← Chapters

အခန်း (၂၈၁)

Vol. 26 Ch. 281

အခန်း (၂၈၁)

Vol. 26 Ch. 281

📝အပိုင်း - ၂၈၁

ဘာသာပြန် - Na Gar🐉

"ဧကရာဇ်မင်းကြီး၏ အမိန့်တော်အရ" ဟူသော စာသားများအောက်မှာ လက်မှတ်ရေးထိုးထားသည်ကို မြင်လိုက်ရချိန်တွင်...

လူတိုင်းသည် အမိန့်တော်ပါ အကြောင်းအရာများကို အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် စဉ်းစားနေမိကြပြီး ခဏတာမျှ ဒူးထောက်ရန်ပင် မေ့လျော့နေကြသည်။

ဒါ... ဒါက ဘာကြီးလဲ..

ဧကရာဇ်မင်းကြီးက ရွီဝမ်ချိုင်ကို ဘယ်လိုရာထူးမျိုး ပေးလိုက်တာလဲ။

တတိယတန်းစားရာထူးကြီးလား..

သူတို့ မှတ်မိသလောက်ဆိုရင်...

ဗိုလ်ချုပ်ချန် ကိုယ်တိုင်တောင်မှ လောလောဆယ်မှာ တတိယတန်းစား ဟွိုင်ယွမ် ဗိုလ်ချုပ်အဆင့်ပဲ ရှိပါသေးတယ်။

ချန်ဆန်းရှီဟာ မကြာခင်မှာ ဧကရာဇ်နဲ့ တွေ့ဆုံရတော့မှာဖြစ်လို့ သူ့ရဲ့ ဆုလာဘ်တွေက ဒီထက်မက ပိုကြီးမားလာမယ်ဆိုတာ အားလုံး သိနေကြပေမဲ့လည်း၊ အခု ရွီဝမ်ချိုင် ရလိုက်တဲ့ ရာထူးကတော့...

တတိယတန်းစား ဆိုတာက အရမ်း မြင့်လွန်းမနေဘူးလား..

ပြည်နယ်တစ်ခုရဲ့ ကွပ်ကဲမှုဌာန ဆိုတာက အဲဒီပြည်နယ် တစ်ခုလုံးမှာရှိတဲ့ တပ်စခန်း တွေ အားလုံးကို စီမံခန့်ခွဲရတာ ဖြစ်ပြီး လူပေါင်း သောင်းနဲ့ချီ ရှိပါတယ်။ အဲဒီမှာ သူက တပ်မှူးကြီးဖြစ်လာမှာ ဖြစ်သလို၊ စစ်သည်တွေကို လေ့ကျင့်ပေးဖို့၊ စီမံခန့်ခွဲဖို့နဲ့ စစ်ဗျူဟာတွေ ချမှတ်ဖို့ တာဝန်ရှိပါတယ်။ အခြေခံအားဖြင့်တော့ သူဟာ အဆင့်မြင့်ဆုံး အာဏာပိုင် တစ်ယောက် ဖြစ်လာမှာ ဖြစ်ပြီး တိုက်ပွဲတွေမှာလည်း ကွပ်ကဲမှုအပိုင်းကနေ ပါဝင်နိုင်တော့မှာပါ။

ဒါက...

တကယ့်ကို ကောင်းကင်ဘုံကို တစ်ဟုန်ထိုး တက်လှမ်းလိုက်သလိုပါပဲ။

ပြီးတော့ 'ဝူလုံ' ဆိုတဲ့ ဘွဲ့အမည်ကရော...

ဒါက ဘာကို ဆိုလိုတာလဲ။

ဒီဘွဲ့က သူ့ကို ဖန်ချင်းယွမ် နဲ့ အဆင့်ချင်း တန်းတူအောင် လုပ်ပေးလိုက်တာ မဟုတ်လား။

ဒါဟာ ရာထူးအဆင့်အတန်း မပါတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု သက်သက်ပဲ ဆိုပေမဲ့လည်း၊ ရွီဝမ်ချိုင် အနေနဲ့ ဒီဘွဲ့နဲ့ ထိုက်တန်အောင် တကယ်ပဲ လုပ်ပြနိုင်ပါ့မလား။

ဘယ်သူကများ သူ့အတွက် ကြားထဲကနေ အကူအညီ ပေးခဲ့တာလဲ။

ချန်ဆန်းရှီ လုပ်ပေးခဲ့တာလား။

ဒီလောက်အထိ ကြီးမားတဲ့ ကျေးဇူးကို ချန်ဆန်းရှီက လုပ်ပေးခဲ့တာလား။

"ကျွန်တော်မျိုး..."

"ရွီဝမ်ချိုင်"

အားလုံး အံ့ဩတုန်လှုပ်နေစဉ်မှာပဲ ရွီဝမ်ချိုင်ဟာ ရှိုက်ကြီးတငင် ငိုကြွေးရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပါတော့တယ်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်တာက "အမိန့်တော်ကို ခံယူပါတယ်ဘုရား ဧကရာဇ်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ သက်တော်ရာကျော်၊ သက်တော်ရာကျော် ရှည်ပါစေ"

လေးဆယ့်ရှစ်နှစ်..

ဒီနှစ်မှာ သူ လေးဆယ့်ရှစ်နှစ် ရှိပါပြီ..

အသက် တစ်ဆယ့်ခြောက်နှစ်သားကတည်းက စာမေးပွဲတွေ ဖြေဆိုခဲ့တာ၊ သူ့ဘဝဟာ ပညာရှိတစ်ယောက်ရဲ့ ဘဝအတိုင်း ဖြတ်သန်းခဲ့ရတာပါ။ ဒီနေ့မှာတော့ သူ နောက်ဆုံးမှာ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိခဲ့ပါပြီ..

ဒါပေမဲ့...

တစ်စုံတစ်ခု ထူးဆန်းနေသလိုပါပဲ။

"ဘာလို့ အဖိုးကြီးရွီကို တခြားကို ပြောင်းလိုက်တာလဲ..."

ဝမ်ကျိီက ဒါကို ပထမဆုံး သတိထားမိလိုက်သူပါ။ ဒါပေမဲ့ ဒါက သူတို့ ဝင်ရောက် စွက်ဖက်ရမယ့် ကိစ္စ မဟုတ်ပါဘူး။

မိန်းမစိုးကြီးရဲ့ အကြည့်အောက်မှာပဲ...

ရွီဝမ်ချိုင်ကလွဲလို့ ကျန်တဲ့သူတွေအားလုံး ခြံဝင်းထဲကနေ တိတ်တဆိတ် ထွက်ခွာသွားကြပါတယ်။

"ပညာရှင်ရွီ"

မိန်းမစိုးကြီးကိုယ်တိုင် ရှေ့ကို တိုးလာပြီး သူ့ကို ထူလိုက်ပါတယ် - "ကျေးဇူးပြုပြီး ဒူးမထောက်ပါနဲ့တော့၊ အမြန်ထပါဦး"

"ကျေးဇူးတင်ပါတယ် ... အခုလို ပင်ပင်ပန်းပန်း လာရောက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"

ရွီဝမ်ချိုင်က သူ့မျက်ရည်တွေကို သုတ်ပြီး ထရပ်လိုက်ပါတယ်။ သူက လောကဝတ်ကို သိသူပါ။ သူဟာ တုန်ယင်နေတဲ့ လက်တွေနဲ့ သူ့ရင်ဘတ်ထဲကနေ ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးလိုက်ပါတယ်။ ဒါဟာ မင်ပြည်နယ် တိုက်ပွဲတုန်းက သူရခဲ့သမျှ စုဆောင်းထားတဲ့ ငွေစက္ကူဖြစ်ပြီး စုစုပေါင်း ငွေစ တစ်ရာပဲ ရှိပါတယ်။

"ဒါက—"

မိန်းမစိုးဟောက်ကတော့ နှာခေါင်းမရှုံ့ဘဲ အဲဒီငွေကို လက်ခံလိုက်ပါတယ်။ ထို့နောက် ရွီဝမ်ချိုင်ရဲ့ လက်ကို ဆွဲပြီး ခြံဝင်းထဲကို ခေါ်သွားရင်း သက်ပြင်းချလိုက်ပါတယ် "ပညာရှင်ရွီ... ခင်ဗျား တကယ် ပင်ပန်းခဲ့တာပဲ။ စာမေးပွဲတွေကို အောင်မြင်မှုမရှိဘဲ အနှစ်သုံးဆယ်လောက် ဖြေဆိုခဲ့ရတယ်။ နောက်ဆုံး ခင်ဗျားရဲ့ မိခင်တောင်မှ အငတ်ဘေးနဲ့ သေဆုံးသွားခဲ့ရတယ်... အင်း... ကံကောင်းတာကတော့ အခု ခင်ဗျား အောင်မြင်သွားပြီပေါ့"

"ဟုတ်ပါတယ်"

ရွီဝမ်ချိုင်က မိန်းမစိုးကြီးကို ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူက ကျိုးပဲ့နေတဲ့ ပန်းကန်လုံးတစ်လုံးကို ယူ၊ သူ့လက်အင်္ကျီနဲ့ သန့်ရှင်းအောင် သုတ်ပြီးနောက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်ပါတယ် "ကျွန်တော်က မိဘအပေါ် မသိတတ်တဲ့ သားပါ။ ငယ်စဉ်ကတည်းက စာအုပ်တွေထဲမှာပဲ နစ်မွန်းနေခဲ့တာ။ တစ်ခါကတော့ ထူးခြားတဲ့ စာအုပ်အချို့ကို ကူးယူခွင့်ရခဲ့ပြီး အဲဒါတွေကို အရမ်း စိတ်ဝင်စားသွားခဲ့တယ်။ လအတော်ကြာအောင် စာအုပ်ထဲကနေ ခေါင်းမဖော်ဘဲ ဖတ်နေခဲ့မိတာ၊ အိမ်မှာ စားစရာတွေ ကုန်သွားတာတောင် မသိခဲ့ဘူး။ ကျွန်တော့်အမေက ကျွန်တော့်ကို တစ်ခွန်းမှ မပြောဘဲ ကျန်တဲ့ စားစရာတွေကို ကျွန်တော့်ကိုပဲ ကျွေးပြီး သူကတော့ အငတ်ခံခဲ့တယ်... ကျွန်တော် သတိထားမိတဲ့ အချိန်မှာတော့... ကျွန်တော့် အမေက ဆုံးသွားခဲ့ပါပြီ..."

"တောက် တောက်~"

မိန်းမစိုးဟောက်ကတော့ တကယ့်ကို ကိုယ်ချင်းစာသလို ပုံစံမျိုးနဲ့ "ပညာရှင်ရွီက 'ဝူလုံ' ဆိုတဲ့ ဘွဲ့ကို အမြဲတမ်း စွဲလမ်းနေတာကလည်း ခင်ဗျားရဲ့ မိသားစုနဲ့ ပတ်သက်နေတာ မဟုတ်လား"

"ကျွန်တော် ငယ်ငယ်က ကြုံးဝါးခဲ့ဖူးတယ်။ တစ်ကမ္ဘာလုံးက ကျွန်တော့်ကို 'ဝူလုံ' လို့ ခေါ်စေရမယ်၊ ပြီးတော့ ကျွန်တော့် အဖေ၊ အမေနဲ့ ညီမလေးတို့ကို ပိုကောင်းတဲ့ ဘဝမျိုး ပေးမယ်လို့... ဒါပေမဲ့..."

ရွီဝမ်ချိုင်က နာကျင်စရာ အမှတ်တရတွေကို ဆက်မပြောတော့ဘဲ သက်

ပြင်းရှည်ကြီး ချလိုက်ပါတယ် "ကံကောင်းတာကတော့ အခု ကျွန်တော် ထိုက်တန်တဲ့ ဆုလာဘ်ကို ရခဲ့ပါပြီ။ နောက်နှစ် သူတို့ရဲ့ နှစ်ပတ်လည်နေ့မှာတော့ သူတို့ကို စကားပြောဖို့ မျက်နှာရသွားပြီပေါ့"

"လှေငယ်လေးက တောင်စဉ်တောင်တန်းတွေကို ဖြတ်ကျော်နိုင်ခဲ့ပြီပေါ့"

မိန်းမစိုးဟောက်က ရွီဝမ်ချိုင်ရဲ့ ကျောကို အသာအယာ ပုတ်ပေးလိုက်ပါတယ် "ပညာရှင်ရွီ... ခင်ဗျားရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေ စတင်ပါပြီ"

ရွီဝမ်ချိုင်က အဖန်တလဲလဲ ခေါင်းညိတ်ရင်း "ဧကရာဇ်မင်းကြီးကို ကျေးဇူးအများကြီး တင်ပါတယ်၊ ပြီးတော့ ကျေးဇူးရှင်ကြီးကိုလည်း..."

"ကျေးဇူးရှင်ကြီး ဗိုလ်ချုပ်ချန် ကို ပြောတာလား"

မိန်းမစိုးဟောက်က နှုတ်ခမ်းကို တွန့်လိုက်ရင်း "ဗိုလ်ချုပ်ချန်က တင်ပြတဲ့စာထဲမှာ 'ဝူလုံ' ဆိုတဲ့ ဘွဲ့အကြောင်းကို တစ်ခွန်းမှ မဖော်ပြခဲ့ပါဘူး။ ဒါက ဧကရာဇ်မင်းကြီးက ခင်ဗျားအပေါ် သီးသန့်ပေးတဲ့ မျက်နှာသာပဲ။ ကျွန်တော်တို့ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ရဲ့လား ပညာရှင်ရွီ"

မျက်ရည်တွေ ပြည့်နေတဲ့ ရွီဝမ်ချိုင်ရဲ့ မျက်လုံးတွေဟာ ဒီစကားကို ကြားလိုက်ရချိန်မှာတော့ ရုတ်တရက် တည်ငြိမ်သွားပါတယ်။ သူက မျက်လုံးကို အနည်းငယ် မှေးလိုက်ပေမဲ့ ခဏချင်းမှာပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဘာမှ မထူးခြားသလိုမျိုး ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုပြလိုက်ပါတယ် "ကျွန်တော်မျိုး ရွီဝမ်ချိုင်... ဧကရာဇ်မင်းကြီးရဲ့ ကောင်းကင်ဘုံက ကျေးဇူးတော်အတွက် ဦးညွှတ် ကျေးဇူးတင်ပါတယ်"

"ခင်ဗျားက ဘာက အရေးကြီးလဲဆိုတာကို သိသားပဲ"

မိန်းမစိုးဟောက်က ဝိုင်ခွက်ကို ကိုင်ပြီး အနံ့ကို ရှူကြည့်လိုက်ပါတယ်။ သူက ဝိုင်ကို သိပ်သဘောမကျသလို ပုံစံနဲ့ ပြန်ချလိုက်ရင်း "ခင်ဗျားရဲ့ ရပ်တည်ချက်ကို အမြဲတမ်း ရှင်းရှင်းလင်းလင်း သိနေသရွေ့တော့... အနာဂတ်မှာ ခင်ဗျားရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ"

"စိတ်ချပါ "

ရွီဝမ်ချိုင်က ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်ပါတယ်။ ထို့နောက် သူက စမ်းသပ်တဲ့အနေနဲ့ မေးလိုက်ပါတယ် "မိန်းမစိုးဟောက်... ဗိုလ်ချုပ်ချန် က ကျွန်တော့်အကြောင်းကို တင်ပြတဲ့ စာထဲမှာ ဘာတွေ ရေးထားလဲဆိုတာ နည်းနည်းလောက် သိခွင့်ရှိမလား"

"အင်း... သူက အဲဒီဘွဲ့အကြောင်းကိုတော့ မပြောခဲ့ဘူးပေါ့"

မိန်းမစိုးဟောက်က စူးရှရှ အသံနဲ့ ပြောလိုက်ပါတယ် "ဘယ်သူကများ ပညာရှင်ရွီလို အရည်အချင်းရှိတဲ့သူမျိုးကို သူ့လက်အောက်မှာ တစ်သက်လုံး မထားချင်ဘဲ နေပါ့မလဲ"

"ဒါကတော့ လွန်လွန်းတာပဲ"

ရွီဝမ်ချိုင်က သွားကြိတ်ပြီး တိုးတိုးလေး ရေရွတ်လိုက်ပါတယ် "သူက ကျွန်တော့်အပေါ် ဘယ်လိုလုပ် ဒီလို ဆက်ဆံရတာလဲ။ ကျွန်တော့်ရဲ့ ပေးဆပ်မှုတွေသာ မရှိရင်... ပိုင်ထင်းကျီရဲ့ မိုက်မိုက်ကန်းကန်း လုပ်ရပ်တွေကြောင့်..."

သူ့ရဲ့ ဆိုလိုရင်းက ရှင်းပါတယ်။ သူတို့က သူ့ရဲ့ ရှေ့ရေးကို ကန့်သတ်ထားချင်ကြတာပဲလို့ပေါ့။

"အို"

မိန်းမစိုးဟောက်ရဲ့ မျက်လုံးတွေထဲမှာ အံ့ဩရိပ်တွေ ဖြတ်ပြေးသွားပါတယ်။ ဒီလောက်အထိ ကောင်းမွန်တဲ့ ရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။

"ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် သူက ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့ဖူးတာပဲ"

ရွီဝမ်ချိုင်က သက်ပြင်းချလိုက်ပါတယ် "အနာဂတ်မှာလည်း ကျွန်တော် သူ့ကို ကူညီပေးပါဦးမယ်။ အဲဒီတုန်းက ကျွန်တော့်ကို ပိုယန်ကနေ ခေါ်ထုတ်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ပေါ့။ ဒါပေမဲ့... သူ့အတွက် အသက်ပေးပြီးတော့တော့ အလုပ်လုပ်မှာ မဟုတ်တော့ဘူး"

"ပညာရှင်ရွီက တကယ့်ကို ကျေးဇူးသိတတ်တဲ့သူပဲ၊ ကျွန်တော် လေးစားမိပါတယ်"

မိန်းမစိုးဟောက်က ဂုဏ်ပြုစကား ဆိုလိုက်ပါတယ် "ခင်ဗျား ယူ ပြည်နယ်ကို ရောက်သွားတာနဲ့ ပင်လယ်ထဲကို ရောက်သွားတဲ့ ငါးတစ်ကောင်လိုပါပဲ။ ခင်ဗျားရဲ့ အရည်အချင်းတွေကို လွတ်လွတ်လပ်လပ် ထုတ်ပြနိုင်မယ့် ကမ္ဘာကြီးက စောင့်ကြိုနေပါပြီ"

"ယူပြည်နယ်ရဲ့ အခြေအနေကို ကျွန်တော် သိပြီးသားပါ"

ရွီဝမ်ချိုင်က သူ့ရဲ့ ငှက်မွှေးယပ်တောင်ကို ကစားရင်း "ဒီညမှာတင် ဓားပြတွေကို နှိမ်နင်းပြီး ပုန်ကန်သူတွေကို ငြိမ်ဝပ်ပိပြားစေမယ့် အသေးစိတ် စီမံချက်တစ်ခုကို ကျွန်တော် ရေးဆွဲလိုက်ပါ့မယ်"

"ကောင်းပြီ၊ ဒါပေမဲ့ ကျွန်တော် ခင်ဗျားကို တစ်ခု ထပ်သတိပေးပါရစေ"

မိန်းမစိုးဟောက်က ပြောလိုက်ပါတယ် "ဗိုလ်ချုပ်ဖန် (ဖန်ချင်းယွမ်) ရဲ့ သာဓက ရှိနေတဲ့အတွက်... 'ဝူလုံ' ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်ဖို့ဆိုရင် ခင်ဗျား အကြီးအကျယ် ဖိအားပေးခံရနိုင်ပါတယ်။ ပညာရှင်ရွီ... အောင်မြင်မှုတွေ ရအောင် ကြိုးစားပါ။ တတိယတန်းစား တပ်မှူးကြီး ဖြစ်တာက အစပဲ ရှိပါသေးတယ်။ အနာဂတ်မှာ တပ်စခန်းတွေ တိုးချဲ့ပြီးသွားတဲ့အခါ ခင်ဗျားကိုယ်တိုင် နာမည်ကျော် စစ်ဘက်ဆိုင်ရာ ပညာရှင်ကြီး တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ"

All Chapters