← Chapters

အခန်း (၂၇၇)

Vol. 26 Ch. 277

အခန်း (၂၇၇)

Vol. 26 Ch. 277

📝အပိုင်း - ၂၇၇

ဘာသာပြန် - Na Gar🐉

ရှာဝမ်လုံကိုတော့ ဓားချီမန္တန်တစ်ချက်တည်းနဲ့တင် အပြတ်ရှင်းနိုင်မှာပါ။ ဒါကြောင့် နောက်ထပ် သူ ဂရုစိုက်ရမှာက မင်းသားရဲ့ ကိုယ်ရံတော် မိန်းမစိုးကြီးပဲ ဖြစ်ပါတယ်။ နန်းတော်ထဲက သောင်းနဲ့ချီတဲ့ မိန်းမစိုးတွေထဲကမှ ရွေးထုတ်ခံထားရတဲ့ မဟာသွေးကြောအဆင့်ကျွမ်းကျင်သူတစ်ဦးဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေပေမဲ့လည်း သူ့ရဲ့ ပါရမီနဲ့ အခြေခံကတော့ တကယ့်ကို ပါရမီရှင်တစ်ဦးရဲ့ အဆင့်အတန်းမျိုး ဖြစ်နေမှာ ဧကန်မလွဲပါပဲ။ မင်ကျိုးက ပုန်ကန်သူတွေ ဒါမှမဟုတ် ချီမေ့စစ်တပ်ထဲက လူတွေနဲ့တော့ နှိုင်းယှဉ်လို့ မရနိုင်ဘူးဆိုတာ ထင်ရှားတဲ့ အကြောင်းပြချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ထူးခြားတဲ့ ပါရမီသာ မရှိဘူးဆိုရင် နန်းတော်ကြီးက ဒီလောက်များပြားတဲ့ မိန်းမစိုးတွေထဲကမှ သူ့ကို ဘာလို့ သီးသန့် မြေတောင်မြှောက်ပေးထားပါ့မလဲ။

ကျင်းယီစောင့်ရှောက်ရေးတပ်တွေရော၊ မိန်းမစိုးတွေရော... ဘယ်သူ့ကိုမှ လျှော့တွက်လို့ မရပါဘူး။

ဘေးကင်းလုံခြုံဖို့အတွက် သူဟာ မဟာသွေးကြောအဆင့် နည်းစနစ်တွေကို ကျွမ်းကျင်ပိုင်နိုင်အောင် အရင်လုပ်ဖို့ လိုပါတယ်။ ဒါမှသာ ပစ်မှတ်ကို မြန်မြန်ဆန်ဆန်နဲ့ အသေသတ် နှိမ်နင်းနိုင်မှာပါ။

အစပျိုးအဆင့်စွမ်းရည်တွေနဲ့ ယှဉ်လို့မရတာမျိုး မဟုတ်ပေမဲ့၊ ချန်ဆန်းရှီ လိုချင်တာကတော့ ချက်ချင်းအပြတ်သတ်ဖို့ပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တိုက်ပွဲက ပြင်းထန်ပြီး ကြာရှည်သွားမယ်ဆိုရင် ပစ်မှတ်က လွတ်သွားနိုင်သလို၊ သူ့ရဲ့ အမှတ်အသားနဲ့ ဝိသေသတွေကလည်း ပေါ်သွားနိုင်လို့ ဖြစ်ပါတယ်။

"လေးကြီးကို အဆင့်မြှင့်ဖို့ လိုနေပြီ"

"အစ်မကိုးလည်း အိမ်မှာ ရှိနေတာဆိုတော့... ငါ ရက်အနည်းငယ်လောက် ခရီးထွက်လို့ စိတ်အေးရပြီ"

...

လော့ထျန်း တောင်တန်း။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ - မဟာသွေးကြောအဆင့် (အစမပြုရသေး)]

[တိုးတက်မှု့ - ၆၈/၁၀၀]

ဂူတစ်ခုအတွင်း၌။

"မဟာသွေးကြောအဆင့် ရောက်ဖို့ သိပ်မဝေးတော့ဘူး"

ခေတ္တ အနားယူပြီးနောက် ချန်ဆန်းရှီသည် သူ၏ လှံရှည်ကို ကိုင်ကာ တောတောင်နက်ထဲသို့ ထပ်မံ ချီတက်ခဲ့ပြန်သည်။

သူ ထွက်လာပြီးနောက် စီယွင်ဘုရားကျောင်းမှ တာအိုဘုန်းကြီး နှစ်ပါးက သူ့နောက်ကို စတင် ခြေရာခံ လိုက်လာကြပါတယ်။ ဒါပေမဲ့ မြို့ပြင်ရောက်တာနဲ့ သူတို့ကို ချက်ချင်း မျက်ခြေဖြတ်ပစ်နိုင်ခဲ့ပြီး၊ သူတို့က လော့ထျန်းတောင်တန်းထဲအထိ လိုက်မလာရဲကြတော့ဘဲ နောက်ဆုံးမှာတော့ လက်လျှော့သွားကြပါတော့တယ်။

အခုတော့ အခြေအနေက သေချာသွားပါပြီ။

စိတ်ဝိညာဉ်အားဖြည့်ဆေးရည် ထဲမှာ အဆိပ်ခတ်တဲ့သူတွေက သူတို့ပဲ ဖြစ်ပါတယ်။ သူတို့က အမွှေးတိုင်မီးနတ်ဘုရားဂိုဏ်းနဲ့ မသက်ဆိုင်ပါဘူး။ ဒီအုပ်စုနှစ်ခုစလုံးဟာ ရည်ရွယ်ချက်ချင်း မတူကြဘဲ စီယွင်ဘုရားကျောင်းကို အကာအကွယ်အဖြစ် အသုံးချနေကြတာပါ။

သံသယဖြစ်ဖို့အကောင်းဆုံးသူတွေကတော့ မိစ္စာဂိုဏ်းက လူတွေပါပဲ။

သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ လော့ထျန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးနေရာက မိစ္စာချီတွေအပေါ် အခြေခံနေပုံရပြီး တစ်စုံတစ်ခုကို ဖုံးကွယ်ထားပုံ ရပါတယ်။

ကျန်းဟွိုင်မင်တစ်ယောက် တုန်းယီမြို့ပြင်မှာ နာမည်ကြီးလာခဲ့တာကို ယနေ့တိုင် အထင်အရှား မှတ်မိနေပါသေးတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်မပေါ်လာတော့ပါဘူး။

ဆက်တိုက် ဖြစ်နေတာကတော့ သေဆုံးမှုတွေ၊ သေဆုံးမှုတွေပါပဲ...။

ဒါဟာ လျန်ကျိုးမြို့အတွင်းက ဒုတိယတန်းစား ဂိုဏ်းအချို့ကို ပြိုလဲလုနီးပါး ဖြစ်အောင် တွန်းပို့နေပါတယ်။ အကယ်၍ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူတို့ကို ပုန်ကန်လာအောင် ဖိအားပေးနေသလို ဖြစ်နေပါလိမ့်မယ်။

"အခု ငါက ဟွာကျင်းကြီးမားတဲ့အောင်မြင်မှု အဆင့်ကို ရောက်နေပြီ"

"အရင်တစ်ခေါက်က တောင်ရဲ့ရှစ်ထပ်မြောက်အထိ ရောက်ခဲ့တယ်။ အခုတစ်ခေါက်တော့ ဘယ်နှစ်ထပ်အထိ ရောက်နိုင်မလဲ ကြည့်ကြသေးတာပေါ့"

နေ့ရောညပါ နှစ်ရက်ဆက်တိုက် ခရီးနှင်ပြီးနောက်...

ချန်ဆန်းရှီသည်တောင်ရဲ့ရှစ်ထပ်မြောက် အနီးသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ထူးဆန်းသားရဲကြီးတွေရဲ့ နယ်မြေထဲကို တစ်ဖန် ပြန်လည် ခြေချလိုက်ပါပြီ။

"ဒုန်း ဒုန်း"

မျက်စိနဲ့ မမြင်ရပေမဲ့ အသံကိုတော့ ကြားနေရပါတယ်။ ကျောက်ခဲတွေ အချင်းချင်း ရိုက်ခတ်နေသလို အသံမျိုးပါ။ ဟိန်းဟောက်သံတစ်ခုနဲ့အတူ ကောင်းကင်ယံကနေ မည်းနက်နေတဲ့ မိစ္စာချီ အစုအဝေးကြီးတစ်ခု ကျဆင်းလာပါတယ်။

"ဝူး——"

ဝိညာဉ်ဖျက်လှံသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ပင်လယ်ထဲကနေ ရုန်းထွက်လာသလို ဟိန်းဟောက်ကာ၊ ချက်ချင်းဆိုသလို ရောက်ရှိလာတဲ့ အရိပ်မည်းကြီးနဲ့ ထိပ်တိုက် တိုးမိပါတော့တယ်။ စူးရှလှတဲ့ သံချောင်းချင်း ထိခိုက်သံကြောင့် အနီးနားက ငှက်တွေတောင် လန့်ပျံကုန်ကြပါတယ်။

ဒီသားရဲကြီးရဲ့ လက်သည်းတွေက သတ္တုတွေလိုပဲ ချွန်ထက်လှပါတယ်။ ခွန်အားပိုင်းမှာတော့ သူဟာ စစ်မှန်တဲ့ အင်အားတွေနဲ့ ပံ့ပိုးထားတဲ့ ဟွာကျင်း ပြီးပြည့်စုံခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ တန်းတူပါပဲ။ သူ့ရဲ့ သားရဲခန္ဓာကိုယ် တည်ဆောက်ပုံကြောင့်တောင် နည်းနည်း ပိုပြီး သန်မာနေပါသေးတယ်။

ဒါပေမဲ့ သူတို့ ထိတွေ့လိုက်တဲ့ အခါမှာတော့... လှံသွားပေါ်မှာ ရှိနေတဲ့ စဉ်ဆက်မပြတ် သတ်ဖြတ်နိုင်စွမ်းဟာ လည်ပတ်နေတဲ့ လွှစက်တစ်ခုနဲ့ တိုးမိသလိုမျိုး တဖြောက်ဖြောက်အသံတွေနဲ့အတူ မီးပွားတွေ လွင့်စင်သွားပါတော့တယ်။

နောက်ဆုံးမှာတော့ သားရဲကြီးက ရှုံးနိမ့်သွားပါတယ်။ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ဟာ ရိုက်ခတ်မှုကြောင့် နောက်ကို လွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်နဲ့ ပြင်းထန်စွာ ဆောင့်မိသွားပါတယ်။ သူ ပြန်ပြီး အခြေမကျခင်မှာပဲ ငွေရောင်နဂါးက ထပ်မံ တိုက်ခိုက်လိုက်ပြန်ပါတယ်။

အဆိပ်သားရဲကြီးရဲ့ လက်သည်းတွေနဲ့ လှံသွားဟာ အကြိမ်ကြိမ် ရိုက်ခတ်နေပါတယ်။

နောက်ဆုံး အပြန်အလှန် တိုက်ခိုက်မှု အချို့အပြီးမှာတော့ဂျောက် ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာပါတယ်။ သားရဲကြီးရဲ့ လက်သည်းတွေဟာ နဂါးစစ်စွမ်းအား ရဲ့ ပြင်းထန်တဲ့ ကိုက်ခဲမှုကို မခံနိုင်တော့ဘဲ ကျိုးပဲ့သွားပါတော့တယ်။ သူကသိုင်းပညာရှင်ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့ဘဲ၊ သန်မာလှတဲ့ ခန္ဓာကိုယ်ဟာလည်း ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နှက်သွားပြီးနောက်... ရုတ်တရက် မြေပြင်ပေါ် လဲကျကာ အသက်ပျောက်သွားပါတော့တယ်။

"ဒီသားရဲက သာမန် ကြီးမားတဲ့အောင်မြင်မှု့ရထားတဲ့ သိုင်းပညာရှင်

ထက်တောင် အများကြီး ပိုသန်မာတာပဲ"

ချန်ဆန်းရှီ အနေနဲ့ အင်အားအများကြီး မစိုက်ထုတ်ခဲ့ရပေမဲ့လည်း လော့ထျန်းတောင်တန်းရဲ့ အနက်ရှိုင်းဆုံးမှာ ရှိနေတဲ့ ကြောက်စရာကောင်းတဲ့ အရာတွေကိုတော့ အံ့ဩမိသွားပါတယ်။ ရှေ့မှာ ဒီထက်ပိုပြီး သန်မာတဲ့ အဆိပ်သားရဲတွေ ဒါမှမဟုတ် ထူးခြားသားရဲတွေ ရှိနေဦးမှာပါ။ ဒါကြောင့်လည်း မြင့်မားတဲ့ အဆင့်ရှိတဲ့ သိုင်းပညာရှင်တွေပဲ ဒီနေရာကို ထိုးဖောက်ဝင်ရောက်နိုင်တာ မဆန်းပါဘူး။

သူကကျန်းယွဲ့ဓားကို ဆွဲထုတ်လိုက်ပြီး သားရဲကြီးရဲ့ အရေခွံကို ခွာ၊ အရိုးတွေကို ထုတ်ယူလိုက်ပါတယ်။

ဒီအဆိပ်သားရဲရဲ့ အကြောတွေကတော့ တကယ့်ကို အံ့ဩစရာကောင်းလောက်အောင် ရုန်းကန်အား ကောင်းလှပါတယ်။ သူ အတင်းအဓမ္မ ဆွဲဖြတ်ကြည့်တာတောင် အချိန်တိုအတွင်းမှာ ဖြတ်ဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့်လည်း သူဟာ မီတာဆယ်ဂဏန်းလောက်အထိ ခုန်နိုင်တာဖြစ်ပြီး အဝေးကကြည့်ရင် ပျံနေသလိုတောင် ထင်ရတာပါ။ ဒီသားရဲရဲ့ အကြောတွေကို လေးကြိုးအဖြစ် အသုံးပြုမယ်ဆိုရင် ပေါင်တစ်သောင်းကျော်လေးကိုတောင် အေးအေးဆေးဆေး ဆွဲနိုင်ပါလိမ့်မယ်။

သားရဲရဲ့ အသားကတော့ အဆိပ်တွေကြောင့် စားလို့မရပါဘူး။ အရိုးတွေက မာကျောပေမဲ့လည်း သံနက်လောက်တော့ အသုံးမဝင်တာကြောင့် သူ့အတွက် သိပ်တန်ဖိုးမရှိပါဘူး။ သူက ရှေ့ဆက်သွားရဦးမှာ ဖြစ်လို့ အကြောတွေကိုပဲ ယူလိုက်ပြီး အလောင်းကိုတော့ ဒီအတိုင်း ထားခဲ့လိုက်ပါတယ်။

ကိုးထပ်မြောက်တောင်။

ချန်ဆန်းရှီကသူလိုချင်တဲ့ ပစ္စည်းတွေကို ရှာဖွေရင်း ရှေ့ကို ဆက်လက် စူးစမ်းလာခဲ့ပါတယ်။

ဝိညာဉ်သွေးကြောသစ်သားနဲ့ ကျိုးပဲ့မြက်ပင်။

ဝိညာဉ်သွေးကြောသစ်သားက မြားတံတွေ လုပ်ဖို့အတွက် အဓိက ပစ္စည်းပါ။ အဲဒါရှိမှသာ နဂါးစစ်စွမ်းအားကို ခံနိုင်ရည်ရှိမယ့် ပြီးပြည့်စုံတဲ့ လေးကြီးတစ်စုံကို သူပြုလုပ်နိုင်မှာပါ။ ကျိုးပဲ့မြက်ပင်ကတော့ နင်ရှန်နဲ့ ကတိထားခဲ့တဲ့ ကုန်သွယ်မှုအတွက် လိုအပ်တာ ဖြစ်ပါတယ်။

"ရွှမ်း"

ဓားတစ်ချက်တည်းနဲ့တင် ချန်ဆန်းရှီဟာ အမည်မသိ အဆိပ်သားရဲတစ်ကောင်ရဲ့ ခေါင်းကို ဖြတ်ချလိုက်ပြီး၊ နောက်ထပ် ချိုင့်ဝှမ်းတစ်ခုကို ဖြတ်ကျော်ကာ ဆယ်ထပ်မြောက်တောင်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ အပင်တွေက ပိုပြီး စိပ်လာသလို၊ သူ ရောက်လာတာနဲ့ အဆိပ်ပြင်းတဲ့ ပိုးမွှားတွေ အုပ်စုလိုက်ကြီး သူ့ဆီကို တိုးဝှေ့လာကြပါတယ်။ အနီးဆုံးမှာ ရှိနေတဲ့ ကောင်တွေဆိုရင် လတ်ဆတ်တဲ့ အသားကို စားရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တက်ကြွနေကြပါတယ်။

"ဒီမှာ မြူခိုးတွေလည်း ရှိနေတာပဲ"

သူ ကြိုတင်ပြင်ဆင်ထားပါတယ်။ ဝတ်ရုံထဲက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး ခြေလှမ်းတွေကို မြှင့်လိုက်ပါတယ်။

"မြေကမ္ဘာကြားက ချီတွေက ပြောင်းလဲနေပြီ"

ချန်ဆန်းရှီ သတိထားမိလိုက်တာက... လောကရဲ့ ရှုပ်ထွေးနေတဲ့ ချီတွေကြားမှာ မည်းနက်နေတဲ့ မိစ္စာချီတွေ ရောနှောနေတာပါပဲ။ တော်တော်လေး ကျဲပါးနေပေမဲ့လည်း သူ့ရဲ့ကြည့်ရှု့နိုင်စွမ်းနဲ့ သေသေချာချာ ကြည့်မှသာ ရှာတွေ့နိုင်တာမျိုးပါ။

"ဒီတောင်ရဲ့ အတွင်းပိုင်းမှာတော့..."

All Chapters