အခန်း (၁၁၉-၁၂၀)
Vol. 8 Ch. 119-120
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-119
အခန်း ၁၁၉ ။ ပြီးဆုံးသွားခြင်း
"ဖျားတာ ၃ ရက်၊ ၅ ရက်လောက်ပဲ ရှိသေးတာလေ။ ဘယ်လိုလုပ် မခံနိုင်ဖြစ်ရတာလဲ" မိဖုရားခေါင်ကြီးက အေးစက်စက် ပြောလိုက်သည်။
စွန်းရှိုးရီက အရင်တုန်းက အချစ်ခံခဲ့ရပြီး မိဖုရားခေါင်ကြီးကို များစွာဒုက္ခပေးခဲ့ဖူးသည်။ အခု ဖျားပြီး သေမယ်ဆိုရင်တောင် မိဖုရားခေါင်ကြီးသည် လုံးဝဂရုမစိုက်ချင်ပေ။
"နန်းတော်ထဲက ကိုယ်လုပ်တော်တွေက နဂိုကတည်းက နုနယ်ကြတာပဲ။ အခု အချစ်မခံရတော့ဘူးဆိုတော့ ဘေးနားကလူတွေကလည်း သေချာမပြုစုကြတော့ဘူး။ ဒီလို ပူပြင်းတဲ့နွေရာသီမှာ ရေခဲတောင် မလောက်ဘူး။ ချွေးတွေထွက်ပြီး လှုပ်
တောင်မလှုပ်နိုင်ဘူးကြားတယ် အနာတွေက လည်းပိုဆိုးလာတယ်တဲ့။” တင်းမားမားက ပြောပြသည်။
မိဖုရားခေါင်ကြီးက သရော်လိုက်ကာ
"သူက ရှမျိုးရိုးကို လုပ်ခဲ့တာတွေ ဘယ်သူမှ မသိဘူး ထင်နေတာ။ ကံဆိုးချင်တော့ ရှမျိုးရိုးမွေးခါနီးမှာ ပြဿနာတက်ပြီး ကလေးပျက်ကျသွားတယ်။ အရှင်မင်းကြီးက စစ်ဆေးခိုင်းလိုက်တော့ အကုန်ပေါ်သွားတာပေါ့"
"ဟုတ်တာပေါ့၊ စွန်းမျိုးနွယ်သာ လောဘမကြီးဘဲ အမေကိုသတ်ပြီး ကလေးယူဖို့ မကြံစည်ခဲ့ရင် တစ်ခြားလူလက်ဆော့ဖို့ အခွင့်အရေးရမှာမဟုတ်ဘူး" တင်းမားမားကလည်း သရော်လိုက်သည်။
ရှချိုက်ရန်ကို အဆိပ်ခတ်တဲ့သူ ဘယ်သူလဲဆိုတာ မသိရပေမယ့် ထိုလူက ရှမျိုးရိုးကလေးမွေးရင် အခက်အခဲရှိမယ်ဆိုတာ သိနေသူဖြစ်သည်။ မွေးလာရင် အမေ သို့မဟုတ် ကလေး သေမယ်ဆိုတာ သေချာပေါက်သိနေတယ်။
ကလေးသာ သေသွားရင် အရှင်မင်းကြီး ဒေါသထွက်ပြီး စစ်ဆေးမှာ သေချာတယ်။ အဲဒီကျရင် စွန်းရှိုးရီ လွတ်မှာ မဟုတ်ဘူး။
"သမားတော်တွေက ကပ်ရောဂါ ကုသဆေးနည်း မတွေ့သေးဘူး။ ရောဂါနဲ့ သေသွားရင်လည်း ပန်ကုန်းက ဘာတတ်နိုင်မှာလဲ" မိဖုရားခေါင်ကြီး နှုတ်ခမ်းတွန့်လိုက်သည်။
ဒါက ဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ။ တင်းမားမားက သဘောပေါက်ပြီး အမိန့်ပြန်ပေးဖို့ ထွက်သွားသည်။
.....
သို့သော် ဟန်လုဆောင်ကို စောင့်ကြည့်နေသူမှာ တစ်ယောက်တည်း မဟုတ်ပေ။ ယွင်ချီဆောင်က ရှချိုက်ရန်လည်း စောင့်ကြည့်နေသည်။
"အခု နန်းတော်ထဲမှာ လှုပ်ရှားခွင့်ပိတ်ထားတော့ အောက်ခြေလူတွေက ပျင်းရိနေကြတယ်။ ယီချွန်းနဲ့ တန်ရော့ ဆိုတဲ့ အစေခံမလေးနှစ်ယောက်ပဲ စွန်းရှိုးရီ နားမှာ နေတော့တယ်။ ဒါပေမဲ့ သူတို့က အခန်းထဲက ထွက်လို့မရဘူး။ အရာအားလုံးကို အပြင်က မိန်းမစိုးတွေ လာပို့မှရတာ။ ဒါကြောင့် အခွင့်ကောင်းယူပြီး လျှော့ပေးနေကြတာ"
လျန်ချောင်က ရှမျိုးရိုးကို ပခုံးနှိပ်ပေးရင်း အသေးစိတ် ပြောပြနေသည်။
ဖျားနေတဲ့လူက အိပ်မပျော်၊ စားမဝင်၊ ဆက်ဆံရေးကလည်း ကျဆင်းနေတယ်။ အခု ရောဂါပါ ဖြစ်နေတော့ ဘယ်လိုလုပ် ကောင်းကောင်း နေနိုင်မှာလဲ။
ရှချိုက်ရန်က မေးငေါ့လိုက်ပြီး မျက်လုံးများက မဲမှောင်နေခဲ့သည်။ "ဒီလောက်လွယ်လွယ်နဲ့ သေချင်နေတာလား။ ငါ ခံစားခဲ့ရတာတွေက ဒီလောက်မကဘူး"
"ဒါဆို ဝမ်ရုန်ရဲ့ သဘောက..." လျန်ချောင်က မျက်လုံးမှေးစင်းလိုက်ပြီး စိတ်ထဲမှာ ခန့်မှန်းမိလိုက်သည်။
"ဟွန်း... သူက အရင်တုန်းက အလှအပနဲ့ အကစွမ်းရည်ကို ဂုဏ်ယူခဲ့တာ မဟုတ်လား။ အသက်ရှင်ချင်ရင် ဒီအရာတွေကို စွန့်လွှတ်လိုက်တာ ကောင်းမယ်။ ဟုတ်တယ်မလား" ရှချိုက်ရန်ရဲ့ နှုတ်ခမ်းထောင့်မှာ အေးစက်တဲ့ အပြုံးတစ်ခု ပေါ်လာသည်။ "သတင်းပို့လိုက်။ သေချာပြုစုခိုင်းလိုက်။ နောက်ထပ် ရက်နည်းနည်းလောက် အသက်ရှင်ခိုင်းလိုက်။ တော်ဝင်ဆေးကုသဆောင်က ဆေးတွေကိုလည်း အကုန် တိုက်လိုက်"
လျန်ချောင် ခေါင်းညိတ်ပြီး ကိုယ်တိုင် သွားစီစဉ်လိုက်သည်။
ငွေတချို့ သုံးလိုက်တော့ ဟန်လုဆောင်ရဲ့ အစားအသောက်တွေ ပုံမှန် ပြန်ဖြစ်သွားလေသည်။
ဒါတင်မကဘူး၊ ရသင့်ရထိုက်တဲ့ ပစ္စည်းတွေ၊ သမားတော်ပေးတဲ့ ဆေးတွေလည်း အချိန်မှန် ရောက်လာခဲ့သည်။
စွန်းရှိုးရီက ဖျားပြီး မူးဝေနေတော့ သက်သာတယ်လို့ပဲ ထင်ပြီး ဘာမှမတွေးမိပေ။ တန်ရော့နဲ့ ယီချွန်းကတော့ မင်ကျယ်ယွီ ပြဿနာတက်သွားလို့ မိဖုရားခေါင်ကြီးက နောက်ထပ် လူတစ်ယောက် ထပ်သေမှာ စိုးရိမ်ပြီး ဂရုစိုက်ပေးတယ်လို့သာ ထင်လိုက်ကြသည်။
အခု ကပ်ရောဂါအတွက် ဖော်စပ်ထားသောဆေးနည်းက အတိအကျမဟုတ်သေးပေမယ့် ၆၀၊ ၇၀ ရာခိုင်နှုန်းလောက် ကုသနိုင်နေပြီဖြစ်သည်။ သေချာဂရုစိုက်
ပေးလိုက်နိုင်သည့်အတွက် စွန်းရှိုးရီ၏ရောဂါအခြေအနေ ပိုကောင်းလာခဲ့သည်။
လောလောဆယ် အသက်ဘေးက လွတ်သွားလေပြီ။
ရှချိုက်ရန်က စွန်းမျိုးနွယ်ကို အသက်ရှင်စေချင်တာလေ။ ဒီအတိုင်း သေသွားမှာကို မလိုလားဘူး။ အသက်ရှင်လျက်နဲ့ ဖြည်းဖြည်းချင်း နှိပ်စက်ချင်တာ။
အလကား ဆုံးရှုံးလိုက်ရတဲ့ကလေးအတွက် အရာအားလုံးကို ပြန်ယူရမယ်။
.....
စွန်းမျိုးနွယ် သေတာရှင်တာကို ဘယ်သူမှ ဂရုမစိုက်ကြပေမယ့် ယဲ့ယွင်ရဲ့အသက်ကတော့ တန်ဖိုးရှိလှသည်။
ကျင်းရှီကို စောင့်ကြည့်တဲ့ မိန်းမစိုးနှစ်
ယောက် အမူးပြေလာပြီးနောက်ကျင်းရှီ ထွက်ပြေးပြီး မင်ကျယ်ယွီကို လုပ်ကြံတဲ့အကြောင်း ကြားလိုက်ရတော့ ကြောက်လန့်ပြီး ပျော့ခွေသွားကြကုနိသည်။
ညှဉ်းပန်းနှိပ်စက်စရာ မလိုဘဲ အကုန် ဖွင့်ပြောကြသည်။
အဲဒီညက သူတို့နှစ်ယောက် နေ့ခင်းဘက်စောင့်တဲ့ မားမားနှစ်ယောက်နဲ့ လူချိန်းဖို့ ရောက်လာတုန်း ထောင့်တစ်နေရာမှာ အရက်နှစ်အိုးတွေ့လို့ သောက်လိုက်ကြတယ်။ အရက်မနိုင်တဲ့သူတွေမို့ မူးသွားပြီး နောက်ပိုင်း ဘာဖြစ်လဲဆိုတာ မသိတော့ဘူးတဲ့။
အဲဒီနေ့မှာပဲ ယွီရှို့ဆောင်ကို သတင်းလာပို့တဲ့ အစေခံမလေးကို တွေ့ရှိခဲ့သည်။
သို့သော်လည်း အလောင်းပဲတွေ့ခဲ့ခြင်းဖြစ်ကာ နန်းတော်ထဲက လူပြတ်တဲ့ ရေကန်တစ်ခုထဲမှာ ရှိနေခြင်းပင်။ သေတာကြာပြီမို့ ရေပွနေပြီး ဘယ်သူမှန်းတောင် မသဲကွဲတော့ပေ။ သို့ပေမဲ့ အဝတ်အစားနဲ့ အရပ်အမောင်းကိုကြည့်ကာ လူကိုခွဲခြားနိုင်ခဲ့သည်။
ဒီအခြေအနေထိ ရောက်လာတော့ ဘာမှ ဆက်စစ်ဆေးလို့ မရတော့ပေ။
ယဲ့ယွင်က ထပ်ပြီး ဝင်ပြောလာသည်။ နိုင်ငံရေးနဲ့ အလုပ်ရှုပ်နေတဲ့ အရှင်မင်းကြီးကို ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ စိတ်မညစ်စေချင်ဘူးလို့ ပြောပြီး ဒီကိစ္စကို ဒီအတိုင်း ပြီးလိုက်ဖို့ တောင်းဆိုလိုက်သည်။
ကျင်းရှီနဲ့ သက်ဆိုင်သူတွေကိုတော့ ကွပ်မျက်လိုက်လေသည်။
....
၅ ရက်၊ ၆ ရက် ကြာပြီးနောက် နန်းတော်ပြင်ပက သတင်းကောင်း ရောက်လာသည်။ မြို့တော်ဆင်ခြေဖုံးက ရောဂါကူးစက်ခံရတဲ့ လူငယ် အမျိုးသား၊ အမျိုးသမီးတချို့ သက်သာလာပြီဟူ၍ပင်။
အခုအချိန်ထိ ကပ်ရောဂါ ဖြစ်ပွားတာ တစ်လကျော်ရှိပြီဖြစ်တာကြောင့် လူအများကြီး သေဆုံးခဲ့သည်။
သို့သော် ကံကောင်းသည်မှာရေဘေးကြောင့်ဖြစ်တာမို့ တခြားဒေသများကို မကူးစက်ခဲ့ပေ။ မြို့တော်ဆင်ခြေဖုံးနဲ့ ပျန့်ကျိုး အစပ်နားလောက်မှာပဲ ဖြစ်ပွားကာ အတိုင်းအတာ မကျယ်ပြန့်သလို လူလည်း သိပ်မများပေ။
ထိုသတင်း နန်းတော်ထဲရောက်လာသောအခါယောင်ရှန်းက ရှန်ဖိန်ကျစ်ကို တိတ်တဆိတ် ထပ်ရှာခိုင်းသည်။
ဒါပေမဲ့ ရှန်ဖိန်ကျစ်ကို မတွေ့ရတော့ပေ။
"မယ်မယ် သူ့ကို ဒီလောက်အလေးထားတာတောင် ကျေးဇူးမတင်ဘဲ ကျွန်တော်မျိုးမကိုတောင် တွေ့ခွင့်မပေးဘူး" ချီဝမ် ဒေါသထွက်နေသည်။
ယောင်ရှန်း မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်လက်ပျက် လက်ဝှေ့ယမ်းလိုက်သည်။ "ထားလိုက်တော့။ အခု သူက မင်ကျယ်ယွီရဲ့ ဒဏ်ရာကို တာဝန်ယူနေတာ။ ငါတို့နဲ့ ပူးပေါင်းဖို့ မလိုလားရင် ထပ်မသွားနဲ့တော့။ မဟုတ်ရင် လူတွေသတိထားမိပြီး ပြဿနာတက်လိမ့်မယ်"
သူမ ဒီကိစ္စကိုမေ့နေပြီး နောက်ကျမှလှုပ်ရှားမိတာ အမှားပဲ။ ထပ်ခါထပ်ခါ သွားရှာနေရင် သိသာလွန်းပြီး သံသယဝင်ခံရလိမ့်မယ်။
......
ထိုအချိန်တွင် ရှန်ဖိန်ကျစ်သည် ယွီရှို့ဆောင်တွင် ယဲ့ယွင်ကို ဆေးစစ်ပေးနေသည်။
ဒီနေ့ ဖန်းရှိုးရီက လူလွှတ်ပြီး လာရှာတဲ့အကြောင်း ပြောပြလိုက်သည်။
"ထူးဆန်းသားပဲ။ သမားတော်ရှန်က ကပ်ရောဂါ ဆေးနည်းကို ဖော်စပ်နိုင်မယ်လို့ သူက သေချာနေသလိုပဲ" ဟွေယွဲ့ ရေရွတ်လိုက်သည်။
ရှန်ဖိန်ကျစ် ပြုံးလိုက်သည်။ "ကျယ်ယွီက နောက်နေတာပါ။ ကျွန်တော်တောင် မသေချာတဲ့ကိစ္စကို ဖန်းရှိုးရီက ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ။ ကျွန်တော့်မိသားစုက မျိုးရိုးစဉ်ဆက် ဆေးကုလာတာဆိုတော့ ကျွန်တော် တစ်ခုခုလုပ်နိုင်မယ်လို့ ထင်နေတာနေမှာပါ။ တကယ်တမ်းကျတော့ ကျွန်တော့်အဖေနဲ့ အဘိုးက ဒီရက်ပိုင်း ဆေးနည်းကို သုတေသနလုပ်နေတာ တိုးတက်မှုရှိပါတယ်"
"တကယ်လို့ ဆေးနည်းရှာတွေ့ရင် ပြည်သူတွေအတွက် ကောင်းမှုပြုတာပါပဲ" ယဲ့ယွင် ပြုံးလိုက်ပေမယ့် မျက်လုံးထဲမှာ ထူးခြားတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာသည်။ "ဒီနေ့ အရှင်မင်းကြီးက ညစာ လာစားမယ်လို့ ပြောထားတယ်။ ဟွေယွဲ့... စောစော သွားပြင်ဆင်လိုက်။ သမားတော်ရှန်၊ ကိစ္စမရှိရင် ပြန်လို့ရပါပြီ"
ရှန်ဖိန်ကျစ် အရိုအသေပြုပြီး ပြန်ထွက်သွားခဲ့သည်။
သူထွက်သွားပြီး ဟွေယွဲ့လည်း ထွက်သွားတော့ ယဲ့ယွင် မတ်တတ်ထရပ်ပြီး မထိခိုက်ထားတဲ့ ညာဘက်လက်နဲ့ ရေအေးတစ်ခွက် ငှဲ့သောက်လိုက်သည်။
နည်းနည်း သောက်လိုက်မှ စိတ်ငြိမ်သွားသည်။
စောစောက ဟွေယွဲ့ ပြောလိုက်တဲ့ စကားက ယဲ့ယွင်ရဲ့စိတ်ထဲမှာ လှိုင်းထသွားစေသည်။
သူမက ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်နေပေမယ့် သူမလို နောက်တစ်ယောက် ရှိနေနိုင်မလား။
ဒါပေမဲ့ အခုချိန်မှာ ခန့်မှန်းချက် သက်သက်ပဲဖြစ်သည်။ သက်သေအထောက်အထား မရှိသေးပေ။ အပေါ်ယံကြည့်လျှင် ယောင်မျိုးနွယ် ဘာပြစ်ချက်မှလုပ်ထားတာ မတွေ့ရပေမယ့် သံသယရှိလာရင်တော့ စောင့်ကြည့်တာ အကောင်းဆုံးပါပဲ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-120
အခန်း ၁၂၀ ။ ချင်းချင်း
"ဘာတွေ တွေးနေတာလဲ၊ အခန်းထဲမှာ အစေခံတွေ မတွေ့ပါလား"
အသံသည် ကျောဘက်မှ ထွက်ပေါ်လာ၏။ ယဲ့ယွင်သည်လက်ဖက်ရည်ပန်းကန်လုံးကို ချလိုက်ပြီး လှည့်ကြည့်လိုက်ရာနင်ချန် ဝင်လာသည်ကို မြင်လိုက်ရသည်။
"အရှင်မင်းကြီး ကြွလာပြီကိုး၊ ညစာပြင်ဆင်ဖို့ သူတို့ကိုလွှတ်လိုက်တာပါ၊ အရှင်မင်းကြီး ဒီလောက်စောစော ကြွလာမယ်လို့ မထင်ထားမိဘူး"
ယဲ့ယွင်က ပြုံးလျက် လျှောက်တင်လိုက်သည်။
နင်ချန်က မျက်ခုံးပင့်လိုက်ပြီး၊ "ဘာလဲ၊ ကျန်း စောစောလာတာကို မကြိုက်ဘူးလား"
"ဒီချန်းချဲ့က အဲဒီလို မပြောပါဘူး၊ အရှင်မင်းကြီးဘာသာ ပြောတာပါနော်"
ယဲ့ယွင်က နှာခေါင်းလေးရှုံ့ကာ ပြန်ပြောလိုက်သည်။
သူမ၏ အလျှော့ပေးမှုကြောင့် လုပ်ကြံခံရသည့်ကိစ္စသည် ကြီးကြီးမားမား ဖြစ်မလာခဲ့ပေ။ ထိုအချက်ကြောင့် နင်ချန်သည်စိတ်ထဲတွင် အားနာနေမိသဖြင့် ဒီရက်ပိုင်းအတွင်း အဆောင်သို့မလာဖြစ်ခဲ့ချေ။
ယနေ့ ရောက်လာသည့်အခါ ယဲ့ယွင်က ယခင်အတိုင်းပင် ရှိနေသည်ကို တွေ့ရသဖြင့် စိတ်ထဲတွင် အားနာနေမိသော်လည်းယခင်ကလောက် နေရခက်ခြင်း မရှိတော့ပေ။
သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ကျန်းက ချင်းချင်းကို လွမ်းလို့သဘာဝကျကျပဲ စောစောရောက်လာတာပေါ့"
ထိုအခေါ်အဝေါ်ကို ကြားလိုက်ရသောအခါ ယဲ့ယွင်သည် ခေတ္တမျှ ကြောင်အသွားပြီးနောက် နားရွက်ဖျားလေးများ ရဲတက်သွားလေသည်။
"အရှင်မင်းကြီးက ဘာလို့ ဒီချန်းချဲ့ကို အဲဒီလိုခေါ်တာလဲ၊ ရှက်စရာကြီး"
အမှန်တကယ်တော့ သူမ စိတ်ထဲတွင် သိပ်ပြီး ရှက်နေသည်တော့မဟုတ်ပေ။ အနည်းငယ် နေရခက်သွားခြင်းသာ ဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ နင်ချန်သည် သားနားချောမောသည့်အမျိုးသားတစ်ဦး ဖြစ်သည်မဟုတ်လား။ 'ချင်းချင်း' ဟု ခေါ်လိုက်သည့်အသံကြောင့် မည်သူက ရင်မခုန်ဘဲ နေနိုင်မှာလဲ။
တော်သေးသည်မှာ သူမက စိတ်ထိန်းနိုင်
စွမ်း အလွန်ကောင်းမွန်ခြင်းပင်။ အခြား ကိုယ်လုပ်တော်များသာဆိုလျှင် ဤကဲ့သို့ ချင်းချင်းဟု အခေါ်ခံလိုက်ရပါက စိတ်ဝိညာဉ်ပါ လွင့်ပါသွားလောက်သည်။
အခြားကိုယ်လုပ်တော်များကို တွေးမိလိုက်သောအခါ ယဲ့ယွင်၏စိတ်သည် ပြန်လည် တည်ငြိမ်သွားလေသည်။ ဟုတ်သားပဲ၊ ရှေ့မှလူက တစ်သက်လုံးအပိုင်မရနိုင်တဲ့ ဧကရာဇ်ဖြစ်နေတာပဲ။
"မကောင်းလို့လား?”
နင်ချန်လည်း မျက်နှာရဲနေသော်လည်း တည်ငြိမ်ချင်ယောင်ဆောင်ကာ သူမလက်ကို ဆက်လက် ဆုပ်ကိုင်ထားရင်းပြောလိုက်သည်။
"ကဗျာတွေထဲမှာတောင် 'မူးရစ်လာချိန် ချင်းချင်းကို တမ်းတသည်' လို့ဆိုထားသေးတာပဲ၊ ကျန်းကတော့ ဒီနာမည်နှစ်လုံးက အရမ်းကောင်းတယ်လို့ ထင်တယ်၊ နောက်နောင် မင်းတစ်ယောက်တည်းကိုပဲ ဒီလိုခေါ်မယ်"
ယဲ့ယွင်နှင့် အတူရှိနေရသည်မှာ အခြားနေရာများနှင့် မတူဟု နင်ချန် ခံစားနေရ၏။ ဤကဲ့သို့ အတူယှဉ်တွဲ နေထိုင်ရသည့် ခံစားချက်မျိုးကို ယခင်က တစ်ခါမှ မကြုံဖူးခဲ့ပေ။
ယခင်က ဝမ်သယ့်ဖေးနှင့် အတူနေခဲ့ဖူးသော်လည်း ဤကဲ့သို့ထူးဆန်းသိမ်မွေ့သည့် ခံစားချက်မျိုး လုံးဝ မရှိခဲ့ချေ။
ဤမိန်းမငယ်လေးသည် ဘယ်လိုကြည့်ကြည့် လှပနေပြီး ဆွဲဆောင်မှုရှိနေသည်ဟု ခံစားရသည်။
နင်ချန်သည် မိမိကိုယ်ကို အသိစိတ်လွတ်သည့် မင်းဆိုးမင်းညစ်မဟုတ်ကြောင်း တိတ်တဆိတ် ဖြေသိမ့်နေရသည်။အကယ်၍သာ မိမိစိတ်ကို မထိန်းချုပ်ပါက နေ့တိုင်း သူမကိုသာအလွန်အကျွံ အလိုလိုက်မိမည်ကို စိုးရိမ်မိသည်။
ထို့ကြောင့်ပင် ယဲ့ယွင် လုပ်ကြံခံရသည့်ကိစ္စကို သူ သေချာစွာစစ်ဆေးမပေးနိုင်ခဲ့သဖြင့် မျက်နှာမပြရဲလောက်အောင် စိတ်ထဲတွင် အားနာနေမိခြင်း ဖြစ်သည်။
"အရှင်မင်းကြီး သဘောကျရင်လည်း အဲဒီလိုပဲ ခေါ်ပါ၊ ဒါပေမဲ့အရှင်မင်းကြီး ပြောထားတဲ့အတိုင်း ဒီချန်းချဲ့တစ်ယောက်တည်းကိုပဲ ခေါ်ရမယ်နော်၊ ကတိမပျက်ရဘူး"
ယဲ့ယွင်သည် မေးစေ့လေးကို မော့ကာ မာနကြီးဟန် ပြလိုက်သော်လည်း မျက်နှာတွင်မူ ပန်းရောင်သန်းနေလေသည်။
ထိုကဲ့သို့ ဆိုးနွဲ့နွဲ့ပုံစံလေးကပင် သူ့ကို ပို၍ အချစ်တိုးစေသည်။
….
ညစာ သုံးဆောင်ပြီးနောက် နင်ချန်သည် ပြန်မည့်ပုံ မပေါ်ချေ။ယဲ့ယွင်ကလည်း သူ့ကို နှင်ထုတ်မည် မဟုတ်သဖြင့် ရေချိုးသန့်စင်ရန် ပြင်ဆင်ခိုင်းလိုက်လေသည်။
သူမ၏လက်မောင်းဒဏ်ရာကို ဂရုစိုက်နေရသေးသော်လည်း ပွင့်နေသော ဒဏ်ရာမဟုတ်သဖြင့် ရေထိ၍ ရနေပြီဖြစ်သည်။
အစေခံများသည် လူနှစ်ယောက်စာ ဆံ့သော ရေချိုးကန်ကြီးကိုသယ်လာကြသည်။ ဤသည်မှာ နင်ချန်၏ အလိုဆန္ဒပင်ဖြစ်သည်။
လူများကို ထွက်သွားခိုင်းပြီးနောက် သူသည် ယဲ့ယွင်ကို ပွေ့ချီကာ ရေချိုးကန်ထဲသို့ ဝင်သွားလေသည်။
အဝတ်အစားများ ဖယ်ရှားလိုက်သောအခါ ဤနေရာသည်ရေကန်ကဲ့သို့ ကျယ်ဝန်းခြင်းမရှိသဖြင့် နှစ်ဦးသားမှာ ပူးကပ်နေလေသည်။ သတ္တိကောင်းလှပါသည်ဆိုသော ယဲ့ယွင်ပင်လျှင်မျက်နှာများ ရဲတက်လာ၏။
နင်ချန်က သူမကို ကျောပေးခိုင်းလိုက်ပြီး မိန်းမပျိုလေး၏ချောမွတ်သော ကျောပြင်ပေါ်သို့ လက်တင်လိုက်သည်။ ပခုံးမှခါးအထိ ထိုဒဏ်ရာ အမှတ်အသား အတိုင်း ပွတ်သပ်လိုက်၏။
မိန်းမပျိုလေး၏ ဘယ်ဘက်ပခုံးမှ အညိုအမည်းများမှာ မပျောက်သေးဘဲ ဖြူဝင်းသော အသားအရေပေါ်တွင် ထင်ရှားစွာပေါ်နေလေသည်။
"နာနေသေးလား"
နင်ချန်က မျက်လုံးအိမ်ကို ကျဉ်းမြောင်းလိုက်ရင်း အသံနက်ကြီးဖြင့် မေးလိုက်သည်။
ယဲ့ယွင်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး၊ "အခုတော့ မနာတော့ပါဘူး၊ ထိခိုက်မိတုန်းကတော့ နာတာပေါ့"
"နောက်နောင် မဖြစ်စေရဘူး။ ကျန်းကတိပေးတယ်။”
အမျိုးသား၏အသံက အက်ရှရှ ထွက်ပေါ်လာသည်။
ရုတ်တရက် ကျောပြင်ပေါ်သို့ နွေးခနဲ ဖြစ်သွား၏။ နင်ချန်ကနဖူးဖြင့် ကပ်ထားခြင်း ဖြစ်သည်။ ကိုယ်ငွေ့များ ရောယှက်နေပြီးပတ်ဝန်းကျင်ရှိ ရေငွေ့များသည်လည်း နှလုံးသားဆီသို့ ရစ်ပတ်လာသယောင်ရှိသည်။
ယဲ့ယွင် မျက်လုံးများကို မှိတ်လိုက်ပြီး လျှာဖျားကို မပြင်းမပျော့ကိုက်လိုက်၏။ နာကျင်မှုက သူမကို အသိပြန်ဝင်လာစေသည်။
ဤနန်းတော်ထဲ၌ နှလုံးသားကို ဦးစွာ ပေးအပ်၍ မဖြစ်ပေ။
နင်ချန်သည် ထိုအရာများကို သတိမထားမိဘဲ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ရင်ထဲရှိ မီးတောက်များက ပြင်းထန်စွာလောင်ကျွမ်းနေသော်လည်း မိန်းမပျိုလေး၏ပခုံးမှဒဏ်ရာကိုမြင်သောအခါ နာကျင်သွားမည်ကို စိုးရိမ်မိပြန်သည်။
သူမကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီးနောက် ချက်ချင်းပင် ထရပ်လိုက်ကာ၊ "ကျန်း အပြင်ထွက်နှင့်မယ်၊ အစေခံတွေကို မင်းကို ပြုစုဖို့ ဝင်ခိုင်းလိုက်မယ်"
"အရှင်မင်းကြီးက ဘာလို့ အလျင်လိုနေတာလဲ"
ယဲ့ယွင်က ခေါင်းလှည့်ကြည့်လိုက်ပြီး လက်လှမ်းကာ သူ့ကို ပြန်ဆွဲထားလိုက်သည်။
ယဲ့ယွင်၏ ညို့မျက်ဝန်းများသည် နဂါးမျက်လုံးများနှင့်ဆုံသွားကြသည်။ နင်ချန်၏မျက်ဝန်းထဲမှ တုန်လှုပ်မှုများက လူကို မခံမရပ်နိုင် ဖြစ်စေသည်။
(T/N - ရေချိုးကန်ထဲမှာ နှစ်ယောက်လုံးကိုယ်တုံးလုံးနဲ့ အကြည်စိုက်နေကြတယ်လို့တွေးကြည့်ကြနော် )
"ချင်းချင်းက အခု လိမ္မာမနေဘူးနော်၊ ခဏနေကျရင် မငိုနဲ့"
စကားဆုံးသည်နှင့် သူမကို ပွေ့ချီလိုက်ပြီး ဝတ်ရုံဖြင့် နှစ်ယောက်လုံးကို ဖြစ်ကတတ်ဆန်း ပတ်လျက် အိပ်ရာရှိရာသို့ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေတော့သည်။
စိတ်ပါဝင်စားသူများကသာ ထိုအရသာကို ပိုမို ခံစားနားလည်နိုင်ကြသည်။
ထိုညတွင် နင်ချန်သည် မိမိကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အဆုံးထိ မအောင်မြင်ခဲ့ပေ။ ရင်ခွင်ထဲမှ လူသားလေး အမှန်တကယ် အားကုန်သွားမှသာ ရပ်တန့်လိုက်လေသည်။
ယဲ့ယွင်သည် ထိုအမျိုးသား ရူးသွားပြီဟုသာ ထင်မြင်မိသည်။သို့သော် နင်ချန်သည် ယခင်နှင့်မတူဘဲ ကွဲပြားနေသည်ဟုတိတ်တဆိတ် ခံစားမိပြန်သည်။ ယခင်ကလည်း ပြင်းပြခဲ့ဖူးသော်လည်း ဒီညတွင်မူ တစ်စုံတစ်ခု ပိုနေသယောင် ရှိသည်။
သို့သော် သေချာတွေးတောရန် အချိန်မရလိုက်ပေ။ ပင်ပန်းလွန်းသဖြင့် ဆေးကြောသန့်စင်ရာတွင်ပင် ပွေ့ချီသွားပြီး ပွေ့ချီပြန်လာခဲ့ရသည်။
နှစ်ဦးသား အတော်ပင် ပင်ပန်းသွားကြသဖြင့် မကြာမီပင်အိပ်ပျော်သွားကြလေသည်။
….
သို့သော် ဤတစ်ညတာ အိပ်စက်ခြင်းသည် ကြာကြာမခံလိုက်ပေ။ သုံးနာရီခန့် အကြာတွင် အပြင်ဘက်မှ ယွမ်ကျို၏အလောတကြီး အော်ခေါ်သံကြောင့် နိုးလာကြရသည်။
"အရှင်မင်းကြီး... အရှင်မင်းကြီး... ချန်ချွမ်းနန်းဆောင်ကပါ၊မင်းသမီးကြီး ရုတ်တရက် အဖျားတက်လာလို့ပါ၊ အန်လည်းအန်နေတယ်၊ ဆေးလည်း မဝင်ဘူးတဲ့။ ရှူးဖေးမယ်မယ်က စိုးရိမ်ပြီးတော့... ပလိပ်ရောဂါ ဖြစ်မှာစိုးလို့ အရှင်မင်းကြီးဆီ လူလွှတ်ပြီးလျှောက်တင်ခိုင်းလိုက်တာပါ"
နင်ချန် မျက်လုံးဖွင့်လိုက်သည်။ အိပ်ချင်စိတ်ကြောင့် ခေါင်းကိုက်နေသော်လည်း သမီးတော်နှင့် ပတ်သက်နေသဖြင့်ချက်ချင်း ထလိုက်လေသည်။
ယဲ့ယွင်လည်း အသံကြားသဖြင့် နိုးလာပြီး လိုက်ထလိုက်သည်။
"ဒီချန်းချဲ့ အရှင်မင်းကြီးနဲ့အတူ မလိုက်တော့ဘူးနော်။တကယ်လို့သာ ပလိပ်ရောဂါဆိုရင် လူများရင် ကူးစက်ဖို့ ပိုလွယ်သွားလိမ့်မယ်"
"အင်း... မင်း ကောင်းကောင်းနေခဲ့နော်၊ ဘာမှမဖြစ်စေရဘူး"
နင်ချန်က သူမ၏ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
……
ယွီရှို့အဆောင်မှ ထွက်လာသည်နှင့် ပလိပ်ရောဂါ ဟုတ်မဟုတ်အတည်မပြုနိုင်သေးသဖြင့် မည်သည့်အဆောင်မှ လူမျှ ချန်ချွမ်းနန်းဆောင်သို့ သွားရောက်ခြင်း မပြုရန်နှင့် ရောဂါကူးစက်မှုကိုကာကွယ်ရန် ယွမ်ကျိုအား ချက်ချင်း အမိန့်ပေးလိုက်သည်။
ထိုအမိန့်ရောက်သွားသောအခါ လူတိုင်း သက်ပြင်းချနိုင်သွားကြသည်။
ဘယ်သူက သေမှာကို မကြောက်ဘဲ နေပါ့မလဲ။ တကယ်လို့များပလိပ်ရောဂါသာ ဖြစ်နေလျှင် သွားလိုက်ပါက ကူးစက်ခံရလျှင်ဘယ်လိုလုပ်မလဲ။
သို့သော် မည်သူကမျှ ရှေ့ထွက်ပြီး မပြောရဲကြပေ။ အကယ်၍အရှင်မင်းကြီးက မိမိကိုယ်ကိုသာကြည့်ပြီး တော်ဝင်သွေးသားကို အလေးမထားဘူးဟု ထင်မြင်သွားလျှင် ဘယ်လိုလုပ်မလဲ။
သို့ရာတွင် စကားရောက်သွားသော်လည်း မိဖုရားခေါင်ကြီးသည်တရားဝင်ဇနီးမယား၊ တရားဝင်မိခင် ဖြစ်သည့်အားလျော်စွာလိုက်ပါသွားလေသည်။
သူတို့နှစ်ဦးရောက်သွားချိန်တွင် ရှူးဖေးသည် ကြမ်းပြင်ပေါ်တွင်ဒူးထောက်ကာ ငိုကြွေးနေလေသည်။
"အရှင်မင်းကြီး... ကျားယွီ ရုတ်တရက် အဖျားတက်လာလို့ပါ၊ ဒီချန်းချဲ့လည်း ဘာကြောင့်မှန်း မသိပါဘူး၊ မနက်တုန်းကကောင်းကောင်းလေး ရှိနေသေးတာ၊ အခုကျမှ အဖျားတက်ပြီးအန်နေတော့တာပဲ... ဝူး... ဝူး... ဝူး... ကျားယွီက ငယ်ပါသေးတယ်"
"တော်ပါတော့ ရှူးဖေး... မင်း အရင်ထစမ်း၊ ဘာကိစ္စပဲရှိရှိသမားတော်ကို အရင်ကြည့်ခိုင်းပြီးမှ ပြောကြတာပေါ့၊အရှင်မင်းကြီးနဲ့ ပန်ကုန်းလည်း ဒီမှာရှိနေတာပဲဟာ"
မိဖုရားခေါင်ကြီးသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စုအာကို မျက်ရိပ်ပြကာ သူမကို တွဲထူခိုင်းလိုက်သည်။
ရှူးဖေးမှာ အလွန်စိုးရိမ်ပူပန်နေသဖြင့် ထိုစကားများကို နားမဝင်ပေ။ စုအာ၏လက်ကို ပုတ်ထုတ်လိုက်ပြီး မိဖုရားခေါင်ကြီးကိုစိုက်ကြည့်ကာ၊ "မိဖုရားခေါင်ကြီးက ကျားယွီရဲ့ မွေးမိခင်မှမဟုတ်တာ၊ သေချာပေါက် မစိုးရိမ်ဘူးပေါ့။ မိဖုရားခေါင်ကြီးကဒီချန်းချဲ့ရဲ့ ကျားယွီ တစ်ခုခုဖြစ်သွားမှာကို မျှော်လင့်နေတာမဟုတ်လား"
"ကိုယ့်ပါးစပ်ကိုယ် ပိတ်ထားစမ်း"
နင်ချန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရှူးဖေးသည် မိမိစကားမှားသွားမှန်း သတိပြုမိပြီး ချက်ချင်းခေါင်းငုံ့ကာ မပြောရဲတော့ပေ။
"မိဖုရားခေါင်ကြီးကနန်ချီရဲ့ တရားဝင်မိခင်ပဲ၊ သဘာဝကျကျ ကျားယွီရဲ့ မိခင်လည်း ဖြစ်တယ်။ မင်းက ကလေးအတွက် စိုးရိမ်လွန်ပြီးအသိစိတ်လွတ်သွားတာမို့ ဒီတစ်ခါတော့ မင်းကို အပြစ်မယူတော့ဘူး။ နောက်နောင် မိဖုရားခေါင်ကြီးကို ပြစ်မှားတဲ့စကား မပြောနဲ့"
နင်ချန်၏ မျက်ဝန်းအရောင်များမှောင်မိုက်သွားသည်။
မိဖုရားခေါင်ကြီး၏ မျက်နှာထားမှာ သိပ်မကောင်းလှပေ။အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ ရင်ထဲရှိ ဒေါသကို မြိုသိပ်ကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။ "ရှူးဖေးကကလေးကို အရမ်းစိုးရိမ်နေလို့ပါ၊ ဒီချန်းချဲ့က အပြစ်မယူပါဘူး၊အရှင်မင်းကြီး ရှူးဖေးကို ထခိုင်းလိုက်ပါဦး"
ထိုအခါမှ နင်ချန် ခေါင်းညိတ်လိုက်ပြီး ရှူးဖေး၏ အပျိုတော်ကသူမကို တွဲထူပေးလေသည်။
ထိုအချိန်တွင် ကလေးရောဂါကုသရာတွင် အတော်ဆုံးဖြစ်သည့်သမားတော်လျို ရောက်ရှိလာလေသည်။ တစ်ခဏမျှ အချိန်မဆွဲရဲဘဲ အထဲသို့ဝင်ကာ ချက်ချင်း ရောဂါစမ်းသပ်တော့သည်။
မကြာမီ ချီနင်နန်းဆောင်မှ ဖုမားမားလည်း ရောက်လာသည်။
မယ်တော်ကြီးအနေဖြင့် တော်ဝင်သွေးသားအပေါ် ဤမျှ ဂရုစိုက်ကြောင်း ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။ ယခင်ကဆိုလျှင် မည်သူပင်ဖြစ်ပါစေ နောက်တစ်နေ့မှသာ လူလွှတ်လေ့ရှိသည်။
မယ်တော်ကြီးလည်း အနည်းငယ် အသိဉာဏ်ပွင့်လင်းလာပုံ ရသည်။
***