← Chapters

အခန်း (၆၃-၆၄)

Vol. 4 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 4 Ch. 63-64

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-63

အခန်း ၆၃ ။ သာမန်လူတစ်ယောက် မဟုတ်

ယဲ့ယွင်နှင့် ဟွေယွဲ့တို့၏ စနောက်ခြင်းကို ခံရသောအခါ နန်ကျစ်၏မျက်နှာသည်နီမြန်းသွားလေ၏။

သူမသည် ထရပ်၍ ခြေဆောင့်လိုက်ပြီး

"မိန်ရန်က ကျွန်တော်မျိုးမကိုဆိုအမြဲတမ်း စနောက်နေတာပဲ။ ကျွန်တော်မျိုးမ မိန်ရန်တို့နဲ့စကားမပြောတော့ဘူး။ အပ်ချုပ်ဆောင်ကို လွန်ခဲ့တဲ့ ရက်နည်းနည်းက ပို့ထားတဲ့အထည်တွေ ဘယ်လိုဖြစ်ပြီလဲ သွားကြည့်လိုက်ဦးမယ်။"

"ကောင်းပါပြီ ကောင်းပါပြီ။ ကျဲကျဲနန်

ကျစ်မြန်မြန် သွားပါ။ ကျွန်မကအခုလို ခြေမသန်လက်မသန်လေးဆိုတော့ အစ်မတော်ကိုပဲ အားကိုးနေရတာ။"

ယဲ့ယွင်သည် စောင်ခြုံထဲမှ လက်ကို ဆန့်ထုတ်လာကာ နန်ကျစ်၏အင်္ကျီစကို ဆွဲလျက် ပြုံးစိစိဖြင့် ဆိုလေသည်။

နန်ကျစ်သည် သူမ၏ စနောက်မှုကြောင့် ရယ်မောသွားရပြီး သခင်နှင့် အစေခံ သုံးဦးတို့သည် နောက်တစ်ကြိမ် အတော်ကြာ ဆက်လက်စနောက်ကစားခဲ့ကြပြန်သည်။ နောက်ဆုံးတွင် ပိုင်ရှုကသာ နန်ကျစ်နှင့်အတူ အပ်ချုပ်ဆောင်သို့ လိုက်ပါသွားခဲ့သည်။ စုစုပေါင်း အထည် လေးလိပ် ပို့ဆောင်ထားရာ အဝတ်အစားများအဖြစ် ပြုလုပ်ပြီး ယူဆောင်လာရသည်မှာလည်း မပေါ့ပါးလှပေ။

......

ဤတစ်ကြိမ် သွားရောက်ရာတွင် ကိစ္စငယ်လေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရလိမ့်မည်ကိုတော့ မမျှော်လင့်ခဲ့ကြပေ။။ သူတို့နှစ်ဦးရောက်ရှိသည်နှင့် အပ်ချုပ်ဆောင်မှ ကျင်းမားမားသည် ပြုံးလျက် ကြိုဆိုလာသည်။

"အို မိန်းကလေးနန်ကျစ်ပဲ။ မင်မိန်ရန်ရဲ့အဝတ်အစား လာယူတာလား။ ဒီနှစ်ကုန်ပိုင်းက အလုပ်တွေ အလျင်စလို လုပ်နေရတာ များတယ်။ မိန်ရန်ကအထည်လေးလိပ် ပို့ထားတာ နှစ်လိပ်တော့ပြီးသွားပြီ။နောက်ထပ် နှစ်လိပ်ကတော့ပြီးဖ်ို့သုံးငါးရက်လောက်ကြာအုံးမယ်။ မိန်းကလေး ပြီးထားတာကို အရင် ဝင်ကြည့်မလား။"

ဤသည်မှာ မားမား၏အမှားတော့ မဟုတ်ပေ။ နှစ်ကုန်ပိုင်းတွင် နန်းဆောင်အသီးသီးမှ အဝတ်အစားသစ်များ အလျင်စလို ချုပ်လုပ်နေကြရသဖြင့် အမှန်ပင် လူမလုံလောက် ဖြစ်တတ်၏။ အထည်များ ပို့ဆောင်ထားသည်မှာ ငါးရက်မျှသာ ရှိသေးရာ အဝတ်အစား နှစ်စုံ ပြီးစီးအောင် ချုပ်လုပ်နိုင်ခြင်းမှာ အလွန်ကောင်းမွန်လှပေပြီ။ မည်သို့ပင်ဖြစ်စေ ယခုခေတ်၏ပန်းပုံစံများမှာ အားလုံး လက်ဖြင့်ပန်းထိုးရခြင်းဖြစ်သည်။

"မားမား အလျင်မလိုပါဘူး။ ကျွန်မက လာကြည့်ရုံသက်သက်ပါ။ အကျီတစ်ထည်လှဖို့ဆိုတာ ဖြည်းဖြည်းလုပ်မှအကောင်းဆုံးရမှာလေ။ ကျွန်မတို့မိန်ရန် နှစ်သစ်ကူးမှာ ဝတ်ဆင်နိုင်ရင်ရပါပြီ။ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်လည်း အဝတ်အစားသစ်မရှားပါဘူး။" နန်ကျစ်သည် ညင်သာစွာ ပြုံးလျက် ဆို၏။

ကျင်းမားမားသည်လည်း သက်ပြင်းတစ်

ချက် ချလိုက်မိသည်။ သူမက ပြဿနာရှာခံရမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်လေသည်။ထို့အပြင် ယဲ့ယွင်၏မောက်မာသည့်စိတ်ဓာတ်အကြောင်း ကြားသိထားပြီး ဖြစ်ပေသည်။ ယခုမျက်နှာသာပေးမှုလည်း ရှိနေသဖြင့် ပြဿနာရှာပါက သူတို့လည်း ထိန်းနိုင်မည် မဟုတ်ပေ။

"မိန်းကလေး ပြောတာ မှန်ပါတယ်။ မင်မိန်

ရန်က သေချာပေါက်ဝတ်စုံရှားမှာမဟုတ်ပါဘူး။ မိန်းကလေး ကျွန်တော်မျိုးမနဲ့အတူ အတွင်းဘက်ကို လိုက်ကြည့်ပါအုံး။ ပြီးသွားတဲ့အထည်တွေကိုတော့အားလုံး ထုပ်ပိုးထားပါတယ်။ မိန်းကလေး ယူပြန်သွားပြီး မိန်ရန်ကို စမ်းဝတ်ကြည့်

ခိုင်းလိုက်ပါ။ မကျေနပ်တာတစ်ခုခု ရှိရင် အချိန်မရွေး ပြန်ယူလာခဲ့ပါ။ ကျွန်တော်မျိုးမ လူလွှတ်ပြီး ပြင်ခိုင်းလိုက်ပါ့မယ်။"

နန်ကျစ်သည် ခေါင်းညိတ်လိုက်ပြီး ပိုင်ရှုနှင့်အတူ သူမနောက်သို့ လိုက်ဝင်သွား၏။

အပ်ချုပ်ဆောင်မှ လူများသည် အမှန်ပင် စိတ်ရှည်လက်ရှည် လုပ်ဆောင်ထားကြသည်။ အဝတ်အစားများကို လှပအောင် ချုပ်လုပ်ထားရုံသာမက ကျန်ရှိသော အစွန်းအစများကိုလည်း ငွေအိတ် အစရှိသော အသုံးအဆောင်ငယ်လေးများ ပြုလုပ်ထားပြီး တစ်စုံလိုက် တွဲဖက်ထားရာ အလွန် ကြည့်၍ ကောင်းလှ၏။

"ကျင်းမားမားကို ပင်ပန်းစေမိပြီ။ ကျွန်မတို့မိန်ရန်မြင်ရင် သေချာပေါက် သဘောကျမှာပါ။" နန်ကျစ်သည် ငွေ ၁၀စ ကိုအားတက်သရောထိုးပေးလိုက်သည်။

"ကျန်တာကိုလည်း မားမားကိုပဲ အနှောင့်အယှက် ပေးရဦးမှာပါ။"

"အိုက်ယိုး မိန်းကလေးက တကယ်ပဲ ယဉ်ကျေးလွန်းနေပါပြီ။ ဒါတွေအားလုံးက ကျွန်တော်မျိုးမရဲ့ တာဝန်ဝတ္တရားအရ လုပ်ဆောင်ရမှာတွေပါ။" ကျင်းမားမားသည် ပြုံးစိစိဖြင့် ဆို၏။

စိတ်ထဲမှလည်း မင်းမိန်ရန်ကတော်တော်လေးရက်ရောကြောင်းသတိထားမိခဲ့ပေသည်။ အထည်တွေလာပို့ခဲ့တဲ့ရှေးရက်ကလေးတင် ငွေပေးခဲ့ပြီးသားကို အခုလည်း ထပ်ပေးပြန်ပြီ။ ယွီရှို့ဆောင်မှာ အစေခံတွေ အမှုထမ်းချင်နေကြတာ အံ့ဩစရာမဟုတ်တော့ပါဘူး။အကျိုးအမြတ်က မနည်းဘူးကိုး။

နန်ကျစ်သည် အထည်များကို ယူ၍ ထွက်ခွာရန် ပြင်လိုက်စဉ် အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရ၏။

"နင်တို့ ဒီခွေးလို အစေခံတွေ အာဏာကို အခွင့်ကောင်းယူပြီး လူကိုအနိုင်ကျင့်တယ်။ ငါတို့ ပေါင်လင် (ကျန်းပေါင်လင်) ရဲ့ ပစ္စည်းတွေ ပို့ထားတာ ဘယ်လောက်ကြာပြီလဲ။ လဝက်တောင်မှ အဝတ်အစား နှစ်ထည်တောင် မလုပ်ပေးနိုင်ဘူးလား။"

"မိန်းကလေးက ကျွန်တော်မျိုးမတို့ကို တကယ် အခက်တွေ့အောင် လုပ်နေတာပါ။ ဒီနှစ်ကုန်ပိုင်းက အစကတည်းက အလျင်စလို လုပ်နေရတာ။ ဖုန်းရှီးနန်းဆောင်၊ ချူးရှို့နန်းဆောင်၊ ချီနင်နန်းဆောင်၊ အဓိကနန်းဆောင်တွေအတွက်အရင် ဟန်လုရွှမ်က လူတိုင်းအင်တိုက်အားတိုက်လုပ်နေရတာပါ။

ကျန်းပေါင်လင်ရဲ့ ပစ္စည်းက မလွှဲမရှောင်လို့သာ နောက်ဘက်ကိုခဏပို့ထားရတာပေါ့။ အခုကပွဲအချိန်လည်းရောက်ဖို့လိုပါသေးတယ်။ ကျွန်မတို့သေချာပေါက် အမှီချုပ်ပေးမှာပါ။”

လှုပ်ရှားသံကို ကြားသောအခါ အုပ်ချုပ်သူ ကျင်းမားမားသည် တောင်းပန်စကားတစ်ခွန်း ဆိုပြီးနောက် အလျင်အမြန် ထွက်သွားလေသည်။

နန်ကျစ်နှင့် ပိုင်ရှုတို့သည် ဝင်ရောက် မပါဝင်ချင်သဖြင့် အဝတ်အစားများကို ခေါက်သိမ်းပြီး အမြန် ထွက်ခွာရန် ပြင်လိုက်ကြ၏။

ဤခဏလေးအတွင်းမှာပင် အပြင်ဘက်တွင် ပို၍ ဆူညံလာခဲ့၏။

ထိုကျန်းပေါင်လင်၏ အစေခံမလေး ရွှမ်းထောင်သည်လည်း ဒေါသထွက်လွန်းနေပြီး ပါးစပ်မှ ရစရာမရှိအောင် ဆဲပြောလိုက်

သည်။

"နင်တို့တွေ ငါ မသိဘူး ထင်မနေနဲ့။ ငါတို့ ပေါင်လင် (ကျန်းပေါင်လင်) က ငွေ မပေးလို့ မဟုတ်လား။ တမင်တကာ လဝက် ကြိုတင်ပြီးပို့ထားတာတောင် အခုထိတစ်ထည်တောင်မပြီးဘူးတဲ့။ နင်တို့ ဒီလိုကြပ်ကြပ်လုပ်နော်။ ငါမိဖုရားခေါင်ကြီဆီသွားတိုင်လိုက်မှာကို သတိထား။"

ငွေအကြောင်း ပြောလာသောအခါ ကျင်းမားမားသည် အမှန်ပင် အထင်သေးသွား၏။ ကျန်းပေါင်လင်သည် အထည် နှစ်လိပ်ပို့ဆောင်လာပြီး ငွေ ၅စ သာ ပေးခဲ့သည်။ ငွေလေး၅စက ဘယ်လောက်များလို့လဲ။ မင်မိန်ရန်တောင်ပြီးသွားတဲ့အကျီလေး နှစ်ထည်ကိုလာယူရုံမျှဖြင့်ငွေ ၁၀စ ဆုချသွားလေသည်။

သို့ဖြစ်ရာ စိတ်အခြေအနေကောင်းမနေနိုင်တော့ဘဲ အေးစက်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ တိုးသွားလိုက်၏။

"မိန်းကလေးက တော်တော် သြဇာကြီးတာပဲ။ ငါတို့ အပ်ချုပ်ဆောင်က လူတွေက လူမဟုတ်ဘူးလား။ နေ့ရောညပါ မျက်လုံးမမှိတ်ဘဲ ကျန်းပေါင်လင်အတွက် အဝတ်အစားတွေ ချုပ်ပေးရမှာလား။"

"နင် သေချာ ကြည့်စမ်း။ ဒီမှာမိဖုရားခေါင်ကြီး၊ ကျင်းဖေးမယ်မယ်၊ ရှူးဖေးမယ်မယ်၊ ယန်ရှိုးယီ အားလုံးရဲ့အထည်တချို့တောင် မပြီးသေးဘူး။ ငါတောင် မသိလိုက်ပါလား။ ကျန်းပေါင်လင်ရဲ့မျက်နှာကဘယ်လောက်တောင်ကြီးလို့ဖုန်းရှီးနန်းဆောင်ထိတောင် ရောက်သွားရတာလဲမသိလိုက်ရပါလား။”

"တိုင်လည်းရတာပဲ။ မိဖုရားခေါင်ကြီးတီသွားပြောလိုက်သွား။ အကယ်၍ ခွင့်ပြုမိန့်ရခဲ့ရင်ငါတို့အပ်ချုပ်ဆောင်က အသက်ကိုပုံပြီးတော့ပဲဖြစ်ဖြစ်နေမအိပ်ညမအိပ်ကျန်းပေါင်လင်ရဲ့အထည်ကို အရင်ဆုံး အပြီးချုပ်ပေးလိုက်မယ်။"

"နင် နင်တို့။" ရွှမ်းထောင်သည် အလွန်ဒေါသထွက်သွားတော့သည်။

အဓိကအားဖြင့် စိတ်စောနေ၍လည်း ဖြစ်၏။

သူမတို့၏ပေါင်လင် (ကျန်းပေါင်လင်) သည် အဝတ်အစားသစ် ဝတ်ဆင်ရရန် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရပြီး သူမသည် အပ်ချုပ်ဆောင်သို့ လာရောက်သည်မှာ တတိယအကြိမ် ရှိနေပြီ ဖြစ်၏။အဝတ်အစားများထပ်မံမရရှိဘဲ ပြန်သွားပါက ပြန်ရောက်သည့်အခါ မလွှဲမရှောင်သာ အဆူအဆဲခံရပေဦးမည်။

ဤအချိန်တွင် နန်ကျစ်နှင့် ပိုင်ရှုတို့သည် အတွင်းဘက်မှ ထွက်လာကြပြီး လက်ထဲမှ ဗန်းပေါ်တွင် ခုလေးတင် ချုပ်လုပ်ပြီးစီးသော အဝတ်အစားသစ်များ တင်ထား၏။

သူတို့သည်ကိစ္စများတွင် ဝင်ရောက် မပါဝင်ချင်ကြပေ။ သို့သော် ကံဆိုးစွာပင် ရွှမ်းထောင် သည် လက်ရှိတွင် ဒေါသထွက်၍ မျက်စိ နီရဲနေခဲ့ရာ သူတို့ကို မြင်တွေ့လိုက်သည်နှင့် အပြစ်ရှာစရာတစ်ခုကို ဖမ်းဆုပ်မိသကဲ့သို့ 'ဒုန်းဒုန်းဒုန်း' ဖြင့် ပြေးဝင်သွားလေသည်။

"ကောင်းပြီ၊ နင်တို့ တကယ်ပဲ လူကို ကြည့်ပြီး ခွဲခြားဆက်ဆံတာပေါ့။" ရွှမ်းထောင်သည် ခါးထောက်လိုက်သည်။

"ဟမ့် မင်မိန်ရန်ရဲ့အထည်က ဖုန်းရှီးနန်းဆောင်ထပ်တောင် အရင်ပြီးသွားတယ်ပေါ့လေ။ ဒီတစ်ခါတော့ ငါတကယ်ပဲ မိဖုရားခေါင်ကြီးရဲ့နန်းဆောင်ကို သွားပြီး မေးမြန်းကြည့်ရတော့မယ်။"

ကျင်းမားမား၏ မျက်နှာထားသည် တစ်ချက် တောင့်တင်းသွားသော်လည်း သူမ ပါးစပ် မဖွင့်မီမှာပင် နန်ကျစ်က ဦးစွာ မျက်နှာထား အေးစက်သွားကာပြောလိုက်သည်။

"ဘာလဲ ဒါတွေအကုန်လုံး နင်တို့သခင်မ

ပေါင်လင် (ကျန်းပေါင်လင်) က ငွေနှမြောနေလို့မဟုတ်ဘူးလား။ ငါတို့ မိန်ရန်က အပ်ချုပ်ဆောင်က မားမားတွေ၊ မိန်းကလေးတွေကိုအထည်ချုပ်ခိုင်းပေမဲ့သေချာပေါက်လုပ်အားခ ပိုပေးထားတာပေါ့။ အလျင်စလိုချုပ်ခိုင်းထားပြီး၊ မြင်းကိုလည်း ပြေးခိုင်းချင်သေးတယ်၊ မြင်းကိုလည်း အစာမကျွေးချင်ဘူး။ တကယ်လို့ စည်းကမ်းအတိုင်းပဲ လာမယ်ဆိုရင် မိဖုရားခေါင်ကြီးရဲ့ အထည်ကိုပဲ ဦးစားပေး လုပ်ရမှာပေါ့။ ဒါပေမဲ့ ငါတို့မိန်ရန်ကလည်း ရက်အနည်းငယ် ကြိုပို့ထားတယ့်အပြင်အပိုငွေလည်းပေးထားတယ်။ အခုမှအလျင်စလို နှစ်ထည်ပဲပြီးသေးတာကို နင့်ဦးနှောက်ကိုထပ်ပိုပြီး မတွေးနိုင်တော့ဘူးလား။ ငါတို့လိုအမြန်လိုချင်ရင် နင်တို့ပေါင်လင် (ကျန်းပေါင်လင်) ဆီက ငွေ ယူလာခဲ့လေ။ ငါတို့ မိန်ရန်က မျက်နှာပြောင်တိုက်တဲ့ လူစားမျိုး မဟုတ်ဘူး။ လူကို အလုပ်ခိုင်းပြီး ဆုငွေမပေးဘဲနေတာမျိုးလေ။"

ရွှမ်းထောင်သည် သူမ၏ချေပမှုကြောင့် အသက်ရှူ မှားသွားပြီး မျက်နှာနီရဲလျက် စကား မပြောနိုင် ဖြစ်သွားကာ ခေတ္တမျှကြာမှ လှည့်ထွက်ပြေးသွားလေသည်။

ကျင်းမားမားသည် ဤအချိန်ကျမှ အနားကပ်လာခဲ့သည်။

"မိန်းကလေး စိတ်မလှုပ်ရှားပါနဲ့။ အဲ့ဒီ ကပ်စေးနည်းတဲ့အဆောင်က အမြဲတမ်း လိုက်တွက်ချက်နေတတ်တာ။ မိန်းကလေး မြန်မြန် ပြန်ပြီး မိန်ရန်ကို အဝတ်အစားတွေ စမ်းဝတ်ကြည့်ခိုင်းလိုက်ပါ။ စောင့်နေရတာ ကြာနေမှာ စိုးလို့ပါ။"

ပိုင်ရှုသည် ပြုံးလိုက်၏။

"မားမားရဲ့ စေတနာကို ကျွန်မတို့ သေချာပေါက် မိန်ရန်ကိုပြောပေးပါ့မယ်။ နောက်ထပ်နှစ်ထည်ပြီးသွားရင်လည်းသေချာပေါက် ဆုလာဘ်ရှိအုံးမှာပါ။ နှစ်ကူးတော့မှာပဲကိုမားမားတို့လက်ဖက်ရည်ကောင်းကောင်းလေးတစ်ခွက်လောက်ပိုသောက်ရအောင်ပါ။”

"အို အို အို ကျွန်မ သေချာပေါက် လှလှပပ ပြီးစီးအောင် လုပ်ဆောင်ပေးလိုက်ပါ့မယ်။ ကုန်းကုန်း မိန်ရန်ကို စိတ်ချလက်ချ နေခိုင်းလိုက်ပါ။"

ကျင်းမားမားသည် နှစ်ဦးသားကို တံခါးဝအထိ ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးပြီးမှ လှည့်ပြန်လာခဲ့ကာ ရင်ဘတ်ထဲမှ ငွေ ၁၀ စ ကို ပွတ်သပ်ရင်း စိတ်ထဲတွင် အလွန်ပျော်ရွှင်နေခဲ့၏။

ပြန်တွေးကြည့်ရင်းရွှမ်းထောင် ပြဿနာရှာခဲ့သည်ကို သတိရသွားပြီး အေးစက်စွာ နှာမှုတ်လိုက်ကာ ကျန်းပေါင်

လင်၏အထည်များကို တိုက်ရိုက်ပင် အောက်ဆုံးသို့ ထပ်မံရွှေ့ထားလိုက်သည်။ထိုကြောင့်နှစ်သစ်ကူးညနေ့ရောက်လျှင်ပင် တစ်စုံလောက်ရဖို့တောင် တော်တော်လေးခက်ခဲသွားမည်ကို စိုးရလေသည်။

......

နန်ကျစ် ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ ဖြစ်သွားသည့်ကိစ္စအား ယဲ့ယွင်ကို ပြောပြခဲ့သည်။

"လုပ်တာ ကောင်းတယ်။ ငါက ကျန်းပေါင်လင်ရဲ့အဲ့ဒီကြာပန်းဖြူလေးပုံစံကို မကြိုက်တာကြာပြီ။" ယဲ့ယွင်သည် မျက်ခုံးပင့်လိုက်၏။

အကြိမ်ကြိမ်အခါခါ သူမကို လာရောက် ရန်စခဲ့သည့်အပြင် ပြင်းပြင်းထန်ထန် လက်စားမချေခဲ့သည်မှာပင် အလွန် မျက်နှာသာပေးထားခြင်းဖြစ်သည်။

"ဒါပေမဲ့ ကျွန်တော်မျိုးမ စိုးရိမ်တာက ဒီနေ့ သူ့ကို တော်တော်လေး စိတ်ဆိုးအောင် လုပ်မိလိုက်ပြီ။ ကြည့်ရတာ သူက အမှတ်အတေးထားတဲ့သူပဲ။ သတိထားနေမှ ဖြစ်မယ်။ တစ်နေ့နေ့ကျရင် မိန်ရန်ကို အန္တရာယ်ပေးလာမှာ စိုးရိမ်ရတယ်။" နန်ကျစ်သည် မျက်မှောင်ကြုတ်လိုက်၏။

ဟွေယွဲ့နှင့် ပိုင်ရှုတို့သည်လည်း ခေါင်းညိတ်လိုက်ကြ၏။

ယဲ့ယွင်သည် ပြုံးလိုက်သည်။

“အခု မင်းတို့အားလုံးက စေ့စေ့စပ်စပ် စဉ်းစားတတ်နေကြပြီ။ ငါလည်း အဲ့ဒီလောက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။ လူကို ဒုက္ခပေးလိုတဲ့စိတ် မရှိသင့်ဘူး။ ဒါပေမဲ့ လူကို ကာကွယ်လိုတဲ့စိတ်တော့ ရှိရမယ်လေ။"

ကျန်းပေါင်လင်သည် ကြည့်ရသည်မှာ နူးညံ့ပျော့ပျောင်းပြီး မည်သည့် အန္တရာယ်မှ မရှိသည့် ပုံစံ ဖြစ်သော်လည်း သူမသည် ကျန်းပေါင်လင်မှာ သာမန်လူတစ်ယောက် မဟုတ်ဟု အမြဲတစေ မထင်မရှား ခံစားနေရ၏။

ယဲ့ယွင်၏အတွေးသည် မှန်နေကာ မှားယွင်းခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စကြောင့် ကျန်းပေါင်လင်သည် သူမအား လုံးဝ မုန်းတီးသွားခဲ့ပြီး နှစ်မကူးမီမှာပင် နောက်ထပ် ပြဿနာတစ်ခုကို ထပ်မံ ရှာခဲ့လေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

အခန်း ၆၄ ။ ပါးရိုက်ခြင်း

နောက်တစ်နေ့ ဖုန်းရှီးနန်းဆောင်ဂါရဝပြုချိန်တွင်ယဲ့ယွင်သည် ကောင်းမွန်စွာ ထိုင်နေသော်လည်း အကြိမ်ကြိမ်တစ်စုံတစ်ယောက်က မိမိကို ကြည့်နေသည်ဟု ခံစားမိသဖြင့် ခေါင်းမော့၍ ရှာဖွေကြည့်သော်လည်း ရှာမတွေ့ပြန်ပေ။ စိတ်ထဲတွင်အနည်းငယ်နေရခက်သော်လည်းမတတ်နိုင်တော့ပေ။

ကြည့်ရသည်မှာ သူမအတူတကွ ညအိပ်ခွင့် မရလျှင်ပင် လူအချို့၏ပစ်မှတ် ဖြစ်လာတော့မည့်ပုံပင်။

မနေ့က ဧကရာဇ်သည် ယိမိန်ရန်၏ ယင်ယန့်အဆောင်သို့ သွားရောက်ခဲ့သည်ဟုကြားခဲ့ရသည်။ မီးနေကာလမှ ထွက်လာပြီးနောက်ယိမိန်ရန်၏ ပထမဆုံးအကြိမ် အတူတကွ ညအိပ်ခွင့် ရရှိခြင်း ဖြစ်သည်။

"ပန်ကုန်း ကြည့်ရတာ မင်းရဲ့ ကျန်းမာရေးအတော်ကောင်းလာတဲ့ပုံပဲ။ မင်းက ငယ်ရွယ်ပါသေးတယ်။ ကလေးက အမြဲတမ်းထပ်ရနိုင်မှာပါ။"

မိဖုရားခေါင်ကြီး၏မျက်နှာတွင် အပြုံးရိပ် ဖျော့တော့တော့ ရှိနေပြီး ပါးစပ်မှ ဂရုစိုက်သော စကားများ ဆိုနေသော်လည်း ဓားသွားမှာမူ ယိဝမ်ရုန်၏ နှလုံးသားထဲသို့ ထိုးစိုက်နေ၏။

"မယ်မယ့်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ချန်းချဲ့ကအရေးမကြီးပါဘူး။ မယ်မယ်ကသာ ဧကရာဇ်အတွက် တရားဝင်သားတော်ကို အမြန်ဆုံး ဖွားမြင်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်။"

ယိမိန်ရန်သည်လည်း အပြုံးထဲတွင် ဓားကို ဝှက်ထား၏။ ယခင်က ဟန်ဆောင်ရက်ရောမှုနှင့် နှိုင်းယှဉ်လျှင် ဤကိုယ်ဝန် ပျက်ကျမှုတစ်ကြိမ်ကို ဖြတ်သန်းပြီးနောက် ယိဝမ်ရုန်သည်လည်း များစွာကြီးပြင်းလာခဲ့ပြီး လက်ရှိအချိန်တွင် အပြုအမူများမှာ ပို၍တည်ငြိမ်လာခဲ့၏။

စကားလမ်းကြောင်း တစ်ချက်လှည့်သွားပြီး ရုတ်တရက် ယဲ့ယွင်ဘက်သို့ ရောက်ရှိသွားသည်။

"မင်မိန်ရန်က နန်းတော်ထဲ ဝင်လာကတည်းက အမှုထမ်းရတာ မနည်းဘူးနော်။ ဘယ်လိုဖြစ်လို့ အခုထိသတင်းကောင်း မကြားရသေးတာလဲ။ တို့ကတော့ ကံမကောင်းခဲ့ဘူး။ ညီမတော်တွေက ဧကရာဇ်အတွက်မျိုးဆက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးတာကိုပဲ မျှော်လင့်ရတော့မယ်။”

"ယိမိန်ရန်က အခုလိုပြောတဲ့စကားက

လူတွေကို စိတ်ဆိုးအောင် လုပ်တာပဲ။"

ယဲ့ယွင်သည် မပြုံးချင်ဘဲ ပြုံးနေသော အမူအရာဖြင့် သူမကို တစ်ချက် ကြည့်

လိုက်သည်။

"အမှုထမ်းရတာ များတယ်လို့ ပြောရမယ်ဆိုရင် ဘယ်လိုလုပ် ကျွန်မက နံပါတ်တစ် ဖြစ်နိုင်မှာလဲ။ ယိမိန်ရန်က ကျွန်မ တစ်ယောက်တည်းကိုပဲ ပြောတယ်ဆိုရင် ထားလိုက်ပါတော့။ ဒါပေမဲ့ တမင်တကာပဲ ဒီတစ်ချက်တည်းနဲ့ လှေအများကြီးကို မှောက်သွားစေတာပဲ။"

ယခု မောင်းမဆောင်ထဲတွင် ရှူးဖေး၊ ဝမ်သယ့်ဖေး၊ ဝမ်ကျယ်ယွီ၊ ရှချိုက်ရန်တို့မှလွဲ၍ အခြားဘယ်သူကများ ကိုယ်ဝန်ရှိနေကြသေးလို့လဲ။ သူမကို လှောင်ပြောင်လိုလျှင် ရ၏။ တစ်ယောက်တည်း ပျော်ရွှင်ရသည်ထက် အတူတကွ ပျော်ရွှင်ရသည်က ပိုကောင်းသည်။ အားလုံး အတူတူပင်ဖြစ်ရာ အားလုံးကို တစ်ပါတည်း ပြောလိုက်ပေါ့။

ထင်ရှားသည်မှာ ယိမိန်ရန်တွင် ထိုမျှလောက် သတ္တိ မရှိသဖြင့်ကသိကအောက်ဖြင့် ရယ်မောလိုက်၏။

"ကြည့်ပါဦး။ အစ်မကမေ့ပြီး အမှတ်မထင် ပြောလိုက်မိရုံပါပဲ တမင်တကာပဲ မင်းကို အထင်မှားသွားစေတယ်။ တော်ပြီ တော်ပြီ မပြောတော့ဘူး။"

ဤလေသံမှာသိသူများကမူ သူတို့နှစ်ဦး၏ဆက်ဆံရေး ဘယ်လောက်တောင် ကောင်းမွန်နေသည်ဟု ထင်မှတ်သွားကြမည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ တိုးတက်မှု ရှိလာခဲ့သည်။ ယခင်ကကဲ့သို့ အနည်းငယ် နှိုးဆွလိုက်ရုံဖြင့် မထိန်းနိုင် မသိမ်းနိုင် ဖြစ်မသွားတော့ပေ။

မိဖုရားခေါင်ကြီးသည် ပြဇာတ်ကို အလုံအလောက် ကြည့်ရှုပြီးမှ လူတိုင်းအား လူစုခွဲစေလိုက်၏။

......

လွန်ခဲ့သော နှစ်ရက်ကနှင်းများထပ်မံ ကျဆင်းခဲ့သဖြင့် ဆောင်းရာသီလမ်းမှာ ချောနေ၏။ ဝမ်ကျယ်ယွီ နှင့် ရှချိုက်ရန် တို့၏ ဝမ်းဗိုက်များကပေါ့ဆ၍ မဖြစ်သဖြင့် ယခုအခါတွင် သူတို့သာလျှင် ဂါရဝပြုရန် လာရောက်စရာ မလိုဘဲ နေနိုင်၏။

ယဲ့ယွင်၏ စိတ်ထဲတွင် မနာလို ဖြစ်လှသော်လည်း ကိုယ်ဝန်ဆောင်မှသာလျှင် ဤသို့သော အထူးအခွင့်အရေးကို ရရှိနိုင်မည်ကို တွေးမိသောအခါ နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် နောက်ကျမှပဲ ကောင်းမည်ဟု တွေးလိုက်၏။

" 'နှင်းကျရင် မအေးဘူး နှင်းပျော်မှ အေးတယ်' လို့ ပြောကြတယ်။ ဒီနေ့ နေသာနေတာတောင် အေးစိမ့်စိမ့် ဖြစ်နေသလိုပဲ။" ဟွေယွဲ့က ဆို၏။

ယဲ့ယွင်သည် သူမ၏လက်ကို သွားရောက် ဆွဲကိုင်လိုက်သည်။

"မင်းကိုလည်း လက်ကိုင်မီးဖိုလေးတစ်လုံး ယူသွားဖို့ အစောကြီးကတည်းက ပြောနေတာ မယူဘူး။ အခုအချိန်ကျမှ အေးပြီတဲ့လား။"

ဟွေယွဲ့သည် အားနာဟန်ဖြင့် "ကျွန်တော်မျိုးမက အလုပ်လုပ်ရမှာလေ။ လက်ကိုင်မီးဖိုလေး ကိုင်ထားရင် မိန်ရန်ကို ဘယ်လိုလုပ် ကောင်းကောင်း ပြုစုနိုင်မှာလဲ။"

"ငါက အဲ့ဒီလို ဒါတွေကို ဂရုစိုက်တဲ့ လူစားမျိုးလား။" ယဲ့ယွင်သည် သူမကို မျက်

စောင်းတစ်ချက် ထိုးလိုက်သည်။

"ပြန်ရောက်ရင် ဂျင်းပြုတ်ရည်တစ်

ခွက်သောက်ပြီး အအေးဓာတ်လျော့လိုက်။ မနက်ဖြန်ကျရင် ထူထူထဲထဲ ဝတ်ခဲ့။"

ယဲ့ယွင်သည် မူလကတည်းက အစေခံများအပေါ် ကောင်းမွန်စွာ ဆက်ဆံသူ ဖြစ်ပြီး ယွီရှို့အဆောင်မှ လူဖြစ်နေသမျှ အခြားနေရာများထက် ပိုမို ကောင်းမွန်စွာ နေထိုင်ရသည်။ ဟွေယွဲ့နှင့် နန်ကျစ် နှစ်ဦးမှာမူ ပြောစရာပင် မလိုပေ။ သူတို့မှာ ငယ်စဉ်ကတည်းက အတူတကွ ကြီးပြင်းလာခဲ့ကြပြီး ငယ်စဉ်အခါက မကြာခဏ အတူတကွ အိပ်စက်ခဲ့ကြရာ ညီအစ်မများဟု ဆိုလျှင်ပင် လွန်မည် မဟုတ်ပေ။

သခင်နှင့် အစေခံ နှစ်ဦးသား ရှေ့သို့ လျှောက်သွားရာ ကျောက်တောင်တု တစ်ခုကို ဖြတ်သန်းသည့်အခါ တားဆီးခြင်း ခံလိုက်ရ၏။ လာရောက်သူမှာ ရှူးဖေး၏ဘေးမှ လျိုယင်ဖြစ်သည်။

"ကျွန်တော်မျိုးမ မင်မိန်ရန်ကို ဂါရဝပြုပါတယ်။ ကျွန်တော်မျိုးမတို့ မယ်မယ်က မိန်ရန်ကို တော်ဝင်ဥယျာဉ်မှာ ခဏ ထိုင်ဖို့ ဖိတ်ခေါ်နေပါတယ်။ ရှားရှားပါးပါး နေသာတဲ့နေ့မို့ မိန်ရန် မျက်နှာသာ ပေးပါဦး။"

ပြောနေသည့်အသံမှာ ယဉ်ကျေးသော်လည်း လျိုယင်၏အမူအရာမှာမူ ထိုသို့ မဟုတ်ပေ။

ဟွေယွဲ့သည် ယဲ့ယွင်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မထိန်းနိုင်ဘဲ စိုးရိမ်ပူပန်သွား၏။

"မယ်မယ်က စေတနာ အပြည့် ရှိနေမှတော့ ဘယ်လိုလုပ် ငြင်းဆန်လို့ ကောင်းမှာလဲ။ မိန်းကလေး လမ်းပြပေးပါ။" ယဲ့ယွင်မှာမူ တည်ငြိမ်လျက် ရှိ၏။

လာရောက်သူမှာ စေတနာကောင်းဖြင့် မဟုတ်မှန်း ထင်ရှားနေပြီး ရှောင်လွှဲ၍ မရနိုင်တော့မှတော့ သွားတွေ့လိုက်ခြင်းက ပိုကောင်းပေသည်။

လျိုယင်သည် ယဲ့ယွင်အလွယ်တကူ သဘောတူလိမ့်မည်ဟု မထင်ထားသဖြင့် အမူအရာ မပြောင်းလဲဘဲ သူမအား တစ်

ချက် အကဲခတ်လိုက်ပြီး ကိုယ်ကိုညွှတ်ကာ အရိုအသေပေးလျက် လူကို တော်ဝင်ဥယျာဉ်သို့ ခေါ်ဆောင်သွား၏။

မဝင်ရောက်မီမှာပင် နားနေဆောင်ထဲတွင် တစ်ဦးတည်း မဟုတ်သည်ကို လှမ်းမြင်လိုက်ရပြီး ဘေးမှအမျိုးသမီး၏ကိုယ်လုံးကိုယ်ထည်ကို ကြည့်ရသည်မှာ ကျန်းပေါင်လင် ဖြစ်ဟန်တူ၏။

ယဲ့ယွင် ဝင်သွားသည့်အခါ အမှန်ပင် ကျန်းပေါင်လင်က ရှူးဖေးအတွက် ကိုယ်တိုင် လက်ဖက်ရည် ထပ်ဖြည့်ပေးနေသည်ကို တွေ့လိုက်ရသည်။

မနေ့က အပ်ချုပ်ဆောင်မှကိစ္စကို ပြန်လည် စဉ်းစားကြည့်ပြီးနောက်ယဲ့ယွင်၏စိတ်ထဲတွင် တော်တော်လေးခန့်မှန်းမိသွားခဲ့သည်။

"ဒီချန်းချဲ့၊ ရှူးဖေး မယ်မယ်ကို ဂါရဝပြုပါတယ်။" ဓလေ့ထုံးတမ်းအတိုင်းပင် ပြုမူလိုက်၏။

ကျန်းပေါင်လင်သည်လည်း ယဲ့ယွင်အား အရိုအသေပေးရန် ထရပ်ရန် ပြင်လိုက်သော်လည်း ရှူးဖေး၏အကြည့်ဖြင့် တားဆီးခြင်း ခံလိုက်ရ၏။

"ကြားတာတော့ နင်က ပန်းသစ်တော်ပန်းကို ကြိုက်တယ်ဆို။ အရင်တစ်ခါတောင် အကိုင်းလေးနည်းနည်းလောက် ချိုးပြီး ပန်းအိုးထဲ ထိုးသေးတယ်။ ပန်ကုန်း ကြည့်ရတာ တော်ဝင်ဥယျာဉ်က ပန်းသစ်တော်ပန်းတွေပွင့်တာက ပန်းသစ်တော်ဥယျာဉ်ထက် မညံ့ဘူး။ ဒီနေ့ မင်းကို အတူတူ လာကြည့်ဖို့ ခေါ်လိုက်တာ။"

သူမသည် အရိုအသေပေးစရာ မလိုဟု မဆိုဘဲ တိုက်ရိုက်ပင် အရေးမကြီးသော စကားများကို ဖွင့်ဟ ပြောဆိုလိုက်ရာ လူကို နှိပ်စက်လိုသောသဘောမှာ ထင်ရှားလှ၏။ တစ်ဖက်လူကို အရိုအသေပေးခိုင်းပြီး မထခိုင်းခြင်းသည် ကိုယ်လုပ်တော်များကြားတွင် အမြဲတစေ ရိုးရှင်းပြီး အသုံးဝင်သော နှိပ်စက်နည်းတစ်မျိုး ဖြစ်သည်။

သို့သော် ကံဆိုးစွာပင်ရှူးဖေးတွက်ချက် မှားသွားခဲ့သည်။ ယဲ့ယွင်သည် အနိုင်ခံမည့်သူ မဟုတ်ဘဲ မိမိဘာသာပင် မတ်တပ် ထရပ်လိုက်၏။

"မယ်မယ့်ရဲ့ စေတနာကောင်းအတွက် ကျေးဇူးတင်ပါတယ်။ ချန်းချဲ့က ပန်းသစ်တော်ပန်း တစ်မျိုးတည်းကိုပဲ ကြိုက်တာ မဟုတ်ပါဘူး။ ဒီချန်းချဲ့က သာမန်လူတစ်ယောက်ပါ။ လှပသမျှ အရာအားလုံးကို အကုန်လုံး သဘောကျတာပါ။"

ရှူးဖေး၏ဘေးတွင် ရပ်နေသော အခြား နန်းတွင်းသူကြီး ရှန်းလော့က အော်ဟစ်

လိုက်သည်။

" မင်မိန်ရန် သတ္တိကောင်းလှချည်လား။ မယ်မယ်က မင်းကိုထခွင့် မပြုရသေးဘူး။ မင်းက ကိုယ့်သဘောနဲ့ကိုယ် ထရပ်တယ်။ ဒါက 'အထက်လူကြီးကို မလေးစားခြင်း'ပဲ။နန်းတွင်းစည်းကမ်းအရ မင်းကိုအပြစ်ပေးသင့်တယ်။"

ယဲ့ယွင်မှာမူ အလျင်မလိုဘဲ အံ့ဩဟန်ဖြင့်သာ "မယ်မယ်က ကျွန်မကို ပန်းကြည့်ဖို့ ခေါ်တာလေ။ ဒီပန်းကြည့်တယ်ဆိုတာ အစဉ်အမြဲ လျှောက်ကြည့်တာ၊ ရပ်

ကြည့်တာ၊ ထိုင်ကြည့်တာပဲရှိတယ်။တစ်ဝက်တစ်ပျက်ထိုင်လျက်ကြီး ဘယ်သူကကြည့်လို့လဲရှင်။ ဒါမှမဟုတ် မယ်မယ်က ဒီချန်းချဲ့နဲ့အတူ ဒီလိုမျိုးအတူတူ တစ်ဝက်ထိုင်ရင်း ပန်းကြည့်ချင်လို့လား။"

မည်သို့ပင်ဖြစ်စေ အရူးလုပ်နေရုံသာ မည်သူက မည်သူ့ကို ရွံရှာအောင် လုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့။

ရှူးဖေးသည် မူလကတည်းက စိတ်သဘောထား ကောင်းသူမဟုတ်ပေ။ မူလက ယဲ့ယွင်အား အနည်းငယ် နှိပ်စက်ရန်သာကြံရွယ်ထားခဲ့သော်လည်း မအောင်မြင်သဖြင့် ဒေါသထွက်လာ၏။

"ကောင်းလိုက်တဲ့ ယဲ့ယွင်၊ နင်က ကြီးသူကို မလေးစား အောက်ကလူကများ ရာရာစစအထက်ကို ကျူးလွန်ရဲတယ်။ ကျန်းပေါင်လင် ပန်ကုန်းအတွက် သူ့ပါးကို ရိုက်စမ်း။"

"မယ်မယ် ဒါက မကောင်းဘူး ထင်တယ်။ ကိုယ်လုပ်တော်ရဲ့ရုပ်ရည်ကို အလွယ်တကူ..." ကျန်းပေါင်လင်သည် တွန့်ဆုတ်နေ၏။

ယနေ့ အမှန်ပင် သူမက ရှူးဖေးအား ယဲ့ယွင်ကို ဆုံးမပေးရန် နည်းလမ်းအချို့ အသုံးပြုခဲ့သည် မှန်သော်လည်း အကယ်၍ ပါးရိုက်သည့် အဆင့်ထိ ရောက်ရှိသွားပါက အနည်းငယ် လွန်သွားမည် ဖြစ်သည်။

သို့သော် ရှူးဖေးသည် ဤအချိန်တွင် ဒေါသထွက်နေပြီး မူလကတည်းက သိပ်ပြီး ဉာဏ်ကောင်းသူ မဟုတ်ရာကျန်းပေါင်လင် မလှုပ်ရှားသည်ကို မြင်သောအခါ မိမိကိုယ်တိုင် လက်ပြန်လှည့်ကာ ရိုက်ချလိုက်လေသည်။

“ဖြန်း…”

ယဲ့ယွင်သည် ရှောင်တိမ်းချိန် မရလိုက်ဘဲ အပြည့်အဝ မထိမှန်သော်လည်း လက်တစ်ဝက်၏အားသည်ပင် သူမ၏ မျက်နှာပေါ်တွင် မီးစနှင့် ထိုးသကဲ့သို့ ပူလောင် နာကျင်သွားစေရန် လုံလောက်လှ၏။

တစ်ခဏချင်းတွင် နှလုံးသားထဲမှ ဒေါသမီးများ တဟုန်ထိုး တောက်လောင်လာသော်လည်း မျက်စိရှေ့မှလူမှာဧကရာဇ်၏သမီးဦးကို မွေးဖွားထားပြီး မျိုးရိုးလည်း မညံ့သော ရှူးဖေးဖြစ်နေသဖြင့် သူမသည် သူမဘာသာခဏတာ စိတ်လိုက်မာန်ပါ ပြုလုပ်၍ မဖြစ်ကြောင်း သတိပေးလိုက်ရ၏။

အင်္ကျီလက်ထဲမှ လက်များသည် လက်သီးဆုပ်အဖြစ် တင်းကျပ်စွာ ဆုပ်ထားပြီး နားထင်တွင်လည်း သွေးကြောစိမ်းများ အနည်းငယ် ထင်ရှားစွာ မြင်တွေ့နေရကာ ယဲ့ယွင်သည် ဤခဏတွင် လူသတ်ချင်စိတ် ပေါက်နေခဲ့၏။

"ဒီပါးရိုက်ချက်က မင်းကို ပန်းကုန်းက စေတနာနဲ့ ဆုချတာ။ မင်ရထပ်ရာထူးအကြီးဖြစ်တဲ့ ပန်ကုန်းကို မလေးစားဘူး။ ဒီနေ့ ဒီတော်ဝင်ဥယျာဉ်ထဲမှာ နာရီပေါင်း နှစ်နာရီ ဒူးထောက်ပြီးကောင်းကောင်း ပြန်လည်ဆင်ခြင် ကြားလား။”

ရှူးဖေးသည် ကျေနပ်စွာဖြင့် သူမကို ကြည့်လိုက်ပြီး ကျန်းပေါင်လင်ကိုခေါ်ဆောင်၍ နားနေဆောင်မှ ထွက်ခွာသွားသည်။ အဆုံးတွင် ရုတ်တရက် ခေါင်းပြန်လှည့်လာသည်။

"ဟုတ်သားပဲ နားနေဆောင်ထဲမှာ ဒူးထောက်စရာ မလိုဘူး။ အပြင်ဘက်မှာပဲ ဒူးထောက်လိုက်။"

ယခုမှာနှင်းများပျော်ခါစဖြစ်သဖြင့် တော်ဝင်ဥယျာဉ်၏လမ်းမကြီးများမှာ အများစုက ကျောက်ပြားစိမ်းများ ခင်းထားသော်လည်း မလွှဲမရှောင်သာ စိုစွတ်နေပြီး အနည်းငယ် ရွှံ့နွံများလည်း ရှိနေရာ ဤသို့ ဒူးထောက်လိုက်ပါက အဝတ်အစားများ ညစ်ပတ်သွားရုံသာမက အအေးမမိလျှင်သာ ထူးဆန်းပေတော့မည်။

"မိန်ရန် ကျွန်တော်မျိုးမ အဝတ်အစား ချွတ်ပြီး မိန်ရန်အတွက် ခံပေးမယ်။ မိန်ရန်ရဲ့ ဒူးခေါင်း အေးလို့ မဖြစ်ဘူး။" ဟွေယွဲ့သည် စိုးရိမ်လွန်း၍ ငိုတော့မတတ်ပင် ဖြစ်နေ၏။ ဤအချိန်တွင် စကားပြောပြီးသည်နှင့် သူမ၏ကိုယ်ပေါ်မှ ဝါဂွမ်းအင်္ကျီ၏ကြယ်သီးများကို ဖြုတ်ရန် ပြင်

လိုက်သည်။

ယဲ့ယွင်သည် သူမ၏လက်ကို တစ်ချက် ဖိနှိပ်ထားလိုက်ပြီး မျက်ဝန်းအိမ်များမှာ လူသတ်နိုင်လောက်အောင် အေးစက်နေ၏။

"မလိုပါဘူး၊ ရှူးဖေးမယ်မယ်က ငါ့ကို ဒူးထောက်ခိုင်းမှတော့ ဒူးထောက်ရုံပေါ့။ ဒါပေမဲ့ ဒီအချိန်မှာချက်ချင်း စပြီး ဒူးထောက်ရမယ်လို့တော့ မပြောခဲ့ဘူးလေ။ ကိုယ်လုပ်တော်ရဲ့ရုပ်ရည်ကို ပျက်စီးစေခြင်းက ရှောင်ကြဉ်ရမယ့်အချက်ပဲ။ ရှူးဖေးမယ်မယ်ရဲ့ ဒီပါးတစ်ချက်ကို ငါ အရင်ဆုံး မိဖုရားခေါင်ကြီးကို သွားမေးပြီးမှ ပြန်လာပြီး ဒူးထောက်မယ်။"

ရှူးဖေးသည် သဘာဝအတိုင်း သူမအား စောင့်ကြည့်ရန် လူများ ချန်ထားခဲ့၏။ သို့သော် ယဲ့ယွင်သည် တိုက်ရိုက် ထွက်ခွါသွားသောကြောင့် လူအနည်းငယ်မှာလည်း အတင်းအကျပ် တားဆီးခြင်း မပြုရဲဘဲ သူမအား ထွက်ခွာခွင့် ပြုလိုက်ရပြီး အလျင်အမြန် ရှူးဖေးထံသို့ သတင်းပို့ရန် သွားရသည်။

တော်ဝင်ဥယျာဉ်သည် ဖုန်းရှီးနန်းဆောင်နှင့် မဝေးကွာလှဘဲ ယဲ့ယွင်သည် ဒေါသထွက်နေသဖြင့် ခြေလှမ်းများလည်း လျင်မြန်ရာ အမွှေးတိုင် တစ်တိုင်ခန့်အချိန် မကြာမြင့်မီမှာပင် ဖုန်းရှီးနန်းဆောင်၏ ခန်းမဆောင်အတွင်း ဒူးထောက်လျက်သား ဖြစ်နေလေပြီ။

***

All Chapters