← Chapters

ပဲခူးရိုးမ - ၄

Vol. 2 Ch. 4.2

ပဲခူးရိုးမ - ၄

Vol. 2 Ch. 4.2

“ကျနော် ဒီအထိ ရောက်လာခဲ့ပြီ။ အခုတော့ ပဲခူးရိုးမက အဲ့ဒီနေရာကို ကိုယ်တိုင်သွားကြည့်ဖို့ အချိန်တန်ပြီထင်တယ်”

ဒါက ဇင်မျိုးဝင်း ကျနော့်ကို ပြောခဲ့တဲ့ စကားပါ။

ကျနော် သူ့ကို တားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ သွားဖြစ်အောင် သွားခဲ့တာပါပဲ။

နှစ်လအကြာမှာတော့ သူ သေဆုံးသွားခဲ့ပါတယ်။ သူတို့ သူ့ကို ပဲခူးရိုးမထဲမှာ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

စာဖတ်သူတို့ခင်ဗျာ၊ ခင်ဗျားတို့ကို လိမ်ညာခဲ့မိတဲ့အတွက် ကျနော် တကယ်ပဲ တောင်းပန်ပါတယ်။

"ပဲခူးရိုးမ" ဆိုတဲ့ ဒီဇာတ်လမ်းကတော့ ဒီနေရာမှာတင် နိဂုံးချုပ်သွားပါပြီ။

*****

အယ်ဒီတာထံ ပေးစာများ (၂)

• ပထမပေးစာ

ချစ်ခင်ရပါသော XXX ရှင့်

မတွေ့ဖြစ်တာ ကြာပြီနော်။ ကျမက ပဲခူးရိုးမ ကိစ္စမှာ ပါဝင်ခဲ့တဲ့သူပါ။ ကျမကို မှတ်မိသေးရဲ့လား။ စားပွဲအံဆွဲကို ရှင်းလင်းရင်းနဲ့ ရှင့်ရဲ့ လိပ်စာကတ်ကို တွေ့တာနဲ့ အခုလို စာရေးလိုက်တာပါ။

ရှင့်ကို ပြောချင်တဲ့ စကားတစ်ခွန်းရှိပါတယ်။ ရှင်က ကျမနဲ့ ကျမရဲ့ ကလေးကို အရှက်ခွဲခဲ့တယ်။ ကျမ အဲ့ဒီကိစ္စကို ပြန်တောင် မမှတ်မိချင်တော့ဘူး။ ဒါပေမဲ့ ရှင်က "မေ့သွားပြီ" လို့ ပြောတာမျိုးကို ကျမ ခွင့်မပြုနိုင်ဘူး။ ဒါတွေအားလုံးက ရှင့်အပြစ်တွေပဲ။ ရှင်နဲ့ တခြား သတင်းထောက်တွေ အားလုံးရဲ့အပြစ်။ ရှင်တို့က ကျမတို့နားကို စာနာသလိုလိုနဲ့ ချဉ်းကပ်ခဲ့ကြတာ။ ကျမကတော့ ဒါဟာ ပိုမြင့်မြတ်တဲ့နေရာကို ရောက်ဖို့အတွက် စမ်းသပ်မှုတစ်ခုလို့ သိနေလို့ သည်းခံခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလို သည်းခံခဲ့တာက ရှင့်ရဲ့ အပြစ်တွေကနေ လွတ်ငြိမ်းခွင့်ရမယ်လို့ မဆိုလိုဘူး။ ရှင် နောင်တရသင့်တယ်။

ဒီကိုလာပြီး ကျမရဲ့ ဇာတ်လမ်းကို နောက်တစ်ခေါက် ထပ်နားထောင်ပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျမပြောသမျှ အရာအားလုံးကို ကျမပြောတဲ့အတိုင်း တစ်သွေမတိမ်း ဖြန့်ဝေပေးရမယ်။ အခုစာထဲမှာတော့ ဘာမှ ပြောပြမှာ မဟုတ်ဘူး။ ရှင့်လို အောက်တန်းစားတွေက ကျမ အကုန်ချရေးပေးလည်း နားလည်မှာ မဟုတ်လို့ပဲ။

ကျမ အဲ့ဒီကလေးကို ကယ်တင်ခဲ့တယ်။ ရှင်သာ ကျမစကားတွေကို လူတွေသိအောင် ဖြန့်ပေးမယ်ဆိုရင် နားလည်ပေးမယ့်သူတွေ ရှိလာမှာပါ။ ဘာလို့လဲဆိုတော့ အခုလို အံ့သြဖို့ကောင်းတဲ့ ကိစ္စမျိုးဆိုတာ ဖြစ်ခဲလွန်းလို့ပဲ။ ဘာပဲဖြစ်ဖြစ် ကျမဆီ ဆက်သွယ်ပါ။ သေချာပေါက် ဆက်သွယ်ပါ။ ကျမ စောင့်နေမယ်။

• ဒုတိယပေးစာ

XXXရေ

ဘာလို့ ကျမဆီ ဆက်သွယ်မလာတာလဲ။ ရှင့်ရဲ့ အပြစ်တွေကို ဝန်ခံသင့်ပြီ။ ကျမ ရှင့်ကို အချိန်နည်းနည်း ထပ်ပေးမယ်။ ကျမဆီ သေချာပေါက် ဆက်သွယ်ပါ။

• တတိယပေးစာ

XXXရေ

ဒါ ကျမရဲ့ နောက်ဆုံးပေးစာပဲ။ ကျမဆီ ဆက်သွယ်ပါ။

• စတုတ္ထပေးစာ

ချစ်ခင်ရပါသော XXX ရှင့်

မင်္ဂလာပါ။ ရှင့်ဆီက ဘာသတင်းမှ ပြန်မရသေးဘူးနော်။ ကဲလေ... အခုတော့ ဒါတွေက အရေးမကြီးတော့ပါဘူး။

ကျမကတော့ ပိုပြီးမြင့်မြတ်တဲ့ နေရာကို သွားတော့မယ်။ ရှင့်ရဲ့ ဆဌမအာရုံကို ကျမ ဖွင့်ပေးလိုက်ပါ့မယ်။ ကျမတို့တွေဟာ ကျေးဇူးသိတတ်ဖို့ အမြဲ သတိရနေရမယ်နော်။ ကျမကို ရှာတွေ့ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

*စာရဲ့ အဆုံးမှာတော့ တခြားဌာနတစ်ခုက အယ်ဒီတာတစ်ယောက် ရေးထားပုံရတဲ့ လက်ရေးမှတ်စုလေး တစ်ခုပါရှိပါတယ်။ အဲ့ဒီမှာ ဒီလို ရေးထားပါတယ် -

“(O) ရေ... ဒီစာတွေက ဟိုးအရင်က ငါတို့ သတင်းတင်ခဲ့တဲ့ ပဲခူးရိုးမ အမှုက ရူးနေတဲ့ မိန်းမကြီးဆီက လာတာကွ။ စာတွေက နည်းနည်းတော့ ကြောက်စရာကောင်းနေတာနဲ့ မင်းရဲ့ မဂ္ဂဇင်းအတွက် လိုမလားဆိုပြီး ပို့ပေးလိုက်တာပါ။ ဟဲဟဲ”

*****

အချို့သော လစဉ်ထုတ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် (၂၀၁၄၊ ဒီဇင်ဘာလ)

ဝတ္ထုတို - ကာရာအိုကေ

အယ်ဒီတာ S ၏ ဖိုင်များထဲမှ ကောက်နုတ်ချက် - ကျောက်တုံးအကြောင်း (၂):

မြိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် A သည် နွေရာသီ အားလပ်ရက် အထိမ်းအမှတ် အထက်တန်းကျောင်း သူငယ်ချင်းဟောင်းများ ပြန်လည်ဆုံဆည်းပွဲတွင် ထူးဆန်းသော အတွေ့အကြုံတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

A အလုပ်ခွင်ထဲ ရောက်ရှိခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ သူသည် မွေးရပ်မြို့မှာပင် အခြေချနေသော်လည်း သူငယ်ချင်းအများစုကတော့ တခြားမြို့များသို့ ထွက်ခွာသွားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ် နည်းလာသဖြင့် ယခုလို ပြန်လည်ဆုံဆည်းပွဲမှာ သူငယ်ချင်းဟောင်းများနှင့် ပြန်လည်စကားပြောရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ခဲ့သည်။

“ပွဲက တော်တော်စည်မှာကို ကျနော် သိနေတာပေါ့။ သုံးနှစ်အတွင်းမှာတင် တချို့တွေက အိမ်ထောင်ကျကုန်ပြီ၊ တချို့တွေကျတော့လည်း ရန်ကုန်မှာ အလုပ်တွေဖိလုပ်ရင်း ပင်ပန်းနေကြပြီ။ ကျနော်ကတော့ အရင်အတိုင်းပါပဲ၊ ဒါပေမဲ့ တခြားသူတွေကတော့ တကယ့်ကို ပြောင်းလဲသွားသလို ခံစားရတယ်။ အစပိုင်းမှာတော့ နည်းနည်းတော့ စိမ်းနေသလိုရှိပေမဲ့ စကားပြောကြည့်လိုက်တော့လည်း သူတို့စိတ်ဓာတ်တွေက မပြောင်းလဲသေးတာကို သိလိုက်ရတယ်။ တကယ်ကို ကောင်းပါတယ်”

A နှင့် အဖွဲ့သည် တွေ့ဆုံပွဲအတွက် စားသောက်ဆိုင် တစ်ခုကို ငှားရမ်းခဲ့သည်။ ထိုပွဲပြီးသွားသောအခါ လူတစ်ဝက်ခန့်က နောက်ထပ်တစ်ချီအတွက် အရက်ဆိုင် တစ်ခုသို့ ထပ်သွားကြသည်။ အရက်ရှိန် တက်လာသောအခါ သူတို့ကိုယ်သူတို့ အထက်တန်းကျောင်းသားဘဝ ပြန်ရောက်သွားသလို ခံစားရပြီး တက်ကြွပျော်ရွှင်နေကြ၏။

“ကျနော်တို့ အဲ့ဒီနေရာက ထွက်လာတော့ သန်းခေါင်ကျော်နေပြီ။ တချို့ကတော့ တက္ကစီနဲ့ အိမ်ပြန်ကြပေမဲ့ ကျနော်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်း သုံးယောက်ကတော့ မိုးလင်းတဲ့အထိ ဆက်သောက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အရက်ဆိုင်တွေအကုန်လုံး ပိတ်ကုန်ပြီဆိုတော့ ၂၄ နာရီဖွင့်တဲ့ ကာရာအိုကေဆိုင်ကို သွားလိုက်ကြတယ်”

သူတို့သည် မြိတ်မြို့ထဲရှိ နာမည်ကြီး ကာရာအိုကေဆိုင်ခွဲတစ်ခုသို့ ရောက်သွားကြသည်။ ဧည့်ကြိုကောင်တာက ဝန်ထမ်းသည် မူးနေသော သူတို့အဖွဲ့ကိုကြည့်ပြီး စိတ်ပျက်နေပုံရသော်လည်း အခန်းတစ်ခန်း ပေးလိုက်ပါသည်။ အခန်းထဲရောက်သည်နှင့် သူတို့သည် သီချင်းများ စတင်အော်ဆိုကြတော့သည်။

“ကျနော်တို့ အားလုံးကတော့ တော်တော်လေးကို မူးနေကြပြီဗျ။ မျိုးကြီး သီချင်းတွေဆိုပြီး ရယ်လိုက်ကြတာဆိုတာ ငိုတောင်ငိုချင်တယ်ဗျာ။ တကယ့်ကို ပျော်စရာကောင်းခဲ့တာ”

သို့သော် ထိုပျော်ရွှင်မှုက ကြာရှည်မခံခဲ့ပါ။ မနက် ၃ နာရီခန့်တွင် A ၏ သူငယ်ချင်းများမှာ မှိုင်ကျလာပြီး စားပွဲပေါ်မှာတင် အိပ်ပျော်ကုန်ကြသည်။

“တခြားကောင်တွေက ရန်ကုန်မှာ နေကြတာဆိုတော့ ခရီးပန်းလာတာလည်း ပါမှာပေါ့။ ကျနော်တစ်ယောက်ပဲ နိုးနေတော့တယ်”

တစ်ယောက်တည်း သီချင်းဆိုဖို့လည်း စိတ်မပါသဖြင့် A သည် သူ့ဖုန်းကိုသာ ပွတ်နေလိုက်သည်။ သို့သော် နောက်ဆုံးတွင် အိပ်ငိုက်ခြင်းက သူ့ကိုပါ လွှမ်းမိုးသွားခဲ့သည်။

“ဘယ်အချိန်က အိပ်ပျော်သွားလဲတော့ မသိဘူး၊ ရုတ်တရက် ငိုက်ခနဲဖြစ်သွားမှ ငါ အိပ်ပျော်သွားပါလားဆိုတာ သိလိုက်တာ”

သူ ပြန်နိုးလာသောအခါ သူငယ်ချင်း သုံးယောက်မှာ မှောက်နေဆဲဖြစ်၏။ အရက်ရှိန်ကြောင့် မကြည်မလင် ဖြစ်နေသော်လည်း ထိုနေ့မနက်အတွက် ပထမဆုံး အဝေးပြေးကားအချိန်ဇယားကို စစ်ဆေးနေစဉ် အခန်းထဲတွင် တစ်ခုခု ထူးဆန်းနေသည်ကို သတိထားမိလိုက်သည်။

“ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝကို တိတ်ဆိတ်သွားတာဗျ။ ပုံမှန်ဆိုရင် သီချင်းမဖွင့်ထားရင်တောင် TV screen ပေါ်မှာ သီချင်းဗီဒီယိုတွေ ဒါမှမဟုတ် အဆိုတော်တွေရဲ့ အင်တာဗျူးတွေ ပြနေကျလေ။ ကျနော် အိပ်ပျော်သွားခင်အထိ အဲ့ဒါတွေ ပြနေတာ။ ဒါပေမဲ့ ကျနော် နိုးလာတဲ့အချိန်မှာတော့ အခန်းထဲက တိတ်ဆိတ်နေတယ်”

Aဟာ TV မျက်နှာပြင်ဆီ လှည့်ကြည့်လိုက်သောအခါ ထူးဆန်းသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“ကျနော်မြင်လိုက်တာက လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က ရိုက်ထားတဲ့ အိမ်တွင်းဗီဒီယိုလိုမျိုး အစက်အပြောက်တွေနဲ့ ဝေဝါးနေတဲ့ဟာပါ။ အဲ့ဒီဗီဒီယိုထဲမှာ လူတွေအများကြီးက ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး ရပ်နေကြတာ”

မှောင်မည်းနေသော အခန်းထဲတွင် A သည် အဆိုပါပုံရိပ်ကို စိတ်ဝင်တစား စိုက်ကြည့်နေမိသည်။

အဲ့ဒါက အဖွဲ့လိုက် ရိုက်ထားသော ဓာတ်ပုံတစ်ပုံနှင့် တူသည်။ တောအုပ်တစ်ခု၏ ရှေ့တွင် လူတစ်ဒါဇင်ခန့် တန်းစီရပ်နေကြပြီး အလယ်တည့်တည့်တွင် ထူးဆန်းသော အရာတစ်ခု ရှိနေ၏။ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကျောင်းမနေရသေးသော ကလေးငယ်များပင် ပါဝင်သည်။ တစ်ယောက်နှင့်တစ်ယောက် ဝတ်ပုံစားပုံလည်း မတူကြပေ။ တချို့က ဝတ်စုံပြည့်နှင့်ဖြစ်ပြီး တချို့ကတော့ လယ်သမားအဝတ်အစားများနှင့် ဖြစ်သည်။ သူတို့အားလုံးမှာ အသက်အရွယ်နှင့် ရုပ်ရည် မျိုးစုံသော်လည်း A ကိုတော့ မည်သည့်ခံစားချက်မှ မရှိသော မျက်နှာသေကြီးများနှင့် စိုက်ကြည့်နေကြ၏။

ပုံရိပ်၏ အလယ်တည့်တည့်တွင် လူကြီးတစ်ယောက်၏ တင်ပါးခန့်အမြင့်ရှိသော စင်မြင့်တစ်ခုရှိပြီး၊ ထိုစင်ပေါ်ရှိ ကူရှင်လေးပေါ်တွင် ကျောက်တုံးကြီးတစ်ခုကို တင်ထားသည်။

“ကျနော်တို့ နေပြည်တော်ကို ကျောင်းကနေ လေ့လာရေးခရီးသွားတုန်းက ဘိုးဘိုးကြီး ရုပ်တုဘေးမှာ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်ခဲ့တာကို သွားသတိရမိတယ်။ အဲ့ဒါက ခရီးသွားဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခုမှာ ရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံနဲ့ တူနေတာ။ ဒါပေမဲ့ ဘယ်သူမှ ပျော်နေတဲ့ပုံ မပေါက်ဘူး”

လူတွေက မလှုပ်မယှက် ရပ်နေကြသဖြင့် အစပိုင်းတွင် A က TV ပေါ်ကပုံမှာ ဓာတ်ပုံအသေတစ်ခုဟု ထင်ခဲ့သည်။ သို့သော် ဆက်ကြည့်နေစဉ်မှာပင် နောက်ခံက သစ်ကိုင်းနှင့် သစ်ရွက်လေးတွေ လှုပ်ခါနေတာကို သတိထားမိလိုက်သည်။

“အစကတော့ ထိတ်လန့်စရာ ရုပ်ရှင်တစ်ခုခုရဲ့ ကြော်ငြာများလားလို့ ထင်မိသေးတယ်၊ ဒါပေမဲ့ ဒါက ကြော်ငြာဖြစ်ဖို့ကျတော့လည်း တော်တော်လေး ထူးဆန်းလွန်းနေတယ်။ ကျနော် မိနစ်အနည်းငယ်လောက် စောင့်ကြည့်နေပေမဲ့ ဘယ်သူမှ စကားတစ်လုံးမှ မပြောကြဘူး”

A က စိတ်ပျက်လာပြီး အကြည့်လွှဲဖို့ လုပ်နေစဉ်မှာပင် ပုံရိပ်ထဲက လူတစ်ယောက်က စကားပြောလာသည်။

“ကျေးဇူးပြုပြီး ကျော်သွားပေးပါ”

A ကို အံ့သြသွားစေသည်မှာ ထိုစကားလုံးများ မဟုတ်ဘဲ ကျန်ရှိနေသော လူများ၏ လုပ်ရပ်ဖြစ်သည်။

“စကားမပြောတဲ့ လူတွေအားလုံးက သူတို့ရဲ့ ပါးစပ်တွေကို အကျယ်ကြီး ဟလိုက်ကြတယ်။ အချက်ပေးတစ်ခုခု ပေးလိုက်သလိုမျိုးပဲ။ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာပေးတွေကတော့ လုံးဝ ပြောင်းလဲမသွားဘူး”

ထို့နောက် နောက်ထပ် လူတစ်ယောက်က ပြောပြန်သည်။

“ကျေးဇူးပြုပြီး ဒီကိုလာပါ”

ထိုအချိန်တစ်လျှောက်လုံး ကျန်တဲ့လူတွေကတော့ ပါးစပ်ကြီးတွေကို အကျယ်ကြီး ဟထားကြဆဲဖြစ်သည်။

နောက်ထပ် တစ်ယောက်က ပြောသည်။ ဒီတစ်ခါတော့ ကလေးငယ်လေး တစ်ယောက်ဖြစ်သည်။

“ဒါကို မဖြစ်မနေ လုပ်ရမယ်”

ဒါဟာ ကျောင်းဆင်းပွဲ အခမ်းအနားမှာ တစ်တန်းလုံးက ကျက်ထားတဲ့အတိုင်း တစ်ယောက်တစ်လှည့် ထပြီး စကားပြောနေသလိုမျိုး ခံစားရစေသည်။

“ကျနော့်မှာ ဆဌမအာရုံဆိုတာ မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ကြက်သီးတွေ တဖြန်းဖြန်း ထလာတယ်။ တစ်ခုခုတော့ အကြီးအကျယ် လွဲနေပြီဆိုတာ သိလိုက်တယ်”

သူ TV ဆီကို ပြေးသွားပြီး အသံကို အကုန်လျှော့ချလိုက်သည်။ screen ကို ပိတ်ပစ်ဖို့ ကြိုးစားပေမဲ့ ထိတ်လန့်နေသဖြင့် ပိတ်တဲ့ခလုတ်ကို ရှာမတွေ့တော့ပေ။

“တစ်ခုခုတော့ လုပ်မှဖြစ်မယ်ဆိုပြီး အခန်းထဲက ဖုန်းကို ကောက်ကိုင်ပြီး ဧည့်ကြိုကောင်တာကို ဆက်လိုက်တယ်”

ဖုန်းက တော်တော်ကြာအောင် မြည်နေသော်လည်း ဘယ်သူမှ မကိုင်ကြပေ။ စောင့်နေစဉ်မှာပင် A ၏ အကြည့်က TV ပေါ်က ဗီဒီယိုဆီသို့ အလိုလို ရောက်သွားပြန်သည်။ အသံမကြားရတော့သော်လည်း လူတွေကတော့ တစ်ယောက်တစ်လှည့် စကားပြောနေကြဆဲဖြစ်သည်။

ဖုန်းခေါ်သံ ဆယ်ချက်ထက်မက မြည်ပြီးနောက်မှာတော့ တစ်ယောက်ယောက်က ဖုန်းကို ကိုင်လိုက်သည်။

“ကျေးဇူးပြုပြီး အမြန်လာပါ”

ဖုန်းထဲက ထွက်လာသောအသံမှာ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး၏ အသံဖြစ်သည်။

ထိုအချိန်မှာပင် TV မျက်နှာပြင်ပေါ်တွင် အဲ့ဒီပုံစံမျိုးရှိသော လူတစ်ယောက်က စကားပြောနေသည်။ ဖုန်းထဲက ထွက်လာသော စကားလုံးများသည် TV ထဲက လူ၏ ပါးစပ်လှုပ်ရှားမှုနှင့် တစ်ထပ်တည်း ကျနေသည်။

Aသည် အခန်းထဲကနေ အမြန်ပြေးထွက်ခဲ့သည်။

“ဘာလို့ အဲ့လိုလုပ်မိလဲ ကျနော်လည်း မသိဘူး။ အဲ့ဒီနေရာကနေ လွတ်ရင်ပြီးရောလို့ပဲ တွေးမိတာ”

ဒါပေမဲ့ စင်္ကြံလမ်းထဲ ရောက်သွားသည်နှင့် သူ တောင့်ခဲသွားခဲ့ရသည်။

စင်္ကြံလမ်းတစ်လျှောက်က အခန်းတံခါးတွေ အားလုံးမှာ တစ်ဝက်စီ ပွင့်နေကြပြီး လူတွေက အပြင်ကို ခေါင်းပြူထွက်ကာ သူ့ကို မျက်နှာသေကြီးများနှင့် စိုက်ကြည့်နေကြသည်။

“အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ၊ ပြီးတော့ လူကြီးတွေ။ သူတို့အားလုံးက ကျနော် အခန်းထဲက ထွက်လာမှာကို စောင့်နေကြသလိုမျိုး စိုက်ကြည့်နေကြတာဗျ”

A တစ်ယောက် ကြောက်လန့်တကြားနှင့် မတ်တတ်ရပ်နေစဉ်မှာပင် သူတို့အားလုံးက သူတို့ရဲ့ ပါးစပ်ကြီးတွေကို အကျယ်ကြီး စတင် ဟလိုက်ကြပါတော့သည်။

ထိုအခါမှ သူသည် အခန်းထဲသို့ အပြေးအလွှား ပြန်ဝင်ခဲ့တော့သည်။

“ကျနော် အော်ဟစ်ပြီး လူတွေကို နှိုးတော့တာပဲ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာတော့ screen ပေါ်မှာ ပုံမှန် သီချင်းဗီဒီယိုတွေ ပြန်ပြနေပြီ။ ကျနော် တအား ထိတ်လန့်နေတာကိုကြည့်ပြီး သူငယ်ချင်းတွေက တော်တော်လေး စိုးရိမ်သွားကြတယ်”

A ၏ သူငယ်ချင်းတစ်ယောက်က ဧည့်ကြိုကောင်တာကို ဖုန်းပြန်ဆက်ကြည့်သည်။ စိတ်ပျက်နေသော ဝန်ထမ်းက ဖုန်းကိုင်ပြီး တစ်ခုခု ပျက်သွားလို့လားဟု မေးသည်။

“ပထမဆုံး အဝေးပြေးကားထွက်ဖို့ အချိန်လိုသေးပေမဲ့ ကျနော်ကတော့ အခုချက်ချင်း ဒီနေရာက ထွက်သွားမှဖြစ်မယ်လို့ လူတွေကို အတင်းပြောခဲ့တယ်”

သူတို့ လေးယောက်လုံး ဆိုင်က ထွက်လာပြီး မိုးမလင်းတလင်း မြူတွေကြားက တိတ်ဆိတ်နေတဲ့ လမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ A က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ပြန်ပြောပြလိုက်သည်။

သူ ပြောလို့လည်း ဆုံးရော၊ အားလုံးရဲ့ ဖုန်းတွေက တစ်ပြိုင်နက် မြည်လာသည်။

“ဖုန်းခေါ်ဆိုမှုတွေ အားလုံးက နံပါတ်တစ်ခုတည်းက လာတာဗျ။ မထူးဆန်းဘူးလား။ ဘယ်လိုလုပ်ပြီး နံပါတ်တစ်ခုတည်းကနေ ဖုန်းလေးလုံးကို တစ်ပြိုင်နက် ခေါ်လို့ရမှာလဲ။ အဲ့ဒီအချိန်က မနက် ၄ နာရီကျော်ပဲ ရှိသေးတာ”

ဘယ်သူမှ ဖုန်းမကိုင်ခဲ့ကြပေ။ သူတို့ဖုန်းတွေက တော်တော်ကြာအောင် မြည်နေခဲ့သည်။

“နောက်ပိုင်းမှာ ကျနော် ဖုန်းခေါ်ဆိုမှုမှတ်တမ်းက နံပါတ်ကို အွန်လိုင်းမှာ ရှာကြည့်လိုက်တယ်။ အဲ့ဒီနံပါတ်က ပဲခူးတိုင်းဘက်က စွန့်ပစ်ထားတဲ့ ဘိုးဘွားရိပ်သာတစ်ခုရဲ့ နံပါတ်ဖြစ်နေတယ်ဗျ။ အဲ့ဒီနေရာက ဟိုးအရင်တုန်းက လူအစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုကြောင့် သတင်းထဲမှာ ပါခဲ့ဖူးတယ်။ အကယ်၍ ဖုန်းက အဲ့ဒီကနေ တကယ်လာတာဆိုရင် ကျနော်တို့ ဖုန်းမကိုင်ခဲ့တာ တော်သေးတာပေါ့”

All Chapters