အခန်း (၁၀၅-၁၀၆)
Vol. 7 Ch. 105-106
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -105
အခန်း ၁၀၅ ။ ရေလှိုင်းအသစ်က ရေလှိုင်းအဟောင်းကို တွန်းဖယ်ခြင်း
နောက်တစ်နေ့ မနက်ခင်း ဂါရဝပြုချိန်တွင်မူ ယဲ့ယွင် မသွားမဖြစ်သွားရတော့သည်။
တွက်ကြည့်မည်ဆိုလျှင် ကျားစခ်မှပြန်
ရောက်ပြီးကတည်းက ဖုန်းရှီးနန်းဆောင်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။
နန်းတော်သို့ပြန်လာပြီးနောက်ပထမဆုံးအကြိမ် ပွဲဦးပြန်ထွက်မည်ဖြစ်သဖြင့် ခမ်းခမ်းနားနားဖြစ်အောင် ဝတ်ဆင်ရပေမည်။ ထို့ကြောင့် သူမသည် အနီရောင်ရင့်ရင့်ပေါ်တွင် ရွှေချည်ထိုးထားသော ရှူပိုးထည် နန်းတွင်းဝတ်စုံကို ရွေးချယ်ဝတ်ဆင်လိုက်သည်။ ဆံပင်ကို မုတန်းပန်းပုံစံ ထုံးဖွဲ့ပြီး ပုလဲကိုက်ထားသော ဒေါင်းပုံစံ လှုပ်တိလှုပ်တိဆံထိုးကို ပန်ဆင်ထား၏။ နဖူးတွင် ပန်းပွင့်ပုံ ဆေးခြယ်သထားပြီး မျက်ခုံးတန်းများကိုလည်း ထက်မြက်သော ပုံစံမျိုး ဆွဲထားလိုက်သည်။
ဝတ်စုံသည် လေးထောင့်ပုံ လည်ဟိုက်ဒီဇိုင်းဖြစ်သဖြင့် မိန်းမပျိုလေး၏ ဖြူဝင်းပြီး သေသပ်လှပသော ညှပ်ရိုးများကို ဖော်ကျူးထားသည်။ ထို့ကြောင့် ချူမိသားစုမှပို့လိုက်သော ကြက်သွေးရောင် ကျောက်နီဆွဲကြိုးကို ဆွဲလိုက်ရာ တစ်ကိုယ်လုံး ကျက်သရေရှိပြီး ထည်ဝါနေလေသည်။
နင်ချန်သည် ယွီရှို့အဆောင်မှ ထွက်ခွာချိန်တွင် သူမကို မကြည့်ဘဲ မနေနိုင်အောင်ဖြစ်ခဲ့ရသည်။
အပြင်ရောက်မှ ယွမ်ကျိုကို မှာကြားလေသည်။
"ကျန်းရဲ့ ဘဏ္ဍာတိုက်ထဲသွားပြီး ဟိုကြောင်မျက်လုံးကျောက် နားဆွဲတစ်စုံကိုယူပြီး မင်ကျယ်ယွီဆီ ပို့လိုက်၊ နောက်ပြီး အရောင်တောက်တောက် ပိုးဖဲသားလိပ် လေးငါးလိပ်လောက် ရွေးပြီး ပို့လိုက်ဦး။ သူက အသားဖြူတော့ ဒီအရောင်တွေနဲ့ဆိုရင် လိုက်ဖက်တယ်။”
ယွမ်ကျိုက ခေါင်းညိတ်လက်ခံပြီး ပြန်ပြောလိုက်သည်။
"မနှစ်က အနောက်ဘက်က ဆက်သလာတဲ့ အရောင်ဆန်းဆန်း ကျောက်မျက်ရတနာတချို့ ရှိပါသေးတယ်။ ကျွန်တော်မျိုး ကြည့်မိသလောက် အပြာရောင်၊ အဝါရောင်၊ ခရမ်းရောင်တွေ ပါပါတယ်။ အပွင့်မကြီးပေမဲ့ လက်ဝတ်ရတနာလုပ်ရင်တော့ လှမယ့်ပုံပါပဲ"
"အင်း.. မိဖုရားခေါင်ကြီးဆီ အရင်ပို့လိုက်။ ပစ္စည်းက သိပ်မများတော့ ကျန်တာကို မင်းကြည့်ပြီး ခွဲဝေပေးလိုက်တော့" နင်ချန်က သိပ်အာရုံမစိုက်ဘဲ ပြောလိုက်သည်။
ကြည့်ပြီး ခွဲဝေပေးလိုက်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဘယ်သူကအချစ်တော်လဲဆိုတာကြည့်ပြီး ပေးလိုက်ဆိုသည့် သဘောလား???
ဘုန်းကြီးများပြီး ဆွမ်းနည်းသည့် အခြေအနေမို့ လူအနည်းစုလောက်သာ ရနိုင်ပေမည်။
(T/N - အူတက်ပြီ ဒီစာမြင်ပြီးကတုံးနဲ့ကျောင်းတိုင်ဘုန်းကြီးနင်ချန်ကိုပြေးမြင်)
အခြားတစ်ဖက်တွင်မူ ယဲ့ယွင်သည် ယခုအခါ ဝေါယာဉ်စီးနိုင်ပြီဖြစ်သည်။ အရိုးရှင်းဆုံး လူလေးယောက်ထမ်း ဝေါယာဉ်လေးဖြစ်သော်လည်း အတော်လေး သက်သောင့်သက်သာရှိလှသည်။
အနည်းဆုံးတော့ ကိုယ်တိုင်မောကြီးပန်းကြီးလမ်းလျှောက်စရာ မလိုတော့ပေ။ ယွီရှို့အဆောင်နှင့် ဖုန်းရှီးနန်းဆောင်သည် နီးသည်ဟုတော့ မဆိုနိုင်ပေ။
သူမ ရောက်သွားချိန်သည် အချိန်အသင့်တင့်ဖြစ်ပြီး အတွင်း၌ လူအနည်းငယ် ရောက်ရှိနေပြီ ဖြစ်သည်။
ယခင်က ယန်ရှိုးရီ၊ အော်... မဟုတ်သေးဘူး၊ အခု စွန်းရှိုးရီ ဖြစ်နေသူမှလွဲလျှင် ကျန်သူများမှာ ရာထူးနိမ့်သူများသာဖြစ်ကြသည်။
လူတိုင်း အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ယဲ့ယွင်သည် ထိုင်ခုံတစ်ခု ရွေးထိုင်လိုက်သည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ယဲ့ယွင်သည် ယခုအခါ ဘွဲ့နာမည်ရ ကျယ်ယွီဖြစ်နေပြီဖြစ်ရာ ကျိုဖင် ကိုယ်လုပ်တော်အဆင့်အောက်တွင် ထိပ်ဆုံးနေရာ၌ ရှိနေသည်။ လင်ကျယ်ယွီ၊ ကျောက်ကျယ်ယွီ၊ ဝမ်ကျယ်ယွီ စသည့် ဝါရင့်များကို ကျော်တက်ကာ ရှေ့ဆုံးတွင် နေရာယူလိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် သူမ၏ဘေးနားကပ်လျက်တွင် စွန်းရှိုးရီ ရှိနေသည်။
ယခင်ကဆိုလျှင် ကျောက်ကျယ်ယွီသည် သူမကိုမြင်သည်နှင့် တီးတိုးတီးတိုး ပြောဆိုတတ်သော်လည်း ယခုအခါ ယဲ့ယွင်က သူမထက် ရာထူးမြင့်နေပြီး အချစ်တော်လည်း ဖြစ်နေသဖြင့် ကျောက်ကျယ်ယွီ ပြုံးပြသည်ကိုသာ မြင်လိုက်ရသည်။
မကြာမီတွင် ဝမ်သယ့်ဖေး ရောက်ရှိလာသည်။ ပုံမှန်အတိုင်း နူးညံ့သိမ်မွေ့သော ပုံစံ ဖြစ်သော်လည်း ကလေးမွေးဖွားပြီးနောက် အားအင်ကုန်ခမ်းထားသဖြင့် ယခင်ကထက် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။
"မင်ကျယ်ယွီနဲ့ မတွေ့တာ ကြာပြီပဲ။ ဒီဝတ်စုံလေးက တောက်တောက်ပြောင်ပြောင်နဲ့ လှလိုက်တာ။ ငယ်ရွယ်သူဆိုတော့ ဒီလိုမျိုး ဝတ်ဆင်သင့်တာပေါ့"
"မယ်မယ် ချီးကျူးတာ ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့က အကြာကြီး နေမကောင်းဖြစ်နေရာကနေ အခုမှ ပြန်ကောင်းလာတာဆိုတော့ ကျက်သရေရှိအောင် ဝတ်ထားလိုက်တာပါ။ ချန်းချဲ့ကြည့်ရတာ မယ်မယ့်လက်က ပုလဲလက်ကောက်ကလည်း သိပ်လှတာပဲ" ယဲ့ယွင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
လက်ရှိအချိန်အထိ သူမနှင့် ဝမ်သယ့်ဖေးကြားတွင် အဆင်ပြေနေဆဲဖြစ်သည်။ ပြောရမယ်ဆိုရင် ဝမ်သယ့်ဖေး သားယောက်ျားလေး မွေးနိုင်ခဲ့တာက သူမပေးလိုက်တဲ့ ဂျင်ဆင်းကြောင့် အသက်ဆက်နိုင်ခဲ့လို့ပဲလေ။
ဝမ်သယ့်ဖေးကလည်း ဒါကို မှတ်မိနေပုံရပြီး ယဲ့ယွင်အပေါ် ဆက်ဆံရေး မဆိုးလှပေ။ နှစ်ယောက်သား ခဏတာစကားစမြည်ပြောဖြစ်ကြသည်။
သို့သော် ရှူးဖေး ရောက်လာသောအခါ အခြေအနေက ပြောင်းလဲသွားသည်။ ယဲ့ယွင်ကို မြင်သည်နှင့် လူကို ဝါးစားတော့မည့်ဟန် ကြည့်လေသည်။
"မင်ကျယ်ယွီရဲ့ပုံစံကိုကြည့်ရတာ အခုမှပြန်ကောင်းလာတဲ့ပုံ မပေါက်ပါလား။ ဘာလို့ အခုမှ ဂါရဝပြုဖို့ ရောက်လာတာလဲ။ တမင်သက်သက်မလာဘဲ နေခဲ့တာများလား"
"ဒီချန်းချဲ့က ဒဏ်ရာ ပြင်းထန်တာလေ။ ရှူးဖေးမယ်မယ်က ချန်းချဲ့ နေမကောင်းတုန်း လာမှ မမေးခဲ့တာ။ ဒီချန်းချဲ့ ဘယ်အချိန်
ပြန်ကောင်းလဲဆိုတာ ဘယ်သိပါ့မလဲ။ ချန်းချဲ့ ဒီနေ့မှ အပြင်ထွက်နိုင်လို့ ညီအစ်မတွေနဲ့တွေ့ရတာ ဝမ်းသာနေတာကို မယ်မယ်က မကြိုက်ဘူးလား။ လူတိုင်း မှိုင်တွေငေးငိုင်နေရင် အရှင်မင်းကြီးလည်း ကြိုက်မှာ မဟုတ်ဘူးလေ။”
ယဲ့ယွင်သည် သူမကို မျက်နှာသာပေးမနေတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကြားက ရန်ငြိုးက ကြီးမားနေပြီပဲလေ။
ရှူးဖေးက နှာခေါင်းရှုံ့လိုက်သည်။
"ငါကြည့်ရတာ နင့်ကျောပေါ်က ဓားဒဏ်ရာက နင့်ကို အမှတ်သည်းခြေရှိအောင် မလုပ်ပေးနိုင်ဘူး ထင်တယ်။ အခုထိ ခွန်းတုံ့ပြန်တာ ကောင်းတုန်းပဲ။ မနေ့က ဥယျာဉ်ထဲမှာ ကျားစခ်ကလာတဲ့မင်းသမီးကို ဒုက္ခပေးခဲ့တယ်ဆို၊ နင်က သိပ်ပြီး မောက်မာလွန်းနေပြီ"
"ဘာတွေ မောက်မာနေတာလဲ၊ မနက်စောစောစီးစီး ရှူးဖေးက ဘာလို့ ဒေါသထွက်နေရတာလဲ၊ ပန်ကုန်းရဲ့ ဖုန်းရှီးနန်းဆောင်က ရန်ဖြစ်ရမယ့်နေရာ မှတ်နေလို့လား။”
ယဲ့ယွင် ပြန်မပြောရသေးခင်မှာပင် မိဖုရားခေါင်ကြီးသည် တင်းမားမား၏လက်ကို တွဲလျက် ထွက်လာလေသည်။ အဝါရောင်ရင့်ရင့် မုတန်းပန်းကွက် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေ ရှိလှသည်။
ထိုင်လိုက်ပြီးနောက် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။
"မင်ကျယ်ယွီ ဒီနေ့ ရောက်လာတာပဲ။ ဒဏ်ရာတွေ အကုန် ပျောက်သွားပြီလား။ ဒီတစ်ခေါက် နန်းတော်ပြင်ပ ထွက်ရတာ မင်းနဲ့ ဖန်းရှိုးရီတို့ ဒုက္ခရောက်ခဲ့ကြတယ်။ နေမကောင်းသေးရင် ပန်ကုန်းကို ပြောလို့ရပါတယ်။ အတင်းကြီး လာစရာ မလိုပါဘူး"
ယောင်ရှန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒီချန်းချဲ့ အကုန်ပျောက်ကင်းသွားပါပြီ။ မယ်မယ့်ကို လာရောက် ဂါရဝပြုခွင့်ရတာ ဒီချန်းချဲ့ရဲ့ကံကောင်းခြင်းပါ"
ယဲ့ယွင်လည်း ထိုသို့ပြောလိုက်ရာ မိဖုရားခေါင်ကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဒီတစ်ခေါက် ကျားစခ်ခရီးစဉ်တွင် ဒီနှစ်ယောက်က မျက်နှာအပွင့်လင်းဆုံး ဖြစ်ခဲ့သည်။ မိဖုရားခေါင်ကြီးအနေဖြင့် ဘယ်သူ့ကိုမှ စိတ်ကြီးဝင်သွားအောင် မွေးမြူထားလိုခြင်း မရှိပေ။ အထူးသဖြင့် ဒီနှစ်ယောက်လုံး၏ နောက်ခံမိသားစုမှာ သာမန် မဟုတ်သောကြောင့် ဖြစ်သည်။
စောစောက ကိစ္စပြီးသွားပြီဟု ထင်လိုက်သော်လည်း မိဖုရားခေါင်ကြီးက လက်လွတ်ခံမည့်ပုံ မပေါ်ဘဲ ပြန်လည်မေးမြန်းလေသည်။
ထို့ကြောင့် ယဲ့ယွင်က အလိုက်သင့်ပင် ပြန်လျှောက်တင်လိုက်သည်။
"စောစောက ရှူးဖေးမယ်မယ်ပြောတာက စုဝမ်ရုန်ဟာ ကျားစခ်ကလာတဲ့ မင်းသမီးဖြစ်တဲ့အတွက် မနေ့က ဥယျာဉ်တော်မှာ ဒီချန်းချဲ့က စုဝမ်ရုန်ကို ဒုက္ခပေးတာ မောက်မာတဲ့ လုပ်ရပ်ပါတဲ့။ မိဖုရားခေါင်ကြီး၊ ဒါကတော့ ဒီချန်းချဲ့ကို တကယ် စွပ်စွဲတာပါပဲ"
"ဒီကိစ္စမှာ မင်းလုပ်တာ မမှားဘူး။ အရှင်မင်းကြီးကို ခစားတော့မယ်ဆိုရင် စည်းကမ်းကို အရင် သင်ယူသင့်တယ်။ ဘယ်သူပဲဖြစ်ဖြစ် အတူတူပဲ။ ဒါကို ဘယ်လိုလုပ် ဒုက္ခပေးတယ်လို့ခေါ်မလဲ"
မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။
"ရှူးဖေး၊ မင်းကလည်း အရှင်မင်းကြီးရဲ့ ဘေးမှာ နှစ်ပေါင်းများစွာ နေလာတဲ့ ဝါရင့်တစ်ယောက်ပဲ၊ ဒါလေးတောင် မင်း မခွဲခြားတတ်ဘူးလား၊ ပြီးတော့ စုဝမ်ရုန်ကို စည်းကမ်းသင်ခိုင်းတာက အရှင်မင်းကြီးနဲ့ ပန်ကုန်းကိုယ်တိုင်ပဲ။ မင်းက ဒီလို အပြစ်တင်နေတယ်ဆိုတော့ အရှင်မင်းကြီးနဲ့ ပန်ကုန်းကို မကျေနပ်လို့လား။
"ဒီချန်းချဲ့ မရဲပါဘူး။ ဒီချန်းချဲ့ စကားမှားသွားပါတယ်။ မိဖုရားခေါင်ကြီး ခွင့်လွှတ်ပေးပါ။”
ရှူးဖေးသည် ကြီးမားသည့် ခေါင်းစဉ်ကြီး တပ်ခံရမှာကို ကြောက်သဖြင့် အမြန်ထရပ်လိုက်ရသည်။
နန်းတော်သို့ ပြန်ပို့ခံရပြီးနောက်ပိုင်း အရှင်မင်းကြီးက သူမအပေါ် အရင်လို မဟုတ်တော့ပေ။ ပြီးခဲ့တဲ့တစ်ခေါက် ချန်ချွမ်းနန်းဆောင်သို့ လာတုန်းကလည်း မင်းသမီးကြီးနှင့် ခဏတာ ကစားပြီး ပြန်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် သူမ မဆိုးသွမ်းရဲတော့ပေ။
ယခုအချိန်တွင် ငြိမ်နေသော်လည်း အရင်
တုန်းက မဆိုးသွမ်းခဲ့ဘူးလို့ မဆိုလိုပေ။မင်းသမီးကြီးကို မွေးဖွားထားတာကိုအကြောင်းပြ၍ မိဖုရားခေါင်ကြီးကို အမြဲလိုလို စိတ်ဒုက္ခပေးခဲ့ဖူးသည်။ အခုလို အခွင့်အရေးရချိန်မှာ မိဖုရားခေါင်ကြီးက ဘယ်လွှတ်ပေးပါ့မလဲ။
"ထားလိုက်ပါတော့၊ နှစ်ပေါင်းများစွာ သံယောဇဉ်ကို ထောက်ထားပြီး ဒီတစ်ခါ ပန်ကုန်း မင်းကို အပြစ်မပေးတော့ဘူး။ မင်း ပြန်ရောက်ရင် နန်းတွင်းစည်းကမ်းတွေကို သုံးခေါက်လောက် ကူးရေးလိုက်ပါ။”
"အမိန့်တော်အတိုင်းပါ" ရှူးဖေးသည် အရှက်ရစွာဖြင့် ဝန်ခံလိုက်ပြီး နေရာတွင်ပြန်ထိုင်လိုက်သည်။
သူမ ငြိမ်ကျသွားသည်ကို မြင်ရတော့ မိဖုရားခေါင်ကြီး စိတ်ကျေနပ်သွားပြီး အပြုံးများ ပိုမိုပွင့်လန်းလာသည်။
သုံးရက်နေလျှင် ကျင်းပမည့် နဂါးလှေပွဲတော်အကြောင်း ပြောဆိုပြီးနောက် လူစုခွဲလိုက်ကြသည်။
ယခုအခါ မယ်တော်ကြီးသည်လည်း ပြဿနာ မရှာတော့သဖြင့် ကိုယ်လုပ်တော်များ သူမဆီ သွားရောက် ဂါရဝပြုစရာ မလိုတော့ပေ။
တကယ်တမ်းတွင် မယ်တော်ကြီးကိုယ်တိုင်က မြင်ရတာစိတ်ရှုပ်သဖြင့် မတွေ့ချင်ခြင်းဖြစ်သည်။
ယဲ့ယွင်သည် ရာထူးတိုးသည့် အချိန်ကိုက် ကောင်းသွားသည်ဟု တွေးမိသည်။ မဟုတ်လျှင် ချီနင်နန်းဆောင်သို့ တစ်ခေါက် ထပ်၍သွားရဦးမည်ဖြစ်သည်။ ပင်ပန်းလိုက်မည့်ဖြစ်ခြင်း။
......
ယွီရှို့အဆောင်သို့ ပြန်ရောက်သောအခါ စားပွဲပေါ်တွင် ပစ္စည်းများစွာ တင်ထားသည်ကို တွေ့လိုက်ရသည်။ အားလုံးက အရှင်မင်းကြီး၏ဆုလာဘ်များဖြစ်ပေသည်။ သူမအတွက် သီးသန့် ပေးသည်များ အပြင် ယွမ်ကျို ပြောခဲ့သော ကျောက်မျက်ရတနာများလည်း ပါဝင်သည်။
သူမအနေဖြင့် သေတ္တာတစ်လုံးစာ ရရှိခဲ့သည်။ အရောင်စုံပါဝင်ပြီး အရွယ်အစား ညီညာသဖြင့် လက်ဝတ်ရတနာ အများအပြား ပြုလုပ်နိုင်သည်။
ဤလက်ဝတ်ရတနာပစ္စည်းများကို မိဖုရားခေါင်ကြီးကတော့ သေချာပေါက်ရပေလိမ်ြမည်။ စုံစမ်းကြည့်လိုက်ရာ ရှူးဖေး၊ ဝမ်သယ့်ဖေး၊ ဖန်းရှိုးရီတို့ရကြပြီး အောက်တွင် ဝမ်ကျယ်ယွီ၊ ယဲ့ယွင်၊ ယိမိန်ရန်၊ ရှချိုက်
ရန်နှင့် ယန်ပေါင်လင်တို့ အသီးသီးရရှိကြသည်။
အားလုံးက ဧကရာဇ်၏မျက်နှာသာပေးခံရသူများ သို့မဟုတ် ကလေးရှိသူများသာဖြစ်ကြသည်။
အမှန်တကယ်ပင် အနောက်ဆောင်တွင်
နေရာတစ်ခုရနိုင်ရန်အတွက် ဧကရာဇ်၏မျက်နှာသာပေးခံရခြင်းသို့မဟုတ် မျိုးဆက်မွေးဖွားနိုင်ခြင်သည်အလွန်အရေးကြီးပေသည်။
နန်းတွင်း စရောက်တုန်းက စွန်းရှိုးရီ (ယခင် ယန်ရှိုးရီ) သည် ဝမ်သယ့်ဖေးပြီးလျှင် အချစ်ခံရဆုံး ဖြစ်ခဲ့သော်လည်း ယခုအခါ စာရင်းထဲတောင် မပါတော့ပေ။
ရေလှိုင်းအသစ်က ရေလှိုင်းအဟောင်းကို တွန်းဖယ်လိုက်သည်ဟုသော စကားကဲ့သို့ပင် လက်ရှိတွင် ဝါရင့်ကြင်ယာတော်များထဲတွင် ဝမ်သယ့်ဖေးတစ်ယောက်သာ ကြံ့ကြံ့ခံနိုင်ပြီး ဖန်းရှိုးရီ၊ ယဲ့ယွင်၊ ယိမိန်ရန် စသည့် ရေလှိုင်းသစ်များက အစားထိုးနေရာရလာကြပြီဖြစ်သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-106
အခန်း ၁၀၆ ။ ဒုတိယမင်းသမီး
နဂါးလှေပွဲတော် မတိုင်မီ တစ်ရက်အလိုတွင် ယဲ့ယွင်သည် အပ်ချုပ်ဆောင်မှ ပို့လိုက်သော အဝတ်အစားများကို စမ်းဝတ်ကြည့်နေစဉ် လုဟယ်သည် အပြင်ဘက်မှ အပြေးအလွှား ဝင်ရောက်လာလေသည်။
"ကျယ်ယွီ... ယီမေအဆောင်မှာ မွေးခါနီးပြီတဲ့၊ မိဖုရားခေါင်ကြီးလည်း သွားနေပြီ"
"ရက်တွက်ကြည့်ရင်လည်း မွေးရမယ့်ရက် ရောက်နေပြီပဲ။ ငါတို့တွေလည်း ပြင်ဆင်ပြီး သွားကြတာပေါ့။ ဝမ်ကျယ်ယွီက သားဦးဆိုတော့ အချိန်ကြာလောက်တယ်။ ကံကောင်းလို့ ငါ နေ့လယ်စာ စားပြီးခါစရှိသေးတာ"
ယဲ့ယွင် သိပ်ပြီး အရေးတကြီး မလုပ်ပေ။ ပေါ့ပါးသော ဝတ်စုံတစ်စုံကို လဲဝတ်ပြီး ထွက်လာခဲ့လိုက်သည်။
ယီမေအဆောင်တွင် အချိန်ကြာမြင့်စွာ ထိုင်စောင့်ရမည်ဖြစ်ရာ ရှုပ်ထွေးသော ဝတ်စုံများ ဝတ်ဆင်သွားပါက ပင်ပန်းရုံသာ ရှိပေမည်။
.....
သူမ ရောက်သွားသောအခါ အခန်းထဲတွင် လူအတော်များများ ရောက်ရှိနေပြီ ဖြစ်ပြီး နင်ချန်လည်း ရှိနေသည်။
မကြာသေးမီကမှ မျိုးဆက်သွေးသားတစ်ဦး ဆုံးရှုံးထားရသဖြင့် နင်ချန်သည် ဝမ်ကျယ်ယွီ၏ကိုယ်ဝန်ကို အလွန်အလေးထားလေသည်။
ယဲ့ယွင် ဂါရဝပြုပြီးနောက် ထိုင်လိုက်သည်နှင့် ဝမ်သယ့်ဖေး ရောက်ရှိလာသည်။
ထို့နောြခထိုင်ပြီးသည်နှင့် မေးခွန်းထုတ်လေသည်။
"ဝမ်ကျယ်ယွီ အဆင်ပြေရဲ့လား၊ အထဲက အသံသိပ်မကြားရဘူးနော်"
"သမားတော်က ပြောတယ်၊ ကိုယ်ဝန်အခြေအနေ အရမ်းကောင်းပါတယ်တဲ့။ သားဦးဆိုတော့ နည်းနည်း ခက်ခဲနိုင်ပေမဲ့ အားလုံး အဆင်ပြေမှာပါ။” မိဖုရားခေါင်ကြီးက ပြုံးလျက် ဖြေလိုက်သည်။
ပုံမှန်အတိုင်း မွေးဖွားနိုင်မည့်သူတစ်ယောက်ရှိလာသဖြင့် မိဖုရားခေါင်ကြီးလည်း သက်ပြင်းချနိုင်တော့သည်။
တကယ်လို့သာ တစ်ယောက်ပြီးတစ်ယောက် ပြဿနာတက်နေလျှင် သူမသည် မိဖုရားခေါင်ကြီး၊ တိုင်းပြည်၏မိခင်တစ်ယောက်အနေဖြင့် အပြစ်တင် ဝေဖန်ခံရပေလိမ့်မည်။
မကြာမီတွင် လူစုံသွားကြသည်။ ဝမ်ကျယ်ယွီ၏ မွေးဖွားမှု အဆင်ပြေနေသဖြင့် လေထုမှာ သက်သောင့်သက်သာ ရှိလှသည်။
အမွှေးတိုင်တစ်တိုင်ခန့် ကြာသောအခါ အတွင်းဘက်မှ အသံများ ကျယ်လောင်လာပြီး နောက်ထပ် တစ်နာရီခန့် အကြာတွင် ဝမ်ကျယ်ယွီသည် ဒုတိယမင်းသမီးလေးကို ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့လေသည်။ သားအမိနှစ်ယောက်လုံး ကျန်းမာကြသည်။
ထိုအခါမှ နင်ချန် သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတွင် ကျန်းမာသော ကလေးတစ်ယောက် ထပ်ရခဲ့လေပြီ။
"အမိန့်တော် ထုတ်လိုက်... ဝမ်ကျယ်ယွီက မျိုးဆက်ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ရှိုးယွမ် (ကျိုဖင် ကိုယ်လုပ်တော် အဆင့် ၂) ရာထူး တိုးမြှင့်ပေးလိုက်တယ်"
မူလက အဆင့်တစ်ဆင့်တိုးပြီး ရှိုးရုန်သာ ပေးရန် ရည်ရွယ်ထားသော်လည်း ကျန်းမာရေးမကောင်းသော မင်းသားကြီးနှင့် ဆုံးရှုံးသွားသော ရှမျိုးရိုး၊ ယိမိန်ရန်တို့၏ ကလေးများနှင့် နှိုင်းယှဉ်လိုက်သောအခါ ဝမ်မျိုးနွယ်က မင်းသမီးလေးကို ကျန်းမာစွာ မွေးဖွားပေးနိုင်ခြင်းက အလွန်ဝမ်းမြောက်စရာ ဖြစ်နေသည်။
မိဖုရားခေါင်ကြီးလည်း ပြုံးလိုက်သည်။ ဝမ်ရှိုးယွမ်၏နောက်ခံက သာမန်မျှသာဖြစ်ပြီး မျက်နှာသာပေးခံရခြင်းလည်းမခံရပေ၊ မွေးလာသည်ကလည်း မင်းသမီးလေးဖြစ်နေသဖြင့် သူမအနေဖြင့် မြှောက်ပေးလိုက်ရသည်ကို ဝန်မလေးပေ။
"ကျိုဖင်ကိုယ်လုပ်တော်ဖြစ်သွားရင် အဆောင်သခင်ဖြစ်ပြီဆိုတော့ ယီမေအဆောင်က မဆိုးပါဘူး။ ဝမ်ရှိုးယွမ် မီးတွင်းထွက်တာနဲ့ ပင်မဆောင်ကို တန်းပြောင်းခိုင်းလိုက်ပါလား"
နင်ချန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ... မိဖုရားခေါင်ကြီး သဘောအတိုင်း စီစဉ်လိုက်ပါ။ ရာထူးတိုးသွားတဲ့သူတွေ နေစရာပြောင်းဖို့လိုရင်လည်း တစ်ခါတည်း စီစဉ်လိုက်ပါ"
နန်းတော်ထဲတွင် ရာထူးအလိုက် နေထိုင်ရမည့်နေရာ သတ်မှတ်ချက်များ ရှိသော်လည်း တစ်ခါတစ်ရံတွင် အရှင်သခင်များက သတိမရဘဲ နေရာပြောင်းရန် မပြောလျှင် မူလနေရာတွင်သာ ဆက်နေရလေ့ရှိသည်။
ဥပမာအားဖြင့် လီဝမ်ရုန်ဆိုလျှင် သူမသည် အဆောင်တစ်ခုတွင် တစ်ဦးတည်း နေထိုင်ခွင့် ရှိနေပြီ ဖြစ်သော်လည်း ဖူယွင်နန်းဆောင်၏ အရှေ့ဘက်အဆောင်ငယ်တွင်သာ နေထိုင်နေရဆဲ ဖြစ်သည်။
လီမျိုးရိုးသည် စွန်းရှိုးရီကို အမြဲဖားယားကပ်ရပ်နေသူ ဖြစ်သဖြင့် မိဖုရားခေါင်ကြီးက တမင်သက်သက် နေရာမပြောင်းပေးဘဲထားခြင်းဖြစ်သည်။
ယခုအချိန်တွင်လည်း မိဖုရားခေါင်ကြီးက သူတို့ကို စိတ်ချမ်းသာအောင် ထားလိုစိတ် မရှိပေ။ "အရှင်မင်းကြီးရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ နန်းတော်ထဲမှာ အဆောင်လွတ်တွေ သိပ်မရှိတော့ဘူး၊ တချို့ကလည်း ပြုပြင်မွမ်းမံထားတာ မရှိသေးတော့ သူတို့ လက်ရှိနေတဲ့ နေရာလောက်တောင် မကျယ်ဝန်းပါဘူး။ ဥပမာ ချန်ဝမ်ရုန်နေတဲ့ ယောင်ကွမ်းဆောင်ရဲ့အနောက်ဘက်ဆောင်ဆိုရင် ပုံမှန်အဆောင်တွေထက် ပိုကောင်းပါသေးတယ်"
နင်ချန်က ဒါတွေကို ဂရုမစိုက်ဘဲ လက်ကာပြလိုက်သည်။ "မိဖုရားခေါင်ကြီး ကြည့်စီစဉ်လိုက်ပါ၊ ကျန်းက ဒါတွေ သိပ်နားမလည်ဘူး။
"ညီအစ်မတွေ စိတ်မဆင်းရဲရအောင် ဒီချန်းချဲ့ သေချာ စီစဉ်ပေးပါ့မယ်" မိဖုရားခေါင်ကြီးက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတွင် လီဝမ်ရုန် တစ်ယောက်သာ ပိပေါ်အဆောင်သို့ ပြောင်းရွှေ့သွားရပြီး ကျန်လူများမှာ နေရာမရွှေ့ကြပေ။
ထိုသို့ ဖြစ်သွားသဖြင့် လီမျိုးရိုး၏အနိုင်ကျင့်ခြင်းကိုခံနေရသော အိမ်နီးချင်း ကျိုးပေါင်လင်မှာ အလွန်ပျော်ရွှင်သွားလေသည်။
လူအုပ်ကြီး ယီမေအဆောင်မှ ထွက်လာကြသောအခါ နင်ချန်သည် ဝမ်သယ့်ဖေးကို ဆွဲခေါ်ပြီး ဝေါယာဉ်ပေါ် တင်လိုက်သည်။
"ကျန်း မင်းသားကြီးဆီ မရောက်တာ ကြာပြီ၊ ဒီနေ့ညစာကို ချူရှို့နန်းဆောင်မှာပဲ သုံးဆောင်တော့မယ်၊ မနက်ဖြန်ကျင်းပမယ့် နဂါးလှေပွဲတော် စားသောက်ပွဲက ဆွေတော်မျိုးတော်တွေပဲ ပါမှာဆိုပေမဲ့ မိဖုရားခေါင်ကြီး ပင်ပန်းခံပြီး ပြင်ဆင်ပေးပါဦး။”
ဝမ်သယ့်ဖေးသည် ဧကရာဇ်၏ဘေးတွင် ငြိမ်သက်စွာထိုင်နေပြီး မျက်နှာပေါ်တွင် အပြုံးနုနုလေး ရှိနေသည်။
"အမိန့်တော်အတိုင်းပါ၊ သေချာပေါက် ကောင်းကောင်း စီစဉ်လိုက်ပါ့မယ်" မိဖုရားခေါင်ကြီး ဒူးညွှတ်အရိုအသေပြုလိုက်သည်။
ဝေးကွာသွားသော ဝေါယာဉ်ကိုကြည့်ရင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။
ထိုကဲ့သို့ ခံစားရသည်မှာ မိဖုရားခေါင်ကြီး တစ်ယောက်တည်း မဟုတ်ပေ။ ရှိနေသော ကိုယ်လုပ်တော်များထဲတွင် မနာလိုသူဟူ၍ မရှိသလောက်ပင်။ ဝမ်သယ့်ဖေးသည် တကယ့်ကိုပင် ဧကရာဇ်၏အပြည့်အဝချစ်မြတ်နိုးခြင်းကိုခံရကာ လက်ရှိအချိန်ထိရေပန်းစားမှု မလျော့သောသူပင်။
မိဖုရားခေါင်ကြီးကို နှုတ်ဆက်ပြီးနောက် ယဲ့ယွင် ပြန်ရန် ပြင်လိုက်စဉ် ဖန်းရှိုးရီ၏ဝေါယာဉ်သည် သူမရှေ့တွင် ရပ်တန့်သွားသည်။
"ဖန်းရှိုးရီကို ဂါရဝပြုပါတယ်" ယဲ့ယွင် နှုတ်ဆက်လိုက်သည်။
ယောင်ရှန်းက ဆင်းမလာခဲ့ပေ။ အပေါ်စီးမှ သူမကို ကြည့်ကာ ပြုံးလိုက်သည်။
"ကြည့်ရတာ မင်ကျယ်ယွီက ပြန်ကောင်းလာပုံရတယ်နော်။ အဲ့ဒီလောက်ရှည်တဲ့ ဒဏ်ရာကြီး အမာရွတ် မကျန်စေနဲ့ဦး။ မဟုတ်ရင် ကြည့်လို့ကောင်းမှာ မဟုတ်ဘူး"
ယဲ့ယွင် မျက်နှာထား တည်ငြိမ်စွာဖြင့် ထပ်မံဂါရဝပြုလိုက်သည်။
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှိုးရီ။ ဒီချန်းချဲ့ကို သမားတော်တွေနဲ့ အစေခံတွေ ဂရုတစိုက် ပြုစုပေးလို့ အမာရွတ် မကျန်ပါဘူး။ ရှိုးရီရဲ့ဒဏ်ရာက ပိုစိုးရိမ်စရာ ကောင်းတာတောင် ပြန်ကောင်းလာတာ တကယ်ကို ဘုန်းကံကြီးလို့ပါပဲ။”
"ငါကတော့ သေချာပေါက် ကံကောင်းတယ်။ မင်းလည်း အတူတူပဲလေ" ယောင်ရှန်း ပြုံးလိုက်ပြီး လက်ကာပြလိုက်ရာ ဝေါယာဉ်ထမ်းသော မိန်းမစိုးများက ဆက်လက်ထွက်ခွာသွားကြသည်။
ဒီလောက် ဓားချက်ကိုတောင် အသက်မသေဘဲ နေနိုင်သေးတယ်၊ အသက်ပြင်းသားပဲ။
သို့သော် သူမ လိုချင်သောအရာကို ရရှိထားပြီဖြစ်သည်။ ရာထူးမြင့်နေပြီဖြစ်ရာ နောက်ပိုင်း မည်သူ့ကိုပင် ပညာပေးချင်ချင် အများကြီးလွယ်ကူသွားပြီဖြစ်သည်။
ယောင်မျိုးနွယ်၏ဝေါယာဉ် ဝေးကွာသွားသည်ကိုကြည့်ရင်း ယဲ့ယွင်မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီဖန်းရှိုးရီက ငါ့ကို တော်တော် မုန်းနေသလို ခံစားရတယ်။ ငါသူ့ကို ဘာမှ အကြီးအကျယ် မလုပ်ဖူးပါဘူဍ။"
ဟွေယွဲ့ နှုတ်ခမ်းဆူလိုက်သည်။
"သူ့နောက်ခံက ကျယ်ယွီနဲ့ တူတူလောက်ပဲလေ။ အရင်တုန်းက ကျယ်ယွီကို နေရာတိုင်းမှာ မယှဉ်နိုင်ခဲ့လို့ အခုအခွင့်အရေးရတုန်း လာကြွားတာ နေမှာပါ"
"ဒီလိုပဲ တွေးရတော့မှာပေါ့" ယဲ့ယွင် မျက်လွှာချလိုက်သည်။
နန်းတော်ထဲတွင် နေရာတိုင်း သတိထားရသည်။ ကိုယ်က ဘာမှ မလုပ်ရင်တောင်
မျက်နှာသာပေးခံရရုံနဲ့တင် လူအများစုရဲ့ မျက်စိစပါးမွှေး စူးတာကို ခံရဖို့ လုံလောက်နေပြီဖြစ်သည်။
.....
ဖုန်းရှီးနန်းဆောင်။
မိဖုရားခေါင်ကြီး ပြန်ရောက်သည်နှင့် တင်းမားမားက ခါးသက်သော အားဆေးတစ်ခွက် တိုက်လိုက်သဖြင့် ပြန်အန်ထွက်မတတ် ဖြစ်သွားသည်။
"မယ်မယ် ပင်ပန်းသွားပါပြီ။ ဒါပေမဲ့ ဒီဆေးက ခန္ဓာကိုယ်ပြန်လည်သန်စွမ်းဖို့ အထောက်အကူ ဖြစ်စေလို့ မသောက်ဘဲ နေလို့မရပါဘူး" တင်းမားမားလည်း စိတ်မကောင်း ဖြစ်ရသည်။
သူမသည် မိဖုရားခေါင်ကြီး၏ နို့ထိန်းဖြစ်ပြီး ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာကာ နန်းတွင်းအထိ လိုက်ပါလာသူဖြစ်သည်။ သူမအတွက် မိဖုရားခေါင်ကြီးသည် သားသမီးအရင်းထက်ပင် ပို၍ရင်းနှီးချစ်ခင်ရသူဖြစ်သည်။
"မားမား... အရှင်မင်းကြီးက ဝမ်သယ့်ဖေးကို တကယ် ချစ်မြတ်နိုးတာပဲ။ မင်းသားကြီးက ဒီလောက် ချူချာနေတာတောင် ရတနာလေးလို သဘောထားနေတုန်း" မိဖုရားခေါင်ကြီး နာကျင်စွာ ပြောလိုက်သည်။
လူသစ်တွေ ရောက်လာတာတောင် သူမ၏အချစ်တော်နေရာကို မည်သူမှမခွဲဝေနိုင်ကြပင်။
"မယ်မယ်... ဝမ်သယ့်ဖေးက နောက်ခံမရှိပါဘူး။ မင်းသားတစ်ပါး မွေးထားရင်တောင် အားကိုးလို့ မရပါဘူး။ အန်းမိသားစုက ဒီသမီးတစ်ယောက်ပဲ ကောင်းတာပါ။ ဝမ်သယ့်ဖေးရဲ့ အဖေနဲ့အစ်ကိုတွေကို အရှင်မင်းကြီး မမြှောက်စားဖူးတာ မဟုတ်ပါဘူး။ သူတို့က အသုံးမကျတာလေ။ ဒီလိုလူမျိုးက မင်းသမီးလေးပါး နေရာမှာ ထိုင်နေတာက တခြားလူ ထိုင်တာထက် ပိုကောင်းပါသေးတယ်"
တင်းမားမားက ဖြောင်းဖျလိုက်သည်။ သို့သော် ခံစားချက်ဆိုသည်မှာ ဖျောင်းဖျရုံနှင့် မရပေ။ မိဖုရားခေါင်ကြီးကို အနည်းငယ် စိတ်သက်သာရာ ရစေရုံသာ ဖြစ်သည်။
"မားမားပြောတာ မှန်ပါတယ်။ တော်သေးတာပေါ့ မင်းသားလေးမွေးတာ ဝမ်သယ့်ဖေးဖြစ်နေလို့။ ရှူးဖေးသာဆိုရင်..."
မိဖုရားခေါင်ကြီး ထထိုင်လိုက်ပြီး မျက်လုံးများ ပြန်လည် တည်ငြိမ်သွားသည်။ "ယန်ပေါင်လင်ရဲ့ ကိုယ်ဝန်အခြေအနေ ဘယ်လိုလဲ။ ဒီရက်ပိုင်း နဂါးလှေပွဲတော်အတွက် အလုပ်ရှုပ်နေလို့ သွားမကြည့်ဖြစ်ဘူး"
စုအာ ရှေ့တိုးလာပြီး လျှောက်တင်လေသည်။ "မယ်မယ်... ယန်ပေါင်လင်ရဲ့ကိုယ်ဝန်အခြေအနေ အရမ်းကောင်းပါတယ်။ အရင်ကသွေးဆင်းဖူးပေမဲ့ သူ့ခန္ဓာကိုယ်က ဂရုတစိုက်စောင့်ရှောက်ထားတာ ဖြစ်သလို ငယ်လည်း ငယ်တော့ ပြဿနာမရှိပါဘူး။”
"အင်း... သတိထားနော်၊ အားဆေးတွေ အရမ်းမကျွေးနဲ့ဦး။ ရှချိုက်ရန်တုန်းကလို ဖြစ်သွားမယ်" မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။
သူမတွင် စွန်းရှိုးရီကဲ့သို့ စိတ်ကူးမျိုး မရှိပေ။ ယန်မျိုးနွယ်ကို အသုံးချစရာ ရှိသေးသည်။
ယန်မျိုးနွယ်က ပျော့ညံ့ပြီး ထိန်းချုပ်ရလွယ်သည်။ ယန်မျိုးနွယ် သေသွားခဲ့လျှင်အိမ်က နောက်တစ်ယောက် ထပ်ပို့လာပေလိမ့်မည်။ အသစ်ရောက်လာမည့်သူက ဘယ်လိုနေမလဲ မသိနိုင်၊ ယန်မျိုးနွယ်ကိုပဲ ဆက်ထားခြင်းသည် ပိုကောင်းသော ဆုံးဖြတ်ချက်ဖြစ်သည်။
***