အခန်း (၁၁၃-၁၁၄)
Vol. 8 Ch. 113-114
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-113
အခန်း ၁၁၃ ။ ယောက္ခမဆိုး
ယဲ့ယွင်၏ တိတ်တဆိတ် တိုင်ကြားချက်သည် အမှန်တကယ်ထိရောက်မှုရှိခဲ့သည်။
နောက်တစ်နေ့ နံနက်ပိုင်း ဒူးထောက်အပြီးတွင် အပြင်ဘက်မှ အရှင်မင်းကြီး ကြွချီလာကြောင်း ကြေညာသံ ကြားလိုက်ရသည်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" မိဖုရားခေါင်ကြီးကဦးဆောင်ပြီးကိုယ်လုပ်တော်များ ပြိုင်တူ နှုတ်ဆက်ကြသည်။
မယ်တော်ကြီးကို တွဲထူပေးပြီးနောက် နင်ချန် ဝင်လာသည်ကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး... ဘာကိစ္စများရှိလို့လဲ"
"မယ်တော်နဲ့ မိဖုရားခေါင်ကြီးက ကိုယ်လုပ်တော်တွေကို ဦးဆောင်ပြီး ဘုရားကျောင်းဆောင်မှာ နေ့တိုင်း ဆုတောင်းပေးနေတယ်လို့ ကြားလို့ သားတော်လာကြည့်တာ။ အခုရာသီဥတုကလည်းပူလာပြီ။ ကပ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ လူစုလူဝေးနဲ့နေတာကမသင့်တော်ဘူး။ အခု နန်းတော်ပြင်ပမှာလည်း ထိန်းချုပ်နိုင်ပြီဆိုတော့ ဆက်ပြီးဒူးမထောက်ကြပါနဲ့တော့" နင်ချန်က တဲ့တိုး ပြောလိုက်သည်။
မယ်တော်ကြီးသည် ချက်ချင်းပင်
မျက်နှာထားမကောင်းတော့ပေ။ တစ်ခုခုပြောရန်ပြင်လိုက်စဉ် မိဖုရားခေါင်ကြီးက ဦးအောင် ပြောလိုက်သည်။
"ကြည့်ရတာ မယ်တော့်ရဲ့စေတနာကို နတ်ဘုရားတွေ သိသွားပြီထင်ပါရဲ့။”
ဝမ်သယ့်ဖေးကလည်း ပြုံးလျက် ဝင်ထောက်သည်။ "မယ်တော်ကြီးရဲ့ ပြည်သူတွေအပေါ်ထားတဲ့ မေတ္တာစေတနာကဘယ်တော့မှအလဟဿ ဖြစ်မှာမဟုတ်ပါဘူး။”
ဘယ်သူက နေ့တိုင်းဒီမှာ ဒူးထောက်ချင်မှာလဲ။ အခုလို ဧကရာဇ်က တားမြစ်ပေးတာ အခွင့်ကောင်းပဲ။ ထပ်ပြီရ မယ်တော်ကြီး ဆက်ပြီး ဇာတ်လမ်းမရှုပ်အောင်တားရမယ်။
နှစ်ယောက်သား အပေးအယူမျှမျှပြောလိုက်ကြသဖြင့် မယ်တော်ကြီး ပြောချင်နေသော စကားများကို ပြန်မျိုချလိုက်ရသည်။
တကယ်တမ်းတွင် နောက်ထပ်ရက်အနည်းငယ်ဆက်ပြီး ဒူးထောက်ခိုင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
"အရှင်မင်းကြီး ပြောမှတော့ ဒီနေ့ကစပြီး ဒူးထောက်ဖို့မလိုတော့ဘူး။ ဒါပေမဲ့ ကပ်ရောဂါက မပြီးသေးတော့ ဘာမှမလုပ်ဘဲ နေလို့မဖြစ်ဘူး။ ကိုယ့်နန်းဆောင်မှာကိုယ် ကျမ်းစာကူးရေးကြ။ ပြီးရင် နေ့တိုင်း ဘုရားကျောင်းဆောင်ကို လာပို့ပြီး မီးရှို့ပူဇော်ကြ။”
ယဲ့ယွင် စိတ်ထဲတွင် မျက်လုံးလှန်မိလိုက်သည်။
ယောက္ခမဆိုးဆိုတာ မယ်တော်ကြီးလို လူမျိုးကို ပြောတာပဲ။ ချွေးမတွေကို မနှိပ်စက်ရရင် မနေနိုင်ဘူး။
......
လူစုခွဲလိုက်ကြပြီး နေ့လယ်စာ စားချိန် ရောက်လာသည်။
ဘုရားကျောင်းဆောင်မှ ထွက်လာပြီးနောက် နင်ချန်သည် ယွီရှို့ဆောင်သို့ တန်းသွားပြီး နေ့လယ်စာ စားခဲ့သည်။
လူအများရှေ့တွင် ယဲ့ယွင်ကို ခေါ်ဆောင်သွားခြင်းသည် မနာလိုမှုများကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်နေသည်။
"မင်ကျယ်ယွီက အခုတလော တော်တော် အချစ်ခံနေရတာပဲ။ ဟုတ်တယ်မလား ယိမိန်ရန်" စွန်းရှို့ယီက ပြုံးစိစိဖြင့် နောက်လှည့်မေးလိုက်သည်။
ယိမိန်ရန်၏အမူအရာ မဲမှောင်သွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "အရင်တုန်းက ရှို့ယီလည်း ဒီလိုပဲ မဟုတ်ဘူးလား။”
ထို့နောက်ပြောပြီးသည်နှင့် နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
လမ်းတွင် ယွင်ရှို့က မကျေမနပ်ဖြစ်ကာပြောတော့သည်။
"သူကိုယ့်သူ အရင်တုန်းကရှို့ယီမယ်မယ်လို့ ထင်နေလားမသိဘူး။” အရှင်မင်းကြီး ငြိုငြင်တာ ခံနေရတာတောင် ဘဝင်ကမလျှော့သေးဘူး။”
"တော်တော့" ယိမိန်ရန် စိတ်ပျက်စွာ ဟန့်တားလိုက်သည်။ "သူပြောတာလည်း မမှားပါဘူး။ အခု ငါက ယဲ့မျိုးနွယ်အောက် ရောက်နေသလို ဖြစ်နေပြီ။ နန်းတွင်းဝင်တုန်းက ရာထူးတူတူပဲ။ အခု သူက ငါ့ထက်မြင့်နေပြီ"
နောက်ကလိုက်ရတဲ့ ခံစားချက်က အမှန်
တကယ်မကောင်းပေ။
အထူးသဖြင့် ယိမိန်ရန်ကကိုယ်ဝန်ဆောင်ဖူးသူ ဖြစ်သည်။ လက်ရှိ ကျိုဖင်စာရင်းဝင် ဝမ်ရှို့ယွမ်ကို ကြည့်ပြီး မိမိကလေးသာ အဖတ်တင်ခဲ့လျှင် ယခုအချိန်တွင်ရာထူးတိုးပြီး ကျိုဖင်ဖြစ်နေမလားဟု တွေးမိသည်။
ထိုသို့ တွေးမိလေ စိတ်မသက်မသာဖြစ်လေပင်။
ယွင်ရှီက သူမ သခင်မ စိတ်မကောင်းဖြစ်နေသည်ကို မြင်သောအခါ အသံတိုးတိုးဖြင့် အကြံပေးလိုက်သည်။
"မိန်ရန်၊ အခု ကပ်ရောဂါ ဖြစ်နေတာ အခွင့်အရေးကောင်းပဲ။ ရောဂါကူးစက်သွားရင် အသက်ရှင်ဖို့ လမ်းမမြင်တော့ဘူး"
ထိုစကားကို ကြားသောအခါ ယိမိန်ရန်၏မျက်ခုံးများ လှုပ်ရှားသွားသည်။ လက်ကိုပဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး စဉ်းစားလိုက်သည်။
"ဒါက လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ငါ စဉ်းစားပါရစေဦး"
.......
ယဲ့ယွင်ကတော့ သူတို့၏ မကောင်းသော အကြံအစည်များကို အာရုံစိုက်ရန်ပျင်းလွန်းနေခဲ့သည်။ ယခုအချိန်တွင် ယွီရှို့ဆောင်၌ နေ့လယ်စာစားပွဲပြင်ဆင်နေသည်။
ဒီနေ့ ဟင်းပွဲများကို သူမ သေချာ စီစဉ်ထားခြင်းဖြစ်သည်။ အသားနှင့် အသီးအရွက် မျှတအောင် စီစဉ်ထားသဖြင့် စားချင်စဖွယ် ကောင်းလှသည်။
အထူးသဖြင့် သခွားသီးနှင့် မှိုနက်သုပ်သည်နင်ချန် ကြိုက်နှစ်သက်ဆုံးဟင်းပွဲဖြစ်သည်။
ဤသည်မှာယဲ့ယွင်၏အားသာချက်ပင်။သူမသည် အခြေအနေခါက်ိုကြည့်ကာ နေတတ်ထိုင်တတ်သည့်အတွက် သူမနဲ့အတူရှိရင် အရာရာ အဆင်ပြေပြီးလူကိုသက်သောင့်သက်သာရှိစေသည်။
ရက်ပိုင်းအတွင်း ကပ်ရောဂါကြောင့် စိတ်ညစ်ပြီး အစားအသောက်ပျက်နေသောနင်ချန်သည် ဒီနေ့ ယွီရှို့ဆောင်တွင်ထမင်းသုံးပန်းကန်နီးပါးအပြင် ဟင်းတွေကိုလည်း မြိန်ရေယှက်ရေစားသွားခဲ့သည့်အတွက်
ယွမ်ကျိူတောင်မှ စိတ်အေးသွားခဲ့သည်။
မျက်နှာသာပေးခံရ အချစ်ခံရတာ အလကားမဟုတ်ဘူး။ အရှင်မင်းကြီးကို ပြုစုတတ်လို့ပဲ။
စားသောက်ပြီးနောက် ချက်ချင်း မပြန်သေးဘဲ နန်ကျစ်က အစာကြေဆေးရည်ယူလာသဖြင့် သောက်ကာခဏ နားနေကြသည်။
"ဒီရက်ပိုင်း ဒူးထောက်ရတာ ဒူးတွေ ရောင်နေပြီလား။ “ နင်ချန်သည် ကိုယ်လုပ်တော်လေးအားမေးလိုက်သည်။
ယဲ့ယွင်က ဟန်ဆောင်မနေဘဲ စကတ်ကို လှန်ပြလိုက်သည်။
ဖြူဝင်းသော ဒူးခေါင်းလေးများပေါ်တွင် အနီကွက်၊ အညိုကွက်များနှင့်ပြည့်နေသည်ကို တွေ့လိုက်ရသည်။
နင်ချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလို့ ဒီလောက် ဆိုးရတာလဲ။ အခင်းခံထားတယ် မဟုတ်ဘူးလား။”
"ခံထားပါတယ်။ ဒါပေမဲ့ အဲဒီအခင်းက ကြည့်ရုံပဲ ထူတာ။ ဒါမှမဟုတ်ချန်းချဲ့အသားက နုလို့ ရက်နည်းနည်း ဒူးထောက်လိုက်တာနဲ့ ဒီလိုဖြစ်သွားတာ နေမှာပါ" ယဲ့ယွင်က မတတ်သာသလို ပြောလိုက်သည်။
သို့သော်နင်ချန်သည် ဘုရားကျောင်းဆောင်တွင် ဒူးမထောက်ဖူးသူမဟုတ်ပေ။ အခင်းက ထူလား၊ မထူလား အသေအချာ သိတာပေါ့။ ထို့ကြောင့်ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ယဲ့ယွင်က ဟန်ဆောင်တတ်တဲ့မိန်းကလေး မဟုတ်မှန်းသိပြီးသားဖြစ်သည်။ နွဲ့ဆိုးဆိုးတယ်ဆိုပေမဲ့လည်း နောက်ပြောင်လို့ရတဲ့ အချိန်မှာပဲလုပ်တာ။ ဘုရားဆုတောင်းဖို့ ဝန်လေးတာမျိုးလည်း မရှိဘူး။
သူ့ကို တိတ်တဆိတ် သတင်းပို့တယ်ဆိုကတည်းက တကယ်တစ်ခုခုရှိလို့ပဲ။
မိမိအမေအကြောင်းကိုနင်ချန်သည် အစောကြီးကတည်းက နားလည်ပြီးသားဖြစ်သည်။
မယ်တော်ကြီးက ကိုယ်လုပ်တော်တွေကို တမင်သက်သက် နှိပ်စက်သည်ဟု သတင်းထွက်ခဲ့ပါက လူကြားကောင်းမည်ဟုတ်ပေ။
"ကောင်းကောင်း အနားယူ။ ကျန်း ခဏနေရင် ဆေးတွေ လာပို့ခိုင်းလိုက်မယ်။ ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ အားမှလာဖြစ်လောက်မယ်ဟုတ်ပြီလား။”
နင်ချန်သည်ယခုချိန်တွင် တိုင်းပြည်ရေးအားဦးစားပေးနေရသဖြင့်ထိုစကားတစ်ခွန်းပြောပြီး ထွက်သွားလေသည်။
.....
နင်ချန်ပြန်သွားနောက်ယဲ့ယွင်သည်ပေါ့ပေါ့ပါးပါးဝတ်စုံလဲပြီး ကုတင်ဘေးက ဆိုဖာပေါ်တွင်ဝင်လှဲလိုက်သည်။
နန်ကျစ်က ဆေးလိမ်းပေးရင်း
"အခုတော့ ဒူးထောက်စရာ မလိုတော့ဘူး။ ကျယ်ယွီ သက်သာသွားပြီ"
"ဒါပေါ့ ပေါ်တင်အရှင်မင်းကြီးကိုမုန့်သွားပို့တာလေ မယ်တော်ကြီးလည်း ငါလုပ်မှန်း ရိပ်မိမှာပါ။ နောက်ကျရင် ငါ့ကို ပိုမုန်းတော့မှာပဲ"
ယဲ့ယွင် မျက်လုံးမှေးစင်းလိုက်ကာ နှုတ်ခမ်းထောင့်မှာ အပြုံးရိပ် သန်းနေသည်။
"မယ်တော်ကြီးက တကယ်ပါပဲ... ဘယ်သူ အချစ်ခံရရ နှိပ်ကွပ်တော့တာပဲ။ ဒါဆိုရင် ချန်ဝမ်ရုန် အချစ်ခံရမယ်လို့ ထင်နေတာလား" နန်ကျစ် ဒေါသထွက်နေသည်။
ယဲ့ယွင် စကားပြန်မပြောခဲ့ပေ။ အခုတော့ သူမသေချာပေါက်ပြောနိုင်သည်မှာချန်
မယ်တော်ကြီး၏ဘဝတွင်ကံအကောင်းဆုံးမှာနင်ချန်လို သားမျိုး မွေးထားခြင်းပင်ဖြစ်သည်။
အကယ်၍နှောင်းဧကရာဇ်သာ စောစောမကွယ်လွန်ခဲ့လျှင် ယောင်ထိုက်ကွေ့ဖေးသာခြေတစ်လှမ်းဦးနိုင်ခဲ့လျှင်ယခုအချိန်တွင်
ဘယ်သူကမယ်တော်ကြီးဖြစ်မလဲဆိုတာသိနိုင်ပေသည်။
ဒီဉာဏ်ရည်နဲ့ကတော့ နန်းတွင်းတိုက်ပွဲမှာ ရှုံးမှာ သေချာတယ်။
သို့သော်နှောင်းဧကရာဇ် လက်ထက်တွင်
မိဖုရားခေါင်ကြီးနှင့်ထိုက်ကွေ့ဖေးတို့အကြီးအကျယ် တိုက်ခိုက်နေကြတုန်း သယ့်ဖေးက ဝင်မပြိုင်ဘဲနေခဲ့လို့ အခုချိန်ထိ ကောင်းမွန်စွာအသက်ရှင်ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။
လူအ ဉာဏ်ကောင်း ဆိုသလိုပေါ့။
ထားလိုက်ပါတော့... သူမက တရားဝင် ချွေးမမှ မဟုတ်တာ။ အခံရခက်ဆုံးက မိဖုရားခေါင်ကြီး ဖြစ်မှာပေါ့။
ယဲ့ယွင် ဆက်မတွေးတော့ဘဲ တစ်ရေးအိပ်ဖို့ ပြင်လိုက်စဉ် အပြင်ဘက်က လုဟယ် ဝင်လာပြီး သမားတော်ရှန် ဆေးစစ်ဖို့ ရောက်လာကြောင်း ပြောသည်။
"ဝင်ခိုင်းလိုက်ပါ" အဝတ်အစား သပ်သပ်ရပ်ရပ် ပြင်ဝတ်ပြီး ဝင်ခွင့်ပြုလိုက်သည်။
ရှန်ဖိန်ကျစ် ဝင်လာပြီး စနစ်တကျ ဂါရဝပြုလိုက်သည်။ "ကျယ်ယွီကို ဂါရဝပြုပါတယ်"
"ရပါပြီ။ သမားတော်ရှန် ဘာလို့ ဒီအချိန်ကြီး ရောက်လာတာလဲ" ယဲ့ယွင် အံ့ဩသွားသည်။ လကုန်တုန်းကမှ စစ်ဆေးပြီးပြီလေ။
"မိဖုရားခေါင်ကြီးက ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မို့ ကိုယ်လုပ်တော်တွေ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်လို့ ၁၀ ရက်တစ်ခါ ဆေးစစ်ဖို့ အမိန့်ပေးထားပါတယ်။ ဒီနေ့က ပထမဆုံး အကြိမ်ပါ" ရှန်ဖိန်ကျစ်က ရှင်းပြလာသည်။
ယဲ့ယွင် ခေါင်းညိတ်လိုက်သည်။ မိဖုရားခေါင်ကြီးက ကြင်နာတတ်တဲ့ ပုံစံဖမ်းချင်လို့ နေမှာပေါ့။
ရှန်ဖိန်ကျစ် ဆေးစစ်ပြီးနောက် စကားပြောချင်ပုံရသဖြင့် ကျန်တဲ့လူတွေကို ထွက်ခွာခိုင်းလိုက်ပြီး နန်ကျစ်နှင့် ဟွေယွဲ့ကိုသာ ချန်ထားခဲ့သည်။
ထင်ထားသည့်အတိုင်း ရှန်ဖိန်ကျစ်က ပွင့်
ပွင့်လင်းလင်း ပြောလာသည်။
"ဒီနေ့ ကျွန်တော်မျိုး တော်ဝင်ဆေးရုံကို ပြန်ရောက်တော့ လုပ်ဖော်ကိုင်ဖက်တွေ ပြောပြတာ ကြားတယ်။ မနေ့က ဖန်းရှိုးရီရဲ့အစေခံမလေးက ကျွန်တော်မျိုးကို လာရှာသေးတယ်တဲ့။ ကျွန်တော်မျိုးက ဖန်းရှိုးရီ နဲ့ ဘာမှ မပတ်သက်ဖူးသလို ကျယ်ယွီနဲ့ဆက်ဆံရေးကိုလည်း ဘယ်သူ့ကိုမှ အသိမပေးထားပါဘူး။ သူ ဘာရည်ရွယ်ချက်နဲ့ လာရှာလဲဆိုတာ နားမလည်နိုင်ဘူး ဖြစ်နေတယ်"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-114
အခန်း ၁၁၄ ။ ရှင်သန်ခြင်း
ယဲ့ယွင်၏မျက်လုံးများ မှေးမှိန်သွားပြီး ခေတ္တမျှ စဉ်းစားခန်းဝင်သွားလေသည်။
"ပုံမှန်မဟုတ်တဲ့ကိစ္စတွေဖြစ်လာရင် မကောင်းဆိုးဝါးရဲ့လက်ချက် ရှိတတ်တယ်။ သူမက ရုတ်တရက် လာတွေ့တယ်ဆိုတာ တစ်ခုခုကြံစည်နေလို့ပဲ။ သူ့စကားကို အရင်နားထောင်ကြည့်လိုက်ဦး"
"အမိန့်တော်အတိုင်းပါ" ရှန်ဖိန်ကျစ်က လက်အုပ်ချီပြီး ပြန်ထွက်သွားသည်။
ဟွေယွဲ့က ကိုယ်တိုင်လိုက်ပို့ပြီး ပြန်ရောက်လာသောအခါ မျက်နှာမကောင်းလှပေ။
"ကျွန်တော်မျိုးမ ထင်တာကတော့ ဖန်းရှို့ယီက အရမ်းကောက်ကျစ်စဉ်းလဲတဲ့ပုံပဲ။ သူနဲ့ ပတ်သက်ရတာ စိတ်အခြေအနေမကောင်းဘူး"
နန်ကျစ်ကလည်း ဝင်ထောက်လိုက်သည်။
"အခု ဖန်းရှို့ယီက အရှိန်အဝါရလာတော့ နန်းတွင်းထဲမှာ ကောလာဟလတွေလည်းထွက်လာတယ်။ နှောင်းဧကရာဇ်လက်ထက်တုန်းက ချန်ဝမ်ရုန်နဲ့ ဖန်းရှို့ယီက အမြဲတမ်း သူတို့ရဲ့ အဒေါ်တွေကို လာတွေ့ရင်း နန်းတော်ထဲ ဝင်လေ့ရှိကြတယ်။ အိမ်တော်ချင်း အဆင့်အတန်းတူတော့ နှစ်ယောက်သား အမြဲတမ်းပြိုင်ဆိုင်ကြတယ်လို့ကြားတယ်။ အရင်တုန်းကတော့ သရေကျခဲ့ပေမဲ့ ၁၂ နှစ် ကျော်သွားပြီးနောက်ပိုင်း ဖန်းရှို့ယီက ရုတ်တရက် ထူးချွန်လာပြီး ချန်ဝမ်ရုန်ကို အရှက်ကွဲအောင် အကြိမ်ကြိမ်လုပ်ခဲ့တယ်တဲ့။ နောက်ပိုင်းမှာ ချန်ဝမ်ရုန်က နန်းတော်ထဲ သိပ်မလာတော့ဘူး။”
"ဒါက ဉာဏ်ပွင့်တာ စောသွားတာများလား။ ဒါဆို ငါက မွေးကတည်းက ထူးချွန်နေတာပေါ့" ယဲ့ယွင်က ရယ်မောရင်း စနောက်လိုက်သည်။
ဟွေယွဲ့က ရယ်လိုက်သည်။
"ကျွန်မတို့ ကျယ်ယွီက ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းတာလေ။ ဟိုတစ်ယောက်က ၁၀ နှစ်ကျော်မှ ဉာဏ်ကောင်းတာဆိုတော့ နောက်ကျတာပေါ့"
"ဒါကြောင့် အရမ်းစိတ်မပူပါနဲ့။ ငါ့ကိုလည်း အထင်သေးလို့ မရဘူးနော်"
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး ဟွေယွဲ့ရဲ့နှာခေါင်းကိုလှမ်းဆွဲလိုက်ရာ ဟွေယွဲ့ မျက်နှာရဲသွားသည်။
သို့သော် ဒီကိစ္စကိုသေချာစုံစမ်းရမည်ဖြစ်သည်။ နန်းတွင်းထဲက လူတွေက အကျိုးမရှိရင် ဘာမှလုပ်မှာမဟုတ်ဘူး။ ရှန်ဖိန်ကျစ်ကိုတကူးတကသွားတွေ့တယ်ဆိုမှတော့ သေချာပေါက်အကြောင်းရှိရမယ်။
ရှန်ဖိန်ကျစ်က သူမနှင့်အပြောအဆို သိပ်မရှိသည့်အတွက် အပြည့်အဝယုံကြည်လို့မရသေးပေ။ ထို့ကြောင့် ပိုင်ရှုနဲ့ လုဟယ်ကို အပြင်မှာ သေချာ စောင့်ကြည့်ခိုင်းလိုက်သည်။
နင်ချန်က နန်းတော်ထဲမှာ ဟိုဟိုဒီဒီလျှောက်မသွားဖို့ အမိန့်ပေးထားသဖြင့် မိဖုရားခေါင်ကြီးကလည်း ကိုယ်လုပ်တော်များဂါရဝပြုခြင်းကို ကင်းလွတ်ခွင့်ပေးလိုက်သည်။
အခုတော့ ဘုရားရှိခိုးစရာ မလို၊ ဂါရဝပြုစရာ မလိုဘဲ တံခါးပိတ်ပြီး ကိုယ့်ကမ္ဘာလေးနဲ့ကိုယ် နေရတာ အရမ်းပင်သက်တောင့်သက်သာ ရှိလှသည်။
.....
ယဲ့ယွင်က ဘာမှမလိုပေမဲ့ တချို့လူတွေကတော့ လိုအပ်နေကြသည်။
ဖေးဟုန်နန်းဆောင်တွင် စုဝမ်ရုန်သည်နန်းတွင်းရေးရာဌာနက လာပို့သောလစဉ်သုံးငွေနဲ့ အထည်စများကို ကြည့်ပြီး ဒေါသထွက်လွန်းလို့ မျက်နှာနီရဲနေသည်။
"ငါက အဆင့် (၆) ဝမ်ရုန်ရာထူး ရထားတာနော်။ နင်တို့က ငါ့ကို ဒီလို လာစော်ကားရဲတယ်ပေါ့"
"အို... စုဝမ်ရုန်ရယ်။ သည်းခံပါဦး။ ကျွန်တော်မျိုးတို့လည်း အခက်အခဲ ရှိလို့ပါ။ အပြင်မှာ အခြေအနေတွေ ရှုပ်ထွေးနေတာ သခင်မလည်း သိသားပဲ။ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတောင် သစ်သီးလတ်လတ်ဆတ်ဆတ်စားဖို့ ခက်ခဲနေတဲ့အချိန်မှာ သခင်မအတွက် ဒီလောက်ရတာတောင် ကံကောင်းလှပါပြီ။ တချို့ဆို ဘာမှတောင် မရကြဘူး" ပစ္စည်းလာပို့တဲ့ မိန်းမစိုးအိုကြီးက မျက်နှာငယ်လေးနဲ့ ပြောတယ်။
ပိုင်ချောင်က ဒေါသထွက်ပြီး အထည်လေးလိပ်ကို လှန်လှောကြည့်ကာ လက်ညှိုးထိုးပြီးပြောလိုက်သည်။
"အခု ၆ လပိုင်း ရောက်နေပြီ။ ဒီလောက်ထူတဲ့ အထည်တွေကို လာပို့ပေးတာ ငါတို့သခင်မကို အပူလောင်သေစေချင်လို့လား။ အရောင်တွေကလည်း ရင့်ထော်နေလိုက်တာ။ နန်းတွင်းထဲမှာ အထည်ကောင်း တစ်လိပ်မှ မရှိတော့ဘူးလား"
မိန်းမစိုးအိုကြီးက ပြုံးလိုက်သည်။
"ပစ္စည်းကောင်းတွေက ရှားပါးတယ်လေ။ အထက်က သခင်မတွေကို ဦးစားပေးရမှာပေါ့။ ဝမ်ရုန်က နန်းတော်မဝင်ခင်တုန်းက မြို့စားမင်းသမီးဆိုတော့ ပါလာတဲ့ပစ္စည်းတွေ အများကြီးရှိမှာပါ။ ကျွန်တော်မျိုးတို့ ပို့ပေးတာကို သဘောမကျတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ အခုချိန်မှာ ဒါပဲရှိတော့တာပါ"
စုဝမ်ရုန် မျက်လုံးပြူးသွားသည်။
"ငါပါလာတဲ့ ပစ္စည်းက ငါ့ဟာလေ။ ဒါက ငါရသင့်တဲ့ ဝေစုထဲကဟာကိုး။ နင်တို့က ဖြတ်တောက်ထားပြီးတော့ ဆင်ခြေပေးရဲသေးတယ်ပေါ့"
မြက်ခင်းပြင်သူပီပီ စိတ်မြန်လက်မြန်ရှိတဲ့ စုဝမ်ရုန်က စားပွဲပေါ်က လက်ဖက်ရည်
ခွက်ကို ကောက်ယူပြီး ပစ်ပေါက်လိုက်
သည်။
ထိုခွက်ကမိန်းမစိုးအိုကြီးရဲ့ခေါင်းကိုထိသွားပြီး သွေးများတစက်စက်ကျလာတော့သည်။
မိန်းမစိုးအိုကြီးကလည်း အရာရှိတစ်
ယောက်ဖြစ်ရာ အခုလိုမခန့်လေးစားအပစ်ခံရသောကြောင့် ဒေါသထွက်သွားကာ ဘေးကအစေခံငယ်လေးများ တွဲပေးထားသော်လည်း လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"စုဝမ်ရုန်က နန်းတွင်းပစ္စည်းတွေကို သဘောမကျမှတော့ ကျွန်တော်မျိုး ပြန်ယူသွားလိုက်ပါ့မယ်။ ကိုယ့်ဘာသာကိုယ်ပဲ အဆင်ပြေအောင် နေလိုက်ပါတော့"
ပြောပြီးတာနှင့်ပါလာတဲ့လူတွေက စားပွဲပေါ်က အထည်တွေနဲ့ ငွေတွေကို ပြန်သိမ်းပြီး ထွက်သွားကြလေသည်။
ညစာစားချိန်တွင် ပိုင်ချောင်က စားဖိုဆောင်ကနေ ငိုပြီး ပြန်ရောက်လာသည်။
ထမင်းဘူးကို ဖွင့်ကြည့်လိုက်တော့ ဝမ်ရုန်အဆင့်အတိုင်း ရသင့်တဲ့ အသားဟင်း ၂ ပွဲ၊ အရွက်ဟင်း ၃ ပွဲ၊ ဟင်းရည် ၁ ပွဲ မဟုတ်ဘဲ အရွက်ဟင်း ၂ ပွဲနဲ့ အသားဟင်း ၁ ပွဲပဲ ပါလာတယ်။
အရွက်ဟင်းတွေက ဂေါ်ဖီထုပ်ကြော်နဲ့ သခွားသီးသုပ်၊ အသားဟင်းကတော့ အရသာမရှိတဲ့ ကြက်သားပြုတ် ဖြစ်နေသည်။
"ငါ သိုးသား စားချင်တယ်လို့ ပြောထားတယ်လေ" စုဝမ်ရုန် မျက်မှောင်ကြုတ်လိုက်သည်။
ပိုင်ချောင် နှုတ်ခမ်းမဲ့လိုက်ကာ "စားဖိုဆောင်က ပြောတယ်... သိုးသားက ဈေးကြီးတယ်တဲ့။ လူတိုင်း စားလို့ရတာ မဟုတ်ဘူးတဲ့။ အခု ပစ္စည်းတွေ ပြတ်လပ်နေလို့ ဒီလောက်ပဲ ရမယ်တဲ့"
စုဝမ်ရုန်သည် မစားချင်ပေ။ သူမက မြက်ခင်းပြင်တွင် ကြီးပြင်းလာခဲ့ရာ အရသာလေးလံတဲ့ အမဲသား၊ သိုးသားကင်တွေကိုပဲ ကြိုက်သူဖြစ်သည်။ အခု ဒီလိုပေါ့ရွှတ်ရွှတ်ဟင်းတွေနဲ့ ဘယ်လိုလုပ်စားဝင်မှာလဲ။
ဒါပေမဲ့ ဗိုက်ကဆာနေပြီလေ။ နေ့လယ်ကလည်း အရသာမတွေ့လို့ သိပ်မစားခဲ့ရဘူး။
ထိုသို့စဉ်းစားပြီးနောက် တူကိုကိုင်ကာ ကြက်သားတစ်တုံးကို ယူပြီး ကိုက်လိုက်
သော်လည်းမြေနံ့ကြီး ရလိုက်လို့ ချက်ချင်း ပြန်ထွေးထုတ်လိုက်ရသည်။
အရသာအရည်က အပြင်မှာပဲရှိပြီး အထဲမှာ ဆားအရသာတောင် မရှိဘူး။
စုဝမ်ရုန် တူကို ချလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ဒါက သူမ စိတ်ကူးထားတဲ့ ဘဝနဲ့ မိုးနဲ့မြေလို ကွာခြားနေလေသည်။
"စုဝမ်ရုန် ထမင်းစားပြီးပြီလား။ ကျွန်တော်မျိုးမက ဝေ့ရွယ်ဆောင်က ချီဝမ်ပါ။ ကျွန်တော်မျိုးမတို့ သခင်မက ဟင်းပွဲ ၂ ပွဲ လာပို့ခိုင်းလိုက်လို့ပါ"
ပိုင်ချောင် ကြောင်သွားလေသည်။ ထို့နောက် စုဝမ်ရုန်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အမြန်ထွက်လာကြသည်။
"ကျွန်တော်မျိုးမ စုဝမ်ရုန်ကို ဂါရဝပြုပါတယ်။ ကျွန်တော်မျိုးမတို့ သခင်မရဲ့ စေတနာလေးပါ လက်ခံပေးပါဦး"
ချီဝမ်က ပြုံးပြုံးလေး အရိုအသေပြုပြီး နောက်က အစေခံမလေးဆီက ထမင်းချိုင့်ကိုယူကာ ဖွင့်ပြလိုက်သည်။ အထဲမှာ သိုးနံရိုးကြော်တစ်ပွဲနဲ့ အမဲသားနှပ်တစ်ပွဲ ပါဝင်သည်။
စုဝမ်ရုန် မျက်လုံးတွေ အရောင်လက်သွားကာ "သခင်မရဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မ ညစာစားပြီးပြီမို့လို့ မစားနိုင်တော့ဘူး ထင်တယ်"
အစားအသောက်လေး နည်းနည်းရတာနဲ့ ကျေးဇူးတင်မနေချင်ဘူး။
ပြီးတော့ စူးဒီယာရဲ့ စိတ်ထဲမှာ ရှက်စရာကောင်းတယ်လို့ ခံစားနေရသည်။ သူများတွေက သူမကို သနားလို့ ပေးကမ်းတာမျိုး ခံရတာ ဘယ်အချိန်တုန်းကလဲ။
သူမက မယားငယ်သမီးဖြစ်ပေမဲ့ မိခင် ဟန်ရှီက မျက်နှာသာရတဲ့ ကိုယ်လုပ်တော် ဖြစ်တာမို့ ဒီလိုအရာတွေ ဘယ်တုန်းကမှ မပြတ်လပ်ခဲ့ဖူးဘူး။
ချီဝမ် မျက်လွှာချလိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည်။
"ဝမ်ရုန် အခု မစားနိုင်သေးရင်လည်း အရင် ယူထားလိုက်ပါဦး။ ကျွန်တော်မျိုးမတို့ သခင်မက မြက်ခင်းပြင်မှာ ရှိတုန်းက သံယောဇဉ်တွေကို သတိရနေတာပါ။ ဝမ်ရုန် နန်းတွင်းထဲ ဝင်လာနိုင်တဲ့အကြောင်းအရင်းကို တခြားလူတွေ မသိပေမဲ့ ကျွန်တော်မျိုးမတို့ သခင်မကတော့ သိနေပါတယ်"
ဒီစကားကြားတာနဲ့ စုဝမ်ရုန် တောင့်တင်းသွားကာ ပိုင်ချောင်ဆိုရင် မျက်နှာဖြူဖျော့သွားသည်။
"နင်... နင်တို့..." စုဝမ်ရုန် အသံတွေ တုန်ပြီး စကားမထွက်တော့ပေ။
ချီဝမ်က ပြုံးနေတုန်းပါပဲ။
"ကျွန်တော်မျိုးမတို့ သခင်မက သဘောကောင်းပါတယ်။ လူတစ်ယောက်ရဲ့ ဆန္ဒမပြည့်ဝတာကို မကြည့်ရက်ပါဘူး။ အခု ရင်းနှီးမှုရှိနေပြီဆိုတော့ ဝမ်ရုန် ဒီဟင်းပွဲတွေကို လက်ခံလိုက်ပါတော့လား"
"နင်တို့ ငါ အရှင်မင်းကြီးဆီ သွားတိုင်မှာ မကြောက်ဘူးလား" စူးဒီယာ အသံမြှင့်လိုက်သည်။
မကြောက်သလို လုပ်နေပေမဲ့ တုန်ရီနေတဲ့ အသံနဲ့ ဆုပ်ကိုင်ထားတဲ့ လက်ကိုင်ပဝါက သူမကို သစ္စာဖောက်နေသည်။
"ဝမ်ရုန်က အရှင်မင်းကြီးကို ဘာသွားပြောမှာလဲ။ ကျွန်တော်မျိုးမက ဘာမှမပြောရသေးပါဘူး။ ဒါမှမဟုတ် ဝမ်ရုန် နန်းတွင်းဝင်တာ တကယ်ပဲ မသန့်ရှင်းတဲ့ နည်းလမ်းတွေ သုံးခဲ့တာများလား။” ချီဝမ်က အေးအေးဆေးဆေးပဲ ပြောတယ်။
စူးဒီယာသည် ကြောက်လည်းကြောက်၊ ဒေါသလည်းထွက်နေသည်။ ချီဝမ်၏ပြုံးနေတဲ့ မျက်နှာကို ကြည့်ပြီး ဆွဲစုတ်ပစ်ချင်နေသည်။
ဒါပေမဲ့ မလုပ်ရဲပေ။ အဖေ ဆုံးသွားပြီ။ အစ်ကိုက နေရာဆက်ခံလိုက်ပြီဖြစ်သည့်အတွက် သူမကို သေစေချင်ပြီး တခြားလူကို နန်းတွင်းသွင်းချင်နေရန်ကြံစည်နေခဲ့သည်။
အချိန်အတော်ကြာမှ စုဝမ်ရုန် လျှော့ပေးလိုက်ကာ ခေါင်းငုံ့ပြီး အရိုအသေပြု၍ ပြောလိုက်သည်။
"သခင်မရဲ့ စေတနာကို လက်ခံပါ့မယ်"
"ဒါမှပေါ့။ ဝမ်ရုန် စိတ်ချပါ။ သစ္စာရှိသရွေ့ သခင်မက ဝမ်ရုန်ကို မျက်နှာငယ်စေမှာ မဟုတ်ပါဘူး"
ချီဝမ်က ပြန်လည်အရိုအသေပြုပြီး ထမင်းချိုင့်ကို ပိုင်ချောင်လက်ထဲ ထည့်ပေးကာ ပြန်ထွက်သွားတော့သည်။
သခင်နဲ့ ကျွန်နှစ်ယောက် အခန်းထဲပြန်
ရောက်ပြီး ထမင်းချိုင့်ကို ဖွင့်ကြည့်
လိုက်သည်။ အပေါ်ထပ်တွင် ဟင်းပွဲများရှိပြီး အောက်ထပ်တွင်ငွေထည့်ထားတဲ့ အိတ်ကလေး ၅ အိတ်ကို တွေ့လိုက်ရသည်။ အရေအတွက်အရငွေစ ၅၀ လောက် ရှိလိမ့်မည်ဖြစ်သည်။
ဒါက သူမရဲ့ လစဉ်သုံးငွေ၏ ၂ ဆလောက် ရှိသည်။
စူးဒီယာ အရှက်ရနေပေမဲ့ လက်မခံလို့ မဖြစ်ဘူး။ သူမ အသက်ဆက်ချင်သေးတယ်လေ။
***