← Chapters

အခန်း (၇၇-၇၈)

Vol. 5 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 5 Ch. 77-78

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -77

အခန်း ၇၇ ။ နန်းတော်သို့ ပြန်ပို့ခြင်း

"သူက အထက်လူကြီးကို ပြစ်မှားတယ်၊ ပန်းကုန်းကို မလေးစားဘူး၊ နောင်တလည်း မရဘူး၊ ဆုံးမတာကိုလည်း နားမထောင်ဘူး..."

ရှူးဖေးသည် ယဲ့ယွင်၏အကြည့်ကြောင့် တုန်လှုပ်သွားပြီး မူလကပင် အကြောင်းပြချက် ခိုင်လုံမှု မရှိသဖြင့် ယခုအချိန်တွင် စကားထစ်အစ်ကာ ဗလုံးဗထွေး ဖြစ်နေတော့သည်။

"ဒါဆို ဟွေယွဲ့က ဘာပြောခဲ့လို့လဲ။ အကြောင်းအရာတစ်ခုတော့ ရှိရမှာပေါ့။ မဟုတ်ရင် မယ်မယ်က ဘာလို့ ဒီလောက်ထိ လုပ်ရတာလဲ" ယဲ့ယွင်သည် တစ်လှမ်းချင်း တိုးကပ်လာပြီး အသံမှာ ပိုမိုအေးစက်လာသည်။ "ဒါမှမဟုတ်... အပြစ်ရှာချင်တဲ့သူအတွက် အကြောင်းပြချက်မလိုဘူး ဆိုတာမျိုးလား"

"ယဲ့မျိုးရိုး... နင့်ရဲ့ အစေခံက ပန်းကုန်းရဲ့ဟင်းရည်ကို မှောက်ချခဲ့တာလေ။ သူ အရင်အပြစ်လုပ်ခဲ့တာပဲ။ ပန်းကုန်းက အပြစ်ပေးလို့ မရတော့ဘူးလား" ရှူးဖေးသည် ခေါင်းနပန်းကြီးသွားသော်လည်း ဆက်လက် တင်းခံထားသည်။

တစ်ချက်က မျက်နှာပျက်ရမည်စိုး၍ ဖြစ်ပြီး၊ နှစ်ချက်က နင်ချန်ရှေ့တွင် အမှန်အတိုင်း ပေါ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

"ဟင်းရည် မှောက်ကျရုံလောက်နဲ့ ဒီလောက် ပြင်းပြင်းထန်ထန် အပြစ်ပေးရသလား။ မယ်မယ် ပြောတော့ ဟွေယွဲ့က ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်ဆို။ မယ်မယ် ဒေါသထွက်လောက်အောင် ဘာတွေများ ပြောခဲ့လို့လဲ။ မယ်မယ်... ဒီလောက် ခဏလေးအတွင်းမှာ မေ့သွားပြီလား"

ယဲ့ယွင်သည် ရှူးဖေး၏မျက်လုံးများကို စိုက်ကြည့်နေပြီး တစ်ဖက်လူ၏အကြည့်ကို အနည်းငယ်မျှပင် ရှောင်လွှဲခွင့် မပေးပေ။

ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်မှ ပြတ်သားရဲရင့်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး နေ့ခင်းက မြင်တွေ့ခဲ့ရသည့် နူးညံ့ပျော့ပျောင်းသော မိန်းမပျိုလေးနှင့် လုံးဝကွာခြားနေသည်။

ရုတ်တရက် ခေါင်းပေါ်တွင် ထီးတစ်လက် ရောက်ရှိလာပြီး သူမကိုယ်ပေါ်သို့ ကျရောက်နေသော မိုးစက်များကို ကာကွယ်ပေးလိုက်သည်။

ယဲ့ယွင် ငုံ့ကြည့်လိုက်ရာ ဘေးနားတွင် ရွှေချည်ထိုး နဂါးပုံပါသော ခြေနင်းတစ်စုံကို တွေ့လိုက်ရသည်။

နင်ချန်က ယဲ့ယွင်ဘေးတွင် ဝင်ရပ်လိုက်သည်ကို မြင်သောအခါ ရှူးဖေး၏ရင်ထဲတွင် ဝမ်းနည်းမှု၊ မုန်းတီးမှုတို့ ဖြစ်ပေါ်လာသော်လည်း ယခုအချိန်တွင်မူ ထိတ်လန့်ခြင်း၊ အပြစ်ရှိစိတ် ဖြစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က ပိုမိုများပြားနေသည်။

"အရှင်မင်းကြီး... ဒီချန်းချဲ့က..."

"ရှူးဖေးက မင်းသမီးကြီးကို လွမ်းနေတာပဲ။ကျန်း နန်းတော်ပြန်ဖို့ အထူးခွင့်ပြုပေးလိုက်မယ်။ မနက်ဖြန် တပ်မှူးလုကို စီစဉ်ခိုင်းပြီး ရှူးဖေးကို နန်းတော် ပြန်ပို့ခိုင်းလိုက်မယ်" နင်ချန်က အေးစက်စွာ ပြောလိုက်သည်။

ယဲ့ယွင်သည် လက်သီးကို တင်းတင်းဆုပ်ထားပြီး ရှူးဖေးကို စိုက်ကြည့်နေသော်လည်း နောက်ဆုံးတွင် လက်ကိုလွှတ်ပေးလိုက်သည်။

သူမ သိလိုက်သည်မှာ နင်ချန်သည် မင်းသမီးကြီး၏မျက်နှာကို ထောက်ထားပြီး မိန်ရန်တစ်ယောက်၏အစေခံကိစ္စအတွက် ရှူးဖေးကို မည်သို့မျှ အရေးယူလိမ့်မည် မဟုတ်ကြောင်းပင်။ ယနေ့ ရှူးဖေးကို နန်းတော်သို့ ပြန်ပို့ရန် ဆုံးဖြတ်လိုက်ခြင်းသည်ပင် အတော်လေး လုံလောက်နေပြီ ဖြစ်သည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး မလုပ်ပါနဲ့။ အရှင်မင်းကြီးက ဘယ်လိုလုပ် အစေခံတစ်ယောက်ကြောင့်၊ မင်မိန်ရန်ကြောင့်..."

"မယ်မယ် ဆင်ခြင်ပါ" ယွမ်ကျိုက ဖြတ်ပြောလိုက်သည်။ "အရှင်မင်းကြီးက မင်းသမီးကြီး မိခင်နဲ့ ခွဲမနေနိုင်မှာကို ထောက်ထားပြီး၊ မယ်မယ်ကလည်း ကလေးကို လွမ်းနေတာကြောင့် နန်းတော်ပြန်ဖို့ ခွင့်ပြုလိုက်တာပါ"

ရှူးဖေးသည် ထိုစကားကို ကြားသောအခါ နားမလည်ချင်၍ မရတော့ပေ။ ခန္ဓာကိုယ် ပျော့ခွေသွားရာ ရှန်းလော်နှင့် လျိုယင်းတို့က အလျင်အမြန် ဝင်ရောက်တွဲကူလိုက်ကြသည်။

နင်ချန်သည် သူမကို နောက်လှည့်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် စိတ်ပျက်မှုနှင့် အေးစက်မှုတို့ ပြည့်နှက်နေသည်။

ယခင်က သူသည် ရှူးဖေးကိုအနည်းငယ်တုံးအသည်ဟု ထင်သော်လည်း စိတ်ထားယုတ်မာသူ မဟုတ်ဟု ယူဆခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ ရှူးဖေးသည် တုံးအရုံသာမက စိတ်သဘောထားလည်း ရက်စက်ပေသည်။

စောစောက အမေးခံရစဉ် ဟွေယွဲ့ မည်သို့ ရိုင်းစိုင်းသည်ကို မပြောပြနိုင်ခဲ့ပေ။ ဟွေယွဲ့ ဟင်းရည်မှောက်မိသည်ကိုအခွင့်ကောင်းယူကာ သူမ၏ဒေါသကိုဖြေဖျောက်ရန် ရိုက်နှက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေသည်။

ဤကဲ့သို့သောလူမျိုးက မင်းသမီးကြီးကို ပြုစုပျိုးထောင်နေသည်ဆိုတော့ နောင်တစ်ချိန်တွင် ကလေးက မည်သို့ ဖြစ်လာမည်ကို မသိနိုင်တော့ပေ။

.......

ပြဇာတ်တစ်ပုဒ်သည် ရှူးဖေးကို နန်းတော်သို့ ပြန်ပို့ရန် အမိန့်ဖြင့် ပြီးဆုံးသွားသည်။ ထိုညတွင် ယဲ့ယွင်သည် နင်ချန်နှင့်အတူ အိမ်ရှေ့ဆောင်သို့ ပြန်လိုက်သွားသည်။

ဟွေယွဲ့မှာ အတော်လေး အရိုက်ခံထားရသည်။ သမားတော် ခေါ်ပြပြီး ဆေးထည့်ပေးကာ အမာရွတ်မကျန်စေရဟုပြောမှသာ အားလုံး စိတ်အေးသွားကြသည်။

ယဲ့ယွင်သည် နန်ကျစ်ကို ဟွေယွဲ့အားပြုစုရန် ညွှန်ကြားလိုက်ပြီး သူမကိုယ်တိုင်မူ ရေပြန်ချိုးကာ နင်ချန်၏အခန်းသို့ တစ်ယောက်တည်း သွားရောက်ခဲ့သည်။

"ဒီချန်းချဲ့အတွက် တရားမျှတအောင် ဆုံးဖြတ်ပေးလို့ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

တံခါးဖွင့်ဝင်လာသောအခါ နင်ချန်သည် ရေချိုးပြီးခါစဖြစ်ကာ တံခါးကိုကျောပေးလျက် ညအိပ်ဝတ်စုံ ဝတ်နေသည်။

အသံကြားသောအခါ လက်လှုပ်ရှားမှု အနည်းငယ် ရပ်တန့်သွားသည်။

"မိုးချုပ်နေပြီ။ မနက်ဖြန် နေ့လယ်မှ ခရီးဆက်မယ်လို့ အမိန့်ပေးထားတယ်။ မြန်မြန် အနားယူတော့"

သူသည် စောစောကကိစ္စကို မပြောလိုကြောင်း ထင်ရှားသည်။

ရှူးဖေးသည် မည်သို့ပင်ဖြစ်စေ မင်းသမီးကြီး၏မွေးမိခင် ဖြစ်သည်။ မင်းသမီးကြီး၏မျက်နှာကို ထောက်ထား၍ နင်ချန်သည် ရှူးဖေးကို အရှက်မကွဲစေလိုသဖြင့် ဤကိစ္စကို ထပ်မပြောလိုခြင်း ဖြစ်သည်။

မင်းသမီးတစ်ပါး၏မွေးမိခင်က အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတွက် အပြစ်ပေးသည်ဆိုသော စကားမှာ ကြားလို့မကောင်းပေ။

ယဲ့ယွင်၏မျက်ဝန်းအရောင် မှိန်ဖျော့သွားသည်။ ဖြည်းညှင်းစွာ လျှောက်သွားပြီး နင်ချန်၏ခါးကို ဖက်လိုက်ကာ ကျောပြင်ပေါ်တွင် မျက်နှာအပ်လိုက်သည်။

"အရှင်မင်းကြီး... ချန်းချဲ့ ဒီနေ့တော်တော်ကြောက်သွားခဲ့တယ်။"

"ဘာကြောက်စရာ ရှိလဲ။ ကျန်း ရှိနေတယ်လေ" နင်ချန်၏အသံမှာ တည်ငြိမ်နေပြီး ခံစားချက်ကို ခန့်မှန်းရခက်သည်။

"ဟွေယွဲ့က ဒီချန်းချဲ့ရဲ့ အနီးကပ်အစေခံပါ။ ငယ်ငယ်ကတည်းက အတူကြီးပြင်းလာလို့ ညီအစ်မအရင်းတွေလိုပါပဲ။ ဒါပေမဲ့ သူ့ကို ဒီချန်းချဲ့ မကာကွယ်ပေးနိုင်ခဲ့ဘူး။ အရှင်မင်းကြီး ဒီချန်းချဲ့နား ကပ်လေလေ၊ ချန်းချဲ့ကို မနာလိုတဲ့သူ များလေလေပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ဘေးနားကလူတွေကို ကာကွယ်နိုင်တဲ့ အစွမ်းအစ ဒီချန်းချဲ့မှာ မရှိဘူး။ ချန်းချဲ့တကယ် ကြောက်မိတယ်။ တကယ်လို့များ တစ်နေ့ကျရင် အရှင်မင်းကြီး မျက်လုံးထဲမှာ ဒီချန်းချဲ့ မရှိတော့ရင် ချန်းချဲ့ ဒီနန်းတော်မှာ ဘယ်လိုဆက်နေရမလဲ မသိတော့ဘူး"

ယဲ့ယွင်၏အသံသည် တိုးဝင်နေပြီး အနည်းငယ် အက်ကွဲကာ ရုန်းကန်နေရသည့်ဟန် ပေါ်သည်။ ခေတ္တရပ်ပြီးနောက် ဆက်ပြောသည်။

"ဒါပေမဲ့ ဒီချန်းချဲ့က ခေါင်းမာပြီး ဇွဲရှိတယ်။ ကြောက်နေရရင်တောင် သူများ အနိုင်ကျင့်တာကို ငြိမ်ခံနေမှာ မဟုတ်ဘူး။ ဒါကြောင့် အရှင်မင်းကြီး... ဒီချန်းချဲ့ အရှင်မင်းကြီးကို မလိမ်ညာချင်ပါဘူး။ ဒီနေ့ ရှူးဖေးက ဒီချန်းချဲ့ရဲ့ အစေခံကို ဘယ်လိုလုပ်ခဲ့လဲဆိုတာသိပြီးရင် နောက်ကျရင် ချန်းချဲ့ ပြန်ပြီး လက်တုံ့ပြန်မှာပါ"

"ယဲ့မျိုးရိုး... မင်း ဘာပြောနေတာလဲဆိုတာ ကိုယ့်ကိုကိုယ်သိရဲ့လား" နင်ချန်၏အသံသည် ရုတ်ခြည်း အေးစက်သွားသည်။

ကိုယ်ကိုလှည့်လိုက်ပြီး ရှေ့မှမိန်းကလေး၏ ပိန်ပါးသော ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ စိုက်ကြည့်လိုက်သည်။

"အရှင်မင်းကြီး... ဒီချန်းချဲ့က သဘောထားပျော့ပျောင်းပြီး စိတ်ထားနူးညံ့တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ချန်းချဲ့အရှင်မင်းကြီးကို မလိမ်ညာချင်ဘူး။ သူတော်ကောင်းယောင်ဆောင်တာမျိုးလည်း မလုပ်ချင်ဘူး" ယဲ့ယွင်က ပြတ်သားစွာပြောသည်။

နင်ချန်သည် ရှေ့မှ မိန်းမပျိုလေးကို ကြည့်လိုက်သည်။ ဖြူစင်သော မျက်နှာလေးသည် နူးညံ့နေသော်လည်း မျက်လုံးများကစူးရှပြီး ဖော်ပြ၍မရသော ခံစားချက်များ ပါဝင်နေသည်။ မျက်ဝန်းနှင့် နှာခေါင်းထိပ်လေးများရဲနေသည်ကိုကြည့်လျှင် ငိုထားကြောင်း သိသာသည်။ နှုတ်ခမ်းနီလေးကို တင်းတင်းစေ့ထားပုံမှာ ခေါင်းမာသော်လည်း သနားစဖွယ်ကောင်းလှသည်။

သူမသည် ပါးလွှာသော အတွင်းဝတ်အင်္ကျီပါးကိုသာ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် အပူချိန်သည် နင်ချန်၏လက်ဖဝါးမှတစ်ဆင့် ရင်ထဲအထိ စီးဝင်သွားသလို ခံစားရသည်။ သို့သော် အနည်းငယ် တောင့်တင်းနေသော ပခုံးများက ဤမိန်းကလေး ကြောက်ရွံ့နေကြောင်း ဖော်ပြနေသည်။ သို့သော် သူမ ဆက်လက် ခေါင်းမာနေဆဲပင်။

အချိန်အတော်ကြာမှ နင်ချန် လက်ကို လွှတ်လိုက်ပြီး မျက်လွှာချကာ ပြောသည်။ "စည်းကျော်တာမျိုး မလုပ်နဲ့။ ကျန်း ပင်ပန်းနေပြီ။ မင်း ဘေးခန်းမှာ သွားနားလိုက်တော့။ ဒီည ပြုစုစရာ မလိုတော့ဘူး"

"ဒီချန်းချဲ့ သိပါပြီ။ ခွင့်ပြုပါဦး" ယဲ့ယွင်သည် အရိုအသေပြုပြီး ဖွဖွလေး ဆုတ်ခွာသွားသည်။

အပြင်ဘက်တွင် လေနှင့်မိုးသည် နင်

ချန်၏စိတ်နှလုံးကဲ့သို့ပင် ပြင်းထန်

နေသည်။ နင်ချန် သင်ယူခဲ့ရသော ပညာရေးက အမျိုးသမီးဆိုသည်မှာသဘောထားကြီးရမည်၊ ကြင်နာရမည်၊ လိမ္မာရမည်ဖြစ်သည်။ သို့သော် ယဲ့ယွင်ကမူ သူမ လက်စားချေမည်ဟု ပွင့်ပွင့်လင်းလင်း ပြောလာသည်။

ဤကဲ့သို့သော ရိုးသားမှုသည် နင်ချန်ကို လက်ခံချင်စိတ် ဖြစ်ပေါ်စေသော်လည်း စည်းကမ်းများနှင့် ကျင့်ဝတ်များက လက်မခံနိုင်အောင် တားဆီးနေသည်။ အပြန်ပြန်အလှန်လှန် တွေးတောရင်း သူ့စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

သို့သော် နင်ချန်သည် ယဲ့ယွင်တစ်ယောက်တည်း ဘေးခန်းတွင်အိပ်ရသည့်သတင်းကို အပြင်မထွက်စေရန် အမိန့်ပေးခဲ့သည်။

နောက်ဆုံးတွင်တော့ ယဲ့ယွင်၏မျက်နှာကို ငဲ့ကွက်ခဲ့ခြင်း ဖြစ်သည်။

......

နောက်တစ်နေ့တွင် ခရီးပန်းသောကြောင့် လူတိုင်း နောက်ကျမှ ထကြသည်။ သို့သော် 'သမီးကို လွမ်းဆွတ်နေသော' ရှူးဖေးမှာမူ မနက်စောစောကပင် အစောင့်အရှောက်များဖြင့် နန်းတော်သို့ ပြန်ပို့ခံလိုက်ရသည်။

အရှင်မင်းကြီးက ရှူးဖေး သမီးကိုလွမ်းလို့ပါဟုပြောလျှင် ရှူးဖေးသည် သမီးကို လွမ်းလို့ ဖြစ်ရမည်သာ။ လူတိုင်းက အမှန်တရားကို ရိပ်မိနေကြသော်လည်း မည်သူမျှ ဖွင့်ပြောရဲခြင်း မရှိပေ။

ယဲ့ယွင် အိပ်ရာထပြီးနောက် နောက်ဘက်ခြံဝင်းသို့ တန်းသွားခဲ့သည်။ ခရီးဆက်ရန် နာရီအနည်းငယ် လိုသေးသဖြင့် တစ်ယောက်တည်း နေချိန်ရသည်။

ပထမဆုံး လုပ်သည်မှာ ကျိုးပေါင်လင်ကို လူလွှတ်ပြီး ကျေးဇူးတင်စကားဆိုခြင်းဖြစ်သည်။

မနေ့ညက အရမ်းနောက်ကျသွားသည့်အတွက် အနားယူတာကို မနှောင့်ယှက်ချင်သောကြောင့် ဖြစ်သည်။

ဒုတိယကိစ္စမှာ ဟွေယွဲ့ကို သွားကြည့်ခြင်း ဖြစ်သည်။

ဟွေယွဲ့၏မျက်နှာတွင် ဆေးလူးထားပြီး ပတ်တီးစည်းထားသည်။ အစေခံမလေးက လက်ရဲသဖြင့် ဟွေယွဲ့၏ပါးစပ်အတွင်းအပြင်ပါ ပေါက်ပြဲနေရာ အစာစားရန် အဆင်မပြေဘဲ ပျော့ပြောင်းသော ဆန်ပြုတ်အေးအေးကိုသာ စားနိုင်သည်။

"မိန်ရန်... ကျွန်တော်မျိုးမ မကောင်းလို့ပါ။ မိန်ရန့်ကို ဒုက္ခပေးမိပြီ" ဟွေယွဲ့သည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည်။

ယဲ့ယွင်က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ "ငါတို့က အေးအတူပူအမျှပဲလေ။ ဒီလိုစကားမျိုး မပြောပါနဲ့။ နောက်နှစ်ရက် သုံးရက်နေရင် ပျန့်ကျိုး ယာယီနန်းတော်ကို ရောက်တော့မယ်။ အဲဒီကျရင် အရှင်မင်းကြီးကို ခွင့်တောင်းပြီး မင်းကို အဘိုးအိမ် ပို့ပေးထားမယ်။ ငါတို့ ပြန်လာမှ လာကြိုမယ်။ လျှောက်မတွေးနဲ့နော်။ ဒဏ်ရာပျောက်အောင် အရင်ကု။ ဒါမှ နောက်ကျရင် ဆက်ပြီး ပြုစုနိုင်မှာ မဟုတ်လား"

ဟွေယွဲ့သည် မျက်ရည်များ ဝဲလျက် ခေါင်းညိတ်လိုက်သည်။ လက်ရှိအခြေအနေတွင် သူမ လိုက်ပါသွားလျှင်လည်း အလုပ်မလုပ်နိုင်သဖြင့် ကိုယ်တိုင်လည်း ပင်ပန်းမည်။

ယဲ့ယွင်က ဤမျှ အသေးစိတ် စီစဉ်ပေးသည်ကို သူမ အလွန်ပင် ကျေးဇူးတင်ဝမ်းနည်းမိသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-78

အခန်း ၇၈ ။ အကာအကွယ်ပေးခြင်း

ရှူးဖေး ပြန်ပို့ခံရပြီးနောက် မြို့တော်မှ ပျန့်ကျိုးအထိ လမ်းခရီးတလျှောက် အေးချမ်းခဲ့သည်။ ပျန့်ကျိုးသို့ ရောက်သောအခါ နင်ချန်သည် နှစ်ရက်ကြာ အနားယူပြီးမှ ခရီးဆက်ရန် အမိန့်ပေးခဲ့သည်။

လမ်းခရီး ကြမ်းတမ်းပြီး ဆက်တိုက် မောင်းနှင်နေရသဖြင့် သခင်များက ခံနိုင်ရည်ရှိသော်လည်း မြင်းများနှင့် နောက်လိုက်အစောင့်များ၊ အစေခံများသည် ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။

ကြိုတင်ခွင့်ပြုချက် ရထားပြီးဖြစ်သဖြင့် ပြန်ကျိုးသို့ ရောက်သည်နှင့် ယဲ့ယွင်သည် ယွမ်ကျိုမှတစ်ဆင့် ခွင့်ပြုချက် ထပ်မံရယူကာ ချူမိသားစုထံသို့ ဖိတ်စာပို့လိုက်သည်။

အမျိုးသမီးများသာ နန်းတော်တွင်းသို့ ဝင်ရောက်ခွင့် ရှိသော်လည်း နင်ချန်သည် အထူးခြွင်းချက်အနေဖြင့် ယဲ့ယွင်၏ ဦးလေးနှင့် အဘိုးကိုပါ ဝင်ခွင့်ပြုခဲ့သည်။

ထို့ကြောင့် ဧည့်ခန်းမဆောင်တွင် လူလေးယောက်သည် ယဲ့ယွင်နှင့် တွေ့ဆုံခွင့်ရခဲ့ကြသည်။

"ကျွန်တော်မျိုးတို့ မင်မိန်ရန်ကို ဂါရဝပြုပါတယ်"

ယဲ့ယွင်သည် အလျင်အမြန်ပင် ထူမကာ အဘိုးချူဖေရိကို တွဲကူပေးလိုက်သည်။ "အားလုံးက ကျွန်မရဲ့ လူကြီးတွေပါ၊ ဘာလို့ ဂါရဝပြုနေကြတာလဲ။ ဒီမှာ သူစိမ်းတွေ မရှိတာမို့ ဟန်ဆောင်နေစရာ မလိုပါဘူး"

"ကောင်းပါပြီ... မင်း သဘောအတိုင်းပါပဲ" ချူဖေရိက ပြုံးလျက် ပြောသည်။

အဘွားလျန်ရှီသည် မျက်ရည်ကျနေပြီဖြစ်ပြီး ယဲ့ယွင်၏ လက်ကို ကိုင်ကာ ငိုရှာသည်။

"မြေးလေးရယ်... နန်းတော်ထဲမှာ တစ်ယောက်တည်း ဘယ်လိုများ နေနေရလဲမသိဘူး။ ပိန်လိုက်တာ။ အရင်က ဒီလို မဟုတ်ပါဘူး"

လျန်ရှီတွင် သမီးတစ်ယောက်သာ ရှိပြီး မြေးမလေးအပေါ်တွင်လည်း အလွန်သံယောဇဉ် ကြီးရှာသည်။

သမက်ဖြစ်သူ ဆုံးပါးသွားကြောင်း ကြားသိရစဉ်က သမီးနှင့် မြေးမကို ပျန့်ကျိုးသို့ ခေါ်ယူချင်ခဲ့သော်လည်း အိမ်ရှေ့စံ၏ ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ခံရကြောင်း အမိန့်စာ ထွက်လာသဖြင့် စိတ်ပူပင်ခဲ့ရသည်။

"ရှားရှားပါးပါး တွေ့ရတာကို အဘွားက ဘာလို့ ငိုနေတာလဲ" ယဲ့ယွင်က ချော့မော့ပြောဆိုရင်း မျက်ရည်ဝဲလာသည်။

"ကျွန်မ နန်းတော်ထဲမှာ အစားအသောက်၊ အနေအထိုင် အကုန်အဆင်ပြေပါတယ်။ အရှင်မင်းကြီးကလည်း ကောင်းပါတယ်။ မဟုတ်ရင် ဘယ်လိုလုပ် အခုလို တွေ့နိုင်မှာလဲ။ ပိန်သွားတာက လမ်းခရီးကြမ်းလို့ အစားမစားနိုင်လို့ပါ။ နန်းတော်ထဲမှာတုန်းက ကောင်းကောင်းစားရပါတယ်"

ချွေးမဖြစ်သူ လန်ရှီက ဝင်ရောက် ဖျောင်းဖျသည်။

"အမေ မငိုပါနဲ့။ ယွင်အာ စိတ်မကောင်း ဖြစ်နေပါဦးမယ်။ တစ်မိသားစုလုံး ရှားရှားပါးပါး ဆုံရတာ ပျော်စရာကောင်းအောင်နေကြရအောင်လေ။”

နှစ်ဖက် ဝိုင်းဝန်း နှစ်သိမ့်မှသာ အဘွားလျန်ရှီ အငိုတိတ်သွားပြီး မိသားစု စကားဝိုင်း စတင်နိုင်တော့သည်။

"အစ်မဝမ်းကွဲ မပါလာဘူးလား" ယဲ့ယွင် မေးလိုက်သည်။

ဝမ်းကွဲအစ်ကိုကြီး ချူယွင်ဟွိုက်နှင့် ဇနီးသည် ကျန်းရှီတို့ လက်ထပ်ခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ် ရှိပြီဖြစ်ပြီး သမီးလေးတစ်ယောက် မွေးဖွားထားသည်။

ဦးလေး ချူရှို့ဝမ်က ဖြေသည်။ "ကျင်းအာက ဒီရက်ပိုင်း ဖျားနေလို့ သူ့အမေက အိမ်မှာ နေခဲ့ရတယ်"

"ဟုတ်လား... ကျွန်မဆီမှာ ဆေးကောင်းတွေ ရှိတယ်။ ဦးလေး ပြန်ရင် ကျင်းအာအတွက် ယူသွားပေးပါအုံး။”

ယဲ့ယွင်က နားလည်ကြောင်း ပြောပြီး အဓိက အကြောင်းအရာကို စတင်ဆွေးနွေးသည်။ "ဒီတစ်ခါ အချိန်သိပ်မရလို့ ကျွန်မ ပြောချင်တာကို တဲ့တိုးပဲ ပြောပါမယ်။ သမီးမှာအကြံအစည် တစ်ခု ရှိပါတယ်"

ချူဖေရိနှင့် ချူရှို့ဝမ်တို့သည် မျှော်လင့်ထားသည့်နှယ် ဆက်ပြောရန်အားပေးလိုက်သည်။

"အစ်ကိုနှစ်ယောက်ရဲ့ပညာအရည်အချင်းနဲ့ဆိုရင် ဒီနှစ် နွေဦးစာမေးပွဲမှာသေချာပေါက် အောင်မှာပါ။ အောင်ပြီးတာနဲ့ ချူမိသားစုက နန်းတွင်းမှာရော စီးပွားရေးလောကမှာပါ နေရာရလာမှာပါ။ အရာရှိနဲ့ ကုန်သည် ပေါင်းစပ်လိုက်ရင် အကျိုးအမြတ် ပိုရနိုင်ပေမယ့် အစ်ကိုတို့က အရှင်မင်းကြီးအတွက် အမှုထမ်းရမှာဖြစ်သလို အဘိုးနဲ့ ဦးလေးတို့ရဲ့ စီးပွားရေးကလည်း အရှင်မင်းကြီးအတွက် လုပ်ပေးရမှာပါ"

"ဒါ ဘာသဘောလဲ။ ယွင်ဟွိုက်နဲ့ ယွင်ဟုန်က အရှင်မင်းကြီးအတွက် သစ္စာရှိမှာ သေချာတယ်။ ဒါပေမဲ့ အရှင်မင်းကြီးနဲ့ စီးပွားရေး လုပ်ရမယ်ဆိုတာ..." ချူရှို့ဝမ် နားမလည် ဖြစ်သွားသည်။

ယဲ့ယွင် ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မက ချူမိသားစုကို တော်ဝင်ကုန်သည် ဖြစ်စေချင်တာပါ"

နောက်ဆုံးတွင် ချူမိသားစုပြန်သွားသောအခါ အားလုံး၏ စိတ်ထဲတွင် လှုပ်ရှားနေကြသည်။

အထူးသဖြင့် ချူဖေရိနှင့် ချူရှို့ဝမ်တို့သည် ယဲ့ယွင်ကဲ့သို့ အမျိုးသမီးတစ်ဦးတွင် ဤမျှကြီးမားသော ရည်မှန်းချက်နှင့်အမြော်အမြင်ရှိလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

တော်ဝင်ကုန်သည်ဖြစ်လာလျှင် အရှင်မင်းကြီးထံ အခွန်ပိုပေးရမည်ဖြစ်သော်လည်း ရရှိလာမည့် အကျိုးအမြတ်နှင့်နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်ပေ။

"ယွင်အာက သူ့အဖေနဲ့ တူတာပဲ" ချူရှို့ဝမ် ရေရွတ်လိုက်သည်။

လန်ရှီက သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ကျွန်မ အမြင်တော့ ယွင်အာက သူ့အဖေထက်တောင် သာသေးတယ်"

အမျိုးသမီးချင်းဖြစ်သော်လည်း လန်ရှီသည် ကုန်သည်မိသားစုသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ရာ သူမတွင် ယဲ့ယွင်လောက် အမြော်အမြင် မရှိကြောင်း ဝန်ခံရမည်။

သူမ၏ထိုးထွင်းသိမြင်မှုအရ နောင်တစ်ချိန်တွင် ချူမိသားစု၏အားကိုးရာသည် ဤတူမလေး ဖြစ်လာလိမ့်မည်ဟု ခံစားရသည်။

......

ဧည့်သည်များ ပြန်သွားပြီးနောက် ယွမ်ကျို ဝင်လာသည်။

"အရှင်မင်းကြီး အားနေပါတယ်။ မိန်ရန် သွားတွေ့မလား"

ယဲ့ယွင် သူ့ကို ကြည့်လိုက်သည်။ အဓိပ္ပာယ်ကို နားလည်သော်လည်း နင်ချန်သည် ယခုချိန်တွင် သူမကို တွေ့ချင်မည် မဟုတ်ဟု ထင်သည်။

လွန်ခဲ့သောနှစ်ရက်က သူမပြောခဲ့သော စကားများကိုလက်ခံနိုင်ရန် အချိန်လိုအပ်ပေလိမ့်မည်။

"ရှားရှားပါးပါး အနားယူချိန်လေးမှာ မနှောင့်ယှက်တော့ပါဘူး။ အရှင်မင်းကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ" ယဲ့ယွင် မျက်လွှာချလိုက်သည်။ "ဒါနဲ့ နောက်ထပ် ကိစ္စတစ်ခု ထပ်ပြီး တောင်းဆိုချင်လို့ပါ"

"မိန်ရန် ပြောပါ" ယွမ်ကျိုက ရိုသေစွာ ပြောသည်။

"ကျွန်မရဲ့ အစေခံ ဟွေယွဲ့က မျက်နှာမှာ ဒဏ်ရာရထားလို့ ကျားစခ်ဒေသကို ခေါ်သွားဖို့ အဆင်မပြေဘူး။ ဒီမှာ ထားခဲ့ရင်လည်း ဒုက္ခများမှာ စိုးလို့ အရှင်မင်းကြီး သဘောတူမယ်ဆိုရင် ချူမိသားစုအိမ်မှာ သွားနေပြီး ဒဏ်ရာပျောက်အောင်ကုသရင်း အဘိုးနဲ့ အဘွားကို ကျွန်မကိုယ်စား ပြုစုပေးဖို့ ခွင့်တောင်းချင်ပါတယ်"

"ဒါ ကိစ္စသေးလေးပါ။ အရှင်မင်းကြီး သဘောတူမှာပါ"

နောက်ဆုံးတွင် ယဲ့ယွင်သည် ယွမ်ကျိုကို ကျောက်စိမ်းဖြူ လက်စွပ်တစ်ကွင်း လက်ဆောင်ပေးလိုက်သည်။

ရင်းနှီးသည်ဆိုသော်လည်းလက်ဆောင်ပေးခြင်းသည် လူမှုဆက်ဆံရေးကို ပိုမိုချောမွေ့စေသည်။

အရှေ့ဆောင်သို့ ပြန်ရောက်သောအခါ နင်ချန်သည် တံခါးဖွင့်သံ ကြားသည်နှင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။

ယွမ်ကျို တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သောအခါ အကြည့်လွှဲလိုက်သော်လည်း စိတ်ထဲတွင် ဟာတာတာ ဖြစ်သွားခဲ့သည်။

"ချူမိသားစု ပြန်သွားပြီလား"

"ပြန်သွားပါပြီ အရှင်မင်းကြီး။ မင်မိန်ရန်က ငိုထားတဲ့ပုံပါပဲ။ မိသားစုနဲ့ ခွဲခွာရလို့ ဝမ်းနည်းနေပုံရပါတယ်။ အရှင်မင်းကြီး အနားယူတာကို အနှောင့်အယှက်မဖြစ်စေချင်လို့ ကျေးဇူးတင်ကြောင်း ပြောခိုင်းပြီး ပြန်သွားပါပြီ"

နင်ချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး စာအုပ်ကို ချလိုက်သည်။ "ကျန်း မင်းကို မေးလို့လား။ စကားများလိုက်တာ ဟမ့်။”

"မှန်ပါတယ်၊ ကျွန်တော်မျိုး စကားများမိပါတယ်" ယွမ်ကျိုက ကိုယ့်ပါးကိုယ် အသာအယာ ရိုက်လိုက်သည်။

ဧကရာဇ်၏မျက်နှာထားတွင် ဒေါသအရိပ်အယောင် မတွေ့ရသဖြင့် ဆက်

ပြောလိုက်သည်။

"အရှင်မင်းကြီး... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။ မင်မိန်ရန်က ဟွေယွဲ့ကို ချူမိသားစုဆီ ပို့ပြီး ဒဏ်ရာကုသရင်း အဘိုးအဘွားတွေကို ပြုစုဖို့ ခွင့်ပြုပေးဖို့ တောင်းဆိုထားပါတယ်"

နင်ချန် မျက်လုံးများ မှေးစင်းသွားသည်။ ဟွေယွဲ့ တစ်ဖက်သက်အရိုက်ခံရသည်ကို သူ သိသော်လည်း ယဲ့ယွင်က အစေခံအပေါ် ယခုလောက်ထိကာကွယ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

နန်းတော်သို့ပြန်ပို့လျှင် ဝေးကွာလွန်းပြီး အန္တရာယ်ရှိနိုင်သည်။ ယာယီနန်းတော်တွင် ထားခဲ့လျှင်လည်း ထူးခြားလွန်းပြီး အတင်းအဖျင်းပြောစရာ ဖြစ်လာနိုင်သည်။ ကျားစခ်သို့ ခေါ်သွားလျှင်လည်း ပို၍ပင်ပန်းမည်။ ထို့ကြောင့် ချူမိသားစုထံ ပို့လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

လက်စားချေမည်ဟု ပြောခဲ့သော မိန်းကလေးတစ်ယောက်က အစေခံတစ်ယောက်အပေါ် ဤမျှဂရုစိုက်

တတ်သည်။ ကြည့်ရတာ သူမက သူမရဲ့လူတွေကို အကာအကွယ်ပေးတဲ့သူမျိုးပဲ။

နင်ချန်သည်လည်း အသာအယာခေါင်းငြိမ့်သဘောတူလိုက်သဖြင့် ဟွေယွဲ့သည် ထိုနေ့တွင်ပင် ချူမိသားစုအိမ်သို့ ရောက်ရှိသွားသည်။

ယဲ့ယွင် မှာကြားစရာပင်မလိုဘဲ ချူမိသားစုက သမားတော်ခေါ်ပြီး ကုသပေးကာ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အဘွားဖြစ်သူ၏အဆောင်တွင်ထားရှိခြင်းဖြစ်ရာ အဆင်ပြေချောမွေ့သွားသည်။

....

ယာယီနန်းတော်တွင် နှစ်ရက်ကြာ အနားယူပြီးနောက် ခရီးဆက်လက် ထွက်ခွာခဲ့ကြသည်။

နေ့စဉ်နေ့တိုင်း စောစောထ၊ ညဘက် တဲထိုးအိပ်နှင့် ယွီကျိုးသို့ ရောက်သောအခါမှသာ အနားယူချိန်ရတော့သည်။

မြို့တော်မှ ထွက်ခွာလာသည်မှာ ၁၀ ရက် ရှိပြီဖြစ်သည်။

ယွီကျိုးတွင် ရက်အနည်းငယ် နားလျှင် ကျားစခ်သို့ ရောက်ရန် နောက်ထပ် ၁၀ ရက်ခန့် ကြာဦးမည် ဖြစ်သည်။

သို့သော် ယဲ့ယွင် စိတ်ပူစရာ မလိုပေ။ သူမက ခရီးစဉ်တွင် အိပ်လိုက်စားလိုက်အနားယူလိုက်ဖြင့် လိုက်ပါရုံသာဖြစ်သည်။ အချိန်ကို ခရီးစဉ်အတိုင်း စီမံထားပြီး ဖြစ်သည်။

***

All Chapters