← Chapters

အရင်းရှင်များပင် သူ့လုပ်ရပ်ကိုမြင်လျှင် မျက်ရည်ကျလောက်သည်။

Vol. 53 Ch. 782

အရင်းရှင်များပင် သူ့လုပ်ရပ်ကိုမြင်လျှင် မျက်ရည်ကျလောက်သည်။

Vol. 53 Ch. 782

ကျန်းနန်မြို့ တောရိုင်းတိရစ္ဆာန်ဥယျာဉ်မှာ ကျန်းနန်မြို့လယ်ခေါင်တွင် တည်ရှိပြီး ဧကပေါင်းရှစ်ထောင်ကျော် ကျယ်ဝန်းသည်။ ၎င်းမှာ အရှေ့ဟွာရှားဒေသတစ်ခုလုံးတွင် အကြီးဆုံးသော တောရိုင်းတိရစ္ဆာန်ဥယျာဉ်ကြီးလည်း ဖြစ်၏။

သို့သော် ယနေ့တွင်မူ ထိုဆိုင်းဘုတ်ဟောင်းကြီးကို လုံးဝဖြုတ်ချလိုက်ပြီး ရွှေရောင်စာလုံးများဖြင့် ရေးထိုးထားသော ဆိုင်းဘုတ်အသစ်ကို ချိတ်ဆွဲလိုက်ကြသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် ရေးသားထားသည်မှာ "ကျန်းနန်မြို့ ဉာဏ်ရည်မြင့်သက်ရှိတိရစ္ဆာန်ရုံ" ဟူ၍ပင်။

တိရစ္ဆာန်ရုံမှာ နေ့စဉ် လာရောက်လည်ပတ်သူ ငါးသောင်းအထိ ဝင်ဆံ့သည်။ အားလပ်ရက်များတွင် လာရောက်လည်ပတ်သူအရေအတွက်မှာ ထိုပမာဏအထိ ရှိနိုင်သော်လည်း သာမန်ရက်များတွင်မူ တစ်သောင်းမှ နှစ်သောင်းအကြား လာရောက်လည်ပတ်လျှင်ပင် များလှသည်ဟု ဆိုရမည်ဖြစ်၏။

သို့သော် ယခုအခါတွင်မူ ဤတိရစ္ဆာန်ရုံမှာ စိတ်ရှိတိုင်း ဝင်ထွက်သွားလာနိုင်သော နေရာတစ်ခု မဟုတ်တော့ပေ။ တရားဝင်ဝီချက်အကောင့်မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းထားမှသာ ဝင်ရောက်ခွင့်ရမည် ဖြစ်၏။ တိရစ္ဆာန်ရုံကို နောက်တစ်ပတ်မှ ဖွင့်လှစ်မည်ဖြစ်သော်လည်း လာရောက်လည်ပတ်ရန် ကြိုတင်စာရင်းပေးသွင်းသူများမှာ နောက်တစ်လအထိပင် ပြည့်နှက်နေလေပြီ။

ဤနေရာတွင် ပြသထားသည့် သက်ရှိများမှာ ဂြိုဟ်သားများ ဖြစ်နေချေသည်။ ကမ္ဘာပေါ်ရှိ လူတိုင်းက ထိုဂြိုဟ်သားအုပ်စုမှာ မည်သို့မည်ပုံရှိသည်ကို အမှန်တကယ် မြင်ဖူးချင်နေကြသည်။

ယနေ့တွင်မူ ထူးခြားပုဂ္ဂိုလ်တစ်စု တိရစ္ဆာန်ရုံသို့ ရောက်လာကြသည်။ ထိုလူစုထဲတွင် လုံရှားတပ်ဖွဲ့ခေါင်းဆောင်၊ အကြီးတန်းသိပ္ပံပညာရှင်နှင့် ဟွာရှားနိုင်ငံမှ အရေးပါအရာရောက်သော ပုဂ္ဂိုလ်များစွာလည်း ပါဝင်သည်။

မနေ့က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ် တိုက်ပွဲကို ထည့်မတွက်လျှင် ယနေ့တွေ့ဆုံမှုမှာ လူသားများနှင့် ဂြိုဟ်သားတို့၏ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံမှုဟု ဆိုရပေမည်။

"ဒီတိရစ္ဆာန်ရုံက စည်ပင်ပိုင်နေရာမဟုတ်ဘူးလား"

လောင်ကျိုးက ဖြုတ်ချထားသည့် ဆိုင်းဘုတ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်၏။

"သူတို့က ဘယ်လိုလုပ်ပြီး ဒီအတိုင်းကြီးပြောင်းလိုက်ရတာလဲ။ အစီရင်ခံစာတောင် တင်စရာမလိုဘူးလား"

"စည်ပင်ပိုင်တာတော့ ဟုတ်ပါတယ်"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"ဒါပေမဲ့ ဒီတိရစ္ဆာန်ရုံ စဆောက်တုန်းက မြို့တော်ဘတ်ဂျက် မလောက်တော့လို့ ကျွန်တော့်အဖေကပဲ ဟွာရှားငွေ သန်းငါးရာကျော် အကုန်ကျခံပြီး ဆောက်ပေးခဲ့တာလေ"

ကျန်းမုန့်လောင်၏ ဖခင်ဖြစ်သူမှာ တိရစ္ဆာန်ရုံတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဝင်ငွေခွဲဝေပေးရန် မတောင်းဆိုခဲ့ပေ။ သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ သူတို့မိသားစုအနေနှင့် ဝင်ကြေးအခမဲ့ လာရောက်လည်ပတ်ခွင့်ရရန်နှင့် တိရစ္ဆာန်ရုံကို နာမည်ပေးခွင့်၊ ပြုပြင်မွမ်းမံခွင့် ရရှိစေရန်သာ ဖြစ်၏။

ဤကိစ္စသာ ဖြစ်မလာခဲ့လျှင် ကျန်းမုန့်လောင်တစ်ယောက် သူ့မိသားစုတွင် ဤကဲ့သို့သော ပိုင်ဆိုင်မှုမျိုး ရှိနေကြောင်းကိုပင် သိမည်မဟုတ်ချေ။

"တကယ်ပါပဲကွာ... တစ်နိုင်ငံလုံးမှာ မင်းတို့မိသားစုမပိုင်တာ ဘယ်နှခုလောက်များ ရှိမလဲဆိုတာ သိဖို့ခက်နေပြီ"

လောင်ကျိုးက ကူကယ်ရာမဲ့ဟန်ဖြင့် ရယ်မောရင်း ပြောလိုက်သည်။

"အင်း... တိတိကျကျ ပြောရမယ်ဆိုရင်တော့ နိုင်ငံတော်ပိုင်ရင်းနှီးမြှုပ်နှံမှုတွေကလွဲရင် လူ့အဖွဲ့အစည်းထဲက ပိုင်ဆိုင်မှုခြောက်ဆယ်ရာခိုင်နှုန်းကျော်က ကျွန်တော်တို့ မိသားစုနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတာချည်းပါပဲ"

"ဘုရားရေ... ဒါဆိုရင် တိုင်းပြည်ပိုင်ဆိုင်မှုရဲ့ တစ်ဝက်လောက်က မင်းတို့မိသားစုပိုင် ဖြစ်နေတာပေါ့"

ဗိုလ်ချုပ်လောင်ချင်းက တအံ့တသြ ရေရွတ်လိုက်သည်။

"အဲ့လိုပြောရင်လည်း ရပါတယ်"

ကျန်းမုန့်လောင်က ဟန်မဆောင်ဘဲ ပြောလိုက်၏။

"ကဲ... အထဲဝင်ရအောင်"

“ဂြိုဟ်သားတွေအကုန်လုံး အထဲမှာပဲလား”

"ဟုတ်တယ်"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"စုစုပေါင်း နှစ်သောင်းတစ်ထောင့်ခုနစ်ရာသုံးဆယ့်နှစ်ကောင်ရှိတယ်။ ငါးရာခုနှစ်ဆယ့်ခုနှစ်ကောင်က အာကာသယာဉ်မှူးတွေနဲ့ နည်းပညာရှင်တွေ... ကျန်တာတွေကတော့ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေပေါ့"

"သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေက တိုက်ရည်ခိုက်ရည် အရမ်းကောင်းလား"

မုန့်ထျန်းဟယ်က စုံစမ်းမေးမြန်းလိုက်၏။

"အခင်းဖြစ်ပွားတဲ့နေရာမှာ ကျန်ခဲ့တဲ့ စွမ်းအင်တွေကို တိုင်းတာကြည့်ရသလောက်တော့ အားလုံးနီးပါးက ဆယ့်ကိုးယူနစ်နဲ့ နှစ်ဆယ်ဝန်းကျင်မှာ ရှိနေကြတယ်။ အဲ့ဒါက နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်ရဲ့ အထွတ်အထိပ်အဆင့်နဲ့ ညီမျှတယ်"

"မှန်ပါတယ်"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။

"သူတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက ကျွန်တော်တို့ထက် မြင့်မားတော့ သူတို့ရဲ့ သက်ရှိတွေကလည်း အဲ့ဒီအတိုင်း လိုက်ပြီး ပြောင်းလဲတိုးတက်နေတာ ပုံမှန်ပါပဲ။ ကျွန်တော် သိသလောက်ဆိုရင် စွမ်းအင်ပမာဏ ယူနစ်လေးဆယ်အောက်ရှိတဲ့ သက်ရှိတွေကို ယဉ်ကျေးမှုအဆင့်အတန်း မြှင့်တင်ပေးလိုက်ရင် အဆင့်လိုက်တက်လာနိုင်တယ်... ဒါပေမဲ့ ပိုမြင့်လေ ပိုခက်လေပေါ့"

"ဒါဆိုရင် သူတို့က ရန်လိုနေတုန်းပဲ မဟုတ်ဘူးလား"

သိပ္ပံပညာရှင်အများစုက အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။ သူတို့တွင် ကျန်းမုန့်လောင်နှင့် မုန့်ထျန်းဟယ်တို့ကဲ့သို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်း မရှိကြပေ။

"စိတ်ချပါ"

ကျန်းမုန့်လောင်က နှစ်သိမ့်လိုက်သည်။

"အခု သူတို့ရဲ့ ရန်လိုစိတ်တွေ ပျောက်သွားပါပြီ။ ပြီးတော့ တိရစ္ဆာန်ရုံထဲမှာလည်း လုံခြုံရေးအစီအမံတွေကို အတင်းကျပ်ဆုံး ချမှတ်ထားပါတယ်။ ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျောင်းသားတွေကိုလည်း အလှည့်ကျ ကင်းစောင့်ခိုင်းထားသလို သူတို့ကိုယ်ထဲမှာလည်း သေခြင်းရှင်ခြင်းအဆောင်တွေ ထည့်ပေးထားပါတယ်"

"'နတ်ဘုရားတစ်ပိုင်း မိစ္ဆာတစ်ပိုင်း' ဇာတ်ကားထဲက သေခြင်းရှင်ခြင်းအဆောင်မျိုးလား။ အဲ့ဒါက ဝတ္ထုထဲမှာပဲ ရှိတာ မဟုတ်ဘူးလား"

"ကျွန်တော်တို့ သိပ္ပံပညာကို ယုံကြည်ရမယ်လေ... အရာတော်တော်များများကို သိပ္ပံနည်းကျ ရှင်းပြလို့ရပါတယ်"

ကျန်းမုန့်လောင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"တော်ပါတော့... ခင်ဗျားကဖြင့် ကောင်းကင်ပေါ်တောင် ပျံတက်ပြပြီးပြီ... အခုမှ သိပ္ပံအကြောင်း လာပြောမနေပါနဲ့တော့"

"သွားကြစို့... အဲ့ဒီဂြိုဟ်သားတွေကို သွားတွေ့ပြီး သူတို့ ဘယ်ကလာလဲဆိုတာ ကြည့်ကြတာပေါ့"

လောင်ကျိုးက စိတ်မရှည်တော့ဟန်ဖြင့် ပြောလိုက်သည်။

တိရစ္ဆာန်ရုံကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး ခရီးသွားဧည့်သည်များ မရှိသေးဘဲ ဝန်ထမ်းများသာ ရှိသည်။ တိရစ္ဆာန်ရုံ၏ ပထမဆုံးအပိုင်းသို့ ဝင်လိုက်သည်နှင့် လူလုပ်တောင်တန်းတစ်ခုကို တွေ့လိုက်ရ၏။ မူလက ဤနေရာတွင် ရွှေရောင်မျောက်များကို ထားခဲ့ဖူးသည်။

"မသွားဘဲ ဘာရပ်လုပ်နေတာလဲ"

လူအုပ်ကြီးမှာ ကျန်းမုန့်လောင် ရပ်တန့်နေသည်ကို ရုတ်တရက် သတိထားမိလိုက်ကြသည်။

"ရောက်ပြီလေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ရောက်ပြီလား"

သူတို့အားလုံး လူလုပ်တောင်တန်းကြီးကို လက်ညှိုးထိုးပြလိုက်ကြသည်။

ကျန်းမုန့်လောင် ပြောပုံအရဆိုရင် ဤဂြိုဟ်သားများကို တိရစ္ဆာန်ရုံသို့ ခေါ်လာခြင်းမှာ ယာယီနေရာချထားပေးဖို့ မဟုတ်လား။

နေပါဦး။

ရဲတင်းလွန်းသော အတွေးတစ်ခုက သူတို့၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာတော့သည်။

ကျန်းမုန့်လောင်က သူတို့ကို တိရစ္ဆာန်များနှယ် သဘောထားပြီး လှောင်အိမ်ထဲ ထည့်ထားလိုက်တာများလား။

"အဲ့ဒါ ဘာကြီးလဲ"

ဗိုလ်ချုပ်တစ်ဦးက အလုပ်သမားတစ်ယောက် သတ္တုဆိုင်းဘုတ်ကို လဲလှယ်တပ်ဆင်နေသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။

ဤဆိုင်းဘုတ်များမှာ တိရစ္ဆာန်ရုံများနှင့် ပြတိုက်များတွင် တွေ့ရလေ့ရှိပြီး အတွင်းရှိ တိရစ္ဆာန်များအကြောင်း အချက်အလက်များကို ဖော်ပြထားတတ်သည်။ ဥပမာအားဖြင့် ဤဆိုင်းဘုတ်တွင် မူလက ရွှေရောင်မျောက်များ၏ မူရင်းဒေသ၊ စိတ်နေသဘောထား၊ အလေ့အကျင့်များနှင့် မျိုးစိတ်ခွဲခြားမှု စသည်တို့ကို ရေးသားဖော်ပြထားခဲ့ဖူးသည်။

ယခု ဆိုင်းဘုတ်အသစ်တွင်မူ...

အမျိုးအစား : ဉာဏ်ရည်မြင့်လူဝံမျိုးနွယ် (ယာယီ)

မူရင်းဒေသ : ဒူရန်ဒိုဂြိုဟ်

နိုင်ငံ : ယာတိုဘုရင့်နိုင်ငံ

ထူးခြားချက်များ : သွက်လက်ဖျတ်လတ်ခြင်း၊ ဉာဏ်ရည်အလွန်မြင့်မားခြင်း၊ အစုံစားသတ္တဝါ။

ကြိုတင်သတိပေးချက် : ဓာတ်ပုံရိုက်သည့်အခါ လေးစားသမှုရှိပါ။ ဤဉာဏ်ရည်မြင့်မျိုးစိတ်မှာ အစားအစာများကို စားကောင်းခြင်းစားမကောင်းခြင်း ကိုယ်တိုင်ခွဲခြားသိမြင်နိုင်သဖြင့် မည်သည့်အစားအစာမဆို ပစ်ကျွေးနိုင်ပါသည်။

...

"ဒီ‌ကောင်စုတ်လေး... မင်းကတော့ တကယ့်ကောင်ပဲ"

အကြီးအကဲများမှာ ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ တအံ့တသြမရေရွတ်ဘဲ မနေနိုင်တော့ပေ။

ဤမျှဦးနှောက်ကောင်းပါလျက်နှင့် ဘာကြောင့်များ ကောင်းကောင်းမွန်မွန် အသုံးမချရလေသလဲ။ ဘုရားသခင်သာ သိလိမ့်မည်။ မင်းသာဆိုရင်... နေပါစေတော့... မင်းက ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်နေပြီးသားပဲ။ ငါတို့ ဘာမှမပြောလိုက်ဘူးလို့ပဲ သဘောထားလိုက်တော့...

ဤသည်မှာ ပိုက်ဆံအများကြီး ရှိနေသဖြင့် ဘာလုပ်ရမှန်းမသိလောက်အောင် ဖြစ်နေခြင်းပင်။

အရင်းရှင်များပင် သူ့လုပ်ရပ်ကိုမြင်လျှင် မျက်ရည်ကျလောက်သည်။

"ဒူရန်ဒိုဂြိုဟ်ဆိုတာ သူတို့ရဲ့အိမ်လား"

လောင်ကျိုးက မေးလိုက်၏။

"အမှန်ပဲ... သူတို့ဂြိုဟ်မှာ ကျွန်တော်တို့ နိုင်ငံတွေလိုမျိုး အစုအဖွဲ့ နှစ်ဆယ့်လေးခု ရှိတယ်... ဒီအုပ်စုကတော့ ယာတိုဘုရင့်နိုင်ငံဆိုတဲ့နေရာက လာကြတာ"

"အထဲမှာ ဘာလုပ်နေကြတာလဲ... ထွက်ခဲ့ကြစမ်းပါ"

ကျန်းမုန့်လောင်က လူလုပ်တောင်တန်းဘက်သို့ လှမ်းအော်လိုက်သည်။

စက္ကန့်အနည်းငယ် ကြာသောအခါ ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော ဂြိုဟ်သားတစ်အုပ် လူလုပ်တောင်တန်းထဲမှ ထွက်လာသည်။ တချို့က တွားသွား၍ ထွက်လာကြပြီး တချို့မှာမူ တစ်ယောက်ကိုတစ်ယောက် ကူတွဲကာ ထွက်လာကြသည်။

ကျန်းမုန့်လောင်ကို မြင်လိုက်သည်နှင့် သူတို့၏ရင်ထဲဝယ် အကြောက်တရားများဖြင့် ပြည့်နှက်သွားတော့သည်။

သူသည် ကြမ်းတမ်းရိုင်းစိုင်းသော ကျောင်းသားများလောက် ရက်စက်ကြမ်းကြုတ်ခြင်း မရှိသော်လည်း ဝိညာဉ်ကို ချေမှုန်းဖျက်ဆီးသည့် နေရာတွင်မူ ပြိုင်ဘက်ကင်းသူ ဖြစ်၏။

သူတို့ကိုယ်သူတို့ တောရိုင်းတိရစ္ဆာန်များကဲ့သို့ သဘောထားခံရပြီး တိရစ္ဆာန်ရုံထဲတွင် လှောင်ပိတ်ထားခံရကြောင်း သိလိုက်ရချိန်တွင် သေချင်စိတ်ပင် ပေါက်သွားကြသည်။

သို့သော် ကျန်းမုန့်လောင် အသုံးပြုထားသည့် သေခြင်းရှင်ခြင်းအဆောင်များမှာ အဆင့်မြှင့်တင်ထားသည့် အမျိုးအစားများ ဖြစ်နေပြန်၏။ သူတို့၏စိတ်ထဲတွင် ခုခံချင်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ် အနည်းငယ်ပေါ်လာရုံမျှဖြင့် ထိုအဆောင်လက်ဖွဲ့များက သူတို့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှိပ်စက်ညှဉ်းပန်းလိမ့်မည်။ "သေမရရှင်မရ"ဟူသော စကားအတိုင်းပင်။

ယခုအခါတွင်မူ သူတို့ခမျာ အိပ်မက်များ ပျောက်ဆုံးပြီး မျှော်လင့်ချက်မဲ့နေသော ငါးဆားနယ်များအဖြစ်သို့ ပြောင်းလဲကာ လမ်းလျှောက်နေသော အလောင်းကောင်များသဖွယ် ဖြစ်နေကြရှာသည်။

"လူလူလူ"

ကျန်းမုန့်လောင်က ကြောင်များခွေးများကို ချော့သည့်နှယ် အသံပြုလိုက်ပြီး သူ့အိတ်ကပ်ထဲရှိ နေကြာစေ့လက်တစ်ဆုပ်ကို ယူကာ သူတို့ထံသို့ ပစ်ပေးလိုက်၏။

အေးစက်နေသော နေကြာစေ့များက ဒူရန်ဒိုဂြိုဟ်သားများ၏ ခေါင်းပေါ်သို့ ကျသွားသည့်အခါ အဆုံးအစမဲ့သော အရှက်တရားကို ခံစားလိုက်ကြရသည်။ ဤအရာက သူတို့၏သိက္ခာကို ကြမ်းပြင်ပေါ်သို့ ချနင်းလိုက်ရုံမျှ မကတော့ဘဲ သူတို့၏ခေါင်းကို အိမ်သာခွက်ထဲ ထိုးနှစ်ပြီး ဆေးကြောလိုက်သလို ခံစားရစေသည်။

"ဘာလို့ အဲ့လောက်တောင် မှိုင်တွေငေးငိုင်နေကြတာလဲ"

ကျန်းမုန့်လောင်က အသံအကျယ်ကြီးဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။

"ဧည့်သည်တွေလာတဲ့အချိန် မင်းတို့ ဒီလိုပုံစံမျိုးလုပ်နေမယ်ဆိုရင် ဘယ်သူက ငါတို့တိရစ္ဆာန်ရုံကို လာချင်တော့မှာလဲ"

"မသိရင် ငါတို့တိရစ္ဆာန်ရုံကို ကူးစက်ရောဂါ ကျနေတယ်လို့ ထင်ကုန်ကြမှာပေါ့။ အဲ့ဒါ ငါ့သိက္ခာကိုချနေတာ မဟုတ်ဘူးလား"

"နောက်နောင် လူတွေအစာကျွေးရင် မင်းတို့က အလုအယက်စားပြရမယ်"

"မှတ်ထားကြ... မင်းတို့က အခု ငါ့ကျွန်တွေဖြစ်သွားပြီ... ငါ့သုံ့ပန်းတွေ ဖြစ်သွားပြီ။ ငါခိုင်းသမျှ မင်းတို့ သေချာပေါက်လုပ်ရမယ်"

All Chapters