အခန်း (၂၈၄)
Vol. 26 Ch. 284
📝အပိုင်း - ၂၈၄
ဘာသာပြန် - Na Gar🐉
"အရှင်... အရှင် မသိသေးဘူးလား"
ကျောက်ကန်က မျက်မှောင်ကြုတ်လိုက်ရင်း "ရွီဝမ်ချိုင်က တခြားကို ပြောင်းသွားပြီလေ၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ..."
သူတို့သည် မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြကြသည်။
"အရှင်... ရွီဝမ်ချိုင်က ဟန်ထုတ်နေတာနဲ့တင် တော်တော်လေး လွန်နေပါပြီ..."
ဖန်းယုံက ဆက်ပြောသည် "သူက ထွက်သွားတော့မယ့်ဟာကို အရှင်ကိုတောင် လာပြီး သတင်းမပို့ဘူးလား"
"တောက်"
ဝူဒါက ကျိန်ဆဲလိုက်သည်"ဒီလူအိုကြီးကလေ... အရှင်သာ မရှိရင် သူက ဘာဖြစ်နေမှာလဲ။ စစ်တပ်ထဲ စဝင်တုန်းကဆိုရင် တံတိုင်းသွားဆောက်ဖို့ အခေါ်ခံရတော့မှာ၊ အဲဒီတံတိုင်းထဲမှာပဲ မြေမြှုပ်ခံလိုက်ရမှာ"
"..."
ချန်ဆန်းရှီသည် ချက်ချင်း တုံ့ပြန်ခြင်း မပြုဘဲ ကြားလိုက်ရသည့် အကြောင်းအရာများကို စိတ်ထဲတွင် ခွဲခြမ်းစိတ်ဖြာနေမိသည်။
လက်ထောက်ဗိုလ်ချုပ်ရာထူးအပြင် 'ဝူလုံ'ဆိုသည့် ဘွဲ့အမည်ပါ ပေးအပ်လိုက်ခြင်း...
ဧကရာဇ်မင်း၏ ဆုလာဘ်မှာ တကယ့်ကို ရက်စက်လှပေသည်။
ကြည့်ရသည်မှာ ဧကရာဇ်မင်းသည် ရွီဝမ်ချိုင်ကို နောက်ထပ် ဖန်ချင်းယွမ် တစ်ယောက် ဖြစ်လာစေရန်နှင့် ပိုမို ထိန်းချုပ်ရလွယ်ကူသည့် ဖန်ချင်းယွမ်မျိုး ဖြစ်အောင် ပျိုးထောင်လိုဟန် ရှိသည်။ လောလောဆယ် လက်ထောက်ဗိုလ်ချုပ် ဖြစ်နေခြင်းမှာ အစပျိုးရုံသာ ရှိသေးပြီး၊ သူသာ ယူ ပြည်နယ်တွင် တကယ် အောင်မြင်မှု ရခဲ့ပါက နောင်တွင် ဤထက်ပို၍ မြင့်မားသော ရာထူးများ ရလာဦးမည် ဖြစ်သည်။
'နန်းတွင်းရဲ့ ထောက်လှမ်းရေး စွမ်းရည်ကို ငါ တကယ်ပဲ လျှော့တွက်ခဲ့မိတာပဲ။'
ချန်ဆန်းရှီသည် သူ တင်သွင်းခဲ့သည့် လျှောက်လဲချက်ထဲတွင် ရွီဝမ်ချိုင် စစ်တပ်ထဲဝင်ကတည်းက စွမ်းဆောင်ခဲ့သည်များကို အသေးစိတ် ရေးသားခဲ့သည်။ သို့သော် ရွီဝမ်ချိုင်တွင် ကိုယ်ပိုင် အောင်မြင်မှုများ မရှိသေးသဖြင့် 'ဝူလုံ' ဆိုသည့် ဘွဲ့ကို တိုက်ရိုက် တောင်းဆိုရန် မဝံ့ရဲခဲ့ပေ။ ရာထူးတစ်ခု အရင်ရအောင် လုပ်ပေးပြီးမှ ဖြည်းဖြည်းချင်း ရှေ့ဆက်ရန် သူ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ လူတစ်ယောက်ကို အချိန်တိုအတွင်း အမြင့်ကြီး တင်ပေးလိုက်ခြင်းမှာ မကောင်းသလို၊ အခြားသော တပ်စခန်း ရှစ်ခုမှ လူများက လက်ထောက်ဗိုလ်ချုပ် တစ်ယောက်အောက်မှာ 'ဝူလုံ' တစ်ယောက် ရှိနေသည်ဟု ကြားလျှင် မကျေမနပ် ဖြစ်ကြကာ ဖန်ချင်းယွမ်၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
မထင်မှတ်ထားသည်မှာ...
ဧကရာဇ်မင်းသည် ရွီဝမ်ချိုင်၏ တစ်သက်တာ ရည်မှန်းချက်ကို သိနေရုံသာမက၊ သူ့ကို ယူပြည်နယ်ရှိ စစ်ပွဲအတွင်းသို့ တိုက်ရိုက် ပြောင်းရွှေ့ပေးလိုက်ခြင်းပင်။ တကယ်လို့ သူသာ အောင်မြင်မှု မရနိုင်ခဲ့ရင် ခေါင်းဖြတ်ခံရမည့် အခြေအနေမျိုး ဖြစ်သည်။
ဟုတ်ပါတယ်၊ ချန်ဆန်းရှီကတော့ အဖိုးကြီးရွီမှာ အဲဒီလို အရည်အချင်းရှိတယ်လို့ ယုံကြည်ထားပါတယ်။
ဘာဖြစ်လို့ သူ လာပြီး နှုတ်မဆက်ခဲ့တာလဲ ဆိုတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။
'လမ်းခွဲခြင်း'ပါပဲ။
ဧကရာဇ်မင်းက သူ့ကို ဒီအခွင့်အရေး ပေးလိုက်တာဟာ သူ့မှာ ကျင့်ကြံမှုလည်း မရှိသလို၊ ဘယ်လို ဂိုဏ်းဂဏ အင်အားစုတွေနဲ့မှလည်း ပတ်သက်မှု မရှိတာကို သဘောကျလို့ပါ။ တကယ်လို့ သူသာ ချန်ဆန်းရှီနဲ့ အမြဲတမ်း နက်နက်ရှိုင်းရှိုင်း ပတ်သက်နေမယ်ဆိုရင် သူ ဒီထက် ပိုမြင့်တဲ့နေရာကို တက်လှမ်းဖို့ မဖြစ်နိုင်ပါဘူး။
"ဒီလူအိုကြီးက တကယ့်ကို ဒေါသထွက်ဖို့ ကောင်းတာပဲ"
ဖန်းယုံက မြည်တွမ်းတောက်တီးနေသည် "နာမည်တောင် မကြီးသေးဘူး၊ အရှင်ကိုတောင် လျစ်လျူရှုနေပြီ။ တကယ်လို့ သူသာ အောင်မြင်သွားရင်တော့ လူတိုင်းကို နှာခေါင်းရှုံ့တော့မှာပဲ"
"တော်ကြတော့"
ချန်ဆန်းရှီက သူတို့ကို တားလိုက်သည် "အဖိုးကြီးရွီမှာ သူ့လမ်းသူ လျှောက်စရာ ရှိတယ်၊ ဒါကို ထပ်မပြောကြနဲ့တော့"
သူသည် အဖိုးကြီးရွီကို နားလည်ပါသည်။ ထိုလူသည် ကောက်ကျစ်သူ ဖြစ်နိုင်သော်လည်း လူယုတ်မာတော့ မဟုတ်ပေ။ အောင်မြင်မှုရလျှင် အောက်ခြေလွတ်တတ်သည့် လူယုတ်မာမျိုး၏ လုပ်ရပ်ကို ရွီဝမ်ချိုင် လုပ်လိမ့်မည် မဟုတ်ပါ။
ထိုစဉ် လူအုပ်၏ နောက်နားတွင် ရပ်နေသည့် ဝမ်ကျီက သူ့ကို မျက်ရိပ်ပြနေသည်ကို မြင်လိုက်သဖြင့် ကျန်သည့်သူများကို လွှတ်လိုက်သည်။
တံခါးပိတ်ပြီးနောက် ချန်ဆန်းရှီက မေးလိုက်သည် "ဆဋ္ဌမအစ်ကို... တစ်ခုခု ဖြစ်လို့လား"
"အေး"
ဝမ်ကျိီသည် သူ၏ အင်္ကျီလက်ထဲမှ တံဆိပ်ခတ်ထားသော စာတစ်စောင်ကို ထုတ်ပေးလိုက်သည် "ဒါက အဖိုးကြီးရွီက မင်းအတွက် ပေးခဲ့တာ။ သူ ထူးထူးခြားခြား ပြုမူနေတာမှာ တစ်ခုခု အကြောင်းရင်း ရှိမယ်လို့ ငါ ထင်သားပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ မင်းက မစားမသောက်ဘဲ လေ့ကျင့်နေတော့ ငါလည်း ဘေးကနေ စောင့်ကြည့်နေရုံပဲ ရှိပြီး မင်းကို မနှောင့်ယှက်ဝံ့ဘူး။ ဘယ်လိုလဲ... မဟာသွေးကြောအဆင့်ကို ရောက်သွားပြီလား"
"ဟုတ်တယ်"
ချန်ဆန်းရှီက အမှန်အတိုင်းပင် ဖြေလိုက်သည်။
စာအိတ်ကို ဖွင့်လိုက်သောအခါ သပ်ရပ်လှပသည့် လက်ရေးများကို မြင်လိုက်ရပြီး စိတ်ထဲမှနေ၍ စတင် ဖတ်ကြားလိုက်သည်။ အစပြုလိုက်သည့် စာသားတစ်ခုတည်းနှင့်ပင် သူ စိတ်လှုပ်ရှားသွားရသည်။
"ကျွန်တော်မျိုးက ပိုယန်မှာ အချိန်ဖြုန်းနေတဲ့ အသုံးမကျတဲ့သူ တစ်
ယောက်ပါ၊ အရှင်က ကျွန်တော်မျိုးကို စွန့်ပစ်မသွားတာ တကယ်ကို ကံကောင်းလှပါတယ်..."
စာ၏ အစပိုင်းမှာ သူ၏ ကျေးဇူးရှင်အပေါ် မည်မျှ ကျေးဇူးတင်ကြောင်း ရေးထားခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်တော့ ကြီးမားသည့် ရည်မှန်းချက်များကို ဖော်ပြလာသည်။
စာ၏ အနှစ်ချုပ်မှာ -
အခုလို လမ်းခွဲပြလိုက်ခြင်းမှာ အပေါ်ယံ ဟန်ပြရုံသာ ဖြစ်ကြောင်း၊ ဒါကို အပြစ်မယူဖို့ မျှော်လင့်ကြောင်း၊ ဤကဲ့သို့ သရုပ်ဆောင်ပြမှသာ စစ်တပ်ကို အမှန်တကယ် ထိန်းချုပ်နိုင်မည့် အခွင့်အရေး ရနိုင်မည်ဖြစ်ကြောင်း၊ လက်ထောက်ဗိုလ်ချုပ်ဆိုသည်မှာ မလုံလောက်သေးကြောင်း ရေးထားသည်။ ထို့ပြင် သူ့ကို အခွင့်အရေး တစ်ခု ပေးသင့်ကြောင်းနှင့် တစ်နှစ်အတွင်း အထူးတပ်သား နှစ်သောင်းကို ခေါ်ဆောင်လာပေးမည် ဖြစ်ကြောင်း ကတိပေးထားသည်။
"ငါက ဘာလို့ ဒီလောက်တောင် စစ်တပ်အင်အား အများကြီး လိုအပ်မှာလဲ"
ချန်ဆန်းရှီ၏ ရည်မှန်းချက်မှာ တပ်စခန်း တစ်ခုကိုသာ ဦးဆောင်ရန် ဖြစ်ပြီး ထို တပ်စခန်း တွင် လူပေါင်း တစ်သောင်းကျော်သာ ရှိသည်။ သို့သော် အဖိုးကြီးရွီကတော့ လူနှစ်သောင်းကျော် ခေါ်လာပေးမည်ဟု ပြောနေခြင်း ဖြစ်သည်။
ပြီးတော့ "ကျွန်တော်မျိုး"ဆိုသည့် အသုံးအနှုန်း။
သူတို့ စကားပြောသည့်နေရာမှာ သုံးရန်အတွက် ဒါက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လားသူ ဘာတွေ ကြံစည်နေတာလဲ။
စာ၏ နောက်ဆုံးစာကြောင်းမှာ ဤသို့ ရှိသည်
"အခုတော့ ကျွန်တော်မျိုး အဝေးကို ထွက်ခွာသွားရပါပြီ၊ ဒီစာကို ရေးနေရင်း မျက်ရည်တွေလည်း ကျနေရပါတယ်၊ ဘာစကား ပြောရမှန်းတောင် မသိတော့ပါဘူး"
"..."
ဖတ်ပြီးနောက် ချန်ဆန်းရှီသည် ဤအခြေအနေကို မည်သို့ ဆုံးဖြတ်ရမည်မှန်း ခဏတာ ဝေခွဲမရ ဖြစ်သွားသည်။
"ဘယ်လိုလဲ"
ဝမ်ကျိီက သိချင်စိတ်ဖြင့် မေးလိုက်သည် "အဖိုးကြီးရွီက စာထဲမှာ ဘာတွေ ရေးထားလဲ"
ချန်ဆန်းရှီက တောင်းပန်လိုက်သည်"အစ်ကို... ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ သူက ဒါကို ဘယ်သူ့ကိုမှ မပြောဖို့ မှာထားလို့ပါ"
"ဒီလို ပြောမှတော့ ငါ နားလည်ပါပြီ။ ဒီလူအိုကြီး တစ်ခုခု ကြံစည်နေမယ်ဆိုတာ ငါ သိသားပဲ"
ဝမ်ကျိီက ခေါင်းညိတ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည် "ငါ ထင်တာတော့ ဧကရာဇ်မင်းက ရွီဝမ်ချိုင်ကို ဂျင်ယီဝေတွေနဲ့ စုံစမ်းခိုင်းပြီး၊ သူက ထိန်းချုပ်ရလွယ်မယ့်သူလို့ အတည်ပြုပြီးတဲ့နောက်မှာ သူ့ဘက်ပါအောင် ဆွဲဆောင်လိုက်တာပဲ။ ပြီးတော့ မင်းက ဒါကို ဘာမှလည်း ပြောလို့မရဘူး။ မင်းကသာ မကျေနပ်ချက် ပြလိုက်ရင် မင်းက စိတ်ထားသေးသိမ်တဲ့သူ၊ လက်အောက်ငယ်သားရဲ့ ရှေ့ရေးကို ပိတ်ပင်တဲ့သူလို့ မြင်ခံရမှာ။ တကယ်လို့ ကိစ္စက ကြီးသွားရင် ကိုယ်ပိုင် အင်အားစုတွေ တည်ဆောက်နေတယ်လို့ပါ စွပ်စွဲခံရနိုင်တယ်။"
"ငါတို့ရဲ့ ဧကရာဇ်ကတော့ တခြား အရည်အချင်းတွေ သိပ်မရှိပေမဲ့ အာဏာကို ခွဲဝေပြီး ညှိနှိုင်းတဲ့ နေရာမှာတော့ အရင်ကအတိုင်း ဆရာကြီးပဲ"
"စောင့်ကြည့်နေလိုက်၊ တပ်စခန်း တွေ တိုးချဲ့ပြီးသွားရင် အရာရှိတွေရဲ့ အနည်းဆုံး ထက်ဝက်က တပ်စခန်း ရှစ်ခုက လူတွေ မဟုတ်ဘဲ နန်းတွင်းက လူတွေ ဖြစ်လာလိမ့်မယ်"
"ဟုတ်ပါတယ်"
ချန်ဆန်းရှီလည်း ဒါကို ကောင်းကောင်း သိပါသည်။
ဒါပေမဲ့ ဒီပြဿနာတွေက သူ လောလောဆယ် စိုးရိမ်ရမယ့် ကိစ္စတွေ မဟုတ်ပါဘူး။ သူ စိတ်ပူနေရင်တောင် ဒီထဲမှာ ပါဝင်ပတ်သက်လို့ မရပါဘူး။
သူသည် ရွီဝမ်ချိုင်၏ စာကို တတိယလူ တစ်ယောက်အား မြင်ခွင့်မပေးဝံ့ပေ။ စာထဲတွင် ပါဝင်သော စကားလုံး အများစုမှာ ပုန်ကန်ခြားနားရာ ရောက်နေသောကြောင့် ဖြစ်သည်။ သတင်းသာ ပေါက်ကြားသွားလျှင် ကြီးမားသော ပြဿနာများနှင့် ရှုပ်ထွေးမှုများကို ဖြစ်စေနိုင်သည်။ သူသည် ထိုစာကို မီးဖိုထဲသို့ ချက်ချင်း ပစ်ထည့်ကာ ပြာဖြစ်အောင် လုပ်လိုက်တော့သည်။
ဝမ်ကျိီထွက်ခွာရန် ပြင်လိုက်သည်။
"အစ်ကို"
ချန်ဆန်းရှီက သူ့ကို တားလိုက်သည် "ခဏစောင့်ပါဦး၊ သွေးကြောတွေကို ကုသပေးနိုင်မယ့် နည်းလမ်းတစ်ခု သေချာပေါက် ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
"ငါ..."
ဝမ်ကျိီသည် အနည်းငယ် အားနာသွားသလို ခံစားလိုက်ရသည် "ညီလေး... မင်း ငါ့အတွက် စိတ်မပူပါနဲ့ ငါကတော့ အခုအတိုင်းလည်း ကျေနပ်နေပါပြီ။ ငါ့လက်အောက်မှာ လူနည်းတော့ တာဝန်နည်းတယ်၊ အိပ်လည်း ကောင်းကောင်း အိပ်ရတာပေါ့"