လင်' (အဆင့် ၈) လေး ဖြစ်တာနဲ့ ဟန်တွေ ပြနေတယ် ရှူးဖေး ကို ကပ်ဖားနိုင်တာနဲ့ အမြီးကကောင်းကင်ပေါ် ရောက်သွားပြီ။"

လျိုချိုက်နွီ ၏ မိသားစုမှာ အဆင့်ခြောက် အရာရှိငယ်တစ်ဦးသာဖြစ်သော်လည်း သူမသည် တရားဝင်ဇနီးမှ မွေးဖွားသော တစ်ဦးတည်းသောသမီး ဖြစ်သဖြင့် ငယ်စဉ်

ကတည်းက အလိုလိုက်အချစ်ခံထားရကာ ကြီးပြင်းလာသောကြောင့် စိတ်ဓာတ်မှာ မောက်မာပြီး ထင်ရာစိုင်းကာ မိမိကိုယ်မိမိလည်း အထင်ကြီးလှပေသည်။ ဤသို့သော အနိုင်ကျင့်မှုကို မခံနိုင်သည့်အတွက် စိတ်ထဲတွင် မည်သို့ပြန်လည် လက်စားချေရမည်ကိုသာ တွေးတောနေခဲ့သည်။

......

လက်ရှိတွင်ဖန်းချိုက်ရန်သည် နေထိုင်ရာသို့ ပြန်ရောက်ပြီးနောက် မျက်လုံးမှိတ်ကာ အနားယူလျက် ဤအချိန်အတောအတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စများကို သေချာစွာ ပြန်လည် သုံးသပ်နေခဲ့သည်။

ပထမဦးစွာ မယ်တော်ကြီးသည် ယခင်ဘဝတွင် ဤသို့နာမကျန်းဖြစ်၍ မထနိုင်သည်မျိုးမရှိခဲ့ပေ။

မိန်ချိုက်ရန်သည်လည်း ဘွဲ့အမည် ရုပ်သိမ်းခံရခြင်း မရှိခဲ့ဘဲ ချီနင်နန်းဆောင် သို့ အနီးကပ် ပြုစုစောင့်ရှောက်ရန် အပို့ခံရခြင်းလည်း မရှိခဲ့ပေ။ သို့သော်ပြောင်းလဲမှု၏ အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။ သူမသည်ယဲ့ယွင်က နင်ချန်၏အတွေးအမြင်နှင့် ဆုံးဖြတ်ချက်များကို ပြောင်းလဲနိုင်

လိမ့်မည်ဟုဘယ်သောအခါမှ မထင်မှတ်ခဲ့ပေ၊ သူမ နင်ချန်အပေါ် နားလည်ထားမှုအရ နင်ချန်သည် အလွန် ခေါင်းမာသောသူ ဖြစ်ပေသည်။

နောက်ထပ် ပြောင်းလဲမှု တစ်ခုမှာ ဝမ်သယ့်ဖေး ၏ မွေးဖွားခြင်း ဖြစ်ပေသည်။

ယခင်ဘဝတွင် ဝမ်သယ့်ဖေး သည် တစ်နေ့လုံး တစ်ညလုံးကြာအောင် မွေးဖွားခဲ့ရပြီး နောက်ဆုံးတွင် ဝမ်းဆွဲအထိန်းဆတာ်က နည်းလမ်း မရှိသဖြင့် တွန်းလိုက်ဆွဲလိုက်ဖြင့်ကလေးကို ထုတ်ယူခဲ့ရ၏။

ထိုလုပ်ရပ်ကြောင့် ဝမ်သယ့်ဖေးအား နောက်ထပ် ကလေးမရရှိနိုင်တော့သည်

အထိ ဖြစ်သွားစေခဲ့ပေသည်။ ဤတစ်ကြိမ်တွင်မူ ယဲ့ယွင်၏ဂျင်ဆင်းရှိနေသဖြင့် မွေးဖွားချိန်သည် တစ်နေ့နီးပါးမျှတိုတောင်းသွားခဲ့ပြီး နောက်ဆုံးတွင် သားအမိ နှစ်

ဦးလုံး ဘေးကင်းခဲ့၏။ ယခုတွင်မယ်တော်ကြီးက ဝမ်ဖေးအား သယ့်ဖေးအဆင့်တိုးမြှင့်ခြင်းကိုကန့်ကွက်ခဲ့ပါက

ကြည့်ကောင်းစရာပွဲဖြစ်အုံးပေမည်။

ဖန်းချိုက်ရန်သည် လက်မြှောက်ကာ သူမ၏နှာတံကို နှိပ်နယ်လိုက်ပြီး စိတ်ထဲတွင်မကြာသေးမီက ဖြစ်ပျက်နေသော ကိစ္စများသည် ယခင်ဘဝနှင့် တဖြည်းဖြည်း သွေဖည်လာသည်ဟု ခံစားရသဖြင့် သူမ အလွန် မသက်မသာ ဖြစ်နေခဲ့၏။ ထို့ကြောင့် ပထမမင်းသား မသေလျှင်

လည်းသေရမည် ဖြစ်သည်။ သူမက ကိစ္စများကို ယခင်ဘဝနှင့် တတ်နိုင်သမျှ တူညီအောင် ပြုလုပ်နိုင်သမျှ ကြီးမားသော သွေဖည်မှုများ ဖြစ်ပေါ်လာမည် မဟုတ်ဟုဆုံးဖြတ်လိုက်သည်။

........

သို့သော် ဖန်းချိုက်ရန်၏ စိတ်ထဲမှအတွေးများကို မည်သူမျှ မသိရှိကြဘဲ အားလုံးသည် ယခုလက်ရှိ ဝမ်သယ့်ဖေးကိုသာ အလွန် မနာလို ဖြစ်နေကြသည်။

ပထမမင်းသား ဖွားမြင်ပြီးနောက် နှစ်နာရီ ကြာသောအခါ ချီနင်နန်းဆောင်ထဲမှ မယ်တော်ကြီးသည် နောက်ဆုံးတွင် လူလွှတ်၍ ဆုလာဘ်အချို့ ပေးပို့လိုက်သည်။

ဤသို့ ပို့ဆောင်လိုက်ခြင်းသည်လည်း လူတိုင်းအား ရုတ်တရက် သတိရသွားစေသည်မှာ ဧကရာဇ်၏ သား၊ မယ်တော်ကြီး၏ အကြီးဆုံးမြေး ဖွားမြင်

သည်မှာကြာမြင့်နေပြီ ဖြစ်သော်လည်း မယ်တော်ကြီးကိုယ်တိုင်မှာမူ တစ်ခွန်းမျှပင် လာရောက် မေးမြန်းခြင်း မရှိဘဲ ယခုအချိန်ကျမှသာ ပေါ်ထွက်လာခဲ့သည့်အဓိပ္ပာယ်က ဝမ်သယ့်ဖေး အပေါ် မကျေမနပ် ဖြစ်ခြင်းလား သို့မဟုတ် ပထမမင်းသားအပေါ် မနှစ်သက်ခြင်းလား မသိနိုင်ပေ။

သို့သော် နင်ချန်သည် ယခုအခါတွင်ရှင်းရှင်းလင်းလင်း သိရှိလိုက်ပြီ ဖြစ်၏။ မယ်တော်ကြီးသည် သူ၏သားတော်အားဂရုမစိုက်ခြင်းသာဖြစ်ပေသည်။

ယခင်နှစ်ကချန်မိသားစု၏ သားဖွားမြင်

စဉ်အခါက မယ်တော်ကြီးမှာ သူမ၏တူတော်မောင်၏မြေးဖြစ်သော်လည်းဘေးမှ အနီးကပ်စောင့်ရှောက်လေ့ရှိသောမားမားကို နန်းတော်အပြင်ဘက်သို့ သွားရောက် ကြည့်ရှုစေခဲ့ပြီး ဆုလာဘ်များလည်း ပေးအပ်ခဲ့သေး၏။ နင်ချန်၏ မယ်တော်ကြီးအပေါ် စိတ်ပျက်မှုသည် တဖြည်းဖြည်း ပိုမို နက်ရှိုင်းလာပြီး ပို၍ စိတ်ပျက်လေ ယဲ့ယွင်၏ စကားများကို ပို၍ သတိရလေ ဖြစ်ကာ ယဲ့ယွင်က သူ့ထက် ပို၍ ရှင်းလင်းစွာ မြင်နိုင်ပြီး သူ့ထက် ပို၍ ထွင်းဖောက် နားလည်သည်ကို ဝန်မခံဘဲ မနေနိုင်တော့ပေ။

သို့သော် ကံကောင်းသည်မှာ ယခု သူလည်း များစွာ လွှတ်ချနိုင်ခဲ့ပြီ ဖြစ်သည်။ အချို့သော သံယောဇဉ်များသည် ကိုယ်တစ်ဦးတည်း ထိန်းသိမ်းလိုရုံဖြင့် ထိန်းသိမ်း၍ ရနိုင်သည် မဟုတ်ပေ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-60

အခန်း ၆၀ ။ ပန်းပွင့်ကို ရက်စက်စွာ ဖျက်ဆီးခြင်း

ဝမ်သယ့်ဖေးသည် ပထမမင်းသားလေးကိုဖွားမြင်ပြီးနောက် ယွမ်ချီ အလွန်အမင်း ထိခိုက်သွားသောကြောင့် နင်ချန်သည် သူမအား မီးတွင်းကာလတွင် နှစ်လခန့်အနားယူရန် အမိန့်တော် ချမှတ်ခဲ့သည်။ ဤသို့ဖြင့် နှစ်သစ်ကူး၏ ပင်ပန်းမှုများမှာ ကင်းလွတ်သွားလေသည်။

ဆယ့်နှစ်လပိုင်းသို့ ဝင်ရောက်သည်နှင့် ပို၍ အလုပ်များလာခဲ့ပြီး နှစ်ကုန်ပိုင်း ကိစ္စရပ်များမှာ များစွာ စုပုံလာခဲ့သညါ။

မယ်တော်ကြီးသည်နှစ်သစ်ကူး နန်းတွင်းပွဲတော်ကို ပျက်ကွက်၍ မဖြစ်သည်ကို တွေးမိသဖြင့် ကျန်းမာရေး အပြည့်အဝမကောင်းမွန်သေးသော်လည်း နောက်ဆုံးတွင် လူတွေ့ခွင့် ပြုခဲ့လေသည်။

ဤအချိန်အတောအတွင်း ချီနင်နန်းဆောင်သည် ယင်းကော်မြို့စား၏ စာချွန်လွှာ အများအပြားကို လက်ခံရရှိခဲ့သည်။ အစ်ကိုဖြစ်သူက ညီမကို စိုးရိမ်ပူပန်ခြင်း မိခင်ဘက်မှ ဦးရီးတော်အရင်းက သူ့မယ်တော်ကို စိုးရိမ်ပူပန်ခြင်းဖြစ်ရာ နင်ချန်သည် သဘာဝအတိုင်း တားဆီးခြင်း မပြုခဲ့ပေ။

ထိုစာထဲတွင် မည်သို့သောအကြောင်းအရာများကိုရေးသားထားသည်ကို သူ မသိရှိနိုင်သော်လည်း မယ်တော်ကြီးမှာမူ အဖျောင်းဖျ ခံရသဖြင့် အနည်းငယ် ဉာဏ်ပွင့်သွားဟန် ရှိ၏။ ထို့နောက်ဦးစွာနေမကောင်းဖြစ်၍ ဝေဝါးသွားခဲ့ကြောင်း ယခင်က ပထမမင်းသားနှင့် ဝမ်သယ့်ဖေး အား ချီးမြှင့်ခဲ့သော ပစ္စည်းများမှာ ဖုမားမားကစီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုလာခဲ့သည်။ ဤသို့ဖြင့် ချီးမြှင့်သည်မှာ နည်းပါးခဲ့သည်ကို အကြောင်းပြချက် ပေးနိုင်သွားလေသည်။ ချက်ချင်းပင် သဘာဝအတိုင်း ရက်ရောစွာဖြင့် ပစ္စည်းတစ်ပုံတစ်ပင်ကို ချီးမြှင့်ခဲ့ပြီး ဖုမားမားအား ကလေးကို သွားရောက် ကြည့်ရှုစေခဲ့၏။ နောက်ဆက်တွဲအဖြစ် ကျိုချန်နန်းဆောင်သို့ မြေခွေးသားမွေး လည်စည်းပဝါတစ်ထည်ကို ပို့ဆောင်လာခဲ့ပြီး နေမကောင်းစဉ်က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရာသီဥတု တဖြည်းဖြည်း အေးစိမ့်လာသဖြင့် ဧကရာဇ် အအေးမိမည်ကို စိုးရိမ်ကြောင်း ဆိုလာခဲ့သည်။

ချက်ချင်းပင် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ယွီရှို့အဆောင်ဘက်တွင်လည်း ဆုလာဘ်များ ရရှိခဲ့၏။ မယ်တော်ကြီးသည် ယဲ့ယွင်အား စိတ်နှလုံး ကောင်းမွန်ပြီး ရက်ရောကာ စိတ်ထား ကြီးမြတ်သည့်အပြင်ဂျင်ဆင်းကို ရက်ရက်ရောရောပေးခဲ့ခြင်းကြောင့် ဝမ်ဖေးတို့သားအမိ၏အသက်ကို ကယ်တင်ခဲ့သည်ဟု သတ်မှတ်နိုင်ကြောင်း ချီးကျူးခဲ့၏။

မယ်တော်ကြီး၏ မူလစကားအတိုင်း ဆိုရလျှင်-

" 'မင်' (အလင်း) ဟူသော အမည်သည် အမှန်တရားကို ထွင်းဖောက် နားလည်ခြင်း ဟူသော အဆိုလည်း ရှိ၏။ ယဲ့မိသားစုသည် မျိုးဆက်မပြတ် သစ္စာရှိပြီး ကောင်းမြတ်ခဲ့သည်။ ကျားဖခင်တွင် ခွေးသူငယ် မရှိနိုင်။ မင်မိန်ရန်သည် အမှန်တကယ်ပင် အမျိုးသမီးတို့၏ စံပြ ဖြစ်ပေ၏။"

ဤသည်မှာ အနည်းငယ် လွန်ကဲလွန်းသောစကားများပင်ဖြစ်သည်။ အမျိုးသမီးတို့၏စံပြဆိုသည်မှာ မိဖုရားခေါင်ကြီးသာဖြစ်သင့်သည်မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ ယဲ့ယွင်သည် ထိုစကားကို လက်ခံရဲခြင်း မရှိသဖြင့် ချက်ချင်းပင် အဝတ်အစား လဲလှယ်၍ ချီနင်နန်းဆောင်သို့ ကျေးဇူးတင်ရန် သွားရောက်ပြီး သူမ ထိုသို့ မထိုက်တန်ကြောင်း ငြင်းဆန်ကာ နန်းတော်ထဲ နေရာအနှံ့ သိရှိစေရန် သတင်းလွှင့်ထုတ်လိုက်၏။

ယခုကဲ့သို့ချီးကျူးခံရခြင်းသည်အလွန်အန္တရာယ်ရှိလှသည်မှာနောက်ပြောင်နေခြင်းမဟုတ်ပေ။ အကယ်၍ မိဖုရားခေါင်ကြီးက သူမအား သေစေလိုပါက ၎င်းမှာ ခက်ခဲသော ကိစ္စတစ်ရပ် မဟုတ်ပေ။

ကံကောင်းသည်မှာ မိဖုရားခေါင်ကြီးသည်လည်း မိုက်မဲသူ မဟုတ်ဘဲ စိတ်ထဲတွင် မသက်မသာ ဖြစ်သော်လည်း မယ်တော်ကြီးသည် သူမအား စိတ်အနှောင့်အယှက် ဖြစ်စေလိုရုံမျှသာ ဖြစ်ကြောင်း သိရှိပြီး မည်သည့်အရာမျှ မပြုလုပ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မယ်တော်ကြီး၏နောက်သို့လိုက်၍ ဝမ်သယ့်ဖေး နှင့် ယဲ့ယွင်အား ဆုလာဘ်များ ချီးမြှင့်ခဲ့၏။ ဤနှစ်ဦးက ရှေ့မှ ဦးဆောင်နေသဖြင့် နင်ချန်သည်လည်း အသံတိတ် မနေနိုင်ဘဲ လိုက်ပါ၍ ဆုချီးမြှင့်ခဲ့၏။ ထို့အပြင် မူလက အကျယ်ချုပ် သုံးလ ကျခံရမည့် ချန်ဝမ်ရုန်သည်လည်း အနီးကပ် ပြုစုစောင့်ရှောက်ရာတွင် အကျိုးပြုခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။။ မည်သို့ပင်ဖြစ်စေ နှစ်သစ်ကူးပွဲတော်နီးကပ်လာပြီ ဖြစ်ရာ သားအမိကြားတွင် အလွန်အမင်း မြင်မကောင်းအောင် ပြုလုပ်ရန် မဖြစ်သင့်ပေ။

......

ဆယ့်နှစ်လပိုင်းလယ်တွင် နန်းတော်

အပြင်ဘက်မှ သတင်းအချို့ဝင်လာခဲ့သည်။

ယဲ့ကျယ် မြို့တော်သို့ ပြန်ရောက်လာခဲ့သောသတင်းပင်ဖြစ်သည်။ သခင်မချူ၏မွေးနေ့ကို လွဲချော်သွားခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ လူကတော့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယဲ့မိသားစုသည်လည်း တဖြည်းဖြည်း ပြန်လည် နာလန်ထူစ ပြုလာပြီဟု သတ်မှတ်နိုင်၏။ သခင်မချူ၏ ဤတစ်ကြိမ် မွေးနေ့တွင် နင်ချန်သည်လည်း ပစ္စည်းအချို့ကို ချီးမြှင့်ခဲ့ရာ ဧကရာဇ်မှ အလွန်မျက်နှာသာပေးခြင်းဟု ကောက်ချက်ချနိုင်ပေသည်။

ယဲ့ကျယ် မြို့တော်သို့ ပြန်ရောက်သည့် ဒုတိယနေ့မှာပင် နှင်းများ စတင် ကျဆင်းလာခဲ့၏။

"မင်္ဂလာရှိတဲ့ နှင်းတွေက သီးနှံပေါများတဲ့နှစ်ကို ဖော်ဆောင်တယ်လို့ မားမားတစ်ယောက်ကပြောဖူးတယ်။ လာမယ့်နှစ်က သေချာပေါက် နှစ်ကောင်းတစ်နှစ် ဖြစ်မှာပဲ။" ယဲ့ယွင်သည် စင်္ကြံလမ်းအောက်တွင် ရပ်ကြည့်နေ၏။

လုကျီသည် လည်စည်းပဝါတစ်ထည်ကို ယူဆောင်လာ၍ သူမအား ပတ်ပေးလိုက်သည်။ "ရှုခင်းက လှပေမဲ့ မိန်ရန်လည်း အအေးမိမခံရအောင် သတိထားပါအုံး။ ကျွန်မမျိုးကြားတာ ချန်ဝမ်ရုန်တောင်နေမကောင်းဘူးတဲ့။"

"အိုး။ အကျယ်ချုပ်က လွတ်ခါစပဲ ရှိသေးတာ နေမကောင်းဖြစ်ပြန်ပြီ တကယ်

ပဲ... သူခဏခဏနေမကောင်းရင်နောက်ထပ် ရက်အတော်များများ ဧကရာဇ်ကိုခစားခွင့်ရတော့မှာ မဟုတ်ဘူး။" ယဲ့ယွင်သည် ပြုံးလိုက်သည်။

"လုကျီ…ငါနဲ့ အပြင်ထွက်ပြီး လမ်းလျောက်ကြရအောင်လေ။ ဒီရာသီဥတုမှာ နှင်းပေါ်နင်းပြီး ပန်းသစ်တော် ရှာသင့်တယ့်အချိန်ပဲ။”

"ဒါဆို ကျွန်မမျိုး ဝတ်ရုံရှည်တစ်ထည် သွားယူလိုက်ပါဦးမယ် အပြင်မှာ လေတိုက်နေပါတယ်။"

လုကျီ သည် ယွီရှို့အဆောင်ရှိ 'လု' အမည်ဖြင့် စသောသူများထဲတွင် ယဲ့ယွင်အား အနီးကပ်အမှုထမ်းရဆုံးသူဖြစ်သည်။

သူမသည် ဉာဏ်ကောင်းပြီး စကားပြောတတ်ကာ အလုပ်လုပ်သည်မှာလည်း သေသပ်သဖြင့် ယဲ့ယွင် အတော်ပင် ကျေနပ်လျက် ရှိ၏။ သို့သော်အပြင်ထွက်ပါက လူတစ်ယောက်တည်းကိုသာ ခေါ်ဆောင်၍ မဖြစ်ပေ။ နန်ကျစ်နှင့် ဟွေယွဲ့တို့သည် ဤရက်ပိုင်းတွင် သိုလှောင်ခန်းကို စစ်ဆေး ရှင်းလင်းနေကြရသည့်အတွက် ယဲ့ယွင်ဘေးနားတွင်အချိန်မဖြုန်းနိုင်ပေ။

နှစ်ကုန်ပိုင်းသို့ ရောက်လျှင် အမြဲတစေ လူမှုရေးရာ ပွဲလမ်းသဘင်များနှင့် ဆုလာဘ်ချီးမြှင့်မှုများ ရှိတတ်ပြီး အဝတ်အစားသစ်များနှင့် လက်ဝတ်ရတနာများကိုလည်း အလျင်စလို ပြုလုပ်နေရသဖြင့်ကိုယ်လုပ်တော်တိုင်းအလုပ်များလှ၏။

အလုပ်များလျင်မြန်စွာပြီးနိုင်ရန် လုဟယ်က သူတို့အား ကူညီလုပ်ဆောင်ပေးလျက် ရှိသည်။ ယဲ့ယွင်သည် စိတ်အခြေအနေကောင်းနေသဖြင့်အပြင်သို့ ထွက်သောအခါ ဟွေယွဲ့ကိုပါခေါ်ဆောင်သွားခဲ့ပြီး ပိုင်ရှု၊ လုမေ့ တို့အားလုံး လိုက်ပါခဲ့ကြ၏။

ပန်းသစ်တော်ဥယျာဉ်ထဲတွင် ပန်းသစ်တော်နီများ အစုလိုက် အပုံလိုက် ပွင့်လန်းနေကြပြီး နှင်းကျသော နေ့တွင် ကြည့်ရှုရသည်မှာ အမှန်တကယ်ပင် လှပပေသည်။

"အကိုင်းလေး နည်းနည်းလောက် ချိုးပြီး ပန်းအိုးထဲ ထိုးဖို့ ယူပြန်သွားကြစို့။ အခန်းထဲက ပြတင်းပေါက်ရှေ့က စားပွဲပေါ်မှာ ထားလိုက်။" ယဲ့ယွင်သည် ပန်းသစ်တော်များက်ို အလွန်စိတ်ဝင်တစားကြည့်၍ အစေခံမလေးများကိုမှာကြားနေခဲ့သည်။

ပိုင်ရှုသည် ချက်ချင်းပင်ခေါင်းငြိမ့်ကာ လျင်မြန်စွာအလုပ်စရန်ပြင်လိုက်သည်။ပိုင်ရှူသည်အရပ်ရှည်သဖြင့် သဘာဝအတိုင်း သူမအတွက်လွယ်ကူပေသည်။

" မင်မိန်ရန်က အသံကတော်တော် တက်ကြွနေတာပဲ။ ပန်းသစ်တော်ပန်း လာကြည့်တာလား။"

နောက်ကျောဘက်မှ အသံထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ရာ ယောင်ရှန်းရောက်လာခြင်းဖြစ်သည်။

"ဒီချန်းချဲ့က မင်မိန်ရန်ကို ဂါရဝပြုပါတယ်။" ယောင်ရှန်းသည် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်၏။

ယဲ့ယွင်က လက်ကာပြလိုက်သည်။

" ဖန်းချိုက်ရန် အရိုအသေပေးစရာ မလိုပါဘူး။ ဒီနေရာမှာဆုံရတာ တော်တော် တိုက်ဆိုင်တာပဲ။"

ယောင်ရှန်းသည် ပြုံးလိုက်သည်။

"ချန်းချဲ့က အမြဲတမ်း ပန်းသစ်တော်ပန်းရဲ့ မြင့်မြတ်ပြီးသန့်စင်တဲ့ပုံကို သဘောကျတယ်လေ။ ဒီနေ့ နှင်းကျတာကိုမြင်တော့သတိရသွားလို့ မထင်မှတ်ဘဲ ရှေးဆိုရိုးတွေအတိုင်း နှင်းကိုနင်းပြီး ပန်းသစ်တော်ပန်းကိုလာရှာတာ မင်းမိန်ရန်နဲ့ဆုံလိမ့်မယ်မထင်ထားဘူး။”

ယောင်ရှန်း၏စကားမှာ နားဝင်ချိုလှသော်လည်း သေချာတွေးကြည့်လျှင် ရှေ့မလွတ်နောက်မလွတ်ပြောသောစကားဖြစ်သည်။

အမှတ်မထင်တွေ့ဆုံမိ၍ အံ့ဩသွားခြင်းလား သို့မဟုတ် ယဲ့ယွင်တွင်ဤကဲ့သို့မြင့်မြတ်သည့်စိတ် ရှိနေမည်ဟု မထင်ထားကြောင်း လှောင်ပြောင်၍ပြောဆိုခြင်းလားဆိုသည်ကို ကာကယံရှင်ကိုယ်တိုင်ပင်သိလိမ့်မည်။

ယဲ့ယွင်သည် ပြန်မပြောဘဲ ပြုံးနေလျက် သူမအား ခဏမျှ စိုက်ကြည့်ပြီးမှ ခပ်ဖျော့ဖျော့ ဆိုလိုက်သည်။

"တို့ ပန်းသစ်တော်ဥယျာဉ်ကို လာတာကတော့ ရိုးရှင်းတယ်။ ပန်းအိုးထဲ ထိုးဖို့ အကိုင်းလေး နည်းနည်းလောက် လာခူးချင်လို့သက်သက်ပဲ။ ဒီ 'မြင့်မြတ်သန့်စင်' ဆိုတဲ့ စကားလုံးနှစ်လုံးက ပန်းသစ်တော်

ပန်းကို ဆိုလိုရင်ထားလိုက်ပါတော့။ လူတွေမှာကော ဘယ်နှစ်ယောက်က မြင့်မြတ်

သန့်စင်တဲ့စိတ်ထားရှိလို့လဲ။ ပန်းကိုပဲ ကြည့်တာက ပိုကောင်းပါတယ်။ ဖန်းချိုက်ရန်ကောဘယ်လိုထင်လဲ။"

" မင်မိန်ရန် ပြောတာ မှန်ပါတယ်။" ယောင်ရှန်း၏ မျက်ဝန်းအိမ်များ နက်မှောင်သွား၏။

ယဲ့ယွင်သည် မိမိစကားအပြင်ဘက်မှ အဓိပ္ပာယ်ကို သဘာဝအတိုင်း ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် သူမက မြင့်မြတ်သန့်စင်

ခြင်းမရှိဟု ပွင့်ပွင့်လင်းလင်းပြောဆိုခြင်းမဟုတ်ပဲ ဥပမာပေး၍ ပြောသွားသောကြောင့် ပြန်ချေပရန်မဖြစ်နိုင်ပေ။ စကားပြောဆိုနေစဉ် ပိုင်ရှုသည် အလွန် လှပစွာ ပွင့်လန်းနေသော ပန်းသစ်တော် အကိုင်းအခက် တစ်စည်းကို ချိုးယူ၍ ပြန်လာခဲ့၏။

ယောင်ရှန်း၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားပြီး နှုတ်ခမ်း စေ့လျက် ပြောလိုက်သည်။

"ဒီချန်းချဲ့ကတော့ ပန်းပွင့်တွေအကိုင်းအခက်ပေါ်မှာ ပွင့်လန်းနေတာက ပိုလှပြီး လူအများကြည့်ရှုခံစားရတာက ပိုကောင်းတယ်လို့ထင်တယ်။ မိန်ရန်က အခုလိုချိုးယူသွားရင်လည်း ရက်အနည်းငယ် ထားရုံနဲ့ ညှိုးသွားမှာပဲကို အဲ့အစားပန်းသစ်တော်ဥယျာဉ်ကို မကြာခဏ လာလမ်းလျှောက်တာက ပိုကောင်းမယ်။"

"နှမြောစရာပဲ။ တို့ကအမြဲတမ်း ပန်းပွင့်ကို ချိုးသင့်တဲ့အချိန်မှာမှန်မှန်ကန်ကန် ချိုးဖို့ပဲလုပ်တတ်တယ်။ ပန်းတိုင်းကအချိန်တန်

ရင်ကြွေကြသေးတာပဲကို တို့ကမကြွေခင်ခူးယူလိုက်တာပဲရှိတာပါ။ ဖန်းချိုက်ရန်လိုမျိုး ဗုဒ္ဓစိတ်နှလုံးမျိုးကိုတော့ မမီဘူးပေါ့။" ယဲ့ယွင်သည် သူမကို အေးစက်စွာ တစ်ချက် ကြည့်၍ဆိုလိုက်သည်။

ယောင်ရှန်းအပေါ် ယဲ့ယွင်သည် မည်သို့မျှ အမြင်ကောင်း မရှိပေ။ အထူးသဖြင့် ယခုအချိန်တွင် ထိုခံစားချက်မှာ ပို၍ပင် ပြင်းထန်လာ၏။

" 'ပန်းပွင့်ကို ချိုးသင့်တဲ့အချိန်မှာ မှန်မှန်ကန်ကန် ချိုးတတ်တယ်' ဆိုတာ တကယ် ကောင်းတာပဲ။" နင်ချန်၏အသံသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာခဲ့သည်။

နှစ်ဦးသား တစ်ချိန်တည်း လှည့်ကြည့်

လိုက်ရာ ထိုသူသည် အနက်ရောင် ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်လျက် ပါးလွှာသော နှင်းဖြူများပေါ်တွင်

လျှောက်၍ လာနေသည်ကို တွေ့လိုက်ရသည်။

"ချန်းချဲ့က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။" နှစ်ဦးသား အတူတကွ အရိုအသေပေးလိုက်ကြ၏။

နင်ချန်သည် အနီးသို့ တိုးကပ်လာပြီး အလျင်အမြန်ပင် ယဲ့ယွင်ဘက်သို့သွားကာ ထူပေးလိုက်သည်။

"အရိုအသေပေးစရာ မလိုဘူး။

ကျန်း ယွီရှို့အဆောင်ဆီ မင်းကို လာရှာတာ။ မထင်မှတ်ဘဲ မင်းက အပြင်ထွက်သွားတော့ ကျန်းနဲ့ လွဲသွားတာပဲ။"

ဤစကားကို ပြောဆိုသည့်အခါ နင်ချန်သည် လက်လှမ်း၍ ယဲ့ယွင်ကို ထူမပေးလိုက်ပြီး ကျွမ်းကျင်စွာပင် သူမ၏ လက်ကို ဆွဲညှစ်လိုက်သည်။ ရုတ်တရက် ဘေးတွင် လူ ရှိနေသေးသည်ကို သတိရသွားပြီး ခေတ္တမျှ ရပ်တန့်ကာ လက်ကို ပြန်

ရုပ်သိမ်းလိုက်၏။ လှုပ်ရှားမှုမှာသေးငယ်သော်လည်း ယောင်ရှန်း၏ မျက်လုံးထဲသို့ ကျရောက်သွားရာ မြင်ကွင်းမှာအလွန်

ပင် မျက်စိစပါးမွှေး စူးစေသည်။

ယခင်ဘဝတွင် သူမသည် နင်ချန်နှင့်ဆက်ဆံရေးများပြားစွာ ပြုလုပ်ခဲ့သော်လည်း နင်ချန်သည် သူမအပေါ် ဤသို့ နူးညံ့ရင်းနှီးစွာ ဆက်ဆံခဲ့ခြင်း မရှိခဲ့ပေ။

ယဲ့ယွင်ကျမှဘာလို့လဲ?

သို့သော် ယခုအချိန်သည် တွက်ချက်နေရမည့် အချိန် မဟုတ်ပေ။ ယောင်ရှန်း သည် နှလုံးသားထဲမှ မကျေနပ်မှုကို ဖိနှိပ်ထားလျက် နူးညံ့သော အသံဖြင့် ဖွင့်ဟလိုက်သည်။ "အရှင်မင်းကြီးက အစ်မတော်မင်ကို လာရှာတာ ဆိုမှတော့ ဒါဆို ဒီချန်းချဲ့ အရင်နှုတ်ဆက်ခွင့် ပြုပါဦး။"

"ကောင်းပြီ မင်း အရင် ပြန်တော့လေ။ ကျန်း နောက်နေ့မှ မင်းကို လာကြည့်မယ်။" နင်ချန်က ခေါင်းညိတ်လိုက်၏။

နန်းတော်ထဲ ဝင်ရောက်ခဲ့သောရက်ပိုင်းအတွင်း ယောင်ရှန်းသည် အစဉ်အမြဲ စည်းကမ်းတကျ နေထိုင်ခဲ့ပြီး အမှားအယွင်း မရှိခဲ့ပေ။ ယခင်တစ်ကြိမ် ယောင်မိသားစု လာဘ်စားသည့် ကိစ္စကို စုံစမ်းစစ်ဆေးရာတွင်လည်း မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ရာ နင်ချန်သည် ယခုအချိန်တွင် ယောင်ရှန်းအပေါ် အတော်ပင် ကျေနပ်လျက် ရှိ၏။

"အရှင်မင်ကြီး…အရှင်မင်းကြီးက ဖန်းချိုက်ရန်ကို ဒီလောက် နှမြောတသ ဖြစ်နေမှတော့ သူနဲ့ လိုက်သွားလိုက်ပါလား။"

ယဲ့ယွင်သည် နင်ချန်၏မျက်ဝန်းထဲတွင် အတွေးနက်နေသကဲ့သို့ ဖန်းချိုက်

ရန်၏နောက်ကျောကိုကြည့်၍စိတ်လွင့်

နေသည်ကိုမြင်သောအခါ ဟမ့်ဟမ့် ဟူ၍ နှာမှုတ်သံ နှစ်ချက် ပြုလိုက်၏။

နင်ချန်သည် သတိပြန်ဝင်လာပြီး မတတ်

နိုင်ဟန်ဖြင့် သူမအား တစ်ချက် ကြည့်

လိုက်သည်။ “

ကျန်းက အစောကြီးကတည်းက မင်းကို လာရှာတာလို့ ပြောပြီးပြီလေ။ ဒီအချိန်ကျမှ ဘာတွေ လာပြီး ပြဿနာရှာနေပြန်တာလဲ။"

"အရှင်မင်းကြီးက ဒီချန်းချဲ့ကို ပြဿနာရှာတယ်လို့ ပြောသေးတယ်။ ချန်းချဲ့က ပန်းပွင့်ကို ရက်ရက်စက်စက်ဖျက်ဆီးပြီး ဖန်းချိုက်ရန်ကို အနိုင်ကျင့်လိုက်ပြန်လို့အရှင်မင်းကြီးက တမင်ဖန်းချိုက်ရန်ကိုတစ်ဖက်လှည့်နဲ့ကူပေးလိုက်တာမဟုတ်ဘူးလား။ ဟမ့် ချန်းချဲ့ကတော့အရှင်မင်းကြီးရဲ့ မုန်းတီးတာကို ခံလိုက်ရတာ မဟုတ်လား။" ယဲ့ယွင်သည် အနိုင်မခံ အရှုံးမပေးဘဲ အလိုလိုက်ခံရကာ ဆိုးသွမ်းသောမိန်းမပျိုလေးကဲ့သို့ဆိုလိုက်သည်။

"မင်းကတော့ တကယ်ပဲ။" နင်ချန်သည် အံကြိတ်လိုက်ပြီး မိမိအရှေ့မှ ကိုယ်လုပ်တော်လေးကို ပြန်မချေပနိုင်ပေ။

ထို့နောက် ပြုံး၍ခေါင်းရမ်းလိုက်ကာယွမ်ကျိုကိုခေါ်ပြောလိုက်သည်။

“ယွမ်ကျို မင်း မင်မိန်ရန်အတွက် ပန်းသစ်တော်ပန်းတွေ များများ သွားခူးလာခဲ့။ ကျန်း ရဲ့ဘဏ္ဍာတိုက်ထဲက အဲ့ဒီကြွေဖြူပန်းအိုးတစ်စုံကိုလည်း ယွီရှို့အဆောင်ကို ပို့ပေးလိုက်။"

အဆုံးတွင် သူ့ဘေးမှ ကိုယ်လုပ်တော်ငယ်လေး၏ လက်ကို ကသိကအောက်ဖြင့် ဆွဲကိုင်လိုက်သည်။ "ကျေနပ်ပြီလား။"

ယဲ့ယွင်သည် ခေါင်းမော့ထားလျက် စကားမဆိုဘဲ ရုတ်တရက် ခြေဖျားထောက်ကာနင်ချန်၏နှုတ်ခမ်းပေါ်သို့ တစ်ချက်ဆိတ်သကဲ့သို့ လျင်မြန်စွာနမ်းလိုက်၏။ အဆုံးတွင် နှုတ်ခမ်းထောင့်ကွေးကာ ပြုံးလိုက်ရာ လှပသော မျက်ဝန်းများမှာ ကြယ်တာရာပမာ တောက်ပလျက် ဥယျာဉ်အပြည့်ရှိ ပန်းသစ်တော်နီများကိုပင် မှိန်ဖျော့သွားစေ၏။

"ကလေးကလားတွေ ဟမ့်၊ ကျန်းကို ဒါမျိုးနဲ့ချော့မော့လို့ရမယ်မထင်နဲ့။"

နင်ချန်၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားပြီး ချက်ချင်းပင် ကျောခိုင်း လှည့်ထွက်သွားသည်။

"အပြင်မှာ အေးတယ်။ အရင် ယွီရှိုအဆောင်ကို ပြန်ကြစို့။"

***

All Chapters