← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 8 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 8 Ch. 115-116

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-115

အခန်း ၁၁၅ ။ ရောဂါကူးစက်ခြင်း

ကပ်ရောဂါသည် နန်းတော်တွင်းသို့ လျင်မြန်စွာ ကူးစက်လာမည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။

ဆုတောင်းပွဲ ရပ်တန့်ပြီး နှစ်ရက်အကြာတွင် နန်းတွင်းအစေခံတစ်ချို့ ဖျားနာလေသည်။ ထိုနေ့ ညနေတွင်ပင် ဝမ်သယ့်ဖေး၏နန်းဆောင်မှ အလုပ်ကြမ်းလုပ်သော အစေခံမလေးတစ်ယောက် ကပ်ရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထိုသတင်းကြောင့် နန်းတော်တစ်ခုလုံး ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

တော်ဝင်ဆေးရုံမှ နေရာအနှံ့သို့ ပိုးသတ်ဆေးနှင့် ဆေးဖက်ဝင်အပင်များ ဖြန့်ဝေပေးခဲ့သည်။ နန်းတော်တစ်ခုလုံးတွင် ဆေးပင်များ မီးရှို့သံများ၊ အနံ့များဖြင့် ပြည့်နှက်နေသည်။

ဖျားနာနေသော နန်းတွင်းသူ နန်းတွင်းသားများကို သီးသန့်နေရာများသို့ ရွှေ့ပြောင်းကာ သီးခြားခွဲထားလိုက်သည်။

ဝမ်သယ့်ဖေးသည် အစိုးရိမ်ဆုံးဖြစ်နေသည်။ အလုပ်ကြမ်းသမားများသည် အနီးကပ်မပြုစုရသော်လည်း ခြံဝင်းအတွင်း သွားလာလှုပ်ရှားနေကြသဖြင့် အခြားသူများကို ကူးစက်နိုင်ပြီး ထိုမှတစ်ဆင့် ကလေးဆီသို့ ရောက်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သားတော်လေးသည် မွေးကတည်းက အားနည်းပြီး သမားတော် ခဏခဏ ခေါ်နေရသူဖြစ်သည့်အတွက် ကပ်ရောဂါဒဏ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

မူလက ကလေးကို ဘေးဆောင်တွင် ထားရှိသော်လည်း ယခုအခါ အဓိကနန်းဆောင်သို့ ရွှေ့ပြောင်းထားပြီး ဝမ်သယ့်ဖေးကိုယ်တိုင် စောင့်ရှောက်နေသည်။ နို့ထိန်းကိုလည်း နားဆောင်တွင် အိပ်စေပြီး အပြင်ထွက်ခွင့် ပိတ်ပင်ထားသည်။ လိုအပ်မှသာ ခေါ်ယူသည်။

အနီးကပ်ပြုစုသော အစေခံများမှလွဲ၍ အခြားသူများကို အဓိကနန်းဆောင်သို့ ဝင်ခွင့်မပြုပေ။

ခက်ခဲစွာ မွေးဖွားထားရသော ကလေးဖြစ်ပြီး ခုနစ်လ၊ ရှစ်လသားအရွယ်အထိ ပြုစုပျိုးထောင်လာခဲ့ရရာ အမှားအယွင်းမခံနိုင်ပေ။

ဤအချိန်တွင် ဧကရာဇ်မှလွဲ၍ မည်သူမျှ ဝမ်သယ့်ဖေးထံ ပစ္စည်းလာပို့ရဲခြင်း မရှိပေ။ ကလေး တစ်ခုခုဖြစ်သွားလျှင် ကိုယ်နှင့်ပတ်သက်နေမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

နင်ချန်သည်လည်း သားတော်ကြီးဖြစ်သဖြင့် ကိုယ်တိုင်လာရောက်ကြည့်ရှုသည်။

သို့သော် ကြည့်ပြီးနောက် စိတ်မကောင်း ဖြစ်မိသည်။

ခုနစ်လသား အရွယ်တွင် ထိုင်နိုင်၊ ရှစ်လသား အရွယ်တွင် တွားသွားနိုင်သည်ဟု ဆိုကြသော်လည်း သားတော်ကြီးမှာမူ ခန္ဓာကိုယ်ကိုပင် မထိန်းနိုင်ဘဲ ပွေ့ချီထားမှသာရသည်။ ဘေးသို့ လှည့်ရန်ပင် အားမရှိရှာပေ။

ထို့နောက် ဝမ်ရှို့ယွမ်နှင့် သမီးတော် ဒုတိယမင်းသမီးလေးကို သွားကြည့်ရာ တစ်လသားအရွယ် ကလေးမလေးသည် သန်မာထွားကျိုင်းပြီး မျက်လုံးလေးများ တောက်ပနေသည်။

နှစ်ယောက်ကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ နင်ချန်၏စိတ်ထဲတွင် ဘက်လိုက်မှု ဖြစ်ပေါ်လာသည်။

ကျန်းမာသော ကလေးကို မည်သူက မချစ်ဘဲ နေမည်နည်း။

သို့သော် ဝမ်သယ့်ဖေးသည် အချစ်ခံရသူဖြစ်သဖြင့် နင်ချန်သည် သားတော်ကြီးကို ပိုမိုဂရုစိုက်ဟန်ပြသရသည်။

နောက်ထပ်အရေးကြီးသူမှာ ကိုယ်ဝန်ဆောင်နေသော ယန်ပေါင်လင်ဖြစ်သည်။ သို့သော် သူမကို မိဖုရားခေါင်ကြီးက စောင့်ရှောက်ပေးနေသဖြင့် စိတ်ချရသည်။

ယွီရှို့ဆောင်တွင် ယဲ့ယွင်သည် တော်ဝင်ဆေးရုံမှ အအေးမိကာကွယ်ဆေးများ တောင်းယူထားသည်။

နေ့စဉ်ဆေးရည်ကျိုပြီး ယွီရှို့ဆောင်ရှိ အစေခံအားလုံးကို တစ်နေ့တစ်ခွက်သောက်စေသည်။

နန်းတော်တွင်းတွင်ပင် ဤမျှဖြစ်နေလျှင် နန်းတော်ပြင်ပအခြေအနေမှာ ပိုမိုဆိုးရွားနေပြီဖြစ်သည်။

ရောဂါကူးစက်ခံရသူများကို ထိန်းချုပ်ထားသော်လည်း လူနာအရေအတွက်မှာ တိုးပွားလာနေပြီး ကုသရန် နည်းလမ်း မရှိသေးပေ။

ဤကာလအတွင်း တော်ဝင်ဆေးရုံသည် ညတိုင်း မီးလင်းနေပြီး သမားတော်များသည် ရှေးဟောင်းဆေးကျမ်းများကို ရှာဖွေကာ ဆေးနည်းများ ဖော်စပ်ရန် ကြိုးစားနေကြသည်။

......

ရက်အနည်းငယ် စောင့်ကြည့်ပြီးနောက် ဝေ့ရွယ်ဆောင်မှ ယောင်ရှန်း၏အစေခံမလေး ကျီကျူးသည် ရှန်ဖိန်ကျစ်ကို သွားရောက် ရှာဖွေပြန်သည်။

"ကျွန်တော်မျိုး သေချာ မြင်လိုက်ရပါတယ်။ ဒီနေ့ ဆေးသွားယူတုန်းက ကျီကျူးက သမားတော်ရှန်ကို လူရှင်းတဲ့နေရာခေါ်သွားပြီး ပိုက်ဆံအိတ်ပေးလိုက်တာ တွေ့လိုက်ရတယ်"

ပိုင်ရှု ပြန်ရောက်လာသည်နှင့် အသေးစိတ် ပြန်လည် တင်ပြသည်။

"ထူးဆန်းသားပဲ။ ကျီကျူးက သမားတော်ရှန်ကို ကြိုက်နေတာတော့ မဟုတ်ပါဘူးနော်" ယဲ့ယွင်က စားပွဲကို ခေါက်ရင်း စဉ်းစားနေသည်။

နန်ကျစ်က ခြေဆောင့်လိုက်သည်။

"ကျယ်ယွီက နောက်နေသေးတယ်။ သမားတော်ရှန်က ရုပ်ချောပေမယ့် မိန်းမနဲ့ကလေး ရှိပြီးသားလေ။ ကျီကျူးက သူ့ကို ကြိုက်စရာ အကြောင်းမရှိဘူး။ မကောင်းတာ ကြံစည်နေတာ သေချာတယ်"

ယဲ့ယွင်က ပျင်းရိစွာ ထိုင်လိုက်ပြီး မျက်လုံးထောင့်လေးပင့်ကာ ပြောလိုက်သည်။

"ငါက စနေတာပါ။ စိုးရိမ်မနေပါနဲ့"

လက်ဖက်ရည် တစ်ငုံသောက်ပြီးမှ

ဆက်ပြောသည်။

"ငါတို့ဆီမှာ ဆေးပင်တွေ ကုန်နေပြီ ထင်တယ်။ ဟွေယွဲ့... နေ့လယ်ကျရင် တော်ဝင်ဆေးကုသဆောင်ကိုသွားပြီး ဆေးပင်တွေ တောင်းလာခဲ့။ ပြီးတော့ သမားတော်ရှန် ပြောစရာ ရှိမရှိ မေးခဲ့ဦး"

နေ့လယ်စာ စားပြီးနောက် ဟွေယွဲ့ ထွက်သွားခဲ့သည်။

နာရီဝက်ခန့်အကြာတွင် ပြန်ရောက်လာပြီး အမူအရာမကောင်းပေ။

ရှန်ဖိန်ကျစ် ပြောပြသမျှကို ပြန်ပြောပြရာ ယဲ့ယွင်လည်း အံ့ဩသွားသည်။

ကျီကျူး ပြောပုံအရ ရှန်ဖိန်ကျစ်က ကပ်ရောဂါ ကုသဆေးနည်းကို ရှာတွေ့နိုင်မည်ဟု ယုံကြည်နေပြီး ထိုကုသိုလ်စွမ်းဆောင်မှု၏တဝက်ကို ဖန်းရှိုးရီ (ယောင်ရှန်း) အား ပေးစေချင်ပုံရသည်။

ဆေးနည်းတိုင်းတွင် အဓိကကျသော ဆေးပင်အချို့ ပါဝင်စမြဲဖြစ်သည်။ အကယ်၍ ထိုဆေးပင်များကို ဖန်းရှိုးရီက ရှာဖွေတွေ့ရှိသည်ဟုဆိုလျှင် စွမ်းဆောင်မှုရမည်ဖြစ်သည်။

သို့သော် ဖန်းရှိုးရီသည် ဘာကြောင့် မထင်ရှားသော သမားတော်ငယ်လေး ရှန်ဖိန်ကျစ်ကို ရွေးချယ်ရတာလဲ။

အကြောင်းပြချက်အရဆိုလျှင် ဝါရင့် သမားတော်ကြီးများကို ရှာဖွေသင့်သည် မဟုတ်လား။

"သမားတော်ရှန်က မျိုးရိုးစဉ်ဆက် ဆေးကုလာတာဆိုတော့ ဖန်းရှိုးရီက ဒါကို အကြောင်းပြုပြီး လောင်းကြေးထပ်တာ ဖြစ်နိုင်မလား" နန်ကျစ်က မျက်မှောင်ကြုတ်ကာ မေးသည်။

ယဲ့ယွင် မျက်လုံးများ မှေးစင်းသွားသည်။ "အကြောင်းပြချက် ရှာရမယ်ဆိုရင်တော့ ဒီလိုပဲ တွေးရမှာပေါ့"

သူမ စိတ်ထဲတွင် အခြားအတွေးတစ်ခုလည်း ရှိနေသည်။

သို့သော် ဤကဲ့သို့ ဖြစ်နိုင်ခြေ နည်းပါးသောကိစ္စမျိုးသည် သူမ တစ်ယောက်တည်း ကြုံတွေ့ရခြင်းဖြစ်နိုင်ပြီး နောက်ထပ် လူတစ်ယောက်ရှိလိမ့်မည် မဟုတ်ဟု ယူဆသည်။

"ဆက်ပြီး စောင့်ကြည့်နေလိုက်" ယဲ့ယွင် လက်ကာပြလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ဤကဲ့သို့ ထူးဆန်းသော ကိစ္စများကို ထုတ်ပြောလိုက်လျှင် လူတွေ လန့်သွားနိုင်သည်။ ရင်ထဲမှာပဲ သိမ်းထားခြင်းသည်ပိုကောင်းပေသည်။ ခန့်မှန်းချက်တွေ ဘယ်လောက်များများ၊ လက်တွေ့ သက်သေပြမှ ယုံရမယ်။

....

နောက်တစ်နေ့ နံနက်တွင် ယဲ့ယွင် နိုးလာသည်နှင့် သတင်းထူးတစ်ခု ကြားလိုက်ရသည်။

"စွန်းရှိုးရီ ကပ်ရောဂါ ကူးစက်ခံရတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ဖျားနေတာကို မပြောရဲဘဲ ဖုံးထားတာ။ အခု အခြေအနေဆိုးလာမှ ဖုံးလို့မရတော့လို့ မိဖုရားခေါင်ကြီးကို တိုင်ကြားလိုက်တာ။ အခု ဟန်လုဆောင်ကို ပိတ်ထားလိုက်ပြီ"

နန်ကျစ်က သူမကိုနှိုးရင်း သတင်းပေးသည်။

"ဟန်လုဆောင်မှာ အစေခံတွေ ဖျားတယ်လို့ မကြားမိပါဘူး။ သူက ဘယ်လိုလုပ် အရင်ကူးစက်ခံရတာလဲ" ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။

ဟွေယွဲ့က ဆံပင်ဖြီးပေးရင်း ဝင်ပြောသည်။ "အခုထိ ဘယ်လိုဖြစ်လဲဆိုတာ မသိရသေးဘူး။ သူ မဖျားခင်က နန်းတော်တွင်း ပစ္စည်းတွေ အပြန်အလှန် ပို့ဆောင်နေကြတာဆိုတော့ ဘယ်ကနေ ကူးစက်လဲ မသိနိုင်ဘူးလေ။ သခင်မတွေက ကိုယ်ခံအားနည်းတော့ ကူးစက်လွယ်တာ နေမှာပါ"

"သူ့ကံက မကောင်းလိုက်တာ" ယဲ့ယွင် ခေါင်းခါလိုက်သည်။

အရင်ဆုံး ကလေးမရနိုင်တော့ဘူး၊ ပြီးတော့ အရှင်မင်းကြီးက အပြစ်ရှာပြီး ဘွဲ့နာမည် ရုပ်သိမ်းလိုက်တယ်၊ အခု ကပ်ရောဂါပါ ကူးစက်ခံရပြန်ပြီ။

တစ်ချိန်တုန်းက ဝမ်သယ့်ဖေးပြီးရင် အချစ်ခံရဆုံး၊ ကလေးမရှိဘဲ ကျိုဖင်အဆင့် ရောက်ခဲ့သူဆိုတာ ဘယ်သူယုံနိုင်မှာလဲ။

....

စွန်းရှိုးရီမှာ အဖျားတက်ပြီး သတိမကောင်းတော့ပေ။ ကုတင်ပေါ်တွင် မှိန်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံး လေးလံနေသည်။

ဒီကပ်ရောဂါသည် ဖျားရုံတင်မကဘူး၊ ခန္ဓာကိုယ်ပေါ်မှာ အဖုအပိမ့်တွေပါ ထွက်လာခြင်းဖြစ်သည်။

အဖုတွေက မကြီးသော်လည်း စိပ်စိပ်လေးတွေ ထွက်လာကာ ယားယံခြင်းမရှိဘဲ ထိလိုက်တာနှင့် နာကျင်မှုဒဏ်ကိုခံရပေသည်။ ပြည်တည်လာလျှင် ပေါက်ထွက်ပြီး အရည်ထွက်တတ်တယ်။ ပျောက်ကင်းသွားရင်လည်း အမာရွတ်ကျန်တတ်တယ်။

နန်းတွင်းသူတွေအတွက် ရုပ်ရည်က အရေးကြီးဆုံးဖြစ်သော်လည်း နောက်ကျသွားခဲ့ပြီ။ စွန်းရှိုးရီ မျက်နှာပေါ်တွင် အချိန်မှီ ဆေးများလိမ်းထားသော်လည်းနဖူးမှာစတင်၍အနီစက်များထွက်လာခဲ့သည်။

အခုချိန်တွင် သူမ၏ကိုယ်ရေးအစေခံ နှစ်ယောက်သာ သူမအား မငြီးမငြူပြုစုပေးနေသူဖြစ်သည်။ ကျန်သည့်လူများကသူမအား ကပ်ဘေးကဲ့သို့ ဝေးဝေးရှောင်ကုန်ကြတော့သည်။

စွန်းရှိုးရီ၍ မျက်နှာသာပေးခံရမှူပျောက်ဆုံးခြင်းသည် တဖြည်းဖြည်း သိသာ​လာခဲ့သည်။ နန်းတွင်းသူနန်းတွင်းသားများက အောက်ကျနောက်ကျ နိုင်သူများဖြစ်သော်လည်း အခုချိန်တွင် ရောဂါကူးစက်ခံရမည်ဆိုးသဖြင့် ဟန်လုဆောင်က အစေခံများက တခြားနေရာသို့ပြောင်းဖို့ ကြံစည်နေခဲ့ကြသည်။

တစ်ချိန်က ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရှိုးရီမယ်မယ် ဘဝက တကယ်ကို သနားစရာ ကောင်းလှသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-116

အခန်း ၁၁၆ ။ လုပ်ကြံခံရခြင်း

နန်းတော်ထဲ၌ အခြေအနေများ ရှုပ်ထွေးလာသည်နှင့်အမျှ တချို့လူများက ဤအခွင့်အရေးကို အသုံးချပြီး လှုပ်ရှားရန် ကြံစည်လာကြသည်။

ညနေစောင်းတွင် ချီနင်နန်းဆောင်မှ အစေခံတစ်ယောက် ရောက်လာပြီး မယ်တော်ကြီးက မင်ကျယ်ယွီကို စကားပြောရန် ဖိတ်ခေါ်ကြောင်းပြောကြားလေသည်။

"သခင်မယဲ့နဲ့ ချူအိမ်တော်က သခင်ကြီးတို့က ကပ်ရောဂါကာကွယ်ရေးအတွက် အများကြီး ကူညီပေးခဲ့ကြတယ်။ အရှင်မင်းကြီးက တိုင်းရေးပြည်ရေးနဲ့ အလုပ်ရှုပ်နေတော့ နန်းတွင်းအနောက်ဆောင်ကို ဂရုမစိုက်နိုင်ရှာဘူး။ ဒါကြောင့် မယ်တော်ကြီးက ကျယ်ယွီကိုဖိတ်ခေါ်ပြီး စကားပြောချင်တာပါ။ ဆုလာဘ်တွေလည်း ပေးစရာရှိတယ်တဲ့"

သတင်းလာပို့တဲ့ နန်းတွင်းသူလေးက ခေါင်းငုံ့ထားပေမဲ့ လေသံကတော့ ရိုသေပြီး ပျော်ရွှင်နေတဲ့ပုံပါပဲ။

"မယ်တော်ကြီးရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါတွေက အမေနဲ့ ဦးလေး လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပါ။ ကျွန်မအတွက် ဆုလာဘ်တွေ မလိုအပ်ပါဘူး။ အခုလည်း မိုးချုပ်နေပြီဆိုတော့ မနက်ဖြန်မှ မယ်တော်ကြီးဆီသွားပြီး ကျေးဇူးတင်စကား ပြောလိုက်ပါ့မယ်"

ယဲ့ယွင်က ပြုံးလိုက်သည်။ သွားချင်စိတ် လုံးဝကိုမရှိပါဘူးနော်။

ဒီလောက် မိုးချုပ်နေမှ လာခေါ်တည်းက တစ်ခုခုပုံမှန်မဟုတ်သလို ခံစားနေရသည်။

နန်းတွင်းသူလေးက ဦးညွှတ်လိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို အခက်တွေ့အောင်မလုပ်ပါနဲ့။ မယ်တော်ကြီးက ချီနင်နန်းဆောင်မှာ စောင့်နေပါတယ်"

ယဲ့ယွင်သည်ရှောင်လွှဲလို့မရမှန်း သဘောပေါက်လိုက်သည်။ မယ်တော်ကြီး ဘာလုပ်ချင်လဲဆိုတာ မခန့်မှန်းနိုင်ပေမဲ့ ဒီအခြေအနေထိ ရောက်နေမှတော့ အငယ်အနေဖြင့်မသွားလို့ မဖြစ်တော့ပေ။

"ကောင်းပြီ... အဝတ်အစားလဲဖို့ ခဏစောင့်။ နန်ကျစ်... ငါနဲ့ လိုက်ခဲ့။ ပိုင်ရှုလည်း လိုက်ခဲ့" ယဲ့ယွင် လက်ကာပြလိုက်သည်။

တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် ပိုင်ရှုက မိန်းမစိုးဖြစ်တော့ ပြေးပြီး သတင်းပို့ဖို့ ပိုမြန်မယ်။ ဟွေယွဲ့ကတော့ ယွီရှို့အဆောင်မှာ ကျန်ခဲ့ပြီး အိမ်စောင့်ပေါ့။

.....

မကြာခင်မှာပဲ ဝေါယာဉ်ပြင်ဆင်ပြီးသွားခဲ့သည်။

နွေရာသီမို့ မိုးချုပ်တာ နောက်ကျသောကြောင့် အခုချိန်မှာ မှောင်စပြုနေပြီဖြစ်သော်လည်းမီးအိမ်များ မထွန်းသေးပေ။

သတင်းလာပို့တဲ့ နန်းတွင်းသူလေးက အရင်ပြန်သွားပြီဖြစ်တာကြောင့် လမ်းမတွင်သခင်နှင့်ကျွန်သုံးယောက်သာရှိတော့သည်။

"ကျယ်ယွီ... ကျွန်မ စိတ်ထဲမှာ သိပ်မသန့်ဘူး။ မယ်တော်ကြီးက ကောင်းကောင်းမွန်မွန်နဲ့ ဘာလို့ စကားပြောချင်ရတာလဲ။ ပြီးခဲ့တဲ့အကြိမ်တုန်းကလေးတင်….” ဆူပူကြိမ်းမောင်းခဲ့သေးတယ်လေ။

နန်ကျစ်က စကားဆုံးအောင်မပြောလိုက်သော်လည်းမျက်နှာအမူအရာ ကောင်းမနေခဲ့ပေ။

ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်သည်။ "သီးသန့်ခေါ်တာဆိုတော့ နှိပ်စက်ဖို့ မဖြစ်နိုင်ပါဘူး။ ယဲ့မိသားစု အခု မျက်နှာသာရနေတာမို့လို့ စည်းရုံးချင်တာဖြစ်မှာပါ"

အစတုန်းက ချန်ဝမ်ရုန်ကလည်း သူမကို စည်းရုံးဖို့ ကြိုးစားခဲ့ဖူးပေသည်။ ငြင်းပယ်ခံလိုက်ရလို့သာ ထပ်မလာတော့ခြင်းဖြစ်သည်။

"ပိုင်ရှု... မင်းက အထဲထိ မလိုက်ခဲ့နဲ့။ အပြင်မှာပဲ စောင့်နေ။ ထူးခြားတဲ့အသံကြားရင် ချက်ချင်း အရှင်မင်းကြီးဆီ သွားတိုင်" ယဲ့ယွင် မှာကြားလိုက်သည်။

"စိတ်ချပါ ကျယ်ယွီ။ ကျွန်တော်မျိုး နားလည်ပါတယ်"

သခင်မက သူ့ကို ယုံကြည်လို့ ခေါ်လာတာလေ။ သာမန်မိန်းမစိုးဘဝကနေ ယွီရှို့အဆောင်ရဲ့ ခေါင်းဆောင်မိန်းမစိုးဖြစ်လာတာ မလွယ်ကူခဲ့ဘူး။ သစ္စာရှိရှိ အမှုထမ်းရမယ်။ ယွီရှို့သည် သခင်နဲ့ ကျွန်ဆိုတာ အေးအတူ ပူအမျှဟု မှတ်ယူထားသူဖြစ်သည်။

သူတို့တွေ ဆက်မပြောကြတော့ဘဲ တော်ဝင်ဥယျာဉ်အပြင်ဘက်က ကျောက်ဆောင်အတုနား ရောက်တော့ မည်းနက်နေတဲ့ အရိပ်တစ်ခု ကျောက်ဆောင်နောက်ကွယ် ဝင်သွားသည်ကို မထင်မရှားတွေ့လိုက်ရသည်။

သို့သော် ညအမှောင်ကြောင့် ဘယ်သူမှ သေချာမမြင်လိုက်ပေ။ ဝေါယာဉ်ထမ်းတဲ့သူတွေက ဆက်သွားနေခဲ့သည်။

"မိန်းမယုတ်... အသက်ပေးလိုက်တော့"

နန်းတွင်းသူဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က ဆံထိုးကို ကိုင်ပြီး သူတို့ဆီ အရှိန်အဟုန်အပြည့်ဖြင့်ပြေးဝင်လာခဲ့သည်။ ထို့နောက်ဝေါယာဉ်ထမ်းတဲ့ မိန်းမစိုးရဲ့ပခုံးကို ထိုးလိုက်ပြီး နောက်တစ်

ယောက်ကို ကျွမ်းကျင်စွာဝင်တိုက်လိုက်သည်။

ချက်ချင်းပင် အတိုက်ခံရသောလူနှစ်

ယောက်သည်ယိုင်လဲသွားပြီး ဝေါယာဉ်ပေါ်က ယဲ့ယွင်လည်း ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားကာ မြေကြီးပေါ် ဘုန်းခနဲ ကျသွားတော့သည်။

ဘယ်ဘက်ပခုံးက အောင့်တက်လာပြီး ခေါင်းနဲ့ မြေကြီး အရှိန်ဖြင့်ဆောင့်မိကာမူးဝေသွားခဲ့သည်။

"မိန်းမယုတ်... ငါ နင့်ကို သတ်မယ်"

ထိုနန်းတွင်းသူက ရူးသွပ်နေသူကဲ့သို့သွေးစွန်းနေသောဆံထိုးကို ဆွဲထုတ်ပြီး ယဲ့ယွင်ဆီ ခုန်အုပ်လိုက်သည်။

"ကျယ်ယွီ သတိထား" နန်ကျစ်ကလည်း လဲကျသွားပေမဲ့ အသက်ကို ပဓာနမထားဘဲ ခုန်ဝင်ပြီး ထိုမိန်းမ၏ခြေထောက်ကို ဖက်ထားလိုက်သည်။

အမျိုးသမီးက ယိုင်သွားပြီး ယဲ့ယွင်နှင့်လွဲချော်သွားခဲ့သည်။ ဆံထိုးက ယဲ့ယွင်ရဲ့ ခေါင်းနားလေးမှာ စိုက်ဝင်သွားကာ မျက်နှာကို ထိခါနီးလေးပင်။

"ဖယ်စမ်း... ဖယ်စမ်း... ဒီနေ့ ငါ ဒီမိန်းမယုတ်ကို သတ်မှဖြစ်မယ်။ နင် ငါ့ကို ဒီလိုဖြစ်အောင် လုပ်ရက်တယ်"

"အား..."

နန်ကျစ် အော်ဟစ်လိုက်မိသည်။ အဲ့ဒီမိန်းမက ဆံထိုးနဲ့ နန်ကျစ်ရဲ့ ကျောကုန်းကို ထိုးစိုက်လိုက်ပြီး ပြန်ဆွဲထုတ်လိုက်ကာ ယဲ့ယွင်အား သတ်ရန်ကြိုးစားနေခဲ့သည်။

"ကျယ်ယွီ မြန်မြန်ပြေး... မြန်မြန်" နန်

ကျစ်က နာကျင်နေသော်လည်း မိမိသခင််မထွက်ပြေးနိုင်ရနိလက်ကို မလွှတ်ခဲ့ပေ။

ပိုင်ရှုက ဝေါယာဉ်ဘေးမှာ ရှိနေ၍ခြေထောက်တစ်ဖက် အပိခံထားရကာ အခုမှ ရုန်းထွက်နိုင်ပြီး လက်ထဲက မြင်းမြီးယပ်နဲ့ ထိုမိန်းမ၏မျက်နှာကို ရိုက်ချလိုက်သည်။

မျက်နှာကို အရှိန်ဖြင့်တရစပ်အရိုက်ခံလိုက်ရသည်အတွက် ထိုမိန်းမလည်းယိုင်ကာနောက်ဆုတ်သွားခဲဲ့သည်။

ကျန်တဲ့ ဝေါယာဉ်ထမ်းနှစ်ယောက်လည်း သတိဝင်လာပြီး ပိုင်ရှုနဲ့အတူ သုံးယောက်ပေါင်းပြီး ထိုလူရမ်းကားမိန်းမကို ဖိထားလိုက်ကြသည်။

"ကျယ်ယွီ... ကျယ်ယွီ အဆင်ပြေရဲ့လား။ မကြောက်ပါနဲ့။ မကြောက်ပါနဲ့တော့။ နူးဘီတို့ဖမ်းမိထားပါပြီ" နန်ကျစ်က နာကျင်မှုကို အံကြိတ်ပြီး ယဲ့ယွင်ကို တွဲထူပေးသည်။

ယဲ့ယွင် ခေါင်းထိထား၍သွေးမထွက်သော်လည်း ခေါင်းထဲတွင် ကြိမ်းစက်ကာအူနေသည်။ လက်မောင်းကလည်း နာလွန်းလို့ မမြှောက်နိုင်တော့ပင်။ တစ်ကိုယ်လုံး လှုပ်ရဲပင်အလွန်ခက်ခဲနေခဲ့သည်။

ဆူညံသံများကြောင့် အနီးနားက အစေခံများရောက်လာကြသည်။ မကြာခင်မှာပဲ လုပ်ကြံသည့်နန်းတွင်းသူကို ကြိုးတုပ်လိုက်ကြသည်။

"ကျယ်ယွီ... ခွင့်လွှတ်ပါ"

ယဲ့ယွင်သည်မတ်တတ်မရပ်နိုင်တော့၍ ပိုင်ရှုကသာ ပွေ့ချီလိုက်ရတော့သည်။

မိန်းမစိုးဖြစ်ပေမဲ့ ခွန်အားတော့ ရှိပါသေးတယ်။ မိမိကိုယ်တိုင်ခြေထောက်နာနေသော်လည်းအားတင်းပြီး လျှောက်လိုက်သည်။

......

ယွီရှို့အဆောင်ပြန်ရောက်ချိန်တွင် ဟွေယွဲ့က သူတို့ပုံစံကို မြင်ပြီး လန့်သွားလေသည်။ သမားတော်ကို အမြန်ခေါ်ခိုင်းပြီး ကျိုချန်နန်းဆောင်နဲ့ ဖုန်းရှီးနန်းဆောင်ကိုပါ သတင်းပို့လိုက်သည်။

လုပ်ကြံသည့်နန်းတွင်းသူကိုတော့ ပါးစပ်ပိတ်ပြီး ဝရန်တာမှာ ကြိုးတုပ်ထားလိုက်သည်။

နန်းတော်ထဲမှအရှင်သခင်မတစ်ပါး လုပ်ကြံခံရတာ ကိစ္စသေးသေးလေးမဟုတ်ပေ။ ခဏချင်းမှာပဲ နန်းတွင်းတစ်ခုလုံး ပွက်လောရိုက်သွားပြီး ယွီရှို့အဆောင်ကို ရောက်လာကြတော့သည်။

နင်ချန်နဲ့ မိဖုရားခေါင်ကြီး ရောက်လာတဲ့အချိန်မှာ ယွီရှို့အဆောင်မှာ လူများပြည့်နေပြီဖြစ်သည်။

အိပ်ဆောင်မဝင်ရသေးတဲ့ စုဝမ်ရုန်၊ ပထမမင်းသားလေးကို စောင့်ရှောက်နေတဲ့ ဝမ်သယ့်ဖေးနဲ့ ကိုယ်ဝန်ဆောင်ထားတဲ့ ယန်

ပေါင်လင်ကလွဲရင် ကျန်တဲ့လူများအကုန်ရောက်နေကြသည်။

"ဘာဖြစ်တာလဲ။ ဒီလိုအချိန်မျိုးမှာ ဘယ်သူက နန်းတော်ထဲမှာ လုပ်ကြံရဲတာလဲ" နင်ချန် သည်အလွန်ဒေါသထွက်နေခဲ့သည်။

အပြင်မှာ ရှုပ်ထွေးနေရုံသာမက နန်းတွင်းထဲမှာပါ ရှုပ်ထွေးနေခဲ့သည်။

အနောက်ဆောင်တွင် ယဲ့ယွင်က မျက်နှာသာပေးခံနေရသူဖြစ်သည်၊ ယဲ့ယွင်နဲ့ ချူမိသားစုက တိုင်းပြည်အတွက် အလုပ်လုပ်ပေးနေချိန်တွင် ယဲ့ယွင်လုပ်ကြံခံရသည့်ကိစ္စကို တိုင်းသူပြည်သားများသိသွားပါက သူ့ကိုဘယ်လိုထင်ကြမလဲ။

"အရှင်မင်းကြီး စိတ်လျော့ပါ။ သမားတော် ရောက်နေပါပြီ။ မင်ကျယ်ယွီရဲ့ အခြေအနေကို အရင်မေးကြည့်ရအောင်" မိဖုရားခေါင်ကြီးက ဝင်ပြောလိုက်သည်။

ထိုအချိန်တွင် ရှန်ဖိန်ကျစ်ရောက်လာခဲ့သည်။

"အရှင်မင်းကြီး... ကျယ်ယွီရဲ့ ဘယ်ဘက်ပခုံးက ပြင်းပြင်းထန်ထန် ထိခိုက်ထားပါတယ်။ အရိုးအက်တာတော့ မဟုတ်ပါဘူး။ အဆစ်လွဲသွားတာပါ။ ကျွန်တော်မျိုး ပြန်တည့်ပေးထားပါပြီ။ ဒီရက်ပိုင်း အနားယူလိုက်ရင် သက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့ ကျယ်ယွီက ခေါင်းကိုလည်း ထိခိုက်ထားပါသေးတယ်။ အဲ့ဒါကတော်တော်လေး ပြင်းထန်ပေမဲ့လည်း စိုးရိမ်စရာရှိနိုင်သလို မရှိနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သေချာ ဂရုစိုက်ကုသစောင့်ကြည့်ရပါမယ်။ ကျန်တာတော့ စိုးရိမ်စရာ မရှိပါဘူး"

စိုးရိမ်စရာ မရှိဘူးဆိုတဲ့ စကားကြားမှသာနင်ချန် စိတ်သက်သာရာ ရသွားခဲ့သည်။

ဒီမိန်းကလေး လုပ်ကြံခံရတယ်ဆိုတဲ့ သတင်းကြားတုန်းက သူ့နှလုံးခုန်သံများရပ်တန့်သွားသလို ခံစားခဲ့ရခြင်းဖြစ်သည်။

ဤသည်မှာ သူတစ်ခါမှမတွေ့ကြုံဖူးသောခံစားချက်မျိုးပင်၊

"ကောင်းပြီ... နောက်နောင် မင်းကိုယ်တိုင် မင်ကျယ်ယွီကို ပြုစုပေး။ နေ့တိုင်း လာစစ်ဆေး။ သမားတော်ချုပ်ကျန်းကိုလည်း ပြောလိုက် (၃) ရက်တစ်ကြိမ် ယွီရှို့အဆောင်ကိုလာပြီး မင်းနဲ့အတူ ကုသပေးဖို့"

ရှန်ဖိန်ကျစ်က ငယ်သေးလို့ စိတ်မချနိုင်တာကြောင့် သမားတော်အကြီးကဲကိုပါ ထည့်သွင်းတာဝန်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အခန်းထဲရှိကိုယ်လုပ်တော်များကစိတ်ထဲတွင်မနာလိုဖြစ်သွားကြသည်။

အရှင်မင်းကြီးက ယဲ့ယွင်ကို တကယ်ပဲ ချစ်မြတ်နိုးတာပဲ။ သမားတော်ချုပ်ကျန်းဆိုတာ အရှင်မင်းကြီး၊ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ကိုပဲ ကုသပေးတဲ့သူလေ။ အခု ယဲ့ယွင်အတွက်ပါ တာဝန်ပေးခံလိုက်ရပြီ။

"လုပ်ကြံတဲ့သူကို ခေါ်လာခဲ့။ ကျန်းကိုယ်တိုင် စစ်ဆေးမေးမြန်းမယ်"

နင်ချန်က ဘယ်သူတွေ ဘာကြံစည်နေလဲ ဂရုမစိုက်ပေ။ ထိုသူများနှင့်ကစားပေးရန်သူ့မှာ အချိန်မရှိပင်။ ယခုချိန်တွင် သူ ဘယ်လောက်ဒေါသထွက်နေလဲဆိုတာကိုယ်တိုင်အသိဆုံးဖြစ်ပေသည်။

***

All Chapters