← Chapters

အခန်း (၂၈၀)

Vol. 26 Ch. 280

အခန်း (၂၈၀)

Vol. 26 Ch. 280

📝အပိုင်း - ၂၈၀

ဘာသာပြန် - Na Gar🐉

ချန်ဆန်းရှီသည် သူ၏ လေးပစ်ပညာ ကျွမ်းကျင်မှုကဏ္ဍတွင် "ပြီးပြည့်စုံခြင်း" ဟူသော စာလုံး၏ နောက်ကွယ်မှ မှတ်ချက်ကို သတိပြုမိလိုက်သည်။

"ပထမအဆင့်ကို ကျော်လွန်၍ အဆင့်အတန်း တစ်ခု ထပ်မံတိုးတက်ခြင်း"

ကြည့်ရသည်မှာ ဤအဆင့်သည် ထပ်မံ၍ တိုးတက်နိုင်ဦးမည့် ပုံပေါ်နေသည်။ တိုးတက်မည့် လမ်းကြောင်းမှာ ပစ်မှတ်ကို ထိမှန်သည့် တိကျမှု အကွာအဝေး ပိုမိုဝေးကွာလာခြင်းနှင့် လေးကို ဆွဲ၍ ပစ်လွှတ်သည့် အရှိန်နှုန်း ပိုမိုမြန်ဆန်လာခြင်းတို့ ဖြစ်ပေလိမ့်မည်။

လောလောဆယ်တွင်မူ ခြေလှမ်း ၃၀၀ အတွင်းရှိ ပစ်မှတ်များကို ရှောင်တိမ်း၍ မရနိုင်ဘဲ ထိမှန်အောင် ပစ်နိုင်ပြီ ဖြစ်ရာ၊ ဤအကွာအဝေးမှာ မည်သို့ပင်ဆိုစေကာမူ လုံလောက်လှပြီ ဖြစ်သည်။ သူသည် လေးနှင့် မြားများကို သေသေချာချာ သိမ်းဆည်းလိုက်သည်။

မွန်းလွဲပိုင်းတွင် ချန်ဆန်းရှီသည် မြို့ထဲသို့ ကင်းလှည့်သွားခဲ့ပြီး ညနေပိုင်း အိမ်ပြန်ရောက်သောအခါ မြို့တော်မှ ပြန်လာသည့် စာပို့လုလင်ထံမှ ဧကရာဇ်မင်းကြီး၏ အတည်ပြုချက်ကို ရရှိခဲ့သည်။ ၎င်းမှာ ရွီဝမ်ချိုင်အတွက် အဆိုပြုချက်ကို ထောက်ခံထားခြင်း ဖြစ်သော်လည်း၊ ယွီစုန်နှင့် ပတ်သက်သော ကိစ္စကိုမူ တစ်ခွန်းမှ မဖော်ပြဘဲ လုံးဝ ဥပေက္ခာပြုထားခဲ့သည်။

စာပါ အကြောင်းအရာများမှာ ဧကရာဇ်ကိုယ်တိုင် ရေးသားထားပုံ မရဘဲ ဝန်ကြီးအဖွဲ့ သို့မဟုတ် နန်းတွင်းရေးရာ ကြီးကြပ်မှုဌာနမှ ကိုင်တွယ်ဖြေရှင်းထားပုံ ရသည်။

"..."

"ဂုဏ်ထူးဆောင်ကျောက်တိုင်တစ်ခု ရဖို့က ဒီလောက်တောင် ခက်ခဲနေတာလား"

ဒါကို ရဖို့အတွက် သူကိုယ်တိုင် မြို့တော်အထိ သွားပြီး ကိုယ်တိုင် တောင်းဆိုရတော့မည်လား။

ကံကောင်းသည်မှာ ရွီဝမ်ချိုင်အတွက် ရာထူးနေရာမှာ သေချာသလောက် ရှိနေခြင်းပင်။ သို့သော်လည်း မည်သို့သော ဆုလာဘ်မျိုး ပေးအပ်မည်ကိုမူ တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ ဝေဝေဝါးဝါးပင် ရှိနေသေးသည်။

...

စစ်တပ်မြို့တော်။ စစ်သည်များ နေထိုင်ရာ ရပ်ကွက်။

လျန်ကျိုးမြို့အတွင်း မြောက်ဘက်ပိုင်း ခရိုင်၏ ထက်ဝက်ခန့်မှာ စစ်သည်မိသားစုများ နေထိုင်ကြရာ နေရာ ဖြစ်သည်။ နေအိမ်များမှာ သာမန် အရပ်သား အိမ်များနှင့် မခြားနားဘဲ စစ်ဘက်ဆိုင်ရာ ရာထူးအဆင့်အတန်းအလိုက် ခွဲခြားထားသည်။ သို့သော် အနိမ့်ဆုံး အဆင့်ရှိသည့် အိမ်မှာပင် မိသားစု ငါးဦးခန့် နေထိုင်ရန် လုံလောက်သော်လည်း အနည်းငယ်တော့ ကျပ်ညပ်လှသည်။

မြောက်ဘက်လမ်းသွယ်ရှိ 'T' ပုံသဏ္ဌာန် အိမ်လေးတစ်လုံးအတွင်း၌။

တာဝန်ပြီးဆုံး၍ ပြန်လာကြသည့် ပိုယန်မှ ညီအစ်ကို အချို့သည် ခြံဝင်းအတွင်း၌ အစားအသောက်နှင့် သောက်စရာများကို ခင်းကျင်းကာ ဝိုင်သောက်ရင်း အန်စာတုံး ကစားနေကြသည်။

"ငါတော့ ရှေ့ကို ရောက်သွားပြီ၊ အခု ငါက ဗိုလ်ချုပ် ဖြစ်နေပြီ"

ဖန်ယုံ က ထိုင်ခုံပေါ်သို့ ခြေတစ်ဖက် တင်လိုက်ရင်း "ဒုတိယ ပဉ္စမတန်းစား စစ်ဗျူဟာ ဗိုလ်ချုပ်ပဲ" ဟု ပြောလိုက်သည်။

"ငါက ဝူယိ ဗိုလ်ချုပ်ကွ၊ မင်းထက် တစ်ဆင့် မြင့်တယ်"

"မိသားစုက ပေးလိုက်တဲ့ ငွေကလည်း မနည်းဘူး။ ခဏနေရင် ဒီလမ်းကြားစုတ်ထဲကနေ ပြောင်းပြီး ကျယ်ဝန်းတဲ့ ခြံဝင်းကြီးတစ်ခုဆီ သွားနေတော့မယ်"

"ငါရတဲ့ ဆုလာဘ်တွေကတော့ အဓိက အားဖြင့် ဆေးဖက်ဝင် အားဖြည့်ဆေးတွေပဲ။ ငါလည်း အတွင်းအားသန့်စင်ခြင်းကို စတင်တော့မယ်"

"ကောင်းတယ်၊ ကောင်းတယ်... အားလုံးရဲ့ ရှေ့ရေးကတော့ တောက်ပနေတာပဲ"

"ဒါတွေ အားလုံးက ငါတို့ ခေါင်းဆောင်ကြောင့်ပါပဲ"

"ဟုတ်တယ်၊ သူသာ ငါတို့ကို အောင်ပွဲဆီ ဦးဆောင်မသွားရင် ငါတို့တွေ အခု ဘယ်ရောက်နေမလဲ။ ပိုယန် ခရိုင်လို နေရာစုတ်မှာပဲ သေရင်သေ၊ မသေရင်လည်း တစ်သက်လုံး ရာထူးတက်ဖို့ဆိုတာ ဝေးနေဦးမှာပဲ"

"တပ်ရင်း တိုးချဲ့ပြီးသွားရင်တော့ ငါတို့တွေ ဒီထက်မက ထပ်ပြီး ရာထူးတက်ဦးမှာ သေချာတယ်"

"ဟေ့... အဖိုးကြီးရွီ"

ကျူထုံ က မြေပဲစားနေသည့် ပညာရှိအိုကြီးကို ကြည့်ကာ "ခင်ဗျားရဲ့ ရာထူးတိုး သတင်းကိုတော့ ဘာမှ မကြားရသေးဘူးနော်၊ ခင်ဗျားကို ငွေအချို့ပဲ ပေးလိုက်တာလား"

"ဘာတွေ ဖြစ်နေတာလဲ"

ကျောက်ကန်က သူ့လက်ထဲက တူကို ချလိုက်ရင်း"ခင်ဗျားမှာ ကျင့်ကြံမှုနဲ့ ရာထူး မရှိရုံနဲ့ သာမန် တပ်သားတစ်ယောက်လို ဆက်ဆံတာကတော့ နည်းနည်း မတရားဘူးလို့ ထင်တယ်"

"မှန်တယ်"

ဖန်းယုံက ဆက်ပြောသည်"မင်ပြည်နယ်တုန်းက နောက်တန်းကို နှစ်ကြိမ်

တိုင်တိုင် ကူညီပေးခဲ့တာ ငါ မှတ်မိတယ်။ အဲဒီတုန်းက ဘေးက ဗိုလ်ချုပ်ပိုင်နဲ့အတူ သွားခဲ့တာ မဟုတ်လား။ အသက်အန္တရာယ် အရမ်းများခဲ့သလို ခင်ဗျားကိုယ်တိုင်လည်း ကွပ်ကဲခဲ့တာပဲ။ ဘာလို့ ရာထူး မခန့်တာလဲ"

"ဟဲ..."

ရွီဝမ်ချိုင်သည် ဝိုင်ရှိန်လေး တက်နေသဖြင့် အေးအေးလူလူပင်"အမှန်အတိုင်း ပြောရရင် ငါက ဒါတွေကို ဂရုမစိုက်ပါဘူး။ ငါ့ရဲ့ အရည်အချင်းကို ထုတ်ပြနိုင်မယ့် နေရာတစ်ခု ရှိနေသရွေ့ ငါ မွန်းကျပ်မနေပါဘူး"

"မင်းက ဟန်ဆောင်နေတာပဲ"

ကျူထုံက ပွင့်ပွင့်လင်းလင်းပင်"မင်ပြည်နယ်က ပြန်လာကတည်းက မင်း တစ်ယောက်တည်း ခိုးပြီး သောက်နေတာ ငါ မမြင်ဘူး ထင်နေလား"

ရွီဝမ်ချိုင် တိတ်သွားသည်။ လူတိုင်းလည်း တိတ်ဆိတ်သွားကြသည်။

အစပိုင်းတွင် ချန်ဆန်းရှီက သူ့ကို အားလုံးကို စီမံခန့်ခွဲရန် ခန့်အပ်သောအခါ လူအများက မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက သူ့ကို လက်ခံလာကြသည်။ ရွီဝမ်ချိုင်၏ ကြိုးစားအားထုတ်မှုမှာ အပြင်ပန်းတွင် မသိသာသော်လည်း လူတိုင်း၏ စိတ်ထဲတွင် စွဲထင်နေပါသည်။

နေ့စဉ် လေ့ကျင့်မှုများ၊ တာဝန်ချထားမှုများ၊ စစ်မထွက်မီ ဗျူဟာများ ချမှတ်ခြင်းမှစ၍ ရိက္ခာစီမံခန့်ခွဲမှု၊ သေဆုံးသွားသူများ၏ မိသားစုများအတွက် နစ်နာကြေးများ ပေးအပ်မှုအထိ လူပေါင်း တစ်ထောင်၊ နှစ်ထောင်ခန့်၏ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းစဉ်အားလုံးကို သူတစ်ဦးတည်းကပင် ဦးဆောင် စီမံခန့်ခွဲခဲ့ခြင်း ဖြစ်သည်။ ချန်ဆန်းရှီသည် အမြဲတမ်း အလုပ်ရှုပ်နေလေ့ရှိရာ ဤအသေးအဖွဲ ကိစ္စရပ်များကို တစ်ဦးဦးက တာဝန်ယူရမည် ဖြစ်ပြီး ထိုဝန်ထုပ်ဝန်ပိုး အားလုံးမှာ ရွီဝမ်ချိုင်၏ ပုခုံးပေါ်သို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်အတွင်းရှိ လူများသည် ညသန်းခေါင်တွင် နိုးလာတိုင်း ရွီဝမ်ချိုင်သည် အလုပ်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းနေသည်ကို အမြဲ မြင်တွေ့ရလေ့ ရှိသည်။ ထိုကဲ့သို့သော လူမျိုးကို ငွေအနည်းငယ်ဖြင့်သာ ဆုချခြင်းမှာ တကယ့်ကို မတရားလှပေ။

"အားလုံး စိတ်မပူကြပါနဲ့"

ဝမ်ကျိီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည် "ချန်ဆန်းရှီကို မင်းတို့ မယုံကြဘူးလားသူက ကျင့်ကြံမှုတွေနဲ့ အလုပ်ရှုပ်နေပေမဲ့ မင်းတို့အတွက် ဆေးဖက်ဝင် အားဖြည့်ဆေးရည်တွေကို မမေ့မလျော့ တိုက်ကျွေးနေတာပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထူးဆန်းသားရဲကြီးကိုတောင် မင်းတို့ စားဖို့ ရှာပေးခဲ့သေးတာပဲ။ သူက အဖိုးကြီးရွီရဲ့ ကိစ္စကို ဘယ်လိုလုပ် မေ့ထားပါ့မလဲ"

"ဟုတ်တယ်၊ ဟုတ်တယ်"

"ခေါင်းဆောင်ကောင်းနဲ့ တွေ့နေတာပဲ၊ အလုပ်ကို အကောင်းဆုံးပဲ လုပ်ကြရအောင်"

"မင်းရဲ့ 'ဝူလုံ' ဆိုတဲ့ ဘွဲ့က အရမ်းမြင့်တာပဲ။ အဲဒါက နဂါးပြာတပ်စခန်းရဲ့ ဗိုလ်ချုပ်ကြီးနဲ့ အဆင့်တူပဲ။ အခုလောလောဆယ် ရဖို့ မဖြစ်နိုင်သေးပေမဲ့ နည်းနည်းနိမ့်တဲ့ ရာထူးတစ်ခုခုတော့ မင်း သေချာပေါက် ရမှာပါ"

"..."

"ဒါတွေအားလုံးက အပေါ်ယံ နာမည်တွေပါပဲ"

ရွီဝမ်ချိုင်က ဇွတ်ငြင်းလိုက်သည် "ငါ ရွီဝမ်ချိုင်က ဒီလို အနှစ်မဲ့တဲ့ ဘွဲ့တွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ရာထူးရှိရှိ မရှိရှိ၊ ဆုလာဘ်တွေ ရရ မရရ ဘာမှ မဖြစ်ပါဘူး။ ဒါတွေက အပြင်ပန်း ကိစ္စတွေပါ။ ငါက ငါ့တာဝန်ကိုပဲ အာရုံစိုက်ပြီး..."

"ဧကရာဇ်မင်းကြီးရဲ့ အမိန့်တော် ရောက်ရှိလာပါပြီ——"

ကျယ်လောင်လှသော အော်ဟစ်သံကြီးက လူတိုင်းကို အရိုအသေပေးရန် ဖိအားပေးလိုက်သလို ဖြစ်သွားသည်။

ကျောက်ကန်က ပါးစပ်ကို လက်ဖြင့် အုပ်ကာ တိုးတိုးလေး ပြောလိုက်သည် "ဒီနားမှာ နေတဲ့သူတွေထဲမှာ အမြင့်ဆုံးက ထောင်စုမှူးပဲ ရှိတာ။ အမိန့်တော်က ဘာလို့ ဒီကို ရောက်လာတာလဲ၊ ဘယ်သူ့အတွက်လဲ"

"ဒေါက်၊ ဒေါက်၊ ဒေါက်"

ဟောင်းနွမ်းနေသော သစ်သားတံခါးကြီးကို ပြင်းထန်စွာ ခေါက်လိုက်သံနှင့်အတူ အပြင်ဘက်မှ လောဆော်သံများ ထွက်ပေါ်လာသည်။

"ဘယ်လောက်တောင် ရဲတင်းသလဲ အမိန့်တော် ရောက်နေတာကို ဘာတွေ ပြောနေကြတာလဲ အမိန့်တော်ကို ခံယူဖို့ ချက်ချင်း ထွက်ခဲ့ကြစမ်း"

"ငါတို့အတွက်လား"

အားလုံး အချင်းချင်း ကြည့်လိုက်ကြပြီး အမြန်ပင် ထရပ်လိုက်ကြသည်။

သူတို့ အပြင်သို့ ထွက်သွားသောအခါ...

လမ်းကြား၏ အလယ်တွင် မိန်းမစိုး ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမစိုး တစ်ဦးသည် ရွှေရောင် အမိန့်တော်လွှာကို ကိုင်ဆောင်ထားပြီး သူ၏ နောက်တွင် ဓားလွယ်ထားသော ကိုယ်ရံတော်များ လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

"အမိန့်တော်ကို ခံယူဖို့ ဒူးမထောက်ကြသေးဘူးလား"

"ဒုန်း ဒုန်း ဒုန်း——"

ဘာဖြစ်မှန်း မသိသဖြင့် အားလုံး အလျင်အမြန် ဒူးထောက်ကာ အမိန့်တော်ကို နားထောင်ရန် ပြင်ဆင်လိုက်ကြသည်။ သူတို့ထဲမှ တစ်ဦးဦးက ကြီးလေးသော ပြစ်မှု ကျူးလွန်ခဲ့သဖြင့် တစ်မိသားစုလုံး အသတ်ခံရတော့မည်လားဟုပင် စိုးရိမ်တကြီးဖြင့် အချင်းချင်း ခိုးကြည့်နေကြသည်။

"ရွီဝမ်ချိုင်... အမိန့်တော်ကို ခံယူလော့"

မိန်းမစိုးဟောက်သည် အမိန့်တော်လွှာကို ဖြည်းညှင်းစွာ ဖြန့်လိုက်ပြီး ပြတ်သားစွာ ဖတ်ကြားလိုက်သည် "ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းကြီး မိန့်ကြားတော်မူသည်မှာ အရံတပ်စခန်းမှ ရွီဝမ်ချိုင်သည် နက္ခတ်ဗေဒင်နှင့် ပထဝီဝင်ကို နှံ့နှံ့စပ်စပ် သိမြင်ပြီး၊ စစ်ဗျူဟာများတွင် ကျွမ်းကျင်လှသည်။ မင်ပြည်နယ်ကို ငြိမ်ဝပ်ပိပြားအောင် လုပ်ဆောင်စဉ်အတွင်း ရန်သူများကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့ပြီး၊ ဟုန်ကျိမြစ်ကို လေးကြိမ်တိုင်တိုင် ဖြတ်ကျော်ရာတွင်လည်းကောင်း၊ မေရှန်း ခရိုင်ကို သိမ်းပိုက်ရာတွင်လည်းကောင်း ဖျောက်ဖျက်၍ မရသော အောင်မြင်မှုများကို ရယူနိုင်ခဲ့သည်။ ငါကိုယ်တော်သည် ၎င်း၏ ကြိုးပမ်းမှုကို များစွာ တန်ဖိုးထားသဖြင့် ကြီးလေးသော တာဝန်တစ်ခုကို ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ရွီဝမ်ချိုင်အား စစ်ဘက်နှင့် အရပ်ဘက် ရာထူးများ ပေးအပ်ကာ ယူပြည်နယ် ကွပ်ကဲမှုဌာန ၏ တရားဝင် တတိယတန်းစား တပ်မှူးကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်သည်။ ထို့ပြင် ၎င်းအား တရားဝင် တတိယတန်းစား အကြံပေးအရာရှိအဖြစ် ခန့်အပ်ပြီး 'ဝူလုံ' ဟူသော ဘွဲ့အမည်ကိုလည်း အပ်နှင်းလိုက်သည်။ ယူပြည်နယ်သို့ သွားရောက်ကာ ကွပ်ကဲရေးမှူး တူရှီကွမ်အား ပုန်ကန်မှုများကို နှိမ်နင်းရာတွင် ကူညီရန် အမိန့်တော် မှတ်လိုက်သည်။ ဆယ်ရက်အတွင်း ခရီးစတင်ရမည်။ ဤသည်မှာ ငါကိုယ်တော်၏ အမိန့်တော် ဖြစ်သည်"

All Chapters