← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 8 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 8 Ch. 127-128

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-127

အခန်း ၁၂၇ ။ မီးလောင်ရာ လေပင့်ခြင်း

"ပန်ကုန်း ယန်ပေါင်လင်ကို သွားကြည့်လိုက်ဦးမယ်၊ မင်းက ဟိုဒုန်းအော် မြည်းသားရေခဲကျောက်ကျော ပန်းကန်ကို ယူလာခဲ့လိုက်" မိဖုရားခေါင်ကြီး ထရပ်လိုက်သည်။

စုချင်က ခေါင်းညိတ်ပြီး မီးဖိုဆောင်ငယ်ဘက်သို့ အရင် သွားလိုက်သည်။

အရှေ့ဘက်ဆောင်တွင် ယန်မျိုးရိုး ပန်းထိုးနေသည်။ကိုယ်ဝန်ဆောင်ကာလတွင် အခြားလုပ်စရာ ဘာမှမရှိသဖြင့်ဗိုက်ထဲမှ ကလေးအတွက် အဝတ်အစား၊ ဖိနပ်၊ ခြေအိတ်များချုပ်လုပ်ပေးနေခြင်း ဖြစ်သည်။

"ပေါင်လင်... မိဖုရားခေါင်ကြီး ရောက်လာတယ်" အစေခံမလေးရှီးချွယ် ဝင်လာပြီး ပြောလိုက်သည်။

ယန်မျိုးရိုး ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လက်ထဲမှ ပစ္စည်းများကို ချကာ ကြိုဆိုရန် ထွက်လာခဲ့သည်။

"မယ်မယ့်ကို ဒီချန်းချဲ့ ဂါရဝပြုပါတယ်" ယန်မျိုးရိုးက ခါးကိုကိုင်လျက် ဦးညွှတ်ရန် ပြင်လိုက်သည်။

မိဖုရားခေါင်ကြီးက သူမကို လှမ်းတွဲထားလိုက်ပြီး၊ "မလိုပါဘူး၊ဒီမှာ တခြားလူမှ မရှိတာ၊ မင်းနဲ့ ငါက ညီအစ်မ ဝမ်းကွဲတွေပဲ၊ ဒီလို စည်းမျဉ်းစည်းကမ်းတွေကို ဂရုစိုက်နေစရာ မလိုပါဘူး"

"မယ်မယ့် မေတ္တာက ကြီးမားပါတယ်၊ ဒါပေမဲ့ ဒီချန်းချဲ့ကအဆင့်အတန်း ကွာခြားမှုကို သိတဲ့အတွက် စည်းကမ်းမဖောက်ဖျက်ရဲပါဘူး" ယန်ပေါင်လင်က တိုးတိုးလေး ပြောလိုက်သည်။

"မင်းက အမြဲတမ်း လိမ္မာတယ်"

ဒီသဘောထားကို မိဖုရားခေါင်ကြီး သဘောကျသည်။

အခန်းထဲ ဝင်ရောက်ပြီး လက်ဖက်ရည် ထည့်ပေးကာ ထိုင်လိုက်ကြသည်။ မိဖုရားခေါင်ကြီးသည် မြည်းသားရေခဲကျောက်ကျောကို ယူလာခိုင်းပြီး ယန်မျိုးရိုး စားသောက်သည်ကို ထိုင်ကြည့်နေလိုက်သည်။

"ဒီ ရေခဲကျောက်ကျောက အားအရှိဆုံးပဲ၊ မင်း အခု ကိုယ်ဝန်ရင့်လာပြီဆိုတော့ အစားအသောက်ကို ပိုပြီး ဂရုစိုက်ရမယ်၊ ဒါပေမဲ့ရှဝမ်ရုန်ရဲ့ သင်ခန်းစာကို ယူပြီးတော့ လွန်လွန်ကဲကဲ အားမရှိစေနဲ့ဦး"

ယန်မျိုးရိုး ခေါင်းညိတ်လိုက်ပြီး၊ "ဒီချန်းချဲ့ နားလည်ပါတယ်၊မယ်မယ့် ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်"

ရှဝမ်ရုန်၏ ကလေး ဆုံးပါးသွားပုံကို ပြန်စဉ်းစားမိလျှင် ယန်မျိုးရိုး ထိတ်လန့်သွားသည်။ ဗိုက်ထဲတွင် အသက်ရှူကျပ်ပြီးသေဆုံးသွားမှ မွေးလာရသည့် လစေ့နေသော ကလေးတစ်ယောက် ဖြစ်သည်။ ဘယ်လောက်သနားစရာကောင်းလိုက်သလဲ။

ရှဝမ်ရုန်၏ ခန္ဓာကိုယ်လည်း ပျက်စီးသွားပြီး နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်တော့မည် မဟုတ်ပေ။

သို့သော် ရှမျိုးရိုးသည် တည်ငြိမ်သည်။ ရက်ပေါင်း ခြောက်ဆယ် မီးနေပြီး ထွက်လာသောအခါ ဘာမှမဖြစ်သလိုပင်။

သို့သော် တိတ်တဆိတ် ယုတ်မာသော အကြံအစည်များ ရှိခဲ့သည့် စွန်းရှိုးယီ ကမူ ကံမကောင်းခဲ့ပေ။ ပလိပ်ရောဂါကြောင့် မသေသော်လည်း ယခုထိ ပြန်မကျန်းမာသေးပေ။

ရောဂါဖြစ်စဉ်က မျက်နှာပေါ်တွင် အနာများ ပေါက်ခဲ့သဖြင့်အမာရွတ်ကျန်မည်ကို စိုးရိမ်ရသည်။ အကုန်ပျောက်ကင်းမှသာလူကြားထဲ ထွက်လာမည့်ပုံ ပေါ်သည်။

မနှစ်က စွန်းမိသားစုဝင် ကပြဖျော်ဖြေခဲ့စဉ်က မည်မျှတောက်ပသော မိန်းကလေး ဖြစ်ခဲ့သလဲ။ သူမ၏ ဂုဏ်သတင်းကိုပင် လုယူနိုင်ခဲ့ပြီး 'ယန်' ဆိုသော ဘွဲ့ထူးကိုပင် ရရှိခဲ့သေးသည်။ ယခု တစ်နှစ်သာ ရှိသေးသော်လည်း ဤအခြေအနေသို့ရောက်ရှိသွားခဲ့ပြီ။

ထိုအဖြစ်အပျက်များကို တွေးမိတိုင်း ယန်ပေါင်လင် စိတ်ထဲတွင်ကြောက်လန့်နေမိသည်။

သူမသည် တော်သောလူ မဟုတ်ပေ။ စိတ်သဘောထား ပျော့ညံ့သဖြင့် မိဖုရားခေါင်ကြီးကိုသာ မှီခိုချင်သည်။

ရှဲ့မိသားစု ရွေးချယ်မှု မှန်ကန်ပါသည်။ ယန်မျိုးရိုးကို ကလေးမွေးစက်အဖြစ် ပို့လိုက်ခြင်းသည် အလွန် သင့်တော်ပေသည်။

မိဖုရားခေါင်ကြီးသည် ထိုနေရာတွင် အကြာကြီး မနေပေ။ လူနာမေးပြီးသည်နှင့် ပြန်သွားခဲ့သည်။

သို့သော် နောက်ပိုင်းတွင် တိုင်းရင်းဆေးပညာဌာနသို့ လူလွှတ်ကာ ယန်မျိုးရိုး၏ ဗိုက်ကို တာဝန်ယူသော သမားတော်အားအကြောင်းအရာအချို့ မေးမြန်းစေခဲ့သည်။

သတင်းအချို့ကိုမူ ဘေးလူများ သိခွင့်မရှိပေ။

သို့သော် လူတိုင်း သိနိုင်သော အခြားသတင်းများလည်း ရှိသေးသည်။

……

ယဲ့ယွင်သည် လက်အောက်ငယ်သားများ၏ သတင်းပို့မှုကိုနားထောင်နေသည်။

"ကျွန်မ မေးကြည့်လိုက်ပါပြီ၊ ဇွန်လကနေ အခုထိ ယိမိန်ရန်ရာသီမလာသေးပါဘူး၊ အစားအသောက်ကလည်း ဇူလိုင်လကစပြီး အထူးဂရုစိုက်လာပါတယ်၊ ဒါပေမဲ့ အဲဒီတုန်းက ပလိပ်ရောဂါဖြစ်နေတော့ နန်းတွင်းထဲမှာ လူတိုင်း စိတ်လှုပ်ရှားနေကြလို့ဘယ်သူမှ သတိမထားမိကြပါဘူး၊ ရှိနေတာ သေချာသလောက်ပါပဲ"

"ဇူလိုင်လကစပြီး ဂရုစိုက်တယ်ဆိုတော့ ဇွန်လမှာ ကိုယ်ဝန်ရပြီးဇူလိုင်လမှာ သိတာပေါ့၊ ဟွန်း... ပလိပ်ရောဂါ မဖြစ်ခင် အချိန်လေးပဲ" ယဲ့ယွင် ယပ်တောင်ခတ်ရင်း မျက်လုံးထောင့်စွန်းများပင့်တက်သွားသည်။

ဒီနေ့ ဖုန်းရှီးနန်းဆောင်တွင် ယိမိန်ရန် လက်ဖက်ရည်နှင့် မုန့် လုံးဝမစားသည်ကို သူမ အထူးတလည် သတိထားကြည့်ခဲ့သည်။

ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ မနက်ခင်း ဖုန်းရှီးနန်းဆောင်ကိုအဝေးကြီး လမ်းလျှောက်လာပြီး ရေနွေးတစ်ငုံတောင် မသောက်ချင်ဘူး ဆိုတာ ထူးဆန်းလွန်းသည်။

ကြည့်ရတာ သေချာနေပြီပဲ။

"ငါ ဒီရက်ပိုင်း ပစ်မှတ်အဖြစ် အတော်ခံနေရပြီးပြီ၊ အခုတော့နောက်ဆုတ်ပေးသင့်ပြီ၊ ပလိပ်ရောဂါ ပြီးခါစ ဆောင်းဦးရာသီတော်ဝင်စားသောက်ပွဲလည်း ကျင်းပတော့မယ်ဆိုတော့ ယိမိန်ရန် ကိုယ်ဝန်ရှိတဲ့ သတင်းကို ထုတ်ပြောပြီး အားလုံးနဲ့အတူ ဂုဏ်ပြုသင့်တယ်"

ယဲ့ယွင်သည် လက်ချောင်းလေးများကို ကွေးလိုက်ပြီးကုလားထိုင်လက်တန်းကို တဒေါက်ဒေါက် ခေါက်ရင်း မျက်လုံးထဲတွင် ဉာဏ်များသော အရိပ်အယောင်များ ပေါ်လာသည်။

ဝူမျိုးရိုးသည် နန်းတွင်းရောက်ကတည်းက

မျက်နှာသာအဆက်မပြတ် ပေးခံခဲ့ရသူ ဖြစ်သည်။ ယိမိန်ရန်၏ မီးဖိုလေးဟုန်းဟုန်းတောက်လောင်လာအောင် သူမ မီးထိုးပေးလိုက်ရန်ဆုံးဖြတ်လိုက်သည်။ သို့မှသာ လူတိုင်းက ယွီရှို့အဆောင်ကို အာရုံစိုက်ခြင်း လျော့ကျသွားမည်ဖြစ်သည်။

ဒီတစ်ခေါက် ဆောင်းဦးရာသီပွဲတော်တွင် ချူမိသားစု ကိစ္စအဖြေပေါ်လာလောက်သည်။ တကယ်လို့ ကာပေးမယ့် ပစ်မှတ်တစ်ခုကို ဆွဲမထုတ်ဘူးဆိုရင် သူမ နာမည်ကြီးလွန်းသွားလိမ့်မည်။

သစ်ပင်ကြီးလေ လေတိုက်လေ ဆိုသလို သူမ လူတိုင်း၏ပစ်မှတ် မဖြစ်ချင်ပေ။

စိတ်ထဲတွင် ထိုသို့ တွေးထားသည့်အတိုင်း လက်တွေ့တွင်လည်းသေသပ်စွာ လုပ်ဆောင်ခဲ့သည်။

……

ဆောင်းဦးရာသီ တော်ဝင်စားသောက်ပွဲ ကျင်းပသည့်နေ့တွင် ယဲ့ယွင် စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။

ယနေ့သည် ပလိပ်ရောဂါ ပြီးဆုံးပြီးနောက် ပထမဆုံး ကြီးကျယ်ခမ်းနားသော စားပွဲဝိုင်းဖြစ်သဖြင့် တက်ရောက်လာသောအမျိုးသမီးများသည် အစွမ်းကုန် ပြင်ဆင်လာကြသည်။

မိဖုရားခေါင်ကြီးသည် ငှက်ပေါင်းအရှင် သခင်မပုံ ရောင်စုံပိုးထည် စကတ်ကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ပုလဲများစီခြယ်ထားသော ကိုးမြီးဖီးနစ် ဆံထိုးကို ပန်ဆင်ထားရာကျက်သရေရှိပြီး ထည်ဝါလှသည်။

ဝမ်သယ့်ဖေးသည် ရေကန်ပြာရောင် နှင်းဆီပိတ်ပါး ဝတ်ရုံကိုဝတ်ဆင်ထားသည်။ အရောင်မှာ ဖျော့တော့သော်လည်း သေချာကြည့်လျှင် ငွေချည်များဖြင့် နှင်းကြာပွင့်လေးများ ထိုးထားသည်ကို တွေ့ရပြီး လမ်းလျှောက်လိုက်တိုင်း အလင်းပြန်ကာ တစ်မူထူးခြား လှပနေသည်။

ယဲ့ယွင်ကမူ ယနေ့တွင် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသောလမ်းစဉ်ကို ရွေးချယ်ထားသည်။ ရှန်ဖေးရောင် ရွှေချည်ထိုး ပိတ်ပါးစကတ်ပေါ်တွင် လိပ်ပြာနှင့် ပန်းပွင့်ပုံများ ထိုးထားပြီး ပခုံးမှခြေဖျားအထိ အရောင်နုမှ ရင့်သွားကာ စကတ်အနားတွင် ရွှေချည်များ ရောယှက်ထားသဖြင့် ပန်းပွင့်ထဲမှ ထွက်ပေါ်လာသောနတ်သမီးလေးနှင့် တူနေသည်။

ပန်းပွင့်ထဲမှ မွေးဖွားလာသော နတ်သမီးလေးဟု ခေါ်လျှင်ပင် မမှားနိုင်ပေ။

ယွီရှို့အဆောင်မှ ထွက်လာစဉ်က ပုံပန်းသဏ္ဌာန် အလွန်လှပသော နှင်းဆီပန်းတစ်ပွင့်ကို ခူးပြီး ဆံထုံးတွင် ထိုးလာခဲ့သည်။ဤသဘာဝ ပစ္စည်းကို ကောင်းကောင်း အသုံးချတတ်လျှင် မည်သည့် လက်ဝတ်

ရတနာထက်မဆို ပိုလှပေသည်။

ယိမိန်ရန်လည်း သေချာ ပြင်ဆင်လာခဲ့သည်။ ကြာညိုရောင်တိမ်ကွက်ပုံ ပိုးသားစကတ်ကို ဝတ်ဆင်ထားပြီး သိုးအဆီကျောက် လက်ဝတ်ရတနာ အစုံအလင်ဖြင့် တွဲဖက်ထားရာသန့်ရှင်းစင်ကြယ်သော ပုံစံဖြစ်ပြီး ဝမ်သယ့်ဖေးနှင့် အနည်းငယ်ဆင်တူနေသည်။

စားပွဲဝိုင်း စတင်ပြီးနောက် တရားဝင် စကားအချို့ ပြောကြားပြီးသည့်အခါ ဂီတပညာရှင်များနှင့် ကချေသည်များက ဖျော်ဖြေတင်ဆက်ကြသည်။

ဒီတစ်ခေါက် ဆောင်းဦးရာသီ တော်ဝင်စားသောက်ပွဲအတွက်ဂီတအကဌာနမှ လူများ အတော် ကြိုးစားထားကြသည်။ အသစ်တီထွင်ထားသော အကမှာ အမှန်တကယ်ပင် ကြည့်ကောင်းလှသည်။

လေထု ကောင်းမွန်နေသဖြင့် မိသားစု အကြောင်းများ ပြောဖြစ်ကြသည်။

မယ်တော်ကြီးသည် လူကြီးဖြစ်သည့်အားလျော်စွာ ဦးစွာ စကားစလိုက်သည်။

"ခန်ဝမ်ဖေး နန်းတွင်းရောက်တာ ဒါ ဒုတိယအကြိမ်ပဲ ရှိသေးတယ် မဟုတ်လား၊ အချိန်အခါ မကောင်းလို့ ပလိပ်ရောဂါတွေဘာတွေနဲ့ ကြန့်ကြာသွားတာ၊ အိုက်ကျား မင်းကို နန်းတွင်းခေါ်ပြီးစကားမပြောဖြစ်ခဲ့ဘူး"

လူတိုင်း၏ အကြည့်များ ရောက်ရှိသွားရာ ကျက်သရေရှိပြီးသိမ်မွေ့သော အမျိုးသမီးတစ်ဦး ပြုံးရွှင်စွာ ထရပ်သည်ကို တွေ့လိုက်ရသည်။

"မယ်တော်ကြီး သတိရပေးတဲ့အတွက် ချွေးမတော် ဝမ်းသာမိပါတယ်၊ တကယ်လို့ မယ်တော်ကြီး ချွေးမတော်ရဲ့ စကားများတာကို မငြိုငြင်ဘူးဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် နန်းတွင်းဝင်ပြီးအဖော်ပြုပေးဖို့ အဆင်သင့်ပါပဲ၊ ချွေးမတော်လည်း မယ်တော်ကြီးရဲ့ ခြေရင်းမှာ ပြုစုချင်နေတာပါ"

ရွှီမျိုးရိုးသည် ဂုဏ်သရေရှိ အိမ်တော်ကြီးမှ မွေးဖွားလာသောသမီးဖြစ်ပြီး အပြောအဆို အနေအထိုင် အမှန်တကယ် မဆိုးလှပေ။ ရုပ်ရည်လည်း ချောမောသည်။

အခြားအရာများကို မဆိုထားနှင့်၊ ဤအရှိန်အဝါသည် တရားဝင်ဇနီးမယား ဖြစ်သင့်သော ပုံစံမျိုးပင်။

ထို့ပြင် မယ်တော်ကြီး၊ ချွေးမတော် ဟု တတွတ်တွတ် ခေါ်ဝေါ်နေပုံမှာ သူမသည် မယ်တော်ကြီး၏ သားအရင်း ချွေးမဟုပင်ထင်မှတ်ရသည်။

"ကောင်းတယ်... ကောင်းတယ်၊ မင်းကို ကြည့်ရတာ နှစ်လိုဖွယ်ကောင်းလိုက်တာ၊ ထိုင်ပါဦး" မယ်တော်ကြီးက ပြုံးလျက်လက်ကာပြလိုက်သည်။ "မင်းကလည်းမ်(မင်းသားခန်)ရဲ့ ဘေးမှာ ပြုစုနေတယ်ဆိုတော့ အိုက်ကျား စိတ်ချရပြီ၊ အိုက်ကျား မှတ်မိသလောက် ရှဲ့မိသားစုရဲ့ ပဉ္စမသခင်မလေး အိမ်တော်မဝင်ရသေးဘူး မဟုတ်လား၊ မင်းပဲ ပင်ပန်းခံပြီး မြန်မြန် စီစဉ်ပေးလိုက်ပါဦး၊ ဘာပဲဖြစ်ဖြစ် မိဖုရားခေါင်ကြီးရဲ့ ဝမ်းကွဲညီမမို့ လစ်ဟင်းလို့ မဖြစ်ဘူး"

ယဲ့ယွင် သစ်သီးဝိုင် သောက်နေရင်း မယ်တော်ကြီး စကားကိုကြားလိုက်ရသောအခါ သီးမလို ဖြစ်သွားသည်။

ကောင်းပါလေစွ။ ပျော်ရွှင်ကြည်နူးစရာ ဆိုတာ မရှိနိုင်တော့ပါဘူး။ မယ်တော်ကြီးက လူတွေကို အမြဲတမ်း စိတ်ဒုက္ခပေးချင်နေတာ၊ သားကို မဟုတ်ရင် ချွေးမကိုပေါ့။

ထင်ထားသည့်အတိုင်းပင် ခန်ဝမ်ဖေး၏ မျက်နှာပေါ်မှ အပြုံးရေးရေးမျှ ပျက်သွားသည်။ "မယ်တော်ကြီး ပြောတာ မှန်ပါတယ်၊ ချွေးမတော် သဘာဝကျကျ သေချာ စီစဉ်ပေးပါ့မယ်"

မိဖုရားခေါင်ကြီးသည် အိမ်ထောင်ရေး ကွဲပြားအောင် သွေးထိုးပေးသော ဤအဘွားကြီးကို မုန်းတီးလှသဖြင့် အခြေအနေကိုထိန်းရန် ဝင်ပြောလိုက်သည်။

"ဒါက အရေးတကြီး ကိစ္စ မဟုတ်ပါဘူး၊ ခန်ဝမ်နဲ့ ခန်ဝမ်ဖေးမင်္ဂလာဆောင်တာ မကြာသေးဘူး၊ ခန်ဝမ်ဖေးကလည်း မြို့တော်သူ မဟုတ်တော့ ပြင်ဆင်စရာတွေ အများကြီး ကျန်နေသေးမှာပါ၊ နောက်နည်းနည်း ကြာမှ စီစဉ်လည်း မနောက်ကျပါဘူး၊ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီး အမိန့်ထုတ်ပြီးသားပဲဟာ၊ ဒီအချိန်လေးလောနေစရာ မလိုပါဘူး"

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-128

အခန်း ၁၂၈ ။ ရာထူးတိုးမြှင့်ခြင်း

မိဖုရားခေါင်ကြီးသည် ခန်ဝမ်၏ဇနီးကို အငြိုးအတေး ထားရန်ရည်ရွယ်ချက်ရှိနေသည်။

နင်ချန်သည် ညီအစ်ကို မောင်နှမ သံယောဇဉ်ကို အလေးထားကြောင်း သူမ ကောင်းကောင်း သိသည်။ သူမ၏ ဝမ်းကွဲညီမကိုခန်ဝမ်အိမ်တော်သို့ ပို့ခြင်းသည် ခန်ဝမ်မိသားစု တစ်ခုလုံးကို ဆွဲဆောင်ရန် ဖြစ်သည်။ နောင်တစ်ချိန်တွင် ဦးလေးဖြစ်သူဧကရာဇ်မင်းမြတ်၏ အကူအညီ ရရှိပါက သူမ၏ ကလေးနန်းတက်ရေးအတွက် ပိုမို အထောက်အကူ ဖြစ်မည် မဟုတ်လား။

"မိဖုရားခေါင်ကြီး ပြောတာ မှန်ပါတယ်၊ အခုအချိန်က လောနေရမယ့်အချိန် မဟုတ်ပါဘူး၊ ခန်ဝမ် လက်ထပ်တာ မကြာသေးတော့အိမ်တော်တွင်း ကိစ္စတွေ အားလုံး အရင် အဆင်ပြေအောင် လုပ်ပြီးမှ လူသစ် လက်ခံတာ ပိုကောင်းပါတယ်" နင်ချန်ကအချိန်ကိုက် ဝင်ပြောလိုက်သည်။

ထိုက်ကွေ့ဖေးကလည်း ပြုံးရွှင်စွာဖြင့်၊ "ခန်ဝမ်ဖေးနဲ့ ယိဝမ်တို့ကအသက်အရွယ် သိပ်မကွာကြပါဘူး၊ နားမလည်တာ ရှိရင် မင်းရဲ့ဒုတိယရီးတော်ဆီ သွားမေးလို့ ရပါတယ်"

ယိဝမ် ဆိုသည်မှာ ဖိန်ဝမ်၏ တရားဝင်ဇနီး ဖန်းမိသားစုဝင်ဖြစ်သည်။

အမည်တပ် ခေါ်ခံရသဖြင့် ဖန်းမိသားစုဝင် ပြုံးလျက် ထရပ်လိုက်သည်။ "ကျွန်မကတော့ အမြဲတမ်း ပျော်ပျော်ပါးပါး နေတတ်သူပါ၊ ညီမတော် ကျွန်မအိမ်ကို မကြာခဏ လာလည်နော်"

နင်ရွေ့ကလည်း ဝင်ပြောပြန်သည်။ "ဝေအာရဲ့ စိတ်နေစိတ်ထားက ပေါ့ပါးသွက်လက်ပါတယ်၊ ဒုတိယမရီးတော် သူ့ကို သင်ပေးပါဦး၊ ကျွန်တော်လည်း ဒုတိယအစ်ကိုနဲ့ စစ်တုရင် မကစားရတာကြာပြီ၊ နောက်နေ့ကျမှ အတူသွားကြတာပေါ့"

"ကောင်းပြီ... ကောင်းပြီ၊ မင်းတို့ လင်မယား အတူ လာခဲ့ကြ၊မင်းရဲ့ ဒုတိယရီးတော်ကို ဟင်းကောင်းတွေ ချက်ခိုင်းလိုက်မယ်" နင်ဟောက်က သဘောထားကြီးစွာ လက်ကာပြလိုက်သည်။

လူတစ်စုလုံးသည် လင်မယား ချစ်ခင်ကြင်နာမှု၊ ညီအစ်ကိုမောင်နှမ သင့်မြတ်မှုများကို ပြသနေကြသည်။

နောက်ဆုံးတွင် မယ်တော်ကြီး စခဲ့သော အကြောင်းအရာကိုကျော်လွှားနိုင်ခဲ့လေသည်။

သို့သော် မယ်တော်ကြီး၏ မျက်နှာထားမှာ သိပ်မကောင်းလှပေ။သို့သော်လည်း မျက်နှာပေါ်တွင် အပြုံးတစ်ခု တပ်ဆင်ထားဆဲပင်။

ယဲ့ယွင် ဘေးမှ အကဲခတ်နေရင်း ဖိန်ဝမ်သည် ထိုက်ကွေ့ဖေးနှင့်မတူကြောင်း တွေးမိသည်။ ဖိန်ဝမ်၏ မျက်နှာထားမှာ နူးညံ့သိမ်မွေ့ပြီး သဘောကောင်းမည့်ပုံ ပေါ်သည်။ သူ၏မိခင် ထိုက်ကွေ့ဖေးကဲ့သို့ ကြင်နာချင်ယောင်ဆောင်သော်လည်း မျက်လုံးများ စူးရှထက်မြက်ခြင်း မရှိပေ။

ယခု သေချာ နှိုင်းယှဉ်ကြည့်လိုက်လျှင် ယောင်ရှို့ယီ ဆိုသောတူမကသာ ထိုက်ကွေ့ဖေးနှင့် ပိုတူကြောင်း တွေ့ရသည်။

ယောင်မိသားစု၏ ရည်မှန်းချက်ကြီးမှုသည် သမီးမိန်းကလေးများကိုသာ လက်ဆင့်ကမ်းပြီး သားယောက်ျားလေးများကိုလက်ဆင့်မကမ်းခြင်းများလား။

မည်သို့ပင်ဖြစ်စေ ဤကိစ္စ ပြီးဆုံးသွားပြီဖြစ်ပြီး အားလုံး ပျော်ရွှင်ကြည်နူးနေကြသည်။

ရှူးဖေးသည် နဂါးပလ္လင်ရှိရာသို့ ကြည့်လိုက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ထို့နောက် ကျန်းပေါင်လင် ထိုင်ရမည့်နေရာတွင်လူမရှိဘဲ လွတ်နေသည်ကို တစ်ချက်ကြည့်ပြီး နောက်ဆုံးတွင်ခွက်ကို မြှောက်လိုက်သည်။

"ဒီနေ့က လပြည့်နေ့၊ လမင်းကြီး ဝိုင်းစက်နေသလို ပြည့်စုံခြင်းနဲ့သဟဇာတဖြစ်ခြင်းကို ကိုယ်စားပြုပါတယ်၊ ဒီချန်းချဲ့ကအရှင်မင်းကြီးရဲ့ တိုင်းပြည်နဲ့ မိသားစု သဟဇာတဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်ပါ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်"

နင်ချန် လှမ်းကြည့်လိုက်ရာ ရှူးဖေး၏ မျက်နှာပေါ်တွင် ရိုးသားမှုများ တွေ့ရပြီး မျက်ဝန်းထဲတွင်မူ စိုးရိမ်စိတ်အချို့ ဖုံးကွယ်ထားသည်ကို တွေ့လိုက်ရသည်။ သူမ သူ့ကို ကြောက်နေသည်မှာသိသာလှသည်။

"ကောင်းပြီ... ရှူးဖေး ဒီနေ့ မျက်ခုံးဆွဲထားတာ လှသားပဲ၊'ဝေးကွာသော တောင်တန်း' ပုံစံလား၊ ကျန်းဆီမှာ မျက်ခုံးဆွဲတဲ့မင် ကောင်းကောင်းတစ်ဘူး ရှိသေးတယ်၊ ဒီအတိုင်းထားရင်နှမြောစရာမို့ မင်းကို ဆုချလိုက်မယ်"

မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ သံယောဇဉ် ရှိခဲ့သူဖြစ်သဖြင့် နင်ချန် မျက်နှာသာ ပေးလိုက်သည်။

ဒီရက်ပိုင်း မင်းသမီးကြီး နေမကောင်းဖြစ်သည့် ကိစ္စကြောင့် ရှူးဖေးကို လျစ်လျူရှုထားခဲ့မိသည်။ အမတ်မင်းများ ရှေ့မှောက်တွင် လူဟောင်းကို ကာကွယ်ပေးရမည်။

သူသည် သွေးအေးသူ မဟုတ်ပေ။

"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်" ရှူးဖေး စိတ်လှုပ်ရှားလွန်းသဖြင့် အသံများ မြင့်တက်သွားသည်။

မျက်လုံးတစ်ချက် ကစားလိုက်ပြီး ဆက်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ရက်ပိုင်းက ကျန်းပေါင်လင် သီချင်းအသစ်တစ်ပုဒ် ဆိုတာကြားလိုက်ရတယ်၊ တော်တော် နားထောင်လို့ ကောင်းတယ်၊ ဒီနေ့လပြည့်နေ့မှာ ကျန်းပေါင်လင်ရဲ့ အသံနဲ့ အရှင်မင်းကြီးကိုသီချင်းဆိုပြပြီး ပွဲကို ပိုမို စည်ကားစေချင်ပါတယ်၊အရှင်မင်းကြီး ခွင့်ပြုပါ့မလား"

ကျန်းမျိုးရိုးကို နင်ချန် မှတ်မိနေသေးသည်။

ပထမအချက်မှာ သီချင်းဆိုကောင်းခြင်း၊ ဒုတိယအချက်မှာ ရှူးဖေးက အကြိမ်ကြိမ် မြှောက်စားပေးခြင်း၊ တတိယအချက်မှာယဲ့ယွင်က သူမကို မကြိုက်ကြောင်း ဗြောင်ဖွင့်ပြောဖူးခြင်း တို့ကြောင့်ဖြစ်သည်။

သို့သော် ယနေ့တွင် ရှူးဖေးကို မျက်နှာသာ ပေးပြီးဖြစ်သဖြင့်ယခု ထပ်မံ ငြင်းပယ်ရန် မသင့်တော်ပေ။

မည်သို့ပင်ဆိုစေကာမူ မင်းသမီးကြီး၏ မွေးမိခင် ဖြစ်သဖြင့်ဘေးလူများရှေ့တွင် အရှက်ကွဲမခံစေလိုပေ။

"ရှူးဖေးက ကောင်းတယ်လို့ ထင်ရင် ကျန်းနဲ့ တခြားလူတွေလည်း နားထောင်ကြည့်ကြတာပေါ့" နင်ချန် လက်ကာပြလိုက်သည်။

ရှူးဖေး ဝမ်းသာသွားသည်။ စိတ်ထဲတွင် နာကျင်နေသော်လည်းဘေးမှ အစေခံမလေးကို တီးတိုး မှာကြားပြီး စီစဉ်ခိုင်းလိုက်သည်။

လက်ဖက်ရည်တစ်အိုးခန့် ကြာပြီးနောက် နန်းဆောင်တံခါးဝမှကြည်လင်ပြတ်သားသော တေးသီဆိုသံ ထွက်ပေါ်လာသည်။

သီချင်းမဆိုရသေးခင် အသံကို ကြားရုံနှင့်ပင် လူကို ဖမ်းစားနိုင်စွမ်း ရှိသည်။

"ကျောက်စိမ်းလုံးလေး လမင်းအောက်က ဆင်းသက်လာ၊ နန်းဆောင်ရှေ့မှာ နှင်းရည်စက်တွေ ကောက်ယူ၊ ကောင်းကင်ဘုံကအကြောင်းအရာတွေ မသိရသေး၊ ချန်အယ် နတ်သမီး ပစ်ချပေးလိုက်တာ ဖြစ်မယ်..."

နတ်သီချင်းသံနှင့်အတူ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသောအမျိုးသမီးတစ်ဦးသည် ယုန်ပုံထိုးထားသော ယပ်တောင်ဝိုင်းကိုကိုင်ဆောင်လျက် နန်းဆောင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။

ဝတ်စုံသည် အဖြူသက်သက် မဟုတ်ဘဲ အပြာရောင် သမ်းနေပြီး စကတ်အနားတွင် မင်္ဂလာတိမ်တိုက်ပုံများ ထိုးထားကာ ပုလဲများ စီခြယ်ထားသဖြင့် တိမ်တိုက်ပေါ်မှ ဆင်းသက်လာသောနတ်သမီးလေးနှင့် တူနေသည်။

ကျန်းမျိုးရိုးသည် သီချင်းဆိုရုံသာမက အကနှင့်ပါ တွဲဖက်ထားသည်။

အက ကောင်းကောင်း မကတတ်သော်လည်း ကိုယ်ခန္ဓာပျော့ပျောင်းမှုနှင့် အငွေ့အသက် ဖန်တီးမှု ကောင်းမွန်သဖြင့်အမှန်တကယ်ပင် ချန်အယ်နတ်သမီး ဆင်းသက်လာသကဲ့သို့ထင်မှတ်ရသည်။

ဒီတစ်ခေါက် ရှူးဖေးနှင့် ကျန်းမျိုးရိုးတို့ အတော် အားထုတ်ထားကြသည်ဟု ဝန်ခံရပေမည်။

သီချင်းဆုံးသွားသောအခါ ကျန်းမျိုးရိုး၏ စကားမပြောသော်လည်း ပြောချင်နေသယောင် မျက်ဝန်းများသည် ပလ္လင်ပေါ်မှ အမျိုးသားကို ရှက်သွေးဖြာလျက် ကြည့်လိုက်ရာ ဆွဲဆောင်မှုရှိလှသည်။

"အရှင်မင်းကြီး... ကျန်းပေါင်လင်ရဲ့ သီချင်းက ဘယ်လိုနေလဲ" ရှူးဖေးက တိုးတိုးလေး မေးလိုက်သည်။

အမှန်တကယ်တော့ မေးစရာ မလိုတော့ပေ။ ရှိနေသူ အားလုံးနီးပါး စိတ်ဝင်စားနေကြပြီ ဖြစ်ရာ ယခု အရှင်မင်းကြီး၏သဘောထားကိုသာ လိုတော့သည်။

ဒီလောက် အပင်ပန်းခံထားတာ အလကား အဖြစ်ခံလို့ မရဘူးလေ။

"အရမ်းကောင်းတယ်... အရမ်းကောင်းတယ်" နင်ချန် နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ "ရှူးဖေး ပင်ပန်းသွားပြီ၊ကျန်းပေါင်လင်လည်း ပင်ပန်းသွားပြီ၊ ကျန်း မှတ်မိသလောက်ကျန်းမျိုးရိုးက မနှစ်က ပေါင်လင် အဖြစ် ခန့်အပ်ခံရတာပဲ၊ အခု'ချိုက်ရန်' ရာထူး တိုးပေးလိုက်မယ်"

နန်းတွင်းသူများ ဘာလိုချင်သည်ကို နင်ချန် အသိဆုံးပင်။

အရည်အချင်း ရှိလျှင် သူတို့ကို ရာထူးတိုးပေးဖို့ နင်ချန် ဝန်မလေးပေ။ ဒီနေ့ကတော့ ကျန်းမျိုးရိုးရဲ့ အရည်အချင်းအစစ်အမှန်ပါပဲ။

"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်" ကျန်းချိုက်ရန် ပြုံးလျက် ချက်ချင်း ဂါရဝပြုလိုက်သည်။

ဒီနေ့က လပြည့်နေ့ဆိုတော့ အရှင်မင်းကြီးက သေချာပေါက်မိဖုရားခေါင်ကြီးရဲ့ ဖုန်းရှီးနန်းဆောင်မှာ ညအိပ်မှာ ဖြစ်ပေမယ့်မနက်ဖြန်ကျရင် သူမ အိပ်ဆောင်ဝင်ရဖို့ များသည်။

ကျန်းမျိုးရိုး ဤအရာများကို တွေးတောရင်း ပို၍ ပျော်ရွှင်စွာပြုံးလိုက်သည်။

ဟွန်း... ဒီနေ့ လူတော်တော်များများ အကြံအစည် ရှိနေကြပါလား။ ယဲ့ယွင် သစ်သီးဝိုင် တစ်ခွက်သောက်ရင်း မျက်လုံးများကိုအနည်းငယ် မှေးစင်းလိုက်သည်။

ဒီအချိန်မှာ ယိမိန်ရန်ကို တွန်းထုတ်ပေးလိုက်ရင် ပိုပျော်စရာ မကောင်းဘူးလား။

ထို့ကြောင့် ယဲ့ယွင် နောက်ထပ် တစ်ခွက် ထပ်ထည့်ပြီး ထရပ်လိုက်သည်။

"ဒီနေ့ လပြည့်နေ့မှာ ဒီချန်းချဲ့က အရှင်မင်းကြီး ကျန်းမာပါစေ၊ကိစ္စအဝဝ ပြီးမြောက်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ ဒီဝိုင်ကို အရှင်မင်းကြီး သောက်ပြီးရင် ဒီချန်းချဲ့ ပြောစရာသတင်းကောင်း တစ်ခု ရှိပါသေးတယ်"

"ဪ... မင်းက ကျန်းကိုတောင် လျှို့ဝှက်ထားသေးတာလား၊ကောင်းပြီ... ကျန်း သောက်လိုက်မယ်"

နင်ချန် ပြုံးလိုက်ပြီး ခွက်ကို မြှောက်ကာ တစ်ရှိန်ထိုး မော့သောက်လိုက်သည်။

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး သူမ၏ အကြည့်များသည် ယိမိန်ရန်အပေါ်သို့ ကျရောက်သွားသည်။ "ဒီချန်းချဲ့လည်း ဒီသတင်းကမှန်မမှန်တော့ မသိဘူး၊ ဒါပေမဲ့ ဒီရက်ပိုင်း ကြားနေရတာ ယိမိန်ရန်ဆီမှာ နောက်တစ်ခါ ရှိပြန်ပြီတဲ့"

ထိုစကား ထွက်လာသည်နှင့် ဝူမျိုးရိုး တောင့်တင်းသွားပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သွားသည်။

"တကယ်လား၊ ဒီကိစ္စကို နောက်ပြောင်လို့ မရဘူးနော်" နင်ချန်လည်း အံ့ဩသွားသည်။

တစ်ခဏချင်းတွင် အားလုံး၏ အကြည့်များသည် ဝူမျိုးရိုးအပေါ်သို့ ရောက်ရှိသွားသည်။

ယိမိန်ရန်သည် အံကြိတ်ထားသော်လည်း ပြုံးလျက် ထရပ်လိုက်ရသည်။ "ဒီချန်းချဲ့က နောက်နည်းနည်းကြာမှ ပြောမလို့ပါ၊ မင်ကျယ်ယွီက ဒီချန်းချဲ့အစား ဦးအောင် ပြောလိုက်မယ်လို့ မထင်ထားမိဘူး၊ ဒါဆိုရင် ဒီချန်းချဲ့လည်း ဖုံးကွယ်မနေတော့ပါဘူး၊သမားတော် စစ်ဆေးချက်အရ ဒီချန်းချဲ့ ကိုယ်ဝန်ရှိနေတာ နှစ်လ ရှိပါပြီ"

"တကယ့် ကံကောင်းခြင်းပါပဲ၊ ဒါ ဒုတိယအကြိမ် ရှိပြီနော်၊ လာကြပါဦး... ယိမိန်ရန်ရဲ့ စားပွဲပေါ်က သစ်သီးဝိုင်ကို မြန်မြန် သိမ်းလိုက်ကြ၊ သောက်လို့ရမယ့်ဟာ လဲပေးလိုက်၊ ပြီးတော့ ထိုင်ရတာ သက်သာအောင် ကူရှင်အပျော့စား တစ်ခု ပိုထည့်ပေးလိုက်ကြ"

မိဖုရားခေါင်ကြီးသည် ပြုံးရွှင်စွာ ပြောဆိုလိုက်ပုံမှာ သူမကိုယ်ဝန်ရှိသကဲ့သို့ ဝမ်းသာအားရ ဖြစ်နေသည်။

သတင်းက သေချာသွားပြီ ဖြစ်၍ အားလုံး ဝိုင်းဝန်း ဂုဏ်ပြုကြပြန်သည်။

ယိမိန်ရန်သည် အစပိုင်းတွင် နေရခက်နေသော်လည်း ဝိုင်းဝန်းမြှောက်ပင့်ခံရသဖြင့် အနည်းငယ် ကျေနပ်လာသည်။

နင်ချန်သည် ယဲ့ယွင်ကို တစ်ချက်ကြည့်လိုက်ရာ ထိုမိန်းမငယ်လေး၏ မျက်ဝန်းထဲတွင် ဉာဏ်များသော အရိပ်အယောင်ကိုတွေ့လိုက်ရသဖြင့် သူမ ဘာကြံစည်နေသည်ကို သိလိုက်သည်။

တကယ့်ကို အရှုံးမခံချင်တဲ့ မိန်းကလေးပဲ။ ကိုယ့်နာမည် အရမ်းကြီးနေမှာကို စိုးရိမ်လို့ ဝူမျိုးရိုးကို ဒိုင်းကာအဖြစ် တွန်းထုတ်လိုက်တာ။

သို့သော် ဝူမိသားစုသည် ဒီရက်ပိုင်း နန်းတွင်း၌ အလုပ်ကောင်းကောင်း လုပ်နေသဖြင့် ဆုချသင့်သည်မှာ အမှန်ပင်။

"ဒီနေ့ လပြည့်နေ့က တကယ်ကို နေ့ကောင်းရက်မြတ် ဖြစ်ပုံရတယ်၊ ယိမိန်ရန် ကိုယ်ဝန်ရှိတာကြောင့် 'ကျယ်ယွီ' ရာထူး တိုးပေးလိုက်မယ်၊ ကလေးကို ဘေးကင်းစွာ မွေးဖွားပြီးရင် ထပ်ပြီးရာထူးတိုးပေးမယ်" နင်ချန် အလိုက်သင့်ပင် ဆုံးဖြတ်လိုက်သည်။

ယိကျယ်ယွီမှာ သေချာပေါက် ပျော်ရွှင်နေသည်။ သူမသာမကယနေ့ နန်းတွင်းသို့ ရောက်နေသော ဝူမျိုးနွယ်များလည်း ဝမ်းသာပီတိ ဖြစ်နေကြသည်။

***

All Chapters