← Chapters

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အခန်း (၆၃၄-၆၃၆)

Vol. 43 Ch. 634-636

အပိုင်း ( 634 )

လူသားဧကရာဇ် ဖြစ်လာခြင်း၊ ယခင်လူသားဧကရာဇ်ထပ် သာလွန်ခြင်း ၃

ရှုကျိုးသည် ၎င်းကို မျှော်လင့်မိနေတော့သည်။

ထိုကဲ့သို့သော အရာမျိုးသည် ကမ္ဘာနှစ်ခုစလုံးမှာပင် ထူးခြားနေမည် ဖြစ်သည်။

ရှေးဦးဝိညာဥ်သည် ကောင်းကင်ထက်သို့ ခုန်တက်သွားခဲ့သည်၊ တာအိုမူလ နိယာမများစွာကို နားလည်ထားခဲ့သောကြောင့် တာအိုနှင့် ပေါင်းစပ်ရခြင်းမှာ အလွန်ရာ လွယ်ကူနေခဲ့သည်။

“ ဓာတ်ကြီးငါးပါး တာအို၊ အသက်နဲ့ မရဏ တာအို၊ ဟင်းလင်းပြင် တာအို ….. ဘယ်တစ်ခုကို ရွေးချယ်ရမလဲ “

ရှေးဦးဝိညာဥ်သည် ၎င်း၏ အရှေ့တွင် ရှိနေသည့် ကမ္ဘာကြီးကို ကြည့်ကာ၊ ဝေခွဲမရ ဖြစ်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အရှေ့တွင် တာအိုပေါင်းများစွာ ရှိနေခဲ့ပြီး၊ အားလုံးက ၎င်း၏ ခြေရင်းတွင် ဝပ်တွားနေကာ၊ ၎င်းက သူတို့အပေါ်သို့ လျှောက်လှမ်းလာမည်ကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်သည်။

၎င်းတို့အပေါ်ကို ခြေချလိုက်သရွေ့၊ အဌမအဆင့်သို့ ချက်ချင်း ရောက်ရှိသွားမည် ဖြစ်သည်။

“ ဓာတ်ကြီးငါးပါး တာအိုက မူလကိုယ်နဲ့ အသင့်တော်ဆုံးပဲ၊ ဒါပင်မဲ့ အသက်နဲ့ မရဏ တာအိုက အန္တိမနိယာမ တာအိုလေ၊ ပြီးတော့ ဟင်းလင်းပြင် တာအိုကလည်း တော်တော်လေးကို ကောင်းတယ် “

ရှေးဦးဝိညာဥ်သည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ၊ ရိုးရှင်းစွာ ဆုံးဖြတ်လိုက်သည် “ အကုန်လုံးကို လိုချင်တယ်ကွာ “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် နိယာမတို့၏ စွမ်းအားတစ်ခုသည် ၎င်း၏ အရှေ့တွင် ရှိနေသည့် ကောင်းကင်နှင့် ကမ္ဘာမြေတာအို၏ ဖုံးလွှမ်းခြင်းထံမှ ပေါက်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် အရှေ့သို့ ချက်ချင်းလျှောက်လှမ်းသွားခဲ့သည်။

“ ဗွီ “

အဆိုပါ တာအိုများသည် ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့ပြီး၊ ၎င်းကို ခါချလာခဲ့သည်။

အနီးအနားရှိ ရွှေရောင်မီးလျှံသည် အဆိုပါ မြင်ကွင်းကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

“ အဆင့်၈မှာ တာအိုအများကြီးကို ပေါင်းစည်းဖို့ ကြိုးစားနေတာလား။ ဒီလူက ရူးနေတာလား “

ရွှေရောင်မီးလျှံသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ဒါပင်မဲ့ တကယ်လို့ သူအောင်မြင်သွားမယ်ဆိုရင်၊ သူ့ရဲ့ အခြေခံအုတ်မြစ်က တော်တော်ကြီးကို ကြောက်ဖို့သွားမှာ သေချာတယ်၊ အနည်းဆုံးအနေနဲ့ အဆင့်၈နယ်ပယ်မှာဆိုရင် သူ့ရဲ့ ကိုယ်ပွားထပ် အဆပေါင်းများစွာ ပိုစွမ်းနေမှာပဲ “

သို့သော် ထိုကိစ္စက အလွန်တရာ အံ့ဖွယ်ကောင်းနေသောကြောင့်၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကပင် ၎င်းကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

နဝမအဆင့် ပညာရှင်များက တာအို အများအပြားကို ပေါင်းစပ်နိုင်ရခြင်းမှာ သူတို့သည် တာအိုနှင့် ပေါင်းစည်းကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။

သို့သော် ရှုကျိုး၏ ရှေးဦးဝိညာဥ်ကမူ သတ္တမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးပြီး၊ ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် မပေါင်းစည်းရသေးပေ၊ ထို့ကြောင့် တာအို အများအပြားကို တစ်ပြိုင်နက် ပေါင်းစပ်ရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

“ ငါ့အတွက် ပေါင်းစည်းစမ်း “

ရှေးဦးဝိညာဥ်သည် ကောင်းကင်ဘုံကို ဟိန်းဟောက်လိုက်သည်၊ ရှေးဦးဝိညာဥ်၏ စွမ်းအားသည် မြစ်ကဲ့သို့ လျှံထွက်လာခဲ့ကာ၊ တာအိုများကို အတူတကွ ချည်နှောင်နေတော့သည်။

ထို့နောက်တွင် ၎င်းသည် ထပ်မံ၍ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအိုကို နင်းမိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အသက်နှင့် မရဏ၊ ဟင်းလင်းပြင်၊ ဓာတ်ကြီးငါးပါးနှင့် တစ်ခြားသော နိယာမတို့၏ ထိုးထွင်းသိမြင်မှုများသည် ၎င်း၏ခြေထောက်အောက်တွင် ရှိနေသည့် တာအိုပေါ်တွင် တံဆိပ်ရိုက်နှိပ်လိုက်သကဲ့သို့ မှတ်သားခံလိုက်ရသည်။

“ ဗွီ “

တာအိုထိုးထွင်းသိမြင်မှုများ ပေါ်ထွက်လာမှုနှင့်အတူ ရှေးဦးဝိညာဥ်၏ ခြေထောက်အောက်တွင် ရှိနေသည့် တာအိုများသည် ရင်းနှီးသော အသက်ရှူသံကို ခံစားလိုက်ရသည့်အလား တုန်ခါခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။

“ အလုပ်ဖြစ်တယ် “

ရှုကျိုး၏ ရှေးဦးဝိညာဥ်၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ ၎င်းသည် ၎င်း၏ ခြေထောက်အောက်တွင် ရှိနေသည့် တာအိုမူလကို စတင်၍ စုပ်ယူနေတော့သည်။

“ ဇွီ “

တစ်ချိန်တည်းမှာပင် ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် မြေပြင်ပေါ်မှ မြင့်တက်လာခဲ့ကာ၊ လေတိုက်တိုင်း ကြီးမားလာခဲ့သည်။

မီတာ ၁၀၀၀

မီတာ ၃၀၀၀

မီတာ ၈၀၀၀

မီတာ ၁၀၀၀၀

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် မီတာတစ်သောင်း မြင့်မားသည့်‌ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ နောက်ဆုံးတော့ အဆင့်၈နယ်ပယ်ကို ရောက်လာခဲ့ပြီ “

ရှုကျိုးသည် သူ၏ကိုယ်ပိုင် အပြောင်းအလဲများကို မစစ်အားသေးဘဲ၊ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်၏ မြင်လိုက်ရသောအခါတွင် ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည်။

“ မီတာ တစ်သောင်းမြင့်တဲ့ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်လား။ အဲ့တာက ငါ့ရှေးဦးဝိညာဥ်ရဲ့ စွမ်းအားက အဆင့်၉နယ်ပယ်ကို ရောက်နေပြီလို့ ဆိုလိုနေတာ မဟုတ်ဘူးလား ”

သာမန်သိုင်းပညာရှင်တစ်ဦးက အဌမအဆင့်နယ်ပယ်သို့ ရောက်ရှိလာသည့် အချိန်တွင်၊ သူ၏ ရှေးဦးဝိညာဥ်မှာ အများဆုံးအနေဖြင့် မီတာတစ်ထောင်အထိသာ မြင့်မားမည် ဖြစ်သည်။

ကိုယ်ပွားဖြစ်သည့် ကြယ်တာရာ T-Rex နတ်ဘုရားကပင် အဌမအဆင့်သို့ တက်လှမ်းခဲ့စဥ်အချိန်က မီတာ ထောင်ဂဏန်းမျှသာ မြင့်မားသည့် ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကို ပိုင်ဆိုင်ခဲ့သည်။

သို့သော် မူလကိုယ်၏ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်ကမူ အဌမအဆင့်သို့ ရောက်ရှိလာသည့် အချိန်တွင် မီတာတစ်သောင်းအမြင့်အထိ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

“ အဆင့်၈နယ်ပယ်မှာ ပြိုင်ဘက်ကင်းပြီ “

ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ သူသည် သူ၏တိုက်ခိုက်ရေး စွမ်းအားကို နားလည်နေခဲ့သည်။

အနီးအနားရှိ ရွှေရောင်မီးလျှံမှာလည်း ထိုမြင်ကွင်းကို ကြည့်ရှူနေရင်းဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဆရာက အဆင့်၈ကို တက်ခဲ့တဲ့ အချိန်တုန်းကတောင်၊ နင့်လောက်အထိ မအောင်မြင်ခဲ့ဘူးဆိုတာကို ငါဝန်ခံပါတယ် ……. “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သူမကို လှည့်ကြည့်လာခဲ့သည် “ ဒီမီးတောက်ကလေးကို ဝန်ခံလာအောင် လုပ်နိုင်ခဲ့တယ်ဆိုတော့၊ ငါ့ရဲ့ အဆင့်၈ ထိုးဖောက်မှုက မကြုံစဖူး ဖြစ်ရပ်ထူးတစ်ခု ဖြစ်နေခဲ့တဲ့ပုံပဲ ”

အဆင့်တက်သွားခြင်းကြောင့် သူပျော်ရွှင်နေစဥ် အချိန်တွင်

“ ဘုမ်းး ဝုန်းးး “

ရုတ်တရက်ဆိုသလိုပင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အတွင်းမှ အဌမအဆင့် အရှိန်အဝါ အများအပြားသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့ပြီး၊ ဟင်းလင်းပြင်ကို အလောတကြီး ဆုတ်ဖြဲနေကြသည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအချိန်၌ ရှုကျိုးသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

…………………………………………………………………………………………………………………………………….

အပိုင်း ( 635 )

သတ်၊ သတ်၊ သတ်

ဘုမ်းးး ဘုမ်းးး ဘုမ်းးး

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အတွင်းမှ အစွမ်းထက် အရှိန်အဝါများသည် ကောင်းကင်ထက်သို့ ဆက်တိုက်ထောင်တက်လာခဲ့သည်။

စံအိမ်အတွင်းရှိ ရှုကျိုးသည် ထိုမြင်ကွင်းကို အာရုံခံမိနေခဲ့ကာ၊ စိတ်ရှုပ်ထွေးသွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အဆိုပါ အရှိန်အဝါများအနက် အနည်းစုက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ အဌမအဆင့် ပညာရှင်တို့၏ အရှိန်အဝါများ ဖြစ်နေသောကြောင့် ဖြစ်သည်။

အဌမအဆင့် ပညာရှင်တွေကတောင် ဒီလိုမျိုး ရေးကြီးသုတ်ပျာ ဖြစ်နေတယ်ဆိုတော့၊ ဘာများ ဖြစ်လို့လဲဟ

ရှုကျိုးသည် သူ၏စကားပြောစက်ကို ထုတ်ယူကာ ဝုချင်းရှန်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

“ ကျောင်းအုပ်ကြီး၊ ဘာတွေ ဖြစ်နေတာလဲ။ ပညာရှင် အများကြီးက ကျောင်းကနေ ရုတ်တရက်ကြီး ထွက်သွားကြတယ် “

တစ်ခဏ အကြာတွင် ဝုချင်းရှန်၏ ပြန်ဖြေသံ ပေါ်ထွက်လာခဲ့သည် “ ကွမ်ဟန်မှာ ကိစ္စနည်းနည်းရှိလို့ပါ၊ မင်းက အဲ့ကိစ္စကို စိတ်ပူနေစရာ မလိုပါဘူး။ ကျောင်းမှာပဲ နေပြီးတော့ ကောင်းကောင်းလေ့ကျင့်နေ “

ထို့နောက်တွင် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။

ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် စကားပြောစက်ကို ကြည့်နေတော့သည်၊ ကွမ်ဟန်မှာ ကိစ္စလေးတွေ ပေါ်လာတာလား

အမှောင်နယ်မြေ လမ်းကြောင်း ဆင်းသက်လာလို့များလား

အဲ့လို မဖြစ်သင့်ဘူးလေ၊ ယုတ္တိရှိရှိ ပြောရမယ်ဆိုရင် လပိုင်းလောက် လိုသေးတယ်လေ

ရှုကျိုးသည် နှစ်စက္ကန့်မျှ တွေးတောစဥ်းစားနေခဲ့ပြီး၊ လက်သည်းရှစ်ခု ရွှေနဂါး တံဆိပ်ပြားကို ထုတ်ယူကာ လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးကို မေးမြန်းရန် ပြင်လိုက်သည်။

ဆက်သွယ်မှု ချိတ်ဆက်သွားသည့် အချိန်တွင်၊ ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်ခုသည် တစ်ဖက်မှ ပေါ်ထွက်လာခဲ့သည်။

ရှုကျိုးသည် အလောတကြီး မေးမြန်းလိုက်သည် “ စီနီယာ၊ အဲ့ဘက်မှာ ဘာတွေဖြစ်နေတာလဲဗျ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ ပြန်ပြောလာခဲ့သည် “ အမှောင်နယ်မြေရဲ့ ပညာရှင်တစ်ယောက်က ကမ္ဘာနှစ်ခု လမ်းကြောင်းကို အတင်းအကြပ် ဖွင့်ခဲ့ပြီးတော့၊ အဆင့်၈နဲ့ အဆင့်၉က ဂျူနီယာတွေကို နယ်မြေဖိနှိပ်တာကို မခံရစေဘဲ၊ ငါတို့ဘက်က အဆင့်တူလူတွေကို လာစိန်ခေါ်ခိုင်းထားတယ် “

ရှုကျိုး၏ စိတ်နှလုံးသားသည် အနည်းငယ် လှုပ်ခါသွားခဲ့သည်၊ အမှောင်နယ်မြေလမ်းကြောင်းက တကယ်ကြီး ပွင့်လာပြီလားဟ

ဒါပင်မဲ့ အမှောင်နယ်မြေက ကျူးကျော်စစ်မဆင်နွှဲဘဲနဲ့ အဆင့်တူကလူတွေကို ဘာဖြစ်လို့ စိန်ခေါ်နေကြတာလဲ

ထို့နောက်တွင် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးမှ စကားထပ်ပြောလာခဲ့သည် “ သိပ်မကြာခင် အချိန်ကမှ ငါတို့ဖျက်စီးထားတဲ့ အစီအရင်တွေကလည်း အကျိုးသက်ရောက်မှု ရှိတယ်၊ အဲ့တာကြောင့် အမှောင်နယ်မြေရဲ့ ပကတိ အထွတ်အထိပ်အဆင့်အထက်က ပညာရှင်က အခုချိန်မှာ ဒီကိုလာလို့ မရဘူး။ အခုဖြစ်နေတာတွေ အဆင့်၈နဲ့ အဆင့်၉တွေရဲ့ တိုက်ပွဲတွေပဲ “

“ ကျွန်တော် နားလည်ပြီ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

သို့သော် အစောပိုင်း အချိန်က ကျောင်းတွင် မြင်တွေ့ခဲ့ရသည့် ဖြစ်ရပ်ကို ပြန်၍ အမှတ်ရသွား‌သောအခါတွင်၊ အခြေအနေက အပေါင်းလက္ခဏာ ဆောင်မနေဘူးဆိုသည်ကို သူလျင်မြန်စွာ နားလည်သွားခဲ့သည်။

“ ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်မြင့် ပညာရှင်တွေက အဆင့်တူက ကမ္ဘာ့ကြယ်ရဲ့ သိုင်းပညာရှင်တွေကိုတောင် အသည်းအသန် တိုက်ခိုက်နေရတာ၊ အမှောင်နယ်မြေရဲ့ ပညာရှင်တွေဆိုရင်တော့ ပိုဆိုးနေမှာ သေချာတယ် “

“ သားရဲတွေဘက်မှာတော့ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲတွေက အစွမ်းထက် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီးတော့၊ ကမ္ဘာ့ကြယ်သားရဲ မျိုးနွယ်စုရဲ့ အဆင့်တူက ကောင်တွေကို အနိုင်ယူနိုင်ပင်မဲ့၊ အမှောင်နယ်မြေ တော်ဝင်မိသားစုနဲ့ယှဥ်လိုက်မယ်ဆိုရင်တော့ ကွာဟချက် ရှိနေသေးတယ် “

ရှုကျိုးသည် ၎င်းကို တွေးတောစဥ်းစားမိကာ၊ တိုက်ပွဲအခြေအနေကိုပင် မှန်းဆမိသွားခဲ့သည်။

သို့သော် သူသည် ထိုအကြောင်းကို မေးမြန်းလိုက်သေးသည် “ စီနီယာ၊ ကျွန်တော်တို့ဘက်က အခြေအနေတွေက ဘယ်လိုရှိလဲ “

“ တော်တော်များများ သေသွားပြီ “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေး၏ အသံသည် အနည်းငယ် လေးလံနေခဲ့သည် “ အမှောင်နယ်မြေဘက်က ပို့လိုက်တဲ့လူတွေက ပါရမီရှင်တွေချည်းပဲ။ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက တော်တော်ကြီးကို အားကောင်းတယ် “

“ ကျွန်တော်နားလည်ပြီ “

ရှုကျိုးသည် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်၊ ထို့နောက်တွင် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ကောင်းကင်ထက်သို့ ပျံတက်သွားတော့သည်။

ရွှေရောင်မီးလျှံသည် စကားထပ်ပြောလာခဲ့သည် “ ရှုကျိုး၊ နင်က ကွမ်ဟန်ကို သွားဖို့ စီစဥ်နေတာလား “

“ ဟုတ်တယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ ရှေ့တန်းတွင် အခြေအနေ မကောင်းသောကြောင့် သူသည် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ယခုတွင် သူနှင့် သူ၏ကိုယ်ပွားသည် ဒြပ်စင်ပေါင်းစပ်ခြင်းကို အောင်မြင်ထားပြီဖြစ်ကာ၊ အချိန်မရွေး ပုံစံပြောင်းနေနိုင်ပြီ ဖြစ်သည်၊ အထွတ်အထိပ် တစ်ပိုင်းအဆင့် ပညာရှင်က လှုပ်ရှားလာမည်ဆိုလျှင်တောင်မှ၊ သူသည် ကိုယ့်ကိုကိုယ် အပြည့်အဝ ကာကွယ်နိုင်ဦးမည် ဖြစ်သည်။

ထို့အပြင် သူသည် ကွမ်ဟန်တွင် အထွတ်အထိပ် တစ်ပိုင်းအဆင့် တားမြစ်ချက်များစွာ ချန်ထားခဲ့သည်။

ရွှေရောင်မီးလျှံမှ စကားထပ်ပြောလာခဲ့သည် “ တစ်ခြား အဆင့်၈နဲ့ အဆင့်၉ ပညာရှင်တွေက ကွမ်ဟန်မှာ ရှိနေပြီလေ၊ နင်က ကိုယ့်ကိုကိုယ် တတ်နိုင်သမျှ အမြန်ဆုံး တိုးတက်အောင် လုပ်ဖို့အတွက်ပဲ အာရုံစိုက်ရမှာ၊ အချိန်ဖြုန်းလို့ မရဘူး “

ဤကာလအတွင်း၌ သူမသည် အမှောင်နယ်မြေလမ်းကြောင်းက သိပ်မကြာခင် အချိန်တွင် ရောက်ရှိလာမည်ဆိုသည်ကို သိရှိထားခဲ့သည်။

လူသားဧကရာဖ် အမွေအနှစ်၏ လမ်းပြအနေဖြင့်၊ သူမသည် ထိုကိစ္စကို ရှုကျိုးထပ်ပင် ပို၍စိုးရိမ်ပူပန်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် သူမဆရာ၏ တစ်ဦးတည်းသော အမွေဆက်ခံသူက သန်မာအားကောင်းမလာခင် အချိန်တွင် အသတ်ခံလိုက်ရမည်ကို မမြင်ချင်သောကြောင့် ဖြစ်သည်။

အထူးသဖြင့် ရှုကျိုးပြသခဲ့သည့် စွမ်းရည်များကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် ဖြစ်ပြီး၊ သူမသည် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို လုံးဝမမြင်တွေ့ချင်ပေ။

“ ရှုကျိုး၊ လက်သည်းရှစ်ခု ရွှေနဂါးမျိုးနွယ်စုရဲ့ ကြာပန်းစင်မြင့်ဆီကို သွားပြီးတော့ ဉာဏ်အလင်းရဖို့နဲ့ ပကတိ အထွတ်အထိပ်က အမြန်ဆုံး ရောက်ဖို့အတွက် လုပ်၊ အဲ့တာက အခုချိန်မှာ နင်အလုပ်သင့်ဆုံး အရာပဲ “ ရွှေရောင်မီးလျှံမှ အကြံပေးလာခဲ့သည်။

ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ ပြောပြလိုက်သည် “ အရေးကြီးတဲ့ အချိန်မှာ ရှေ့မထွက်ဘူးဆိုရင်၊ သန်မာနေတော့ရော ဘာအဓိပ္ပါယ် ရှိတော့မှာလဲ “

သူသည် အောက်ဘက်တွင် ရှိနေသည့် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကို ပြန်လှည့်ကြည့်နေတော့သည်။

သူ့ထံတွင် ကမ္ဘာကြီးကို ကယ်တင်လိုစိတ် မရှိပေ။ ဤကမ္ဘာထဲတွင် သူဂရုစိုက်ရသည့် လူများ ရှိနေသောကြောင့်သာလျှင် ဖြစ်သည်။

လီရို့ရှီ၊ လျူချင်းယွမ်၊ ရှန့်ဝမ်ချန်း၊ လီယန်ဖင်း …………

ရှေ့တန်းမှ စစ်ပွဲက ကြယ်ပြာဂြိုဟ်အထိ မပျံ့နှံ့လာသေးသော်လည်း

အမှောင်နယ်မြေက လပိုင်းအတွင်းတွင် ရောက်ရှိလာတော့မည် ဖြစ်သောကြောင့်၊ ယခုလက်ရှိ တိုက်ပွဲတွင် ကြယ်ပြာဂြိုဟ်၏ အဌမအဆင့်နှင့် နဝမအဆင့် ပညာရှင် အများအပြားကို လက်လွှတ်လိုက်ရမည်ဆိုပါက၊ လာမည့်အခြေအနေများက ပိုမိုဆိုးရွားနေလိမ့်မည် ဖြစ်သည်။

“ ပြီးတော့၊ ရန်သူကို သတ်တာနဲ့ ပိုသန်မာလာဖို့ဆိုတာကလည်း တစ်ပြိုင်နက် ဖြစ်လာနိုင်တာပဲလေ “

ရှုကျိုး၏ ပုံရိပ်သည် ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့သည်၊ သူ၏ပုံရိပ်သည် လူနှင့် သားရဲအဖြစ် မှိန်ဖျော့ဖျော့ ပြောင်းလဲနေခဲ့သည်။

သူသည် ရှုကျိုးဖြစ်ပြီး၊ ရှုကျိုးမှာလည်း ကြယ်တာရာ T-Rex နတ်ဘုရားပင် ဖြစ်သည်။

…

ကွမ်ဟန်တောင်ပိုင်း စစ်မြေပြင်

နယ်မြေ ၅၅

ကောင်းကင်ပြင်မှာ မှိန်ဖျော့နေလျက်ရှိသည်။

ကြီးမားကျယ်ပြန့်သော ရေခဲပြင်ကြီးပေါ်တွင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့၏ သွေးများ စွန်းထင်းနေခဲ့သည်။

နဝမအဆင့်နယ်ပယ်၌ လူတစ်ဦး၏ ချီ-သွေးမှာ မြစ်တစ်စင်းကဲ့သို့ ဖြစ်နေခဲ့ပြီး၊ မြေပြင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းနိုင်စွမ်းရှိသည်။

ယခု နယ်မြေ ၅၅တွင် သွေးကန်တစ်ကန် ပေါ်လာပုံရပြီး၊ ၎င်း၏အထက်တွင် ကြယ်ပြာဂြိုဟ်၏ သိုင်းပညာများ မျောလွင့်နေကာ၊ သူတို့၏ မျက်လုံးများမှာ လုံးဝငြိမ်းချမ်းမနေခဲ့ပေ။

( မျက်လုံးမမှိတ်နိုင်သေးတာမျိုးကို ပြောတာပါ )

ကောင်းကင်ထက်ရှိ ပကတိ အထွတ်အထိပ် ပညာရှင်တို့မှာလည်း မှုန်မှိုင်းမှိုင်းဖြစ်နေကြသည်။

ယခင်က စိန်ခေါ်ပွဲတွင် ကြယ်ပြာဂြိုဟ်၏ အဌမအဆင့်နှင့် နဝမအဆင့် ပညာရှင်တို့မှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြသည်။

သူတို့က ထိုလူများကို အချိန်မှီ မကယ်တင်နိုင်ခြင်းမဟုတ်ဘဲ၊ အမှောင်နယ်မြေ၏ ပညာရှင်များက တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်သောကြောင့် ဖြစ်သည်။

ထို့အပြင် တွင်းပေါက်ဝတွင် ရှိနေသည့် အန္တိမတစ်ပိုင်း ပညာရှင်ကလည်း သူ၏ အရှိန်အဝါကို ဆက်တိုက်ထုတ်လွှတ်ကာ ခြိမ်းခြောက်နေသောကြောင့်၊ ကြယ်ပြာဂြိုဟ်၏ ပကတိ အထွတ်အထိပ် ပညာရှင်များက တိုက်ပွဲများအတွင်းတွင် ဝင်ရောက်စွက်ဖက်မည့်အရေးကို ခက်ခဲသွားစေခဲ့သည်။

အမှားရှာရမည်ဆိုပါက၊ ၎င်းသည် ကြယ်ပြာဂြိုဟ်၏ သိုင်းပညာရှင်များနှင့် အမှောင်နယ်မြေမှ သိုင်းပညာရှင်တို့ကြားရှိ ကွာခြားချက်က အလွန်တရာ ကြီးမားနေခြင်းကိုသာလျှင် လက်ညှိုးထိုးရမည် ဖြစ်သည်။

အကယ်၍ သူတို့ကသာ ရန်သူနှင့် တိုက်ကွက်တစ်ကွက် ဖလှယ်နိုင်မည်ဆိုပါက၊ သူတို့ကို ကယ်တင်နိုင်မည် ဖြစ်သည်။

သို့သော် တိုက်ကွက်ပင် မဖလှယ်နိုင်ဘဲ ချက်ချင်း အသတ်ခံလိုက်ရခြင်းအား မည်ကဲ့သို့ ကယ်တင်နိုင်မည်နည်း

သားရဲမျိုးနွယ်စု၏ အထွတ်အထိပ် အစစ်အမှန် နတ်သားရဲ မျိုးနွယ်စုများမှ ပါရမီရှင်များကမူ အမှောင်နယ်မြေ၏ ပါရမီရှင်များကို မယှဥ်နိုင်ကြသော်လည်း၊ အနိမ့်ဆုံးအနေဖြင့် တိုက်ကွက်အနည်းငယ်မျှ ဖလှယ်နိုင်ခဲ့ကြသည်၊ ထို့ကြောင့် အဆုံးတွင် သားရဲမျိုးနွယ်စုမှ ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ ကယ်တင်ခြင်းကို ခံခဲ့ကြရသည်။

……………………………………………………………………………………………………………………………..

အပိုင်း ( 636 )

သတ်၊ သတ်၊ သတ် ၂

၎င်းမှာ အသက်ကိုသာလျှင် ကယ်တင်နိုင်ခြင်းဖြစ်ပြီး၊ သူတို့၏ ဒဏ်ရာများမှာ အလွန်တရာ ပြင်းထန်နေခဲ့သည်။

“ ဟက် “

“ ကြယ်ပြာဂြိုဟ်က တကယ်ကို အမှိုက်တွေ စုပုံနေတဲ့ နေရာတစ်ခုပဲ “

အဆိုပါ ပါရမီရှင်များအနက် မျက်လုံးလေးလုံးပိုင်ရှင် ဖန်းယင်သည် လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဒီတစ်ခါတော့ ပျော်ပျော်ပါးပါး သတ်ဖြတ်နိုင်မယ်လို့ ထင်နေခဲ့တာ၊ ကိုယ့်ကိုကိုယ် ပါရမီရှင်တွေလို့ ခေါ်နေတဲ့ ကြယ်ပြာဂြိုဟ်သားတွေက ငါတို့ မွေးမြူထားတဲ့ သားရဲတွေလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဤနေရာတွင် ရှိနေသည့် ကြယ်ပြာဂြိုဟ်၏ ပညာရှင်များသည် သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ခဲနေကြတော့သည်။

ပက်ပက်စက်စက် အရှက်ခွဲခံရသော်လည်း၊ ပြန်လည်ငြင်းဆိုနိုင်မည့် နည်းလမ်းမရှိခြင်းမှာ အမှန်ပင် မွန်းကြပ်ဖွယ်ကောင်းလွန်းလှသည်။

အမှောင်နယ်မြေ၏ အလယ်အလတ် အဌမအဆင့် အဆိုပါ ပညာရှင်သည် ကြယ်ပြာဂြိုဟ်၏ နှောင်းပိုင်း အဌမအဆင့် ပညာရှင်ဆယ်ဦးကို ဆက်တိုက်အနိုင်ယူခဲ့ပြီး၊ ၎င်းတို့အနက်မှ ငါးဦးသည် အဆိုပါဖန်းယင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

မလှမ်းမကမ်းရှိ ခရမ်းရောင်ဆံသားနှင့် အနက်ရောင် မျက်လုံးပိုင်ရှင်၊ နော့မှာလည်း အေးအေးလူလူ စကားဝင်ပြောလာခဲ့သည် “ ဒီအမှိုက်တွေက ငါတို့ကို ကြောက်နေကြပြီ၊ မင်းရဲ့ ပြိုင်ဘက်ကို ထပ်ရွေးလိုက်ဦး “

ဖန်းယင်သည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်များ ရှိရာဘက်သို့ လှည့်ကြည့်လာခဲ့သည်။

တစ်ခဏ အကြာတွင် ဖန်းယင်သည် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တစ်ဦးကို လက်ညှိုးထိုးကာ စကားပြောလိုက်သည် “ မင်း၊ ထွက်လာပြီးတော့ ငါနဲ့လာတိုက် “

လူအုပ်အတွင်းရှိ ဝုချင်းရှန်၏ အမူအရာမှာ ရုတ်တရက် အေးစက်သွားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဖန်းယင်လက်ညှိုးထိုးလိုက်သည့် လူမှာ သူဖြစ်နေသောကြောင့် ဖြစ်သည်။

အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးဖြစ်သည့် သူသည် အလယ်အလတ် အဌမအဆင့် ပညာရှင်တစ်ဦးကို စိန်ခေါ်ခြင်းကို ခံနေခဲ့ရသည်။ အကယ်၍ သူကသာ ၎င်းကို ငြင်းပယ်လိုက်မည်ဆိုပါက၊ ၎င်းမှာ ကြယ်ပြာဂြိုဟ်အတွက် အရှက်ရဖွယ်ကောင်းသည့် ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ဤအချိန်၌ ဝုချင်းရှန်ထံတွင် လမ်းတစ်လမ်းသာလျှင် ကျန်နေတော့သည်။

ဝုချင်းရှန် ရှေ့ထွက်လာတော့မည့် အချိန်တွင် …….

“ ငါမင်းနဲ့တိုက်မယ် “

အေးစက်စက် အသံတစ်သံ ဟိန်းထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ အံ့ဖွယ်ကောင်းသော ဆူညံသံတစ်ခုကပါ အဖော်ပြုလိုက်ပါလာခဲ့သည်။

ခရက် ……. ဘုမ်းးးး

မီတာ တစ်သောင်း ရှည်လျားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ဟလာခဲ့ပြီး၊ အဆုံးမဲ့ ဟင်းလင်းပြင် လှိုင်းလုံးများ ပေါက်ထွက်လာခဲ့သည်။

အနက်ရောင် ဟင်းလင်းပြင် မုန်တိုင်း၏ အလယ်ဗဟိုတွင် ဓားရှည်ကို လွယ်ထားသည့် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် ခံ့ညားစွာ မတ်တပ်ရပ်နေလျက်ရှိသည်။

“ အဲ့တာက ….. “

ထိုအချိန်၌ ကြယ်ပြာဂြိုဟ် သိုင်းပညာရှင် အားလုံးသည် ကောင်းကင်ထက်သို့ မော့ကြည့်လာခဲ့သည်။

တစ်ခဏအကြာတွင် လူတော်တော်များများသည် အဆိုပါ ပုံရိပ်ကို မှတ်မိသွားကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ အဲ့တာက ဒုဗိုလ်ချုပ်ကြီးရှုလား “

“ သူက အဆင့်၈ကို ရောက်နေပြီပေါ့ “

ကြယ်ပြာဂြိုဟ် သိုင်းပညာရှင် တော်တော်များများသည် မျှော်လင့်ချက်ကို မြင်လိုက်ရသည့်အလား စိတ်လှုပ်ရှားသွားကြသည်။

သို့သော် ရှုကျိုးကို မြင်လိုက်ရသောအခါတွင် ဝုချင်းရှန်၏ အမူအရာမှာ အလွန်တရာ မည်းမှောင်သွားခဲ့သည်။ သူသည် အသံထုတ်လွှင့်၍ အော်ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဒီမှာ ဘာလုပ်နေတာလဲ။ ပြန်သွားစမ်း “

ရှုကျိုးက အဌမအဆင့်သို့ ရောက်ရှိနေသည်ကို သူအာရုံခံမိနေခဲ့သော်လည်း၊ ယခုလက်ရှိ အချိန်မှာ အံ့အားသင့်နေရမည့် အချိန် မဟုတ်ပေ။

ဝုချင်းရှန်တစ်ဦးတည်းကသာလျှင် သူ့အရှေ့တွင် ရှိနေသည့် ဖန်းယင်က ကြီးမားသော ဖိအားတစ်ခု ထုတ်လွှတ်နေကြောင်းကို သိနေခဲ့သည်။

အဌမအဆင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် သူကပင် ကြီးမားသော ဖိအားတစ်ခုကို ခံစားနေခဲ့ရသည်။

ထိုကဲ့သို့သော ထိပ်တန်းပါရမီရှင်မျိုးသည် ရှုကျိုးယှဥ်နိုင်သည့် လူမဟုတ်ပေ။

သို့သော် ဤတစ်ကြိမ်၌ ရှုကျိုးသည် ယခင်ကကဲ့သို့ သူ၏ အမိန့်များကို မနာခံတော့ပေ။

သူသည် မြေပြင်ပေါ်ရှိ ပြတ်တောက်နေသော ခြေလက်များနှင့် ဦးခေါင်းတို့ဖြင့် ပြည့်နှက်နေသည့် သွေးရေကန်ကို ကြည့်ကာ၊ သူ့မျက်လုံးများထဲတွင် ရှိနေသည့် အေးစက်မှုက ပိုမိုကြီးထွားလာခဲ့သည်။

ထိုစဥ် ဖန်းယင်မှာလည်း ရှုကျိုးကို သတိပြုမိသွားခဲ့သည်။

သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ အစောပိုင်း အဆင့်၈လား။ တစ်ခြားလူတွေရဲ့ တုံ့ပြန်မှုကို ကြည့်ရသလောက်အရဆိုရင်တော့၊ မင်းက ကြယ်ပြာဂြိုဟ်ရဲ့ ထိပ်တန်းပါရမီရှင်ပဲ ဖြစ်ရမယ်။ မင်းက ငါ့ဆီကနေ ဘယ်နှကွက်ခံနိုင်မလဲဆိုတာကို ငါသိချင်မိတယ် “

ဖန်းယင်သည် သူ၏နှုတ်ခမ်းများကို သပ်နေတော့သည်၊ သူသည် ထိပ်တန်းပါရမီရှင်တို့အား သတ်ဖြတ်ရခြင်းကို အနှစ်သက်ဆုံး ဖြစ်သည်။

တစ်ခုတည်းသော နောင်တရစရာမှာ ရှုကျိုးက အစောပိုင်း အဌမအဆင့်တွင်သာ ရှိနေသေးခြင်း ဖြစ်သည်။ အကယ်၍ နှောင်းပိုင်း အဌမအဆင့်(သို့) အထွတ်အထိပ်တွင် ရှိနေမည်ဆိုပါက၊ ဖန်းယင်သည် ပို၍ရင်ခုန်စိတ်လှုပ်ရှားသွားလိမ့်မည် ဖြစ်သည်။

ဖန်းယင်၏ စိတ်အားထက်သန်နေသော အကြည့်ကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အေးအေးလူလူ စကားပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ တိုက်ကွက်တစ်ခုကို ခံနိုင်ရင်၊ ငါမင်းကို အသက်ချမ်းသာပေးမယ် “

ဖန်းယင်၏ မျက်လုံးများသည် အနည်းငယ် ပြောင်းလဲသွားပြီး၊ မောက်မာတယ်ဆိုသည့် စကားကို ပြန်ပြောချင်နေခဲ့သည်။

သို့သော် သူစကားမပြောနိုင်ခင် အချိန်မှာပင်၊ ရှုကျိုး၏ ပုံရိပ်သည် သူရပ်နေခဲ့သည့် မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

“ ဇွစ် “

ဟင်းလင်းပြင်သည် ဖော့တုံးကဲ့သို့ ပြိုကွဲသွားခဲ့သည်၊ ရှုကျိုးသည် အရိပ်တစ်ခုအဖြစ် အသွင်ပြောင်းကာ၊ ဟင်းလင်းပြင်ကို ကျော်ဖြတ်လာခဲ့သည်။

မီလီစက္ကန့်၏ ဆယ်ပုံတစ်ပုံအတွင်းမှာပင် သူသည် ဖန်းယင်အနားသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင် သူသည် လက်သီးတစ်လုံး ပစ်သွင်းလာခဲ့သည်။

“ ဘာကြီး။ ဒီလောက်တောင် မြန်တယ်လား ………. “

ဖန်းယင်သည် တစ်ခဏခန့်မျှသာ တွေးတောနေနိုင်ခဲ့ပြီး၊ သူ့ထံသို့ ဧရာမ လက်သီးတစ်လုံး ပြေးဝင်လာသည်ကို မြင်တွေ့ခဲ့ရသည်။

ငြှိမ်းသက်၍ မရသော ကြယ်မီးဖို

မူလကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းမှုကြောင့် အဆိုပါ စွမ်းရည်၏ အာနိသင်သည် ကိုယ်ပွားထပ် ပိုမိုနည်းပါးနေခဲ့သည်။

သို့သော် ထိုကဲ့သို့ ဖြစ်နေခဲ့သော်လည်း၊ ၎င်းသည် ဒီဂရီ ဆဲစီးယပ် တစ်ဘီလီယံအထိ ချက်ချင်း မြင့်တက်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ လက်သီးနီကြီးသည် အရှေ့သို့ ပြေးဝင်လာခဲ့သည်။

“ ဘုမ်းးး “

ဖန်းယင်၏ မျက်နှာသည် ချက်ချင်း ချိုင့်ဝင်သွားခဲ့ပြီး၊ အလွန်ပူပြင်းသော အပူလှိုင်းတစ်ခုသည် သူ၏ဦးခေါင်းနောက်မှ ဖောက်ထွက်လာခဲ့သည်။

ဘမ်းးး

ဦးခေါင်း ပေါက်ကွဲသွားခဲ့သည်။

ဒီဂရီ တစ်ရာ မီလီယံကျော်သော အပူချိန်သည် ဦးနှောက်နှင့် သွေးများကို ချက်ချင်း အငွေ့ပျံသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဖန်းယင်ကဲ့သို့သော ပုံရိပ်တစ်ခုက တင်ပျဥ်ခွေထိုင်နေသည့် ခရမ်းနက်ရောင် နန်းတော်တစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ ဖန်းယင်၏ ရှေးဦးဝိညာဥ်ဖြစ်သည်။

သို့ရာ၌ ဤအခိုက်အတန့်တွင် ဖန်းယင်၏ ရှေးဦးဝိညာဥ်သည် ကြောက်လန့်တကြားဖြစ်နေခဲ့ပြီး၊ သူ၏လက်များဖြင့် စည်းတံဆိပ်များကို အလျင်အမြန်ရေးဆွဲကာ အမှောင်နယ်မြေသို့ ပြန်သွား၍ကြိုးပမ်းနေခဲ့သည်။

သို့သော် ရှုကျိုးသည် သူ့ကို ထိုအခွင့်အရေး မပေးခဲ့ပေ။

“ ခရက် ခရက် ခရက် “

ဟင်းလင်းပြင် အကာအရံများသည် ချိုးဖျက်၍ မရသော နံရံများကဲ့သို့ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို တင်းကြပ်စွာ ပိတ်လှောင်လိုက်သည်။

အဆိုပါ အလုံပိတ် ဟင်းလင်းပြင် အတွင်းတွင် ဒီဂရီ တစ်ရာမီလီယံကျော်သည့် အပူချိန်သည် ဆက်တိုက်လောင်ကျွမ်းလာခဲ့ပြီး၊ ခရမ်းနက်ရောင် နန်းတော်ကို တရှဲရှဲ အော်မြည်ကာ၊ မီးခိုးလုံးများ ထွက်လာစေခဲ့သည်။

အဆုံးတွင် ခရမ်းနက်ရောင် နန်းတော်သည် အပူဒဏ်ကို မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ၊ လုံးဝပြိုကွဲပျက်စီးသွားခဲ့သည်။

နန်းတော်၏ အကာအကွယ် ကင်းမဲ့သွားသောအခါတွင် ဖန်းယင်၏ ရှေးဦးဝိညာဥ်သည် စက္ကူကဲ့သို့ လောင်မြိုက်ခံလိုက်ရပြီး၊ ပြာအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

တိုးညှင်းကာ စူးရှသော အော်ဟစ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဘိုးဘေးက မင်းကို သတ်မှာ ………. “

ရှုကျိုးသည် အဆိုပါ အသံကို လျစ်လျူရှုထားလိုက်ပြီး၊ တစ်ဘက်သို့ လှည့်ကာ၊ ဖန်းယင်၏ ဦးခေါင်းမဲ့အလောင်းကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေလိုက်သည်။

သူသည် အရှေ့ဘက်တွင် ရှိနေသည့် ပုံရိပ်များကို ကြည့်ကာ အေးအေးလူလူ စကားပြောလိုက်သည် “ နောက်တစ်ယောက်က ဘယ်သူလဲ “

ကမ္ဘာတစ်ခုလုံးတွင် တိတ်ဆိတ်မှုကသာလျှင် ကြီးစိုးနေခဲ့သည်။

တိုက်ပွဲက ဤမျှမြန်မြန်ဆန် ပြီးဆုံးသွားလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ပေ။

ယခင်က မောက်မာရိုင်းစိုင်းနေခဲ့သော ဖန်ယင်းသည် ရှုကျိုး၏ တိုက်ကွက်တစ်ခုကိုပင် တောင့်မခံနိုင်ခဲ့ဘဲ၊ ချက်ချင်း သေဆုံးသွားခဲ့သည်။

“ ခရက် “

တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်၌ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေသည် တုန်ခါမှုများဖြင့် ပေါက်ထွက်လာခဲ့သည်။

“ ဒုဗိုလ်ချုပ်ကြီးရှု “

အဌမအဆင့် ပညာရှင်တော်တော်များများသည် မအောင့်ထားနိုင်ကြတော့ဘဲ၊ အော်ခေါ်လာကြသည်။

ယခင်က သူတို့သည် အလွန်တရာ ဖိနှိပ်ခံခဲ့ရပြီး၊ အမှောင်နယ်မြေ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသောအခါတွင် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တို့သည် မသန်စွမ်းဖြစ်ခြင်း(သို့) သေဆုံးခြင်းတို့သာ ဖြစ်ပွားခဲ့ပြီး၊ မည်သူကမှ မခုခံနိုင်ခဲ့ကြပေ။

သို့သော် ယခု ရှုကျိုးပေါ်ထွက်လာမှုသည် ထိုလူများအတွက် မျှော်လင့်ချက်ကို ယူဆောင်ပေးလာခဲ့သည်။

ဝုချင်းရှန်သည် အရှေ့တွင် ရှိနေသည့် ပုံရိပ်ကို ကြည့်ကာ အနည်းငယ် မိန်းမောသွားခဲ့သည်၊ ထို့နောက်တွင် သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ခေါင်းခါရမ်းနေတော့သည် “ ဒီကလေးက ငါတို့ အံ့ဩသွားအောင် အမြဲတမ်း လုပ်နိုင်တာပဲ “

သူတို့၏ နှောင်းပိုင်း အဌမအဆင့် ပညာရှင်များကို ခွေးများဝက်များသဖွယ် သတ်ဖြတ်ကာ ပြိုင်ဘက်ကင်းနေခဲ့သည့် ဖန်းယင်က ရှုကျိုး၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဟု မည်သူက တွေးထင်ထားလိမ့်မည်နည်း

ဝုချင်းရှန်သည် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဖန်းယင်က အလွန်အားနည်းနေသောကြောင့် မဟုတ်ဘဲ၊ ရှုကျိုးက အလွန်သန်မာနေသောကြောင့် ဆိုသည်ကို ကောင်းစွာနားလည်နေခဲ့သည်။

ရှုကျိုးက အဌမအဆင့်သို့ ရောက်ခါစဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

“ ဒီလူက မယုံနိုင်လောက်အောင် အစွမ်းထက်လာတာပဲ “

နဝမအဆင့် ပညာရှင်များကပင် တအံ့တဩ ဖြစ်သွားခဲ့ကြသည်။

ထိုစဥ် တိကျွမ်းမှာလည်း အနည်းငယ် အံ့အားသင့်နေလျက်ရှိသည်။

“ အခုဒီကလေးရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဘယ်အဆင့်ထိ ရောက်နေပြီလဲ “

တိကျွမ်းသည် ရှုကျိုးကို ကြည့်နေရင်းဖြင့်၊ သူ၏စိတ်ထဲတွင် သိလိုစိတ်များ မြင့်တက်လာခဲ့သည်။

…

အနက်ရောင် တွင်းပေါက်အရှေ့ရှိ

ခိုင်စီ၊ ကျားလန်နှင့် အမှောင်နယ်မြေ၏ ပါရမီရှင်တို့မှာလည်း အမူအရာများ မှုန်မှိုင်းသွားကြသည်။

သို့ရာ၌ သူတို့သည် ဖန်းယင်၏ သေဆုံးမှုကြောင့် မည်သို့မှ မတုန်လှုပ်သွားခဲ့ပေ။ တော်ဝင်မိသားစု၏ အဖွဲ့ဝင်များ အနေဖြင့်၊ ရွယ်တူတစ်ဦး၏ သေဆုံးမှုမှာ ပြိုင်ဘက်တစ်ဦး လျော့သွားခြင်းပင် ဖြစ်သည်။

သူတို့ကို မကျေမနပ်ဖြစ်သွားစေသည့် အရာမှာ ရှုကျိုး၏ မောက်မာမှုက သူတို့၏ မျက်နှာများကို ဖြတ်ရိုက်သကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။

ခိုင်စီသည် သူ့ဘေးနားတွင် ရှိနေသည့် ရွှေနက်ရောင် ဆံသားပိုင်ရှင် အမျိုးသမီးကို ကြည့်ကာ စကားပြောလိုက်သည် “ မီယာ၊ သူ့ကို သွားသတ်လိုက် “

မီယာ၏ ကျင့်ကြံရေးသည် နှောင်းပိုင်း အဌမအဆင့်တွင် ရှိနေခဲ့သည်၊ ယခင်က တိုက်ပွဲများတွင် သူမသည် ကြယ်ပြာဂြိုဟ်၏ ပညာရှင်ငါးဦးကို အနိုင်ယူခဲ့သည်။

သူမ၏ မှတ်တမ်းက ဖန်းယင်လောက် မတောက်ပသော်လည်း၊ သူမအနိုင်ယူခဲ့သည့် ပညာရှင်ငါးဦးစလုံးသည် အဌမအဆင့် အထွတ်အထိပ်တွင် ရှိနေခဲ့ပြီး၊ သူမ၏ သုတ်သင်ခြင်းကို ခံခဲ့ရသည်။

တွန့်ဆုတ်မနေဘဲ သတ်ဖြတ်ခြင်းသည် အားလုံး၏အမြင်တွင် ရှိနေသည့် မီယာ၏ ဝိသေသလက္ခဏာရပ် ဖြစ်သည်။

မီယာသည် နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်ပြီး၊ ချိုချိုသာသာ ပြောလာခဲ့သည် “ သိပါပြီ၊ အစ်ကို “

ထို့နောက်တွင် သူမသည် ရှုကျိုးထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။

မီယာထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ကြယ်ပြာဂြိုဟ်မှ ပညာရှင်တော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

ဝုချင်းရှန်သည် အသံထုတ်လွှတ်ကာ ရှုကျိုးကို သတိပေးလာခဲ့သည် “ ရှုကျိုး၊ ဂရုစိုက်၊ ဒီမိန်းမက ကိုင်တွယ်ရခက်တယ်၊ သူမက ငါတို့ရဲ့ အဆင့်၈ အထွတ်အထိပ် ပညာရှင် ငါးယောက်ကို သတ်ခဲ့တယ် “

ဤအချိန်၌ သူသည် ရှုကျိုးကို နောက်ဆုတ်ရန် မတိုက်တွန်းလာခဲ့ပေ၊ သူသည် ရှုကျိုး၏ စိတ်သဘောထားကို သိနေခဲ့ပြီး၊ သူ့ကို ပြန်ဆုတ်ခိုင်းခြင်းက မဖြစ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။

ထို့ကြောင့် ဝုချင်းရှန်သည် ယခင်ကတိုက်ပွဲ၏ အခြေအနေများကို ပြောပြလာခဲ့သည်။

ထိုဖြစ်ရပ်များကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ အကြည့်မှာ ပိုမိုအေးစက်လာခဲ့သည်။

“ မောင်ငယ်လေး၊ အသင့်ဖြစ်ပြီလား “

ထိုအချိန်၌ မီယာသည် လေထုထဲသို့ တက်လာခဲ့ပြီး၊ ဆွဲဆောင်နေသည့် မျက်လုံးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ မမက ညှာမှာ မဟုတ်ဘူးနော် “

ရှုကျိုးသည် သူမကို ကြည့်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ နင်က ငါ့ပြိုင်ဘက် မဟုတ်ဘူး “

“ အဆင့်၈ ပညာရှင်အကုန်လုံးကို အတူတူ တက်လာခိုင်းလိုက် “

All Chapters