← Chapters

အခန်း (၆၇-၆၈)

Vol. 5 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 5 Ch. 67-68

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -67

အခန်း ၆၇ ။ အကျင့်

"အရှင်မင်းကြီး ဒီနှစ်ကူးကာလအတွင်းမှာကိုတော်တော်လေး ပိန်သွားတာပဲ။"

ယဲ့ယွင်သည် ပြုံးလျက် တိုးကပ်လာ၍ လက်ကို ဆန့်ထုတ်၍ ကျွမ်းကျင်စွာပင် နင်ချန်၏ဝတ်ရုံရှည်ကို ချွတ်ပေးလိုက်သည်။

" ကျန်းက နေ့တိုင်း အပင်ပန်းခံ အလုပ်လုပ်နေရတာ သေချာပေါက် ပိန်သွားမှာပေါ့။ ဘယ်သူကမင်းလိုမျိုး စားလိုက်အိပ်လိုက်နဲ့မေးစေ့လေးက ဝိုင်းစက်လာမှာလဲ။” နင်ချန်က နှာမှုတ်လိုက်၏။

ယဲ့ယွင်က မျက်ခုံးပင့်လိုက်သည်။

"ကောင်းကင်ကြီးပြိုကျလာရင်တောင် အရှင်မင်းကြီးက ထမ်းထားပေးတာဆ်ိုတော့ ဒီချန်းချဲ့က စိတ်အေးလက်အေးနဲ့ ထမင်းစားပြီး အိပ်နေရုံပဲပေါ့။ ပြီးရင်

အရှင်မင်းကြီး ချန်းချဲ့စီလာတဲ့အခါ ကောင်းကောင်း ပြုစုပေးမယ်။ ဒီလို စိတ်လေးထားတတ်တော့ သဘာဝအတိုင်း ကိုယ်လုံးကိုယ်ပေါက်က နည်းနည်း ပြည့်လာတာပေါ့။ ဒါပေမဲ့ ချန်းချဲ့ရဲ့အသက်အရွယ်က ကြီးထွားဖွံ့ဖြိုးပြီးအရပ်ရှည်နေတုန်းလေ ဝမှာ မကြောက်ပါဘူး။"

ထိုစကားကိုကြားသောအခါ နင်ချန်သည် မထိန်းနိုင်ဘဲ သူမအား အထက်အောက် တစ်ချက် စူးစိုက် ကြည့်လိုက်မိသည် ဤသည်မှာ ကွာခြားမှု မရှိသကဲ့သို့ပင်။

ရှေ့မှ နဂါးတစ်ကောင် (ဧကရာဇ်)၏ အကြည့်ကို မြင်သောအခါ နင်ချန်သည် သူမအား မယုံကြည်သည်ကိုသဘောပေါက်သဖြင့် ဘေးမှ ဟွေယွဲ့အား မျက်ရိပ်တစ်ချက် ပြလိုက်၏။

ဟွေယွဲ့သည် သဘောပေါက်သွားပြီး ပြုံးလျက် ဖွင့်ဟလိုက်သည်။

"ဟုတ်ပါတယ် အရှင်မင်းကြီး မိန်ရန် နန်းတော်ထဲ ဝင်လာတုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားတွေနဲ့စကတ်အနားစတွေက နည်းနည်း တိုသွားပါပြီ။ ဒါပေမဲ့ သိပ်ပြီးမသိသာပါဘူး။ မိန်ရန်ပြောသလိုပဲ တကယ်ပဲ အရပ်ရှည်လာတာပါ။”

ယဲ့ယွင်သည် ဆယ့်ခြောက်နှစ်မျှသာ ရှိသေးသည်။ သူမသည် မူလကတည်းက ကြီးထွားမှု နှေးကွေးပြီး မိဘများမှာလည်း အရပ် မပုကြသဖြင့် ဤအသက်အရွယ်တွင် အနည်းငယ် ထပ်မံရှည်လာခြင်းမှာ ထူးဆန်းသည် မဟုတ်ပေ။ သို့သော် နင်ချန်၏နားထဲသို့ ကြားဝင်သွားသည့်အခါ ထူးဆန်းသလို ခံစားလိုက်ရသည်။ သမီးတစ်ယောက်ကို မွေးမြူနေရသကဲ့သို့ပင်။

အသက် နှစ်ဆယ်ကျော်အရွယ် တက်ကြွလန်းဆန်းသော ငယ်ရွယ်သည့် ဧကရာဇ်သည် အလျင်အမြန်ပင်ထူးဆန်းသော အတွေးကို ဖယ်ရှားလိုက်ပြီး အခြားသော ကိစ္စရပ်များကို ဖွင့်ဟ ပြောဆိုလိုက်လေသည်။

" ကျန်း နန်းတက်တာ နှစ်နှစ်နီးပါး ရှိပြီ။

ဒီနှစ် မြောက်ပိုင်းကို တစ်ပတ်လောက် လှည့်လည်ကြည့်ရှုဖို့ ပြင်ဆင်ထားတယ်။ တစ်လမ်းလုံး ခရီးထွက်ပြီး ကျားစခ်အထိ သွားမယ်။ အဲ့ဒီဘက်က လင်ကျိုးနဲ့ နီးတယ်။ တိုက်တိုက်ဆိုင်ဆိုင် မင်းရဲ့ အစ်ကိုကလည်း တစ်ခါတည်း မြောက်ဘက်ကို လိုက်လာလိမ့်မယ်။"

ယဲ့ယွင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ဦးနှောက်ထဲတွင် မြေပုံတစ်ခု၏ ပုံစံကြမ်းကို အကြမ်းဖျင်းသတိရသွား၍ တက်ကြွစွာပြောလိုက်သည်။

"ကျားစခ်က မြက်ခင်းပြင်လား။ လျောင်နိုင်ငံနဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတယ် ထင်တယ်။ ပြောရမယ်ဆိုရင် လင်ကျိုးထက်တောင် ပိုပြီး အရေးကြီးသေးတယ် ဟုတ်တယ်မလား အရှင်။”

နင်ချန်က ခေါင်းညိတ်လိုက်သည်။

" လျောင်နိုင်ငံက နယ်မြေ ရှည်လျားတယ်။ မြက်ခင်းပြင်လည်း ဖြစ်တယ်။ မူလက ကျားစခ်နဲ့ ဆက်စပ်နေတာ နောက်ပိုင်းမှာ အဘိုးတော် (ဧကရာဇ် ထိုက်ကျူ) က စစ်တိုက် အောင်နိုင်ပြီး အဲ့ဒါကို ကျန်းတို့ နန်ချီရဲ့ နယ်မြေအဖြစ် သတ်မှတ်ခဲ့တယ်။ မြို့ရိုးတွေ တည်ဆောက်ပြီး ကျားစခ်ဘုရင်ကို ချင်းဝမ် (မင်းသား) အဖြစ် ဘွဲ့နှင်းခဲ့တယ်။ နောက်ပိုင်းမှာ လင်ကျိုးကို ထပ်ပြီးတည်ထောင်ခဲ့တယ်။ လင်ကျိုးက အဓိက တံခါးပေါက် နေရာဖြစ်လို့ နန်ချီ ရဲ့ စစ်သူရဲတွေကို စောင့်ကြပ်ဖို့ စီစဉ်ခဲ့တာ။"

"ဒီလိုဆိုမှတော့ အဲ့ဒီ ကျားစခ်က တကယ်ပဲ အရေးပါတဲ့ နေရာပဲ။ ကျွန်မတို့ နန်ချီရဲ့ မြို့တံခါးပေါက်ကို စောင့်ကြပ်နေတာလို့လည်း သတ်မှတ်နိုင်တာပေါ့။"

ယဲ့ယွင်သည် ဤရှင်းလင်းချက်ကို ကြားသိရမှ သဘောပေါက်သွားပြီး အဆုံးတွင် ကိစ္စတစ်ခုကို ထပ်သတိရသွားသည်။

"ဒါပေမဲ့ ဒီနှစ် သုံးလပိုင်းလမှာ နွေဦးစာမေးပွဲရှိတာ မဟုတ်ဘူးလား။ အရှင်မင်းကြီး အချိန်အားရဲ့လား။"

နင်ချန်သည် ပြုံးလိုက်ပြီး လူကို ဆွဲကိုင်လျက် အတွင်းဘက်သို့ ဝင်သွားကာ ထိုင်ချ၍ လက်ဖက်ရည်ပူပူတစ်ငုံသောက်လိုက်ပြီးမှ ဆိုလိုက်၏။

" နွေဦးစာမေးပွဲကို သုံးလပိုင်း ဆယ့်ငါးရက်နေ့လို့ သတ်မှတ်ထားပြီးပြီ။ စာမေးပွဲက ငါးရက် ကြာမြင့်မယ်။ ကျန်း နန်းတက်ပြီးကတည်းက ပထမဆုံးအကြိမ် ကျင်းပတဲ့ စာမေးပွဲဖြစ်လို့ ဝင်ရောက် ဖြေဆိုသူ ဦးရေက များတယ်။ အဖြေလွှာ စစ်ဆေးတာက ဘယ်လိုပဲဖြစ်ဖြစ် ဆယ့်ငါးရက်လောက် ကြာမယ်။ နန်းတွင်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရမယ့်သူကို ရွေးချယ်ပြီး စာရင်း ထုတ်ပြန်တာက သုံးရက် ထပ်ကြာဦးမယ်။ ကျန်းကိုယ်တိုင် ကြည့်ရှုရမယ့် နန်းတွင်းစာမေးပွဲ စတင်တဲ့အချိန်ကျရင် လေးလပိုင်းလယ် နီးကပ်သွားပြီ ကျန်းက နှစ်လပိုင်း ဆယ်ရက်နေ့ ခရီးစထွက်ဖို့ ပြင်ဆင်ထားတယ်။ နှစ်လနဲ့ အသွားအပြန် လုံလောက်ပါတယ်။" ကျားစခ်သည် မြို့တော်နှင့် အလွန် ဝေးကွာသည်ဟု မဆိုနိုင်ပေ။ မြင်းလှည်းဖြင့် သွားလျှင် လဝက် မျှနှင့် ရောက်ရှိနိုင်၏။

ယဲ့ယွင်သည် မျက်တောင် ပုတ်ခတ်ဍပုတ်ခတ်လုပ်လိုက်သည်။

"အရှင်မင်းကြီးက အခုအချိန်ကတည်းက ချန်းချဲ့ကိုပြောပြနေတာဆိုတော့ မဟုတ်မှလွဲ့ရော ချန်းချဲ့က အပြင်ထွက်လည်ပတ်

ခွင့်ရတဲ့ ကံကောင်းမှုများရှိနေတာလားနော်။”

"ဟွန့် ကျန်းက မင်းကို မခေါ်သွားဘူးဆိုရင် ဒီမောင်းမဆောင်က မင်းရဲ့ နှောင့်ယှက်မှုကြောင့် ပြောင်းပြန်လှန်ပစ်ခံရမှာ စိုးလို့။"

နင်ချန်သည် တမင်တကာ တင်းကြပ်သော အမူအရာဖြင့် ဆိုလိုက်၏။ ဝန်ခံခြင်းဆိုသည်မှာ ထာဝရမဖြစ်နိုင်သော အရာပင်။ စိတ်ထဲကသိနေရင်ပင် အဆင်ပြေလှပြီဖြစ်သည်။

ယဲ့ယွင်မှာမူ မာနကြီးသော ဧကရာဇ်၏ ပါးစပ်နှင့်နှလုံးသား စည်းဝါးမကိုက်မှုကိုကျင့်သားရနေပြီသားဖြစ်သောကြောင့် ပြုံးစိစိဖြင့် လက်ဖက်ရည် ငှဲ့ပေးလိုက်၏။

မျက်လုံးလေးများမှာ တစ်ချက်ကလဲကလဲဖြင့် လက်သေးသေးလေးကိုဆန့်ထုတ်ကာ နင်ချန်၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်၏။

"အရှင်မင်းကြီး ချန်းချဲ့မှာ တောင်းဆိုစရာ ကိစ္စတစ်ခု ရှိပါတယ်။ အရှင်မင်းကြီး သေချာပေါက် သဘောတူပေးပါနော်။"

မိန်းမပျိုလေးသည် အသံကို ညှစ်ထားရာ အသံမှာ နူးညံ့ပြီး ချိုမြိန်လျက် မျက်ဝန်းတစ်စုံမှာလည်း ကောက်ကျစ်သော အရိပ်အယောင်များဖြင့် နင်ချန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤအမျိုးသမီးငယ်လေး မကောင်းတာ ကြံစည်နေမှန်း သိလိုက်၏။ သို့သော် မထိန်းနိုင်ဘဲ သဘောတူလိုက်မိပြန်သည်။

"မင်း ပြောကြည့်ပါဦး။"

"ဒီချန်းချဲ့ ကျန်းပေါင်လင်ကို မကြိုက်ဘူး။ အရှင်မင်းကြီး နန်းတော်အပြင် ထွက်တဲ့အခါ သူ့ကို မခေါ်သွားပါနဲ့နော်…နော်..နော်"

ပြောရုံမျှသာမက နင်ချန်၏လက်မောင်းကိုပါ ညင်သာစွာလှုပ်ယမ်း၍ပလီပလာလုပ်နေသော အမူအရာမှာ အလွန်ပင် ချစ်စဖွယ် ကောင်းလှ၏။

နင်ချန်သည် မြေခွေးမလေး၏ဖျားယောင်းသောအပြုအမူကြောင့် နှလုံးသားလေးက ကလိကလိဖြင့် ယားယံလာခဲ့ရာ ကျန်းပေါင်လင်၊ ဝမ်ဖေး၊ လီမိန်ရန် အစရှိသူတို့ကို အဘယ်မှာ သတိရနိုင်ဦးမည်နည်း။

လက်လှမ်း၍ ထိုဖြူဖွေးနူးညံ့သော မျက်နှာငယ်လေးကို ဆွဲညှစ်လိုက်သည်။

"မင်းက အဆိုးဆုံးပဲ။"

"ဒါဆို အရှင်မင်းကြီး သဘောတူလား မတူဘူးလား။"

ယဲ့ယွင်သည် မျက်နှာ အဆွဲညှစ်ခံရသော်လည်း စကားပြောဆိုခြင်းကို မရပ်တန့်ဘဲ ပါးစပ်ထဲမှ မပီမသထွက်ပေါ်လာရာ ပို၍ပင် ချစ်စဖွယ် ကောင်းနေ၏။

နင်ချန်သည် သူမ၏စနောက်မှုကြောင့် ထပ်မံရယ်မောလိုက်ပြီး လက်ကို လွှတ်ပေးလိုက်သည်။

"တော်ပြီ တော်ပြီ မင်းက သူသွားတာကို မလိုချင်ဘူးဆိုမှတော့ ခေါ်သွားရင်မင်းလေးကသေချာပေါက် ပြဿနာရှာတော့မှာ။ အကုန်မင်း သဘောအတိုင်းပဲ ကျေနပ်ပြီလား။”

"အရှင်မင်းကြီးရဲ့ကျေးဇူးတော် ကြီးမြတ်လှပါတယ်။"

ယဲ့ယွင်သည် နှုတ်ခမ်းထောင့်ကွေးကာ ပြုံးလိုက်ရာ သကြားလုံး စားလိုက်ရသော ကလေးတစ်ယောက်နှင့် တူလှ၏။

ဤသို့သော အပြုအမူသည် နင်ချန်အား နားမလည်နိုင် ဖြစ်သွားစေသည်။

မောင်းမဆောင်မှ အမျိုးသမီးတစ်ဦးသည် စိတ်သဘောထားကြီးမားပြီး ကြင်နာတတ်သော အမူအရာမျိုး ဖြစ်သင့်သည်ပင်။ ယဲ့ယွင်ကဲ့သို့ စတွေ့သည်နှင့် တိုက်ရိုက် မည်သူ့ကို မကြိုက်ကြောင်း သူ့အား မည်သူ့ကို အပြင်သို့ မခေါ်ဆောင်သွားရန် ပြောဆိုရဲသူ မရှိခဲ့ပေ။ ထို့အပြင်သူမအား 'မနာလိုဝန်တိုတတ်သည်' ဟု ဆူပူကြိမ်းမောင်းမည်ကိုလည်း မကြောက်ရွံ့သောမိန်းကလေးမျိုးပင်။

သို့သော် နင်ချန်သည် သူ့ကိုယ်သူ ယဲ့ယွင်အားဆူပူရက်မည်မဟုတ်မှန်းကို သိနေသလို ထို့ထက်ပင် ယခုအချိန်တွင် ယဲ့ယွင်နှင့်ယခုကဲ့သ်ို့ ဖြောင့်မတ် ပွင့်လင်းသော ဆက်ဆံရေးကို ပို၍ နှစ်သက်လာခဲ့သည်။

ယဲ့ယွင်၏ဖြစ်ကတတ်ဆန်း စကားတစ်ခွန်းကြောင့် သူမ၏ နန်းတော်အပြင်သို့ လိုက်ပါ အမှုထမ်းခွင့်ရမည့်လမ်းမှာ ပြတ်တောက်သွားကြောင်း ကျန်းပေါင်လင်တစ်ယောက်မသိခဲ့ပေ။ ယဲ့ယွင်သည်လည်း သူမ၏ ယနေ့ အပြုအမူကြောင့် ကျန်းပေါင်လင်၏ဘဝကို လုံးဝ ပြောင်းလဲသွားစေခဲ့ကြောင်း မသိရှိခဲ့ပေ။

ယခု လောလောဆယ်တွင် နင်ချန် ယွီရှို့အဆောင်သို့ လာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ ဟော့ပေါ့ စားချင်၍ ဖြစ်၏။ ယခင်တစ်ကြိမ် ထိုသို့ နှစ်၍ စားသုံးသည့် နည်းလမ်းကို နောက်ပိုင်းတွင် နင်ချန်သည် ယန်ရှိုးယီနှင့်တစ်ကြိမ် စားသုံးခဲ့ဖူးပြီး ဖန်းချိုက်ရန် (ယောင်ရှန်း) နှင့်လည်း တစ်ကြိမ် စားသုံးခဲ့ဖူးသော်လည်း အလွန် ကသိကအောက် ဖြစ်ခဲ့ရ၏။

အကြောင်းအရင်းမှာ ထိုနှစ်ဦးလုံးက အစေခံများအားအသား နှစ်ပေးခိုင်းပြီး ဆော့စ်များပါ အသင့် နှစ်ပေးပြီးမှ နင်

ချန်အား စားသုံးစေရာပျော်ရွှင်မှုကို ဆုံးရှုံးသွားစေ၏။

ထို့အပြင် နင်ချန် သတိပြုမိသည်မှာ ယဲ့ယွင် တစ်ဦးတည်းသာလျှင် သူ့ဘက်က သူမအတွက် အစားအစာထည့်ပေးသည်ကို တည်ငြိမ်စွာ လက်ခံနိုင်ပြီး ထရပ်၍ ကျေးဇူးတင်စကား ဆိုခြင်း မပြုပေ။

မူလက ထရပ်၍ ကျေးဇူးတင်စကား ဆိုခြင်းတွင် မှားယွင်းမှုမျှရှိသည်ဟု မခံစားမိခဲ့သော်လည်း ယဲ့ယွင်နှင့်နှစ်ဦးသား ကောင်းမွန်စွာ ထိုင်၍ အတူတူ အစားအစာတစ်နပ်ကို စားသုံးနိုင်ကြောင်း သိရှိသွားပြီးနောက်ပိုင်းတွင် ထမင်းစားပွဲပေါ်၌ လှုပ်လိုက်တိုင်း ထရပ်၍ ကျေးဇူးတင်စကားဆိုသူများကို နင်ချန်၏စိတ်ထဲတွင် ထူးဆန်းသလို ခံစားသွားစေ၏။

အကျင့်ဟူသည် အမြဲတစေ ဖြည်းညှင်းစွာပြောင်းလဲတတ်သည်။ ယဲ့ယွင်နှင့်နှစ်ဦးသား အတူနေချိန်များလာသည်နှင့်တဖြည်းဖြည်း ပြောင်းလဲသွားခဲ့၏။

နေ့လယ်စာသည် သဘာဝအတိုင်းပင် နင်ချန်၏စိတ်ဆန္ဒအတိုင်း ဖြစ်သည်။တိုက်တိုက်ဆိုင်ဆိုင် ယဲ့ယွင်သည်လည်း အချိန်အတော်ကြာ မစားသုံးခဲ့ရသဖြင့် အလွန် တမ်းတနေခဲ့၏။ ဤတစ်ကြိမ်တွင် သူမသည် စားဖိုဆောင်အား အခြားသော အရာအချို့ကိုပါ ထပ်မံ ဖြည့်စွက်ခိုင်းလိုက်၏။

ယဲ့ယွင်သည် ကြက်ခြေထောက်ပေါင်းများ စားသုံးလိုကြောင်း ပြောကြားသည့်အခါတွင် နင်ချန်အား အတော်ပင် ကြောက်လန့်သွားစေပြီး စားဖိုဆောင်ပင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ကြက်၏ခြေထောက်၊ ၎င်းမှာ နေ့စဉ် မြေပြင်ပေါ်တွင် နင်းလျှောက်နေသောအရာဖြစ်ပြီးအလွန် ညစ်ပတ်လှသည်။ ဘယ်လိုလုပ် မြင့်မြတ်သူအရှင်အား ထိုကဲ့သို့အရာကိုစားသုံးစေနိုင်ပါ့မလဲ။

သို့သော် သာမန် ပြည်သူလူထု အိမ်ထောင်စုများတွင်လည်း ကြက်ခြေထောက်ကို စားသုံးကြသဖြင့် တော်ဝင်စားဖိုဆောင်မှ စားဖိုမှူးများသည်လည်း ချက်ပြုတ်

တတ်ကြသည်။

အသားထူသောခြေထောက်များကို ရွေးချယ်ပြီး ခြေသည်းများကို ဖြတ်တောက်ကာ နူးညံ့ ပျော့ပျောင်းသည်အထိ ပြုတ်ပြီး အရိုးများကို ထုတ်ကာ ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပေါင်းရည်ထဲတွင် ထည့်၍ မီးပြင်းပြင်းဖြင့် တည်ထားလိုက်သည်။ နောက်ဆုံး စားပွဲပေါ်သို့ တင်ဆက်လာသည့်အခါ ပုံပန်းသဏ္ဍာန်မှာ အတော်ပင် မဆိုးလှပေ။

နင်ချန်သည် အစပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း ထိုရနံ့မှာ အလွန်မွှေးကြိုင်လှသဖြင့် ယဲ့ယွင်ကလည်း မည်သည့် ဝန်လေးမှုမျှ မရှိဘဲ တစ်ချောင်းကို စားသုံးလိုက်သည်ကို မြင်သောအခါ မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားကာမြည်းစမ်းလိုစိတ်များပေါ်လာခဲ့သည်။ စားကြည့်ပြီးနောက် ၎င်းမှာ အမှန်တကယ်ပင် မွှေးကြိုင်လှ၏။ နောက်ဆုံးတွင် ကြက်ခြေထောက်ဟော့ပေါ့ က နင်ချန်၏ ကမ္ဘာသစ်တစ်ခုကို ထပ်မံ ဖွင့်လှစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

"မင်းက ဆင်းရဲတဲ့မျိုးရိုးက မွေးဖွားလာတာလည်း မဟုတ်ဘဲ ဘယ်လိုဖြစ်လို့ အရင်က ဒီလိုဟာမျိုးကို စားဖူးခဲ့တာလဲ။"

နင်ချန်သည် ယခင်အတိုင်းပင် နားမလည်နိုင်ဖြစ်နေသည်။

ယဲ့ယွင်က မျက်ခုံးပင့်လိုက်သည်။

“ဒီချန်းချဲ့က အမြဲတမ်း ဒါတွေကို လေ့လာရတာကို သဘောကျတယ်။ အရှင်မင်းကြီး မသိသေးတဲ့ အရသာရှိတဲ့ အစားအစာတွေ အများကြီး ရှိသေးတယ်။ နောင်ကျရင် ယွီရှို့အဆောင်ကို မကြာခဏ လာခဲ့လေ။ ချန်းချဲ့က အရှင်မင်းကြီးကို တစ်ခုချင်းစီ မြည်းစမ်းရအောင်လုပ်ပေးမယ်။”

နင်ချန်သည် ဟမ့်ခနဲ နှာမှုတ်လိုက်ပြီး စိတ်ထဲတွင် မာနကြီးစွာဖြင့် ယဲ့ယွင်သည် သူ၏မျက်နှာသာလုယူရန် အစားဖြင့်ဆွဲဆောင်နေသည်ဟု မှတ်ယူလိုက်သည်။

မိမိသည် ရုပ်ရည် ချောမောပြီးတိုင်းပြည်၏ အရှင်သခင်လည်းဖြစ်ရာ ဘယ်မိန်းကလေးကများ မိမိကိုမကြိုက်ရှိပါ့မလဲ။

နင်ချန် မသိသည်မှာ သူ့ကိုယ်သူ ကျေနပ်နေစဉ်တွင် ယဲ့ယွင်၏စိတ်ထဲတွေးတောနေသည်မှာမူ ယခုအချိန်တွင် နို့လက်ဖက်ရည် မလုပ်နိုင်သည်မှာ နှမြောစရာ ကောင်းလှသည် ဟူ၍ ဖြစ်သည်။

နင်ချန်သည်လာပြီးမှတော့ သေချာပေါက် မပြန်တော့ပေ။ အချိန်အတော်ကြာမတွေ့ဆုံဖြစ်ကြသောကြောင့် နှစ်ဦးသား ခြောက်သွေ့သော ထင်းနှင့် တောက်လောင်နေသောမီးစတို့ တွေ့ဆုံသွားကြသကဲ့သို့ သန်းခေါင်ယံအထိ လှုပ်ရှားခဲ့ကြပြီး ယဲ့ယွင်သည် အမှန်တကယ် အားအင် မရှိတော့သဖြင့် ခြေထောက်မြှောက်ကာ ဘေးမှလူကို အကြိမ်ပေါင်းများစွာ ကန်ကျောက်သော်လည်း ဆက်လက်ဖိနှိပ်ခံထားရပြီး နောက်ဆုံးကြိမ်အထိ ရောက်ရှိသွားခဲ့သည်။

သဘာဝအတိုင်းပင် မိမိဘာသာ ရေချိုးခန်းသို့ သွားရန် အားအင်မရှိတော့ဘဲအသွားအပြန်နှစ်ခုလုံး နင်ချန်၏ပွေ့ချီခြင်းကို ခံလိုက်ရသည်။ ယခုအခါတွင် သူမသာလျှင် နင်ချန်အား ပွေ့ချီခိုင်းရဲလောက်အောင် တွယ်ကပ်နေတော့၏။ ထို့အပြင် နင်ချန်သည် အကြိမ်များစွာ ပွေ့ချီပြီးနောက် အနည်းငယ် အကျင့်ပါလာဟန်ရှိပြီး ဥပမာအားဖြင့် ယနေ့တွင် သူက မိမိဘာသာ စတင်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

အကျဉ်းချုပ်ပြောရလျှင်တော့ အရာအားလုံး ဖြည်းဖြည်းချင်း အကျင့် ပါသွားခဲ့ကြခြင်းပင်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-68

အခန်း ၆၈ ။ ထိပ်ဆုံးမှ ဦးဆောင်ခြင်း

နှစ်သစ်ကူးလသည်ပျင်းရိရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။

အကြောင်းမှာ နှစ်သစ်ကူးလ (၁၅) ရက်နေ့အထိ ဖုန်းရှီးနန်းဆောင်သို့ ဂါရဝပြုရန် သွားရောက်စရာ မလိုသောကြောင့်ပင်။ နှစ်သစ်ကူးပွဲတော်တွင် မိဖုရားခေါင်ကြီးအားလည်း အနားယူခွင့် ပေးသင့်သည်။ ပွဲတစ်လျှောက်လုံး စီစဉ်ကျင်းပခဲ့ရသည်မှာ အလွန်ပင်ပန်းခဲ့ရသည်မဟုတ်လား။

နောက်ဆက်တွဲ နှစ်သစ်ကူးလ (၁၅) ရက်နေ့ မီးပုံးပွဲတော်တွင်လည်း တော်ဝင်မိသားစုစားပွဲ ကျင်းပရဦးမည်ဖြစ်ရာ အပြင်ဘက်မှ လူများ မဝင်ရောက်ကြတော့သော်လည်း ပေါ့ပေါ့ဆဆ ပြုလုပ်၍ မဖြစ်ပေ။ ထို့ကြောင့် မိဖုရားခေါင်ကြီး ဖြစ်ရသည်မှာလည်း ထိုမျှ မလွယ်ကူလှပေ။

အမှန်တော့ ဆယ့်တစ်လပိုင်းလယ်မှ စတင်၍ မိဖုရားခေါင်ကြီးသည် အလုပ်များလွန်းသဖြင့် ကောင်းမွန်စွာ အိပ်စက်ခွင့် မရရှိခဲ့ပေ။ သူမသည် အာဏာကို တစ်ဦးတည်း ချုပ်ကိုင်လိုသူဖြစ်ပြီး စိတ်ဓာတ်လည်း ပြင်းထန်လှကာ အခြားသူများအား ကူညီပံ့ပိုးခွင့် မပေးဘဲ ပင်ပန်း၍ သေမတတ်ဖြစ်နေလျှင်ပင် ဖွင့်ပြောမည် မဟုတ်ပေ။

သူမနှင့် ဆန့်ကျင်ဘက်အနေဖြင့် ယဲ့ယွင်မှာမူ သက်သောင့်သက်သာအရှိဆုံးပုံစံကိုရှာ၍ အေးအေးလူလူနေထိုင်သူဖြစ်သည်။ ဥပမာအားဖြင့် ယခုချိန်တွင် နေမြင့်သည်အထိ အိပ်စက်နေခဲ့ပြီး စောင်ခြုံထဲတွင် ခြေလက်များကို လှုပ်ရှားလိုက်သောအခါ ဘေးမှလူသည် ရှိမနေတော့သည်ကို တွေ့ရှိလိုက်ရ၏။

လှုပ်ရှားသံကို ကြားသောအခါ နန်ကျစ်သည် ပြုစုရန် ဝင်ရောက်လာ၏။

"အရှင်မင်းကြီး ပြန်သွားပြီလား။"

"မသွားသေးပါဘူး၊ မိန်ရန်ထက် နာရီဝက် စောပြီး ထသွားတာ ခြံဝင်းထဲမှာ ဓားသိုင်း လေ့ကျင့်နေပါတယ်။ ကျွန်တော်မျိုးမ မိန်ရန်ကို ထဖို့ ပြုစုပေးပါ့မယ်။ ခန့်မှန်းရသလောက် နံနက်စာ မကြာခင် ပို့လာတော့မှာပါ။"

ယဲ့ယွင်သည် ခေါင်းညိတ်လိုက်ရာ နန်ကျစ်သည် လုဟယ်ကို ထပ်ဝင်လာစေပြီး လူနှစ်ယောက် အတူတကွ သူမအား ဆေးကြောသန့်စင် ပြင်ဆင်ပေးကြခဲ့သည်။

နင်ချန်အခန်းထဲသို့ ဝင်လာသည့်အခါ မှန်တင်ခုံရှေ့တွင် ထိုင်နေသော ယဲ့ယွင်ကိုတွေ့လိုက်ရသည်။ ရေတံခွန်ကဲ့သို့ ဆံနွယ်နက်များသည် ဖြာကျနေပြီး အပြာနုရောင်ကိုမှ ငွေရောင်အနားကွပ် လိပ်ပြာတစ်ရာ စကတ်ရှည်ကို ဝတ်ဆင်ထားကာ အပြင်ဘက်တွင် ငွေရောင်မြေခွေးမွေး အနားကွပ်ထားသော အရောင်တူ အပေါ်ဝတ်အင်္ကျီငယ်ကို ထပ်ဝတ်ထား၏။ ဖြူနုသော လက်များဖြင့် မင်တံကို ကိုင်ဆောင်လျက် မျက်ခုံးမွှေးများကို သေသေချာချာ ရေးဆွဲနေသည်။

ဓားသိုင်း လေ့ကျင့်ထားသဖြင့် နင်ချန်သည် ချွေးများစွာထွက်နေသောကြောင့် ဦးစွာ အတွင်းခန်းဆောင်သို့ ဝင်ရောက်၍ အဝတ်အစား လဲလှယ်ကာ မျက်နှာသစ်လိုက်၏။

ပြန်ထွက်လာသည့်အခါ ယဲ့ယွင်သည် နှုတ်ခမ်းနီ ဆိုးနေခဲ့ပြီဖြစ်သည်။

"မိန်းကလေးတွေ ပြင်ဆင်ဝတ်စားရတာ အမြဲတမ်း ဒီလောက် အချိန်ကုန်တာလား။"

နင်ချန်သည် တိုးကပ်လာခဲ့ပြီးနောက် ပျင်းရိစွာ ထိုင်ချလိုက်ပြီး လက်များအငြိမ်မနေပဲအလှလေး၏ဆံနွယ်ကို ဆွဲယူ ကစားနေခဲ့သည်။ ကြေးမုံပြင်ထဲတွင် နှစ်ဦးသား၏အရိပ်များ ထင်ဟပ်နေရာ အတော်

ပင်လှပသောမြင်ကွင်းလေး ဖြစ်နေခဲ့သည်။

ယဲ့ယွင်သည် လှည့်လာ၍ သူမမိတ်ကပ် လိမ်းခြယ်ရာတွင် ယေဘုယျအားဖြင့် မျက်နှာချေမှုန့်မလိမ်းဘဲ မျက်ခုံးမွှေးဆွဲပြီး နှုတ်ခမ်းနီဆိုးရုံမျှသာဖြစ်ရာ ကြည့်ရသည်မှာ မျက်နှာပြောင်အတိုင်းပင် ဖြစ်နေသော်လည်း ပို၍ပင် သိမ်မွေ့လှပနေ၏။

"အရှင်မင်းကြီးက သေချာပေါက် ပန်းချီ ဆွဲတတ်မှာပဲ။ ဒီချန်းချဲ့ရဲ့ နဖူးပေါ်မှာ ပန်းပွင့်လေးတစ်ပွင့် ဆွဲပေးပါလား။"

မိန်းမပျိုလေး၏လက်ထဲမှ အနီရောင် စုတ်တံကို တစ်ချက် ကြည့်၍ ပြောင်ချော ဖြူဖွေးနေသော နဖူးပြင်ကို တစ်ချက်

ကြည့်ပြီးနောက် နင်ချန်သည်လည်း အမှန်တကယ်ပင် စိတ်ထဲယားယံကာ စမ်းကြည့်ချင်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ

သူမစမ်းသပ်ဖူးသောအရာဖြစ်သည်။

"မင်းက တောင်းဆိုမှတော့ ကျန်းက သဘောမတူဘဲ မနေနိုင်တော့ဘူး။" နင်ချန်သည် မာနကြီးစွာ ဆိုလိုက်၏။

ကိုယ်ကို ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး လက်တစ်ဖက်ဖြင့် အလှလေး၏မေးစေ့ကို ညင်သာစွာ ထိန်းကိုင်ထားကာ လက်တစ်ဖက်ဖြင့် စုတ်တံကို ကိုင်ဆောင်၍ ရေးဆွဲလိုက်၏။

နှစ်ဦးသား၏အကွာအဝေးမှာ အလွန်နီးကပ်နေပြီး ယဲ့ယွင်သည် ရှေ့မှ ချောမောခန့်ညားသော မျက်နှာကို စိုက်ကြည့်နေမိသည်။ ထိုဇာမဏီမျက်ဝန်းတစ်စုံမှာ တည်ငြိမ်ပြီး လေးနက်နေကာ နက်ရှိုင်းသော ရေတွင်းတစ်တွင်းနှင့်တူလျက် လူကို အတွင်းသို့ကျဆင်းသွားစေရန် ဆွဲဆောင်

နေခဲ့သည်။

ယဲ့ယွင်သည် အလျင်အမြန် မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ကို အနည်းငယ် ရှူသွင်းကာ အောင့်ထားပြီးမှ ပြန်လည် ရှူထုတ်လိုက်ရာ ထိုအခါမှ စိတ်ထဲမှ ရှုပ်ထွေးသော အတွေးများကို ဖယ်ရှားနိုင်ခဲ့၏။ 'အလှတရားက လူကို မှားယွင်းစေတယ်' ဟု ဆိုကြသည်မှာ အံ့ဩစရာ မရှိပေ။ ဤစကားသည် ယောက်ျားများအပေါ်၌သာ အသုံးဝင်သည် မဟုတ်ဘဲ မိန်းမများအပေါ်၌လည်း အသုံးဝင်နေသည်။

နင်ချန်၏လက်ရာသည် အမှန်ပင် မဆိုးလှပေ။ စုတ်ချက် သုံးလေးချက်ဖြင့်ပင် သေးငယ်ပြီး လက်ရာမြောက်သော ပန်းပွင့်လေးတစ်ပွင့်ကို ရေးဆွဲလိုက်ရာ ပုံသဏ္ဍာန်မှာ မီးတောက်နှင့် တူလျက် လှပစွာ ကခုန်နေသကဲ့သို့ ရှိသည်။ ပန်းပွင့်ပုံအလှဆင်မှုလေး ရှိသွားသည်နှင့် ယဲ့ယွင်၏မျက်ဝန်းတစ်စုံမှာညှို့ဓာတ်ပြင်းလာခဲ့သည်။

ယဲ့ယွင်သည်မှန်ထဲတွင် မိမိကိုယ်မိမိ ကြည့်လိုက်ပြီး အလွန် ကျေနပ်သွား၏။

" 'မိန်းကလေးတစ်ယောက်က သူတို့နှစ်သက်သဘောကျတဲ့သူတွေအတွက် လှလှလေးပြင်ကြတယ်' လို့ ပြောကြတယ်။ ချန်းချဲ့က အခုလိုအရှင်မင်းကြီး ကိုယ်တိုင် ပြင်ပေးတာကို ရရှိလိုက်တော့ နောက်ထပ်

ရက်ပေါင်းများစွာ ပျော်နေရတော့မယ် ထင်တယ်။"

သူမ၏ချိုမြိန်လှသောပါးစပ်လေးကြောင့်နင်ချန်သည် ကိုယ်တိုင်စိတ်အားထက်သန်စွာ ဆံပင်ဖြီးသင်ပေးမည့် အလုပ်ကိုပါ တစ်ပါတည်း ယူလိုက်လေသည်။ သို့သော်လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်သဖြင့် အချိန်အတော်ကြာ လုံးထွေးနေသော်လည်း စည်းနှောင်၍ မရနိုင်ခဲ့ပေ။ ကံကောင်းသည်မှာ အမွှေးတိုင် တစ်တိုင်ခန့် အချိန် မကြာမီမှာပင် နံနက်စာ ရောက်ရှိလာသဖြင့် ထိုအကျပ်အတည်းကို ဖြေရှင်းပေးလိုက်၏။

နောက်ဆုံးတွင် နန်ကျစ်ကသာ ရှေ့သို့ တိုးလာ၍ မိုးတိမ်ဆံထုံးကို ထုံးဖွဲ့ပေးပြီးမှ နှစ်ဦးသား အတူတကွ သုံးဆောင်ခဲ့ကြသည်။

အစားအစာ သုံးဆောင်ပြီးနောက် နင်ချန်၏ ပန်းချီဆွဲချင်စိတ်သည် ထပ်မံပေါ်ပေါက်လာပြီး ယဲ့ယွင်အား ကိုယ်တိုင် ပုံတူပန်းချီ ဆွဲပေးရန် အတင်းအကျပ် တောင်းဆိုလေသည်။ ယခုခေတ်၏လက်ရာများမှာမူ အများစုမှာ သရုပ်ဖော်မှုကို အလေးပေးသောပုံစံဖြစ်ရာ ယဲ့ယွင်သည် အမှန်တကယ် မလိုလားသော်လည်း ဧကရာဇ်ကို မလွန်ဆန်နိုင်သဖြင့် သဘောတူလိုက်ရ၏။

တမင်တကာ ပုံစံတစ်ခုခု ပြုလုပ်နေရန်လည်း မလိုအပ်သဖြင့် သူမသည် လက်ဖက်ရည်အိုးတစ်စုံကို ခင်းကျင်းလိုက်ပြီး လက်ဖက်ရည် ကျိုချက်နေလိုက်သည်။

ဤသို့ဖြင့် နာရီဝက်ခန့် အချိန်ဖြုန်းလိုက်ရာ လက်ဖက်ရည် ကျိုချက်ပြီးစီးသွားသလို ပန်းချီကားသည်လည်း ပြီးမြောက်သွားခဲ့၏။ နင်ချန်သည် စုတ်တံကို ရပ်တန့်

လိုက်ပြီး အလွန် ကျေနပ်နေခဲ့သည်။

ယဲ့ယွင်သည်လည်း ပျင်းရိစွာလျှောက်သွား၍ ကြည့်လိုက်ရာ အမှန်ပင် မျက်လုံးများ တစ်ချက် တောက်ပသွားခဲ့သည်။

"အရှင်မင်းကြီး ဆွဲတာ တကယ် ကောင်းတာပဲ။ တစ်ချက် ကြည့်လိုက်တာနဲ့ ဒီပုံထဲက မိန်းမလှလေးက ချန်းချဲ့မှန်း သိသာနေတာပဲ။"

ဤသို့ ဆိုလိုက်ရာ နင်ချန်သည်လည်း အများစု သဘောပေါက်သွားပြီး ရှင်းပြလိုက်၏။

"လူကို တိုက်ရိုက်ကြည့်ပြီး ဆွဲမှတော့သေချာပေါက်တူအောင် ဆွဲနိုင်တာပေါ့။ စိတ်ကူးယဉ်ပြီး ဆွဲတာတွေကမှ စုတ်ချက်နည်းနည်းလောက်ဟိုခြစ်ဒီခြစ်လုပ်ရုံနဲ့ ပြီးသွားတာ။"

ယဲ့ယွင်သည် ယခုအခါတွင် မိမိနားမလည်သည့်အရာများကို ဂရုမစိုက်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ နင်ချန်ဆွဲပေးထားသည့်ပန်းချီကားကို သူမ အမှန်တကယ် သဘောကျသဖြင့် လူခေါ်၍ ယူဆောင်သွားကာ ဘောင်သွင်းခိုင်းလိုက်သည်။

အားလုံးခိုင်းစေပြီးနောက် မငြိမ်မသက်စွာဖြင့် နင်ချန်၏ကိုယ်ပေါ်သို့ ထပ်မဲတွယ်ကပ်လိုက်ပြန်သည်။

နင်ချန်သည် မူလက စာရေးစားပွဲ၏ရှေ့တွင် ထိုင်နေခဲ့ရာ မိစ္ဆာမလေးယဲ့သည် ကိုယ်လုံးလေး တစ်ချက် လှုပ်ယမ်းလိုက်ပြီး လျင်မြန်စွာသူ့ပေါင်ပေါ်သို့ တက်ထိုင်၍ လက်မောင်းများဖြင့် သူ့လည်ပင်းကို သိုင်းဖက်ထားလျက် မျက်ဝန်းထောင့်များ အနည်းငယ် ကော့တက်နေပြီး အတော်ပင် ညှို့ဓာတ်ပြင်းကာ ဘေးဥပဒ်ဖြစ်စေမည့် အလှလေးပုံစံ ဖြစ်နေခဲ့သည်။

ယခုကဲ့သို့ အနည်းငယ်အမြင်ရိုင်းစရာမြင်ကွင်းကို အမှုထမ်းနေသော အစေခံများ တစ်ခါမှ မြင်မတွေ့ဖူးကြသဖြင့်အလျင်အမြန်ပင် ကျောခိုင်းသွားကြပြီး ထပ်မကြည့်ရဲကြတော့ပေ။ ယွမ်ကျိုသာလျှင် တည်ငြိမ်နိုင်သေးပြီး ဧကရာဇ်က တွန်းထုတ်ခြင်း မပြုသည်ကို မြင်သောအခါ လက်ဟန်ခြေဟန် ပြလိုက်ပြီး လူတိုင်းအား ထွက်ခွာသွားရန် ခေါ်ဆောင်သွား၏။

နင်ချန်မှာမူ မျက်နှာထက်တွင် တည်ငြိမ်ဟန်ဆောင်ထားသော်လည်း နှလုံးသားတစ်ခုလုံးမှာမူ တဘုန်းဘုန်းမြည်အောင် ထခုန်နေခဲ့ပြီ ဖြစ်၏။ ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် တစ်ဖက်လူကို တွန်းမထုတ်ဘဲ အလွန် မကျွမ်းကျင်စွာဖြင့် လက်မြှောက်၍ မိန်းမပျိုလေး၏သေးသွယ်သော ခါးလေးကို ပွေ့ဖက်ထားလိုက်သည်။

"အရှင်မင်းကြီးက တကယ် ချောတာပဲ။"

ယဲ့ယွင်သည် နှုတ်ခမ်းထောင့်ကွေးကာ ပြုံးလိုက်ပြီး ရုတ်တရက်စကားတစ်ခွန်းကို ဆိုလိုက်ကာ အဆုံးတွင် ကိုယ်လုံးလေး ပျော့ခွေသွားပြီး နင်ချန်၏ပခုံးပေါ်သို့ မှီလိုက်

လျက် ညည်းညူလိုက်သည်။

"နှမြောစရာပဲ အရှင်မင်းကြီးက ချန်းချဲ့ တစ်ယောက်တည်းအတွက်ပဲ မဟုတ်ဘူး။"

ဤသို့ ခေါင်းစဉ်မရှိသော စကားနှစ်ခွန်းသည် နင်ချန်အား နားထောင်ရသည်မှာ စိတ်ထဲတွင် ယားယံသွားစေ၏။ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦးသည် အမြဲတစေ မိမိဘာသာ တတ်မြောက်သွားတတ်ရာခါးပေါ်၌ တင်ထားသောလက်သည် မငြိမ်မသက် ဖြစ်လာခဲ့ပြီး အဝတ်အစားများအပေါ်မှတဆင့် ခါးသေးသေးလေးကို ဆွဲညှစ်လိုက်၍ ဇာမဏီမျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ချစ်ရတဲ့ကိုယ်လုပ်တော်က ကျန်းကို ဒီလောက် နှစ်သက်မှတော့ ကျန်းလည်း ခက်ခက်ခဲခဲနဲ့ တစ်ရက် ပိုနေပေးလိုက်ပါ့မယ်။"

ယဲ့ယွင်သည် ရယ်မောလိုက်ပြီး ခေါင်းမော့ကာ နင်ချန်၏မေးစေ့ကို မပြင်းမပျော့လေး တစ်ချက် ကိုက်လိုက်၏။

"အရှင်မင်းကြီးရဲ့ ဒီစကားတစ်ခွန်းက တကယ်ပဲ မိစ္ဆာမလေးရဲ့ စိတ်နှလုံးကို ညှို့ယူလိုက်သလိုပဲ”

"ဒါဆို ကျန်းက မင်းလို မြေခွေးမလေးရဲ့ ညှို့ဆေးရည် အတိုက်ခံလိုက်ရတာပေါ့။" နင်ချန်၏ မျက်ဝန်းအိမ်များ နက်မှောင်လာပြီး လူကို ပွေ့ချီကာ ခုတင်ပေါ်သို့ဆရောက်သွားလေသည်။

နှုတ်ခမ်းများ ထိကပ်သွားပြီး ပြန်လည် ခွဲခွာချိန်သို့ ရောက်သောအခါ နှစ်ဦးသား အသက်ရှူသံများ ပြင်းထန်နေကြခဲ့သည်။

ယဲ့ယွင်၏အဝတ်အစားများမှာ ဆွဲဆုတ်ခံထားရသဖြင့် လျော့တိလျော့ရဲ ဖြစ်နေပြီး အတွင်းဘက်မှ ငန်းဝါရောင် ယင်ချွမ်းပန်းပုံ ရင်စည်းကို မထင်မရှား မြင်တွေ့နေရ၏။ နင်ချန်သည်လည်း သေသေသပ်သပ်ရှိမနေတော့ဘဲ လည်ပင်းဝမှာလည်း ဆွဲဖွင့်ခံထားရပြီး လက်ရာမြောက် ဆွဲဆောင်မှုရှိသော ညှပ်ရိုးမှာ ပေါ်လွင်နေ၏။

"နေ့ခင်းကြီးလေ။" ယဲ့ယွင်သည် သူ့ခြေသလုံးကို ညင်သာစွာ ကန်လိုက်သည်။

လက်မှာမူ မရိုးမသားဖြင့်နဂါးဝတ်ရုံပေါ်မှ ကြယ်သီးများကို စတင်ဖြုတ်နေခဲ့သည်။

နင်ချန်သည် သူမ၏ပျင်းပြသောနှိုးဆွဆွဲဆောင်မှုကို ခံနိုင်ရည်မရှိပေ။ ထို့အပြင် သူမနှင့်နေ့ခင်းဘက်တွင် ထိုကိစ္စမလုပ်ဖူးသည်မဟုတ်ပေ။ ထို့ကြောင့်ထိန်းချုပ်မနေတော့ပဲ ချက်ချင်းပင် ခရီးစလိုက်သည်။

အပြင်ဘက်မှ အစေခံများသည် အချိန်အတော်ကြာ ဝင်ရောက် အမှုထမ်းရန် ခေါ်ယူခြင်း မရှိသည်ကို မြင်သောအခါ စိတ်ထဲတွင် သဘောပေါက်သွားကြပြီး အလျင်အမြန် ရေနွေးသွားရောက် ပြင်ဆင်ကြ၏။

ဟွေယွဲ့သည် ပြုံးစိစိဖြင့် တိုးကပ်လာသည်။

“အကြီးအကဲယွမ် ဘေးနားက အခန်းငယ်လေးထဲမှာ ဝင်ထိုင်ပြီးနားလိုက်ပါအုံး။ အရှင်မင်းကြီးနဲ့ မိန်ရန်ကို ကျွန်တော်မျိုးမတို့ စောင့်ကြည့်ထားပါ့မယ်။ ဒီလောက် အေးစက်တဲ့ နေ့ကြီးမှာ လက်ဖက်ရည်ပူပူလေး သောက်ပါအုံး။ မုန့်ကလည်း ခုလေးတင် မီးဖိုထဲက ထွက်လာတာမို့ ပူပူလေးမြည်းကြည့်ပါအုံး။”

ယွမ်ကျိုသည်လည်း ပြုံးလိုက်၏။

"ကောင်းပြီ ဒါဆို ကျွန်တော် အားမနာတော့ဘူး။ မိန်းကလေးဟွေယွဲ့နဲ့ မိန်းကလေးနန်ကျစ်တို့က ကြည့်ရတာ ကျွန်တော့်ထက် အသက်ငယ်တယ် နောင်ကျရင်လည်း အကြီးအကဲလို့ ခေါ်စရာ မလိုပါဘူး။ စိမ်းကားသလိုဖြစ်တယ်။ အစ်ကိုတစ်ယောက်လို ခေါ်ရင်လည်း ရပါတယ်။"

နန်ကျစ်နှင့် ဟွေယွဲ့တို့သည် လက်ခံလိုက်ကြပြီး သူ့အား ဘေးနားမှ အခန်းငယ်လေးသို့ ခေါ်ဆောင်၍ အနားယူစေ၏။ ဤသို့ ယဉ်ကျေးသော စကားများကို နားထောင်ရုံမျှသာဖြစ်ပြီး စည်းကမ်းကို ကျော်လွန်၍ မဖြစ်ပေ။ ယခုအချိန်သည် သူမတို့၏မိန်ရန် မျက်နှာသာ ရရှိနေချိန်ဖြစ်သဖြင့် အရာအားလုံး ကောင်းမွန်နေသည်။ အကယ်၍ မျက်နှာသာပေးမှု မရှိတော့ပါက ယခုကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ ဘယ်အရာမဆိုသတိထားတာက ပိုကောင်းပေသည်။

နေ့လယ်ခင်းတွင် တစ်ကြိမ် လှုပ်ရှားခဲ့ကြပြီးနောက် နှစ်ဦးသား ဆေးကြောသန့်စင်ပြီးသည်နှင့် နေ့လယ်ခင်း တစ်ရေး အိပ်စက်လိုက်ကြသည်။ ညနေစောင်းအချိန်မှသာ ထ၍ ညစာ သုံးဆောင်ကြ၏။

ဤတစ်ရက်တွင် နင်ချန်သည် အမှန်တကယ်ပင် ထပ်မံ၍ နေရစ်ခဲ့ပြီး ယွီရှို့အဆောင်တွင် နှစ်ညဆက်တိုက် စံမြန်းခဲ့၏။

အခြားသူများသည်လည်းနှစ်ညဆက်တိုက် အမှုထမ်းခွင့်ရရှိသော်လည်း မတူညီပေ။ဧကရာဇ်သည် နှစ်သစ်ကူး၏ ရှစ်ရက်မြောက်နေ့တွင် မောင်းမဆောင်သို့ ဝင်ရောက်ခဲ့ပြီး နေ့ဘက်တွင် ဝမ်သယ့်ဖေးထံသို့ သွားရောက် ကြည့်ရှုခဲ့ကာ ညဘက်တွင် ရှူးဖေး၏နေရာ၌ ရှိနေခဲ့သည်။ နှစ်သစ်ကူး၏ကိုးရက်မြောက်နေ့မှာ ယိမိန်

ရန်ဖြစ်၏။ ထို့နောက် တတိယတစ်

ယောက်မှာ ယွီရှို့အဆောင်မှယဲ့ယွင်ဖြစ်ပြီး နှစ်ညဆက်တိုက်ပင် စံမြန်းခဲ့သည်။

ယခုအချိန်မောင်းမတောင်တွင် ယဲ့ယွင်က ထိပ်ဆုံးမှ ဦးဆောင် အောင်ပွဲခံသွားဟန်ပေါ်နေသည်။

***

All Chapters