← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 8 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 8 Ch. 117-118

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-117

အခန်း ၁၁၇ ။ ပြင်းထန်သောဒေါသ

"အရှင်မင်းကြီး... အရှင်မင်းကြီး မေ့နေပြီလား။ ကျွန်တော်မျိုးမကို 'လိ' ဘွဲ့နာမည် ပေးခဲ့တုန်းက လှပကျက်သရေရှိတယ်လို့ ချီးကျူးခဲ့တာလေ။ အခု ကျွန်တော်မျိုးမရုပ်ကို ကြည့်ပါဦး။ လှသေးရဲ့လား"

ထိုမိန်းမသည် ပြောရင်း အံကြိတ်ကာ မေးငေါ့လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် အထက်မှလူများကို စိုက်ကြည့်နေသည်။

"အရှင်မင်းကြီး... သူက... သူက ကျင်းရှီနဲ့တူတယ်" ရှူးဖေးသည် ကြောက်လန့်တကြား အသံတုန်ရီလျက် ပြောလိုက်သည်။

'လီ' ဘွဲ့နာမည်ကို ရခဲ့သူမှာ ယခင်က လီမိန်ရန်ဟု ခေါ်သော ကျင်းရှီဖြစ်သည်။

တော်ဝင်မျိုးဆက်ကို လုပ်ကြံရန် ကြိုးစားမှုကြောင့် သာမန်အရပ်သူအဖြစ် အဆင့်လျှော့ချခံခဲ့ရသူ ဖြစ်သည်။

"ကျင်းရှီကို အကျယ်ချုပ်ချထားပြီး စောင့်ကြည့်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် အပြင်ထွက်ပြီး လူတွေကို ဒဏ်ရာရအောင် လုပ်နိုင်တာလဲ" ကျင်းဖေးက သံသယဖြင့် မေးလိုက်သည်။

ထိုစကားကြောင့် လူတိုင်း၏အကြည့်များသည် ဟိုဟိုဒီဒီ ရောက်သွားကြသည်။

ယခုအချိန်တွင် ယဲ့ယွင်သည် အချစ်ခံရသူဖြစ်သဖြင့် မနာလိုသူ များပြားလှသည်။ မိဖုရားခေါင်ကြီး၊ ယိမိန်ရန်၊ ဝမ်သယ့်ဖေး အားလုံးသည် သံသယဝင်စရာ ကောင်းသူများဖြစ်ကြသည်။

ပြင်ပအကူအညီမပါဘဲ ကျင်းရှီ ထွက်ပြေးပြီး လူကို ဒဏ်ရာရအောင် လုပ်နိုင်သည်ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။

ဖန်းရှိုးရီ (ယောင်ရှန်း) သည်အများပြစ်မှတ်ထဲတွင် မပါဝင်ရသောအကြောင်းအရင်းမှာ သူမသည် ရာထူးတိုးသွားသော်လည်း အချစ်ခံရမှု သိပ်မရှိသောကြောင့်ဖြစ်သည်။

ဝမ်သယ့်ဖေးသည် သားတော်ကြီးကို ပြုစုစောင့်ရှောက်နေရသဖြင့် အချိန်မပေးနိုင်

ပေ။ ထို့ကြောင့်မိဖုရားခေါင်ကြီးနှင့်ယိမိန်

ရန်သာ အများသံသယဝင်ရန်ဖြစ်လာတော့သည်။

နန်းတွင်း၌ အခြားသော ကိုယ်လုပ်တော်များရှိသော်လည်း အချစ်ခံရသူများကသာ အများပစ်မှတ်ဖြစ်လာကြသည်။

နင်ချန် မျက်လုံးများ မှေးစင်းသွားသည်။

"ယွမ်ကျို... ကျင်းရှီကို စောင့်ကြည့်တဲ့သူတွေ အကုန်လုံး ဖမ်းခေါ်လာခဲ့"

"ဟုတ်ကဲ့... ကျွန်တော်မျိုးကိုယ်တိုင် သွားပါ့မယ်" ယွမ်ကျို ပြန်ဖြေလိုက်သည်။

ကြားထဲမှာတစ်ယောက်ယောက် လက်ချက်နဲ့ လွတ်သွားမှာ စိုးရိမ်သည့်အတွက်ကိုယ်တိုင်သွားရန်သာဆုံးဖြတ်လိုက်ရသည်။

"အရှင်မင်းကြီး... ဒီချန်းချဲ့..."

"မိဖုရားခေါင်ကြီး ဘာမှမပြောပါနဲ့။ ကျန်း မင်းကို ယုံပါတယ်" နင်ချန် ဖြတ်ပြောလိုက်သည်။

ယဲ့ယွင်က ဘယ်လောက် အချစ်ခံရရ၊ အချစ်ခံရဆုံး မဟုတ်သလို ရာထူးကလည်း ကျယ်ယွီပဲ ရှိသေးတယ်။ မိဖုရားခေါင်ကြီး၏နေရာကို ခြိမ်းမခြောက်နိုင်ပေ။

တကယ်လို့ မိဖုရားခေါင်ကြီးက ဝမ်သယ့်ဖေးကိုလုပ်ကြံရင် ဖြစ်နိုင်ခြေရှိပေမယ့် ယဲ့ယွင်ကို အသေလုပ်ကြံခြင်းသည် တစ်ဖက်မှကြည့်လျှင်စွန့်စားရမတန်ပေ။

ယိမိန်ရန်က ဘေးမှာရပ်နေပြီး လက်ကိုပဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည်။ ယခုအချိန်တွင် မကျေနပ်မှုများအပြင် ဝမ်းသာမှုများပါ ရောထွေးနေသည်။

သူမ လက်မဦးလိုက်လို့ တော်သေးတာပေါ့။ မဟုတ်ရင် အခု အရှင်မင်းကြီး စစ်ဆေးနေတဲ့အချိန်မှာ သူမ လုပ်ထားတာတွေပေါ်သွားရင် ဖုံးကွယ်လို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ယဲ့ယွင်က ဒီလောက်ဖြစ်တာတောင် မသေဘူးဆိုတော့ တကယ်ကို အသက်ပြင်းတာပဲ လုံးဝကို မကျေနပ်ဘူး။

မိဖုရားခေါင်ကြီးကတော့ဧကရာဇ်၏နှုတ်ထွက်စကားကြောင့်အတော်လေး စိတ်သက်သာရာရသွားခဲ့သည်။

တော်သေးတာပေါ့ အရှင်မင်းကြီးက သူမ လုပ်တယ်လို့ ထင်သွားမှာ စိုးရိမ်နေခဲ့တာ။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ဘာလို့ မသေလဲ သိလား။ တစ်ယောက်ယောက်က ကျွန်တော်မျိုးမကို တိတ်တဆိတ် ကူညီပေးနေလို့လေ။ အရင်တုန်းက ကျွန်မ ဖျားပြီး သေလုနီးပါးဖြစ်ခဲ့ပေမယ့် ဆေးလာပို့ပေးတဲ့သူ ရှိတယ်။ အဲ့တာရဲ့နောက်ကွယ်ကအဓိပ္ပာယ်ကို အရှင်မင်းကြီးနားလည်မှာပါ။ ဒီနေ့ ကျွန်တော်မျိုးမ အပြင်ထွက်နိုင်တာလည်း အကူအညီရလို့ပဲ။ အရှင်မင်းကြီးရဲ့အနောက်ဆောင်က တော်တော်ကိုညစ်ပတ်နေပြီ။ ဟားဟားဟား... ကျွန်တော်မျိုးမ မရှိတော့ရင်တောင် တခြားလူတွေက ဆက်ပြီး ကြံစည်နေကြဦးမှာပဲ"

ကျင်းရှီ ရူးသွပ်နေလေပြီ။ သူမ၏ သေလူတစ်ယောက်ကဲ့သို့ကံကြမ္မာကို လက်ခံပြီးသားဖြစ်သည်။ သူမကို ကူညီပေးတဲ့သူတွေကလည်း သူမကိုအသုံးချချင်လို့ဆိုတာလည်း အစောကတည်းကပင် နားလည်ထားသည်။ ဒါပေမဲ့ သူမက ယဲ့ယွင်ကို မုန်းတီးလွန်းလို့ လက်စားချေဖို့ ဘာမဆို လုပ်ရဲပေသည်။

သူမ အသက်မရှင်နိုင်မှတော့ ဘယ်သူမှ စိတ်ချမ်းသာဖို့ မစဉ်းစားနဲ့။ ဒီညစ်ပတ်တဲ့ ရွှံ့နွံထဲကို ရှိသမျှလူတွေ အကုန်ဆွဲခေါ်သွားမယ်။ ဘယ်သူမှ မလွတ်မြောက်စေရဘူး။

နင်ချန်သည် သူမပုံစံကိုကြည့်ပြီး နောက်ကွယ်က ကြိုးကိုင်သူ၏သရုပ်မှန်ကို တကယ်မသိဘူးဆိုတာ ရိပ်မိလိုက်သည်။သူမ၏ နမိတ်မရှိသောစကားများကို ဆက်မနားထောင်ချင်တော့သည့်အတွက် ကုန်းကုန်းများကို ပါးစပ်ပိတ်ခိုင်းလိုက်သည်။

ထိုအချိန်မှာပင်ပိုင်ရှုက ခြေထောက်ဒဏ်ရာနဲ့ဝင်လာပြီး မြေကြီးပေါ် ဒူးထောက်လိုက်သည်။

"အရှင်မင်းကြီး... ဒီနေ့ ကျယ်ယွီက ညဘက်ကြီး အပြင်ထွက်ရတာက မယ်တော်ကြီးရဲ့ အစေခံမလေးတစ်ယောက် ရောက်လာပြီး မယ်တော်ကြီးက ချီနင်နန်းဆောင်မှာ စကားပြောချင်လို့ ဖိတ်ခေါ်တယ်လို့ ပြောလို့ပါ။ ကျယ်ယွီက ငြင်းလို့မရလို့ လိုက်သွားတာပါ။ ဒါပေမဲ့ မယ်တော်ကြီးရဲ့ နာမည်ကို သုံးပြီး ဒီလောက်ယုတ်မာတဲ့ကိစ္စကို လုပ်ရဲတယ်။ ကျယ်ယွီရဲ့အသက်ကို လိုချင်ရုံတင်မကဘူး၊ မယ်တော်ကြီးရဲ့ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးချင်နေတာ။ အရှင်မင်းကြီးနဲ့ မယ်တော်ကြီးရဲ့ သားအမိဆက်ဆံရေးကို သွေးခွဲချင်နေတာပါ"

"ဘာပြောလိုက်တာလဲ။ အဲဒီလူက မယ်တော်ကြီးရဲ့လူလို့ ပြောတာလား" နင်

ချန်၏မျက်နှာထား ပိုမိုမဲမှောင်သွားသည်။

"ကျွန်တော်မျိုး လျှောက်တင်တာ တစ်ခုမှ မလိမ်ပါဘူး" ပိုင်ရှု ခေါင်းညိတ်လိုက်သည်။

သူ ဒီလိုပြောရတာက မယ်တော်ကြီးကို မသံသယဝင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အစေခံလေ။ မယ်တော်ကြီးက ကိုယ်လုပ်တော်ကို လုပ်ကြံတယ်လို့ ဘယ်လိုလုပ် တဲ့တိုး ပြောရဲမှာလဲ။

ဒါကြောင့် သူက တစ်ယောက်ယောက်က ယဲ့ယွင်ကို လုပ်ကြံတဲ့အပြစ်ကို မယ်တော်ကြီးခေါင်းပေါ် ပုံချချင်နေတယ်လို့ ပြောလိုက်တာက ဖြစ်ရပ်မှန်ကိုလည်းလျှောက်တင်နိုင်သလို သူ့အတွက်လည်းအပြစ်ကင်းလွတ်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ။ အရှင်မင်းကြီး ဘယ်လိုတွေးမလဲဆိုတာတော့ မသိနိုင်ဘူး။

ဒီကိစ္စက နောက်ကွယ်ကကြိုးကိုင်သူ ဘယ်သူလဲဆိုတာ အတည်မပြုနိုင်သေးပေမဲ့ မယ်တော်ကြီးသာ ပါဝင်ပတ်သက်နေရင် ယောင်ထိုက်ကွေ့ဖေးလည်း အန္တရာယ်မကင်းလောက်ဘူး။

မူလက ကိုယ်လုပ်တော်တွေချင်း တိုက်ခိုက်တာလို့ထင်ခဲ့ပေမယ့် ယခုချိန်

မယ်တော်ကြီး ပါဝင်လာသဖြင့် လူတိုင်းရှုပ်ထွေးကုန်ကြသည်။

ထိုအချိန်တွင် ယွမ်ကျိုပြန်ရောက်လာကာ နောက်မှာ မူးရူးနေသောမိန်းမစိုးနှစ်

ယောက်ကိုပါ ဆွဲခေါ်လာခဲ့သည်။

ထိုနှစ်ယောက်မှာ ဒီည ကျင်းရှီကို စောင့်

ကြည့်ဖို့ တာဝန်ကျတဲ့သူများပင်ဖြစ်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး ရောက်သွားတော့ ဒီနှစ်ယောက်က မူးပြီး လဲနေပြီ။ အမူးပြေဆေး တိုက်ထားပေမယ့် သောက်ထားတာ များလွန်းလို့ ခဏလေးနဲ့ သတိရလာမှာ မဟုတ်ဘူး" ယွမ်ကျို ပြောလိုက်သည်။

ဖန်းရှိုးရီက နှာခေါင်းပိတ်ပြီး ရွံရှာသလို ကြည့်လိုက်သည်။

"အရှင်မင်းကြီး၊ ဒီလူက မယ်တော်ကြီးရဲ့နာမည်သုံးပြီး မင်ကျယ်ယွီကို အပြင်ထွက်အောင်လုပ်တယ်။ ပြီးတော့ ကျင်းရှီကို စောင့်တဲ့သူတွေကိုလည်း မူးအောင်တိုက်တယ်။ ကျင်းရှီကို စာပို့ပြီး မင်ကျယ်ယွီ လာမယ့်လမ်းမှာ စောင့်ခိုင်းတယ်။ ကျင်းရှီက အပြစ်ပေးခံရတာ ကြာပြီ။ ဒီလူက အခုထိ ကြံစည်နိုင်တယ်ဆိုတော့ သူ့မှာ သတင်းပေးတွေ အများကြီးရှိပြီး နန်းတွင်းကိစ္စတွေကို ကောင်းကောင်းသိနေတာ သေချာတယ်"

ထိုကဲ့သို့တွေးကြည့်လိုက်လျှင်နန်းတွင်းကိစ္စကို များစွာနားလည်ပြီးအသေးစိတ်

စီစဉ်နိုင်သော ထိုသူသည် သေချာပေါက်

ရာထူးအာဏာရှိသောအတန်းစားမှသေချာပေါက်ဖြစ်လိမ့်မည်။ ဤသို့ဖြင့်နန်းတွင်း ရောက်ကာစ ကိုယ်လုပ်တော်များအပေါ် သံသယ ရှင်းသွားခဲ့သည်။

အမှန်အတိုင်းဝန်ခံရလျှင် မယ်တော်ကြီး၏နာမည်သုံးပြီး ယဲ့ယွင်ကို လှည့်စားခေါ်ထုတ်သော ကိစ္စသည် တော်ရုံလူ မလုပ်ရဲကြပေ။ သာမန်လူများတွင် ထိုမျှသတ္တိမရှိပေ။

နင်ချန်သည်လည်း ခေါင်းရှုပ်နေခဲ့သည်။ဒီရက်ပိုင်းအတွင်း ဖြေရှင်းရသောနန်းတွင်းရေးရာများကြောင့် စိတ်ညစ်နေသော်လည်း မိမိနှာခေါင်းအောက်တွင် အခုလိုဖြစ်သွားသည့်အတွက် ပုံမှန်အချိနါများထက်ပို၍ ဒေါသထွက်လုနီးပါး ဖြစ်နေသည်။

မိဖုရားခေါင်ကြီးသည် မိမိခင်ပွန်းဖြစ်သူ၏အရိပ်အကဲကိုနားလည်သူဖြစ်ကာ ဝင်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ဒီနှစ်ယောက်က တစ်ခုခုတော့ သိမှာပါ။ ဒါပေမဲ့ အခုချိန်မှာ သူတို့က မူးနေတော့ စစ်မေးလို့ မရဘူး။ အရင်ဆုံး ဖမ်းချုပ်ထားလိုက်ပြီး မနက်ဖြန် အမူးပြေမှ အသေးစိတ်စစ်ဆေးတာ ကောင်းမယ်ထင်တယ်"

"မိဖုရားခေါင်ကြီး ပြောတဲ့အတိုင်း လုပ်လိုက်။ ယွမ်ကျို၊ ဒီနှစ်ယောက်ကို ဖမ်းချုပ်ထားပြီး လူစောင့်ခိုင်းလိုက်။ နောက်ထပ် သေဆုံးမှုထပ်ဖြစ်ရင် မင်း ဒီတာဝန်ကို ဆက်ယူစရာ မလိုတော့ဘူး" နင်ချန် အေးစက်စက် ပြောလိုက်သည်။

ဒီစကားကြောင့် မိဖုရားခေါင်ကြီး ရင်

ထိတ်သွားသည်။ နင်ချန် ပြောလိုက်သောစကားသည် ယွမ်ကျိုကို ပြောတာတင်မကဘဲ သူမကိုပါ သတိပေးလိုက်ခြင်းဖြစ်သည်။

အရင်တုန်းက သူခိုးတစ်ယောက် သူမလက်ထဲမှာပဲ အကြောင်းပြချက်မရှိ သေသွားဖူးတယ်လေ။

အခန်းထဲက မိန်းမများကိုကြည့်ပြီး နင်ချန် ပိုပြီး စိတ်ရှုပ်လာခဲ့သည်။ အတွင်းခန်းထဲက မိန်းကလေးရဲ့အခြေအနေကိုလည်း မသိရသေးသဖြင့် နင်ချန်သည်ဒီလူတွေနဲ့ ဆက်မနေချင်တော့ပေ။

"မင်းတို့ အကုန် ထွက်သွားကြတော့။ ကိုယ့်အဆောင်မှာကိုယ် ငြိမ်ငြိမ်နေကြ။ ဒီအမှု မပြီးမချင်း စာပေးစာယူ မလုပ်ရဘူး။ သွားလာလှုပ်ရှားခွင့် မရှိဘူး။ အမိန့်မနာခံရင် လုံးဝ ခွင့်မလွှတ်ဘူး"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-118

အခန်း ၁၁၈ ။ ကောင်းရာရွေးချယ်ခြင်း

ကိုယ်လုပ်တော်များကို ပြန်ခိုင်းလိုက်ပြီးနောက် နင်ချန်သည် အပြင်ခန်း၌ တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူ စကားမပြောသဖြင့် မည်သူမျှ အသံမထွက်ရဲကြပေ။

နာရီဝက်ခန့်အကြာတွင် ဟွေယွဲ့သည် အတွင်းခန်းမှ ထွက်လာသည်။

"အရှင်မင်းကြီး၊ ကျယ်ယွီက သတိရလို့ဆေးသောက်ပြီးပါပြီ။ သက်သာသွားလို့ အရှင်မင်းကြီးနဲ့ စကားပြောချင်ပါတယ်တဲ့"

"ကောင်းပြီ။ မင်းတို့ အကုန်ထွက်သွားကြတော့" နင်ချန် လက်ဝှေ့ယမ်းလိုက်ပြီး အတွင်းခန်းသို့ ဝင်သွားသည်။

ဟွေယွဲ့နှင့် ယွမ်ကျိုတို့သည် အချင်းချင်းကြည့်လိုက်ကြပြီး အခန်းထဲရှိ အစေခံများကို ခေါ်ထုတ်သွားကြသည်။

အတွင်းတွင် ယဲ့ယွင်သည် ကုတင်ပေါ်၌ ပက်လက်လှဲနေသည်။ ခေါင်းကိုစစ်ဆေးထားသဖြင့် ဆံပင်များကို မစည်းနှောင်ထားဘဲ အဖြူရောင်ညအိပ်ဝတ်စုံနှင့်ဖြစ်သည်။ မျက်နှာတွင် သွေးရောင်မရှိ၊ မျက်ခုံးများ တွန့်ချိုးထားပြီး ခါးလောက်ရှည်သော ဆံနွယ်များက သူမကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။ တစ်ကိုယ်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျားစခ်တွင် လုပ်ကြံခံရစဉ်က ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း ယခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်ကို နင်ချန်တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤတိတ်ဆိတ်မှုက သူ့စိတ်ကို ဂနာမငြိမ်ဖြစ်စေသည်။

နင်ချန်သည် လည်ချောင်းထဲတစ်ဆို့နေသလို ခံစားရပြီး ဘယ်ကစပြောရမှန်း မသိတော့ပေ။

ရလဒ် မထွက်သေးသော်လည်း ဘာမှထူးခြားလာမည်မဟုတ်ကြောင်း သူ သိနေသည်။ သို့သော် ဤအဖြေကို သူမအားပြောပြရန် ခက်ခဲနေသည်။

ဤရလဒ်ကို နင်ချန်တွေးမိသကဲ့သို့ ယဲ့ယွင်လည်း တွေးမိပါသည်။

စောစောက သူမသည် အတွင်းခန်းတွင်ရှိနေသော်လည်း အပြင်မှအသံများကို အကုန် ကြားနေရသည်။

နောက်ကွယ်မှ ကြိုးကိုင်သူသည် ကျင်းရှီကို ယခုအချိန်ထိ ကာကွယ်ပေးနိုင်ခဲ့ပြီး ကပ်ရောဂါကြောင့် နန်းတွင်းရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူကာ သူမကိုလုပ်ကြံရန် ကြိုးစားခဲ့သည်။ တစ်နှစ်နီးပါး တိတ်ဆိတ်စွာ ပုန်းအောင်းနေနိုင်ခြင်းသည် ထိုသူက ဘယ်လောက်တောင် အကြံကြီးလဲဆိုတာကို ပြသနေသည်။

ဤကဲ့သို့ အကြံကြီးသူသည် အလွယ်တကူ သဲလွန်စထားခဲ့မည် မဟုတ်ပေ။

ထို့ပြင် ဤကိစ္စသည် မယ်တော်ကြီးနှင့် ပတ်သက်နေသည်။ မယ်တော်ကြီး၏နာမည်ကို အသုံးပြုပြီး လုပ်ဆောင်ရဲသည်ဆိုကတည်းက စုံစမ်းလိုက်လျှင် မယ်တော်ကြီးနှင့် မလွတ်ကင်းနိုင်ဖြစ်လာမည်။

ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ဧကရာဇ်နှင့် မယ်တော်ကြီး သားအမိ မသင့်မြတ်ဘူးဆိုသော သတင်း ထွက်ပေါ်လာပါက နန်းတွင်းအရာရှိများနှင့် ပြည်သူများအား ပိုမိုစိုးရိမ်ထိတ်လန့်စေလိမ့်မည်။

နန်းတွင်းရေးရာဆိုသည်မှာ ဧကရာဇ်တစ်ပါးတည်း၏ကိစ္စ မဟုတ်ပေ။ တိုင်းပြည်အေးချမ်းသာယာမှု ရှိမရှိ ဆိုသည်ကို တော်ဝင်မိသားစု၏တည်ငြိမ်မှုဖြင့် တိုင်းတာလေ့ရှိကြသည်။

ဤအချက်များကို စဉ်းစားပြီးနောက် ယဲ့ယွင်သည် အကျိုးအပြစ်များကို ချိန်ဆလိုက်သည်။ စုံစမ်းလို့လည်းမပေါ်နိုင်မှတော့ ဆက်မလိုက်တာက အကောင်းဆုံးရွေးချယ်မှုပင်။ အရှင်မင်းကြီးအပေါ် တွင်လည်းကျေးဇူးတင်စရာတစ်ခု လုပ်

ပေးလိုက်သလိုလည်း ဖြစ်သွားပေမည်။

နန်းတွင်းထဲရောက်လာမှတော့ ကိုယ့်

စိတ်တိုင်းကျလုပ်လို့ မရသည့်အတွက်အကောင်းဆုံးကို ရွေးချယ်ရုံသာ ရှိတော့သည်။

"အရှင်မင်းကြီး ဒီည ပြန်သွားဦးမှာလား"

ကုတင်ပေါ်မှ မိန်းကလေး၏အသံသည် တိုးညှင်းပြီး တုန်ရီနေကာ ဝမ်းနည်းသံ ပါဝင်နေသည်။

နင်ချန် မျက်လွှာချလိုက်ပြီး ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ယဲ့ယွင်၏ဆံပင်များကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်သော်လည်း မထိမိခင် ပြန်ရုပ်သိမ်းလိုက်သည်။

ယဲ့ယွင် မျက်လုံးဖွင့်လိုက်ပြီး သူ့လက်ကို ဖမ်းဆုပ်လိုက်ရာ မျက်ရည်များ စီးကျလာသည်။

"မယ်တော်ကြီးကို တစ်ယောက်ယောက်က လုပ်ကြံတာလို့ ဒီချန်းချဲ့ ယုံကြည်ပါတယ်။ ဒီလူက မယ်တော်ကြီးရဲ့နာမည်ကို သုံးပြီး ဒီချန်းချဲ့ကို လှည့်စားခဲ့တာက အရှင်မင်းကြီးနဲ့ မယ်တော်ကြီးကြား သွေးခွဲချင်လို့ပါ။ အခု ကပ်ရောဂါဖြစ်နေပြီး နန်းတွင်းရော၊ နန်းပြင်ပါ ရှုပ်ထွေးနေချိန်ကိုအခွင့်ကောင်းယူပြီးလုပ်ကတည်းက သူ့ရည်ရွယ်ချက်ကသေချာပေါက် ချန်းချဲ့တို့ကို ဒုက္ခရောက်စေချင်နေတာ။ အရမ်းကြောက်စရာကောင်းပါတယ်။ ဒီချန်းချဲ့ကြောင့်နဲ့ အရှင်မင်းကြီး ရန်သူ့ထောင်ချောက်ထဲ မဝင်မိပါစေနဲ့"

မိန်းမပျိုလေးသည် မျက်လုံးများရဲနေပြီး အသံတုန်ရီလျက် ပြောလိုက်သည်။ စကားဆုံးသောအခါ ခေါင်းကို နင်ချန်၏ပေါင်ပေါ်တင်လိုက်ပြီး လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

နင်ချန် အသက်ရှူ ရပ်တန့်သွားပြီး မျက်ဝန်းထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည်။

အချိန်အတော်ကြာမှ သူမကို ဖြည်းညှင်းစွာ ပွေ့ဖက်လိုက်သည်။ "မင်းက အမြဲတမ်း ဉာဏ်ကောင်းနေတော့တာပဲ။ ဒီတစ်ခေါက် မင်း နစ်နာသွားရပြီ"

ကျန်တာတွေကိုတော့ သူ ဆက်မပြောနိုင်တော့ပေ။

လိမ္မာသော ကလေးသည် လူကို ပိုပြီး သနားစရာဖြစ်စေသည်။ ယဲ့ယွင်၏နောက်ဆုတ်ပေးမှုကြောင့် နင်ချန်၏စိတ်ထဲတွင် ပိုမိုနက်ရှိုင်းသောနေရာကို ရရှိစေခဲ့သည်။

ယခုအချိန်တွင် နင်ချန်၏မျက်လုံးထဲ၌ သူမသည် လှပသော၊ ဉာဏ်ကောင်းသော၊ ပြတ်သားသော၊ ရိုးသားသော၊ စစ်မှန်၍အခြေအနေကို နားလည်ပြီး အလိုက်ကမ်းဆိုး သိတတ်သော အမျိုးသမီးတစ်ဦးဖြစ်လာပေသည်။

နန်းတော်တစ်ခုလုံးတွင် သူမနှင့်ယှဉ်နိုင်သူ မရှိတော့ပေ။

"စိတ်ချပါ... ဒီကိစ္စကို ဘယ်လိုပဲဖြစ်ဖြစ် ကျန်း အဖြေတစ်ခု ပေးပါ့မယ်" နင်ချန်က သူမကျောပြင်ကို ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြောလိုက်သည်။

ယဲ့ယွင် ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။

အဖြေတော့ ပေးရမှာပေါ့။ ဒါပေမဲ့အဲ့တာက အမှန်တရား ဟုတ်မဟုတ် ဆိုတာတော့ ဘယ်သူမှသိနိုင်မှာမဟုတ်ဘူး။

သို့သော် အမှန်တရားကို နင်ချန် စုံစမ်းမည်မှာ သေချာသည်။ မဟုတ်လျှင် ယွမ်ကျိုကို ဖမ်းဆီးစစ်ဆေးခိုင်းမည် မဟုတ်ပေ။

နောက်ဆုံးတွင် အမှန်တရား ပေါ်လာမလား၊ အမှန်တရားကို ဘယ်သူ သိခွင့်ရမလဲဆိုတာကတော့ နင်ချန်ရဲ့သဘောဆန္ဒပါပဲ။

နောက်တစ်နေ့တွင် နင်ချန်သည် ယွီရှို့ဆောင်မှ ထွက်ခွာသွားပြီးနောက် လက်ဆောင်ပစ္စည်း အများအပြား ပေးပို့လိုက်သည်။ မင်ကျယ်ယွီ လန့်သွားသဖြင့် နှစ်သိမ့်သည့်အနေဖြင့် ပေးခြင်းဟု ဆိုသည်။

တစ်ညတာ ကုန်ဆုံးသွားပြီးနောက် ချီနင်နန်းဆောင်မှ မယ်တော်ကြီးလည်း သတင်းကြားသွားခဲ့သည်။ သူမ၏နာမည်ကို အလွဲသုံးစားလုပ်ခံရသဖြင့် ဒေါသထွက်နေသည်။

သို့သော် အရှင်မင်းကြီးက သူမကို သံသယဝင်သွားမည် စိုးရိမ်သဖြင့် မလှုပ်ရှားရဲပေ။

နင်ချန် ညီလာခံသွားတက်ပြီဖြစ်ပြီး ချီနင်နန်းဆောင်သို့ လူလွှတ်မလာသည်ကို တွေ့ရမှ စိတ်သက်သာရာ ရသွားသည်။ ယဲ့ယွင်အတွက် လက်ဆောင်ပစ္စည်းများ အလျင်အမြန် ပေးပို့လိုက်သည်။

ထိုနှစ်ယောက်ပေးပို့ပြီးနောက် မိဖုရားခေါင်ကြီးလည်း မနေသာတော့ဘဲ လက်ဆောင်များ ပေးပို့ရတော့သည်။

ယွီရှို့ဆောင်တွင် ယဲ့ယွင်သည် ဆေးသောက်ပြီး ကုတင်ပေါ်ထိုင်နေသည်။ ဟွေယွဲ့က လက်ဆောင်စာရင်းကို ဖတ်ပြနေသည်ကို နားထောင်ရင်း ပြုံးလိုက်သည်။

"ငါ ဒဏ်ရာရတာ တစ်ခါတည်းနဲ့ ပစ္စည်းတွေ အများကြီး ရလိုက်တာပဲ။ တွက်ကြည့်လိုက်ရင် နန်းတော်ထဲဝင်ပြီးကတည်းက တော်ဝင်မျိုးဆက်ကို လုပ်ကြံတယ်လို့ နှစ်ခါ စွပ်စွဲခံရတယ်။ ကျားစခ်မှာ တစ်ခါ သေလုနီးပါး ဖြစ်ခဲ့တယ်။ အခုလည်းနန်းတော်ထဲမှာ သေလုနီးပါး ထပ်ဖြစ်ပြန်ပြီ။ တကယ်ကို မလွယ်ကူပါလား"

"ကျယ်ယွီ ပင်ပန်းရပါပြီ။ အရှင်မင်းကြီးက ဒီကိစ္စကို အမှန်အတိုင်းဖော်ထုတ်ပြီး ကျယ်ယွီအတွက် တရားမျှတမှု ပေးမှာပါ" ဟွေယွဲ့က ရင်ထဲမကောင်းဖြစ်နေသော်လည်း ဤစကားသာ ပြောနိုင်တော့သည်။

သခင်ကြီးသာရှိနေသေးလျှင် သခင်မလေးကိုဘယ်သူမှဒီလိုဒုက္ခမျိုး ပေးခံရမှာ မဟုတ်ဘူး။

နန်းတော်ထဲဝင်ရတာ ပင်လယ်ထဲ ရောက်သွားသလိုပဲ။ အချစ်ခံရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။

ယဲ့ယွင် မျက်လွှာချလိုက်သည်။ "အမှန်တရားက ဘာလဲဆိုတာ အရှင်မင်းကြီး သိမှာပါ။ ငါ စိတ်ပူစရာ မလိုပါဘူး။ နန်ကျစ်နဲ့ ပိုင်ရှုရဲ့ဒဏ်ရာတွေ ဘယ်လိုနေလဲ။ ထမ်းစင်ထမ်းတဲ့ မိန်းမစိုးတွေကိုလည်း ဂရုစိုက်ပေးလိုက်ဦး"

"စိတ်ချပါ ကျယ်ယွီ။ နန်ကျစ်ရဲ့ဒဏ်ရာက နည်းနည်းနက်ပေမယ့် အသက်အန္တရာယ် မရှိပါဘူး။ အရေးကြီးတဲ့ နေရာတွေကို မထိသွားဘူး။ ဒီရက်ပိုင်း အလုပ်ကြမ်းမလုပ်ရင်ရပါပြီ။ ပိုင်ရှုက ခြေထောက် အရိုက်ခံထားရလို့ ဒူးရောင်နေတယ်။ လမ်းမလျှောက်ဘဲ ရက်နည်းနည်းနားရင် သက်သာသွားမှာပါ။ ထမ်းစင်ထမ်းတဲ့ သူတွေထဲက ရင်ဘတ်ထိုးမိတဲ့ တစ်ယောက်ကတော့ ဆုံးသွားပါပြီ။ ကျန်တဲ့လူတွေ အဆင်ပြေပါတယ်"

ဟွေယွဲ့က အမှန်အတိုင်း တင်ပြသည်။

ပြောရမယ်ဆိုရင် သူမနဲ့ နန်ကျစ်လည်း ဒုက္ခရောက်ခဲ့ကြတာပါပဲ။

"သူတို့ကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ အလုပ်ပြန်ဆင်းဖို့ မလောပါနဲ့။ လစာ ပုံမှန်ပေးထားလိုက်။ ပြီးတော့ တစ်ယောက်ကို ငွေ ၁၀ စစီ ထပ်ပေးလိုက်။ ဆုံးသွားတဲ့သူမှာ ဆွေမျိုးရှိမရှိ မေးကြည့်။ ရှိရင် ငွေစ ၅၀ ပေးလိုက်ပါ။ အလောင်းကို ကောင်းကောင်း မြှုပ်နှံပေးလိုက်" ယဲ့ယွင်က လက်ကာပြလိုက်သည်။

သူမသည် သေခြင်းတရားကို မမြင်ရက်သေးပေ။ သူမအတွက် လူသေဆုံးသွားသည်ကို စိတ်မကောင်း ဖြစ်မိသည်။

....

ဖုန်းရှီးနန်းဆောင်။

မိဖုရားခေါင်ကြီးသည် စာရင်းစာအုပ်တစ်အုပ်ကို ဖတ်ပြီးနောက် တင်းမားမားက လက်ဖက်ရည် လာချပေးသဖြင့် ခဏနားလိုက်သည်။

"မားမား၊ ယဲ့မျိုးနွယ်က နောက်ထပ် ဝမ်သယ့်ဖေးဖြစ်လာမလား။ အရှင်မင်းကြီးက အခု သူ့ကို တော်တော် ဂရုစိုက်နေတယ်။ ဒဏ်ရာရလို့ မပြုစုနိုင်ပဲ နိုင်ငံရေးကိစ္စ ရှုပ်နေတာတောင် မနေ့ညက ယွီရှို့ဆောင်မှာပဲ အိပ်သွားတယ်"

ယဲ့ယွင်သည် မိသားစု နောက်ခံကောင်းသဖြင့် အချစ်ခံရပြီး ရာထူးမြင့်လာမည်ကို မိဖုရားခေါင်ကြီး စိုးရိမ်နေသည်။

တင်းမားမားက "နန်းတော်ထဲက အမျိုးသမီးတွေက ဘယ်တော့မှ ရက် ၁၀၀ ကြာအောင် ပွင့်လန်းလေ့ မရှိပါဘူး။ ပြီးတော့ တောတစ်တောမှာ ကျားနှစ်ကောင် မရှိနိုင်ဘူးလေ။ အရှေ့မှာ ဝမ်သယ့်ဖေး ရှိနေပြီပဲ။ မင်ကျယ်ယွီ အချစ်ခံရရင် ဝမ်သယ့်ဖေးရဲ့အချစ်တွေကို ခွဲဝေယူသွားသလို ဖြစ်နေမှာပေါ့။ ပြီးတော့ အရှင်မင်းကြီးက ငယ်ပါသေးတယ်။ အခု ဖန်းရှိုးရီ၊ ယိမိန်ရန်၊ ချန်ဝမ်ရုန်တို့ ဘယ်သူက လျှော့တွက်လို့ရမှာလဲ။ မယ်မယ် အခု လောစရာ မလိုပါဘူး။ ကလေးမရသေးတဲ့၊ ရာထူးမမြင့်သေးတဲ့ ကိုယ်လုပ်တော်တွေပဲဟာ။ သူတို့ချင်း တိုက်ခိုက်ပါစေဦး။ မယ်မယ်က ငြိမ်ငြိမ်လေး ထိုင်နေရုံပါပဲ"

"မားမား ပြောတာ ဟုတ်တယ်။ ပန်ကုန်း အတွေးလွန်သွားတယ်" မိဖုရားခေါင်ကြီးက မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်လိုက်သည်။

တင်းမားမားက ပြုံးလိုက်ပြီး နောက်ထပ် ကိစ္စတစ်ခု သတိရသွားသည်။ "မယ်မယ်၊ ဟန်လုဆောင်က တစ်ယောက်က ဖျားတာ တော်တော်ဆိုးနေပြီတဲ့။ မခံနိုင်တော့ဘူး ထင်တယ်"

***

All Chapters