အခန်း (၆၁-၆၂)
Vol. 4 Ch. 61-62
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-61
အခန်း ၆၁ ။
ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ အပြင်ဘက်တွင် နှင်းများမှာ ပို၍ပင် သိပ်သည်းစွာ ကျဆင်းနေ၏။ နှင်းဖြူများမှာငန်းမွေးများကဲ့သို့အဆုံးအစမရှိ ပျံ့ကျဲလျက် အလွန်ပင် ကြည့်၍ ကောင်းလှ၏။
အစေခံများက ထီးမိုးပေးသော်လည်း ဝေးကွာသောနေရာမှ လမ်းလျှောက် ပြန်လာခဲ့ရသောကြောင့်ဦးခေါင်းနှင့် အဝတ်အစားများပေါ်သို့ နှင်းများအနည်းငယ် ကျရောက်ခဲ့လေသည်။
စင်္ကြံလမ်းအောက်သို့ ရောက်သည်နှင့် ယဲ့ယွင်သည် နင်ချန်ကို ကြည့်၍ ပြုံးလိုက်၏။
"ဘာဖြစ်လို့လဲ။" နင်ချန်သည် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
ထိုမိန်းမပျိုလေးသည် မျက်ခုံးပင့်လိုက်ပြီး "ဒီချန်းချဲ့ တွေးနေတာ အရှင်မင်းကြီးနဲ့အတူ ဆံဖြူသွားတဲ့အထိ နေရတာက တကယ်ပဲကိုပျော်ဖို့ကောင်းမဲ့ကိစ္စတစ်ခုပဲနော်။"
စကားဆုံးသည်နှင့် သူမ၏စကတ်အနားစကိုမကာ အခန်းထဲသို့ ဦးစွာ ဝင်သွားလေသည်။
နင်ချန်သည် မိန်းမပျိုလေး၏ ဆံပင်နှင့် ပခုံးထက်မှ နှင်းဖြူများကို ကြည့်ရင်း ရုတ်တရက် သဘောပေါက်သွားကာ မထိန်းနိုင်ဘဲ နှုတ်ခမ်းထောင့်များ ကွေးတက်သွားမိ၏။
အမျိုးသမီးတစ်ဦးနှင့်အတူ ဆံဖြူသည်အထိ နေထိုင်ခြင်း။ ဤကိစ္စကို သူ မည်သည့်အခါကမျှ မတွေးတောခဲ့ဖူးပေ။ ယနေ့ ရုတ်တရက် သိရှိလိုက်ရသည့်အချိန်တွင် မဆိုးလှဟု ထင်ရပေသည်။
"ဒီသေတ္တာက ဘယ်က ရောက်လာတာလဲ။" ယဲ့ယွင်သည် စားပွဲပေါ်မှသေတ္တာကိုလက်ညှိုးထိုးလျက် ဆိုလိုက်၏။
လှမ်းကြည့်လိုက်ရာ စားပွဲပေါ်တွင် ဟွမ်းလီသစ်သားသေတ္တာလေးတစ်လုံးတင်
ထားသည်ကို တွေ့လိုက်ရသည်။ အပေါ်ဘက်တွင် မည်သည့် ပန်းပုထွင်းထုမှုမျှ မရှိသော်လည်း လက်ရာမြောက်လှ၏။
" မိန်ရန်ကို ပြန်လျှောက်ပါတယ် ဒါကအမတ်မင်းငယ်လေး (ယဲ့ကျယ်) က အရှင်မင်းကြီးကို ယူဆောင်လာခိုင်းလိုက်တာပါ" ယွမ်ကျိုသည် ပြုံးစိစိဖြင့် အလွန် တက်ကြွစွာ ဆို၏။
"အစ်ကိုက နန်းတော်ထဲ ဝင်လာခဲ့တယ်။" ယဲ့ယွင်သည် အံ့ဩဝမ်းသာစွာ ဆိုလိုက်ပြီး ခေါင်းလှည့်ကာ မျက်ဝန်းတစ်စုံမှာ တလက်လက် တောက်ပလျက် နင်ချန်ကို ကြည့်လိုက်သည်။
သူမ၏ မိန်းကလေးငယ်တစ်ဦးကဲ့သို့အမူအရာမျိုးကို ရှားရှားပါးပါး မြင်တွေ့ရသဖြင့် နင်ချန်၏ စိတ်ထဲတွင် မထိန်းနိုင်ဘဲ အနည်းငယ် ပျော့ပျောင်းသွားပြန်၏။
"မင်းရဲ့အစ်ကိုက ဒီနေ့ နန်းတော်ထဲ တာဝန် လာလျှောက်တင်တာ။ ကျန်းက သူ့ကို သန်ဘက်ခါ နန်းတော်ထဲ ထပ်ဝင်ပြီး မင်းနဲ့တွေ့ပေးဖို့ စီစဉ်ထားပြီးပြီ။ အဲ့ဒီအခါကျရင် မင်းရဲ့အမေလည်း အတူတူ လာလိမ့်မယ်။ အပြင်ဘက်ယောက်ျားတစ်ယောက်က မောင်းမဆောင်ထဲ ဝင်လို့ မကောင်းဘူး။ အဲ့ဒီအခါကျရင် ကျိုချန်နန်းဆောင်ရဲ့ ဘေးနန်းဆောင်ထဲမှာ နေ့လယ်စာ တစ်နပ် အတူတူ စားကြပေါ့။"
မောင်းမဆောင်ထဲသို့ ဧကရာဇ်အားခစားရန်ရရှိလာသော ကိုယ်လုပ်တော်များသည် နန်းတော်သို့ ဝင်ရောက်ပြီးနောက် မိသားစုဝင်များကို ပြန်လည် တွေ့ဆုံခွင့် ရရှိခြင်းသည်ပင် ကျေးဇူးတော်တစ်ရပ် ဖြစ်နေပြီ ဖြစ်ရာ နေ့လယ်စာ တစ်နပ်အတူတကွသုံးဆောင်ခြင်းသည်နင်ချန်၏အထူးတလည် မျက်နှာသာ ပေးသနားခြင်းဖြစ်ပေသည်။
သို့သော် ယဲ့ယွင်မှာမူ လက်မခံနိုင်ဘဲ ပြုံးလျက် ကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်၏။
"မယ်တော်နဲ့ အစ်ကို့ကို တွေ့ဆုံခွင့် ရတာနဲ့တင် ဒီချန်းချဲ့ ကျေနပ်နေပါပြီ။ နေ့လယ်စာ သုံးဆောင်ဖို့ ထပ်နေတာက မကောင်းပါဘူး။ မကြာခင် နှစ်သစ်ကူးည နန်းတွင်းပွဲတော် ရောက်တော့မှာပဲ အဲ့ဒီအခါကျရင် ထပ်ပြီး တွေ့နိုင်သေးတာပဲ။"
နင်ချန်သည် သူမ၏ ရှေ့တိုးနောက်ဆုတ် သိတတ်မှုအပေါ် သဘာဝအတိုင်း ကျေနပ်သွားပြီး အတင်းအကျပ် မတိုက်တွန်းတော့ပေ။
အမှန်တကယ်တွင် ယဲ့ယွင် ထိုကျေးဇူးတော်ကို လက်ခံလိုက်လျှင်လည်း ကိစ္စမရှိပေ။ သို့သော် အကျိုးအကြောင်းဆီလျော်စွာ ငြင်းပယ်နိုင်ခြင်းသည် လူကို ပို၍ အထင်ကြီးသွားစေ၏။ မည်သို့ပင်
ဖြစ်စေ အစ်ကိုဖြစ်သူက လက်တလောလေးတင် ဂုဏ်ပြုခံထားရပြီး မိမိကိုယ်တိုင်ကလည်း မောင်းမဆောင်ထဲတွင် မျက်နှာသာ အနည်းငယ် ရရှိထားသည် ဖြစ်ရာ အကယ်၍ အလွန်အမင်း ထင်ပေါ်ကျော်ကြားသွားပါက ၎င်းမှာ အမှန်တကယ်ပင် ပေါ့ပေါ့ဆဆ နိုင်သွားမည် ဖြစ်၏။
ယဲ့ယွင်သည် မောက်မာလို၏။ သို့သော် ပေါ့ပေါ့ဆဆ နိုင်ခြင်းမျိုး လုံးဝ ဖြစ်၍ မဖြစ်ပေ။ တစ်နေ့နေ့သူမထံတွင် လုံလောက်သော နောက်ခံနှင့် အရင်းအနှီးများ ရှိလာမည် ဖြစ်ပြီး နင်ချန်၏ ကျေးဇူးတော် အားလုံးကို မတွန့်ဆုတ်ဘဲ လက်ခံမည့် ထိုနေ့သည် ရောက်လာမည် ဖြစ်သည်။
"သေတ္တာကို ယူခဲ့။ အစ်ကိုက ငါ့အတွက် ဘာယူလာပေးလဲ ကြည့်လိုက်ဦးမယ်။"
ယဲ့ယွင်သည် ဟွေယွဲ့အား သွားယူရန် ညွှန်ကြားလိုက်၏။
နင်ချန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူမက သူ့ရှေ့မှောက်တွင်ပင် ဖွင့်ကြည့်ရဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအချိန်က ယဲ့ကျယ်သည်လည်း သူ့အား ယဲ့ယွင်ထံသို့ ပစ္စည်းယူဆောင်သွားပေးရန် အပ်နှံသည့်အခါ အံ့အားသင့်ခဲ့၏။
မောင်နှမနှစ်ဦးမှာ အမှန်တကယ်ပင် မကြောက်ရွံ့ကြပေ။ ထိုကဲ့သို့ မကြောက်ရွံ့ခြင်းသည် နင်ချန်ကိုယုံကြည်ခြင်းနှင့် ပို၍ တူပေသည်။ အမတ်နှင့်သူ၏အမျိုးသမီး နှစ်ဦးလုံးထံမှ ယုံကြည်ခြင်းခံရခြင်းကြောင့်နင်ချန်သည် အလွန်ဂုဏ်ယူစွာပျော်
ရွှင်နေခဲ့သည်။ အပွင့်လင်းဆုံးဝန်ခံရမည်ဆိုလျှင် ဤမိသားစုတစ်စုလုံး ဉာဏ်ကောင်းကြပေသည်။
ယဲ့ယွင်မှာမူ အစ်ကိုဖြစ်သူ၏အကျင့်စရိုက်ကိုကောင်းစွာနားလည်ပေသည်။ ဧကရာဇ်ထံမှတဆင့် သေတ္တာကိုပေးပို့ရန်တောင်းဆိုခြင်းသည် သေချာပေါက် မမြင်ဖွယ်အပ်သော ပစ္စည်းမဟုတ်သောကြောင့်ဖြစ်သည်။
သေတ္တာကို ဖွင့်လိုက်ရာ အတွင်းထဲတွင် ငွေသားများ (ငွေစေ့ပုံသဏ္ဍာန် ငွေတုံးငယ်များ) တစ်ဘူးအပြည့် ရှိနေပေသည်။
အပေါ်ဘက်တွင် စာရွက်ကို တင်ထားပြီး လက်ရေးဖြင့် စကားတိုလေးတစ်ခွန်းကို ရေးသားထားသည်။
“အားယွင် ညီမလေးနန်းတော်မှာ အဆင်ပြေဖို့သာ ဂရုစိုက်ပါ။ အိမ်အတွက် စိတ်မပူပါနဲ့။"
ဤလောကတွင် သူမအား 'အားယွင်' ဟု ခေါ်ဝေါ်သူမှာ ယဲ့ကျယ် တစ်ဦးတည်းသာ ရှိလေသည်။
ငယ်စဉ်အခါက ယဲ့ကျယ်သည် အလွန်ပင် ချောမောလှပစွာ မွေးဖွားလာခဲ့ရာ သူမသည် စနောက်လိုစိတ် ဖြစ်ပေါ်လာပြီး ကောကော ဟု မခေါ်ဘဲ အားကျဲယ် ဟု တမင် ခေါ်ဝေါ်
ခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ယဲ့ကျယ်သည်လည်း သူမနောက်သို့ လိုက်၍ အားယွင်ဟု ခေါ်ဝေါ်ခဲ့ရာ မောင်နှမနှစ်ဦးကြားမှ ပျော်ရွှင်စရာ ကိစ္စငယ်လေးတစ်ခုဟုလည်း သတ်မှတ်နိုင်ပေသည်။
ငယ်စဉ်ဘဝက အကြောင်းများကိုတွေးမိသောအခါ သဘာဝအတိုင်း အနည်းငယ် လွမ်းဆွတ်မိပြီး ထိုစာရွက်စလေးကို ဆုပ်ကိုင်လျက် အတန်ကြာ စကားမဆိုဘဲ နေနေခဲ့သည်။
"အားယွင်။" နင်ချန်သည် ဘယ်အချိန်က သူမ၏နောက်သို့ ရောက်ရှိနေမှန်း မသိဘဲ အနည်းငယ် သံသယဖြင့် ညင်သာစွာ တစ်ချက် ခေါ်လိုက်၏။ မျက်နှာထက်တွင် အပြုံးရိပ် ဖျော့တော့တော့ ရှိနေသည်။ "ကျန်းတောင် မသိလိုက်ပါလား မင်းရဲ့အိမ်တော်မှာ မင်းကို ဒီလို ခေါ်ဝေါ်ကြတယ်ဆိုတာ။"
"အရှင်မင်းကြီးကို ရယ်စရာ ဖြစ်သွားစေပြီ။ ချန်းချဲ့က အရမ်းကိုဂျီကျတယ်ရယ်။ မိဘနဲ့ အစ်ကိုက အမြဲတမ်း ဒီချန်းချဲ့ကိုအလိုလိုက်ပြီး ပျက်စီးအောင် လုပ်ခဲ့တာ။" ယဲ့ယွင်သည် အားနာဟန်ဖြင့် ဆိုလိုက်၏။
အဆုံးတွင် ငွေသားတစ်ဆုပ်ကို ယူလိုက်ပြီး "ဒီလောက်လေးတဲ့ သေတ္တာကိုယွမ်ကျိုကုန်းကုန်း ယွီရှို့အဆောင်ကို ယူလာရတာ ပင်ပန်းနေရောပေါ့။ ပထမဆုံးငွေစကို ကုန်းကုန်း လက်ဖက်ရည်သောက်ဖို့ ယူသွားလိုက်ပါ။"
"ဒါတွေအားလုံးက ကျွန်တော်မျိုး လုပ်သင့်တဲ့ အလုပ်တွေပါ။ ဘယ်လိုလုပ် ပင်ပန်းတယ်လို့ ပြောရမှာလဲ။ မိန်ရန်က တကယ်ပဲ ယဉ်ကျေးလွန်းပါတယ်။" ယွမ်ကျိုသည် အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်၏။
"တော်ပြီ မင်မိန်ရန်က မင်းကို ဆုချီးမြှင့်တာမှတော့ လက်ခံလိုက်ပါ။" နင်ချန်က လက်ကာပြလိုက်၏။
ယွမ်ကျိုသည် ဤအချိန်ကျမှ ရိုရိုသေသေ လက်ခံလိုက်ပြီး ပျော်ရွှင်စွာ ပြုံးနေခဲ့၏။
ငွေသည် ရွှေလောက် တန်ဖိုးမရှိသည်မှာမှန်သော်လည်းမိမိသည် ဧကရာဇ်
ရှေ့မှောက်မှ အကြီးအကဲမိန်းမစိုးများကဲ့သို့ အရေးပါသည်ဟု မဆိုနိုင်ပေ။ သို့သော် လူသည် ငွေ မလိုအပ်သည့်အခါ မျက်နှာသာရခြင်းကို ပို၍သဘာကျနှစ်သက်ပေသည်။
ယဲ့ယွင်က ပထမဆုံးတစ်ဆုပ်ကို သူ့အား ပေးလိုက်ခြင်းမှာ မျက်နှာသာ အပြည့်အဝ ပေးခြင်းပင် မဟုတ်ပါလား။ အမှန်ပင်မင်
မိန်းရန်သည် ပေါင်းသင်းဆက်ဆံရေးကောင်းလှပေသည်။ ဧကရာဇ်က ပို၍ပို၍ နှစ်သက်လာသည်မှာ အံ့ဩစရာ မရှိပေ။
"ဒီလို ရာသီဥတုမျိုးမှာ လက်ဖက်ရည်သောက်ကြမလား။" ယဲ့ယွင်က အကြံပြုလိုက်၏။
ယခု ညစာ သုံးဆောင်ရန် အချိန် စောသေးသဖြင့် အချိန်းဖြုန်းရန်လုပ်စရာတစ်ခုခုတော့ ရှာဖွေရမည် ဖြစ်သည်။
နင်ချန်သည် ခေါင်းညိတ် သဘောတူလိုက်၏။
အမှန်တော့ သူသည် ကျားကွက်ကစားချင်သော်လည်း ယခင်တစ်ကြိမ် ယဲ့ယွင်၏လက်ထဲတွင် အသာစီး မရခဲ့သည်ကို သတိရမိသောကြောင့်ဧကရာဇ်တစ်ပါးအဖြစ် တစ်သက်တာ ဂုဏ်သတင်းကျော်ကြားမှုအတွက် သည်းခံထားရုံတာတတ်နိုင်တော့သည်။ အလှလေး လက်ဖက်ရည် ကျိုသည်ကို ကြည့်ရှုရခြင်းသည်လည်း အတော်ပင် မဆိုးလှပေ။
အစေခံမလေးများသည် ပြတင်းပေါက်ဘေးမှ နေရာကို ရှင်းလင်းလိုက်ရာ ပြတင်းပေါက်လေကွယ်ရာနေရာတွင် ကွက်တိဖြစ်နေသောကြောင့်ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အပြင်ဘက်တွင် နှင်းဖြူများ ပျံ့ကျနေသည်ကို ကြည့်ရှုရင်း အခန်းထဲတွင် နွေးထွေးလျက် မျက်နှာချင်းဆိုင်ထိုင်၍ လက်ဖက်ရည် ကျိုသောက်ရသည်မှာ အလွန်သက်သောင့်သက်သာ ရှိလှ၏။
ယဲ့ယွင်သည် လက်ကို သန့်စင်လိုက်ရာ ကျိုချန်နန်းဆောင်မှ ကြွေဖြူပန်းအိုးများ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့်ပန်းသစ်တော်ပန်းများကို ထိုးထည့်လိုက်ပြီး လက်ဖက်ရည်စားပွဲပေါ်တွင် တင်ထားလိုက်ရာ ကြည့်ရှုသူအဖို့ စိတ်အေးချမ်းစေသည်။
ဤအချိန်မှပင် နင်ချန်သည် သတိပြုမိလိုက်သည်မှာ ယဲ့ယွင်၏ လက်သည်းများမှာ ပန်းရောင် ဖျော့ဖျော့လေး ဆိုးထားပြီး လက်သည်းထိပ်များကို ချွန်သော ဘဲဥပုံသဏ္ဍာန်သို့ ပွတ်တိုက်ထားကာ အပေါ်ဘက်တွင် ရှိသည်ဆိုရုံမျှသော ရွှေမှုန်လေးများ တစ်လွှာ ဖြူးထားသည်ကိုတွေ့လိုက်ရသည်။ အလင်းရောင်၏ထင်ဟပ်မှုအောက်တွင် ကွဲပြားစွာ ပြောင်းလဲလျက် အလွန် ကြည့်၍ ကောင်းလှသည်။
ယဲ့ယွင်သည် တစ်ဖက်မှလူက မိမိ၏လက်များကို ကြည့်နေသည်ကို သတိပြုမိသဖြင့် တမင်တကာ ဆိုလိုက်၏။
"အရှင်မင်းကြီး ကြည့်လိုက်ပါ။ ဒီအလှတရားက တော်တော်လေး တန်ဖိုးကြီးတာ။ ချန်းချဲ့ရဲ့ ဒီလက်သည်းလေးတွေလုပ်ထားတာ အကုန်အကျ မနည်းခဲ့ဘူးနော်။ အပေါ်က ရွှေမှုန်လေးတွေက တော်တော် အားစိုက်ထုတ်ခဲ့ရတာ။"
ဤသည်မှာလည်း အမှန်တရား ဖြစ်၏။ ရွှေသည် ရှားပါးခြင်း မရှိသော်လည်း ရွှေမှုန်အဖြစ် ပွတ်တိုက်ရန်မှာမူ အလွန် လုပ်ဆောင်ရန် ခက်ခဲလှသည် လက်မှုပညာရပ်ဖြစ်သည်။
နင်ချန်သည် ရယ်မောလိုက်ပြီး ယဲ့ကျယ် ပေးပို့လိုက်သော ငွေသားသေတ္တာကို သတိရသွားကာ ကိုယ်လုပ်တော်ငယ်လေးက ဆင်းရဲကြောင်း ငိုကြွေးနေသည်ဟုသာ သဘောထားလိုက်သည်။
မည်သို့ပင်ဖြစ်စေ ပုံမှန်အားဖြင့် ယဲ့ယွင်သည် အစေခံများကို ဆုချီးမြှင့်ရာတွင် အလွန် ရက်ရောလှသည်။ ထို့ကြောင့်တွေးမိသည်မှာ ကိုယ်လုပ်တော်တစ်ယောက် နန်းတော်ထဲ ဝင်ရောက်လာရာတွင် ကိုယ်နှင့်အတူ ငွေသား ဘယ်လောက်များယူဆောင်လာနိုင်မှာမို့လို့လဲ။
သို့ဖြင့် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ " ယွမ်ကျို နန်းတွင်းရေးရာဌာနကို သွားပြီး ရွှေမှုန်နဲ့ ငွေမှုန် တစ်မျိုးစီ နှစ်ဘူးစီ လုပ်ခိုင်းလိုက် မင်မိန်ရန်ကို သုံးစွဲ ကစားစေ။ နောက်ပြီး ကျန်းရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ထဲက ငွေစ သုံးရာ ယူပြီး ပို့ပေးလိုက်။ ဒါကိုတော့ တခြားသူတွေကို မသိစေနဲ့။"
"ဟုတ်ကဲ့ပါ။" ယွမ်ကျိုကရိုသေစွာပြန်ဖြေလိုက်သည်။
စိတ်ထဲတွင်တော့ ဧကရာဇ်၏လက်ဖွာမှုကိုတွက်ချက်နေခဲ့သည်။ တော်တော်မနည်းဘူးပဲ။
မိန်ရန်၏ လစဉ် လစာငွေမှာ သုံးဆယ်
ကျပ်သာဖြစ်ပြီး ယခုပေးအပ်လိုက်သည်မှာ တစ်နှစ်စာ ငွေသားနီးပါးပင် ဖြစ်၏။ မောင်းမဆောင်ထဲတွင် ငွေသည် ရေကဲ့သို့ စီးဆင်းနေပြီး အစေခံတစ်ဦးဦးကို ချီးမြှင့်လိုပါက အနည်းဆုံးငွေစငါးစဖြစ်သည်။
ထိုကြောင့်ငွေမရှိသော ကိုယ်လုပ်တော်များမှာမူ မလွှဲမရှောင်သာ အောက်မှလူများ၏ ကပ်စေးနည်းသည်ဟု အပြောခံရပြီး ပြုစုစောင့်ရှောက်ရာတွင်လည်း စိတ်မပါကြပေ။
နင်ချန်က သုံးစွဲရန် ငွေပေးသဖြင့် ယဲ့ယွင်
သည် ပျော်ရွှင်သွားခဲ့သည်။ နန်းတော်ထဲ ဝင်ရောက်ပြီးနောက် ငွေရရှိသောနေရာမှာ သုံးနေရာရှိသည်။ တစ်ခုမှာ လစဉ် လစာငွေဖြစ်ပြီး နောက်တစ်ခုမှာဆုလာဘ်များ ဖြစ်ကာ သုံးမှာ အိမ်မှထောက်ပံ့ခြင်း ဖြစ်သည်။ ရှေ့မှ နှစ်ခုမှာ အမှန်တကယ် မများပြားလှပေ။ အထူးသဖြင့် ဆုလာဘ်များမှာ အများစုမှာ ပစ္စည်းများဖြစ်ပြီး တန်ဖိုးရှိသည်မှာ မှန်သော်လည်း ငွေအဖြစ် သုံးစွဲ၍ မရသောကြောင်ပင်။ ထို့ကြောင့် မျိုးရိုးကောင်းခြင်း၏အရေးပါပုံသည် အမှန်တကယ်ပင်ဖြစ်သည်ကိုလက်ခံရမည်။
ယခုအနောက်ဆောင်တွင်ငွေမလိုအပ်
သူမှာ မိဖုရားခေါင်ကြီးဖြစ်သည်။
ဒုတိယအနေဖြင့် ပထမအဆင့် 'ဖေး' နေရာမှ ကြင်ယာတော်များဖြစ်သည်။ ကျင်းဖေး နှင့် ယန်ရှိုးယီတို့မှာမူ အနည်းငယ် နိမ့်ကျသော်လည်း လုံလောက်သေး၏။ ထပ်၍ အောက်ဆင်းလျှင် ယဲ့ယွင်၊ ယောင်ရှန်း၊ ချန်ဝမ်ရုန်၊ ယိဝမ်ရုန်တို့ အနည်းငယ်သာ ငွေ မလိုအပ်ဘဲ ရှိလေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-62
အခန်း ၆၂ ။ မနာလိုလည်း အသုံးမဝင်ဘူး
နောက်တစ်နေ့ ယဲ့ယွင်နိုးလာသောအခါ ဘေးမှလူသည် အစောကြီးထွက်သွားခဲ့ပြီဖြစ်သည်။
ယဲ့ယွင်သည် အစေခံမလေးများအား ထူမစေပြီး အခန်းထဲတွင် မီးလင်းဖိုလေးလုံး အပြည့် မီးမွှေးထားသဖြင့် အတော်ပင် နွေးထွေးလျက် ရှိသည်။
သူမ၏အခန်းထဲတွင် သုံးသည်မှာ ပိုးနီမီးသွေးဖြစ်ပြီး ငွေမျှင်မီးသွေးထက် အနည်းငယ်သာညံ့ဖျင်းသော်လည်း အတော်လေး ကောင်းမွန်လှသည်ဟုဆိုနိုင်သည်။
ထိုနှစ်ခုအောက်အဆင့်မှ မီးသွေးများမှာမူ မီးမွှေးလိုက်သည်နှင့် မီးခိုးများအလွန်မွှန်ကာ လူကိုနေရခက်စေသည်။
ယဲ့ယွင်သည်ဖုန်းရှီးနန်းဆောင်သို့ သွားရာလမ်းတစ်လျှောက်တွင် ကျိုးပေါင်လင် နှင့် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့၏။
"ချန်းချဲ့ မင်မိန်ရန်ကို ဂါရဝပြုပါတယ်။" ကျိုးပေါင်လင်သည် ရိုသေစွာနှုတ်ဆက်လာခဲ့သည်။
ယဲ့ယွင်၏ စကားဖြင့် တိုက်ခိုက်သော စွမ်းရည်ကိုမြင်ဖူးသဖြင့် သူမ၏စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့လျက်ရှိသော်လည်း သူမကိုယ်သူမလည်း မလုပ်သင့်သောအရာ ဘာမှ မလုပ်ထားခဲ့ဟု တွေးမိသဖြင့် အတော်ပင် တည်ငြိမ်အေးဆေးနေခဲ့သည်။
"အရိုအသေပေးစရာ မလိုပါဘူး။" ယဲ့ယွင်သည် လက်ကာပြလိုက်ပြီး သူမကို တစ်
ချက် ကြည့်လိုက်သည်။
"ဘာလို့ ဝတ်ရုံရှည် ထပ်မဝတ်လာတာလဲ
ဒီနေ့ တော်တော် အေးတယ်။”
ကျိုးပေါင်လင်၏ အမူအရာသည် အနည်းငယ် ကသိကအောက်ဖြစ်သွားပြီး လက်ထဲတွင် ကိုင်ထားသော မီးဖိုငယ်လေးကို ဆုပ်ကိုင်ထားသည့် လက်ကို တင်းကျပ်လိုက်သည်။
"ဒီချန်းချဲ့က အအေး မကြောက်ပါဘူ အဆောင်နဲ့ကလည်း ဝေးတော့ တစ်လမ်းလုံး လျှောက်လာရတာ နည်းနည်းတောင် ပူနေသေးတယ်။"
ယဲ့ယွင်သည် သူမ၏ အနည်းငယ် နီရဲနေသော လက်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် လိမ်ညာနေမှန်း သိလိုက်၏။
"ငါဒီနေ့ အပြင်ထွက်တာ လည်စည်းပဝါတစ်ထည် အပို ယူလာခဲ့တယ်။ မင်း အရင် ဝတ်ထားလိုက်ပေါ့။ အနည်းဆုံးတော့ လေကာပေးနိုင်တယ်။ အအေး မမိစေနဲ့။"
ဟွေယွဲ့သည် သူမ အအေးမိမည်ကို စိုးရိမ်သဖြင့် တမင်တကာ ယူဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသဖြင့်အသုံးမဝင်ခဲ့ပေ။
ကျိုးပေါင်လင်သည် ငြင်းဆန်ရန် ကြံရွယ်နေသေးသော်လည်း ဟွေယွဲ့က လည်စည်းပဝါကိုထိုးပေးလိုက်ပြီးဖြစ်၏။
လည်စည်းမှာ ယုန်မွေးဖြင့် ပြုလုပ်ထားသော်လည်းယဲ့ယွင်အတွက်မူ အရေးပါသည်ဟု မဆိုနိုင်ပေ။ သူမ၏သေတ္တာထဲတွင်အခြားအထည်များစွာ ရှိနေသေး၏။ သို့သော် မျိုးရိုးသာမန်မျှသာဖြစ်သော ကျိုးပေါင်လင်အတွက်မူ အလွန် တန်ဖိုးကြီးလှပေသည်။
ယဲ့ယွင်သည် မူလကတည်းက စကားများသူတစ်ယောက် မဟုတ်ပေ။ ယခင်တစ်ကြိမ် ဥယျာဉ်ငယ်လေးထဲတွင် ကျန်းပေါင်လင် နှင့် ကျိုးပေါင်လင် တို့ကို တွေ့ဆုံစဉ်က ကျိုးပေါင်လင်သည် ဝင်ရောက်ကူညီပြောဆိုခြင်း လုံးဝမရှိခဲ့ဘဲ နောက်ပိုင်းတွင် ကျန်းပေါင်လင်ထံမှ သူမဘာသာ ပြောင်းရွှေ့သွားခဲ့သောကြောင့် ယဲ့ယွင်၏စိတ်ထဲတွင် လူကောင်းအဖြစ်သက်မှတ်ထားခဲ့သည်။
မောင်းမဆောင်ထဲတွင် တစ်ဦးတည်း တိုက်ခိုက်နေ၍ မဖြစ်နိုင်ပေ။ အပြင်ဘက်မှ အကူအညီ လိုအပ်သည့် အချိန်များလည်းရှိလာမည်ဖြစ်သည်။
ဝမ်ကျယ်ယွီနှင့်ကျိုးပေါင်လင်တို့နှစ်ယောက်ထဲကတစ်ဦးကို ရွေးချယ်ရမည်ဆိုလျှင် သေချာပေါက်နန်းတော်သို့ဝင်ရောက်လာသည်မှာ မကြာသေးဘဲ အခြေခံ မည်မည်ရရမရှိသော ကျိုးပေါင်လင်ကပ်ိုကောင်းပေသည်။
သဘာဝအတိုင်းပင် ဤအပြုအမူသည်လည်း အမြင်ကောင်း ရရှိစေရန်မျှသာဖြစ်ပြီး နောက်ပိုင်းတွင် အသုံးဝင် မဝင်မှာမူ ပြောရခက်ပေသည်။
.....
ဖုန်းရှီးနန်းဆောင်သို့ရောက်ရှိသောအခါ အတွင်းထဲတွင် လူအတော်များများ ထိုင်နေကြပြီး ဖြစ်၏။
ယဲ့ယွင် ဝင်ရောက်လာသည်ကို မြင်
သောအခါ အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ရှူးဖေးသည် မကောင်းသောရည်ရွယ်ချက်ဖြင့် ဦးစွာစကားစလာခဲ့သည်။
"ကြားတာတော့ မနေ့က ပန်းသစ်တော်ဥယျာဉ်ထဲမှာ မင်မိန်ရန်နဲ့ ဖန်းချိုက်ရန် (ယောင်ရှန်း) တို့ နှစ်ယောက်လုံး ရှိနေကြတယ်ဆို။ ဘယ်လိုဖြစ်လို့ အရှင်မင်းကြီးက နောက်ပိုင်း ယွီရှို့အဆောင်ကိုပဲသွားပြီး မင်မိန်ရန်ကိုပဲ ဆုချီးမြှင့်ရတာလဲ။"
ဖန်းချိုက်ရန်၏မျက်ဝန်းအိမ်များ အေးစက်သွားသော်လည်း ခေါင်းမော့လိုက်သည့်အခါတွင်မူ မတတ်နိုင်သော အမူအရာ ဖြစ်နေ၏။
" မင်မိန်ရန်က အမြဲတမ်း အရှင်မင်းကြီးရဲ့ နှစ်သက်မှုကို ရရှိထားတာပါ။ ဒီချန်းချဲ့က အလှဆင်ပံ့ပိုးပေးရုံလေးပါပဲ။ ဘယ်လိုလုပ် အလင်းရောင်ကို လုရဲမှာလဲ။"
"ဒီစကားကို ပြောလိုက်တာ နင်ကသာ လုရင် လုလို့ ရနိုင်သလိုပဲ။" ယန်ရှိုးယီသည် လှောင်ရယ်သံတစ်ချက် ပြုလိုက်၏။
ဖန်းချိုက်ရန်သည် ချက်ချင်း မျက်နှာထား ပြောင်းလဲသွားပြီး စိတ်ထဲတွင် ဒေါသမီးများ တဟုန်ထိုး တောက်လောင်လာကာ လေသံလည်း မကောင်းမွန်တော့ပေ။
" ရှိုးယီ (ယန်ရှိုးယီ) မယ်မယ် ပြောတာ မှန်ပါတယ်။ ဒီချန်းချဲ့က ကိုယ့်ကိုယ်ကိုယ် မမီမှန်း သိပါတယ်။ မယ်မယ် နောက်တစ်ခါ ကိုယ်တိုင် ကြိုးစားကြည့်ပါလား။ လုယူလို့ရခဲ့ရင် ချန်းချဲ့ကိုလည်း သင်ယူခွင့် ပေးပါဦး။"
"အတင့်ရဲလိုက်တာ။" ယန်ရှိုးယီသည် သူမ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ခပ်ပြင်းပြင်းဆောင့်ချလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။
" ပန်ကုန်းတောင် မသိလိုက်ပါလား။ ဖန်းချိုက်ရန်ရဲ့ပါးစပ်လေးက သွက်လှချည်လား။ မင်မိန်ရန်နဲ့ ပေါင်းသင်းနိုင်တာ မဆန်းပါဘူး။ အစကတည်းက လမ်းကြောင်းတူတဲ့ လူတွေကိုး။"
ယဲ့ယွင်သည် နားမလည်ဟန် အပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
" ရှိုးယီ (ယန်ရှိုးယီ) မယ်မယ် ဒီစကားကို ပြောတာ သွား မကိုက်ဘူးလား။"
"နင် ဘာကို ဆိုလိုတာလဲ။" ယန်ရှိုးယီသည် သူမအား ကာကွယ်ဟန်ဖြင့် ကြည့်လိုက်ပြီး အလွန် နားမလည်နိုင် ဖြစ်နေ၏။
ယဲ့ယွင်သည် ပါးစပ်ကို အုပ်၍ ပြုံးလိုက်ပြီး
“ချန်းချဲ့ ကြည့်ရတာ မယ်မယ် စကားပြော
တဲ့အချိန်တိုင်း မနာလိုဖြစ်နေသလိုအံကြိတ်ထားလို့လေ။ ဒါကြောင့် စိတ်ပူမိတာပေါ့နော်။"
"အိုက်ယိုး မင်မိန်ရန်က တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းတဲ့သူပဲ။ ရယ်ရလွန်းလို့ သေတော့မယ်။"
ရှူးဖေးသည် ကြားပြီးနောက် ပထမဆုံး အသံထွက်၍ ရယ်မောလိုက်၏။
ယန်ရှိုးယီသည် ဒေါသထွက်လွန်း၍ မျက်နှာမှာ သံမည်းကဲ့သို့ ဖြစ်သွားပြီး လက်ပဝါကို ဆွဲလိမ်လျက် တကယ်ပင် အံကြိတ်လိုက်မိသည်။ "နင်တို့။"
ကျင်းဖေးသည် အချိန်ကိုက်ပင် စကားဝိုင်းသို့ဝင်လာပြီး မပူမအေး လေသံဖြင့်၊
"ရှူးဖေးမယ်မယ်က ပထမအဆင့် 'ဖေး' နေရာမှာပါ။ ယန်ရှိုးယီက 'နင်' ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ သုံးနှုန်းလိုက်တာနန်းတွင်းစည်းကမ်းကို ချိုးဖောက်ပြီး အောက်ကလူက အထက်ကို ကျူးလွန်တာ ဖြစ်သွားမှာကို စိုးရိမ်ရတယ်နော်။"
ဤစကားတစ်ခွန်းသည် ယန်ရှိုးယီအား ချေပနိုင်စွမ်း မရှိအောင် ပိတ်ဆို့လိုက်သဖြင့် ကျင်းဖေးကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ခေါင်းလှည့် ထွက်သွား၏။
အကယ်၍ ယခင်ကသာဆိုလျှင် သူမသည် ဤသို့ နစ်နာမှုကို သေချာပေါက် ခံရမည် မဟုတ်ပေ။ ရှူးဖေး၊ ကျင်းဖေး ဘယ်သူကများ သူမမျက်နှာကို ပေါ်ပေါ်ထင်ထင်လာရိုက်ရဲကြမှာလဲ။
ယခု သူမအပေါ် မျက်နှာသာပေးမှု နည်းပါးသွားသောကြောင့်သာ ဤသို့ လူများ၏အနိုင်ကျင့်ခြင်းကို ခံရခြင်း ဖြစ်ပေသည်။
ကံကောင်းသည်မှာ ယန်ရှိုးယီသည် မျိုသိပ်ထားနိုင်သူဟု သတ်မှတ်နိုင်ပြီး ယခုအချိန်သည် အနိမ့်ဆုံး အခြေအနေဖြစ်ကြောင်း၊ ပြဿနာ ရှာ၍ မဖြစ်ကြောင်း သိရှိသဖြင့် ယခုကိစ္စသည်လည်းပြီးဆုံးသွားခဲ့သည်။
ပြဇာတ်ကို အလုံအလောက် ကြည့်ရှုပြီးသော မိဖုရားခေါင်ကြီးသည် ထိုအချိန်ကျမှ နောက်ဆုံးတွင် ဝင်ပြောလိုက်၏။
"နောက်ထပ် လဝက်နေရင် နှစ်သစ်ကူးည ရောက်ပြီ။ အဲ့ဒီအခါကျရင် နန်းတွင်းပွဲသဘင်မှာ မင်းတို့အားလုံး စည်းကမ်းတကိနေပြီး ပန်းကုန်မျက်နှာပျက်အောင်မလုပ်ဖို့မျှော်လင့်တယ်။ တကယ်လို့ ဂုဏ်သိက္ခာ ပျက်ယွင်းစေမယ့် ကိစ္စတစ်ခုခု လုပ်လာပြီး တော်ဝင်မိသားစုရဲ့ မျက်နှာကို ထိခိုက်စေရင် ပန်ကုန်းက သံယောဇဉ်ကို ထောက်မနေဘူးလို့ အပြစ်မတင်ကြနဲ့။"
"ချန်းချဲ့တို့ အမိန့်ကို နာခံပါတယ်။ သေချာပေါက် နန်းတွင်းစည်းကမ်းကို လိုက်နာပါ့မယ်။" လူတိုင်း ထရပ်၍ အရိုအသေပေးကြ၏။
မိဖုရားခေါင်ကြီးသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး
“တော်ပြီ၊ ဒီနေ့ ဒီလောက်ပဲ။ မယ်တော်ကြီးက နေကောင်းကာစပဲရှိသေးတယ်။ မယ်တော်ကြီးလက်တလောတော့ နာလန်ထူရအောင် ပန်းကုန်းတို့မနှောက်ယှက်တော့ဘူး။ အဲ့တာကြောင့်နှစ်မကူးခင်ထိချီနင်နန်းဆောင်ကို ဂါရဝပြု သွားစရာ မလိုတော့ဘူး။ အားလုံး လူစုခွဲကြတော့။"
ဤရက်ပိုင်း မိဖုရားခေါင်ကြီးသည် နှစ်
သစ်ကူးည နန်းတွင်းစားပွဲကိစ္စအတွက် အဆက်မပြတ် စိုးရိမ်ပူပန်နေရသဖြင့် အမှန်ပင် ပင်ပန်းနွမ်းနယ်လျက် ရှိပေသည်။
လူတိုင်း ဆုတ်ခွာသွားကြပြီးမှ တင်းမားမားသည် အားရှိစေသော ဆေးရည်တစ်ခွက်ကို ယူဆောင်လာ၍ သူမအား သောက်သုံးစေခဲ့ကာ နှိပ်နယ်ပေးခဲ့သည်။
"မယ်မယ် မင်းသားခန်အတွက် တရားဝင်
ဇနီးနေရာအတွက် လူတစ်ချို့ရွေးထားပါတယ်။ မယ်မယ် ကြည့်ကြည့်ပါအုံး။ အခု စိတ်ထဲမှာ သိထားမှ ညစာပွဲနေ့ကျမယ်တော်ကြီး ထပ်မေးလာမှာကို မစိုးရိမ်ရတော့ဘူးလေ။"
မိဖုရားခေါင်ကြီးက ခေါင်းညိတ်လိုက်ရာ တင်းမားမားသည်လည်း လှည့်ထွက်သွားပြီး စာအုပ်ငယ်တစ်အုပ်ကို ယူဆောင်လာခဲ့၏။
ဖွင့်လိုက်သောအခါ အပေါ်ဘက် စာမျက်နှာတိုင်းတွင် အမျိုးသမီးငယ်တစ်ဦး၏ ပုံတူပန်းချီငယ်တစ်ခုကို ရေးဆွဲထားပြီး ဘေးတွင် မျိုးရိုး၊ အသက်အရွယ်၊ ထူးချွန်မှု အစရှိသည်တို့ကို အသေးစိတ် ရေးသားထား၏။
စာမျက်နှာ အနည်းငယ် လှန်လှောပြီးနောက် မိဖုရားခေါင်ကြီးသည် အေးစက်စွာ ရယ်မောလိုက်သည်။
"ချန်မိသားစုက တကယ်စိတ်ကြီးတာပဲ။ ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တစ်ယောက် ရှိနေတာတောင် မကျေနပ်နိုင်သေးဘူး။ မင်းသားခန်းရဲ့ တရားဝင်ဇနီးနေရာကိုပါ ထပ်လိုချင်သေးတယ်။ ဒီ ချန်စူးဟွာက ချန်ဝမ်ရုန်ရဲ့ ညီမ ဝမ်းကွဲလား။"
"ဟုတ်ပါတယ်" တင်းမားမားက ဆို၏။
" ယောင်မိသားစုနဲ့ ဝူမိသားစုကကတော့ သူတို့သမီးပျိုတွေကိုမထည့်ထားပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးမတို့ မြို့စားမင်းရဲ့ သဘောထားကတော့ သခင်မလေး ၅ ကို မင်းသားခန် ရဲ့ အိမ်တော်ထဲ ဝင်စေချင်
တယ်။ သခင်ကြီးပြောတာကအရှင်မင်းကြီးက ညီအစ်ကို သံယောဇဉ်ကို အလေးထားပါတယ်တဲ့။ ရှဲ့မိသားစုဝင်တစ်ယောက် မင်းသားခန်ရဲ့ အိမ်တော်မှာ ကူညီထောက်ပံ့ပေးနေရင် နောင်ကျရင် မယ်မယ်က မင်းသားဖွားမြင်တဲ့အခါ အကူအညီတစ်ခု ဖြစ်စေမှာတဲ့။"
မိဖုရားခေါင်ကြီးသည် သူ့အဖေဖြစ်သူ၏ဆုံးဖြတ်ချက်ကိုဂရုမစိုက်ပေ။ သူမအား စိတ်အနှောင့်အယှက် ဖြစ်စေရန် နန်းတော်ထဲသို့ ပို့ဆောင်လာခြင်း မဟုတ်သ၍ ကိစ္စမရှိပေ။
ထို့အပြင် နောက်ဆုံးတွင် လူကို မင်းသားခန်၏အိမ်တော်သို့ ပို့ဆောင်နိုင်၊ မပို့ဆောင်နိုင်မှာ ဧကရာဇ်၏ သဘောထားကို ကြည့်ရဦးမည် ဖြစ်သည်။
နောက်ဆုံးတွင် မျိုးရိုးကြီး မိသားစုများမှ မိန်းကလေး အနည်းငယ်ကို ရွေးချယ်လိုက်ပြီး ရှဲ့မိသားစု၏ ပဉ္စမသခင်မလေးလည်း ပါဝင်လေသည်။ ဤလူအနည်းငယ်၏ ပုံတူပန်းချီများကို ကျိုချန်နန်းဆောင်သို့ တစ်ပါတည်း ပို့ဆောင်လိုက်၏။
....
နင်ချန် ကြည့်ရှုပြီးနောက် မင်းသားခန်၏ တရားဝင်ဇနီးဝမ်ဖေးအဖြစ် ကျန်းနင်မှရွှီရှီကိုရွေးချယ်လိုက်ပြီး ရှဲ့မိသားစု၏ ပဉ္စမသခင်မလေးကို ချဲ့ဖေး(ဒုတိယဇနီး)အဖြစ် သတ်မှတ်ပေးလိုက်သည်။
အမှန်စစ်စစ်တွင် နင်ချန်သည်ညီတော်များအတွက် အမျိုးသမီးများရွေးပေးတတ်သည့်အကျင့် မရှိပေ။ အကယ်၍ ညီတော် နင်ရွေ့ (မင်းသားခန်) တွင် မွေးမိခင်သာ ရှိနေသေးပါကနင်ချန် ဂရုစိုက်မည်မဟုတ်ပေ။ ထို့အပြင်မယ်တော်ကြီးကိုလည်း အားကိုးလို့မရနိုင်သဖြင့် ကိုယ်တိုင်ဝင်ပါရခြင်းဖြစ်သည်။
စိတ်မပူပန်ချင်ခြင်းကို ပြောရမည်ဆိုလျှင် ယဲ့ယွင်ထက်ပို၍ ပျင်းရိသူ မည်သူမျှရှိတော့မည်မဟုတ်ပေ။ ယွီရှို့အဆောင်သို့ ပြန်ရောက်သည်နှင့် ချက်ချင်း ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ပစ်ကာ ခုတင်ပေါ်သို့ ပြန်လည် လူးလိမ့်တက်သွားခဲ့သည်။
အလွန်အိပ်ငိုက်နေ၍ မဟုတ်ဘဲခုတင်ပေါ်တွင် နွေးထွေးနေသောကြောင့်ဖြစ်သည်။
ဟွေယွဲ့နှင့် နန်ကျစ်တို့သည် ခြေတင်ခုံများပေါ်တွင် ထိုင်လျက် သူမအတွက် ငွေအိတ်များနှင့် လက်ကိုင်ပဝါများ ထိုးပေးနေကြပြီး သခင်နှင့် အစေခံ သုံးဦးတို့သည် စကားပြောဆိုနေကြ၏။
"အခု ယန်ရှိုးယီက အရင်ကနဲ့ မတူတော့သလိုပဲ။ ကျွန်တော်မျိုးမ မှတ်မိတာ နန်းတော်ထဲဝင်ခါစတုန်းက ယန်ရှိုးယီက ရာထူးနိမ့်တဲ့ ကိုယ်လုပ်တော်တွေနဲ့ ရန်မဖြစ်ဘူး အမြဲတမ်းမာနကြီးနေတာ။" ဟွေယွဲ့က ပြောလိုက်သည်။
ယဲ့ယွင်က ပြုံးလိုက်ကာ "အရင်တုန်းက အနောက်ဆောင်မှာ မျက်နှာသာပေးခံရတဲ့သူတွေခဲ ယန်းရှို့ယီက ဝမ်ဖေးပြီးရင် ဒုတိယပဲလေ။ အဲ့တာကြောင့်သေချာပေါက် ကိုယ့်အဆင့်အတန်းကိုယ် အစွန်းအထင်းခံပါ့မလား။”
"အခုက အရင်ကလိုမှ မဟုတ်တော့တာ ကျွန်တော်မျိုးမ ကြည့်ရတာ သူက အခု တွေ့သမျှလူကို လိုက်ကိုက်နေတာပဲ မိန်ရန်ကိုလည်း တော်တော်လေး အနိုင်ကျင့်ခဲ့တာ။" နန်ကျစ်သည် နှုတ်ခမ်းစူလိုက်၏။
"ကျစ်... ထားလိုက်ပါ။ ငါတို့မနာလိုဖြစ်နေလည်း အသုံးမဝင်ပါဘူး အရှင်မင်းကြီး ဘယ်သွားသွား ငါတို့တွေက သူ့ကို ချည်ထားလို့ရမှာမှမဟုတ်တာ။”
ယဲ့ယွင်သည် မျက်နှာကြက်ကို ကြည့်ရင်း ဆက်ပြောသည်။
"ငါတို့တွေ အခုလက်ရှိကိုပဲကောင်းကောင်း တန်ဖိုးထားရအောင်ပါ။ တကယ်လို့ တစ်နေ့နေ့ငါလည်း ဧကရာဇ်ရဲ့မျက်နှာသာပေးမှုမရှိတော့ရင် ယန်ရှိုးယီလောက်တောင် မာန်တတ်နိုင်ပါ့မလားပဲ။”
"ဖွတ် ဖွတ် ဖွတ်”နန်ကျစ်သည် အလျင်အမြန် သူမ၏စကားကို ဖြတ်ပြောလိုက်။ "သခင်မလေးက လျှောက်ပြောနေတာပဲ။"
ယဲ့ယွင်သည် ရယ်မောလိုက်ကာစနောက်လိုက်သည်။
"ဟွေယွဲ့ နန်ကျစ်ကို ကြည့်ဦး။ စိတ်စောလွန်းလို့ ယောင်ပြီးအခေါ်အဝေါ်တောင် မှားကုန်ပြီ။"
***