← Chapters

ဒါဆိုရင်လည်း မင်းတို့ကို ဆက်ပြီးစော်ကားရတာပေါ့

Vol. 53 Ch. 783

ဒါဆိုရင်လည်း မင်းတို့ကို ဆက်ပြီးစော်ကားရတာပေါ့

Vol. 53 Ch. 783

"လူမဆန်လိုက်တာနော်"

ကျန်းမုန့်လောင်၏ လုပ်ရပ်များကိုကြည့်ရင်း ဗိုလ်ချုပ်များပင် ခေါင်းတခါခါလုပ်မိကြသည်။ သို့သော် သူတို့က ရန်လိုသော ကျူးကျော်သူများဖြစ်သည့်အတွက် ထိုဂြိုဟ်သားများအပေါ် သနားညှာတာစိတ်တော့ မဖြစ်မိပေ။

"မင်းတို့ကို သတိပေးလိုက်မယ်နော်... နောက်လ တိရစ္ဆာန်ရုံကို တရားဝင်ဖွင့်တဲ့အခါ ဧည့်သည်တွေသဘောကျအောင် ကောင်းကောင်းမဖျော်ဖြေနိုင်ရင် ဟိုဘက်ကကောင်တွေလို အဖြစ်ဆိုးနဲ့ကြုံရမယ်သာမှတ်"

ကျန်းမုန့်လောင်က ဆောက်လုပ်နေဆဲဖြစ်သော အခြားနေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

ထိုနေရာတွင် ပရောဂျက်အသစ်တစ်ခုကို တည်ဆောက်နေပုံရသော်လည်း အလုပ်လုပ်နေသူများမှာ တိရစ္ဆာန်ရုံဝန်ထမ်းများလည်း မဟုတ်သလို ဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းများလည်း မဟုတ်ပါချေ။ ဖမ်းဆီးခံထားရသော ဂြိုဟ်သားများပင်။

လူသားများနှင့်ယှဉ်လျှင် သူတို့၏ခွန်အားနှင့် ဉာဏ်ရည်မှာ များစွာသာလွန်သောကြောင့် ဤကဲ့သို့သော အခမဲ့လုပ်အားကို အသုံးမချဘဲနေရန်မှာ နှမြောစရာကောင်းလွန်းလှသည်။

သူတို့သည် ကျန်းမုန့်လောင် သုံ့ပန်းများထဲမှ ရွေးထုတ်ထားသည့် ခေါင်းအမာဆုံးကောင်များဖြစ်ကြပြီး ဒဏ်ရာအနည်းဆုံးလူများလည်း ဖြစ်၏။

ကျန်းမုန့်လောင်တို့တစ်သိုက် ဝင်လာချိန်တွင် ဘိလပ်မြေထမ်းနေကြသော ဒူရန်ဒိုဂြိုဟ်သားများမှာ သူတို့၏အလုပ်များကို ချက်ချင်းရပ်တန့်လိုက်ကြသည်။ သူတို့က လူလုပ်တောင်တန်းထဲတွင် အရှက်ခွဲခံနေရသည့် သူတို့၏အဖော်များကို သနားစဖွယ် ကြည့်ပြီး မျက်လုံးထဲတွင် ဒေါသရိပ်များ လှိုင်းထန်နေသော်လည်း ဘာတစ်ခုမှ လုပ်နိုင်စွမ်း မရှိကြပေ။

မိခင်ဂြိုဟ်မှ ထွက်လာစဉ်က သူတို့သည် ဂုဏ်ကျက်သရေအပြည့်ဖြင့် ဤဂြိုဟ်ကို သိမ်းပိုက်ပြီး သင့်တော်သောဝယ်သူတစ်ယောက်ရှာ၍ ပြန်လည်ရောင်းချရန် အစီအစဉ်ဆွဲခဲ့ကြသည်။ ရှေ့ဆောင်လမ်းပြများအနေနှင့် သူတို့ စည်းစိမ်ဥစ္စာပေါင်းများစွာကို ရနိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အာကာသမျိုးနွယ်စုတွင် နေထိုင်နိုင်သော ဂြိုဟ်တစ်လုံး၏တန်ဖိုးမှာ အလွန်မြင့်မားသောကြောင့်ပင်။

"ဘာရပ်ကြည့်နေတာလဲ... အပျင်းထူချင်နေတာလား"

ထိုစဉ် သံမဏိကြိမ်လုံးတစ်ချောင်းက သူတို့၏ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းလာသည်။

၎င်းမှာ သံမဏိကြိမ်လုံးအစစ်ဖြစ်ပြီး သာမန်လူတစ်ယောက် အရိုက်ခံရပါက သေမသွားလျှင်ပင် အရေခွံတစ်လွှာတော့ ကွာကျသွားမည်မှာ အသေအချာပင်။ ဒူရန်ဒိုဂြိုဟ်သားများ အရိုက်ခံလိုက်ရချိန်တွင်မူ ရိုက်ချက်တိုင်း၌ သွေးစွန်းနေသော ဒဏ်ရာများသာ ကျန်ရစ်ခဲ့သည်။

"ငါတို့ရှေ့မှာ အပျင်းထူရဲတယ်ပေါ့လေ... မင်းတို့ သေချင်နေတာလား"

"မင်းတို့က ငါတို့ရဲ့သုံ့ပန်းတွေ။ ငါတို့ရဲ့ ကျွန်တွေပဲ။ ကြိုးကြိုးစားစား အလုပ်လုပ်ရမှာ မင်းတို့ရဲ့တာဝန်နဲ့ ဝတ္တရား... အချောင်ခိုဖို့ မစဉ်းစားနဲ့"

"မင်းတို့က လူသားတွေသောင်းနဲ့ချီပြီး သတ်ခဲ့တာလေ။ သူတို့ရဲ့အသက်အတွက် မင်းတို့ရဲ့လုပ်အားနဲ့ ပြန်ပေးဆပ်ရမယ်"

ကြီးကြပ်ရေးမှူးများမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများပင်။

ကျောင်းသားအရေအတွက် တိုးလာသောကြောင့် ကျန်းမုန့်လောင်က ရမှတ်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ ရမှတ်များကို ကျောင်းတော်ရှိ အရင်းအမြစ်အမျိုးမျိုးနှင့် စီနီယာဆရာများထံမှ ပညာရပ်များဖြင့် လဲလှယ်နိုင်သည်။ သူတို့က ဤနေရာတွင် အလှည့်ကျအလုပ်လုပ်ကြပြီး သူတို့၏ လုပ်အားခမှာမူ ရမှတ်များပင် ဖြစ်သည်။

"ရှီး... ကြောက်စရာကြီးကွာ"

"ရက်စက်ချက်"

ရက်စက်ကြမ်းကြုတ်လှသော ဤမြင်ကွင်းမှာ မျက်မြင်ကိုယ်တွေ့ကြည့်ရန်ပင် မခံမရပ်နိုင်စရာ ကောင်းလှ၏။

လူလုပ်တောင်တန်းထဲတွင် ပိတ်မိနေသော ဒူရန်ဒိုဂြိုဟ်သားများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ရုတ်တရက် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ထိုလူများနှင့်ယှဉ်လျှင် သူတို့က ဤနေရာတွင် ဖျော်ဖြေရေးသက်သက်သာ လုပ်ရသဖြင့် ကံကောင်းနေသေးသည်။ အနည်းဆုံးတော့ ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုမျိုးကို မခံရပေ။

"ဒါနဲ့ လောင်ကျိုး ..."

ကျန်းမုန့်လောင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

"အမေရိကန်ရေတပ်နဲ့အတူ အာကာသထဲကို လိုက်သွားတဲ့ ကျွန်တော်တို့နိုင်ငံက သိပ္ပံပညာရှင်တွေရော ဘယ်လိုနေလဲ"

"ဟူး..."

လောင်ကျိုးက သက်ပြင်းအရှည်ကြီးချလိုက်၏။

"သူတို့က ငါတို့နိုင်ငံအတွက် အရေးကြီးတဲ့ ရတနာတွေလေ။ နှမြောစရာကောင်းတာက အခု သူတို့ရဲ့ အလောင်းတွေကိုတောင် ရှာမတွေ့ဘူး"

"ကျွန်တော်တို့ အဝတ်အစားတွေနဲ့ ဂူဗိမာန်တစ်ခုကို တည်ဆောက်ပြီး လူသားသူရဲကောင်းတွေအတွက် ကျောက်တိုင်စိုက်ထူဖို့ စီစဉ်ထားပါတယ်"

အခြားခေါင်းဆောင်တစ်ဦးက ဝင်ပြောလိုက်၏။

"အဲ့ဒီအမေရိကန်တွေက ကိုယ့်ဒုက္ခကိုယ်ရှာတာဆိုပေမဲ့ တစ်နည်းအားဖြင့်တော့ သူတို့လည်း လူသားတွေရဲ့ သူရဲကောင်းတွေပါပဲ"

"လီဝေ့"

ကျန်းမုန့်လောင်က လှမ်းခေါ်လိုက်သည်။

"ကျောင်းအုပ်ကြီး... ဘာကိစ္စများလဲ"

အသက်ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ခန့်ရှိဦးမည့် ဆယ်ကျော်သက်တစ်ယောက်က ကျန်းမုန့်လောင်ထံသို့ အပြေးအလွှား ရောက်လာ၏။

"လူသားသူရဲကောင်းတွေအတွက် အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်တဲ့နေရာမှာ ကူညီဖို့ ဒူရန်ဒိုဂြိုဟ်သားတစ်စုကို ရွေးထုတ်လိုက်"

"ဘယ်နှယောက်လောက်လဲ"

လီဝေ့က မေးလိုက်သည်။

"နှစ်ထောင်လောက်ပေါ့"

"အယ်... အဲ့ဒီလောက်တောင်လား"

လီဝေ့တစ်ယောက် လန့်ဖျပ်သွား၏။ ဂြိုဟ်သားတစ်ကောင်က လူသားများစွာ၏ အလုပ်ကို လုပ်နိုင်စွမ်းရှိသည်။ မည်မျှပင် ကြီးမားသော ကျောက်တိုင်ဖြစ်နေပါစေ။ အရေအတွက်အများကြီး မလိုနိုင်ပေ။

"မင်းစဉ်းစားကြည့်လေ… ဆောက်ပြီးသွားရင် ဂူကိုစောင့်ကြည့်ဖို့ လူလိုတယ်မဟုတ်လား"

ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။

"သူတို့ရဲ့ ကျူးကျော်မှုလုပ်ရပ်ကို နေ့တိုင်းနောင်တရနေအောင်လို့ အဲ့ဒီနေရာမှာ ငိုခိုင်းထားလိုက်။ အသံကျယ်ကျယ် မငိုတဲ့ကောင်ကို ကြိမ်လုံးနဲ့ရိုက်။ တစ်သုတ်ပင်ပန်းသွားရင် နောက်တစ်သုတ်ပြောင်းခိုင်း။ လူနှစ်ထောင်ဆိုတာ သိပ်မများပါဘူး"

"ဟုတ်ကဲ့... နားလည်ပါပြီ"

လီဝေ့ ချက်ချင်းပြုံးလိုက်မိသည်။

"ကျွန်တော့်မှာ နောက်ထပ်အကြံတစ်ခုရှိသေးတယ်။ ကျွန်တော်တို့ဟွာရှားနိုင်ငံက နာရေးထုံးတမ်းစဉ်လာတွေကို အလေးအနက်ထားပြီး ဝိညာဉ်ငြိမ်းချမ်းဖို့ ဘာသာရေးအခမ်းအနားတွေ လုပ်ပေးရတယ်ဆိုတော့ ကျွန်တော် ဘုန်းကြီးတချို့ကိုပင့်ပြီး သူတို့ကို ဂါထာရွတ်နည်းသင်ပေးခိုင်းရင်ရော။ ပြီးရင် ကျွန်တော်တို့ ရှေ့မဆက်ခင် သူတို့ကို အုတ်ဂူရှေ့မှာ ရက်ပေါင်းကိုးဆယ့်ကိုးရက်လောက် ဂါထာရွတ်ခိုင်းထားလိုက်မယ်လေ"

"အကြံကောင်းပဲ... သွားလုပ်ချေ"

"စိတ်ချပါ"

...

"မုန့်လောင်... ဒီမှာ ဘာတွေဖြစ်နေတာလဲ"

သူတို့ ရှေ့ဆက်လျှောက်လာကြလေရာ သမုဒ္ဒရာကမ္ဘာနှင့်တူသော နေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။

ဧရာမဖန်သားပြင်ကြီးထဲတွင် ထူးဆန်းသော ရေသတ္တဝါများ မရှိတော့ဘဲ ဒူရန်ဒိုဂြိုဟ်သားတစ်သိုက် ရောက်နေချေသည်။

"ဪ... ဒီဒူရန်ဒိုဂြိုဟ်သားတစ်သုတ်က လာဗိုက်ဇ်လို့ခေါ်တဲ့ ရေတွေချည်းပဲရှိတဲ့ နေရာတစ်ခုက လာကြတာလေ။ အဲ့ဒါကြောင့် သူတို့က ကုန်းပေါ်မှာရော ရေထဲမှာပါ နေနိုင်တဲ့ ကုန်းနေရေနေအင်္ဂါရပ်တွေ အဆင့်ဆင့်ပြောင်းလဲလာကြတာ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်၏။

"ရေသတ္တဝါပြတိုက်က အရမ်းကျယ်လွန်းတယ်ထင်လို့ သူတို့ကို ဒီထဲပစ်ထည့်ထားလိုက်တာ"

"မင်းက တော်တော်ရက်စက်တာပဲ"

"အမလေး... ဒါနဲ့များ မင်းတို့ကိုယ်မင်းတို့ အဆင့်မြင့်မျိုးနွယ်စုလို့ ခေါ်ရဲသေးတယ်။ ဘောလုံးလေးတစ်လုံးတောင် သေချာမကိုင်နိုင်ဘူး။ မင်းတို့က ဘယ်လိုအမှိုက်မျိုးတွေလဲ... ရေစိုနေတဲ့ အမှိုက်တွေလား"

"ကုန်းနေရေနေသတ္တဝါတွေ… ဟုတ်လား။ ရေထဲခုန်ချတာ အဲ့ဒီလောက်တောင် ရေစင်ရသလား။ ငါ့မစင်တုံးထွက်ကျတဲ့ ရေသံကမှ မင်းတို့ထက် ပိုတိုးသေးတယ်"

"လေ့ကျင့်စမ်း... ဆက်လေ့ကျင့်။ သေသေချာချာ မလုပ်နိုင်မချင်း မနားရဘူး"

"ငါတို့ ဟွာရှားဒိုင်ဗင်အသင်းရဲ့စံချိန်ကို မီတဲ့အထိ လေ့ကျင့်ကြ။ ရေစင်တာ မမြင်ရတော့တဲ့အထိ ဆက်လုပ်စမ်း"

"သူတို့ ဘာလုပ်နေကြတာလဲ"

အခြားလူတစ်ယောက်က ရေသတ္တဝါပြတိုက် အလယ်ရှိ ကျွန်းငယ်လေးဆီသို့ လက်ညှိုးထိုးပြကာ မေးလိုက်သည်။

ထိုနေရာတွင် ဒူရန်ဒိုဂြိုဟ်သားရာဂဏန်းခန့် တန်းစီနေကြပြီး တစ်စုံတစ်ခုကို လေ့ကျင့်နေပုံရ၏။

"ဪ... ဒါက ရေနေသတ္တဝါပြတိုက်ဆိုတော့ ရေသတ္တဝါတွေရဲ့ လေ့ကျင့်ရေးဖျော်ဖြေပွဲတွေတော့ ရှိရမယ်လေ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။

"ကျွန်တော်က သူတို့ကို မျက်လှည့်ပြကွက် အမျိုးမျိုး လေ့ကျင့်ပေးနေတာ။ တစ်ယောက်ကို ဝင်ကြေးနှစ်ရာ့ရှစ်ဆယ့်ရှစ်ယွမ် တောင်းမှာဆိုတော့ ဧည့်သည်တွေပေးရတဲ့ ပိုက်ဆံနဲ့တန်အောင်တော့ လုပ်ပေးရမယ် မဟုတ်လား"

"မင်းက နတ်ဆိုးများလားကွာ"

...

"ဒီဟာကရော ဘာကြီးလဲ"

"ဪ... ဒါက ဓာတ်ပုံရိုက်တဲ့နေရာလေ။ ဒေသအသီးသီးက ဒူရန်ဒိုဂြိုဟ်သားတွေ ရှိတယ်။ ယွမ်ငါးဆယ်တည်းနဲ့ သူတို့နဲ့ ဓာတ်ပုံတွဲရိုက်လို့ရတယ်ဆိုတော့ တော်တော်တန်တယ် မဟုတ်လား"

...

"ဒီနေရာကရော"

"ဒါကတော့ တိုက်ခိုက်ရေးကွင်းပေါ့။ အစက နွားသတ်ပွဲအတွက် သုံးတာဆိုပေမဲ့ အခုတော့ ဒူရန်ဒိုဂြိုဟ်သားတွေရဲ့ တိုက်ခိုက်ရေးဖျော်ဖြေပွဲတွေ ရှိတယ်"

"ဟေ့ကောင်တွေ... မင်းတို့နှစ်ယောက်က အိမ်ဆောက်တမ်း ကစားနေတာလား။ ချကြလေကွာ... ခပ်ကြမ်းကြမ်းချစမ်း"

...

"ဟိုဇလုံကြီးက ဘာကြီးလဲ"

"ဪ... တကယ်တော့ ဒါက ကြောင်မစင်စွန့်တဲ့ ဇလုံအကြီးကြီးလေ။ ဒါပေမဲ့ အခုတော့ ဒူရန်ဒိုဇလုံလို့ နာမည်ပေးထားတယ်။ ဒူရန်ဒိုဂြိုဟ်သားတွေ သန့်စင်ခန်းအဖြစ် အထူးအသုံးပြုဖို့အတွက်လေ"

"မင်းက သူတို့ကို ကြောင်တွေလို့များ ထင်နေတာလား"

"သူတို့ကို ဒီလိုနည်းနဲ့ သန့်စင်ခန်းသုံးခိုင်းရသလား။ အဲ့ဒါ အရမ်းရှက်စရာကောင်းလွန်းမနေဘူးလား"

"ဟေ့ ဟေ့ ဟေ့... မင်းတို့ မစင်ကို မြေမမြှုပ်တတ်ဘူးလား။ နံဟောင်နေတာပဲ။ ငါ့ကြောင်ကိုခေါ်ပြီး သင်ခိုင်းရအောင် လာမလုပ်နဲ့နော်"

...

တိရစ္ဆာန်ရုံ၏ အနက်ဆုံးအပိုင်းသို့ လျှောက်သွားလိုက်သောအခါ ငရဲပြည်တစ်ဆယ့်ရှစ်ထပ်လုံးကို ဖြတ်သန်းလာရသလို ခံစားလိုက်ရသည်။ ကျန်းမုန့်လောင်ကို ရက်စက်သည်ဟု ​ဆိုနိုင်သော်လည်း ဤဂြိုဟ်သားများကို သတ်ဖြတ်ခြင်းမရှိပေ။ ကြင်နာသည်ဟုလည်း ဆို၍မရလောက်အောင် နည်းလမ်းပေါင်းစုံဖြင့် ညှဉ်းပန်းနှိပ်စက်နေခဲ့သည်။ ပုံမှန်စိတ်ကျန်းမာရေးကောင်းသော မည်သူတစ်ဦးတစ်ယောက်ကမျှ ဤကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဧရာမသားရဲကြီးများအတွက် ရည်ရွယ်ထားသော နောက်ဆုံးလှောင်အိမ်ထဲတွင်မူ ကတ်ဇ်ဟုခေါ်သော ခေါင်းဆောင်ဖြစ်သူနှင့် ဆုံတွေ့လိုက်ရသည်။

သူတို့က အဆင့်သုံးသက်ရှိများဖြစ်ကြလေရာ အထူးနည်းလမ်းများဖြင့် သီးသန့်ခွဲထားရန် လိုအပ်ပေသည်။ သူတို့ကို စူပါသတ္တုစပ်လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားပြီး သူတို့၏လှုပ်ရှားမှုကို ကန့်သတ်ထားသော ညှပ်အမျိုးမျိုးကိုလည်း တပ်ဆင်ထားသေးသည်။

"အပြာရောင်ကြယ်ဂြိုလ်က သခင်... မင်း ငါတို့ကို ဒီလိုဆက်ဆံလို့မရဘူး။ လုံလောက်တဲ့ လေးစားမှုပေးဖို့ ငါတို့ တောင်းဆိုတယ်"

ကတ်ဇ်က ကျန်းမုန့်လောင်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"မင်း ငါတို့ကို ဒီလိုဆက်ဆံမယ်ဆိုရင် ငါတို့ရဲ့သခင်က မင်းတို့အပြာရောင်ကြယ်လူသားတွေကို အလွတ်ပေးမှာမဟုတ်ဘူး။ ငါတို့သခင်ရဲ့နောက်မှာ အဆင့်လေးမျိုးနွယ်စုတစ်ခုရှိသေးတယ်။ မင်းတို့ သူတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"ဪ... အခုအထိ မာန်တက်ချင်နေတုန်းလား။ ငါ့ကို ခြိမ်းခြောက်နေတုန်းပဲလား"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်၏။

"မင်းရဲ့စိတ်ဓာတ်ခိုင်မာမှုက အခုထိ မကျိုးပျက်သွားသေးပုံပဲ"

"အပြာရောင်ကြယ်လူသားတွေ... ငါတို့ဒူရန်ဒိုစစ်သည်တော်တွေရဲ့ စိတ်ဓာတ်က ဘယ်တော့မှ ကျိုးပျက်သွားဖို့ မဖြစ်နိုင်ဘူး။ မင်းတို့ ငါတို့ရဲ့စိတ်ဓာတ်ကို ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"

"အဲ့လိုလား"

ကျန်းမုန့်လောင်တွင် ခေါင်းမာသူများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းပေါင်းများစွာ ရှိ၏။

"သူတို့ကို 'တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ငါးနှစ်စာနဲ့ သုံးနှစ်စာသရုပ်ပြမေးခွန်းဟောင်း' နမူနာစာအုပ်တချို့ သွားယူပေးလိုက်။ အဲ့ဒီပုစ္ဆာတွေကို မဖြေနိုင်ရင် သူတို့ကို မစင်ကျုံးခိုင်းလိုက်"

All Chapters