← Chapters

အခန်း (၂၇၆)

Vol. 26 Ch. 276

အခန်း (၂၇၆)

Vol. 26 Ch. 276

📝အပိုင်း - ၂၇၆

ဘာသာပြန် - Na Gar🐉

ဖန်ချင်းယွမ်က ပုခုံးကို ကျော်၍ နောက်လှည့်ကြည့်လိုက်ပြီး "အရှင်မင်းသား... တစ်ခုခု မိန့်ကြားစရာရှိရင်လည်း ဘာလို့ စကားတွေကို လှည့်ပတ်ပြောနေတာလဲ ဘုရား"

"ဘုရင်ခံဆွန် က သူ့ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီလား"

အိမ်ရှေ့စံမင်းသားသည် ရှေ့က စကားလမ်းကြောင်းကို ဆက်မပြောတော့ဘဲ မေးခွန်းထုတ်လိုက်သည် "တပ်အင်အား တိုးချဲ့တာက လျန်ကျိုးရဲ့ အင်အားကို တောင့်တင်းစေမှာ အမှန်ပဲ။ ဒါပေမဲ့ ဒါဟာ တပ်သားသစ်တွေ အများကြီး ရှိလာမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နေတယ်။ ဒါရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ငါ အထူးတလည် ရှင်းပြနေဖို့ မလိုတော့ဘူး မဟုတ်လားဗိုလ်ချုပ်ဖန်.. မင်းရော နောက်ထပ် နှစ်အနည်းငယ်ကြာရင် တပ်စခန်းရှစ်ခုရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ မတွေးမိဖူးဘူးလား"

"ကျွန်တော်မျိုးတို့ကတော့ အရှင်မင်းကြီး စေခိုင်းသမျှကိုပဲ အမြဲတမ်း နာခံသွားမှာပါ" ဖန်ချင်းယွမ်က တည်ငြိမ်စွာ ပြန်လည် လျှောက်တင်လိုက်သည်။

"..."

ခန်းမဆောင်အတွင်း တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။

"ဗိုလ်ချုပ်ဖန်"

အိမ်ရှေ့စံမင်းသားက ထပ်မံ စကားစသည် "မင်းရဲ့ စိတ်ထဲရှိတာကို ပွင့်

ပွင့်လင်းလင်း ပြောစမ်းပါ။ ဒီနန်းတော်ကြီးအပေါ် မင်း ဘယ်လို ထင်

သလဲ"

"အရှင်မင်းသားက နိုင်ငံတော်ကို နှစ်ပေါင်းလေးဆယ်လုံးလုံး တာဝန်ယူ စောင့်ရှောက်ခဲ့တာပါ။ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်အောင် ကြိုးစားခဲ့တာကို ဘယ်သူမှ ငြင်းလို့မရတဲ့ အမှန်တရားပါပဲ"

ဖန်ချင်းယွမ်က ကိုယ်ကို အနည်းငယ် စောင်းလျက် ပြန်လည် ဖြေကြားသည်"ဒါပေမဲ့ အခုတော့ အရှင်မင်းကြီးက တရားအားထုတ်ရာကနေ ပြန်ထွက်လာပြီဆိုတော့... အရှင်မင်းသားအနေနဲ့ ထိုက်တန်တဲ့ အနားယူမှုကို ယူပြီး ကျန်းမာရေးကို ပြန်လည် ဂရုစိုက်သင့်တဲ့ အချိန်ပါပဲ" ဟု နောက်ဆုံးစာသားကို အလေးအနက်ထား၍ ပြောလိုက်သည်။

"..."

အိမ်ရှေ့စံမင်းသား၏ မျက်တောင်များမှာ မထိန်းချုပ်နိုင်ဘဲ လှုပ်ခတ်သွားသည် "တကယ်တော့ ခမည်းတော် ဧကရာဇ်မင်းကြီးကသာ အသက်ကြီးပြီဖြစ်လို့ အနားယူသင့်တာပါ။ မဟာရှန်မင်းဆက်ရဲ့ ဝန်ထုပ်ဝန်ပိုးကို သူ့ရဲ့ သားဖြစ်တဲ့ ငါကပဲ ထမ်းပိုးသင့်တာ မဟုတ်လားမင်းရော သဘောမတူဘူးလား ဗိုလ်ချုပ်ဖန်"

"အဲလိုလား"

ဖန်ချင်းယွမ်က စကားလုံးကို ဆွဲပြောလိုက်သည်"ကျွန်တော်မျိုး အမြင်မှာတော့ အရှင်မင်းကြီးက အခုမှ လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်ကောင်းမှာပဲ ရှိပါသေးတယ်"

"ဟုတ်တယ်... အရွယ်ကောင်းပေါ့ ဟွတ်... ဟွတ်... ဟွတ်..." (ချောင်းဆိုးသံ)

"အရွယ်ကောင်းပေါ့... ကောင်းပါတယ်။ ခမည်းတော်အတွက် ငါလည်း ဝမ်းသာပါတယ်၊ ဟွတ်... ဟွတ်... ဟွတ်..."

ဖန်ချင်းယွမ်သည် သူ့နောက်ကွယ်မှ အသံများ တဖြည်းဖြည်း တိုးညင်းသွားသည်ကို ကြားလိုက်ရသဖြင့် ကိုယ်ကို ခက်ခဲစွာ လှည့်ကြည့်လိုက်ရာ၊ အိမ်ရှေ့စံမင်းသားသည် သူ၏ လက်ကိုင်တုတ်ကို ယူ၍ တိတ်တဆိတ် ထွက်ခွာသွားသည်ကို တွေ့လိုက်ရသည်။ သူ့ကို ဝှီးချဲပေါ်တွင် တစ်ဦးတည်း ထားရစ်ခဲ့ပြီး ဆောင်းဦးလေပြေနှင့် ကြွေလွင့်နေသော သစ်ရွက်များကြားတွင် ပစ်ထားခဲ့လေပြီ။

သူက အမြန်လှမ်းခေါ်လိုက်သည် "အရှင်မင်းသား... ဒါက ဘာသဘောလဲ ဘုရား အနည်းဆုံးတော့ လူရှိတဲ့နေရာအထိ လိုက်ပို့ပေးခဲ့ရမှာ မဟုတ်လား အရှင်မင်းသား"

ဒီနေရာကနေ လူရှိတဲ့ နေရာအထိက အနည်းဆုံး ငါးမိုင်လောက် ဝေးတာပါ။ သူဟာ ဝှီးချဲကို ကိုယ်တိုင်လှည့်ပြီး ဒီငါးမိုင်ခရီးကို သွားရတော့မည် ဖြစ်သည်။

...

ချန်စံအိမ်။

"အစ်မကိုး... 'အိမ်' ကို ပြန်လာတာ ကြိုဆိုပါတယ်"

ချန်ဆန်းရှီက ဖိတ်ခေါ်ဟန်ဖြင့် "အစ်မ ကြိုက်သလို နေနိုင်အောင် ဒုတိယဝန်းထဲမှာ အခန်းပြင်ပေးထားပါတယ်။ တခြားလိုအပ်တာရှိရင် ဒါမှမဟုတ် ချက်ချင်း ပြင်ဆင်ပေးစေချင်တာရှိရင် ပြောပါ။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ ယွမ်ရှီး၊ တုဟဲနဲ့ ယွီဟွမ်လေးတို့ကလည်း အစ်မကို အရမ်းခင်ကြတာ။ အစ်မ မကန့်ကွက်ဘူးဆိုရင် လျန်ကျိုးကို ပြန်လာတိုင်း ကျွန်တော်တို့နဲ့အတူ နေပါ" ဟု ပြောလိုက်သည်။

"မင်းက ဘာလို့ ဒီလောက်တောင် လည်နေရတာလဲ ကောင်လေး"

ရုံယန်ချိုးသည် ဟိုင်တုန်ချင်းလင်းယုန်၏ ခြေထောက်တွင် စာကို ချည်နှောင်၍ လွှတ်လိုက်ပြီးနောက် မျက်စောင်းထိုးလျက် "မင်းက ငါ့ကို မင်းအိမ်အတွက် စောင့်ကြည့်ပေးမယ့် ခွေးအိုကြီး နဲ့ အစောင့်အရှောက်

အဖြစ် သုံးချင်တာ မဟုတ်လားစကားတွေကို လှပအောင် ပြောနေလိုက်တာ။ လာစမ်း... ငါ့ပုခုံးကို နှိပ်ပေးဦး၊ ပြီးတော့ ဟုန်ကျိီမြစ်ကို လေးကြိမ် ဖြတ်ကျော်ခဲ့တဲ့အကြောင်း ငါ့ကို သေသေချာချာ ပြန်ပြောပြ။ ငါ စိတ်ကြည်ရင်တော့ မင်းရဲ့ အစောင့်အရှောက် လုပ်ပေးဖို့ သဘောတူကောင်း သဘောတူလိမ့်မယ်" ဟု ဆိုသည်။

"အစ်မကလည်း ဘာလို့ အဲလို ပြောရတာလဲ"

ချန်ဆန်းရှီက ရှေ့တိုးကာ ပုခုံးနှိပ်ပေးလိုက်သည်။

သူမ ကျေနပ်သွားတော့မှ ချန်ဆန်းရှီက အဓိက အကြောင်းအရာကို စတင် မေးမြန်းလိုက်သည် "အစ်မကိုး... ကျွန်တော့်ကို နက်နဲပုံရိပ်အဆင့်

အကြောင်းလေး ပြောပြပေးနိုင်မလား"

"မင်းက နက်နဲပုံရိပ်အဆင့်အကြောင်း သိချင်နေပြီလားဒါဆို မင်းက မဟာသွေးကြောအဆင့်ကို ရောက်တော့မှာပေါ့"

ရုံယန်ချိုးက အနည်းငယ် အံ့ဩသွားပြီးနောက် ရှင်းပြလိုက်သည် "နက်နဲပုံရိပ်အဆင့်ဆိုတာက ခန္ဓာကိုယ်ထဲကစွမ်းအားတွေကို ဂန်းချီအဖြစ် ပြောင်းလဲပစ်တာပဲ။ ဒီအဆင့်တစ်ခုလုံးက ဂန်းချီကို ဘယ်လို အဆင့်မြင့်မြင့် အသုံးချမလဲဆိုတာအပေါ်မှာပဲ မူတည်နေတာ"

"အစပျိုးအဆင့်မှာဆိုရင် လက်နက်ထဲမှာ ရှိတဲ့ စွမ်းအားတွေကို ဂန်းချီအဖြစ် ပြောင်းလဲလိုက်တာလို့ မှတ်ယူလို့ရတယ်။ ဒီဂန်းချီက ပိုပြီး ခိုင်မာတောင့်တင်းသလို တိုက်ခိုက်ဖို့တင်မကဘဲ ကာကွယ်ဖို့အတွက်လည်း သုံးလို့ရတယ်"

"ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်လာရင်တော့ ဂန်းချီကို အပြင်ကို ထုတ်လွှတ်နိုင်ပြီ။ အဝေးကနေ တိုက်ခိုက်တဲ့ ပုံစံမျိုးပေါ့၊ ဒါပေမဲ့ သိပ်တော့ မဝေးလှဘူး"

"အောင်မြင်မှုအချို့ရလာရင်တော့ ဂန်းချီ အကာအကွယ်ကို ရလာလိမ့်မယ်။ မင်းရဲ့ အင်အားတွေ ကုန်ခမ်းမသွားသရွေ့တော့ စစ်မြေပြင်မှာ မင်းထက် အဆင့်နိမ့်တဲ့သူတွေက မင်းရဲ့ အကာအကွယ်ကို ထွင်းဖောက်ဖို့ မဖြစ်နိုင်သလောက်ပဲ"

"ကြီးမားတဲ့ အောင်မြင်မှု့ရောက်ရင်တော့ ဂန်းချီကို ပုံသဏ္ဌာန်အမျိုးမျိုး ဖော်နိုင်ပြီး ခန္ဓာကိုယ်ကနေ ၁၀ ပေလောက်အထိ အဝေးကို ပစ်လွှတ်နိုင်ပြီ။ ဥပမာအားဖြင့်ဆိုရင်..."

"ရွှမ်း——"

သူမက ရုတ်တရက် လက်ဝါးရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်ရာ၊ ဖောက်ထွင်းမြင်ရလောက်တဲ့ ဂန်းချီတွေ စုစည်းသွားပြီး မြွေဟောက်ကြီးတစ်ကောင် ပုံသဏ္ဌာန် ပြောင်းလဲသွားကာ ရှေ့က အိုးကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး အိုးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပါတော့သည်။ အနားက ဖြတ်သွားတဲ့ စီချင်ဆိုရင် လန့်ဖြတ်ပြီး အော်ဟစ်ကာ ခုန်တက်သွားမိတဲ့အထိပါပဲ။

ဒါဟာ သရုပ်ပြရုံသက်သက် ဆိုပေမဲ့...

ချန်ဆန်းရှီကတော့ တုန်လှုပ်စရာကောင်းတဲ့ စွမ်းအားကို ခံစားလိုက်ရပါတယ်။

သူက မေးလိုက်သည် "ဒါဆို သိုင်းပညာ အခြေခံအဆင့်ရဲ့ ဂန်းချီကရော ဘယ်လိုရှိမလဲ"

"ငါ့ကို လှံနဲ့ ထိုးကြည့်စမ်း" ရုံယန်ချိုးက အသာလေး ထိုင်နေရင်း လက်ယပ်ခေါ်ကာ ဖိတ်ခေါ်လိုက်သည်။

"အစ်မ... ကျွန်တော် ပြစ်မှားမိရင် ခွင့်လွှတ်ပါ"

ချန်ဆန်းရှီက နောက်မဆုတ်ဘဲ အနားကဝိညာဉ်ဖျက်လှံကို ဆွဲယူလိုက်ပြီး သူ့ရဲ့ စွမ်းအားအားလုံးကို စုစည်းကာ နဂါးစစ်စွမ်းအား ကို လှံရှည်ထဲ ထည့်သွင်းလိုက်ပါတယ်။ ဟိန်းဟောက်သံနဲ့အတူ သူဟာ လှံကို ပြင်းထန်စွာ ထိုးနှက်လိုက်ပါတော့သည်။

ရုံယန်ချိုးကတော့ မလှုပ်မယှက် ရပ်နေပြီး သူမရဲ့ ခရမ်းရောင် လက်သည်းလေးတွေရှိတဲ့ ညာဘက်လက်ကို ကြာပန်းတစ်ပွင့်လို ဖြန့်ကားလိုက်ပါတယ်။ ဂန်းချီတွေနဲ့ ဖုံးအုပ်ထားတဲ့ သူမရဲ့ လက်ဗလာဟာ ချွန်ထက်လှတဲ့ လှံသွားကို မယုံနိုင်စရာကောင်းလောက်အောင် ဖမ်းဆီးလိုက်နိုင်ပါတယ်။

လှံသွားနဲ့ ထိတွေ့လိုက်တဲ့ ခဏမှာပဲ သူမရဲ့ ပျင်းရိနေတဲ့ ပုံစံက ပျောက်ကွယ်သွားပြီး လှံကို အမြန်တွန်းထုတ်လိုက်ကာ ဘေးကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပါတော့သည်။ သူမက မကျေမနပ်နဲ့ "မင်းမှာ နဂါးစစ်

စွမ်းအား ရှိနေတာကို ဘာလို့ ကြိုမပြောတာလဲ"ဟု ဆိုသည်။

"အစ်မလည်း ကျွန်တော့်ကို မမေးခဲ့ဘူးလေ" ချန်ဆန်းရှီက ပုခုံးတွန့်ပြကာ သူ ဘာမှမသိသလို ဟန်ဆောင်လိုက်သည်။

"သွားတော့... ငါ မင်းနဲ့ ဆက်မကစားတော့ဘူး။ ငါ အခုမှ ဆိုးထားတဲ့ လက်သည်းနီတွေ ကွဲကုန်ပြီ" ရုံယန်ချိုးက စိတ်ကောက်ကာ အခန်းထဲဝင်ပြီး တံခါးပိတ်သွားပါတော့သည်။

"ဟူး..."

ချန်ဆန်းရှီက လှံကို ပြန်သိမ်းပြီး ထုံကျင်နေတဲ့ သူ့လက်မောင်းကို လှုပ်ယမ်းလိုက်သည်။

အစ်မကိုးက သူမရဲ့ စွမ်းအားကို နက်နဲပုံရိပ်အဆင့်ရဲ့ အခြေခံအဆင့်လောက်အထိပဲ လျှော့ချထားတာတောင် ကွာဟချက်က ဒီလောက်အထိ ကြီးမားနေသေးတာလား။

ရုံယန်ချိုး ရှောင်တိမ်းသွားရတဲ့ အကြောင်းရင်းက သူမ မတားနိုင်လို့ မဟုတ်ပါဘူး၊ ချန်ဆန်းရှီရဲ့ နဂါးစစ်စွမ်းအားကြောင့် အံ့ဩသွားရလို့ဖြစ်သလို၊ ဂန်းချီတွေကို ပိုသုံးပြီး သူ့ကို ထိခိုက်မိမှာ စိုးလို့လည်း ဖြစ်ပါတယ်။

ဒါပေမဲ့...

ဓားချီမန္တန်ကတော့ လုပ်နိုင်ပါတယ်။

ကိုယ်တိုင် ကြုံတွေ့လိုက်ရပြီးတဲ့နောက်မှာတော့ ချန်ဆန်းရှီကသူ့ရဲ့ ဓားချီမန္တန်က နက်နဲပုံရိပ်အဆင့် အစပျိုးအဆင့် ပညာရှင်တစ်ယောက်ရဲ့ ဂန်းချီကို ထွင်းဖောက်ဖို့ ဘာပြဿနာမှ မရှိဘူးဆိုတာ သေချာသွားပါပြီ။

ချောင်ဖန်၊ မိန်းမစိုးဖုန်းနဲ့ ရှာဝမ်လုံ...

ဒီသုံးယောက်ကို ဖြေရှင်းရပါမယ်၊ အားလုံးကို တစ်ပြိုင်နက်တည်း ကိုင်တွယ်လိုက်တာက အကောင်းဆုံးပါပဲ။

All Chapters