← Chapters

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅-၂၉၇)

Vol. 20 Ch. 295-297

အခန်း (၂၉၅) - မဖြစ်ထွန်းသော သဲကန္တာရ နှင့် စံအိမ်သခင် လော့ချန်၏ ရည်ရွယ်ချက်

~ကျယ်ပြောလှသော `မဖြစ်ထွန်းသော သဲကန္တာရ` အထက်တွင်...

ဟူဖေးဖေးသည် အဖြူရောင် တုတ်တိုလေးကို ကိုင်လျက် လေထဲတွင် ပျံဝဲနေသည်။ ပန်းရောင်ဆံပင်များ လေထဲတွင် လွင့်ပျံနေသည်။

“ဂိုဏ်းချုပ်... ဘယ်သူနဲ့ တိုက်ရမှာလဲ”

သူမ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ တောင်ဘက်တွင် အဆုံးမရှိသော သဲကန္တာရကြီးသာ ရှိသည်။ လေတိုက်သံနှင့် ဖုန်မှုန့်များသာ ရှိပြီး ခြောက်သွေ့နေသည်။

တိုက်ခိုက်ရမည့် ပစ်မှတ် မတွေ့ရပေ။

`ဟင်းလင်းပြင် နယ်မြေ` ထဲတွင်...

ယဲ့ဖုန်းသည် မြေပုံကို ကိုင်လျက် လေ့လာနေသည်။ မြောက်ဘက်ကို အပေါ်၊ တောင်ဘက်ကို အောက်၊ အနောက်ဘက်ကို ဘယ်၊ အရှေ့ဘက်ကို ညာ ထားပြီး သေချာ ကြည့်နေသည်။

`လျှို့ဝှက်ဆန်းကြယ် တိုင်းပြည်`နှင့် `တောင်ပိုင်းမြစ်ကန် ဒေသ` ကို တွေ့ရှိရပြီး၊ တောင်တန်းတစ်ခုသာ ခြားနားသော `မဖြစ်ထွန်းသော သဲကန္တာရ` ကိုလည်း တွေ့လိုက်ရသည်။

“ဒဏ္ဍာရီတွေအရ သဲကန္တာရမှာ `သဲနတ်ဆိုး`တွေ သောင်းကျန်းတတ်တယ်တဲ့... တောင်ပိုင်းမြစ်ကန် ဒေသကို ကျူးကျော်လေ့ ရှိတယ်... ဒါပေမဲ့ `မြင့်မြတ်သော လေ ဓားဂိုဏ်း`က ကာကွယ်ပေးထားတယ်... သူတို့သာ မရှိရင် ရေပေါ်ဖြူမြို့တော်၊ စန်းယွမ်မြို့၊ နန်ဝူမြို့တော်၊ လုံဝူမြို့တော် တွေ ဒုက္ခရောက်မှာ သေချာတယ်”

ဟူဖေးဖေးက သူ့အား လှမ်းအော်လိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်မ သဲရုပ်တု ဖြစ်တော့မယ်... သဲနတ်ဆိုး တစ်ကောင်မှ မတွေ့သေးဘူး”

ယဲ့ဖုန်း `ကောင်းကင်မေးမြန်း ကြေးမုံ`ဖြင့် ကြည့်လိုက်ရာ သဲဖုန်များ ဖုံးလွှမ်းနေသော ဟူဖေးဖေးကို တွေ့လိုက်ရသဖြင့် ရယ်မောလိုက်မိသည်။

“သဲကန္တာရ အလယ်ဗဟိုဘက်ကို ပျံသန်းသွားပြီး ဖြည်းဖြည်းချင်း ရှာကြည့်”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

ဟူဖေးဖေးသည် တုတ်တိုလေးကို ကိုင်ပြီး ယုန်ကလေးတစ်ကောင်လို ပျော်ရွှင်စွာ ပျံသန်းသွားလေ၏။

တစ်နာရီ ကြာပြီးနောက်...

ဟူဖေးဖေးသည် မိုင်ထောင်ချီ ခရီးရောက်ရှိသွားသည်။

“ဝါး... ဟိုမှာ စိမ်းလန်းစိုပြေတဲ့ နေရာလေး တစ်ခု ရှိတယ်... `လခြမ်းကန်` လေးလည်း ရှိတယ်... ဆင်းကြည့်လိုက်ဦးမယ်”

ဟူဖေးဖေးသည် သဲခုံတစ်ခုကို ကျော်ဖြတ်ပြီး အိုအေစစ် ကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ ဆင်းသက်သွားသည်။

“အဲဒါ စွမ်းအားကြီးတဲ့ နတ်ဆိုးသားရဲကွ” ယဲ့ဖုန်း သတိပေးလိုက်သည်။

“တစ်ချက်တည်းနဲ့ သတ်ပြမယ်... ကြည့်နေ”

ဟူဖေးဖေးသည် လေထဲတွင် ဂျွမ်းထိုးပြီး လခြမ်းကန် အပေါ်တည့်တည့်တွင် ရပ်တန့်လိုက်၏။

`ဝေါ...`

လခြမ်းကန်ရေများ ဝဲကတော့ပုံစံ လည်ပတ်သွားပြီး ကမ်းစပ်တွင် ချွန်ထက်သော သွားတန်းများ ပေါ်လာ၏။ ကန်တစ်ခုလုံးသည် မီတာ (၁၀၀) ကျယ်ဝန်းသော ပါးစပ်ပေါက်ကြီး အဖြစ် ပြောင်းလဲသွားပြီး ဟူဖေးဖေးကို ဝါးမြိုရန် ဟန်ပြင်လိုက်သည်။

“မင်းသမီးလေး... ဒါ `အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်` အဆင့်ရှိတဲ့ `ဧရာမ သရဲငါးမန်း` ပဲ... ကုန်းပေါ်မှာ နေနိုင်တယ်... ရေကန်အဖြစ် ဟန်ဆောင်ပြီး သားကောင်တွေကို ဖမ်းစားတတ်တယ်... သူ့ကို သတ်ပစ်လိုက်”

ယဲ့ဖုန်းသည် `နတ်ဆိုးသားရဲဆောင်` ၏ ထောက်လှမ်းရေး စနစ်ဖြင့် အချက်အလက်များ ရယူပြီး ပြောလိုက်သည်။

`ဘုန်း...`

ဟူဖေးဖေးသည် တုတ်တိုဖြင့် ရိုက်ချလိုက်သည်။

ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး ငါးမန်းကြီး တစစီ ဖြစ်သွားကာ မိုးရွာသကဲ့သို့ သဲကန္တာရပေါ်သို့ ပြန့်ကျဲသွားလေ၏။

“သေလိုက်ပါတော့... `နတ်ဆိုးအမြုတေ`ရော ချန်ထားရဲ့လား... အလောင်းကောင်ကို အကောင်းအတိုင်း ချန်ထားပါဆို... ရှဲ့ကျားရင်ရှဲ့ကျားရင် ဆီ ပို့ပြီး အစာလုပ်ခိုင်းမလို့ဟာကို”

ယဲ့ဖုန်း နှမြောတသစွာ အော်ဟစ်လိုက်သည်။

“သိပါပြီ... မင်းသမီးလေး သိပါပြီ”

ဟူဖေးဖေး ခေါင်းငြိမ့်လိုက်သည်။ သူမက တုတ်တိုလေးကို ကိုင်ပြီး ယုန်ကလေးလို ခုန်ဆွခုန်ဆွဖြင့် သီချင်းညည်းကာ ဆက်လက် ထွက်ခွာသွားလေ၏။

...

*

ပီယွဲ့ စံအိမ်...

ကိုးထပ် မျှော်စင်အောက်တွင်...

ကိုက် (၁၀၀) ပတ်လည်တွင် ကျောက်ပြားများ ခင်းထားပြီး ပေါင်းပင်များ မရှိ၊ သန့်ရှင်းသပ်ရပ်နေသည်။

မျှော်စင်အောက်တွင် `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်`အဘိုးအိုတစ်ဦး ကျောက်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။

“ဘယ်သူတွေလဲ... ဘာကိစ္စ ရှိလို့လဲ”

မျက်လုံးပိတ်ထားသော်လည်း အဘိုးအို၏ `ဝိညာဉ်အာရုံ`က ရှီလေ့တို့ကို သိရှိနေသည်။ အသံ ခပ်ဩဩဖြင့် မေးလိုက်သည်။

“ကျွန်တော်တို့က မြူခိုးဂိုဏ်း တပည့်တွေပါ... လာလည်တာပါ... နှောင့်ယှက်မိရင် ခွင့်လွှတ်ပါ” ရှီလေ့ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

အဘိုးအို မျက်လုံးဖွင့်လိုက်သည်။

အမြဲတမ်း မျှော်စင်စောင့်နေရသော်လည်း အပြင်လောက သတင်းများကို ကြားသိနေရသည်။ မြူခိုးဂိုဏ်း၏ အရှိန်အဝါကို သိထားသဖြင့် အံ့သြသွားသည်။

“ဪ... စုဝေးပွဲ လာတက်တဲ့ ဧည့်သည်တွေပဲ... လောလောဆယ် မျှော်စင်ကို ပိတ်ထားတယ်... မနက်ဖြန်ကျမှ ဝင်လို့ရမယ်” အဘိုးအို ရှင်းပြလိုက်သည်။

“ဘာလို့ မနက်ဖြန်မှလဲ ခင်ဗျာ” ရှီလေ့ မေးလိုက်သည်။

အဘိုးအိုက ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။

“မနက်ဖြန် `နွေဦးပေါက် စုဝေးပွဲ` ကို ဒီမျှော်စင်အောက်မှာ ကျင်းပမှာမို့လို့ပါ... အဲဒီကျရင် ဝင်ခွင့်ရပါလိမ့်မယ်”

လျှို့ဝှက်ချက် မဟုတ်တော့သဖြင့် ဖုံးကွယ်မနေတော့ပေ။

“ကျေးဇူးတင်ပါတယ် အဘိုး... ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်”

ရှီလေ့ နှုတ်ဆက်ပြီး ပီယွဲ့ စံအိမ်သို့ ပြန်သွားကြ၏။

နေဝင်ချိန် ရောက်သောအခါ...

အဘိုးအိုသည် ကျောက်ခုံပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။

သူ၏ အရိပ်နှင့် မျှော်စင်၏ အရိပ်သည် မြေကြီးပေါ်တွင် ရှည်လျားစွာ ကျရောက်နေသည်။ အထီးကျန်ဆန်လှပေသည်။

“နှစ်တစ်ထောင် ကြာခဲ့ပြီ... မျှော်စင်ရဲ့ တာဝန် ပြီးဆုံးတော့မယ်”

အတော်ကြာမှ အဘိုးအိုသည် နေဝင်ချိန်ကို ကြည့်ပြီး သက်ပြင်းချလိုက်လေ၏။

...

ညစာစားပွဲ အချိန်ရောက်လာတော့၏။

စံအိမ်သခင် လော့ချန်၏ ဇနီး ကောင်းလန်ကိုယ်တိုင် လာရောက်ပြီး ကုန်းချင်းချိုးနှင့် တပည့်များကို ခန်းမဆောင်ကြီးဆီသို့ ခေါ်ဆောင်သွားသည်။

ထိုနေရာတွင် သူစိမ်းအများအပြားကို တွေ့လိုက်ရသည်။

ရှေးဟောင်း ဝတ်စုံများ ဝတ်ဆင်ထားကြပြီး ခေတ်နှင့် မညီသကဲ့သို့ ဖြစ်နေ၏။

ကျင့်ကြံခြင်း အဆင့်များမှာ `ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထ၊ ပဉ္စမအဆင့်` ခန့် ရှိကြပြီး `ကြယ်တစ်ပွင့်အဆင့်` ဂိုဏ်းချုပ်များနှင့် တန်းတူ ဖြစ်သည်။

ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။

“အကြီးအကဲကုန်း... ဆုံလိုက်တာဗျာ”

ကြည့်လိုက်ရာ လုံဝူမြို့ `ရတနာဆောင်` ပိုင်ရှင် ကျန်းဖေးဟွာနှင့် `ဝူရွှမ်ဆောင်` ပိုင်ရှင် ကျန်းရှင်းယွီ တို့ကို တွေ့လိုက်ရသည်။

ဟိုဘက်တွင် ယွင်ဟွာကျန်းရန် နှင့် စတုတ္ထအကြီးအကဲ လျိုယွိကျစ် တို့ကိုလည်း တွေ့ရသည်။

လင်းယွီယန် လည်း ပါလာလေ၏။

သူတို့ကလွဲရင် ကျန်တာ သူစိမ်းတွေချည်း ဖြစ်နေသည်။

“ရှင်တို့လည်း ဖိတ်ကြားခံရတာလား” ကုန်းချင်းချိုး အံ့သြစွာ မေးလိုက်သည်။

ထိုစဉ်၊ စံအိမ်သခင် လော့ချန် ရောက်လာပြီး ရှင်းပြလာသည်။

“ရတနာဆောင်က ပစ္စည်းကောင်းတွေ ထွက်တယ်လေ... ပီယွဲ့ စံအိမ်က `ဝိညာဉ်ပစ္စည်း` တွေကို အဲဒီကပဲ ဝယ်ရတာ... ဒါကြောင့် ခင်မင်ရင်းနှီးနေတာပါ”

သူက ..ယွင်ဟွာကျန်းရန် ဘက်ကို လှည့်ပြီး ဆက်ပြောသည်။

“ယွင်ဟွာကျန်းရန် ကတော့ ကျွန်တော့်ဇနီး ကောင်းလန် ရဲ့ အစ်ကိုအရင်းပါ”

“ဟာ... ယွင်ဟွာကျန်းရန်ရဲ့ မျိုးရိုးနာမည်က `ကောင်း`ကိုး”

ကုန်းချင်းချိုးနှင့် တပည့်များ အံ့သြသွားကြ၏။

“မိတ်ဆွေတို့... အားလုံးက သူငယ်ချင်းတွေပါပဲ... နေရာယူကြပါရှင်…” ကောင်းလန်က နွေဦးလေညင်းကဲ့သို့ ပြုံးပြပြီး ဖိတ်ခေါ်လိုက်သည်။ မိဖုရား တစ်ပါးကဲ့သို့ ကျက်သရေ ရှိလှသည်။

စားပွဲဝိုင်းတွင်...

ရှီလေ့တို့ စားသောက်ရင်း စကားစမြည် ပြောနေကြ၏။

မိတ်ဆက်ပေးချက်အရ ရှေးဟောင်းဝတ်စုံနှင့် လူများသည် ပီယွဲ့ စံအိမ်ကဲ့သို့ လျှို့ဝှက် အင်အားစုများမှ ဖြစ်ကြောင်း သိလိုက်ရသည်။

သူတို့သည် `အသေးစား ဝိညာဉ်သွေးကြော`များကို ပိုင်ဆိုင်ထားပြီး ပြင်ပလောကနှင့် အဆက်အသွယ် မလုပ်ကြပေ။ သို့သော် အင်အားမှာ ပီယွဲ့ စံအိမ်၊ ယွင်ဟွာဂိုဏ်း တို့နှင့် မတိမ်းမယိမ်း ရှိကြ၏။

စံအိမ်သခင် လော့ချန် ရုတ်တရက် မတ်တပ်ရပ်ပြီး ကြေညာလိုက်သည်။

“ကျွန်တော်တို့ စံအိမ်ရဲ့ စုဝေးပွဲကို ကြွရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်... မနက်ဖြန် နှစ်သစ်ကူးနေ့ ဖြစ်သလို၊ `နတ်ဆိုးချုပ်နှောင် မျှော်စင်` တည်ဆောက်ခဲ့တာ နှစ်တစ်ထောင် ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်... ဒါကြောင့် မိတ်ဆွေတို့ကို မျှော်စင်ထဲ ဝင်ရောက်ပြီး ရတနာတွေကို မျှဝေယူကြဖို့ ဖိတ်ခေါ်ပါတယ်”

အားလုံး ငြိမ်သက်သွားကြ၏။

‘မျှော်စင်ထဲ ဝင်မယ်။

ရတနာ မျှဝေမယ်….’

အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြ၏။

ဧည့်သည်များ နားမလည်သည်ကို မြင်သောအခါ လော့ချန် ရှင်းပြလိုက်သည်။

“ကျွန်တော်တို့ စံအိမ်နောက်က မျှော်စင်အကြောင်း အားလုံး သိကြမှာပါ... နှစ်တစ်ထောင် သက်တမ်း ရှိပါပြီ”

“ဒါပေမဲ့ အထဲမှာ ဘာရှိလဲ ဆိုတာတော့ သိကြမယ် မထင်ပါဘူး”

“ကျွန်တော်တောင် တစ်စိတ်တစ်ပိုင်းလောက်ပဲ သိတာပါ”

“ဒဏ္ဍာရီတွေအရ ကိုးထပ်မြောက်မှာ စွမ်းအားကြီးတဲ့ `နတ်ဆိုးဗိုလ်ချုပ်` တစ်ကောင်ကို ချုပ်နှောင်ထားတယ်... သူ့ဆီမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေ ပါလာတယ်”

“မှတ်တမ်းတွေအရ... နှစ်တစ်ထောင် ပြည့်မှ အဲဒီအမွေအနှစ်တွေ ပေါ်လာမှာတဲ့”

“မနက်ဖြန်ဆိုရင် နှစ်တစ်ထောင် ပြည့်ပါပြီ”

“ရတနာ ရနိုင်မယ့် အခွင့်အရေး ရောက်လာပါပြီ”

“ဒါပေမဲ့ ဂိုဏ်းချုပ်ဟောင်း မှာတမ်းခဲ့တာ ရှိတယ်... ကိုးထပ်မြောက်မှာ `မိစ္ဆာချီ` တွေ ပြည့်နှက်နေတယ်... စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ စုပေါင်းပြီး ဒီ `ရတနာပုလဲ`ကို အသက်သွင်းမှ ဝင်လို့ရမယ်တဲ့”

“ဒါကြောင့် ခင်ဗျားတို့ကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်”

ထိုသို့ လော့ချန် အကြောင်းစုံ ရှင်းပြလိုက်သည်။

ထို့နောက်၊ သူ့လက်ထဲတွင် လိုင်ချီးသီး အရွယ်အစားရှိသော ဖန်ပုလဲလေး တစ်လုံးကို ပြသလိုက်သည်။ သန့်စင်သော စွမ်းအားများ ပါဝင်နေပြီး `သန့်စင်ခြင်း ကြာပန်းစိမ်း`နှင့် အာနိသင် တူညီလေသည်။

ပဉ္စမအဆင့် အကြီးအကဲ တစ်ယောက်က ထုတ် မေးလိုက်သည်။

“ရတနာတွေကို ဘယ်လို ခွဲဝေကြမလဲ”

“အမွေအနှစ် (၃) ခု ရှိပါတယ်... `ပဉ္စမအဆင့် သိုင်းနည်းစနစ်` ၊ `အထောက်အကူပြု ကျင့်စဉ်` နဲ့ `ဝင်္ကပါ မြေပုံ`ပါ... အဖွဲ့တိုင်း ဝေစု ရပါမယ်... ဒါပေမဲ့ မူရင်းကိုတော့ ပီယွဲ့ စံအိမ်မှာ ထားရပါမယ်” လော့ချန်က စည်းကမ်းသတ်မှတ်လိုက်သည်။

အားလုံး စဉ်းစားခန်း ဝင်သွားကြ၏။

‘ပဉ္စမအဆင့် သိုင်းနည်းစနစ်၊ အထောက်အကူပြု ကျင့်စဉ်၊ ဝင်္ကပါ မြေပုံ... အားလုံး တန်ဖိုးရှိတာတွေချည်းပဲ။

အန္တရာယ် ရှိပေမဲ့ စွန့်စားရကျိုး နပ်ပါတယ်။’

“ကျွန်တော် ပါဝင်ပါ့မယ်” ပဉ္စမအဆင့် အကြီးအကဲက ပထမဆုံး သဘောတူလိုက်သည်။

အခန်း (၂၉၆) - မျှော်စင်ကို ထိုးဖောက်ခြင်းနှင့် နှစ်တစ်ထောင် သက်တမ်းရှိ နတ်ဆိုး

~ကျန်သောသူများ ချက်ချင်း အဖြေမပေးကြသေးပေ။

ယွင်ဟွာကျန်းရန် သည် ကောင်းလန် ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်စွာ မေးလိုက်သည်။

“မျှော်စင်ထဲမှာ ဘယ်လို အန္တရာယ်တွေ ရှိလဲ”

ဒီမေးခွန်းကြောင့် အခြားသူများလည်း စိတ်ဝင်စားသွားကြ၏။

အန္တရာယ် မကြီးမားလျှင် လော့ချန် အနေနှင့် ဒီလောက် ကောင်းမွန်သည့် ရတနာကို သူတို့နှင့်… ဝေမျှမှာ မဟုတ်ပါလေ။

“မျှော်စင်က နတ်ဆိုးတွေကို ချုပ်နှောင်ထားတာပါ... အထဲမှာ `မိစ္ဆာချီ`တွေ ပြည့်နှက်နေပါတယ်... မိစ္ဆာချီ ကူးစက်ခံရရင် လမ်းမှားရောက်သွားပြီး ရူးသွပ်သွားနိုင်ပါတယ်”

လော့ချန် ဖုံးကွယ်မထားပေ။

“ဒါပေမဲ့ ကျွန်တော်တို့မှာ `သန့်စင်ခြင်း ပုလဲ` ရှိပါတယ်... သူက မိစ္ဆာချီ ကို ကာကွယ်ပေးနိုင်ပါတယ်... ကိုးထပ်မြောက် အထိ အန္တရာယ်ကင်းကင်း ရောက်နိုင်ပါတယ်”

ထိုအခါ၊ ကုန်းချင်းချိုးက မေးလိုက်သည်။

“မိစ္ဆာချီ အပြင် တခြား အန္တရာယ်တွေ ရှိသေးလား... ဥပမာ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရတဲ့ နတ်ဆိုးတွေ ဆိုတာမျိုး”

လော့ချန် ပုလဲကို သိမ်းလိုက်ပြီး ကုန်းချင်းချိုးကို ခေါင်းငြိမ့်ပြလိုက်သည်။

“မြူခိုးဂိုဏ်း အကြီးအကဲပီပီ စေ့စပ်သေချာပါပေတယ်... နှစ်တစ်ထောင်လောက် ကြာပြီ ဆိုတော့ နတ်ဆိုးအများစုက သေဆုံးပြီး မိစ္ဆာချီ အဖြစ် ပြောင်းလဲသွားပါပြီ”

“မိစ္ဆာချီ က နတ်ဆိုး အလောင်းတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်လာနိုင်ပါတယ်... ဒါပေမဲ့ အသက်ရှင်တုန်းကလောက်တော့ စွမ်းအားမရှိပါဘူး”

“ဒုတိယအထပ်က စပြီး အထပ်တိုင်းမှာ `နတ်ဆိုးဗိုလ်ချုပ်` တစ်ကောင်စီ ရှိပါတယ်... အထပ်မြင့်လေ ပိုစွမ်းလေပါပဲ”

“ကိုးထပ်မြောက်က နတ်ဆိုးကတော့ `အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်` ရှိပါတယ်... ဂိုဏ်းချုပ်ယဲ့ သတ်ခဲ့တဲ့ ဝက်နတ်ဆိုး၊ မိကျောင်းနတ်ဆိုး တို့နဲ့ သိပ်မကွာပါဘူး... အရမ်း ကြောက်စရာ ကောင်းပါတယ်”

ထိုစကားကြားသောအခါ အားလုံး မျက်နှာပျက်သွားကြ၏။

“သန်မာလွန်းတယ်... ငါတို့ မနိုင်ဘူး”

စောစောက သဘောတူခဲ့သော `ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်` အကြီးအကဲ တစ်ယောက်က လက်ကာပြလိုက်သည်။ နောင်တရသွားပုံ ရသည်။

“မလောပါနဲ့”

လော့ချန် ပြုံးလိုက်သည်။

“ဒါက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အခြေအနေပါ... နှစ်တစ်ထောင်လောက် ချုပ်နှောင်ခံထားရတာ ဆိုတော့ စွမ်းအားက (၁၀) ပုံ (၂) ပုံ၊ (၃) ပုံလောက်ပဲ ကျန်တော့မှာပါ... ရုတ်တရက် ပေါက်ကွဲလာရင်တောင် (၅၀) ရာခိုင်နှုန်းလောက်ပဲ ရှိမှာပါ... ကျွန်တော်တို့ ဂိုဏ်းချုပ်တွေ ပေါင်းလိုက်ရင် နိုင်ပါတယ်”

“အင်း... ဖြစ်နိုင်ပါတယ်” လျိုယွိကျစ်က ခပ်ဖွဖွ.. ရေရွတ်လိုက်ခြင်းပါ။

ပဉ္စမအဆင့် အကြီးအကဲက ထပ်ပြောလိုက်သည်။

“ကြိုပြောထားမယ်နော်... တကယ်လို့ အန္တရာယ် ရှိပြီး မနိုင်ရင် ထွက်ပြေးဖို့ ဦးစားပေးရမယ်... ရတနာ မရရင်နေပါစေ... အသက်တော့ ရှင်ရမယ်”

“သေချာတာပေါ့” လော့ချန်လည်း သဘောတူလိုက်သည်။

ဆွေးနွေးပြီးနောက် ဂိုဏ်းချုပ်အများစု သဘောတူလိုက်ကြ၏။

နောက်ဆုံးတွင် ကုန်းချင်းချိုး တစ်ယောက်သာ ကျန်တော့သည်။

အားလုံးက သူမကို ကြည့်ပြီး အဖြေစောင့်နေကြ၏။

ကုန်းချင်းချိုး၏ လက်ထဲတွင် ရွှေရောင်ဖျော့ဖျော့ ဆေးလုံးတစ်လုံး ပေါ်လာ၏။ သူမ တစ်ယောက်တည်းသာ မြင်ရပြီး လျှို့ဝှက်ထားလိုက်သည်။

“အားလုံး သဘောတူမှတော့... ကျွန်မလည်း ပါရမှာပေါ့”

နောက်ဆုံးတွင် သူမ သဘောတူလိုက်သည်။

အားလုံး စိတ်သက်သာရာ ရသွားကြတော့၏။

ကုန်းချင်းချိုးက စတုတ္ထအဆင့်သာ ရှိသေးသော်လည်း အဆောင်လက်ဖွဲ့/အင်းကွက် ပညာရှင် တစ်ယောက်လေ။ `အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့/အင်းကွက်` တွေ ပြင်ဆင်လာလျှင် ပဉ္စမ၊ ဆဋ္ဌမအဆင့် ပညာရှင်တွေထက်တောင် ပိုအသုံးဝင်နိုင်သေးသည် မဟုတ်ပါလော။

...

ညစာစားပွဲ ပြီးဆုံးသွားသည်။

ညကောင်းကင်ယံအောက်တွင်...

ရှီလေ့၊ မိုယင်နှင့် တပည့်များ ကုန်းချင်းချိုး နားတွင် စုဝေးနေကြ၏။

“အကြီးအကဲ... တကယ် လိုက်သွားမလို့လား”

“အန္တရာယ် မရှိဘူးလား”

တပည့်များ စိုးရိမ်နေကြပါ၏။

“ဂိုဏ်းချုပ် ပေးထားတဲ့ အစီအစဉ် ရှိပါတယ်... ကိုးထပ်မြောက်က နတ်ဆိုး စွမ်းအားအပြည့် ရှိနေရင်တောင် ငါ့ကို မယှဉ်နိုင်ပါဘူး... စိတ်မပူပါနဲ့”

ဟု ကုန်းချင်းချိုး တည်ငြိမ်စွာ အာမခံလိုက်သည်။

‘ဂိုဏ်းအတွက် `ပဉ္စမအဆင့် သိုင်းနည်းစနစ်` တွေ ရနိုင်ဖို့ဆိုရင် အန္တရာယ် ရှိလည်း စွန့်စားရမှာပေါ့။

အားလုံးက ဂိုဏ်းအတွက်ပဲလေ။’

...

လူသူကင်းမဲ့သည့် `မဖြစ်ထွန်းသော သဲကန္တာရ၌ကား`....

`ဘုန်း...`

ဟူဖေးဖေးသည် တုတ်တိုဖြင့် ရိုက်လိုက်ရာ `အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ်` ၏ ဦးခေါင်းခွံ ကွဲကြေသွားသည်။ သေဆုံးသွားသော ခန္ဓာကိုယ်မှ ကင်းမြီးကောက် အများအပြား ထွက်လာပြီး သဲများသဖွယ် ပျံ့နှံ့သွားသည်။

“ရွံစရာကြီး”

ဟူဖေးဖေး ရွံရှာစွာဖြင့် လေပေါ်သို့ ပျံတက်သွားသည်။

ယဲ့ဖုန်းက `သိုလှောင်လက်စွပ်`များ ပစ်ပေးလိုက်၏။

“အလောင်းတွေကို သိမ်းလိုက်”

လမ်းခရီးတစ်လျှောက် သတ်ခဲ့သော နတ်ဆိုးအလောင်းများကို သိမ်းဆည်းလာခဲ့ရာ လက်စွပ်အများအပြား ပြည့်နေပြီ ဖြစ်သည်။ ဂိုဏ်းစောင့် သားရဲတွေအတွက် (၁၀) နှစ်စာလောက် ရလောက်ပြီ ဖြစ်ပါသည်။

`ဘုန်း... ဘုန်း... ဘုန်း...`

ဟူဖေးဖေးသည် နတ်ဆိုးအလောင်းများကို ရိုက်နှက်ပြီး လက်စွပ်ထဲ ထည့်လိုက်သည်။

မိုင်ပေါင်းများစွာ အကွာ...၊

သဲကန္တာရ အောက်ခြေနက်ရှိုင်းသော နေရာတွင်...

“စွမ်းအားကြီးတဲ့ ကောင်တွေ ရောက်နေတယ်... စစ်ဗိုလ်ချုပ်တွေ အများကြီး အသတ်ခံလိုက်ရပြီ... ရန်သူက အနည်းဆုံး `နတ်ဆိုးဘုရင်` အဆင့်လောက် ရှိမယ်... `မြင့်မြတ်သော လေ ဓားဂိုဏ်း`က `မဟာ အကြီးအကဲ` များလား”

“မဖြစ်နိုင်ဘူး... ငါတို့ အစီအစဉ် ပေါက်ကြားသွားတာလား”

“နတ်ဆိုးဘုရင်ကို အမြန် သတင်းပို့လိုက်”

မြေအောက်နန်းတော်တွင် စိုးရိမ်တကြီး ပြောဆိုသံများ ထွက်ပေါ်နေတော့သည်။

...

နောက်တစ်နေ့ နံနက်...

ပီယွဲ့ စံအိမ် နောက်ဖက် တောင်ကုန်းတွင်...

လူရာပေါင်းများစွာ မျှော်စင်အောက်တွင် စုဝေးနေကြ၏။

“ဒီနေ့တော့ ဂိုဏ်းချုပ်တွေနဲ့ ပညာရှင်တွေပဲ ဝင်ကြပါ... ကျန်တဲ့ မိတ်ဆွေတွေကတော့ အပြင်ကနေ ကြည့်နိုင်ပါတယ်”

လော့ချန်က လက်နှစ်ဖက်ကို ဆုပ်ပူးလိုက်ပြီး မျှော်စင်နံရံပေါ်တွင် အလင်းသားပြင် တစ်ခု ဖန်တီးလိုက်သည်။

“သွားကြစို့”

လော့ချန် ဦးဆောင်ပြီး ဝင်ရောက်သွားသည်။

ကောင်းလန်၊ ကုန်းချင်းချိုး၊ ယွင်ဟွာကျန်းရန် နှင့် အခြား ဂိုဏ်းချုပ်များလည်း နောက်မှ လိုက်ပါသွားကြ၏။

အပြင်က ကြည့်ရင် မျှော်စင်က သိပ်မကြီးပေမဲ့... ပထမထပ်ကို ရောက်သွားသည့် အခါ `အသေးစား ကောင်းကင်ဘုံ လှိုဏ်ဂူ ကမ္ဘာ`တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရသည်။ အချင်း မီတာရာချီ၊ အမြင့် မီတာ (၁၀၀) ခန့် ရှိသည်။

“အထဲမှာ ဝင်္ကပါ (၉) ခု ရှိပါတယ်... ကျယ်ဝန်းပြီး ခိုင်ခံ့ပါတယ်... စိတ်ကြိုက် တိုက်ခိုက်လို့ ရပါတယ်... မျှော်စင် ပျက်စီးမှာ မပူပါနဲ့” ဟု လော့ချန်က ရှင်းပြလိုက်၏။

`ဝှီး...`

ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။

အမည်းရောင် အငွေ့အသက်များ စုဝေးလာပြီး နတ်ဆိုးမျက်နှာကြီး တစ်ခုအဖြစ် ဖွဲ့တည်လာကာ အားလုံးကို ဝါးမြိုရန် ဟန်ပြင်လိုက်သည်။

“သွားစမ်း”

လော့ချန်သည် `သန့်စင်ခြင်း ပုလဲ` ကို ထုတ်လိုက်ရာ အလင်းရောင်များ ထွက်ပေါ်လာပြီး နတ်ဆိုးမျက်နှာကြီး ပျက်စီးသွားလေ၏။

“ဒါ မိစ္ဆာချီ လား” ယွင်ဟွာကျန်းရန် မေးလိုက်သည်။

“ဟုတ်ပါတယ်... အားလုံး `အစစ်အမှန် စွမ်းအင်` နဲ့ ကာကွယ်ထားကြပါ... မိစ္ဆာချီ မဝင်ပါစေနဲ့... စိတ်ကို ရှင်းရှင်းထားပါ” လော့ချန် သတိပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

အားလုံး ပြန်ဖြေလိုက်ကြ၏။

“ဒုတိယထပ် အဝင်ပေါက်က ဒီမှာပါ”

လော့ချန် ဦးဆောင်ပြီး ကျောက်လှေကားအတိုင်း တက်သွားကြ၏။

လှေကားက ပြိုကျလုနီးပါး ဖြစ်နေလေသည်။

“ဒီနေရာက နည်းနည်းတော့ ကြောက်စရာ ကောင်းသား” ဆဋ္ဌမအဆင့် အဘိုးအို တစ်ယောက် ရေရွတ်လိုက်သည်။ တစ်ယောက်တည်းသာ ဆိုရင် ပြန်လှည့်ပြေးမိမှာ သေချာသည်။

“ကျောင်းထိုင်ဆရာတော်ထူ ... စိတ်မပူပါနဲ့” ကောင်းလန် နှစ်သိမ့်လိုက်သည်။

“ဟဲဟဲ... ဘာမှ မဟုတ်ပါဘူး... ဒီကျောင်းထိုင်က ဘာကြောက်စရာ ရှိလို့လဲ” အဘိုးအိုက လေတစ်လုံး မိုးတစ်လုံး ပြောလိုက်သည်။

အားလုံး မျက်လုံးလှန်ကြည့်လိုက်ကြ၏။

ဒုတိယထပ်လည်း ပထမထပ်နှင့် အတူတူပင်။

ကျားသဏ္ဍာန် အလောင်းကောင်ကြီး တစ်ကောင် လဲလျောင်းနေသည်။ (၁၀) မီတာ ရှည်လျားပြီး သေဆုံးနေသော်လည်း ဖိအားများ ထုတ်လွှတ်နေဆဲ ဖြစ်သည်။

`ဝီ...`

မိစ္ဆာချီ များ အလောင်းကောင်ထဲ ဝင်ရောက်သွားသည်။

မျက်လုံးများ ပွင့်လာပြီး အသက်ပြန်ဝင်လာသကဲ့သို့ အားလုံးဆီသို့ ခုန်အုပ်လာ၏။

“အားလုံး ပုလဲကို ဝိုင်းပြီး စွမ်းအားဖြည့်ပေးကြ... မိစ္ဆာချီ ရဲ့ အသိစိတ်ကို ဖျက်ဆီးပစ်ရမယ်... ပြီးရင် ကိုးထပ်မြောက် အထိ တောက်လျှောက် သွားကြမယ်”

လော့ချန်သည် ပုလဲကို လေထဲ ပစ်တင်လိုက်သည်။

အားလုံးက စွမ်းအားများ ပို့လွှတ်လိုက်ကြ၏။

`ဝေါ...`

ပုလဲသည် အလင်းရောင် ချပ်ဝတ် စစ်သည်တော် အဖြစ် ပြောင်းလဲသွားပြီး ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်သည်။

“ဝါး...”

ကျားသဏ္ဍာန် အလောင်းကောင် နှစ်ပိုင်းပြတ်သွားပြီး မိစ္ဆာချီ များ အငွေ့ပျံသွားလေ၏။

“ပုလဲက ဒီလိုလည်း သုံးလို့ရတာလား... စွမ်းလိုက်တာ”

အားလုံး အံ့သြသွားကြ၏။

“ဒါကြောင့် ခင်ဗျားတို့ကို အကူအညီ တောင်းရတာပေါ့... ဝိုင်းကူပေးရင် အေးဆေးပါပဲ” လော့ချန် ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။

...

လော့ချန် ပြောသည့်အတိုင်းပင်...

အားလုံး ဝိုင်းဝန်း ကူညီလိုက်ကြသဖြင့် အလင်းရောင် စစ်သည်တော်သည် ရန်သူများကို အလွယ်တကူ ရှင်းလင်းသွားနိုင်ခဲ့သည်။

(၁၅) မိနစ်ခန့် အကြာတွင် ကိုးထပ်မြောက်သို့ ရောက်ရှိသွားကြ၏။

“ဝေါ...”

နက်ရှိုင်းသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။

ကြည့်လိုက်ရာ အချင်း (၃) မီတာ ရှိသော ကျောက်တိုင် (၇) တိုင်တွင် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော လူသားပုံစံ နတ်ဆိုးကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ လေထဲတွင် တွဲလွဲဆွဲထားခြင်း ဖြစ်သည်။

“ဟီးဟီး... နှစ်တစ်ထောင် ကြာမှ လူတွေ ရောက်လာတာကိုး... ငါ့ကို လာကျွေးတာလား... ကျေနပ်စရာပဲ”

နတ်ဆိုးဗိုလ်ချုပ်၏ အသံသည် အေးစက်ပြီး အက်ကွဲနေသည်။ လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသဖြင့် ကျောချမ်းသွားကြ၏။

`ချွင်...`

နတ်ဆိုးဗိုလ်ချုပ်သည် သံကြိုးများကို ဆွဲခါလိုက်ရာ ခန္ဓာကိုယ် ဆန့်ထွက်လာပြီး မူလပုံစံ ပေါ်လာ၏။

လူသားပုံစံ ဖြစ်သော်လည်း အစိမ်းရောင် အသားအရေ ရှိပြီး အရပ် (၅) မီတာ မြင့်သည်။ ခေါင်းပေါ်တွင် ရွှေရောင်ဖျော့ဖျော့ ဦးချိုတစ်ချောင်း ပါရှိပြီး နောက်ကျောဘက်ထိ ရှည်လျားသည်။

လက်မောင်းနှင့် ခြေထောက်များသည် ကြွက်သားများဖြင့် ထူထဲသန်မာနေသည်။

နှစ်တစ်ထောင် ချုပ်နှောင်ခံထားရသော်လည်း `ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့်` နှင့် ညီမျှသော စွမ်းအားများ ရှိနေဆဲ ဖြစ်သည်။

“မင်းက ဘာကောင်လဲ... နှစ်တစ်ထောင်တောင် အသက်ရှင်နေသေးတယ်” ကျောင်းထိုင်ဆရာတော်ထူ မေးလိုက်သည်။

“ပိုးမွှားကောင်တွေ... သေချင်နေတာလား”

`ဦးချိုကွေး နတ်ဆိုးဗိုလ်ချုပ်` သည် ကျောင်းထိုင်ဆရာတော်ထူ ကို စားမတတ် ဝါးမတတ် ကြည့်လိုက်သည်။

“ငါ့ကို ဒီလို ပြောရဲတယ်ပေါ့... ငါ လွတ်တာနဲ့ မင်း အရင်ဆုံး သေရမယ်”

ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ကျောင်းထိုင်ဆရာတော်ထူ ချွေးစေးပြန်သွားပြီး နောက်ဆုတ်လိုက်မိလေ၏။

အခန်း (၂၉၇) - ဦးချိုကွေး နတ်ဆိုးဗိုလ်ချုပ်ကို သတ်ဖြတ်ခြင်းနှင့် ရတနာရယူခြင်း

~“ငါ့လို လူကိုမြင်တာနဲ့ ခြေလှမ်းဝက်လောက် နောက်ဆုတ်သွားတယ် ဆိုတော့... မင်းက တကယ့် အပျော့အညံ့ကောင်ပဲ”

ဦးချိုကွေး နတ်ဆိုးဗိုလ်ချုပ် သည် ကျောင်းထိုင်ဆရာတော်ထူကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

“မင်း သေချင်နေတာလား”

ကျောင်းထိုင်ဆရာတော်ထူ မျက်နှာနီရဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက အလွယ်တကူ ကြောက်တတ်တဲ့သူ မဟုတ်ပါဘူး။ သံကြိုးတွေ ချည်နှောင်ခံထားရတဲ့ နတ်ဆိုးကို စိုက်ကြည့်ပြီး ပြန်လှောင်လိုက်သည်။

“မင်းမှာ ပါးစပ်ပဲ ရှိတာပါကွာ... နှစ်တစ်ထောင်လောက် ချုပ်နှောင်ခံထားရတာ ဘယ်လောက် စွမ်းအားကျန်ဦးမှာလဲ... မသေချင်ရင် အမွေအနှစ်တွေ မြန်မြန် ထုတ်ပေးလိုက်”

“သွားစမ်း”

နတ်ဆိုးဗိုလ်ချုပ် ဒေါသထွက်သွားသည်။

“ဟိုတုန်းက မသေသင့်တဲ့ နတ်ဘုရားက အမွေအနှစ်တွေကို ငါ့ဆီမှာ တမင် လာချုပ်နှောင်ထားတာ... ငါ့ကို ဒီလို နှိပ်စက်ထားတာ သေသင့်တယ်... ငါ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ရင်တောင် မင်းတို့ကို အမွေအနှစ် မပေးဘူး... ခစ်ခစ်ခစ်”

သူ ရူးသွပ်စွာ ရယ်မောလိုက်ပြီး သံကြိုးများကို ရုန်းကန်လိုက်ရာ ကိုယ်ပေါ်မှ ဒဏ်ရာများ ကွဲအက်ပြီး သွေးများ ထပ်ထွက်လာ၏။

`ရှဲ...`

နတ်ဆိုးသွေးများသည် မီးတောင်ချော်ရည်ကဲ့သို့ ပူပြင်းလှသည်။ မြေကြီးပေါ် ကျရောက်သွားသောအခါ မီးခိုးမည်းများ ထွက်ပေါ်လာပြီး အရည်ပျော်လုနီးပါး ဖြစ်သွားသည်။

“အားလုံး သတိထားကြ... နတ်ဆိုးသွေး မထိစေနဲ့... အသားတွေ ပဲ့ပါသွားလိမ့်မယ်”

ယွင်ဟွာကျန်းရန် လေးနက်စွာ သတိပေးလိုက်သည်။

လူအင်အား သာလို့သာ ရဲရဲတင်းတင်း ရင်ဆိုင်ရဲ၏။ တစ်ယောက်တည်းဆိုလျှင် ထွက်ပြေးမိမှာ သေချာသည်လေ။

“အကွာအဝေး တစ်ခု ယူထားကြ... `သန့်စင်ခြင်း ပုလဲ` က ဖန်တီးထားတဲ့ `အလင်းရောင် စစ်သည်တော်` က သူ့ကို သတ်နိုင်ရင် ပြီးတာပဲ... အမွေအနှစ်တွေ ရလာလိမ့်မယ်”

စံအိမ်သခင် လော့ချန် ပြောလိုက်ပြီး လက်နှစ်ဖက်ဖြင့် မုဒြာဖော်ကာ ပုလဲကို စွမ်းအားဖြည့်ပေးလိုက်သည်။

အခြားသူများလည်း ဝိုင်းကူကြ၏။

`ဝေါ...`

အလင်းရောင် စစ်သည်တော်သည် (၅) မီတာအထိ ကြီးထွားလာပြီး တောက်ပသော ဓားကြီးကို ကိုင်ဆောင်ကာ နတ်ဆိုးဗိုလ်ချုပ်ဆီသို့ တိုးကပ်သွားသည်။

“သွားစမ်း... သဲနတ်ဆိုး ကိုယ်ပွား”

နတ်ဆိုးဗိုလ်ချုပ် ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ မိစ္ဆာချီ များ စုဝေးလာပြီး ဧရာမ သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲကာ ခုန်အုပ်လိုက်၏။

`ချွင်...`

အလင်းရောင် စစ်သည်တော်သည် ဓားကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သားရဲကြီးကို နှစ်ပိုင်းဖြတ်လိုက်သည်။ သားရဲကြီးသည် မီးခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေ၏။

“သောက်ကျိုးနည်း”

နတ်ဆိုးဗိုလ်ချုပ် ရုန်းကန်လိုက်သည်။

မျှော်စင်ကသာ ချုပ်နှောင်မထားလျှင်... ဒီလို အရုပ်လိုကောင်မျိုးလောက်က သူ့ကို နိုင်စရာ အကြောင်းမရှိချေ။

“မင်းတို့ လူသားတွေကြောင့် ငါ ဒီလို ဖြစ်ရတာ”

နတ်ဆိုးဗိုလ်ချုပ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရုတ်တရက် နောက်ဆုံး စွမ်းအားများကို ထုတ်သုံးလိုက်၏။ ခန္ဓာကိုယ် အပိုင်းပိုင်း ကွဲထွက်သွားပြီး သံကြိုးများမှ လွတ်မြောက်သွားကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

ကွဲထွက်သွားသော အသားစများသည် တွန့်လိမ်လှုပ်ရှားပြီး ပြန်လည် စုစည်းသွားကြ၏။

“ဟာ... ဒုက္ခပဲ... အမြန် သတ်ပစ်ကြ”

အားလုံး ထိတ်လန့်သွားကြ၏။ အလင်းရောင် စစ်သည်တော်ကို တိုက်ခိုက်ခိုင်းလိုက်ကြသည်။

နတ်ဆိုးဗိုလ်ချုပ်က ကိုယ့်ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သံကြိုးကနေ လွတ်မြောက်အောင် လုပ်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့မိကြပေ။

“ဟူးဟူး... နောက်ဆုံးတော့ လွတ်ပြီကွ”

နတ်ဆိုးဗိုလ်ချုပ် မောဟိုက်နေ၏။ မျက်နှာထားက ကြောက်စရာ ကောင်းလှသည်။

လွတ်မြောက်သွားပေမဲ့ ပေးဆပ်လိုက်ရသော တန်ဖိုးက ကြီးမားလွန်းသည်။

သံကြိုးတွေက ခန္ဓာကိုယ်တင် မက၊ ဝိညာဉ်ကိုပါ ချုပ်နှောင်ထားလေ၏။ လွတ်မြောက်ဖို့အတွက် ခန္ဓာကိုယ်ရော၊ ဝိညာဉ်ရော စုတ်ပြတ်သတ်သွားရသည်။ မကြာခင် ပျောက်ကွယ်သွားရတော့မည်။

“မင်းတို့ကိုပါ ခေါ်သွားမယ်”

နတ်ဆိုးဗိုလ်ချုပ် အချိန်မရှိတော့မှန်း သိလိုက်သည်။ ခန္ဓာကိုယ် ဖောင်းပွလာပြီး ကြောက်မက်ဖွယ် အရိပ်မည်းကြီး အဖြစ် ပြောင်းလဲကာ လူအုပ်ထဲသို့ တိုးဝင်လာ၏။

သေရမယ် ဆိုလျှင်တောင် အဖော်ခေါ်သွားဦးမည်။

`ရွှပ်...`

ကြောက်မက်ဖွယ် ဓားအလင်းတန်း တစ်ခု လေကို ခွင်းပြီး ဝင်ရောက်လာ၏။

ဝေဟင်တွင် ရှိနေသော နတ်ဆိုးဗိုလ်ချုပ် ရှောင်တိမ်းချိန် မရလိုက်ပေ။ အလင်းရောင် စစ်သည်တော်၏ ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားသည်။ စုတ်ပြတ်နေသော ဝိညာဉ်သည် မီးပွားများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေ၏။

“မဖြစ်ဘူး...”

နတ်ဆိုးဗိုလ်ချုပ် မကျေမနပ် အော်ဟစ်လိုက်သည်။

`ဒေါင်...`

သူ့ခေါင်းထဲမှ ဥက္ကာခဲ တစ်တုံး ပြုတ်ကျလာ၏။ မြေကြီးနှင့် ထိသောအခါ အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်း စာအုပ် (၃) အုပ် အဖြစ် ပုံဖော်သွားလေ၏။

“အမွေအနှစ်တွေ ပေါ်လာပြီ”

အားလုံး ဝမ်းသာအားရ ဝိုင်းအုံကြည့်လိုက်ကြ၏။

ရှေးဟောင်း စာအုပ်များသည် အလွန် ဟောင်းနွမ်းနေပြီး မျက်နှာဖုံးတွင် ရှုပ်ထွေးသော ပုံစံများ ပါရှိသည်။ ရှေးခေတ်ကာလမှ အငွေ့အသက်များ ထွက်ပေါ်နေသည်။

“`ပဉ္စမအဆင့် သိုင်းနည်းစနစ်`- ချီခြေရာခံခြင်း နည်းစနစ် ”

“`အထောက်အကူပြု ကျင့်စဉ်` - တောက်ပသော ပိုးလက်အိတ် သိုင်း တဲ့လား”

“`အသေးစား ဝင်္ကပါ မြေပုံ` - နတ်ဆိုးသတ် ဓားဝင်္ကပါ”

အားလုံး စာအုပ်ခေါင်းစဉ်များကို ဖတ်လိုက်ကြ၏။ ထို့နောက် တစ်ယောက် တစ်အုပ် ယူပြီး လှန်လှောကြည့်ရှုလိုက်ကြ၏။

လော့ချန် ယူလိုက်သော စာအုပ်မှာ `ချီခြေရာခံခြင်း နည်းစနစ်` ဖြစ်သည်။

နိဒါန်းကို ဖတ်ပြီးနောက် သူက..ရှင်းပြလိုက်သည်။

“ဒါက ခြေရာခံတဲ့ သိုင်းနည်းစနစ်ပါ... ပစ်မှတ်ရဲ့ ချီအငွေ့အသက် နည်းနည်းရရင် မိုင်တစ်ထောင် အကွာအဝေးအထိ ခြေရာခံနိုင်ပါတယ်... `ချီအမှတ်အသား` ပေးထားနိုင်ရင် မိုင်ထောင်ချီ ဝေးတဲ့ ဝင်္ကပါထဲမှာ ပုန်းနေရင်တောင် ရှာတွေ့နိုင်ပါတယ်”

အားလုံး သိပ်စိတ်မဝင်စားကြပေ။

ခြေရာခံတယ် ဆိုတာ ရန်သူကို လိုက်ဖမ်းသည့် အခါမှ သုံးခြင်းလေ။

ဒီမှာ ရှိသည့် သူတွေမှာ လိုက်သတ်စရာ ရန်သူမှ မရှိသည်ကိုး။ သိပ်အသုံးမဝင်ပါ။

ကုန်းချင်းချိုး ရထားသော စာအုပ်မှာ `တောက်ပသော ပိုးလက်အိတ် သိုင်း` ဖြစ်၏။

နိဒါန်းကို ဖတ်ပြီးနောက် သူမ တစ်ချက် ရယ်မောလိုက်သည်။

“ဒါက `ချီစွမ်းအင်` ကို ပျော့ပျောင်းပြီး ကြာရှည်ခံအောင် လုပ်ပေးတဲ့ ကျင့်စဉ်ပါ... တိုက်ခိုက်ရေးမှာ ခံနိုင်ရည် ရှိစေပါတယ်... အမျိုးသမီးတွေနဲ့ ပိုသင့်တော်ပါတယ်... ကျွမ်းကျင်သွားရင် သိုင်းနည်းစနစ်သုံးစရာ မလိုဘဲ ချီစွမ်းအင်ကို ပိုးလက်အိတ်အဖြစ် ပြောင်းလဲပြီး ရန်သူကို တိုက်ခိုက်ဖမ်းချုပ်လို့ ရပါတယ်”

အမျိုးသမီးများ သဘောကျသွားကြ၏။

အမျိုးသားများကတော့ မျက်နှာပျက်သွားကြ၏။

ကောင်းတော့ ကောင်းပါသည်။ သို့သော်၊ ယောက်ျားလေးတွေ ကျင့်ရတာ အဆင်မပြေပါ။

‘တိုက်ခိုက်တဲ့အခါ သူများတွေက ဓားတွေ၊ လှံတွေနဲ့... ကိုယ်က ပိုးလက်အိတ်ကြီးနဲ့ ဆိုရင် မိန်းမဆန်လွန်းရာ ကျနေမှာပေါ့။

ရှက်စရာ ကောင်းလိုက်တာ။’

ထို့ကြောင့် အားလုံး ယွင်ဟွာကျန်းရန် ကိုင်ထားသော `နတ်ဆိုးသတ် ဓားဝင်္ကပါ` ကို အာရုံစိုက်လိုက်ကြ၏။

“မိုက်လိုက်တဲ့ ဓားဝင်္ကပါပဲ”

ယွင်ဟွာကျန်းရန် အရင်ဆုံး ဖတ်ပြီး ချီးကျူးလိုက်သည်။

“ဒါက ပူးပေါင်းဆောင်ရွက်ရတဲ့ ဓားဝင်္ကပါပါ... ကျင့်ကြံသူတွေကို ဗဟိုပြုပြီး တည်ဆောက်ရတာပါ... အနည်းဆုံး လူ (၂) ယောက် လိုပါတယ်... ချီစွမ်းအင်တွေ ပေါင်းစပ်ပြီး ဓားရိပ်တွေ အများကြီး ထုတ်လွှတ်နိုင်ပါတယ်... လူများလေ စွမ်းအားကြီးလေပါပဲ”

“ကောင်းလိုက်တာ”

အားလုံး စိတ်လှုပ်ရှားသွားကြ၏။

‘ဟို (၂) ခု က သိပ်မမိုက်ဘူး။

ဒီမြေပုံကတော့ အတန်ဖိုးရှိဆုံးပဲ။ ယောက်ျား၊ မိန်းမ မရွေး သုံးလို့ရတယ်။ စွမ်းအားလည်း ကြီးတယ်။’

“နေဦး... အသေးစား ဝင်္ကပါ ဆိုတော့... အများဆုံး လူ (၇) ယောက်ပဲ ပါလို့ရမယ်... စွမ်းအား ကန့်သတ်ချက် ရှိတယ်” ကျောင်းထိုင်ဆရာတော်ထူ က နောက်ဆုံးစာကြောင်းကို ဖတ်ပြီး စိတ်ပျက်သွားသည်။

“ဒါတောင် တော်တော် ကောင်းနေပါပြီ”

လော့ချန် ဆက်ပြောသည်။

“လူ (၇) ယောက်ပဲ ရတယ် ဆိုပေမဲ့... (၇) ယောက် ပေါင်းလိုက်ရင် စွမ်းအားက အများကြီး တက်လာမှာပါ”

အားလုံး စဉ်းစားလိုက်ကြ၏။ မျက်လုံးများ အရောင်လက်လာကြသည်။

“ဟုတ်တယ်... `ချီစုစည်းခြင်း နဝမအဆင့်` (၇) ယောက် ပေါင်းလိုက်ရင်... `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` တစ်ယောက်ကို ယှဉ်နိုင်တယ်လို့ ရေးထားတယ်”

ယွင်ဟွာကျန်းရန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

“ပြန်ရောက်ရင် အတွင်းစည်း တပည့် (၇) ယောက် ရွေးပြီး ဒီဝင်္ကပါကို သင်ပေးလိုက်မယ်... ဒါဆိုရင် ယွင်ဟွာဂိုဏ်းမှာ `ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်` ပညာရှင် တစ်ယောက် တိုးလာသလို ဖြစ်သွားမှာပေါ့”

“မိတ်ဆွေတို့... ပြန်မထွက်ခင် ကူးယူထားလိုက်ကြရအောင်” လော့ချန် အကြံပြုလိုက်သည်။

“ကောင်းပါပြီ”

အားလုံး သဘောတူလိုက်ကြ၏။

စာအုပ်လွတ်များ ထုတ်ယူပြီး ချီစွမ်းအင် အသုံးပြုကာ စာအုပ် (၃) အုပ်လုံးကို အတိအကျ ကူးယူလိုက်ကြ၏။

(၁၅) မိနစ်ခန့် အကြာတွင် ပြီးစီးသွားသည်။

ယွင်ဟွာဂိုဏ်း၊ မြူခိုးဂိုဏ်း၊ ပီယွဲ့ စံအိမ် နှင့် အခြား လျှို့ဝှက် အင်အားစုများ အားလုံး ရတနာများ ရရှိသွားကြ၏။

စစ်မြေပြင်ကို ရှင်းလင်းပြီးနောက် မျှော်စင်ထဲမှ ထွက်ခွာလာကြတော့၏။

*

မျှော်စင် အောက်တွင်...

မွန်းတည့်ချိန် နီးကပ်နေပြီ ဖြစ်ပါသည်။

ရှီလေ့နှင့် မြူခိုးဂိုဏ်း တပည့်များသည် ကုန်းချင်းချိုးကို မြင်သောအခါ ဝိုင်းအုံလာကြ၏။

“အကြီးအကဲ... အဆင်ပြေရဲ့လား”

“ရတနာတွေ ရခဲ့ပါတယ်” ကုန်းချင်းချိုး ပြုံးလိုက်သည်။

ဒီခရီးစဉ်က သိပ်အန္တရာယ်မရှိဘဲ တန်ဖိုးကြီး ရတနာတွေ ရခဲ့တာ တကယ် တန်ပါသည်။

“ဂိုဏ်းချုပ် ဝမ်းသာမှာ သေချာတယ်” သူမ တီးတိုး ရေရွတ်လိုက်သည်။

All Chapters