အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
အခန်း (၂၈၆) - ကမ္ဘာကို တုန်လှုပ်စေသော ကျော်ကြားမှုနှင့် လူထု၏ အတွေးများ
~“ဒါ ကျွန်မအကြိုက်ဆုံး ဝက်လက်ဟင်းပဲ”
ရှဲ့ကျားရင်ရှဲ့ကျားရင် သည် မျက်လုံးများ အရောင်လက်စွာဖြင့် မတ်တပ်ရပ်လိုက်ရာ ဝိညာဉ်သားရဲဂိုဏ်းချုပ်က စိတ်ပျက်လက်ပျက် ကြည့်လိုက်မိလေ၏။
မကြာမီ ဟင်းပွဲများအားလုံး ရောက်ရှိလာ၏။
ဧည့်သည်များသည် မြည်းစမ်းကြည့်ကြသူ ရှိသလို၊ အားရပါးရ စားသောက်ကြသူများလည်း ရှိကြ၏။
ယဲ့ဖုန်းသည် မကြာသေးမီက နဂါးမျိုးနွယ်စု နည်းလမ်းဖြင့် ဖော်စပ်ထားသော `ဝိညာဉ်သစ်သီး ဝိုင်` အိုးကြီးကို ထုတ်ပေးလိုက်သည်။ ကုန်ကြမ်းများမှာ `ကမ္ဘာငယ် သုံးထောင်`လောက် မဆန်းပြားသော်လည်း အရသာမှာ ပြည့်စုံလှသဖြင့် ဧည့်သည်များ တဖွဖွ ချီးကျူးနေကြ၏။
အားလုံး ခွက်ချင်းတိုက်ကာ ပျော်ရွှင်စွာ စားသောက်နေကြ၏။
ဟင်းပွဲများအားလုံးကို လီကျောက်ကျောက် ကိုယ်တိုင် ချက်ပြုတ်ထားပြီး `ဝိညာဉ်ဟင်းလျာ` အမျိုးအစားဝင် ဖြစ်သည်။ `လေနတ်ဘုရား မြို့တော်`မှ `ဖုန်းယွင် စားသောက်ဆိုင်` လက်ရာနှင့် မယှဉ်နိုင်သော်လည်း အတော်လေး ကောင်းမွန်ပေသည်။
တစ်နာရီ ကြာပြီးနောက်...
စားသောက်ပွဲ ပြီးဆုံးသွားလေ၏။
ဧည့်သည်များ တဖွဲဖွဲ.. ပြန်လည် ထွက်ခွာသွားကြတော့၏။
“ဂိုဏ်းချုပ်ယဲ့... ဒီမှာတင် လမ်းခွဲကြတာပေါ့... နောက်မှ ပြန်တွေ့ကြမယ်”
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်စကား နားထောင်ပါ... အားဆေး များများ သောက်ပါ”
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော် ပြောတဲ့ လက်ထပ်ခွင့် ကိစ္စကို စဉ်းစားပေးပါဦး... ကျွန်တော့် တူမလေးက အသားဖြူဖြူ၊ ချောချောလေး၊ ခြေတံရှည်ရှည်လေးပါ... တခြားအချက်တွေက သာမန်ပဲ ဆိုပေမဲ့ ပေါင် (၁၀၀) မကျော်ပါဘူး... ခင်ဗျား ကျေနပ်မှာ သေချာပါတယ်”
ဧည့်သည်များ သိပ်မမူးကြသော်လည်း စကားများနေကြ၏။
“ကျေးဇူးတင်ပါတယ်ဗျာ... ဂရုစိုက် ပြန်ကြပါ” ယဲ့ဖုန်း လိုက်လံ နှုတ်ဆက်လိုက်သည်။
နာရီဝက် ကြာပြီးနောက် ဧည့်သည်အားလုံး ထွက်ခွာသွားကြ၏။
ချပ်ဝတ်နက် အစောင့်တပ်သား (၅၀၀) သည် နေရာများကို သန့်ရှင်းရေး လုပ်ပေးကြ၏။
ထိုသို့ဖြင့် ကြယ်အဆင့် ဂုဏ်ပြုပွဲ အခမ်းအနား တရားဝင် ပြီးဆုံးသွားလေ၏။
ယဲ့ဖုန်းသည် အကြီးအကဲများ ခန်းမဆောင်ထဲသို့ ဝင်သွားပြီး အခန်းထက်ဝက်ခန့် ပြည့်နေသော လက်ဆောင်ပစ္စည်းများကို ကြည့်လိုက်သည်။ ရွှေရောင် မိုးမခရွက် ပါဝင်သော သေတ္တာကို ဖွင့်ကြည့်ပြီးနောက် သူ၏ အပြုံးများ ကောက်ကျစ်လာ၏။
“လက်ဆောင် ရတာက တကယ် ချမ်းသာမယ့် လမ်းစပဲ”
သူသည် ထင်းရှူးပင်အိုကြီးနှင့် မီတာ (၃၀) အကွာတွင် ရွှေရောင် မိုးမခရွက်ကို မြေကြီးထဲ မြှုပ်လိုက်ပြီး ဝိညာဉ်စမ်းရေ တစ်ပုံး လောင်းထည့်လိုက်သည်။
`ဝှီး...`
ပြင်းထန်သော စုပ်ယူသံ ထွက်ပေါ်လာ၏။
ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်ရာ သန့်စင်သော ဝိညာဉ်စွမ်းအင် လှိုင်းများ မြေကြီးထဲသို့ စီးဝင်သွားပြီး မိုးမခရွက် အညှောက်ပေါက်လာသည်ကို တွေ့လိုက်ရသည်။
သစ်ရွက်ကနေ အပင်ပေါက်တာ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ထူးဆန်းသော်လည်း လက်တွေ့ ဖြစ်ပျက်နေပေသည်။
ရွှေရောင် အညွန့်လေး ထွက်လာ၏။
ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူပြီး လျင်မြန်စွာ ကြီးထွားလာ၏။ အသက်ရှူချိန် (၁၀) ချက် အတွင်းမှာပင် (၅) မီတာ အမြင့်သို့ ရောက်ရှိသွားပြီး သန့်စင်သော ဝိညာဉ်အငွေ့အသက်များ ထုတ်လွှတ်နေသည်။
ရွှေရောင် မိုးမခကိုင်း (၃၀၀၀) တွဲလွဲကျနေပြီး လေပြည်ထဲတွင် ယိမ်းနွဲ့နေသည်။
“အနံ့က တကယ် ထူးခြားတာပဲ”
ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ငေးကြည့်နေမိသည်။
'စနစ်... ဒီအပင်က အဆင်ပြေရဲ့လား'
ယဲ့ဖုန်း စိတ်ထဲက မေးလိုက်သည်။
[ စစ်ဆေးပြီးပါပြီ... တခြား စွမ်းအားရှင်တွေရဲ့ `ဝိညာဉ်ဝိဉာဉ် အမှတ်အသား` မပါဝင်ပါ... သန့်စင်သော ရွှေရောင် မိုးမခပင် ပါ၊ (၅) မီတာ ပတ်လည်အတွင်း ဉာဏ်ပညာ (၁၀) ရာခိုင်နှုန်း တိုးတက်စေပါတယ် ]
အဖြေကို ကျေနပ်သဖြင့် ယဲ့ဖုန်း ဝမ်းသာသွားသည်။
သူသည် ကုန်းချင်းချိုးကို ခေါ်ပြီး အကျိုးကျေးဇူးများကို ရှင်းပြလိုက်သည်။ ကုန်းချင်းချိုးသည် ချက်ချင်းပင် လူအများ စုရုံးပြီး မိုးမခပင် ဘေးနားတွင် ကျောက်တုံး စင်ဝိုင်းတစ်ခု တည်ဆောက်ကာ တရားထိုင်ရန် နေရာ (၅) ခု စီစဉ်လိုက်လေ၏။
*
ဂိုဏ်းချုပ် ခန်းမဆောင်တွင်...၊
“မင်းတို့ နာမည် ဘယ်လိုခေါ်လဲ... ကျင့်ကြံခြင်းအဆင့် ဘယ်လောက်လဲ”
ယဲ့ဖုန်း ထိုင်ခုံတွင် ထိုင်လျက် စုတ်တံကို ကိုင်ကာ လုံဝူမြို့ ရတနာဆောင် ပိုင်ရှင် ကျန်းဖေးဟွာ ပေးလိုက်သော အခိုင်းအစေ နှစ်ဦးကို မေးလိုက်သည်။
“ကျွန်မ နာမည် ယွီဆု ပါ... ချီစုစည်းခြင်း တတိယအဆင့်ပါ”
“ကျွန်မ နာမည် ယွီဝေ ပါ... ချီစုစည်းခြင်း တတိယအဆင့်ပါ”
သူမတို့နှစ်ဦးသည် အမြွှာညီအစ်မများ ဖြစ်ကြပြီး အသားဖြူဖြူ၊ ချောချောမောမောနှင့် အထက်တန်းကျလှသည်။ သာမန် အခိုင်းအစေများနှင့် မတူဘဲ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခံထားရသူများ ဖြစ်ကြောင်း ယဲ့ဖုန်း သတိပြုမိလိုက်သည်။
တကယ်တော့ သူ မမှားပါ။
ကျန်းဖေးဟွာ က သူတို့ကို ယဲ့ဖုန်းရဲ့ `ကိုယ်ပိုင်` အပျော်မိန်းမတွေ အဖြစ် ရည်ရွယ်ပြီး ပေးလိုက်ခြင်းပါ။
ယဲ့ဖုန်းက သူမတို့ကို တပည့်အဖြစ် လက်ခံလိုက်မယ်လို့တော့ ကျန်းဖေးဟွာ ထင်မထားခဲ့မိပါ။
`ဒေါက်...`
ယဲ့ဖုန်း တံဆိပ်တုံး ထုလိုက်သည်။
“ဒီနေ့ကစပြီး မင်းတို့ဟာ မြူခိုးဂိုဏ်းရဲ့ `စာရင်းသွင်း တပည့်`တွေ ဖြစ်သွားပြီ... ယာယီအားဖြင့် အမှတ်စဉ် (၁၅) နဲ့ (၁၆) နေရာကို ယူလိုက်ပါ”
ထိုစကား ကြားလိုက်ရသဖြင့် ညီအစ်မနှစ်ယောက် အံ့သြသွားကြ၏။
သူမတို့က ယဲ့ဖုန်းရဲ့ အပျော်မိန်းမတွေ ဖြစ်လာပြီး ပြုစုရမည်ဟု ထင်ထားသည်လေ။
ယခုတော့ တပည့် ဖြစ်ခွင့် ရသွားပြီ။ မထင်မှတ်ထားသော ကံကောင်းခြင်းပါပဲ။
မြူခိုးဂိုဏ်း၏ စွမ်းအားကို တွေးကြည့်ပြီး ဒီမှာ တပည့်ဖြစ်ခွင့်ရတာ ကံကောင်းသည်ဟု ယူဆကာ ငြိမ်သက်စွာ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ကြ၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ယွီဆုနှင့် ယွီဝေ ပြိုင်တူ ဖြေလိုက်ကြ၏။
မြူခိုးဂိုဏ်း အတွင်းတွင် သာမန်နေ့ရက်လေး တစ်ရက် စတင်လာပြန်သည်။
...
ဧည့်သည်များ ပြန်သွားကြပြီးနောက် ဟူဖေးဖေးနှင့် ဦးချိုနှစ်ချောင်း နတ်ဆိုးကြီး တိုက်ပွဲသတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
“အံ့သြစရာပဲ... မြူခိုးဂိုဏ်း စောင့်ရှောက်သူ ဟူဖေးဖေးက `ဝိညာဉ်ပင်လယ်အဆင့်` တိုက်ခိုက်ရေး စွမ်းရည် ရှိတယ်တဲ့... အဖြူရောင် တုတ်တိုလေးနဲ့ နတ်ဆိုးမိစ္ဆာကြီးကို ရိုက်သတ်လိုက်တာ”
“စောင့်ရှောက်သူ ဖေးဖေးက မြေခွေးမလေး ဆို”
“ဟုတ်တယ်... ပန်းရောင် ဆံပင်နဲ့”
အင်အားစု အသီးသီး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြ၏။
ဖေးဖေး နာမည်သည် တောင်ပိုင်းမြစ်ကန် ဒေသတစ်ခုလုံး ပျံ့နှံ့သွားလေသည်။
မြူခိုးဂိုဏ်းတွင် အစွမ်းထက်ဆုံးသူသည် ယဲ့ဖုန်း မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်သော စောင့်ရှောက်သူ ဖေးဖေး ဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်လာ၏။
တချို့က သူမပုံကို ဘုရားစင်ပေါ်တင်ပြီး `မြေခွေးနတ်သမီး` အဖြစ် ကိုးကွယ်ကာ နေ့ညမပြတ် ဆုတောင်းနေကြ၏။
သူမအကြောင်း ပုံပြင်များ ဆက်လက်၍ ဟိုးလေးကျော်နေတော့သည်။
ဖေးဖေး ကတော့ ယခုအချိန်မှာ ယဲ့ဖုန်း ဘေးနားမှာ လက်ဖက်ရည် ဖျော်ပေးနေပါသည်။
“ဂိုဏ်းချုပ်... လက်ဖက်ရည် ရပြီ”
“အင်း”
ယဲ့ဖုန်း လက်ဖက်ရည် သောက်ရင်း နေပူစာ လှုံနေပါ၏။ သက်တောင့်သက်သာ ရှိလှသည်။
[ဂိုဏ်း ဂုဏ်သတင်းအမှတ် +7078]
[ဂိုဏ်း ဂုဏ်သတင်းအမှတ် +6783]
တစ်ရက် မပြည့်ခင်မှာပင် ဂုဏ်သတင်းအမှတ် (၆) သိန်းကျော်သွားပြီ ဖြစ်ပြီး ဆက်လက် တိုးပွားနေသည်။ (၁) သန်း ကျော်သွားမည့် အရှိန်အဝါ ရှိနေသည်။
‘(၁) သန်း ပြည့်ရင် `နတ်ဆိုးသားရဲဆောင်` အဆင့် (၅) ကို ဖွင့်လို့ ရပြီ မလား။’
ယဲ့ဖုန်း တောင့်တနေပါသည်။
...
မြင့်မြတ်သော လေ ဓားဂိုဏ်းဝယ်...၊
ကျီဝူရွှမ် သည် ဓားကလေး မူရူရွှဲ့ ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
“ဓားကလေး... အခြေအနေက ဒီလိုပါ... မြူခိုးဂိုဏ်းမှာ ဂိုဏ်းချုပ်ယဲ့ အပြင် နောက်ထပ် ကြောက်စရာကောင်းတဲ့ စောင့်ရှောက်သူ တစ်ယောက် ရှိပါသေးတယ်... သူ့စွမ်းအားက ဂိုဏ်းချုပ်ယဲ့ထက်တောင် သာလွန်နိုင်ပါတယ်”
“ပိုကောင်းတာပေါ့... မြူခိုးဂိုဏ်း ပိုစွမ်းလေ... ငါတို့ အကူအညီ ပိုရလေပေါ့” မူရူရွှဲ့ ပြောလိုက်သည်။
“ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့က တကယ် ကူညီပါ့မလား”
ကျီဝူရွှမ် တွန့်ဆုတ်နေပြီး စိုးရိမ်စိတ်ကို ထုတ်ပြောလာသည်။
မူရူရွှဲ့ …အဝေးက တောင်ထိပ်တစ်ခုကို လှမ်းကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
“မဟာအကြီးအကဲရဲ့ အကြံအစည်တွေ မအောင်မြင်သေးဘူး... ငါတို့မှာ အချိန်ရှိသေးတယ်... စောင့်လို့ ရသေးတယ်”
ထိုအခါ၊ ကျီဝူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
“ပြောစရာ ရှိရင် ပြောပါ”
“ဓားကလေး... မဟာအကြီးအကဲ စီစဉ်ထားတဲ့ `နတ်ဆိုးချုပ်နှောင် မျှော်စင်` တွေက ပြဿနာ ရှိတယ်... ကပ်ဘေးဆိုးကြီး ဖြစ်လာနိုင်တယ် လို့ ပြောနေတာ ကြာပြီ... ဒါပေမဲ့ ဂိုဏ်းချုပ် က ဘာမှ ဝင်မပြောဘူး... နားလည်မှု လွဲနေတာများ ရှိလား”
ဟု ကျီဝူရွှမ်က သူ့သံသယကို ထုတ်ပြောလိုက်သည်။
“ဂိုဏ်းချုပ်က ရှုပ်ထွေးနေတာ” မူရူရွှဲ့ လေးနက်စွာ ပြောလိုက်သည်။
“ဓားကလေး... စကားကို ဆင်ခြင်ပါ” ကျီဝူရွှမ် မျက်နှာပျက်သွား၏။
“ဘာပဲဖြစ်ဖြစ်... နတ်ဆိုးချုပ်နှောင် မျှော်စင်တွေကို ဖျက်ဆီးပစ်ရမယ်... မဟုတ်ရင် ကပ်ဘေးဆိုက်လိမ့်မယ်... ဒါ ငါ့ရဲ့ အာရုံခံစားမှုပဲ... ဂိုဏ်းချုပ် ဘာလို့ ဝင်မပါလဲ ဆိုတာ ငါ မသိဘူး... သိလည်း မသိချင်ဘူး... ဘာလို့လဲဆိုတော့ ငါက အနာဂတ် ဂိုဏ်းချုပ် ဖြစ်လာမယ့်သူ... ဂိုဏ်းရဲ့ အနာဂတ်ကို ထည့်သွင်းစဉ်းစားရမယ်”
မူရူရွှဲ့ လက်ဝှေ့ယမ်းလိုက်သည်။
“သွားပါတော့မယ်”
ခွင့်တောင်းကာ ၊ ကျီဝူရွှမ် ထွက်ခွာသွားတော့သည်။
မူရူရွှဲ့…. ကောင်းကင်ယံမှ ကြယ်များကို မော့ကြည့်လိုက်သည်။
နတ်ဆိုးချုပ်နှောင် မျှော်စင် တစ်ခုမှ ထွက်လာသော နတ်ဆိုးသားရဲ၏ စားသောက်ခြင်း ခံလိုက်ရသော သူမ မောင်လေးကို သတိရပြီး မျက်လုံးများ အေးစက်သွားသည်။
“မောင်လေး... နင် သေရတာ အလကား မဖြစ်စေရဘူး”
သူမ လက်သီးဆုပ်လိုက်သည်။
...
ခရိုင်ဘုရင်မြို့တော်...
ဟန်အာ သည် ဒဏ်ရာပြင်းထန်စွာ ရထားသော အစ်ကိုကြီး ဟန်ရီ ကို ကုတင်ပေါ်တွင် တင်ပေးလိုက်သည်။
“အစ်ကိုကြီး... အဆင်ပြေရဲ့လား”
“ပြင်းထန်တယ်... `ဝိညာဉ်ပင်လယ်` စုတ်ပြဲမတတ် ခံစားနေရတယ်... တစ်ကိုယ်လုံး နာကျင်နေတယ်... `ပြန်ကန်အား`က တော်တော် ဆိုးတာပဲ”
“အစ်ကိုကြီး... နားလိုက်ပါဦး... ဒီတစ်ခါ မြူခိုးဂိုဏ်းကို မဖျက်ဆီးနိုင်ခဲ့ပေမဲ့... အစ်ကိုကြီးက သတ္တမအဆင့် ရောက်သွားပြီပဲ... `ဝိညာဉ်ပင်လယ်အဆင့်` နဲ့ ယှဉ်လို့ ရနေပြီ... ဝမ်းသာစရာပါ”
“အင်း... ငါ ကုသလိုက်ဦးမယ်... မင်း သွားတော့”
“ကောင်းပါပြီ”
ဟန်အာ ထွက်ခွာသွားသည်။
မိမိအခန်းသို့ ရောက်သောအခါ ဟန်အာသည် နေ့စဉ်မှတ်တမ်းကို ဖွင့်ပြီး ရေးသားလိုက်သည်။
[ဒီနေ့ တိမ်ထူတယ်]
[အစ်ကိုကြီးက တကယ် လေကြီးတာပဲ... သတ္တမအဆင့် ရောက်ပြီး `နတ်ဆိုးဆင့်ခေါ်ခြင်း` သုံးတာတောင် ယဲ့ဖုန်းကို မသတ်နိုင်ဘူး... ပြန်ကန်အားကြောင့် သေလုမျောပါး ဖြစ်နေတယ်... သနားစရာ ကောင်းလိုက်တာ... တွေးမိတိုင်း ဒေါသထွက်ပြီး အသားတုန်တယ်]
[...]
[ထားလိုက်ပါတော့... အပျော်အိမ် သွားပြီး ရှောင်ဟွီ နဲ့ သွားသောက်လိုက်ဦးမယ်]
မှတ်တမ်းစာအုပ် ပိတ်ပြီး ဟန်အာ ထွက်ခွာသွားလေတော့သည်။
အခန်း (၂၈၇) - နောက်ဆက်တွဲ ဂယက်များ၊ လုံချီထျန်း နှင့် ရှထျန်းထျန်း
~ဟန်ရီသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ကုသရန်အတွက် တံခါးပိတ် ကျင့်ကြံလိုက်ရသည်။
ဟန်အာ ကတော့ ဘာမှ မဖြစ်သလိုပင် အေးဆေးတည်ငြိမ်နေလေ၏။
သူသည် တခါတရံ နောက်ဖေးခြံဝင်းတွင် နတ်ဘုရားမျိုးနွယ်တို့ နေ့စဉ်လိုအပ်သော `နတ်ဘုရား ဟင်းသီးဟင်းရွက်များ` ကို စိုက်ပျိုးသည်။ ကျန်အချိန်များတွင် အပျော်အိမ် သို့ သွားရောက်ပြီး ရှောင်ဟွီ၊ ရှောင်ချွေ့၊ ရှောင်အိုက် တို့နှင့် ပျော်ပါးကာ အချိန်ဖြုန်းနေလေ၏။
...
ဂိုဏ်းချုပ် ခန်းမဆောင်ကြီး...
မိုဝမ်ရှီး သည် အလင်းရောင်နှင့် ကျောပေးရပ်နေသော အရပ်ရှည်ရှည် လူပုဂ္ဂိုလ်ကြီးအား လေးစားစွာ သတင်းပို့လိုက်သည်။
“ဂိုဏ်းချုပ်ကြီး... အဲဒီနေ့က ဖြစ်ပျက်ခဲ့တာ ဒီလိုပါ... ဂိုဏ်းချုပ်ယဲ့ရဲ့ ဘေးနားမှာ ဟူဖေးဖေး ဆိုတဲ့ စောင့်ရှောက်သူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး နတ်ဆိုးမိစ္ဆာကြီးကို ဝေဟင်မှာတင် ဖောက်ခွဲပစ်လိုက်ပါတယ်... သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က တော်တော် ကြောက်စရာ ကောင်းပါတယ်”
“ခင်ဗျား ပြောသလိုဆိုရင် မြူခိုးဂိုဏ်းရဲ့ စောင့်ရှောက်သူက တကယ် စွမ်းအားကြီးတာပဲ”
ဂိုဏ်းချုပ်ကြီးက ခေါင်းငြိမ့်လိုက်သည်။
“ဂိုဏ်းချုပ်ကြီး... တခြား ပြောစရာ ရှိပါသေးလား”
“မရှိတော့ဘူး... ဒါပါပဲ”
“ဒါဆို ကျွန်တော် ပြန်ပါရစေဦး”
မိုဝမ်ရှီး ထွက်ခွာသွားသည်။
ဂိုဏ်းချုပ်ကြီးသည် အလင်းရောင်နှင့် ကျောပေးလျက် မြူခိုးတောင်ထိပ် ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် နက်ရှိုင်းသော အတွေးများ ပြည့်နှက်နေသည်။
'သစ်ပင်ဘိုးဘေးရဲ့ ဟောကိန်း မှန်ပါစေလို့ ဆုတောင်းပါတယ်... မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ် ရပ်တန့်သွားလိမ့်မယ်... ဒါပေမဲ့ မြူခိုးဂိုဏ်းကို ဘယ်အချိန်သွားရင် သင့်တော်မလဲ'
သူသည် အတွေးနက်စွာဖြင့် ကျန်ရစ်ခဲ့လေ၏။
...
မိုင်ထောင်ချီ အကွာအဝေး... လျိုယွင်ဂိုဏ်းမှာတော့...
တုန်းချန် စိတ်မငြိမ်မသက် ဖြစ်နေသည်။
သူ၏ `ဝိညာဉ်ပင်လယ်` ထဲမှာ ရှိနေသော ဟူယွမ် က မြူခိုးဂိုဏ်း သတင်းကို ကြားပြီးနောက် ဟူဖေးဖေး၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်ကြောင့် ကြောက်လန့်တကြား ဖြစ်နေသည်။
ဟူယွမ်က နတ်ဆိုးဘုရင် ဆိုသော်လည်း ဟူဖေးဖေးက နတ်ဆိုးမိစ္ဆာကိုတောင် ဖောက်ခွဲပစ်နိုင်သည် ဆိုတော့ သူ ပြန်ရှင်လာလျှင်တောင် တစ်ချက်တည်းနှင့် အသတ်ခံရမှာ သေချာသလောက် ရှိနေသည်။
တုန်းတုန်းချန် ကတော့ မဲ့ပြုံး ပြုံးလိုက်၏။
“ဝိညာဉ်ပင်လယ် ပထမအဆင့် နတ်ဆိုးမိစ္ဆာလေး တစ်ကောင်လောက်များ... ငါ့ခေတ်တုန်းကဆိုရင် ငါက `သွေးနတ်ဆိုး ကောင်းကင်မိစ္ဆာ` ဆိုပြီး နာမည်ကြီးခဲ့တဲ့ `မူလနတ်ဘုရား အဆင့်` ပညာရှင်ကွ... အဲဒီလိုကောင်မျိုးလောက်က ငါ့လက်ဖဝါးတစ်ချက် ရိုက်လိုက်ရင် သေသွားမှာ”
ထိုအခါ၊ ဟူယွမ်က လှောင်ပြောင်လိုက်သည်။
“တော်စမ်းပါကွာ... မင်းက အခု မူလနတ်ဘုရား အဆင့် မဟုတ်တော့ပါဘူး”
“ပါးစပ်ပိတ်ထားစမ်း... ငါ့ကို လာမနှိမ်နဲ့”
တုန်းတုန်းချန် ဒေါသတကြီး ပြန်အော်လိုက်သည်။
စီနီယာနှစ်ယောက် ရန်ဖြစ်နေတာကို နားထောင်ရင်း တုန်းချန် စိတ်ပျက်လက်ပျက်.. သက်ပြင်းချလိုက်မိသည်။
'ငါက အေးအေးဆေးဆေး ကျင့်ကြံချင်တာပါ... ဓာတ်ကြီးငါးပါး စုစည်းခြင်း အလယ်အလတ်အဆင့် ကို မြန်မြန် ရောက်ပြီး ဂိုဏ်းချုပ်အဆင့် ပညာရှင် ဖြစ်ချင်တာ... ဂိုဏ်းဂုဏ်ဆောင်ချင်တာ'
သို့သော်၊ ယခုတော့ သူ့ခေါင်းထဲမှာ နတ်ဆိုးဘုရင် တစ်ကောင်နှင့် မူလနတ်ဘုရား အဆင့် ပညာရှင် တစ်ယောက် ရောက်နေပြီး နေ့တိုင်း ရန်ဖြစ်နေကြဧ။်။ တကယ် စိတ်ပျက်စရာ ကောင်းလှသည်။
“စီနီယာတို့... ရန်မဖြစ်ကြပါနဲ့ဗျာ”
တုန်းချန် တောင်းပန်လိုက်သည်။
“မရဘူး... ဒီအဘိုးကြီးကို ငါ နိုင်အောင် ပြောရမယ်”
ဟူယွမ်က လက်မခံပေ။
“သတိထားနော်... ငါတို့ အတူတူ သေသွားအောင် လုပ်ပစ်လိုက်မယ်”
တုန်းတုန်းချန်ကလည်း အလျှော့မပေးပေ။
တုန်းချန် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
“စီနီယာတို့... ဒီလို ဆက်ဖြစ်နေရင် ကျွန်တော် ဘယ်လိုလုပ် ကျင့်ကြံရမှာလဲ”
ဟူယွမ်နှင့် တုန်းတုန်းချန် တိတ်ဆိတ်သွားကြ၏။
“ကောင်းပြီ... ဒီနေ့ ခန္ဓာကိုယ်ကို ငါ ထိန်းချုပ်ပြီး `ခန္ဓာကိုယ် သန့်စင်ခြင်း` လုပ်မယ်”
ဟူယွမ် အကြံပြုလိုက်သည်။ သူက နတ်ဆိုးဘုရင်ဟောင်း ဆိုတော့ ခန္ဓာကိုယ် သန်မာအောင် ဘယ်လိုလုပ်ရမလဲ ကောင်းကောင်း နားလည်လေသည်။
“မဖြစ်ဘူး... ဒီနေ့ ငါ ထိန်းချုပ်မယ်... သွေးမျိုးဆက်နဲ့ ကျင့်ကြံခြင်းအဆင့်ကို အရင် မြှင့်တင်မယ်... ခန္ဓာကိုယ်က နောက်မှ လုပ်လည်း ရတယ်”
တုန်းတုန်းချန် သဘောမတူပေ။
တုန်းချန် အပေးအယူ လုပ်လိုက်သည်။
“စီနီယာတို့... ဒီလို ငြင်းနေရင် ဘယ်တော့ ပြီးမှာလဲ... ဒီလိုလုပ်... မဲနှိုက်ပြီး အလှည့်ကျ ယူကြ... တစ်ယောက်ကို နေ့ဝက်စီ ထိန်းချုပ်ပြီး ကျင့်ကြံကြ... ပြီးရင် ကျွန်တော်က တိုးတက်လာတဲ့ စွမ်းအားတွေကို ရင်းနှီးအောင် လုပ်မယ်... ဘယ်လိုလဲ”
ဟူယွမ်နှင့် တုန်းတုန်းချန် တော်တော်ကြာ စဉ်းစားလိုက်ကြ၏။
“ကောင်းပြီလေ”
နောက်ဆုံးတော့ သဘောတူလိုက်ကြ၏။
မဲနှိုက်ပြီးနောက် ဟူယွမ်သည် တုန်းချန်၏ ခန္ဓာကိုယ်ကို နေ့ဝက် ထိန်းချုပ်ပြီး နတ်ဆိုးမျိုးနွယ်စု နည်းလမ်းများဖြင့် ခန္ဓာကိုယ် သန်မာအောင် နာကျင်စွာ ကျင့်ကြံပေးသည်။ ထို့နောက် တုန်းတုန်းချန်သည် နေ့ဝက် ထိန်းချုပ်ပြီး သွေးမျိုးဆက်နှင့် ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးသည်။
တုန်းချန် ကတော့ အိပ်နေရင်း အဆင့်တက်ရုံသာ ရှိတော့သည်။ သုံးယောက်သား အလှည့်ကျ ထိန်းချုပ်ပြီး လျင်မြန်စွာ တိုးတက်လာကြလေ၏။
...
မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားပြန်သည်။
မြူခိုးဂိုဏ်း အဆင့်တက်ခြင်း ဂယက်များ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
ယဲ့ဖုန်း စနစ်ကို ဖွင့်ကြည့်လိုက်သည်။
[ဂိုဏ်း ဂုဏ်သတင်းအမှတ် - ၇၉၄၀၃၇]
(၈) သိန်းနား ကပ်နေပြီ ဖြစ်၍ ယဲ့ဖုန်း ပြုံးလိုက်သည်။
'လဝက်လောက်နေရင် (၁) သန်း ပြည့်ပြီး နတ်ဆိုးသားရဲဆောင် အဆင့် (၅) ကို ဖွင့်နိုင်တော့မယ်... လုပ်ဆောင်ချက် အသစ်တွေ ရလာတော့မယ်'
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျားယွိလန်၊ ရှီလေ့၊ လီကျောက်ကျောက် နှင့် ကျီဇီလင်း တို့သည် ရွှေရောင် မိုးမခပင်အောက်တွင် ကျင့်ကြံနေကြသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းရောင်များ ထွက်ပေါ်နေသည်။
'ရွှေရောင် မိုးမခပင်ကြောင့် တပည့်တွေ ကျင့်ကြံနှုန်း ပိုမြန်လာတယ်... အခြေခံအုတ်မြစ် ပိုခိုင်မာလာတယ်... ဂိုဏ်းချုပ်ကြီးကို ကျေးဇူးတင်ရမယ်'
တပည့်များ တိုးတက်လာသည်နှင့်အမျှ ယဲ့ဖုန်း၏ စွမ်းအားလည်း ပိုမို ကြီးထွားလာ၏။
`ဒေါင်...`
တောင်ခြေမှ ခေါင်းလောင်းသံ သာယာစွာ ထွက်ပေါ်လာ၏။
“ဧည့်သည် လာတယ်”
ယဲ့ဖုန်းသည် ချောက်ကမ်းပါးစွန်းသို့ သွားကြည့်လိုက်သည်။
'ဂိုဏ်းဝင်ချင်တဲ့ လူသစ်များလား'
ဒီရက်ပိုင်း လူအများကြီး လာသော်လည်း သတ်မှတ်ချက် မပြည့်မီ၍ ပြန်လွှတ်လိုက်ရတာ များသည်။
တောင်ခြေတွင်...
အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ဂိုဏ်းတံခါးဝတွင် ရပ်နေကြ၏။ ဘေးနားတွင် `ခေါ်ယူခြင်း ခေါင်းလောင်း` တုန်ခါနေဆဲ ဖြစ်သည်။
'ဘာလို့ သူ…ဖြစ်နေတာလဲ... ဘေးက မိန်းကလေးက ဘယ်သူလဲ'
ယဲ့ဖုန်း အံ့သြသွားသည်။
အမျိုးသားက လုံချီထျန်း ဖြစ်နေသည်။ လုံချီထျန်း ဒီကို ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဖြစ်နိုင်ချေ နည်းလွန်းလို့ပင်။
“ထျန်းရှင်း... မင်းဝမ်းကွဲ ရောက်နေတယ်... သွားကြည့်လိုက်ဦး”
ယဲ့ဖုန်းသည် ဆက်သွယ်ရေး အမိန့်ပြားကို ထုတ်ပြီး လုံထျန်းရှင်းကို လှမ်းပြောလိုက်သည်။
“ဝမ်းကွဲ... အစ်ကိုဝမ်းကွဲ လုံချီထျန်း လား”
လုံထျန်းရှင်းသည် ချက်ချင်းပင် ယဲ့ဖုန်း ပေးထားသော `ချင်ဖုန်း ဓား` ကို စီးပြီး တောင်ခြေသို့ ဆင်းသွားလိုက်သည်။
“အစ်ကိုဝမ်းကွဲ... ဘယ်လို ရောက်လာတာလဲ”
လုံထျန်းရှင်း ဆင်းသက်လိုက်ရာ အဖြူရောင် ဝတ်စုံနှင့် လုံချီထျန်းကို တွေ့လိုက်ရသည်။ အရပ် ပိုရှည်လာပြီး မျက်ကွင်းညိုတွေ မရှိတော့ပေ။ မျက်လုံးများကလည်း အရင်ကထက် ပိုမို ကြည်လင်နေသည်။ လူသစ်တစ်ယောက်လို ဖြစ်နေသည်။
အတိအကျ ပြောရလျှင်... ပိုပြီး ရိုးသားတည်ငြိမ်သည့် လူတစ်ယောက် ဖြစ်လာ၏။
“ဝမ်းကွဲ... ဂုဏ်ပြုပါတယ်... မြူခိုးဂိုဏ်းက ကြယ်အဆင့် ဖြစ်သွားပြီလို့ ကြားတယ်... ဂိုဏ်းချုပ်ယဲ့တင် မကဘူး... စောင့်ရှောက်သူတွေကလည်း စွမ်းအားကြီးတယ် ဆိုပဲ... ကြယ်နှစ်ပွင့်အဆင့်လောက် ရှိတယ်လို့ ကြားတယ်”
လုံချီထျန်းက ယခင်ကထက် ပိုမို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“အားထျန်း... ဒါ ရှင်ပြောတဲ့ ဝမ်းကွဲ ထျန်းရှင်း လား”
ဘေးနားမှ အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးက ပြုံးပြီး မေးလိုက်သည်။
“ဘယ်သူလဲ”
လုံထျန်းရှင်း သိချင်စိတ် ဖြစ်သွားသည်။
“ဒါ ငါ့ရဲ့ တာအို... အဲ... ဂိုဏ်းတူ ညီမလေး ရှထျန်းထျန်း ပါ... `နွေရာသီ` ရဲ့ ရှ ၊ `ကောင်းကင်` ရဲ့ ထျန်း ပါ”
စကားပြောရင်း လုံချီထျန်း မျက်နှာရဲသွားပြီး စကားပြင်ပြောလိုက်သည်။
ထိုအခါ၊ ရှထျန်းထျန်းက မျက်စောင်းထိုးလိုက်သည်။
“ကျွန်မတို့က `ပီယွဲ့ စံအိမ်` က ဂိုဏ်းတူတွေပါ... သိကျွမ်းတာ လပိုင်းပဲ ရှိသေးပေမဲ့ အဆင်ပြေကြပါတယ်... အခု စေ့စပ်ထားကြပါပြီ”
“စေ့စပ်ထားတယ် ဟုတ်လား... ကျင့်ကြံဖော် ဖြစ်တော့မှာလား”
လုံထျန်းရှင်း အံ့သြသွားပြီး နောက်ဆုတ်လိုက်မိသည်။
“မကြာခင်ပါပဲ... နှစ်ယောက်လုံး `ချီစုစည်းခြင်း နဝမအဆင့်` ရောက်ရင် မင်္ဂလာဆောင်ကြမှာပါ”
ရှထျန်းထျန်းက ရဲရင့်စွာ ပြောလိုက်သည်။ ရှက်သွေးဖြာခြင်း မရှိပေ။
လုံချီထျန်း ကတော့ `မိန်းမကြောက် ရောဂါ` ရနေသူပီပီ `မင်္ဂလာဆောင်` ဆိုသည့် စကားကြားတာနှင့် မျက်နှာရဲသွားသည်။
လုံထျန်းရှင်း အံ့သြသွားသည်။
'ဒါ အရင်တုန်းက ဆိုးသွမ်းပြီး ထင်ရာစိုင်းတဲ့ ဝမ်းကွဲ ဟုတ်ရဲ့လား'
‘ဒါပေမဲ့ လုံချီထျန်းကို ထိန်းချုပ်နိုင်မယ့်သူ တွေ့သွားတာ ကောင်းပါတယ်။ ကျင့်ကြံခြင်းအဆင့်လည်း `ချီစုစည်းခြင်း သတ္တမအဆင့်` ရောက်နေပြီ။’
“မရီးလောင်းကို ဂါရဝပြုပါတယ်”
လုံထျန်းရှင်း လက်နှစ်ဖက်ကို အုပ်မိုး၍ နှုတ်ဆက်လိုက်သည်။
“စကားတတ်လိုက်တာ”
ရှထျန်းထျန်း သဘောကျစွာ ရယ်မောလိုက်၏။
“ဝမ်းကွဲ... ငါတို့ မင်းကို လာတွေ့တာပါ... ပြီးတော့ ဂိုဏ်းချုပ်ယဲ့ကို ဂါရဝပြုချင်လို့ပါ”
လုံချီထျန်း ပြောလိုက်သည်။
“ဒါပေမဲ့ ဂိုဏ်းချုပ်က တွေ့ချင်ပါ့မလား မသိဘူး”
လုံထျန်းရှင်း အခက်တွေ့သွားရ၏။
“တက်လာခဲ့ကြ”
ကောင်းကင်ယံမှ ယဲ့ဖုန်း၏ အသံက ကြည်လင်ပြတ်သားစွာ.. ထွက်ပေါ်လာ၏။
လုံချီထျန်းနှင့် ရှထျန်းထျန်း မော့ကြည့်လိုက်ရာ တောင်ထိပ်တွင် ရပ်နေသော ခန့်ညားသော လူငယ် တစ်ဦးကို တိမ်တိုက်များကြားမှ လှမ်းမြင်လိုက်ရသည်။
တည်ငြိမ် ခန့်ညားပြီး နတ်ဘုရား တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။
“ဒါ ဒဏ္ဍာရီလာ ဂိုဏ်းချုပ်ယဲ့လား”
ရှထျန်းထျန်း အသက်ရှုမှားသွားသည်။ ယဲ့ဖုန်း၏ အဆင့်ကို လုံးဝ ခန့်မှန်း၍ မရပေ။
ရိုးရိုး သာမန်လူတစ်ယောက်လို ဖြစ်နေပြီး ဝိညာဉ်စွမ်းအင် လှိုင်းခတ်သံပင် မကြားရပေ။
“လိုက်ခဲ့ကြ”
လုံထျန်းရှင်းသည် ဓားစီးပြီး ရှေ့မှ ဦးဆောင်သွားသည်။
လုံချီထျန်းနှင့် ရှထျန်းထျန်း တို့သည် ပျံသန်းဓားတစ်လက်တည်း အတူစီးပြီး နောက်မှ ဖြည်းညှင်းစွာ လိုက်ပါသွားကြလေ၏။
အခန်း (၂၈၈) - ပီယွဲ့ စံအိမ် နှင့် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း
~မြူခိုးတောင်ထိပ်...
အသစ်ဆောက်လုပ်ထားသော ဧည့်ခန်းမဆောင်အတွင်း...
ယဲ့ဖုန်းသည် သူ့ရှေ့တွင် ရပ်နေသော လုံချီထျန်းနှင့် ရှထျန်းထျန်း တို့ကို ကြည့်ပြီး မျက်နှာထား ထူးဆန်းလာ၏။
ယောကျ်ားလေး နာမည်က `ချီထျန်း` (ချီထျန်း - ကောင်းကင်နှင့် ယှဉ်သူ)၊ မိန်းကလေး နာမည်က `ထျန်းထျန်း` (ထျန်းထျန်း - ချိုမြိန်သော)။
‘လိုက်ဖက်လိုက်တဲ့ နာမည်အတွဲအစပ်ပဲ။’
ယဲ့ဖုန်း စိတ်ထဲမှ တိုးတိုးလေး ဝေဖန်လိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ဒါ ကျွန်မနဲ့ ချီထျန်းတို့ရဲ့ လက်ဆောင်ပါ... ချီထျန်း ငယ်ငယ်တုန်းက နားမလည်ဘဲ ဂိုဏ်းချုပ်ကို ပြစ်မှားမိတာတွေ ရှိခဲ့ရင် ခွင့်လွှတ်ပေးပါ” ရှထျန်းထျန်းသည် သေတ္တာလေးတစ်လုံးကို ထုတ်ပြီး ဖွင့်ပြလိုက်သည်။
အတွင်းထဲတွင် ကျောက်စိမ်းတုံးလေး တစ်တုံး ရှိနေသည်။
ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေပြီး မီးဖြင့် အရည်ကျိုကာ လက်နက်ပြုလုပ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းကောင်း တစ်ခု ဖြစ်သည်။ တန်ဖိုးအားဖြင့် ဝိညာဉ်ကျောက်တုံး (၁၀၀) မက တန်ဖိုးရှိသည်။
ယခု ယဲ့ဖုန်းအတွက် ဝိညာဉ်ကျောက်တုံး (၁၀၀) ဆိုတာ အသေးအမွှားလေး ဖြစ်သော်လည်း... ဒီလူငယ်စုံတွဲအတွက်တော့ အကြာကြီး စုဆောင်းထားရမည့် ပမာဏ ဖြစ်ပါသည်။
“လူငယ်ဆိုတာ တစ်ခါတလေ စိတ်မြန်တတ်ကြတာ သဘာဝပါ” ယဲ့ဖုန်း လက်ဆောင်ကို လက်ခံလိုက်သည်။
လုံချီထျန်းနှင့် ရှထျန်းထျန်းတို့ သက်ပြင်းချလိုက်ကြ၏။
ရှထျန်းထျန်းသည် နောက်ထပ် သေတ္တာတစ်လုံးကို ထုတ်လိုက်ပြီး ရွှေရောင် ဖိတ်စာတစ်ခုကို ကမ်းပေးလိုက်သည်။
“ဒါ `ပီယွဲ့ စံအိမ်` သခင်ကြီးဆီက ဖိတ်စာပါ... ဂိုဏ်းချုပ်ယဲ့ ဒါမှမဟုတ် ဂိုဏ်းက တပည့်တစ်ယောက်ယောက် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားတာပါ”
“ပီယွဲ့ စံအိမ် …”
ယဲ့ဖုန်း ဖိတ်စာကို ယူလိုက်သည်။ ဒီနာမည်ကို မရင်းနှီးပေ။
ရှထျန်းထျန်း ရှင်းပြသည်။ “ပီယွဲ့ စံအိမ်က မြောက်ဘက် မိုင် (၅၀၀) အကွာက တောင်တန်းတွေကြားမှာ ရှိပါတယ်... ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝပေမဲ့ လူသွားလူလာ နည်းပါတယ်... ပထမ စံအိမ်သခင်ကြီးက အဲဒီနေရာမှာ လျှို့ဝှက်ဂိုဏ်းတစ်ခု တည်ထောင်ခဲ့တာပါ”
“စံအိမ်ရဲ့ အခြေအနေက ဘယ်လိုလဲ” ယဲ့ဖုန်း စိတ်ဝင်စားသွားသည်။
“လူဦးရေ သိပ်မများပါဘူး... (၁၀၀) ကျော်လောက်ပဲ ရှိပါတယ်... ဒါပေမဲ့ အင်အားနဲ့ အမွေအနှစ်အရ ဆိုရင်တော့ `လျိုယွင်ဂိုဏ်း` လို ကြယ်တစ်ပွင့်အဆင့် ဂိုဏ်းဟောင်းကြီးတွေနဲ့ ယှဉ်နိုင်ပါတယ်”
ဟု ရှထျန်းထျန်းက အရေးကြီးသော သတင်းအချက်အလက်ကို ပြောပြလိုက်သည်။
“ဒါပေမဲ့ ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ” ယဲ့ဖုန်း နားမလည်နိုင် ဖြစ်နေသည်။
ဒီလောက် အင်အားကြီးတဲ့ အဖွဲ့အစည်းက နာမည်မကြီးဘဲ နေမလား။
“ပထမ သခင်ကြီးက အေးအေးဆေးဆေး နေချင်တဲ့သူပါ... ဒါကြောင့် ကြယ်အဆင့် သတ်မှတ်ချက် မလျှောက်ထားပါဘူး... ပြင်ပကိစ္စတွေမှာလည်း ဝင်မပါဘူး... လူသိနည်းပါတယ်”
လုံချီထျန်း ဝင်ဖြည့်ပြောသည်။ “ဟုတ်ပါတယ်... စံအိမ်နားမှာ လူဦးရေ သောင်းဂဏန်းလောက်ပဲ ရှိတဲ့ မြို့လေးတစ်မြို့ပဲ ရှိတယ်... လိုအပ်တာတွေ အဲဒီမှာပဲ ဝယ်ကြတော့ အဝေးကြီး ထွက်စရာ မလိုပါဘူး”
“ဪ... ဒီလိုကိုး” ယဲ့ဖုန်း ခေါင်းငြိမ့်လိုက်သည်။
လျှို့ဝှက်အင်အားစု တစ်ခု ဖြစ်နေတာကိုး။
ယဲ့ဖုန်း ဖိတ်စာကို ဖွင့်ဖတ်လိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ကျွန်တော်က ပီယွဲ့ စံအိမ်ရဲ့ လက်ရှိသခင် `လော့ချန်` ပါ... နောက်ထပ် (၁၅) ရက်နေရင် ကျင်းပမယ့် `နွေဦးပေါက် စုဝေးပွဲ`ကို ဖိတ်ကြားပါတယ်... မအားရင် တပည့်တစ်ယောက်ယောက် လွှတ်လိုက်လို့ ရပါတယ်... နေရာကတော့ စံအိမ်နားက `ထုန်ဖန်းမြို့` မှာပါ...”
ဖိတ်စာ အနှစ်ချုပ်က ဒါပါပဲ။
အချိန်နှင့် နေရာ အတိအကျ ပါဝင်သည်။
ယဲ့ဖုန်း ဖိတ်စာကို ပိတ်လိုက်ပြီး ပြောလိုက်သည်။ “နောက် (၁၅) ရက်နေရင် ငါ မအားရင် တပည့်တစ်ယောက်ယောက် လွှတ်လိုက်ပါ့မယ်”
လုံချီထျန်းနှင့် ရှထျန်းထျန်း ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“အချိန်ကျရင် ကျွန်တော်တို့ ကိုယ်တိုင် လာခေါ်ပါ့မယ်”
ခဏလောက် စကားစမြည် ပြောပြီးနောက် သူတို့နှစ်ဦး ပြန်သွားကြ၏။
“ဂိုဏ်းချုပ်... ကျွန်တော်ရော ပြန်လိုက်ရမလား” လုံထျန်းရှင်း မေးလိုက်သည်။
“သဘောပဲလေ” ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်သည်။
လုံထျန်းရှင်း စဉ်းစားပြီးနောက် `ချင်းဖုန်းဓား` ကို စီးကာ ရေပေါ်ဖြူမြို့တော်သို့ ထွက်ခွာသွားလေ၏။
...
ရေပေါ်ဖြူမြို့တော် တောင်ဘက်ပိုင်းတွင်...
ရှေးဟောင်း မျှော်စင်တစ်ခု အတွင်း၌...
`ဟေးရွှမ်ဂိတ်` တပည့်ဟောင်း `လီဟန်ရှောင်` နှင့် `ရွှယ်ယွင်ဂိုဏ်း` တပည့်ဟောင်း `ဝူတယ်`တို့သည် အမည်းရောင် မြူများ ဖုံးလွှမ်းထားသော လူတစ်ယောက်ကို ဦးညွှတ်နေကြ၏။
“ရေပေါ်ဖြူ သူရဲကောင်းနှစ်ဖော်... စောင့်ရှောက်သူ ကို ဂါရဝပြုပါတယ်”
အရိပ်မည်းကြီး ခေါင်းငြိမ့်ပြသော်လည်း စကားမပြောပေ။
လီဟန်ရှောင်နှင့် ဝူတယ် တို့ စိတ်မသက်မသာ ဖြစ်နေကြ၏။
နောက်ဆုံးတော့ လီဟန်ရှောင် သတ္တိမွေးပြီး မေးလိုက်သည်။
“စောင့်ရှောက်သူ... ဂိုဏ်းချုပ်ကြီးက ဒီတစ်ခါ ဘာအမိန့်ပေးလိုက်ပါသလဲ”
လွန်ခဲ့တဲ့ (၁၅) ရက်တုန်းက သူတို့နှစ်ယောက် `သဲကန္တာရ ရှေးဟောင်းမြို့တော်`ကို သွားပြီး နယ်မြေချဲ့ထွင်ဖို့ ကြိုးစားခဲ့ကြ၏။ ထိုနေရာမှာ `ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း` စောင့်ရှောက်သူ ဆိုသည့် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်`ပညာရှင်ကြီးနှင့် တွေ့ခဲ့သည်။
သူ့ကို ဆရာတင်ဖို့ ကြိုးစားသော်လည်း သူက တပည့်လက်မခံဘဲ `အပြင်စည်း တာဝန်ခံ` အဖြစ် ခန့်အပ်ခဲ့သည်။
စောင့်ရှောက်သူ ပေးသော ဆေးဝါးတွေကြောင့် သူတို့နှစ်ယောက် `ချီစုစည်းခြင်း နဝမအဆင့်`အထိ ရောက်နေပြီ ဖြစ်၏။ အခြေခံ မခိုင်မာသေး၍ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` တက်ဖို့ မကြိုးစားရဲကြသေးပေ။
လက်နက်တွေနှင့် ပေါင်းလိုက်လျှင်တော့ သာမန် `နဝမအဆင့်` သမားကိုတောင် သတ်နိုင်သည့် အဆင့် ရောက်နေပါသည်။
အတော်ကြာမှ စောင့်ရှောက်သူ လှည့်ကြည့်လိုက်သည်။ အေးစက်ပြီး ကြောက်စရာကောင်းသော မျက်လုံးတွေနှင့် ကြည့်ပြီး ပြောလိုက်သည်။
“ဒီတစ်ခါ တာဝန်ပေးစရာ ရှိလို့”
“ဘာတာဝန်လဲ ခင်ဗျာ”
`ဘုန်း...`
ရှေးဟောင်း စာအုပ်တစ်အုပ် စားပွဲပေါ် ကျလာ၏။
“ဒါ `နတ်ဆိုးချုပ်နှောင် မျှော်စင်` တည်ဆောက်ပုံ ဒီဇိုင်းပဲ... ရေပေါ်ဖြူမြို့ တောင်ဘက် မိုင် (၃၀) အကွာက `စီးဆင်းနေသော ရေမြစ်` နားက ချိုင့်ဝှမ်းမှာ တည်ဆောက်ရမယ်... ပစ္စည်းတွေ ကိုယ့်ဖာသာ ဝယ်... ကုန်ကျစရိတ် ငါရှင်းမယ်”
စောင့်ရှောက်သူသည် အိတ်တစ်လုံးကို စားပွဲပေါ် တင်လိုက်သည်။
လီဟန်ရှောင် ဖွင့်ကြည့်လိုက်သည်။
ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လာ၏။
“`အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး` (၅) တုံးနဲ့ `အဆင့်နိမ့်` (၃၀၀) ကျော်... စောင့်ရှောက်သူက ရက်ရောလိုက်တာ”
သူတို့နှစ်ယောက် အံ့သြသွားကြ၏။
“အသေးစိတ်ကို စာအုပ်ထဲမှာ ရေးထားတယ်... (၇) ရက်အတွင်း ပြီးအောင် ဆောက်... ပြီးရင် ငါ လာစစ်မယ်”
ပြောပြီးသည်နှင့် စောင့်ရှောက်သူက မညိသည့်အခါမှ မရှိနေသလို.. ပျောက်ကွယ်သွားလေ၏။
လီဟန်ရှောင်နှင့် ဝူတယ် တို့ ကျောက်တုံးများကို ကြည့်ပြီး ပြုံးလိုက်ကြ၏။ သူတို့၏ အပြုံးများက တဖြည်းဖြည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လာ၏။
“ခွီးခွီးခွီး...”
ထူးဆန်းသော ရယ်သံကြီး ပဲ့တင်ထပ်သွားသည်။
*
ရေပေါ်ဖြူမြို့တော်၊ နဂါးစံအိမ်တော်ဝယ်...၊
“ငါ့သား... ပြန်ရောက်လာပြီလား” လုံကျန်းချွမ် သည် လုံးဝ ပြောင်းလဲသွားသော သားဖြစ်သူ လုံချီထျန်းကို ကြည့်ပြီး မျက်ရည်ဝဲလာ၏။
“အဖေ... အဖေရဲ့ မိတ်ဆွေက တကယ်တော့ ပီယွဲ့ စံအိမ် သခင်ကြီးရဲ့ ဦးလေးတော်တယ်... စံအိမ်ရဲ့ အိမ်တော်ထိန်း လည်း ဟုတ်တယ်ဗျ... ကျင့်ကြံခြင်း မမြင့်ပေမဲ့ ရာထူးကြီးတယ်... ကျွန်တော်တို့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါတယ်”
လုံချီထျန်း အကြောင်းစုံ ပြောပြလိုက်သည်။
လုံကျန်းချွမ် ဝမ်းသာသွားသည်။
‘ဆိုးသွမ်းတဲ့ သားလေးက အခုတော့ `နှစ်ကိုယ်တူ ကျင့်ကြံခြင်း အဖော်` လည်း ရနေပြီ။ အဆင့်ကလည်း `သတ္တမအဆင့်` တောင် ရောက်နေပြီ။’
“ဦးလေး... ထျန်းရှင်း ဂါရဝပြုပါတယ်” ရှထျန်းထျန်း နှုတ်ဆက်လိုက်သည်။
ရဲရင့်ပြီး ယဉ်ကျေးသိတတ်သော ရှထျန်းထျန်းကို ကြည့်ပြီး လုံကျန်းချွမ် သဘောကျသွားသည်။
“ထျန်းထျန်း... ဒီနေ့ကစပြီး သမီးက လုံကျန်းချွမ်ရဲ့ ချွေးမ ဖြစ်သွားပြီ... ရော့... ဒီကျောက်စိမ်း ယူထား” လုံကျန်းချွမ်သည် အနီရောင် ကျောက်စိမ်းတစ်ခုကို ပေးလိုက်သည်။
“ဟာ... အဖေ... အမေ ပေးထားတဲ့ အချစ်သက်သေကို ပေးလိုက်တာလား” လုံချီထျန်း မျက်လုံးပြူးသွားသည်။
“ဒီနေ့ကစပြီး ဒီကျောက်စိမ်းက လုံမိသားစုရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ရတနာ ဖြစ်သွားပြီ... သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွားကြ”
“မျိုးရိုးစဉ်ဆက် ရတနာ”
ရှထျန်းထျန်း ကျောက်စိမ်းကို ကိုင်ထားရင်း တာဝန်ကြီးမားသလို ခံစားလိုက်ရသည်။
တံခါးအပြင်ဘက်တွင်...
လုံထျန်းရှင်းသည် အိမ်ထဲမှ ရယ်မောသံများကို နားထောင်ရင်း ပြုံးလိုက်သည်။ လုံမိသားစု စည်ပင်ဝပြောတာ မြင်ရတော့ ဝမ်းသာရပါသည်။
“ဝမ်းကွဲ... ဒီလမ်းအတိုင်း ဆက်လျှောက်နိုင်ပါစေ”
လုံထျန်းရှင်းသည် မြို့စားမင်း အိမ်တော်ဘက်သို့ ဦးတည် ထွက်ခွာသွားလေတော့၏။