← Chapters

အခန်း (၂၃၅၉-၂၃၆၀)

Vol. 176 Ch. 2359-2360

အခန်း (၂၃၅၉-၂၃၆၀)

Vol. 176 Ch. 2359-2360

အခန်း(၂၃၅၉)

တန်ချင်းဖုန်း၏စကားကိုကြားလျှင် ဘိုးဘေးထျန်းရှသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အင်မော်တယ်တိုက်တွင် အင်မော်တယ်ကျင့်ကြံခြင်း လောကမှလွဲလျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကသာ ရှိသည်။

ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အင်မော်တယ်ကျင့်ကြံခြင်းလောကမှ အဖွဲ့ဝင်တစ်ဦး မဟုတ်လျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေနိုင်ပါသလော။

[မှတ်ချက်။ သိုင်းလောကလို့ မသုံးနှုန်းဘဲ သိုင်းပညာလောကဟုသာ သုံးနှုန်းပါမည်]

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲတွင် တစ်ဂိုဏ်း ဖြစ်သော မြူခိုးအင်‌မော်တယ်ဂိုဏ်း၏ ဘိုဘေးတစ်ဦး အနေဖြင့် ဘိုးဘေးထျန်းရှသည် အင်မော်တယ်ကျင့်ကြံခြင်း လောက၏ အခြေအနေကို အလွန်နက်ရှိုင်းစွာ သိရှိထားသူ ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် ဤမျှငယ်ရွယ်သောအသက်အရွယ်ဖြင့် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်မှန်း ရှင်းလင်းစွာ သိထားခဲ့သည်။

ဆိုရလျှင် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် ပင်လျှင် ကပ်ဘေးအဆင့်သို့ ရောက်ရှိရန် အလှမ်း ဝေးလွန်းနေပါသေး၏။

ဤကောင်လေးသည် အင်မော်တယ်ကျင့်ကြံခြင်း လောကမှ မဟုတ်သည့် အတွက် မြောက်ဘက်ဒေသမှ သိုင်းပညာလောကမှ ဖြစ်ရန် အလားအလာ အလွန်များ၏။

ဘိုးဘေးထျန်းရှက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စူးရှသော မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“ကောင်လေး.. မင်းက မြောက်ဘက်ဒေသမှာရှိတဲ့ သိုင်းပညာလောကကလား”

“အဲဒီလို ပြောလို့လည်းရတယ်”

ကျန်းချန်က ဘိုးဘေးထျန်းရှကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြန်ဖြေလိုက်သည်။

“အဘိုးကြီး.. မင်းဘေးနားက တပည့်ကို အသက်ရှင်ချင်ရင် ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးငါးလုံးနဲ့ လူလာရွေးဖို့ ငါမှာထားတယ်.. အခု မင်းက လူလာရွေးတာ မဟုတ်ဘူးလား”

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ အထောက်အထားကို ဖုံးကွယ်ထားရန် မစဥ်းစားတော့ပေ။

သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားပြီး အရှိန်အဝါ ပြောင်းလဲခြင်းနည်းစနစ်ကို တတ်မြောက်ထားသဖြင့် သာမန် ကျင့်ကြံသူများသည် သူ၏ အထောက်အထားကို ထိုးဖောက်မမြင်နိုင်ကြပေ။

သို့သော်လည်း သူ၏ရှေ့မှ ဘိုးဘေးထျန်းရှသည် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရာ သာမန် နတ်ဘုရင်အဆင့်ထက် အနည်းငယ် ပို၍ အစွမ်းထက်၏။

ဆိုရလျှင် သူတစ်ချက် လှုပ်ရှားလိုက်သည်နှင့် ဘိုးဘေးထျန်းရှသည် သူက အင်မော်တယ် ကျင့်ကြံသူ နှင့် ကွဲပြားမှန်း သေချာပေါက် သိရှိသွားပေလိမ့်မည်။

ထို့ကြောင့်ပင် ကျန်းချန်သည် သူ၏ အထောက်အထားကို ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်ခြင်းသာ။

အင်မော်တယ်တိုက်ကို ရောက်ရှိကာစတွင် ကျန်းချန်သည် အင်မော်တယ်ကျင့်ကြံခြင်း လောက၏ အခြေအနေကို မသိရှိသေးသည့်အပြင် ဒဏ်ရာအပြင်းအထန် ရရှိနေသေးသဖြင့် သူ၏ အထောက်အထားကို ဖုံးကွယ်ထားရခြင်း ဖြစ်၏။

ယခုအခါအတွင် သူ၏ ဒဏ်ရာများသည် လုံး ဝသက်သာသွားပြီဖြစ်ပြီး အထွတ်အထိပ်အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ရာ နတ်ဘုရင်အဋ္ဌမအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်ပြိုင်နိုင်မည် ဖြစ်၏။

ဆိုရလျှင် အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးအဆင့် နှောင်းပိုင်း ပုဂ္ဂိုလ်များပင် သူ့ကို အနိုင်ရရန် မလွယ်ကူပေ။

သို့ဖြစ်ရာ သူ၏ အ‌ထောက်အထား ပေါ်သွားလျှင်ပင် ကျန်းချန်အနေဖြင့် မည်သူ့ကိုမှ ကြောက်စရာ မလိုအပ်တော့ချေ။

“မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကမှာ မင်းလို နတ်ဆိုးဆန်တဲ့ ပါရမီရှင် တစ်ယောက် မွေးဖွားလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ဘိုးဘေးထျန်းရှက ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့၏။

“ကောင်လေး.. အင်မော်တယ် ကျင့်ကြံခြင်းလောကကို ရောက်လာမှတော့ ဒီမှာပဲ ထာဝရအိပ်စက်လိုက်တော့”

အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံခြင်း လောကနှင့် သိုင်းပညာလောကတို့သည် ကမ္ဘာမကြေ ရန်သူများ ဖြစ်ကြသည်။

ဤနှစ်ပေါင်းများစွာအတွင်း အင်မော်တယ် ကျင့်ကြံခြင်းလောကသည် ၎င်းတို့၏ အင်အားဖြင့် သိုင်းပညာလောကကို ဖိနှိပ်ထားခဲ့‌သော်လည်း လုံးဝ အနိုင်မတိုက်နိုင်ခဲ့ပေ။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော နတ်ဘုရင်တစ်ဦး ဖြစ်ရန် အလားအလာ အလွန်များ၏။

ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် နတ်ဘုရင်အဆင့်ကို ရောက်ရှိနေခြင်းသည် အလွန်အမင်း ပါရမီထူးချွန်မှန်း သက်သေပြနေခဲ့သည်။

အကယ်၍ ထိုကောင်လေးကိုသာ အမြစ်ပြတ် မရှင်းလင်းပစ်ခဲ့လျှင် ထိုကောင်လေးသည် အနာဂတ်တွင် သူတို့ အင်မော်တယ်ကျင့်ကြံခြင်း လောကကို ကြီးမားသော ဘေးအန္တရာယ် ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပါ‌လော။

ကျန်းချန်က ဘိုးဘေးထျန်းရှကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

“အဘိုးကြီး.. မင်းကို ကြည့်ရတာ ကပ်ဘေးကျော်ဖြတ်ခြင်း နတ်ဆေးလုံးနဲ့ လူလာရွေးဖို့ ရည်ရွယ်ချက်မရှိဘူး ထင်တယ်”

“ကောင်လေး.. မင်းရဲ့ပါရမီက ဘယ်လောက်ပဲ ထူးချွန်နေပါစေ အင်မော်တယ်ကျင့်ကြံခြင်း လောကမှာ ရမ်းကားဖို့တော့ မင်းမှာ အရည်အချင်းမရှိသေးဘူး..သေဖို့သာ ပြင်ထားလိုက်တော့”

စကားဆုံးသည်နှင့် ဘိုးဘေးထျန်းရှ၏ လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် အနက်ရောင် ဓားရှည်တစ်လက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဘိုးဘေးထျန်းရှက ထိုဓားရှည်ကို ကိုင်စွဲကာ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် အလွန်တောက်ပသော အနက်ရောင်ဓားအလင်းသည် အနက်ရောင်ဓားရှည် ထံကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ကမ္ဘာကြီးသည်ပင် ယင်း အနက်ရောင်ဓားအလင်းကြောင့် နှစ်ပိုင်းကွဲသွားသကဲ့သို့ ထင်မှတ်ရ၏။

ကပ်ဘေးအဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေခဲ့ပြီး နေနှင့်လကိုပင် ဗြောင်းဆန်သွားစေခဲ့သည်။

“ဟားဟား.. ကပ်ဘေး အစောပိုင်း အဆင့်‌လောက်နဲ့ င့ါကို သတ်ဖို့ ဘယ်နေရာကနေ သတ္တိတွေရလာသလဲ ဆိုတာ ငါတကယ် နားမလည်တော့ဘူး”

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လေထုထဲကနေ ဓားစွမ်းအင် ထောင်ပေါင်းများစွာသည် ပေါက်ကွဲထွက်လာခဲ့ပြီး ဘိုးဘေးထျန်းရှထုတ်ဖော်လိုက်သော ဓားအလင်းကို ဘာမှမကျန်ရှိသည်အထိ ချေမှုန်းပစ်လိုက်သည်။

ကပ်ဘေးအဆင့်တွင် အစောပိုင်းအဆင့်သို့ ရောက်ရှိနေသည့် ဘိုးဘေး ထျန်းရှသည် နတ်ဘုရားနယ်မြေ၏ နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူနှင့် အတူတူ နီးပါးလောက်သာ အစွမ်းထက်၏။

ဤအဆင့်ရှိ စွမ်းအားသည် ကျန်းချန် နတ်ဘုရင် အဆင့်သို့ မထိုးဖောက်မီကတည်းကပင် ရင်ဆိုင်နိုင်ခဲ့သောအရာ ဖြစ်၏။

ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရင်ပဉ္စမအဆင့်ကို ရောက်ရှိနေပြီဖြစ်၍ ဘိုးဘေးထျန်းရှကို ရင်ဆိုင်ရန်မှာ အလွန်တရာ လွယ်ကူလှသည် မဟုတ်ပါလား။

“ဒီကောင်လေးက တကယ်ပဲ ကပ်ဘေးအဆင့်ကို ယှဥ်နိုင်တဲ့ နတ်ဘုရင်တစ်ပါး ဖြစ်နေတာကိုး”

ကျန်းချန်က သူ၏ ဓားချက်ကို အလွယ်တကူ ဖြိုခွဲလိုက်သည်အားမြင်လျှင် ဘိုးဘေးထျန်းရှသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ဘိုးဘေးထျန်းရှသည် ကျန်းချန်၏ ဓားစွမ်းအားက အင်မော်တယ် ကျင့်ကြံသူတစ်ဦး၏ စစ်မှန်သော စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်မှန်း သဘာဝကျစွာပင် သတိပြုမိခဲ့သည်။

ထိုကောင်လေးသည် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး သာမန် နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

အစောပိုင်းက တိုက်ခိုက်မှုတွင် ဘိုးဘေးထျန်းရှသည် သူ၏ စွမ်းအားကို အနည်းငယ်မျှပင် ထိန်ချန်ထားခြင်း မရှိဘဲ အစွမ်းကုန် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ကွက်ကို သိုင်းပညာလောကရှိ နတ်ဘုရင်တတိယအဆင့်ပင်လျှင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သူ့ရှေ့မှလူသည် သူ၏ ဓားချက်ကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့၍ အနည်းဆုံး နတ်ဘုရင် တတိယအဆင့်ထက် မနိမ့်ကျသော စွမ်းရည် ရှိသည်မှာ ထင်ရှားနေခဲ့၏။

“သိုင်းပညာလောကရဲ့ နတ်ဘုရင်အဆင့် ပါရမီရှင်တစ်ပါးလို့ မပြောရဘူး.. တကယ်ကို အစွမ်းအစရှိသားပဲ”

“ငါ့ရဲ့ဓားကွက်ကို ထပ်ပြီး ခံယူကြည့်လိုက်”

ဘိုးဘေးထျန်းရှ၏ အကြည့်က အေးစက်နေခဲ့သည်။

သူက လက်ထဲမှ အနက်ရောင်ဓားရှည်ဖြင့် ဆန်းကြယ်သောဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ထိုဓားကွက်ကို ထုတ်ဖော်လိုက်သည့်အချိန်တွင် ဘိုးဘေးထျန်းရှ၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ဘိုးဘေးထျန်းရှသည် ကျန်းချန်၏ နောက်ကျောဘက်တွင် ပေါ်လာခဲ့ပြီး ကျန်းချန်ကို အနက်ရောင်ဓားရှည်ဖြင့် ခုတ်ပိုင်းချလိုက်သည်။

ဘို‌ဘေးထျန်းရှ၏ ဓားချက်တွင် အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ကိန်းအောင်းနေခဲ့၏။

လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ရှိ မည်သည့် ကျင့်ကြံသူမဆို ထိုစွမ်းအားဖြင့် အနည်းငယ် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ဝိညာဥ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားမည် ဖြစ်ပြီး ခန္ဓာကိုယ်ပင် ဆွေးမြေ့သွားပေလိမ့်မည်။

ဆိုရလျှင် ဤတိုက်ကွက်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူများပင် ထိပ်တိုက် ရင်မဆိုင်ရဲသော တိုက်ကွက် ဖြစ်၏။

ကျန်းချန်က ခံစားချက်ကင်းမဲ့‌သော အမူအရာဖြင့်ပင် ရှေးဟောင်းရွှေရောင်ဓားဖြင့် သူ့ရှေ့မှ ဓားကွက်ကို ချေမှုန်းလိုက်ကာ သူ၏ နောက်ကျောဘက်သို့ ဓားချက် တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် ကြောက်မက်ဖွယ် ဓားစွမ်းအင် တစ်ခုသည် သူ၏ နောက်ကျောဘက်မှ ဓားစွမ်းအင်ကို ချေမှုန်းပစ်လိုက်ပြီး ဘိုးဘေးထျန်းရှ၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။

ဘိုးဘေးထျန်းရှသည် လေထုထဲတွင် ပေရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်၏။

ဤအခိုက်အတန့်တွင် သူ၏ အနည်းငယ် ဖြူဖျော့နေသော မျက်နှာထက်၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့မှ ကောင်လေး၏ စွမ်းရည်သည် သူစိတ်ကူးထားသည်ထက်ပင် လုံးဝ ကျော်လွန်နေခဲ့၏။

ကပ်ဘေးအဆင့်၏ အစောပိုင်းအဆင့်တွင် ရှိသည့် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ထိုကောင်လေး၏ ပြိုင်ဘက် လုံးဝမဟုတ်ပေ။

ထိုကောင်လေးနှင့် ရင်ဆိုင်ရချိန်တွင် ဘိုးဘေးထျန်းရှသည် ကပ်ဘေးအဆင့် နှောင်းပိုင်းရှိ မြူခိုးအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်မျိုးပင် ရရှိနေခဲ့သည်။

အင်မော်တယ်ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ကြည့်လျှင်ပင် ထိုလူငယ်ကို ယှဥ်နိုင်သူမှာ လက်ချိုးရေတွက်၍ပင် ရလောက်သည်ဟု သူ ထင်မြင်မိ၏။

မြောက်ဘက်ဒေသရှိ သိုင်းပညာ လောကတွင် ဤကဲ့သို့ နတ်ဆိုးဆန်သော ပါရမီရှင်မျိုး အဘယ်ကြောင့် ရုတ်တရက်ပေါ်ထွက်လာမှန်း ဘိုးဘေးထျန်းရှ အမှန်တကယ် နားမလည်နိုင်တော့ပေ။

အကယ်၍ ထိုလူငယ်ကိုသာ အမြစ်ပြတ် မရှင်းပစ်လျှင် အင်မော်တယ်တိုက်၏ လက်ရှိ အခြေအနေသည် သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။

အခန်း(၂၃၅၉)ပြီး၏။

အခန်း(၂၃၆၀)

“သိုင်းပညာလောကက မင်းလို နတ်ဘုရင်အဆင့် ပါရမီရှင်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ဘိုးဘေးထျန်းရှက ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်နေခဲ့သည်။

“ဒါပေမဲ့ မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အင်မော်တယ် ကျင့်ကြံခြင်းလောကထဲကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဥ်းစားနဲ့”

စကားဆုံးသည်နှင့် ဘိုးဘေးထျန်းရှသည် လက်ဟန်တစ်ခုကို အလျင်အမြန် ပြုလုပ်ကာ မြူခိုးအင်မော်တယ်ဂိုဏ်းထံ သတင်းပို့လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ အနက်ရောင်ဓားရှည်ကို အနက်ရောင် အလင်းများက ဝန်းရံသွားခဲ့၏။

ထိုလူငယ်၏ စွမ်းရည်သည် မှန်းဆ၍ မရလောက်အောင် နက်ရှိုင်းလှသဖြင့် ဘိုးဘေးထျန်းရှ ပင်လျှင် ရင်ဆိုင်နိုင်မည်ဟု မသေချာပေ။

ယင်းကြောင့် ကြိုတင်စီစဥ်သည့် အနေဖြင့် ဘိုးဘေးထျန်းရှသည် မြူခိုးအင်မော်တယ်ဂိုဏ်းထံ သတင်းပေးပို့ခဲ့ပြီး သူ့ကို အကူအညီပေးရန် အတွက် လူလွှတ်ခိုင်းလိုက်သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူသည် အင်မော်တယ်တိုက်၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သော တည်ရှိမှုမျိုး ဖြစ်၏။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သိုင်းပညာလောကမှ နတ်ဘုရင်အဆင့် ပါရမီရှင် ဖြစ်နေသော်လည်း ဘိုးဘေးထျန်းရှသည် သူ၏ စွမ်းရည်ဖြင့် ထိုလူငယ်ကို အနိုင်မတိုက်နိုင်လျှင်ပင် ထိန်းချုပ်ထားရန်မှာ အခက်အခဲ မရှိနိုင်ဟု ယုံကြည်ထားခဲ့သည်။

“သေချာရဲ့လား”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ဘိုးဘေးထျန်းရှကို မထီမဲ့မြင် ကြည့်လိုက်သည်။

“တကယ်လို့ ခင်ဗျား ထပ်ပြီး လှုပ်ရှားမယ်ဆိုရင် ဒီနေ့ ဒီနေရာက ခင်ဗျားရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်”

“လေလုံးထွားလိုက်တဲ့ကောင်လေး.. သေစမ်း”

ဘိုးဘေးထျန်းရှက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ စွမ်းအားဖြင့် အနက်ရောင်ဓားရှည်ကို လှုံ့ဆော်လိုက်သည်။

အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါတစ်ခုသည် အနက်ရောင်ဓားရှည် ထံကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ကပ်ဘေးအဆင့်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ကမ္ဘာလောက တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အားလုံးသည် စိတ်နှလုံး တုန်ယင်သွားကြသည်။

“နေရာလွတ်ဖြိုခွဲခြင်းဓားကွက်”

ဘိုးဘေးထျန်းရှက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

ဓားအလင်းသည် နေရာလွတ်ကို ချက်ချင်းဆိုသလို ဆုတ်ဖြဲကာ ထိုးဖောက်သွားခဲ့သည်။

ထိုဓားအလင်းသည် ငရဲဘုံမှ ထွက်ပေါ်လာသကဲ့သို့ ကပ်ဘေးအဆင့်အောက်ရှိ မည်သည့် ကျင့်ကြံသူ၏ ဝိညာဥ်ကို မဆို ဖျက်ဆီးပစ်နိုင်ရန် လုံလောက်၏။

ကြည့်ရှုနေကြသော ကျင့်ကြံသူ အားလုံးသည် ထိုဓားချက်ကိုမြင်လျှင် ထိတ်လန့်သွားခဲ့ကြသည်။

“ဒါက ကပ်ဘေးအဆင့်ရဲ့ စွမ်းအားလား.. တကယ်ကို ကြောက်စရာပဲ”

ကျင့်ကြံသူ အများအပြားက တီးတိုး ရေရွတ်နေခဲ့ကြသည်။

အင်မော်တယ်တိုက်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးကို မြင်တွေ့ရရန်မှာ အလွန်တရာပင် ခဲယဥ်းသည်။

သာမန် ကျင့်ကြံသူ တစ်ဦးသည် သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးကို အကြိမ်အနည်းငယ် မြင်တွေ့ရရန်ပင် ခဲယဥ်း၏။

ဆိုရလျှင် ကပ်ဘေးအဆင့် ကျင့်ကြံသူ တိုက်ခိုက်နေသည်ကို ကိုယ်တိုင် မြင်တွေ့ရရန်မှာ ပို၍ပင် ခဲယဥ်းသည်။

ကျင့်ကြံသူများသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော အင်မော်တယ် အငွေ့အသက်များ ပါဝင်နေသည့် ဓားအလင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

ဤဓားချက်၏ရှေ့တွင် ကပ်ဘေးအဆင့် အောက်ရှိ မည်သည့်ကျင့်ကြံသူ မဆို မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များနှင့် အတူတူပင် ဖြစ်သည်။

“ဒါက ကပ်ဘေးအဆင့်ရဲ့ စွမ်းအားလား”

နတ်မိမယ်ကျိယွင်က ဘိုးဘေးထျန်းရှ ထုတ်ဖော်လိုက်သည့် ဓားအလင်းကို စိုက်ကြည့်ကာ တအံ့တဩ ရေရွတ်လိုက်သည်။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ဦး အနေဖြင့် နတ်မိမယ်ကျိယွင်သည် ဂိုဏ်း၏ ကပ်ဘေးအဆင့် ဘိုးဘေးများကို မြင်ဖူးသော်လည်း ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးက လက်နက်ကိုင်ဆွဲ၍ တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ယခု ဘိုးဘေးထျန်းရှ၏ အစွမ်းကုန် တိုက်ခိုက်မှုကို မြင်လိုက်ရလျှင် နတ်မိမယ်ကျိယွင်သည် အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့သည်။

ကပ်ဘေးအဆင့်ရှိ အင်မော်တယ် ကျင့်ကြံသူ၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့၏။

ဤကဲ့သို့သော စွမ်းအားမျိုးသည် အင်မော်တယ်တိုက်ရှိ ကျင့်ကြံသူအားလုံး စိတ်ကူးအိပ်မက်ထဲမှ စွမ်းအားမျိုးပင်။

ဘိုးဘေးထျန်းရှ၏ ဓားအလင်းသည် မိုင်ပေါင်း ထောင်ချီအတွင်းရှိ သက်ရှိအားလုံးကို ထိတ်လန့် တုန်လှုပ်စေခဲ့သည်။

မိုင်ပေါင်းထောင်ချီ ဝေးကွာသော တန်ယန်မြို့ရှိ ကျင့်ကြံသူများသည်ပင် ဘိုးဘေးထျန်းရှ၏ ဓားချက်မှ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါကို ခံစားမိလိုက်ကြ၏။

“ဒါက ကပ်ဘေးအဆင့် ကျင့်ကြံသူရဲ့ စစ်မှန်တဲ့ စွမ်းအားလား”

“မကောင်းတော့ဘူး...ကပ်ဘေးအဆင့်ကျင့်ကြံသူတွေ တိုက်ခိုက်နေကြပြီ.. အားလုံးပဲ သတိထားကြပါ"

"ကပ်ဘေးအဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်တာကို မြင်ရဖို့ဆိုတာ နှစ်ပေါင်းတစ်သောင်းမှာတောင် တစ်ခါ ကြုံရခဲတဲ့ ကိစ္စပဲ အင်မော်တယ် ကျင့်ကြံခြင်း‌လောကမှာ ကပ်ဘေးအဆင့်ကျင့်ကြံသူတွေ မတိုက်ခိုက်တာ ဘယ်နှစ်နှစ်တောင် ရှိနေပြီလဲ မသိဘူး”

ကပ်ဘေးအဆင့်ရှိ အင်မော်တယ် ကျင့်ကြံသူများသည် အဆင့်အတန်း မြင့်မားပြီး သက်ရှိအားလုံးကို အထက်စီးကနေ ငုံ့ကြည့်နိုင်သူများ ဖြစ်ကြသည်။

၎င်းတို့ အားလုံးနီးပါးသည် တံခါးပိတ်၍ ကျင့်ကြံနေကြသော သက်ကြီးရွယ်အိုများသာ ဖြစ်ကြ၏။

ထိုပုဂ္ဂိုလ်ကြီးများသည် နှစ်ပေါင်း ရာချီတွင်ပင် တစ်ကြိမ်မျှ ပေါ်ထွက်မလာတတ်ကြပေ။

ဆိုရလျှင် ကပ်ဘေးအဆင့် ကျင့်ကြံသူများသည် မဟာယာနအဆင့်ကို ထိုးဖောက်ရန်နှင့် အင်မော်တယ် အဖြစ်ကို ရောက်ရှိပြီး ထာဝရအသက်ရှင်ရန်ကိုသာ အာရုံစူးစိုက်ခဲ့ကြသည်။

ယေဘုယျအားဖြင့် မဖြစ်မနေ အကြောင်းကိစ္စမျိုး မရှိလျှင် ကပ်ဘေးအဆင့် ကျင့်ကြံသူများသည် အလွယ်တကူ တိုက်ခိုက်လေ့ မရှိကြပေ။

သို့သော်လည်း ယခုအခါတွင်မူ ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦးသည် တန်ယန်မြို့၏ အနီးအနားတွင် တိုက်ခိုက်နေခဲ့ကြသည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ပွဲသည် ပတ်ဝန်းကျင်ကို သေချာပေါက် ပျက်စီးစေမည် ဖြစ်ပြီး မိုင်ပေါင်းထောင်ချီ၊ သောင်းချီ အထိ သက်ရောက်နိုင်စွမ်း ရှိ၏။

ဆိုရလျှင် တန်ယန်မြို့သည်လည်း ကျင့်ကြံသူ နှစ်ဦး၏ တိုက်ပွဲတိုင်းကို အထိုက်အလျောက် ခံရနိုင်ခြေ ရှိနေခဲ့သည်။

ဤအခိုက်အတန့်တွင် ကြောက်ရွံ့တတ်သူ တချို့သည် တန်ယန်မြို့ကနေ အလျင်အမြန် စွန့်ခွာသွားကြပြီး ကျင့်ကြံသူ နှစ်ဦး တိုက်ခိုက်နေသော နေရာနှင့် ဝေးရာသို့ ထွက်ပြေးသွားခဲ့ကြသည်။

သို့သော်လည်း ရဲရင့်သူ တချို့ကမူ အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ အရှိန်အဝါများ ထွက်ပေါ်လာသည့်ဘက်သို့ အလျင်အမြန်ပင် ပျံသန်းသွားခဲ့ကြ၏။

ကပ်ဘေးအဆင့် တိုက်ပွဲမျိုးကို ကြုံတွေ့ရရန်မှာ မလွယ်ကူချေ။

အကယ်၍ သူတို့သာ ထိုတိုက်ပွဲကို လေ့လာနိုင်ပြီး တိုက်ပွဲကနေ အနည်းငယ် ဥာဏ်အလင်း ရရှိခဲ့လျှင် သူတို့၏ အနာဂတ်ကျင့်ကြံမှု အတွက် သံသယဖြစ်ဖွယ်ရာမရှိ ကြီးမားသော‌ အထောက်အပံ့ကို ရရှိစေပေလိမ့်မည်။

တန်ယန်မြို့၏ မြို့လည်ရှိ တန်မိသားစု နေအိမ်မှ အကြီးအကဲ အများအပြားသည် တန်ယန်မြို့၏ ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာကြသည်။

အဝေးကနေ ထွက်ပေါ်လာသည့် ပြင်းထန်သော အရှိန်အဝါကို အကဲခတ်ရင်း သူတို့၏ မျက်ဝန်းထဲတွင် စိတ်ဝင်စားသော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

“ကပ်ဘေးအဆင့် ကျင့်ကြံသူတွေက တန်ယန်မြို့အနီးမှာ ဘာလို့ ရုတ်တရက် တိုက်ခိုက်နေကြတာလဲ”

လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ရှိ တန်မိသားစု အကြီးအကဲတစ်ဦးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူများသည် အင်မော်တယ်တိုက်တွင် အလွန်တရာ ရှားပါးပြီး အားလုံးနီးပါးသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ဖြစ်ကြသည်။

အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းမှ ကပ်ဘေးအဆင့်ရှိ ဘိုးဘေးများသည် ကြီးမားသော ကိစ္စရပ် တစ်ခုခု မရှိလျှင် အပြင်ထွက်လေ့ မရှိကြချေ။

သို့ဖြစ်ရာ ယခု တန်ယန်မြို့ အနီးတွင် အဘယ်ကြောင့် ရုတ်တရက် တိုက်ခိုက်နေကြပါသနည်း။

“ကပ်ဘေးအဆင့် ကျင့်ကြံသူတွေ တိုက်ခိုက်နေတဲ့ နေရာက မျိုးနွယ်စုခေါင်းဆောင် သိပ်မကြာခင်က သွားခဲ့တဲ့ နေရာလောက်မှာပဲ”

ထိုအခိုက်အတန့်တွင် တန်မိသားစုမှ အကြီးအကဲ တစ်ဦးက ဝင်ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် အကြီးအကဲများ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့ကြ၏။

မကြာသေးခင်က တန်မိသားစု၏ ခေါင်းဆောင် တန်ချင်းဖုန်းသည် ဒုတိယသခင်လေး တန်နင်၏ အကူအညီတောင်းသည့် သတင်းကို ရရှိပြီး တန်မိသားစုကနေ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

အကယ်၍ တန်ချင်းဖုန်း သွားခဲ့သည့် နေရာသည် ကပ်ဘေးအဆင့် အရှိန်အဝါများ ထွက်ပေါ်နေသည့် နေရာနှင့် အတူတူ ဖြစ်နေခဲ့လျှင် တန်နင်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးဦးကို ရန်စလိုက်မိခြင်းမျိုး ဖြစ်နိုင်ပါသလော။

အကယ်၍ ထိုသို့သာ ဖြစ်နေခဲ့လျှင် တန်ချင်းဖုန်းသည် အခက်တွေ့နိုင်ခြေ ရှိနေခဲ့၏။

“သွားကြစို့.. ငါတို့သွားကြည့်ရအောင်”

လမ်းစဥ်ပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ရှိ အကြီးအကဲ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် အရှိန်အဝါများ ထွက်ပေါ်နေသည့် နေရာဆီသို့ ချက်ချင်းဆိုသလို ပျံသန်းသွားခဲ့၏။

ကပ်ဘေးအဆင့် တိုက်ပွဲကို ကြုံတွေ့ရရန်မှာ မလွယ်ကူချေ။

အထူးသဖြင့် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများ အတွက် ကပ်ဘေးအဆင့်တိုက်ပွဲကို ကြည့်ရှုခွင့်ရခြင်းသည် ကပ်ဘေးအဆင့်ကို ထိုးဖောက်နိုင်ရန် အတွက် အခွင့်အရေးတစ်ခု ဆိုလည်း မမှားပေ။

ထို့ကြောင့် ဤကိစ္စက တန်ချင်းဖုန်းနှင့် ဆက်စပ်မှုရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ သူတို့အတွက် သွားမကြည့်ဘဲ နေစရာအကြောင်း မရှိပေ။

အခန်း(၂၃၆၀)ပြီး၏။

All Chapters