အခန်း (၂၇၉)
Vol. 26 Ch. 279
📝အပိုင်း - ၂၇၉
ဘာသာပြန် - Na Gar🐉
အလုပ်ရှုပ်ပြီးနောက် အဖိုးအိုပန်သည် သံနက်ဓားတစ်လက်ကို ပုံဖော်
လိုက်ပြီး "ဒီဓားက ထိပ်တန်းစား နက်နဲလက်နက်တစ်ခုပဲ။ ဘယ်လိုလဲ... မင်း တစ်ခုခု သင်ယူလိုက်ရရဲ့လား။မင်းသာမန် သံထည်ပစ္စည်းတွေနဲ့ အရင်စမ်းကြည့်လို့ရတယ်" ဟု ဆိုသည်။
"ရနိုင်ပါတယ်"
ချန်ဆန်းရှီသည် ချက်ချင်းပင် အလုပ်စလုပ်ပြီး သာမန် သံထည်ပစ္စည်းများမှ အလွန်ကောင်းမွန်သော အရည်အသွေးရှိသည့် ရတနာဓားတစ်လက်ကို ပုံဖော်လိုက်လေသည်။
[စွမ်းရည် - လက်နက်ပုံဖော်ခြင်း -သာမန်အဆင့် (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - ၀/၂၀၀၀]
[စွမ်းဆောင်ရည် - မလွဲဧကန် အောင်မြင်ခြင်း]
[မလွဲဧကန် အောင်မြင်ခြင်း - လောကီလက်နက်များကို တစ်ကြိမ်တည်းဖြင့် ပြီးပြည့်စုံအောင် ဖန်တီးနိုင်ခြင်း]
အဖိုးအိုပန်"?"
သူသည် ဓားကို ဆွဲယူကာ သေသေချာချာ အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ တကယ်ပင် ထူးခြားသည့် အရည်အသွေးဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင်တော့ သူသည် အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားမတတ် ဖြစ်သွားရသည် "ဟေ့ကောင်လေး... မင်းက တကယ်ရော လူ ဟုတ်ရဲ့လား"
ချန်ဆန်းရှီ ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။
သူက လက်နက်ကို ကိုင်လိုက်ရုံနဲ့တင် အသေးစားအောင်မြင်မှူ့အဆင့်ကို ရောက်သွားတာလား အခြေခံအဆင့်လုပ်ငန်းစဉ်တွေကိုတောင် ဖြတ်ကျော်နေစရာ မလိုတော့ဘူးလား။
ပြန်စဉ်းစားကြည့်တော့လည်း ဒါက အဓိပ္ပာယ်ရှိလှပါတယ်။
[ထက်မြက်သော အာရုံခံစားမှု]၊ [ဓာတ်ပုံမှတ်ညဏ်]၊ [ချီလင်းနှလုံးသား]... ဒီလို အားသာချက်တွေ အားလုံး ပေါင်းစပ်လိုက်ရင် ဒါကို မသင်ယူနိုင်ဘူးဆိုမှသာ လူတုံး ဖြစ်နေပါလိမ့်မည်။
ဒါ့အပြင် ဒါဟာ သူထင်ထားသလောက်လည်း မရှုပ်ထွေးပါဘူး။
ပထမအချက်အနေနဲ့ သူဟာ လက်နက်ပုံဖော်တဲ့ တူရိုက်နည်းစနစ် ကို သိနှင့်ပြီးသားဖြစ်သလို၊ နဂါးစစ်စွမ်းအား ကို သုံးပြီး ပုံဖော်တာ၊ ပြီးတော့ သံရည်စိမ်ဆေးရဲ့ အစွမ်းတွေကြောင့် သင်ယူရတာက ရေသောက်သလို လွယ်ကူနေတာပါ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် တတ်သွားတာမျိုး ဖြစ်ပါတယ်။
ချန်ဆန်းရှီသည် သူ၏ ကျွမ်းကျင်မှုစာရင်းတွင် [သာမန်အဆင့်] ဟူသော စာလုံးကို မြင်သောအခါ၊ ဤလောကတွင် 'မသေမျိုး' များသာမကဘဲ 'နတ်ဘုရားလက်နက်'များလည်း ရှိနိုင်ကြောင်း သိလိုက်ရသည်။ ၎င်းက သူ့ဆရာ နင်ချန်ချွန်ကို သတ်စဉ်က ဆရာ့လက်ထဲတွင် ပေါ်လာခဲ့သော ငွေရောင်လှံရှည်ကြီးကို သတိရသွားစေသည်။
"ကောင်းပြီ... ငါ မင်းကို သင်ပေးစရာ ဘာမှ ကျန်တော့မှာ မဟုတ်ဘူး"
အဖိုးအိုပန်သည် တစ်သက်လုံး ကြိုးစားလာခဲ့သမျှ ရှုံးနိမ့်သွားသလို ခံစားချက်မျိုးဖြင့် သက်ပြင်းချလိုက်မိသည်။ သူ့ဘဝရဲ့ အဓိပ္ပာယ်တွေတောင် ပျောက်ဆုံးသွားသလို ခံစားနေရရှာသည်။
ထို့နောက် သူသည် စာအုပ်အချို့ကို ထုတ်ပေးလိုက်သည်"မတူညီတဲ့ လက်နက်တွေရဲ့ ပုံဖော်နည်းတွေကို ဒီမှာ အကုန်မှတ်တမ်းတင်ထားတယ်။ မင်း အဲဒါတွေကိုပဲ ကြည့်ပြီး လုပ်လိုက်တော့။ ငါ့ဆီ ထပ်မလာနဲ့တော့"
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာပန်"
ချန်ဆန်းရှီက လက်သီးစုပ်အရိုအသေပေးလိုက်သည်။
သူသည် လက်နက်လုပ်ငန်းတွင် သီးသန့်အခန်းတစ်ခန်း တောင်းခံခဲ့ပြီး နောက်ထပ် သုံးရက်နှင့် သုံးညကို ထိုနေရာတွင် ကုန်ဆုံးစေခဲ့သည်။ သူ၏ လက်နက်ပုံဖော်ခြင်း အတတ်ကို ကြီးမားသော အောင်မြင်မှု့အဆင့်အထိ တွန်းတင်နိုင်ခဲ့ပြီး သံထည်ပစ္စည်းများအတွင်းရှိ အညစ်အကြေးများကို အခြေခံအားဖြင့် ဖယ်ရှားနိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင်တော့ သူသည် မသေမျိုးရှာဖွေရေးမျှော်စင်မှ ပေးထားသော သံထည်ပစ္စည်းများကို ဝိညာဉ်သွေးကြောသစ်သားနှင့် ပေါင်းစပ်ကာ၊ စွမ်းအင်များကို သိုလှောင်နိုင်သည့် မြားတံ (၁၂) စင်းကို ဖန်တီးခဲ့သည်။ နောက်ဆုံးတွင် ကျန်ရှိသော ပစ္စည်းများနှင့် အဆိပ်သားရဲ အကြော ကို အသုံးပြု၍ သံမဏိအူတိုင်လေးအတွက် လေးကြိုးကို ပြုလုပ်လိုက်ရာ ကြီးကျယ်သော အောင်မြင်မှုတစ်ခု ပြီးမြောက်သွားပါတော့သည်။
"ပြီးပြီ"
ချန်ဆန်းရှီသည် သံမဏိအူတိုင်လေးကို ကိုင်ကာ အိမ်နောက်ဖေး ဝင်းထဲသို့ ပြန်လာခဲ့သည်။ တံခါးကို ပိတ်လိုက်ပြီး လူတစ်ရပ်စာနီးပါးရှိသည့် ကျောက်တုံးပစ်မှတ်ကြီးကို ထုတ်လိုက်သည်။
သံမဏိအူတိုင်လေး ကိုယ်တိုင်က သာမန်လက်နက်တွေထက် အများကြီး ပိုလေးပါတယ်။ လေးကိုင်းရဲ့ ထိပ်နှစ်ဖက်မှာ ဓားသွားတွေ ပါဝင်တာကြောင့် အနီးကပ်တိုက်ပွဲတွေမှာ ရန်သူကို သတ်ဖြတ်ဖို့အတွက်ပါ အသုံးဝင်လှပါတယ်။
"ဝူး——"
သူကမြားတစ်စင်းကို တပ်လိုက်ပြီး လေးကြိုးကို အသာအယာ ဆွဲလိုက်သည်။
ပေါင်တစ်သောင်းကျော်လေး။
ပေါင် ၁၅,၀၀၀ ခန့် လေးလံတာကြောင့် ဟွာကျင်းသိုင်းပညာရှင်တစ်ယောက်အတွက်တော့ ဘာမှ မဟုတ်ပါဘူး။ ဒါဟာလည်း သိုင်းပညာရှင် အများစုက လေးနဲ့မြားကို ဘာလို့ မသုံးကြတာလဲဆိုတဲ့ အကြောင်းရင်းပါပဲ။ ဘယ်လောက်ပဲ လေးတဲ့ လေးဖြစ်ပါစေ၊ အထူးစွမ်းအား ပံ့ပိုးမှုမပါဘဲနဲ့တော့ အဆင့်မြင့် သိုင်းပညာရှင်တွေကို မတုန်လှုပ်စေနိုင်ပါဘူး။
ဒါပေမဲ့... အခုအချိန်ကစပြီး...
သူ့လက်ထဲက သံမဏိအူတိုင်လေးကြောင့် အရာရာ ပြောင်းလဲသွားတော့မှာပါ။
လေးနဲ့မြားဟာ စစ်မြေပြင်မှာ တောက်ပလာတော့မှာ ဖြစ်ပါတယ်။
"ဝူး——"
ချန်ဆန်းရှီ၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးဆင်သွေး များသည် ဆူပွက်လာပြီး ပေါင်ပေါင်းသောင်းနှင့်ချီသော အားဖြင့် လေးကို ဖြည်းညှင်းစွာ ဆွဲလိုက်
သည်။ သူ၏ သွေးချီ မှလှုံ့ဆော်ပေးလိုက်သော နဂါးစစ်စွမ်းအား များသည် လက်မောင်းများဆီသို့ စုစည်းသွားပြီး လေးဆီသို့ ပြန့်နှံ့သွားသည်။ ထိုမှတစ်ဆင့် ဝိညာဉ်သွေးကြောသစ်သားဖြင့် ပြုလုပ်ထားသော မြားတံဆီသို့ ရောက်ရှိသွားပြီး မြားခေါင်းဆီအထိ ရောက်သွားသောအခါ... လေးကြီးသည် အချိန်မရွေး ရုန်းထွက်တော့မည့် နတ်ဘုရား သားရဲကြီးတစ်ကောင်လို "ဝူးဝူး" မြည်သံနှင့်အတူ တုန်ခါနေပါတော့သည်။
"ဒုန်း——"
သူ လေးကြိုးကို လွှတ်လိုက်သော ခဏတွင် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
သံနက်ဖြင့် ပြုလုပ်ထားသော မြားနက်ကြီးသည် အကန့်အသတ်မရှိသော နဂါးစစ်စွမ်းအားများကို သယ်ဆောင်ကာ ကောင်းကင်ယံတွင် တားဆီး၍မရသော နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျောက်တုံးပစ်မှတ်ကြီးကို ပြင်းထန်စွာ ထိမှန်သွားပါတော့သည်။
"ဝုန်း"
မာကျောလှသော ကျောက်တုံးကြီးသည် ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
ဒါဟာ မြားတစ်စင်းတင် မဟုတ်တော့ပါဘူး၊ အမြောက်ဆံ တစ်ခုနဲ့ ပိုတူနေပါတယ်။
တကယ်လို့ သာမန် စစ်သားတစ်ယောက်ကို ထိမှန်မယ်ဆိုရင် နဂါးစစ်စွမ်းအားကြောင့် လက်သီးဆုပ်လောက်ရှိတဲ့ အပေါက်ကြီး ဖြစ်သွားမှာ ဖြစ်သလို၊ အဲဒါက မြားကြောင့် ဖြစ်တာလို့တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။
ချန်ဆန်းရှီသည် သံမဏိအူတိုင်လေးကို ကိုင်တွယ်ရင်း အလွန်ပင် ကျေနပ်နေမိသည်။
နောင်လာမည့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် ရန်သူ၏ စွမ်းအားသည် သူ့ထက် မသာလွန်သရွေ့၊ မည်သည့်အဆင့်မှာ ရှိနေပါစေ သူဟာ ရန်သူ့အသက်ကို ချက်ချင်း ယူနိုင်တော့မှာပါ။
ဥပမာအားဖြင့်...
အခုအချိန်မှာ ချန်ဆန်းရှီဟာ အခြေခံကျွမ်းကျင်တဲ့ ဟွာကျင်း အခြေခံအဆင့် ပညာရှင်တွေကို တစ်ယောက်ကို မြားတစ်စင်းစီနဲ့ အပြတ်ရှင်းနိုင်ပါတယ်။
အသေးစားအောင်မြင်မှူ့ရထားသူတွေအတွက်ကတော့ သူတို့ရဲ့ ပါရမီအပေါ် မူတည်ပါလိမ့်မယ်။
တကယ်လို့ သူတို့က ပါရမီရှင် ဖြစ်နေမယ်ဆိုရင် မြားငါးစင်းလောက် ခံနိုင်ရည် ရှိကောင်းရှိနိုင်ပေမဲ့၊ သာမန်လူတွေဆိုရင်တော့ အများဆုံး မြားသုံးစင်းပါပဲ။
မြားသုံးစင်းအတွင်းမှာတော့ သူဟာ ရန်သူ့ဗိုလ်ချုပ်ရဲ့ အသက်ကို သေချာပေါက် ယူနိုင်ပါပြီ။
မြားသုံးစင်းဆိုတာ များတယ်လို့ ထင်ရပေမဲ့၊ သူ့အတွက် မြားသုံးစင်း ပစ်ဖို့ဆိုတာ မျက်တောင်တစ်ခတ်အတွင်းမှာ တင် ပြီးမြောက်တာဖြစ်လို့ စစ်မြေပြင်မှာ ထင်မှတ်မထားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ။
သူနဲ့ အဆင့်တူ ပညာရှင်တွေဆိုရင်လည်း မြားအလုံအလောက် ရှိနေသရွေ့ သူ သတ်နိုင်ပါတယ်။
သူတို့ရဲ့ အဆင့်က ပိုမြင့်နေမှသာ မြားဒဏ်ကြောင့် တိုက်ရိုက် သေဆုံးမှာ မဟုတ်တာပါ။
ဒါဟာ ဟွာကျင်း အဆင့်မှာတင် ရှိသေးတာနော်..
တကယ်လို့ သူသာ မဟာသွေးကြောအဆင့်၊ ဒါမှမဟုတ် နက်နဲပုံရိပ်အဆင့် ကို ရောက်သွားမယ်ဆိုရင်..
မြားလုပ်မယ့် ပစ္စည်းတွေကသာ ခိုင်မာမှုရှိပြီး သူက အင်အား ဒါမှမဟုတ် ဂန်းချီတွေကို ထည့်သွင်းနိုင်မယ်ဆိုရင်၊ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်ကြီးတွေတောင်မှ သူ့မြားအောက်မှာ အသက်ပျောက်ရမယ့် ဝိညာဉ်တွေ ဖြစ်လာပါလိမ့်မယ်။
ဒါ့အပြင်...
သူ့ရဲ့ လေးအတတ်ကလည်း နောက်ထပ် အောင်မြင်မှု အဆင့်တစ်ခုဆီကို ရောက်ဖို့ နီးစပ်နေပါပြီ။
ချန်ဆန်းရှီသည် သာမန်မြားများကို အသုံးပြုကာ လေ့ကျင့်ကွင်းတွင် ရက်အနည်းငယ်ကြာ ထပ်မံ လေ့ကျင့်ခဲ့သည်။
အခု သူ့ရဲ့ လေ့ကျင့်မှုက လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကို ပစ်တာပါ။
ဆွန်ပုချီသည် ခြေလှမ်း သုံးရာကျော် အကွာမှာ ရပ်ပြီး မြားတွေကို ကောင်းကင်ပေါ်ကို ရမ်းသန်း ပစ်လွှတ်ပေးပါတယ်။ ချန်ဆန်းရှီကတော့ အဲဒီမြားတွေကို တစ်စင်းမကျန်အောင် လိုက်ပစ်တာ ဖြစ်ပြီး တစ်ချက်မှ မလွဲပါဘူး။
နောက်ဆုံးမှာတော့ သူ့လက်ထဲမှာ လေးနဲ့မြား ရှိမနေသလိုမျိုးတောင် သူ ခံစားလိုက်ရပါတယ်။ မျက်စိနဲ့ ပစ်မှတ်ကို ကြည့်လိုက်ရုံနဲ့ မြားတွေက သူ့အလိုလို သွားထိမှန်နေသလိုပါပဲ။
နောက်ဆုံးတွင်တော့...
ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော လေးအတတ် ကဏ္ဍသည် ပြန်လည် ပေါ်ပေါက်လာပါတော့သည်။
[စွမ်းရည် - လေးပစ်ပညာ- ပြီးပြည့်စုံခြင်း (ပထမအဆင့်ကို ကျော်လွန်ခြင်း)]
[တိုးတက်မှု့ - (၀/၂၀၀၀)]
[စွမ်းဆောင်ရည် - ပစ်လွှတ်လိုက်သော မြားများအား ရှောင်တိမ်း၍ မရနိုင်ခြင်း]
[ရှောင်တိမ်း၍မရခြင်း - လူနှင့်မြား တစ်သားတည်း ဖြစ်သွားခြင်း၊ ရှောင်ကွင်းရန် မဖြစ်နိုင်တော့ခြင်း။ ခြေလှမ်း သုံးရာအတွင်း ပစ်မှတ်ကို အလိုအလျောက် လိုက်လံ ရှာဖွေမည်ဖြစ်ပြီး ရှောင်တိမ်း၍ မရနိုင်ပါ]
ရှောင်တိမ်း၍ မရနိုင်ခြင်း..
ချန်ဆန်းရှီ ခံစားလိုက်ရပါသည်။
လက်ထဲမှာ လေးတစ်စင်း ရှိနေသရွေ့ ခြေလှမ်း သုံးရာအတွင်းမှာ ရှိတဲ့ ဘယ်ပစ်မှတ်မှ သူ့မြားလက်က မလွတ်နိုင်တော့ပါဘူး။
ဒါဟာ...
လူတိုင်းက သူ့မြားရဲ့ ရိုက်ခတ်မှုကို ထိပ်တိုက် ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ကိုယ်ပိုင်စွမ်းအားက တကယ်ပဲ အံ့မခန်း သန်မာနေတာမျိုး၊ ဒါမှမဟုတ် အလွန်ကောင်းမွန်တဲ့ ချပ်ဝတ်တန်ဆာ ရှိနေတာမျိုး မဟုတ်ရင်တော့... လမ်းက တစ်လမ်းပဲ ရှိပါတော့တယ်။ အဲဒါကတော့ သေခြင်းတရားပါပဲ။