← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 8 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 8 Ch. 123-124

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-123

အခန်း ၁၂၃ ။ မျက်နှာသာပေးခြင်း

နှစ်ဦးသား၏ အကြည့်ချင်း ဆုံသွားကြပြီး ယောင်ရှန်းသည်အနည်းငယ်မျှ ရှောင်လွှဲခြင်း မရှိပေ။

ထိုစဉ် ဝမ်သယ့်ဖေးသည် ဤအသက်ငယ်ရွယ်သောမိန်းကလေး၏ အကြည့်များသည် အသက်အရွယ်နှင့် မလိုက်အောင် စူးရှထက်မြက်လှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

"ကဲ... တော်ကြပါတော့၊ ကိစ္စသေးလေးတစ်ခုကိုများ ငြင်းခုံနေကြတယ်" မိဖုရားခေါင်ကြီး ဝင်ရောက် ဟန့်တားလိုက်သည်။

ထိုအခါမှ လူတိုင်း ရပ်တန့်သွားကြပြီး ဘာမှမဖြစ်ခဲ့သလိုပင်လက်ဖက်ရည် ကိုယ်စီ သောက်လိုက်ကြသည်။

"စူးမိန်ရန်... မင်း အရင်ထိုင်ပါ၊ ဒီကျောက်စိမ်းလက်ကောက်ကိုမင်းကို ဆုချလိုက်မယ်၊ နောက်နောင် နန်းတွင်းစည်းကမ်းကိုလိုက်နာပြီး အရှင်မင်းကြီးအတွက် ရင်သွေးရတနာတွေ မွေးဖွားပေးနိုင်ပါစေ"

မိဖုရားခေါင်ကြီးသည် နူးညံ့သော အပြုံးတစ်ခုကို ပြောင်းလဲဆင်မြန်းလိုက်ပြီး တင်းမားမားကို သေတ္တာတစ်လုံး သွားပေးရန်ညွှန်ကြားလိုက်သည်။

စူးမျိုးရိုး ချက်ချင်း ထရပ်ကာ လက်ခံလိုက်ပြီး၊ "ဆုချီးမြှင့်တဲ့အတွက် မိဖုရားခေါင်ကြီးကို ကျေးဇူးတင်ပါတယ်၊ ဒီချန်းချဲ့ဆုံးမစကားကို သေချာ မှတ်သားထားပါ့မယ်"

ဤကဲ့သို့ ကြောက်ရွံ့ထိတ်လန့်နေပုံမှာ နယ်စားမင်းသမီးတစ်ပါးရှိသင့်သည့် ဂုဏ်ရည်နှင့် လုံးဝ မတူတော့ဘဲ မြို့တော်မှ သာမန်အရာရှိသမီးများထက်ပင် ညံ့ဖျင်းနေသေးသည်။

ဒီရက်ပိုင်းအတွင်း ခက်ခဲကြမ်းတမ်းမှုများက သူမ၏မာနထောင်လွှားမှုများကို ပွတ်တိုက်ချောမွေ့ပစ်လိုက်သည်မှာသိသာလှသည်။

ထို့နောက် တရားဝင် စကားအချို့ ပြောဆိုပြီး ဆောင်းဦးရာသီပွဲတော်နှင့် ပတ်သက်သည့် အမှာစကားများ ပြောကြားကာ မိဖုရားခေါင်ကြီးက လူစုခွဲခိုင်းလိုက်သည်။

……

ချူးရှို့နန်းဆောင်။

ဝမ်သယ့်ဖေး ပြန်ရောက်သည်နှင့် မင်းသားကြီးကို ဦးစွာ သွားကြည့်သည်။ ကလေးမှာ သိပ်မလန်းဆန်းဘဲ ခဏမျှ စနောက်ပြီးသည်နှင့် အိပ်ပျော်သွားလေသည်။

ပင်မဆောင်သို့ ပြန်ရောက်သောအခါ ပိုင်လုက ဆေးတစ်ခွက်ယူလာပေးသည်။

"အခု အပူချိန် အနေတော်ပါပဲ၊ မယ်မယ် သောက်လိုက်ပါဦး"

"သောက်နေတာ ဒီလောက်ကြာပြီ၊ သက်သာတယ်လို့ကို မရှိဘူး" ဝမ်သယ့်ဖေး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သော်လည်း ဆေးခွက်ကို ယူ၍ ကုန်အောင် သောက်လိုက်သည်။

မင်းသားကြီးကို မွေးဖွားပြီးကတည်းက မီးတွင်းထဲ၌ သွေးဆင်းသည်မှာ အချိန်အကြာကြီး နေမှ ရပ်တန့်သွားပြီးနောက်ရာသီသွေး မမှန်တော့ပေ။

ပလိပ်ရောဂါ ဖြစ်ပွားစဉ် ကာလကလည်း ကလေးဆုံးရှုံးရမည်ကို စိုးရိမ်သဖြင့် နေ့ရောညပါ စိတ်ပူပန်ကာ စောင့်ရှောက်ခဲ့ရသဖြင့် နေထိုင်မကောင်း ဖြစ်နေရသည်။

ယခုဆိုလျှင် အအေးဒဏ်ကို အလွန်ကြောက်တတ်ပြီး ဝမ်းဗိုက်အောက်ပိုင်း မကြာခဏ နေမထိထိုင်မသာ ဖြစ်တတ်သည်။အထူးသဖြင့် ရာသီလာချိန်များတွင် ပို၍ နာကျင်ကိုက်ခဲတတ်သည်။

သူမ ယခင်က ဒီလိုမဟုတ်ခဲ့ဖူးပေ။ ကလေးမွေးဖွားစဉ်က ခက်ခဲခဲ့သဖြင့် ရောဂါအမြစ်တွယ် ကျန်ရစ်ခဲ့ပုံရသည်။

ထို့ပြင် သူမသည် လောကကြီးနှင့် မပြိုင်ဆိုင်လိုသယောင် နေသော်လည်း အချစ်တော်ဖြစ်ချင်လျှင် ဘာမှမပြိုင်ဘဲ နေ၍ ရပါ့မလား။ သူမကဲ့သို့ မပြိုင်သလိုနှင့် ပြိုင်ရသူများမှာ ဘေးလူများထက် ပို၍ ပင်ပန်းရသည်။

ကျန်းမာရေးမကောင်း၊ အတွေးကလည်းများ ဆိုတော့ ဘယ်လိုလုပ် ပြန်ကျန်းမာလာနိုင်ပါ့မလဲ။

"ငါ ဒီနေ့ ကြည့်ရသလောက် ယောင်မိသားစုဝင်ကို အရင်ကလျှော့တွက်ခဲ့မိတယ်" ဝမ်သယ့်ဖေးသည် ပါးစပ်ထောင့်စွန်းကိုသုတ်လိုက်ပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်သည်။ "ဟုတ်သားပဲ၊ ထိုက်ကွေ့ဖေးလို အဒေါ်မျိုးရှိတာပဲ၊ တူမဖြစ်သူက ဘယ်လိုလုပ် ညံ့ပါ့မလဲ"

"အရှင်မင်းကြီးက သူ့အသက်ကို ကယ်ခဲ့ဖူးလို့ ကျေးဇူးတင်နေရုံသက်သက်ပါ၊ အရင်တုန်းက သူ့ဆီ သွားခဲပါတယ်၊ နူးဘီကြည့်ရတာ သူက ရာထူးတိုးသွားပြီး ဘဝင်မြင့်လွန်းအားကြီးလို့ မယ်မယ့်ကိုတောင် ပြန်ရန်တွေ့ရဲတာပါ" ပိုင်ရွှမ်းက မကျေမနပ်ဖြင့်တံတွေးထွေးလိုက်သည်။

ဝမ်သယ့်ဖေးက သဘောမတူကြောင်း ခေါင်းခါလိုက်သည်။

"အရင်တုန်းက အရှင်မင်းကြီး သွားခဲပေမဲ့ ဘယ်တုန်းကမှ သူ့ကိုမမေ့ခဲ့ဘူး၊ အခုအချိန်ထိ သားသမီးလည်း မရှိ၊ ဝါရင့်လည်းမဟုတ်ဘဲ ရာထူးမြင့်မြင့် ရထားတယ်၊ အချစ်ခံရတာလည်း အရင်ကထက် ပိုများလာတယ်၊ ဒါတောင် မတုန်မလှုပ်နဲ့ တည်တည်ငြိမ်ငြိမ် နေနိုင်တယ်၊ ဟိတ်ဟန် လုံးဝ မထုတ်ဘူး၊ ဒီလိုလူမျိုးက သေချာပေါက် ဉာဏ်နီဉာဏ်နက် များတဲ့လူပဲ"

ထို့ပြင် ယနေ့ ယောင်ရှန်း သူမကို ကြည့်လိုက်သည့် အကြည့်ထဲတွင် ပိုမိုနက်ရှိုင်းပြီး ရှည်ကြာသော အရာတစ်ခု ပါဝင်နေသည်ဟု ဝမ်သယ့်ဖေး ခံစားမိသည်။

သံယောဇဉ် ရှိခဲ့ဖူးသလိုမျိုးပင်။

သို့သော် ဒါ မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ ယောင်ရှန်း နန်းတွင်းသို့ ဝင်လာသည်မှာ တစ်နှစ်သာ ရှိသေးပြီး သူတို့နှစ်ဦးကြားတွင် မည်သည့် ပတ်သက်မှုမှ မရှိခဲ့ဖူးရာ ဘာကြောင့်များအကြောင်းမဲ့ ဤသို့ ခံစားရသနည်း။

ဝမ်သယ့်ဖေး နဖူးကို လက်ဖြင့် နှိပ်လိုက်သည်။ စိတ်ရှုပ်ထွေးပြီးခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားရသည်။

ထိုအချိန်တွင် အပြင်ဘက်မှ အစေခံမလေး ဝင်လာပြီးအရှင်မင်းကြီးက ယိမိန်ရန်ကို စာရေးစာချီ ပြုလုပ်ရန် ကျိုချန်နန်းဆောင်သို့ ခေါ်ယူလိုက်ကြောင်း လာလျှောက်တင်သည်။

"အကဲခတ် မတတ်တဲ့ကောင်မ၊ ဒီအချိန်ကြီး မယ်မယ် စိတ်ရှုပ်အောင် တမင်လာလုပ်တာလား" ပိုင်လုက ငေါက်ငမ်းလိုက်သည်။

"တော်ပါတော့၊ အားလုံး ထွက်သွားကြ၊ ငါတစ်ယောက်တည်းခဏလောက် လှဲနေချင်တယ်" ဝမ်သယ့်ဖေးမျက်မှောင်ကြုတ်လျက် လက်ကာပြလိုက်သည်။

ပိုင်ရွှမ်းက သူမကို တွဲ၍ အတွင်းဆောင်သို့ ပို့ပေးသည်။မှန်တင်ခုံရှေ့ ဖြတ်သွားချိန်တွင် ဝမ်သယ့်ဖေး မနေနိုင်ဘဲ တစ်ချက် ဝေ့ကြည့်လိုက်ရာ ရုတ်တရက် စိတ်လွတ်သွားသလို ဖြစ်သွားသည်။

မှန်ထဲမှ လူသည် ယခင်ကနှင့် တူညီသော ရုပ်ရည်ဖြစ်သော်လည်း ယခင်ကလောက် လန်းဆန်းခြင်း မရှိတော့ပေ။

နန်းတွင်းသို့ ရောက်ကာစ မိန်းကလေးများနှင့် ယှဉ်လျှင် သူမကသိပ်မကြီးသေးသော်လည်း ကလေးမွေးပြီးနောက်တွင်မူ အိုစာသွားသည်မှာ အမှန်ပင် ဖြစ်သည်။

အရှင်မင်းကြီးက 'ဆောင်းဦးရာသီ ရေပြင်လိုပဲ' ဟု ချီးကျူးခဲ့ဖူးသော သူမ အဂုဏ်ယူဆုံး မျက်ဝန်းများပင်လျှင် ယခင်ကကဲ့သို့ကြည်လင်တောက်ပခြင်း မရှိတော့ပေ။

အနည်းငယ် လျော့ပါးသွားပြီဖြစ်သော မျက်နှာသာပေးခံရမှုကိုတွေးမိပြီး ဝမ်သယ့်ဖေး ပထမဆုံးအကြိမ် စိတ်ထိတ်လန့်သွားမိသည်။

အကယ်၍ သူမ အသက်ကြီးလာပြီး နန်းတွင်းထဲတွင်မိန်းကလေးအသစ်များ များလာခဲ့လျှင် အရှင်မင်းကြီးက သူမကို ပိုပြီး လျစ်လျူရှုလာလေ မည်လော။

နောက်ဆုံးတွင် ရှူးဖေးကဲ့သို့ပင် ကလေးမှလွဲ၍ ဘာမှမရှိသောဘဝမျိုး ဖြစ်သွားရမည်လား။

ဤသည်မှာ နှစ်ပေါင်းများစွာ အချစ်တော် ဖြစ်ခဲ့သော ဝမ်သယ့်ဖေးအတွက် လက်မခံနိုင်စရာပင်။

နန်းတွင်းထဲရှိ မိန်းမသားတိုင်းသည် မျက်နှာသာပေးခံရမှုကတစ်သက်လုံး မမြဲနိုင်ကြောင်း သိကြသော်လည်း တကယ်တမ်းကိုယ့်အလှည့် ရောက်လာသည့်အခါ မည်သူကများ မတုန်မလှုပ်နေနိုင်ကြမည်နည်း။

"မယ်မယ်" သူမ မှန်ရှေ့တွင် ရပ်ပြီး ငေးငိုင်နေသည်ကို မြင်သဖြင့် ပိုင်လုက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

ထိုအခါမှ ဝမ်သယ့်ဖေး အကြည့်ပြန်ရုတ်လိုက်ပြီး အတွေးပေါင်းစုံဖြင့် အတွင်းဆောင်သို့ ဝင်သွားလေသည်။

…….

တစ်စုံတစ်ယောက်က မျက်နှာသာပေးခံရမှု ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေချိန်တွင် အခြားတစ်နေရာ၌ မျက်နှာသာပေးခံရဖို့ပင် မမျှော်မှန်းရဲသဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားနေသူလည်း ရှိလေသည်။

ရှန်ဖူနန်းဆောင်၏ အရှေ့ဘက်ဆောင်တွင် ကျန်းပေါင်လင်သည်သီချင်းတစ်ပုဒ် ဆိုပြီးခါစဖြစ်ရာ လည်ချောင်း အတော်ခြောက်သွေ့နေသည်။

ရွှမ်ထောင်က သူမသောက်ရန် လက်ဖက်ရည် ယူလာပေးစဉ်အပြင်ဘက်ခြံဝန်းထဲမှ မျက်နှာချင်းဆိုင်တွင် နေသော လျိုချိုက်နွီ၏ လှောင်ပြောင်သံကို ကြားလိုက်ရသည်။

"ဘာလို့ ဒီ ရှန်ဖူနန်းဆောင်ထဲမှာပဲ အော်ဟစ်နေရတာလဲ၊အရှင်မင်းကြီး ကြားအောင် အရှင်မင်းကြီး ရှေ့သွားဆိုမှ ဖြစ်မှာပေါ့"

သူမ၏ အစေခံ ချူးရှ လည်း ဝင်ရယ်လိုက်ပြီး၊ "ချိုက်နွီကလည်း နောက်နေပြန်ပြီ၊ အရှင်မင်းကြီးကို ဘယ်လိုလုပ်အလွယ်တကူ တွေ့လို့ရမှာလဲ၊ တချို့လူတွေကလေ ကံမပါလာဘူး၊ မယ်မယ်တွေကို သွားပေါင်းလဲ အချစ်တော်မှ မဖြစ်တာ"

"ဟဲ့... နင် ကောင်မလေး ဘယ်လိုပြောလိုက်တာလဲ၊ သူက ဘာပဲဖြစ်ဖြစ် ပေါင်လင် လေ၊ ငါ့လို ချိုက်နွီ ထက်တော့ တစ်ဆင့်မြင့်တာပေါ့" လျိုမျိုးရိုးက တမင်သက်သက် ပြောလိုက်သည်။

"အချစ်တော် မဖြစ်သရွေ့တော့ ဒီ နှမ်းစေ့လောက် ပိုမြင့်နေတာလေးက ဘာထူးမှာလဲ၊ အတူတူပဲ မဟုတ်ဘူးလား" ချူးရှကတမင်သက်သက် အသံကို မြှင့်ပြောလိုက်သည်။

ကျန်းမျိုးရိုးသည် အခန်းထဲမှ နားထောင်နေရင်း ဒေါသကြောင့်မျက်နှာ မည်းမှောင်နေလေသည်။

ရွှမ်ထောင်မှာ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်ကာ အပြင်သို့ပြေးထွက်သွားသည်။

"နင်တို့တွေ အကုန် ပါးစပ်ပိတ်ထားကြ! ငါတို့ က နန်းတွင်းရောက်ကာစက တစ်ခါ အိပ်ဆောင်ဝင်ခဲ့ဖူးတယ်၊ ဒီနန်းတော်ထဲမှာ ဒုတိယလူ ရှိသေးလို့လား၊ ဒီနားလာပြီး အော်ဟစ်နေရအောင်မျက်နှာပြောင်လှချည်လား၊ ငါတို့ ပေါင်လင်က နင့်ထက်တစ်ဆင့်ပဲ မြင့်တယ်ဆိုရင်တောင် မြင့်တာပဲ၊ နင်ကတော့ ဒီ ချိုက်နွီ ရာထူးနဲ့ပဲ အထီးကျန်ပြီး အိုသေသွားရမှာ!"

ပြောပြီးသည်နှင့် တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။

"ပေါင်လင်... သူတို့နဲ့ ဖက်မဖြစ်ပါနဲ့၊ ဒီ လျိုမျိုးရိုးကအရှင်မင်းကြီး အမုန်းဆုံး ဖြစ်သွားပြီမို့ ဘယ်တော့မှ အချစ်တော်ပြန်ဖြစ်လာမှာ မဟုတ်တော့ဘူး၊ ဒါပေမဲ့ ပေါင်လင်ကတော့အရှင်မင်းကြီးကို တစ်ခါနှစ်ခါလောက် တွေ့ခွင့်ရနိုင်သေးတယ်လေ၊ ပေါင်လင်ရဲ့ ရုပ်ရည်နဲ့ ဉာဏ်ရည်ဆိုရင် နောက်ဆိုသေချာပေါက် အချစ်တော် ဖြစ်လာမှာပါ"

ရွှမ်ထောင်က သတိထားပြီး ချော့မော့လိုက်သည်။

ကျန်းမျိုးရိုး အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ငြိမ်အောင်ကြိုးစားလိုက်ရာ နောက်ဆုံးတွင် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သွားသည်။

"နင်ပြောတာ မှန်တယ်၊ ငါ အချစ်တော် ဖြစ်လာမှာ၊သေချာပေါက် ဖြစ်လာမှာ၊ သူတို့တွေက မိသားစု နောက်ခံကိုအားကိုးနေကြတာ၊ အရှင်မင်းကြီးက တကယ် ကြိုက်တာမှမဟုတ်တာ၊ ငါက မတူဘူး၊ ငါ့ကိုငါ အရှင်မင်းကြီး သဘောကျလာအောင် လုပ်ရမယ်"

ရှူးဖေးသည် ဒီရက်ပိုင်း အရှင်မင်းကြီး အလိုမကျ ဖြစ်စေခဲ့သဖြင့် အရှင်မင်းကြီး သူမအပေါ် အမြင်ပြန်ကြည်လာအောင်မည်သို့လုပ်ရမည်ကို စိတ်ညစ်နေချိန်တွင် ကျန်းပေါင်လင်ကအခွင့်ကောင်းယူပြီး သူမသာ အချစ်တော်ဖြစ်လာပါက ဘေးမှကူပြောပေးမည်ဟု အကြံပြုခဲ့ခြင်း ဖြစ်သည်။

ရှူးဖေးသည် မလိုလားသော်လည်း ပိုကောင်းသော နည်းလမ်းမရှိသဖြင့် သဘောတူခဲ့ရသည်။

ရှူးဖေးသည် မည်သို့ပင်ဖြစ်စေ ဖေး ရာထူးရထားသူ ဖြစ်သဖြင့်မျက်နှာပန်း လှသေးသည်။ သူမက ဦးဆောင်ပြီး ကျန်းမျိုးရိုးအတွက် အခွင့်အရေး ဖန်တီးပေးရုံသာ ဖြစ်သည်။

ကျန်တာကတော့ ကျန်းပေါင်လင်၏ စွမ်းဆောင်ရည်အပေါ်မူတည်သည်။

ကျန်းမျိုးရိုးကလည်း ယုံကြည်ချက် ရှိသည်။ သူမ ဒီလောက်ကြိုးစားပမ်းစား လေ့ကျင့်ထားသည်မှာ အလကား ဖြစ်မသွားစေရပေ။ ဆောင်းဦးရာသီ ညစာစားပွဲတွင် သူမကိုအရှင်မင်းကြီး မှတ်မိသွားအောင် လုပ်ရမည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-124

အခန်း ၁၂၄ ။ ပန်းပွင့်များနှင့် ပိုးထည်များ

ဆောင်းဦးရာသီပွဲတော် မတိုင်ခင်မှာပဲ မိုးတစ်ခါ ရွာလိုက်သေးသည်။

ဒီတစ်ခါမိုးက သည်းသည်းမဲမဲ ရွာသော်လည်း တစ်ညတည်းနှင့်ရပ်သွားပြီး နောက်တစ်နေ့တွင် အပူရှိန် အတော်လျော့သွားသည်။

ယဲ့ယွင်သည် စင်္ကြံတွင် ရပ်လျက် ယပ်တောင်ဝိုင်းလေးကို ခတ်ရင်း စိတ်ကြည်နူးနေသည်။

"လင်ရှီးဥယျာဉ်ကို မသွားဖြစ်ခဲ့ရင်တောင် နန်းတွင်းထဲမှာပဲနွေရာသီကို ဖြတ်သန်းနိုင်သေးတယ်၊ အခု မိုးတစ်ခါ ရွာလိုက်တော့ အေးသွားတာပေါ့"

နန်ကျစ်က ဒဏ်ရာ အရှင်းပျောက်သွားပြီဖြစ်သဖြင့် ပြန်လည်အမှုထမ်းနေပြီ ဖြစ်သည်။ သူမသည် အထဲမှ ရေနွေးတစ်ခွက်ကိုယူဆောင်လာသည်။

"ကျယ်ယွီက အအေးကြိုက်မနေပါနဲ့၊ နွေရာသီမှာ အအေးမိရင်ပိုပြီး ခံရခက်ပါတယ်၊ အခု နေမထွက်သေးတဲ့အပြင် လေထဲမှာရေငွေ့တွေပါနေတော့ လေတိုက်ရင် အအေးမိလွယ်ပါတယ်"

"သိပါပြီ" ယဲ့ယွင်က ပြုံးလျက် လက်ဖက်ရည်ခွက်ကို ယူကာတစ်ဝက်ခန့် သောက်လိုက်သည်။ "ငါ့ရဲ့ စာရေးကိရိယာတွေထုတ်ထားပေးပါ၊ မနှစ်က အရှင်မင်းကြီး ဆုချထားတဲ့ ဆေးရောင်တွေ မကုန်သေးဘူး မဟုတ်လား၊ ဒီနေ့ ငါ ပန်းချီဆွဲမလို့"

ယခုနှစ်တွင် ခြံဝင်းထောင့်၌ နှင်းဆီပန်းများ အများအပြားစိုက်ပျိုးထားသည်။ ဤပန်းများသည် ပွင့်ချိန်ကြာမြင့်ပြီးစက်တင်ဘာလအထိ တောက်လျှောက် ပွင့်နေတတ်ကာ ယခုအချိန်တွင် အလှဆုံး ပွင့်နေကြသည်။

ဤမျှ လှပနေသည်ကို ပန်းချီမဆွဲဘဲ ထားလိုက်ရလျှင် နှမြောစရာပင်။

ပြောရလျှင် ဤပန်းများကို နင်ချန်က ပန်းဥယျာဉ်မှ လူများကိုလာရောက် စိုက်ပျိုးခိုင်းခြင်း ဖြစ်သည်။ အားကြီးသောကျားနှင်းဆီနမ်းရှိုက်နေသော ပုံ' ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ထိုအမျိုးသားက သူမသည် နှင်းဆီပန်းကို ကြိုက်နှစ်သက်သည်ဟုထင်မြင်နေပုံရသည်။

ပိုင်ရှုက မိန်းမစိုးလေးနှစ်ယောက်ကို စားပွဲ၊ ကုလားထိုင်နှင့်စာရေးကိရိယာများ သယ်လာရန် ညွှန်ကြားလိုက်ပြီး ယဲ့ယွင်ကစုတ်တံကို ကိုင်လိုက်သည်။

တစ်နာရီခန့် အကြာတွင် နှင်းဆီပန်းချီကားတစ်ချပ် ပြီးစီးသွားသည်။

စာရေးရန် စုတ်တံကို မ လိုက်ပြီး ရေးသားလိုက်သည်မှာ - 'ကျောက်သလင်းလိုက်ကာ လှုပ်ရှား၊ လေပြေညင်း သွေးလာ၊စင်တစ်ခုလုံး နှင်းဆီပွင့်၊ ခြံဝင်းအပြည့် မွှေးပျံ့'။

လက်မှတ် - ချင်းချင်း။

စုတ်တံကို ချပြီးနောက် ယဲ့ယွင်သည် ကျေနပ်စွာ လက်ခုပ်တီးလိုက်ပြီး မျက်ခုံးပင့်ကာ၊ "အခြောက်ခံပြီး လိပ်လိုက်၊ ပြီးရင်အရှင်မင်းကြီးဆီ သွားပို့ပေးလိုက်ပါ၊ အရှင်မင်းကြီးကို ပြောလိုက်၊ ခြံထဲမှာ နှင်းဆီပန်းတွေပဲ ရှိလို့ အရှင်မင်းကြီး ရှုစားဖို့နှင်းဆီပန်းပဲ ဆွဲပေးလိုက်တယ်လို့"

ပိုင်ရှုက ဟီးခနဲ ရယ်လိုက်ပြီး ချက်ချင်း လက်ယှက်ကာ၊"ကျွန်တော်မျိုး သဘောပေါက်ပါပြီ၊ ကျယ်ယွီ စိတ်ချပါ"

……

နာရီဝက်ခန့် အကြာတွင် ထိုပန်းချီကားသည် နင်ချန်၏ စာကြည့်စားပွဲပေါ်သို့ ရောက်ရှိလာသည်။

နင်ချန်သည် လက်မှတ်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်များအလိုအလျောက် ကွေးတက်သွားသည်။ မျက်လုံးအိမ်ကိုအနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး လက်မှ ကျောက်စိမ်းလက်စွပ်ကို လှည့်ကစားရင်း ပါရှန်းကြောင်တစ်ကောင်လို ပျင်းရိလေးတွဲ့စွာ ပြောလိုက်သည်။

"ဒီမိန်းကလေးကို ကြည့်စမ်း၊ ကျန်းကို ပန်းချီပေးတာက အယောင်ပြတာ၊ ကျန်းက သူ့ကို ပန်းပို့ပေးစေချင်တာက အမှန်ပဲ"

"ဟီးဟီး... အရှင်မင်းကြီး၊ အခုအချိန်က သစ်ခွပန်းတွေ ပွင့်နေတဲ့အချိန်ပါ၊ ပြီးတော့ ငြိမ်းချမ်းရေးပန်း၊ လီလီပန်း၊ ပုလဲပန်း၊နှင်းပန်းတွေလည်း ရှိပါသေးတယ်၊ ယွီရှို့အဆောင်ကို နှစ်အိုးလောက် ပို့ပေးလိုက်မလား" ယွမ်ကျိုက မျက်လုံးမှေးစင်းလျက်ပြုံးဖြဲဖြဲဖြင့် မေးလိုက်သည်။

နင်ချန် မျက်ခုံးပင့်လိုက်ပြီး၊ "သူက ပန်းတွေဝေဆာနေတာကိုကြိုက်မှတော့ ပန်းဥယျာဉ်ကို ကြည့်ပြီး ပို့ခိုင်းလိုက်ပါ၊ ဘာပန်းရယ်လို့ မသတ်မှတ်ပါဘူး၊ သူသဘောကျရင် ပြီးတာပဲ၊သစ်ခွပန်းကတော့ ရှားပါးတော့ သူ့အဆောင်ကို နှစ်အိုး ပို့ပေးလိုက်ပါ"

ယွမ်ကျိုက အမိန့်ကို နာခံပြီး ချက်ချင်းပင် စီစဉ်ခိုင်းလိုက်သည်။

မကြာမီ ပန်းဥယျာဉ်မှူး ကိုယ်တိုင် ဦးဆောင်ပြီး လူတစ်သိုက်သည် လက်တွန်းလှည်းဖြင့် ပန်းအိုးများစွာ တင်ဆောင်ကာ ယွီရှို့အဆောင်သို့ သွားကြလေသည်။

"ဒီလောက်တောင် များတာလား၊ ဒီချန်းချဲ့က အရှင်မင်းကြီးကိုအဲဒီစကား မပြောခဲ့သင့်ဘူး၊ အခုတော့ လက်ညောင်းအောင် ဆွဲရတော့မယ်" ယဲ့ယွင်က ယပ်တောင်ခတ်ရင်း ပြုံးလျက် ပြောလိုက်သည်။

ပန်းဥယျာဉ်မှူးက အလျင်အမြန် မျက်နှာချိုသွေးကာ၊"အရှင်မင်းကြီးက ကျယ်ယွီကို ချစ်မြတ်နိုးလို့ပါ၊ ကျွန်တော်မျိုးတို့ကို အထူးတလည် ရွေးချယ်ခိုင်းထားတာပါ၊ ဒီတစ်လှည်းလုံးထဲက ဘယ်ဟာကို ကြိုက်လဲ ကြည့်ပါဦး၊ ကျွန်တော်မျိုးတို့နောက်ထပ် ယူလာပေးပါ့မယ်၊ ဒါပေမဲ့ သစ်ခွပန်းက ရှားပါးလို့နှစ်အိုးပဲ ရှိပါတယ်"

"သစ်ခွပန်းလည်း ပါတယ်လား" ယဲ့ယွင်၏ မျက်လုံးများအရောင်လက်သွားသည်။ "ဒါက တကယ်ကို ရှားပါးတာပဲ၊ အဲဒီသစ်ခွပန်းကို အရင်ဆုံး ကျွန်မအခန်းထဲ သယ်သွားလိုက်၊ ကျန်တဲ့အထဲက နှင်းပန်းနဲ့ ပုလဲပန်း နည်းနည်း ချန်ထားခဲ့၊ ကျန်တာတွေ မလိုတော့ဘူး"

ပြီးမှ ဆက်ပြောသည်၊ "ဒီပန်းတွေကို တိုက်ရိုက် ပြောင်းစိုက်လို့ရမလား၊ ဒီခြံဝင်းနံရံအောက်ခြေမှာ ပန်းခင်းလေးတွေ လုပ်ပြီးမြေကြီးဖို့ပြီး တိုက်ရိုက် စိုက်လိုက်ချင်လို့"

"သေချာပေါက် ရတာပေါ့၊ ကျွန်တော်မျိုး ခဏနေ လူလွှတ်ပြီးမယ်မယ့်အတွက် လုပ်ပေးခိုင်းလိုက်ပါ့မယ်၊ ဒါပေမဲ့ အချိန်နည်းနည်းတော့ ပေးရပါမယ်၊ နှစ်ရက်သုံးရက်လောက်တော့ ကြာလိမ့်မယ်" ဥယျာဉ်မှူးက ဖော်ရွေစွာ ပြောလိုက်သည်။

ယဲ့ယွင် ကျေနပ်သွားပြီး ဂရုမစိုက်သလို လက်ကာပြလိုက်သည်။"ကိစ္စမရှိပါဘူး၊ ပြီးသွားရင် ရပြီ၊ ကုန်းကုန်း ပင်ပန်းပါပြီ၊ ဒီလက်ဖက်ရည်ဖိုးလေးကို လက်ခံပေးပါဦး"

ပြောပြီးသည်နှင့် နန်ကျစ်ကို အောက်ခြေလူများအား ငွေအိတ်ဝေပေးရန် အချက်ပြလိုက်သည်။

ခေါင်းဆောင်ဖြစ်သူ ဥယျာဉ်မှူးကို ငွေဆယ်ကျပ်သား ပေးပြီးကျန်မရှိပေ။ ပန်းသယ်လာသူများကို တစ်ယောက်လျှင် သုံးကျပ်သား ပေးလိုက်သည်။

ဤမျှ ရက်ရက်ရောရော ပေးကမ်းမှုကြောင့် ထိုလူများ၏ ပါးစပ်မှာ နားရွက်တက်ချိတ်မတတ် ပြုံးပျော်သွားကြသည်။

ယွီရှို့အဆောင်သို့ ဤမျှ ပန်းများ သိုက်သိုက်ဝန်းဝန်းသယ်ဆောင်လာသည်ကို အပြင်လူများ ဖုံးကွယ်ထား၍ ရမည်မဟုတ်ပေ။

…..

ချီနင်နန်းဆောင်။

မယ်တော်ကြီးသည် ကုလားထိုင်တွင် မှီထိုင်နေပြီး အစေခံမလေးတစ်ယောက်က ခေါင်းနှိပ်ပေးနေသည်။

အသက်ကြီးလာသည်နှင့်အမျှ မကြာခဏ ခေါင်းကိုက်တတ်လာသည်။ အထူးသဖြင့် မကြာသေးမီက အရှင်မင်းကြီးနှင့် ဆက်ဆံရေး တင်းမာလာသဖြင့် သူမ ပို၍ စိတ်ပူပန်နေရသည်။

သူမ၏ အစ်ကိုအရင်းမှာ အသက်ကြီးလာပြီဖြစ်ပြီး တရားဝင်တူဖြစ်သူမှာလည်း အရည်အချင်း မရှိလှပေ။ တူမဖြစ်သူမှာလည်းအချစ်မခံရသဖြင့် နောင်တစ်ချိန် သူမ သေဆုံးသွားလျှင် ချန်မိသားစု၏ စည်းစိမ်ချမ်းသာ မည်သို့ ဆက်လက် တည်တံ့နိုင်ပါ့မလဲ။

ချန်ရှန်ရိကတော့ မျိုးကောင်းမည့်ပုံ ပေါ်သော်လည်း မယားငယ်မွေးသော သားဖြစ်နေသည်။ ဂုဏ်သရေရှိ အိမ်တော်ကြီးများသည် မယားငယ်မွေးသော သားသမီးများကို အလေးမထားတတ်ကြပေ။ မယားငယ်မွေးသော သားတစ်ယောက်ကိုအိမ်ထောင်ဦးစီးအဖြစ် တင်မြှောက်လိုက်လျှင် လူအများ၏လှောင်ပြောင်စရာ ဖြစ်မနေပေဘူးလား။

"မယ်တော်ကြီး... အရှင်မင်းကြီးက မင်ကျယ်ယွီကို ပစ္စည်းတွေထပ်ပြီး ဆုချလိုက်ပြန်ပြီ" ဖုမားမား အပြင်မှ ဝင်လာပြီး လက်ထဲတွင် ဆေးခွက် ကိုင်ဆောင်ထားသည်။

ဒီရက်ပိုင်း မယ်တော်ကြီး အသည်းမီးဟပ်နေသဖြင့် တိုင်းရင်းဆေးပညာဌာနမှ ဆေးဖော်ပေးထားခြင်း ဖြစ်သည်။

"ဘာဆုချတာလဲ"

"သိပ်တန်ဖိုးကြီးတာတော့ မဟုတ်ပါဘူး၊ ပန်းဥယျာဉ်က ပန်းတွေအများကြီး သယ်သွားခိုင်းတာပါ၊ လမင်းအောက်က အလှမယ်(သစ်ခွပန်း) နှစ်အိုးလည်း ပါပါတယ်၊ ဒီတစ်ခေါက် ယွီရှို့အဆောင် တစ်နေရာတည်းကိုပဲ ပေးတာပါ၊ တခြားဘယ်နေရာမှမပေးပါဘူး" ဖုမားမားက အမှန်အတိုင်း ပြောပြလိုက်သည်။

မယ်တော်ကြီး မျက်လုံးဖွင့်လိုက်ရာ ဝါးတားတား ဖြစ်နေသောမျက်လုံးများထဲတွင် စူးရှသော အရောင်တစ်ချက် ပေါ်လာသည်။"ဒီ ယဲ့မျိုးရိုးက ပိုပိုပြီး အချစ်တော်

ဖြစ်နေပါလား၊ အိုက်ကျားမှတ်မိသလောက် ဒီတစ်ခေါက် နာမည်ရသွားတဲ့ ချူမိသားစုကသူ့အဘိုးအိမ်လေ၊ သူ့ဝမ်းကွဲအစ်ကို နှစ်ယောက်လည်း နန်းတွင်းအရာရှိ ဖြစ်လာပြီဆိုတော့ အရှင်မင်းကြီးက မြှောက်စားချင်နေတာပဲ"

မှန်ပါသည်။ မည်သူမဆို ဧကရာဇ် ဖြစ်လာလျှင် ကိုယ်ပိုင်ယုံကြည်စိတ်ချရသူများကို မွေးထုတ်ချင်ကြသည်သာ။ နန်းတွင်းမှ ဝါရင့်အမတ်ကြီးများသည် လူလည်ကြီးများ ဖြစ်နေကြပြီဖြစ်ရာ ထိန်းချုပ်ရ ခက်ခဲသည်။

ဖုမားမားသည် မျက်လွှာချလိုက်ပြီး ချင့်ချိန်ကာ ပြောလိုက်သည်။

"ဒီ မင်ကျယ်ယွီက ဖခင်ဘက်က အထောက်အပံ့ မရှိဘဲလူငယ်ဝမ်းကွဲအစ်ကိုတွေလောက်နဲ့တော့ နန်းတွင်းမှာ ရပ်တည်ဖို့မလွယ်ပါဘူး၊ တကယ်လို့သာ နယ်စားမင်းက ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုရင်..."

"အိုက်ကျား အစကတည်းက စုယွီကို သူနဲ့ မိတ်ဖွဲ့ဖို့ လွှတ်ပြီးပြီ၊ဟွန်း... သူက အဲဒီတုန်းကတည်းက လက်မခံခဲ့ဘူး၊ အခုအချစ်တော် ဖြစ်လာတော့ ပိုလို့တောင် လက်ခံမှာ မဟုတ်ဘူး"

မယ်တော်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲမှ ပုတီးကို ဘေးသို့ ပစ်ချလိုက်သည်။

"အိုက်ကျား အခုတော့ သဘောပေါက်ပြီ၊ ဒီ ယဲ့မျိုးရိုးက မာနကြီးတဲ့ စိတ်ဓာတ်ရှိတယ်၊ ဘယ်သူ့ကိုမှ မျက်နှာလိုမျက်နှာရ လုပ်ချင်မှာ မဟုတ်ဘူး၊ ဟို ဝမ်ရှို့ယွမ်ကို ကြည့်လေ၊ ကလေးမွေးပြီးပြီ၊ ရာထူးလည်း သူ့ထက်မြင့်တယ်၊ ဒါပေမဲ့ နှစ်ယောက်သားကမဟာမိတ်လောက်ပဲ ဖွဲ့ထားတာ၊ ဝမ်မျိုးရိုးကတောင် ယဲ့မျိုးရိုးကိုအဓိကထားတဲ့ပုံ ပေါက်နေသေးတယ်၊ ဒီလောက် ကိုယ်ပိုင်ဆုံးဖြတ်ချက် ခိုင်မာတဲ့ မိန်းကလေးကို အိုက်ကျား အစကလျှော့တွက်မိခဲ့တာပဲ"

"သူက အခုတလော အရှင်မင်းကြီးရဲ့ အချစ်တော်ဖြစ်နေတာဆိုတော့ ကျွန်တော်မျိုးမ အထင်တော့ မယ်တော်ကြီးအနေနဲ့နည်းနည်းလောက် သဘောကောင်းပြလိုက်ရင် အရှင်မင်းကြီးနဲ့ဆက်ဆံရေး ပြေလည်သွားနိုင်ပါတယ်" ဖုမားမားက သတိထားပြီး လျှောက်တင်လိုက်သည်။

သို့သော် ထိုစကားတစ်ခွန်းက မယ်တော်ကြီးကို ဒေါသထွက်စေခဲ့သည်။

"အိုက်ကျားက သူ့ရဲ့ အမေအရင်းပဲ! သူက ဧကရာဇ် ဖြစ်နေရင်တောင် အိုက်ကျား ဗိုက်ထဲက ထွက်လာတာ၊ အမြဲတမ်း အိုက်ကျားကိုပဲ ခေါင်းငုံ့ခိုင်းနေတယ်၊ လောကမှာ အမေက သားကိုခေါင်းငုံ့ရတယ်ဆိုတဲ့ ထုံးစံ မရှိဘူး၊ အိုက်ကျား မွေးမပေးရင် သူဒီပလ္လင်ပေါ် ထိုင်နိုင်ပါ့မလား၊ ဘာဖြစ်လို့ သူ့ဦးလေးအပေါ်ကောင်းကောင်း မဆက်ဆံနိုင်ရတာလဲ၊ ဘာလို့ သူ့ဝမ်းကွဲညီမလေးကို ဂရုမစိုက်နိုင်ရတာလဲ"

ဖုမားမား စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ထိုအကြောင်းကိုဆက်မပြောတော့ဘဲ မယ်တော်ကြီး ဆေးသောက်ရန် ပြုစုပေးလိုက်သည်။

"သူ အခု ယဲ့မျိုးရိုးကို ချစ်မြတ်နိုးနေပေမဲ့ နောက်ဆို တခြားလူတွေ ရှိလာဦးမှာပဲ၊ ယဲ့မျိုးရိုးရဲ့ ဒီလို သိုက်သိုက်ဝန်းဝန်းအခြေအနေက ဘယ်လောက်ကြာကြာ ခံမလဲဆိုတာ အိုက်ကျားစောင့်ကြည့်ရသေးတာပေါ့"

မယ်တော်ကြီးက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

အခြေအနေ ဒီလိုဖြစ်လာမှတော့ ဖုမားမားလည်း ပြောစရာစကားမရှိတော့ပေ။ မယ်တော်ကြီးက အရှင်မင်းကြီးကို အမြဲတမ်းထိန်းချုပ်ချင်နေသော်လည်း အရှင်မင်းကြီးက ကလေးမှ မဟုတ်တော့တာ၊ ဘယ်လိုလုပ် သူမစကားကို အပြည့်အဝ နားထောင်ပါ့မလဲ။

သူမ လုပ်နိုင်သည်မှာ မယ်တော်ကြီး လွန်လွန်ကဲကဲ မလုပ်မိအောင် အနည်းငယ် ဖျောင်းဖျရုံသာ ရှိသည်။

ထိုအချိန်တွင် မယ်တော်ကြီး တတွတ်တွတ် ပြောဆိုနေသော ယဲ့ယွင်သည် အခေါ်တော် လွှတ်လိုက်သဖြင့် ကျိုချန်နန်းဆောင်သို့အိပ်ဆောင်ဝင်ရန် ရောက်ရှိနေပြီ ဖြစ်သည်။

ဒီရက်ပိုင်း နင်ချန်က ယွီရှို့အဆောင်သို့ လာသည်သာ များပြီးသူမကို ဟိုဘက် ခေါ်သည်မှာ ရှားသည်။

***

All Chapters