← Chapters

အခန်း (၂၇၈)

Vol. 26 Ch. 278

အခန်း (၂၇၈)

Vol. 26 Ch. 278

📝အပိုင်း - ၂၇၈

ဘာသာပြန် - Na Gar🐉

"ဖြစ်နိုင်တာကတော့... ဒီနေရာမှာ တကယ်ပဲ မသေမျိုး တွေရဲ့ အငွေ့အသက်တွေ ရှိနေတာပဲ"

"ထားလိုက်ပါတော့၊ အဲဒါတွေက ငါနဲ့ ဝေးလွန်းပါသေးတယ်။ အရင်ဆုံး ဝိညာဉ်သွေးကြောသစ်သားကိုပဲ ရှာကြည့်ရအောင်"

ဝိညာဉ်သွေးကြောသစ်သားဟာ များသောအားဖြင့် မြူခိုးတွေထူထပ်ပြီး အဆိပ်ပြင်းတဲ့ ပိုးမွှားတွေ ပေါများတဲ့ မှောင်မိုက်တဲ့ နေရာမျိုးမှာပဲ ပေါက်ရောက်တတ်ပါတယ်။ ဒါကြောင့် သစ်သားကိုယ်တိုင်ကလည်း အဆိပ်အတောက်တွေ ပြည့်နေတာပါ။ သေအံ့ဆဲဆဲ လူတစ်ယောက်ကို အသက်ပြန်ဆက်ပေးဖို့ နောက်ဆုံးအဆင့်အနေနဲ့ အသုံးပြုပြီးတဲ့နောက်မှာတော့ အဲဒီလူဟာ အလွန်တရာ နာကျင်မှုကို ခံစားရပြီးမှ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံစံနဲ့ သေဆုံးသွားရတတ်ပါတယ်။

"ဒါကို ဆေးဖက်ဝင်အပင်တစ်ရာကျမ်းထဲမှာ ဖော်ပြထားတယ်"

အရင်က မဟာဒါယန်မင်းဆက်ရဲ့ တော်ဝင်မိသားစုဟာ ဒီပစ္စည်းကို အသုံးပြုခဲ့ဖူးပါတယ်။

ဧကရာဇ်အိုကြီးဟာ သူ့ရဲ့ အရိုက်အရာကို ဒုတိယမင်းသားကို ပေးမလား၊ တစ်ဆယ့်နှစ်ဦးမြောက် မင်းသားကို ပေးမလားဆိုတာ မပြတ်မသား ဖြစ်နေတဲ့အချိန်မှာ မင်းသားတွေက ဧကရာဇ်အိုကြီးကို ဝိညာဉ်သွေးကြောသစ်သား သုံးပြီး အသက်ပြန်သွင်းခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း သိချင်တာကြောင့်ပါ။ နောက်ဆုံးမှာတော့ ဧကရာဇ်အိုကြီးဟာ နာကျင်မှုတွေကြားမှာ သေဆုံးသွားခဲ့ရပါတယ်။

"တကယ်ပဲ တစ်ပင် ရှိနေတာပဲ"

ချန်ဆန်းရှီဟာ ရှေ့က တောအုပ်ထဲမှာ သူလိုချင်တဲ့ ပစ်မှတ်ကို လျင်မြန်စွာ ရှာတွေ့သွားပါတယ်။

လော့ထျန်းတောင်တန်းဟာ တကယ်ကို အရင်းအမြစ်တွေ ကြွယ်ဝလှပါတယ်။

ဝိညာဉ်သွေးကြောသစ်သားရဲ့ ကြီးထွားနှုန်းက အလွန်နှေးကွေးပါတယ်။ အခု သူတွေ့တဲ့အပင်က ကလေးတစ်ယောက်ရဲ့ လက်သီးဆုပ်လောက်ပဲ အထူရှိပြီး လူတစ်ရပ်စာထက် နည်းနည်းပဲ ပိုမြင့်ပါတယ်။ ဒါကို ခုတ်လိုက်ရင် မြားတံ အနည်းငယ်လောက်ပဲ ရနိုင်မှာပါ။

"နောက်ထပ် ရှာကြည့်ဦးမယ်"

မဟာသွေးကြောအဆင့်ကျွမ်းကျင်သူတွေနဲ့ တန်းတူတဲ့ အဆိပ်သားရဲ လေးငါးကောင်လောက်ကို ဆက်တိုက် သတ်ဖြတ်ပြီးတဲ့နောက်မှာတော့... ချန်ဆန်းရှီဟာ ဆယ်ထပ်မြောက်တောင်ရဲ့ အနက်ရှိုင်းဆုံး နယ်မြေထဲကို ဝင်ရောက်လာခဲ့ပါပြီ။ ဒီနေရာမှာ မြူဆိုးတွေက အရင်ကထက် ပိုထူထပ်လာသလို၊ လောကကြားက မိစ္စာချီတွေကလည်း သိသိသာသာ တိုးလာပါတယ်။

"ဝိညာဉ်သွေးကြောသစ်သား..."

သူ အထဲကို သိပ်မဝင်ရသေးခင်မှာပဲ လူတစ်ဖက်စာလောက်ရှိတဲ့ ဝိညာဉ်သွေးကြောသစ်သားပင်ကြီးကို တွေ့လိုက်ရပါတယ်။ မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ အဲဒီအပင်ကြီးဟာ အနည်းဆုံး သက်တမ်း ရှစ်ရာလောက် ရှိနေပါပြီ။ ဒီအပင် တစ်ပင်လုံးကိုသာ ခုတ်နိုင်မယ်ဆိုရင် မြားတံတွေကတော့ မကုန်နိုင်အောင် ရနိုင်မှာပါ။

ဒါပေမဲ့ ချန်ဆန်းရှီကတော့ စိတ်မလောဘဲ သတိနဲ့ ချဉ်းကပ်လိုက်ပါတယ်။

ဘာလို့လဲဆိုတော့ ဝိညာဉ်သွေးကြောသစ်သားပင်ကြီးရဲ့ ဘေးမှာရှိတဲ့ တခြား သစ်ပင်အိုကြီး တစ်ပင်ရဲ့ အခေါင်းပေါက်ထဲမှာ... ဖျော့တော့တော့ အပြာရောင် ရှိတဲ့ ထူးဆန်းတဲ့ စွမ်းအင်တွေ အစုအဝေးလိုက် ရှိနေတာကို တွေ့လိုက်ရလို့ပါ။ ခန့်မှန်းခြေအရဆိုရင် မဟာသွေးကြောအဆင့် ဒါမှမဟုတ် နက်နဲပုံရိပ်အဆင့်လောက်အထိ အစွမ်းရှိနိုင်ပါတယ်။ ဒီလိုနေရာမျိုးမှာ ထူးဆန်းသားရဲတစ်ကောင် ရှိနေတယ်ဆိုတာက သားရဲတွေ အားလုံးဟာ အဆိပ်သားရဲတွေ ဖြစ်မသွားဘူးဆိုတာကို သက်သေပြနေတာပါ။

"ဝေါင်း——"

နက်ရှိုင်းလှတဲ့ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သစ်ပင်အခေါင်းထဲကနေ ကြီးမားတဲ့ သတ္တဝါကြီးတစ်ကောင် ဖြည်းဖြည်းချင်း ထွက်လာပါတယ်။

အဲဒါက ဝက်ဝံနက်ကြီး တစ်ကောင်ပါပဲ။

ပိုပြီး ထူးဆန်းတာကတော့ အဲဒီဝက်ဝံကြီးဟာ ဟောင်းနွမ်းနေတဲ့ ဘုန်းကြီးဝတ်ရုံကို ခြုံထားပြီး၊ လည်ပတ်မှာလည်း ပုတီးတွေ ဆွဲထားပါတယ်။ သူ့လက်ထဲမှာတော့ လခြမ်းပုံလက်နက်တစ်ခုကို ကိုင်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကံဆိုးမိုးမှောင်ကျတဲ့ သိုင်းပညာရှင် တစ်ယောက်ယောက် ဒီဝက်ဝံနဲ့ တိုးပြီး အသက်ပျောက်ခဲ့ရပုံပါပဲ။

ချန်ဆန်းရှီသာ သူ့ရဲ့ ပဉ္စမမြောက် စီနီယာအစ်ကို မုန့်ကွမ်ရှင်းဘယ်မှာ ရှိနေလဲဆိုတာ မသိခဲ့ဘူးဆိုရင်၊ အခု သေဆုံးနေတဲ့သူဟာ သူ့ရဲ့ စီနီယာအစ်ကိုပဲလို့တောင် သူ သံသယဝင်မိနိုင်ပါတယ်။

"ဝေါင်း.."

ဝက်ဝံနက်ကြီးဟာ အပြင်ထွက်လာပြီးနောက် အရင်ဆုံး သစ်ပင်နဲ့ သူ့ကိုယ်သူ ကုတ်ခြစ်လိုက်ပြီးတော့မှ သူ့ရဲ့ နယ်မြေကို စတင် ကင်းလှည့်ပါတော့တယ်။

ချန်ဆန်းရှီဟာ ဆုံးဖြတ်ချက်ကို ချက်ချင်းချပြီး နောက်ဆုတ်လိုက်ပါတယ်။

သူ့ရဲ့ ဓားချီအတတ် က အကန့်အသတ် ရှိပါတယ်။ တစ်ခါသုံးလိုက်ရင် အမွှေးတိုင် တစ်စုံစာလောက် ကုန်ဆုံးသွားမှာပါ။ ဒါကြောင့် အသက်အန္တရာယ် ကြုံရမှ သုံးဖို့အတွက် သိမ်းထားတာက ပိုကောင်းပါတယ်။ ပြီးတော့ ဒီဝက်ဝံက ထူးဆန်းသားရဲတစ်ကောင် ဖြစ်နေတာကြောင့် နောင်တစ်ချိန်မှာ အသားစားဖို့အတွက် ဒီအတိုင်း ချန်ထားခဲ့တာက ပိုကောင်းပါလိမ့်မယ်။

ဒီလိုနဲ့ပဲ...

ချန်ဆန်းရှီကနောက်ကို ပြန်လှည့်လာပြီး အရင်တွေ့ခဲ့တဲ့ ဝိညာဉ်သွေးကြောသစ်သားပင်ငယ်လေးကိုပဲ ခုတ်လိုက်ပါတယ်။

မြားတံ အချို့လောက်ဆိုရင် သူ့အတွက် ခဏတာ သုံးဖို့ လုံလောက်ပါတယ်။

ဒါ့အပြင် မသေမျိုးရှာဖွေရေးမျှော်စင်က ပေးထားတဲ့ သံပစ္စည်းတွေကလည်း မြားခေါင်း တစ်ဆယ်ကျော်လောက်ပဲ လုပ်ဖို့ လုံလောက်တာပါ။ သစ်ပင်အများကြီး ခုတ်လိုက်ရင်လည်း ဖြုန်းတီးရာ ရောက်ပါလိမ့်မယ်။

ကံကောင်းထောက်မစွာနဲ့ ကိုးထပ်မြောက်တောင်နဲ့ ဆယ်ထပ်မြောက်တောင် ကြားက ချိုင့်ဝှမ်းတစ်ခုထဲမှာမြူခိုးတွေ လုံးဝမရှိပါဘူး ချန်ဆန်းရှီကထူးဆန်းသားရဲ သုံးကောင်ကို အမဲလိုက်နိုင်ခဲ့သလို၊ မသေမျိုးရှာဖွေရေးမျှော်စင်က လိုချင်နေတဲ့ ကျိုးပဲ့မြက်ပင် ကိုလည်း ရှာတွေ့ခဲ့တာကြောင့် တကယ့်ကို အမြတ်ကြီးရခဲ့တယ်လို့ ဆိုရမှာပါ။

ရလာတဲ့ ပစ္စည်းတွေကို သယ်ဆောင်ပြီး ရက်အနည်းငယ်အကြာမှာတော့ လျန်ကျိုးမြို့ကို ပြန်ရောက်လာခဲ့ပါတယ်။

ချန်ဆန်းရှီက ထူးဆန်းသားရဲတစ်ကောင်ကို တပ်စခန်းမှာ ထားခဲ့ပါတယ်။ ဒါဟာ အဆင့်မြင့် သိုင်းပညာရှင်တွေအတွက်တော့ သိပ်အကျိုးမရှိပါဘူး။ ကျန်တဲ့ အသားတွေကိုတော့ အိမ်ကို သယ်သွားပြီး စီချင်နဲ့ မိုဟွာတို့ကို ချက်ပြုတ်ခိုင်းလိုက်ပါတယ်။ ထို့နောက်မှာတော့ သူကသံမဏိအူတိုင်

လေး၊ အဆိပ်သားရဲ အကြောနဲ့ ဝိညာဉ်သွေးကြောသစ်သားတို့ကို ယူဆောင်ပြီး ပန်းပဲရုံဆီကို သွားလိုက်ပါတယ်။

အဆင့်မြင့် ဆေးဖော်စပ်သူတွေမှာ ကျင့်ကြံမှု ရှိဖို့ လိုအပ်သလို၊ လက်နက်တွေကို ပုံဖော်တဲ့ ပန်းပဲဆရာတွေမှာလည်း ကျင့်ကြံမှု ရှိဖို့ လိုအပ်ပါတယ်။

လက်နက်လုပ်ငန်းကို တာဝန်ယူထားတဲ့သူကတော့ တစ်ကိုယ်လုံး ကြွက်သားတွေနဲ့ ပြည့်နေတဲ့ အဖိုးအို တစ်ဦးပါ။ သူက ဆွန်ဒူရှန်နဲ့ လူငယ်ဘဝကတည်းက အတူရှိခဲ့တဲ့ ယုံကြည်ရတဲ့ ရဲဘော်ဟောင်း တစ်ယောက်လို့ ဆိုကြပါတယ်။ မဟာသွေးကြောအဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး လာမယ့်နှစ်တွေမှာ နက်နဲပုံရိပ်အဆင့် ကိုတောင် တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ရှိနေသူပါ။ တပ်စခန်းရှစ်ခုက ဗိုလ်ချုပ်တွေရဲ့ လက်နက်အများစုဟာ ဒီအဖိုးအို လက်ရာတွေပဲ ဖြစ်ပါတယ်။

"မင်းက လက်နက်ပုံဖော်တာကို သင်ချင်လို့လား"

အဖိုးအိုပန်က စိတ်ဝင်တစား မေးလိုက်သည် "မင်း ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စွမ်းအားသန့်စင်ဆေး အကြောင်း သင်နေတယ်လို့ ကြားတယ်၊ အခုတော့ လက်နက်လုပ်တာကို သင်ချင်ပြန်ပြီလား။ လူငယ်လေး... မင်း မပင်ပန်းဘူးလား"

"ဘာမဆို စိတ်ဝင်စားလို့ပါ"

ချန်ဆန်းရှီက လက်သီးစုပ်နှုတ်ဆက်ရင်း "စီနီယာ ပန်... ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။

သူကဒီပစ္စည်းတွေရဲ့ ထူးခြားမှုကို ဖုံးကွယ်ဖို့ မကြိုးစားပါဘူး။ ဘာလို့လဲဆိုတော့ စစ်မြေပြင်မှာ အသုံးပြုလိုက်တာနဲ့ အားလုံးက သိသွားကြမှာပါ။ ပြီးတော့ ဒါတွေက မသေမျိုးပစ္စည်းတွေ မဟုတ်ဘဲ လူ့လောကထဲမှာ ရှာတွေ့နိုင်တဲ့ အရာတွေ ဖြစ်လို့ သိသွားလည်း ဘာမှ မဖြစ်ပါဘူး။

ဒါပေမဲ့ အဲဒီအချိန် မတိုင်ခင်အထိတော့ သူဟာ သူ့ရဲ့ အစွမ်းကို လျှို့ဝှက်ထားပြီး ရန်သူတွေကို အံ့ဩသွားအောင် လုပ်ချင်နေတာပါ။ ပြီးတော့ "အတတ်ပညာ များလေ ကိုယ်ပဲ အမြတ်ရလေ" ဆိုတဲ့ စိတ်ကလည်း သူ့မှာ တကယ် ရှိနေတာ ဖြစ်ပါတယ်။

"ဟက်... ဒီအဖိုးကြီးက အိုပါပြီ။ တခြားသူဆိုရင် ငါ လုံးဝ မသင်ပေးဘူး၊ ဒါပေမဲ့ မင်းကိုတော့ ဘာပဲဖြစ်ဖြစ် သင်ပေးရမှာပေါ့"

အဖိုးအိုပန် ကတစ်နေရာကနေ စာအုပ်ငယ်လေး တစ်အုပ်ကို ယူလာပေးလိုက်သည်"ဒါက တူရိုက်နည်းစနစ်ပဲ အိမ်ပြန်ပြီး လေ့ကျင့်လိုက်ဦး၊ ပြီးမှ ငါ့ဆီ ပြန်လာခဲ့"

ချန်ဆန်းရှီက "ကျွန်တော် ဒါကို သင်ပြီးပါပြီ" ဟု ပြောလိုက်သည်။

ဓားသိုင်းအတတ်ကို လျင်မြန်စွာ ကျွမ်းကျင်ပြီးတဲ့နောက်မှာ သူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ လက်နက်နှစ်မျိုးကို အချိန်ပေး လေ့ကျင့်ခဲ့တာပါ။ တစ်ခုက ဓားမကြီးဖြစ်ပြီး နောက်တစ်ခုက တူပဲ ဖြစ်ပါတယ်။ စီနီယာ အဖိုးကြီး ပေးတဲ့ နည်းစနစ်က သူ လေ့ကျင့်ထားတာနဲ့ တစ်ထပ်တည်းပါပဲ။

"အို"

အဖိုးအိုပန်က စိတ်လှုပ်ရှားစွာဖြင့် "ဒါဆိုရင်တော့ အတော်ပဲ၊ အခုပဲ ချက်ချင်း စကြရအောင်"

သူဟာ ပန်းပဲဖိုဆီကို သွားလိုက်ပါတယ်။

"ဘယ်လုပ်ငန်းမှာမဆို ပြင်ပလူကတော့ အပျော်ကြည့်တာပဲ၊ အတွင်းလူမှသာ အတတ်ပညာကို မြင်တာ"

"လက်နက်တွေကို ပုံဖော်တဲ့အခါမှာ ကြည့်စမ်း"

"အဲဒါတွေကို အောက်တန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ ထိပ်တန်း ဆိုပြီး အဆင့်ခွဲထားတယ်"

"မင်းကိုင်ထားတဲ့ ဝိညာဉ်ဖျက်လှံ က အထက်တန်းစား ဖြစ်ပြီး၊ ကျန်းယွဲ့ဓား ကတော့ ထိပ်တန်းစားပဲ။ မင်း သုံးဖို့အတွက်တော့ ဒါတွေက လုံလောက်နေပါပြီ။ တကယ်တော့ မင်း လက်နက်လုပ်တာကို သင်စရာတောင် မလိုပါဘူး"

"ဒါပေမဲ့ မင်းက သင်ချင်တယ်ဆိုတော့လည်း သေသေချာချာ ကြည့်ထား"

"လက်နက်လုပ်တာက မခက်ပါဘူး၊ ဒါပေမဲ့ သိမ်မွေ့တဲ့ အချက်တွေ အများကြီး ရှိတယ်။"

"ဥပမာအားဖြင့်... ဘယ်လောက်အထိ အပူပေးရမလဲ၊ ဘယ်လို အပူချိန်ကို သုံးရမလဲ၊ ပြီးတော့ သံရည်စိမ်တဲ့ အခါမှာ ရေရဲ့ အပူချိန်က ဘယ်လောက်ရှိရမလဲ စတာတွေပေါ့..."

All Chapters