အခန်း (၁၆၀၆-၁၆၀၈)
Vol. 108 Ch. 1606-1608
အခန်း(၁၆၀၆) ကြီးမားသောခွန်အား
၎င်းတို့၏ အမြင်တွင် ရွှေအမတေပြီးပြည့်စုံအဆင့်တိုင်းက ပြိုင်ဘက်ကင်း ကြောက်မက်ဖွယ် တည်ရှိမှုမျိုးဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမဆို တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည်ရှိသည်။
ရှန်ဖေးယွမ်နှင့် လျန်ရွေ့ချိုင်တို့သည် မိမိတို့၌ စွမ်းရည်ရှိကြောင်း သက်သေပြပြီးဖြစ်သည်။ သို့သော် ယခုအခါတွင် ထိုမျှကြောက်မက်ဖွယ်ကောင်းသော ခွန်အားရှိသော ပြီးပြည့်စုံသည့် ရွှေအမတေများကို ချူးယွင်ဖန်က အလွယ်တကူ သတ်ဖြတ်ခဲ့သည်။ သူ့တွင် မည်ကဲ့သို့ ဤမျှ
ထိတ်လန့်ဖွယ်ကောင်းသည့် ခွန်အားရှိနေရသည်ကို သူတို့မသိခဲ့ကြပ။ အချို့လူများသည် ခရမ်းရောင်မိုးကြိုးဓားဂိုဏ်း၏ ဒဏ္ဍာရီလာအမွေအနှစ်ကို ရရှိခဲ့သည်ဟု သံသယဝင်ခဲ့ကြသည်။ ဤသို့ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ပျိုးထော်နိုင်သည့် အခြားအမွေအနှစ် မရှိသင့်ပေ။
လူများစွာက ချူးယွင်ဖန်းးရဲ့သော အမွေအနှစ်အကြောင်း တစ်ခါမျှ မကြာဖူးကြပေ။ လူများစွာ၏ အမြင်တွင် ချူးမိသားစုဟုခေါ်သေ မိသားစုသည် မီးခိုးငွေ့တစ်ခုသာဖြစ်သည်။
ခုန်းလွန်တွင် ချူးမိသားစုကို မြင့်မြတ်သော မျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်ကြသော်လည်း ခရမ်းရောင်မိုးကြိုးဓားနယ်မြေတစ်ခုလုံးနှင့် ယှဥ်ပါက ဘာမှမဟုတ်ပေ။ ထို့ကြောင့် ဤသံသယသည် ၎င်းတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်လာခဲ့သည်။ ယင်းမှတပါး ဤသို့ မွန်းစတားတစ်ကောင်ကို ဖန်တီးပေးနိုင်သည့် အခြားအမွေအနှစ်ကို ၎င်းတို့ မတွေးတတ်ကြပေ။
ချူးယွင်ဖန်းက လှောင်ရယ်ကာ လျန်ရွေ့ချိုင်ကို ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့။ မကြာခင် မင်းအလှည့်ရောက်တော့မယ်။"
လျန်ရွေ့ချိုင်၏ နှလုံးသားက ဒေါသမျာတောက်လောင်နေပြီး သူ့မျက်လုံးများသည်လည်း သတ်ဖြတ်ချင်စိတ်များနှင့် တောက်ပနေသည်။
"မင်းငါ့ကိုသတ်မှာလား!" လျန်ရွေ့ချိုင်က ကြုံးဝါးလိုက်သည်။
ထို့နောက် သူ့လက်သီးများသည် တောင်ကြီးနှစ်လုံးကဲ့သို့ သက်ဆင်းလာသည်။
တရှ၏ ပညာရှင်များနှင့် ယှဥ်ပါက လျန်ရွေ့ချိုင်၏ အစွမ်းက၎င်းတို့ထက် အနည်းဆုံးနှစ်ဆမျှ အစွမ်းထက်သည်။ အဆင့်တစ်ခု ကွာခြားရုံနှင့် ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်ရန် လုံလောက်သည်။
ဇစ်မြစ်ပေါင်းစည်းခြင်းစည်းချိပ်၏ ဝန်းကျင်သည် အဆက်မပြတ်တုန်ခါနေသည်။ ဤလက်သီးများ၏စွမ်းအားသည် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို မြင်ယောင်ကြည့်နိုင်သည်။
ချူးယွင်ဖန်းးက တောင်တန်းလို လက်သီးကို ကြည့်လိုက်သော်လည်း ဂရုမစိုက်ဘဲ လှောင်ရယ်၍ စည်းချိပ်တစ်ခု ဖန်တီးလိုက်သည်။
"တောင်တန်းချုပ်နှောင်စည်းချိပ်”
ချူးယွင်ဖန်းက တောင်တန်းချုပ်နှောင်စည်းချိပ်ကို အသုံးပြု၍ ဧရာမတောင်ကြီးတစ်လုံးကို ဖန်တီးလိုက်သည်။ ချက်ချင်းပင် နတ်ဘုရားတောင်သုံးတောင် လေထဲတွင် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤမြင်ကွင်းသည် သဘာဝအတိုင်း အံ့ဖွယ်ဖြစ်ကာ အထူးသဖြင့် ၎င်းတို့၏ဘဝတွင် ဤကဲ့သို့ ဝိညာဉ်ရေးရာတိုက်ပွဲကို တစ်ခါမှ မမြင်ဖူးသော လူများစွာအတွက် မယုံနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှသည်။
၎င်းတို့အတွက် ပြီးပြည့်စုံသော ရွှေအမတေအဆင့်ရှိသူတစ်ဦး၏ တိုက်ခိုက်မှုသည် အံ့ဖွယ်နှင့် ထူးမခြားနားပင်ဖြစ်သည်။
ဘမ်း
လေထုက ပေါက်ကွဲသွားပြီးနောက် တောင်ပြိုကျလာကာ ဆူနာမီကဲ့သို့ အရပ်မျက်နှာအားလုံးသို့ လှိမ့်ဝင်လာသော စွမ်းအင်လှိုင်းလုံးများအဖြစ်သို့ပြောင်းလဲသွားသည်။
ဤအချိန်တွင် လျန်ရွေ့ချိုင်သည် ချူးယွင်ဖန်းကို ပထမဆုံးအကြိမ် အထင်ကြီးသွားခဲ့သည်။ ဤမတိုင်မီက သူသည် ချူးယွင်ဖန်းကို အထင်သေးခဲ့သည်။ သူ၏ခွန်အားဖြင့် ချူးယွင်ဖန်ကို လုံးဝနှိမ်နင်းနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။ ချူးယွင်ဖန်၏ခွန်အားသည် သူ့ထက် အဆင့်မနိမ့်ကြောင်း မည်သူက သိမည်နည်း။
ထို့ကြောင့် သူ၏ ယင်အစီအစဥ်က တစ်စုံတစ်ခု မှားနေကြောင်း သဘောပေါက်လာသည်။
" လျန်ရွေ့ချိုင် မင်း ဒီလောက်ပဲတတ်နိုင်တာဆိုရင် လှဲပြီး ထွက်သွားလိုက်"
ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
ထို့နောက် သူထိုးလိုက်သော လက်သီးချက်က နဂါးရှစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လျန်ရွေ့ချိုင်ကို ချက်ချင်း ချေမှုန်းလိုက်သည်။ လျန်ရွေ့ချိုင်က နောက်ဆုတ်ရန် ဖိအားပေးခံရပြီးနောက် အသက်ရှုပင် မဝတော့ပေ။ ချူးယွင်ဖန်း၏ လက်သီးချက်က အလွန်ပြင်းသော်လည်း သူ့မျက်လုံးများတွင် တောက်ပသည့် အလင်းရောင်များနှင့်တောက်ပနေသည်။
“ဒါဆို မင်းမှာ ဒီလိုနည်းလမ်းမျိုး ဝှက်ထားတာလား။ မင်း ငါ့ကို တိုက်ခိုက်ရဲတာ အံ့သြစရာမဟုတ်ဘူးပဲ” လျန်ရွေ့ချိုင်က အော်လိုက်သည်။
လျန်ရွေ့ချိုင်သည် သူ့စိတ်ကို ငြိမ်သက်စေခဲ့သည်။ သူသည် ချိပ်စည်းတစ်ခုကို ဖန်တီးလိုက်ပြီးနောက် ရုတ်တရက် သူ့ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတတစ်ခု ပေါ်လာသည်။ ၎င်းသည် ဧရာမပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
"အစ်ကိုချူး သတိထား။ အဲ့တာ နတ်ဘုရားဂိုဏ်းရဲ့ ကြီးကျယ်တဲ့ နတ်ဘုရားခွန်အားအဆောင်!" ယဲ့ချိုးရွှေက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
" နတ်ဘုရားခွန်အားအဆောင်က အသုံးပြုသူရဲ့ ခွန်အားကို သိသိသာသာ တိုးစေနိုင်တယ်”
ချူးယွင်ဖန်းသည် ယဲ့ချိုးရွှေက တရှကို အုပ်ချုပ်သော ဂိုဏ်းကြီးဆယ်ဂိုဏ်းအနက် တစ်ခုမှာ နတ်အဆောင်ဂိုဏ်းဖြစ်ကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်ကို သတိရမိသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်၎င်းတို့ အားကောင်းစေရန်အတွက် အဆောင်အမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။ ဂိုဏ်းများစွာထဲတွင် ဤဂိုဏ်းသည် နာမည်ကြီးသည်။
လျန်ရွေ့ချိုင်သည် နတ်အဆောင်ဂိုဏ်ကျော်ကြားသော နတ်ဘုရားခွန်အားအဆောင်ကို အသုံးပြုနေခဲ့သည်။ ၎င်းကို အသုံးပြုပြီးနောက် သူ၏ခွန်အားသည် အံ့အားသင့်ဖွယ် မြင့်တက်လာလိမ့်မည်။
"ဟားဟားဟား၊ ပြေးဖို့ အချိန်မရှိဘူး!" လျန်ရွေ့ချိုင် ရယ်လိုက်သည်။
ဂိုဏ်း၏ နတ်အဆောင်များကိုရရန် ပြင်ပလူများအတွက် မလွယ်ကူပေ။ ရောင်းချနေသော နတ်ဘုရားအဆောင်အမျိုးမျိုးရှိသော်လည်း စျေးမပေါပေ။ အထူးသဖြင့် လူတစ်ယောက်၏ ခွန်အားကို မြှင့်တင်ပေးနိုင်သည့် နတ်ဘုရားခွန်အားအဆောင်ကို တန်ကြေးမြင့်မြင့်နှင့်ရောင်းချကြသည်။ ယင်းကို အသုံးပြုလိုက်သည်နှင့် နတ်ဘုရားခွန်အားအဆောင်၏ စွမ်းအားက လုံးဝ ပေါက်ကွဲထွက်လာသည်။
လျန်ရွေ့ချိုင်၏ စွမ်းအားက မပြောင်းလဲသော်လည်း သူ့ရောင်ဝါက များစွာမြင့်တက်လာသည်။
"တောင်ဖြိုခွင်းလက်သီး” လျန်ရွေ့ချိုင်က ထပ်မံထိုးနှက်လိုက်သည်။
ယခုတစ်ကြိမ်တွင် ယခင်နှင့် လုံးဝကွာခြားသွားသည်။ ဤထိုးနှက်ချက်က ကောင်းကင်တစ်ခုလုံးကို ဆုတ်ဖြဲပစ်တော့မည့်အလား ကောင်းကင်ကို ကွဲကြေစေခဲ့သည်။
"နတ်ဘုရားခွန်အားအဆောင်ဟုတ်လား။ ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါကြည့်ချင်တယ်!" ချူးယွင်ဖန်းက အေးစက်စွာအော်ပြောလိုက်သည်။
ဤအချိန်တွင် ချွေ့မင်ကျဲနှင့် အခြားသူများသည် သူပြုလုပ်ခဲ့သော ယင်ယန်စွမ်းအင် ချိပ်စည်းများကို ဖျက်ရန် အဘယ်ကြောင့် ယုံကြည်မှုရှိနေသည်ကို နောက်ဆုံးတွင် သူနားလည်ခဲ့သည်။ ယင်းကို ဖျက်နိုင်ခဲ့သည့်အရာမှာ နတ်အဆောင်ဂိုဏ်းမှ သန့်စင်ထားသော စည်းချိပ်အဆောင်များဖြစ်ကြသည်။
သို့သော်လည်း သူတို့သည် ချူးယွင်ဖန်း၏ ယင်ယန်စွမ်းအင်သင်္ကေတကို လျှော့တွက်ခဲ့ကြသည်။ ချူးယွင်ဖန်အသုံးပြုခဲ့သော ယင်ယန်စွမ်းအင်သင်္ကေတကို သူတို့သန့်စင်ထားသော
ချိပ်စည်းဖြင့် နှိမ်နင်းခဲ့ခြင်းမရှိပေ။
၎င်းသည် ချွေ့မင်ကျဲကို ချက်ချင်းသေဆုံးစေခဲ့သည်။ ချူးယွင်ဖန်လည်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ကောင်းကင်နဂါးရှစ်ကောင်၏ အရိပ်သည် တောင်ကဲ့သို့သော လက်သီးနှင့် ထိပ်တိုက်တွေ့သွားသည်။
ဘမ်း
တိုက်မိမှုက ယခင်ကထက် ပိုမြင့်သောအဆင့်၌ ရှိနေသည်မှာထင်ရှားသည်။
လေထုက ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်ကလည်း တုန်ခါသွားသည်။
နတ်ဘုရားခွန်အားအဆောင်ကို အသုံးပြုပြီးနောက် လျန်ရွေ့ချိုင်၏ခွန်အားသည် အဆင့်တစ်ခုတိုးလာသည်မှာ ထင်ရှားသည်။ ကျွမ်းကျင်သူများအကြား တိုက်ပွဲတွင် အနည်းငယ်သာကွာခြားလျှင်ပင် ကြီးမားသောကွာဟချက်တစ်ခုရှိနေဦးမည်ဖြစ်သည်။
လက်သီးတစ်ချက်ဖြင့် နှစ်ဖက်စလုံးသည် အမှန်တကယ် တူညီစွာ ယှဉ်ပြိုင်နိုင်ခဲ့ကြသည်။
လျန်ရွေ့ချိုင်၏ မျက်နှာအမူအရာ နောက်ဆုံးတွင်ပြောင်းလဲသွားသည်။ ယင်းက သူ၏ လျို့ဝှက်ချက်ဖြစ်သော်လည်း ချူးယွင်ဖန်ကို ဘာမှ မလုပ်နိုင်ပေ။ နတ်တဘုရားခွန်အားစည်းချိပ်ကို အသုံးပြုပြီးနောက် သူ၏ ခွန်အားက ယခင်ကထက် အဆပေါင်းများစွာတိုးလာသည်။
သူသည် အဆင့်တူ မွန်းစတားများကိုပင် ဖျက်ဆီးနိုင်သော်လည်း ချူးယွင်ဖန်းကို ဘာမှမလုပ်နိုင်ပေ။
ဤအချိန်တွင် ချူးယွင်ဖန်၏ စွမ်းအားမည်မျှကြီးမားသည်ကို သူရုတ်တရက် သဘောပေါက်လိုက်သည်။ သူသည် လူ့အရေပြားခြုံထားသည့် မိစ္ဆာတစ်ကောင်မျှသာ ဖြစ်သည်။
အခန်း(၁၆၀၇) လျန်ရွေ့ချိုင်ကိုသတ်ခြင်း
ချူးယွင်ဖန်းယခင်က ပေါ့ပေါ့တန်တန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လျန်ရွေ့ချိုင် သဘောပေါက်လိုက်သည်။ သူ၏ အစွမ်းသတ္တိကို အပြည့်အဝ အသုံးမပြုခဲ့သည်မှာ ထင်ရှားသည်။ ဤသည်မှာ သူ အကြောက်ဆုံးအရာ ဖြစ်သည်။
ချူးယွင်ဖန်သည် ရွှေအမတေပုံစံအဆင့်တွင်သာ ရှိသည်မှာ ထင်ရှားသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ အလွန်ကြီးမားသည်။ တစ်နည်းအားဖြင့် ချူးယွင်ဖန်သည် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်ခဲ့သည်။ ဤမတိုင်မီက သူသည် ချူးယွင်ဖန်း၏ အောက်ခြေမျဉ်းကိုပင် မလိုက်နိုင်ခဲ့ပေ။
ယခုမှသာ နတ်ဘုရားခွန်အားအဆောင်ကို အသုံးပြုပြီးနောက်တွင်မှ ချူးယွင်ဖန်း၏ ခွန်အားအတိမ်အနက်ကို နောက်ဆုံးတွင် မြင်တွေ့နိုင်ခဲ့သည်။
"နတ်ဘုရားခွန်အားအဆောင်လား မဆိုးပါဘူး!" ချူးယွင်ဖန်းကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ ဂရုမစိုက်ပေ။
သူ မကြည့်ဘဲ ချက်ချင်းပင် လက်သီးတစ်ချက် ထပ်မံထိုးလိုက်သည်။ ခဏအတွင်း ကောင်းကင်ယံက ပြင်းထန်စွာ တုန်ခါသွားသည်။
"လုပ်စမ်းပါ”
လျန်ရွေ့ချိုင်၏ မျက်လုံးများသည် ကြောက်မက်ဖွယ် အလင်းရောင်များ တောက်ပနေသည်။ သူ အဝေးကို ဖြတ်ကျော်၍ ချူးယွင်ဖန်းရှေ့၌ ချက်ချင်းပေါ်လာသည်။ သူ အခွင့်အရေးကို ဆုပ်ကိုင်ချင်သည်။ သူ၏ စွမ်းအားများအားလုံး ဆူပွက်ကာ အဖြူရောင်သက်တံတစ်စင်း ကောင်းကင်ထဲကိုပစ်လွှတ်လိုက်သည့်နှယ် ကမ္ဘာကြီးတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်သွားသည့်အလားပင်ဖြစ်သည်။
ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်၏ အမြင့်ဆုံးအဆင့်ကို လျှော့တွက်၍မရပေ။ သူသည့် တူညီသောအဆင့်ရှိ လူတိုင်းကို အကြောက်တရားကင်းစွာ ရင်ဆိုင်ရဲသည်။ သို့သော်လည်း ချူးယွင်ဖန်းက ၎င်းကို မကြည့်ဘဲ လက်သီးဖြင့်သာ ထိုးဖောက်ကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
လျန်ရွေ့ချိုင်၏ လက်သီးများသည် ချူးယွင်ဖန်အား အကန့်အသတ်မရှိသော စွမ်းအားများဖြင့် ချေမှုန်းရန် ကြိုးစားလျက် တောင်နှစ်လုံးကဲ့သို့ ပြိုလဲကျသွားသည်။
သို့သော် ချက်ချင်းပင် အဖြူရောင် သက်တံရောင် စွမ်းအားသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် ပြိုကွဲသွားသည်။ ၎င်းသည် လျန်ရွေ့ချိုင်၏ လက်သီးများနှင့် တိုက်မိသွားသည်။
ဘမ်း
ကမ္ဘာကြီးက အရောင်ပြောင်းသွားသည်။ နှစ်ဖက်စလုံး၏ အင်အားက ကြောက်မက်ဖွယ်ကောင်းသည့် အတိုင်းအတာအထိ မြင့်တက်လာသည်။ ဤအချိန်၌ ၎င်းတို့သည် ပြီးပြည့်စုံသည့် ရွှေအမတေအထွတ်အထိပ်အဆင့်ထက်ပင် အဆင့်မနိမ့်ပေ။
လျန်ရွေ့ချိုင်သည် နတ်ဘုရားခွန်အား အဆောင်’ တည်ငြိမ်သောစွမ်းအားကို ရရှိခဲ့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အရာအားလုံးကို ဖြတ်ကျော်ရန် လုံလောက်သည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုအခြေခံရှိသော ချူးယွင်ဖန်းနှင့် မတွေ့ခဲ့ပါက သူသည် ပြိုင်ဘက်ကင်း ဖြစ်လိမ့်မည်။
ဘမ်း!
ဘမ်း!
ဘမ်း!
နှစ်ဖက်စလုံးသည် ထူးထူးခြားခြား လှုပ်ရှားမှုများ မရှိဘဲ လေထဲတွင် ဆက်လက်၍ ထိုးနှက်နေကြသည်။ ၎င်းတို့၏ အဆင့်တွင်မူ ၎င်းတို့သည် ကိုယ်ပိုင်အစွမ်းသတ္တိကို အားကိုးကာ ထိပ်တိုက် တိုက်ခိုက်နေကြသည်။
လျန်ရွေ့ချိုင် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။ ချူးယွင်ဖန်း၏ ရူးသွပ်သော တိုက်ခိုက်မှုအောက်တွင် သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားစွမ်းအားများ ရပ်တန့်စပြုလာသည်ကို သူခံစားမိပြီး နတ်ဘုရားခွန်အားအဆောင်၏ အကျိုးသက်ရောက်မှုမှာ တဖြည်းဖြည်း ကျဆင်းလာသည်။
သို့သော် ချူးယွင်ဖန်ကမူ ကွဲပြားသည်။ သူ၏ခွန်အားသည် သူ၏ ကိုယ်ပိုင်ခန္ဓာမှ လာခြင်းဖြစ်သည်။ သူသည် ဘက်ပေါင်းစုံတွင် အစွမ်းထက်သည်။ ထိုကဲ့သို့သောတိုက်ပွဲသည် သူ့အား အသက်ရှူမဝအောင်ပင် ဖြစ်စေနိုင်သည်။
ချူးယွင်ဖန်းက လျန်ရွေ့ချိုင်ကို လျင်မြန်စွာ နှိမ်နင်း၍ အရေးနိမ့်လာစေခဲ့သည်။
ဘမ်း
နောက်ထပ် ထိပ်တိုက်တွေ့မှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လျန်ရွေ့ချိုင်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ခဲ့ရသည်။ သူ့လက်မောင်းများတွင် ဒဏ်ရာများ ပေါ်လာပြီး သွေးများ ပန်းထွက်လာခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်းကြောင့် ဖြစ်သည်။ သူ့ရဲ့ခွန်အားများ တိုးလာသော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက မတိုးလာပေ။ အားနည်းချက်များသာ သိသိသာသာပေါ်လာခဲ့သည်။
ချူးယွင်ဖန်းက ဤသို့သော အခွင့်အရေးကောင်းကို မည်သို့လက်လွှတ်နိုင်လိမ့်မည်နည်း။
သူ ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီးနောက် သူ့သွေးများက တိုင်တစ်တိုင်ကဲ့သို့ စီးဆင်းလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်စစ်နတ်ဘုရားတစ်ပါးကဲ့သို့ လျန်ရွေ့ချိုင်ရှေ့တွင် ချက်ချင်းပေါ်လာသည်။
"ငါ မင်းကို တစ်ခါတည်းနဲ့ အပြီးသတ်ပစ်မယ်! အံ့ဖွယ် လက်သီး ရှစ်ချက်!"
ချူးယွင်ဖန်းက အော်ဟစ်၍ လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။ နဂါးရှစ်ကောင်သည် ချက်ချင်းပင် လျန်ရွေ့ချိုင်အပေါ်သို့ ကျရောက်သွားသည်။
ဘမ်း!
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လျန်ရွေ့ချိုင်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။ သူသည် နောက်သို့ ပျံသန်းသွားပြီး သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများ ဖုံးလွှမ်းသွားသည်။
သူသည် ယခင်ကကဲ့သို့ မာနထောင်လွှားကာ အာဏာရှင်ဆန်သူ မဟုတ်တော့ပေ။
လျန်ရွေ့ချိုင်သည် နောက်ဆုံးတွင် ချူးယွင်ဖန်နှင့် ယှဉ်ပြိုင်၍မရဟူသောအချက်ကို လက်ခံလိုက်ရသည်။ ဤအကြောင်းကို စဉ်းစားပြီးနောက် သူ ဆက်မနေရဲတော့ဘဲ အဝေးသို့ ချက်ချင်းပြေးထွက်သွားခဲ့သည်။ သို့သော် သူထွက်ပြေးတော့မည့်အချိန်တွင် ကောင်းကင်မှ လက်ကြီးတစ်ချောင်း ဆင်းသက်လာပြီး သူ့အပေါ်သို့ ကျရောက်လာသည်။
ဘမ်း
လျန်ရွေ့ချိုင်သည် လေထဲတွင် ပေါက်ကွဲပြီး အပိုင်းပိုင်းကွဲသွားသည်။ သို့သော် သူ၏ အလောင်းနှင့် ပြီးပြည့်စုံသည့် ရွှေအမတေမှာ လက်ကြီးဖြင့် တောင်မြစ်ပန်းချီကားထဲသို့ စုပ်ယူခံလိုက်ရသည်။
မှိန်ပျပျအလင်းရောင်ဖြင့် လင်းလက်နေသော သင်္ကေတများထဲမှ တစ်ခုသည် ချူးယွင်ဖန်း၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။ ၎င်းသည် ရှေးဟောင်းတံဆိပ်စာလုံးများ ရေးထိုးထားသော သင်္ကေတတစ်ခုဖြစ်သည်။ သာမန်လူများသည် ဤရှေးဟောင်းစာလုံးကို မမှတ်မိနိုင်သော်လည်း ချူးယွင်ဖန်းသည် ၎င်းကို မည်သို့မမှတ်မိဘဲနေလိမ့်မည်နည်း။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်ဖြင့် သူသည် ဤရှေးဟောင်းစည်းချိပ်စာလုံးက အစွမ်းသတ္တိဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။
“အစွမ်းသတ္တိ” ဟူသော စကားလုံးသည် နတ်ဘုရား၏ စွမ်းအားများ ရှိနေသည်ဟုထင်ရကာ အသုံးပြုသူကို အဆုံးမဲ့ စွမ်းအား စီးကြောင်းတစ်ခု ပေးစွမ်းနိုင်သည်။
ချူးယွင်ဖန်း၏ မျက်လုံးများသည် နတ်ဘုရားခွန်အားအဆောင်ကို စိုက်ကြည့်နေခဲ့သည်။ ရုတ်တရက် သူ့စိတ်ထဲရှိ နတ်ဘုရားစိတ်ဝိဉာဉ်က အလင်းတန်းများ ဖြာထွက်လာသည်။
အဆောင်နှင့်ပတ်သက်သည့် အချက်အလက်များစွာသည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။
ဤအချိန်တွင် ချူးယွင်ဖန်သည် နတ်ဘုရားခွန်အားအဆောင်နှင့်ပတ်သက်သည့် အချက်အလက်အမျိုးမျိုးကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာပြီး လျှို့ဝှက်ဆန်းကြယ်မှုများစွာကို ဖော်ထုတ်နေသော စူပါကွန်ပျူတာတစ်လုံးကဲ့သို့ ဖြစ်နေသည်။
ဧကရာဇ်တိုက်ပွဲစာအုပ်ရှိ မှတ်တမ်းများစွာနှင့် ပေါင်းစပ်လိုက်သောအခါ ချူးယွင်ဖန်းသည် နတ်ဘုရားခွန်အားအဆောင်၏ လျှို့ဝှက်ဆန်းကြယ်မှုအမျိုးမျိုးကို ခဏတာအတွင်း ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။
သူသတိပြန်ဝင်လာသည့်အခါ အဆောင် လမ်းကြောင်း၏ လျှို့ဝှက်ချက်များ များစွာကို နားလည်နှင့်ပြီးဖြစ်သည်။
အဆောင်များကို အမျိုးအစားနှစ်မျိုးခွဲခြားထားသည်။ တစ်ခုက မမြင်ရသည့် စွမ်းအင် အဆောင်ဖြစ်သည်။ ဤသို့သော စွမ်းအင် အဆောင်သည် အသုံးပြုသူ၏ မန္တန်ပေါ် မူတည်သည်။ တစ်နည်းအားဖြင့် အသုံးပြုသူ ပိုအားကောင်းလေ၊ အဆောင် က ပိုအစွမ်းထက်လေဖြစ်သည်။
ထို့အပြင် စွမ်းအင် အဆောင်များသည် အသုံးပြုပြီးသည်နှင့် အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်။
မှန်သည်။ ဤအဆောင်များသည် တရှတွင် အသုံးအများဆုံး တစ်ကြိမ်သုံး အဆောင်များဖြစ်ကာ ဈေးလည်း သက်သာသည်။
သို့သော် ချူးယွင်ဖန်း၏လက်ထဲတွင်ရှိသော အဆောင်မှာမူ ကွဲပြားသည်။ ၎င်းသည် အလွန်အဖိုးတန်သော ကောင်းကင်ဘုံပစ္စည်းများနှင့် မြေကြီးပေါ်ရှိ ရတနာများမှ သန့်စင်ထားသော စက္ကူအဆောင်တစ်ခုဖြစ်သည်။ စက္ကူအဆောင်၏ စွမ်းအားသည် အခြားစွမ်းအင်အဆောင်များထက် များစွာသာလွန်သည်။ ထို့အပြင် ၎င်းကို မှန်ကန်စွာအသုံးပြုပါက အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်သည်။ စွမ်းအင်ဖြင့် မည်သို့ဖြည့်ရမည်ကိုသာ သိရန်လိုအပ်သည်။
သို့သော် စွမ်းအင်ဖြည့်ရသည့် နည်းလမ်းသည် နတ်ဘုရားအဆောင်ဂိုဏ်း၏ လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။ ပြင်ပလူများက မသိကြပေ။ ထို့ကြောင့် လျန်ရွေ့ချိုင်၏ အဆောင်မှာ တစ်ကြိမ်သာအသုံးပြုသည့် အဆောင်ဖြစ်ကာ အလွန်စျေးကြီးသည်။
သို့သော် ချူးယွင်ဖန်းက ဤအဆောင်၏ လျှို့ဝှက်ချက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာရန် နတ်ဘုရားစိတ်ဝိဉာဉ်ကို အသုံးပြုခဲ့သည်။ ဤနတ်ဘုရားခွန်အားအဆောင်ကို သူ့လက်ထဲတွင် အကြိမ်ကြိမ် အသုံးပြုနိုင်သည်။ ချူးယွင်ဖန်းကိုယ်တိုင်က အကန့်အသတ်မဲ့ ခွန်အားကို ပိုင်ဆိုင်ထားသည်။ ဤကြီးမားသော နတ်ဘုရားခွန်အားအဆောင်ကို ထည့်သွင်းလိုက်ခြင်းဖြင့် ချူးယွင်ဖန်း၏ ခွန်အားမည်မျှ တိုးလာမည်ကို တွေးကြည့်နိုင်သည်။
ခဏတာအတွင်း ချူးယွင်ဖန်းသည် ပြီးပြည့်စုံသည့် ရွှေအမတေပြီးပြည့်စုံအဆင့်ကိုပင် စိန်ခေါ်ရဲလာပေလိမ့်မည်ဖြစ်သည်။
ဤသည်က အလွန်ကောင်းမွန်သည့် အကျိုးရလဒ်ပင်ဖြစ်သည်။ ချူးယွင်ဖန်က ကျေနပ်အားရစွာ ခေါင်းညိတ်ပြီးနောက် ဇစ်မြစ်ပေါင်းစည်းမှု အစီအရင်ဆီသို့ ပြန်သွားကာ ဇစ််မြစ်ပေါင်းစည်းမှုဆေးကို ဆက်လက် သန့်စင်လိုက်သည်။
အခန်း(၁၆၀၈) ခရမ်းရောင်မိုးကြိုးဓားနယ်မြေ နောက်ဆုံးတွင် ပေါ်လာခြင်း
ယဲ့ချိုးရွှေနှင့် ချူးဟုန်ချိုင်တို့သည်လည်း မူလစွမ်းအင်ပေါင်းစည်းခြင်းအစီအရင်ဆီသို့ ပြန်သွားခဲ့ကြသည်။ ၎င်းတို့၏ ကြီးမားသော အကျိုးအမြတ်များကို ခိုင်မာစေရန် ခဏတာ သီးသန့်ကျင့်ကြံခဲ့ကြသည်။
ချူးယွင်ဖန်းသည် ၎င်းတို့တွေးနိုင်သည့် အတိုင်းအတာထက် များစွာကျော်လွန်နေသည်။
“သူက အရမ်းသန်မာလွန်းတယ်။ သူ့စောစောက အကြည့်တွေကလေ… ငါ့ကို ကြည့်နေတာ လှုပ်တောင်မလှုပ်နိုင်ခဲ့ဘူး”
“ဒါက နံပါတ်တစ်ရဲ့ အရှိန်အဝါပဲ…”
“ဟုတ်တယ်။ တရှက စွမ်းတော့ရော ဘာဖြစ်လဲ။ ငါတို့မှာ ချူးယွင်ဖန်းရှိတယ်”
ဘက်ပေါင်းစုံမှ ကျွမ်းကျင်သူများသည် အဘက်ဘက်မှ စတင် ဆွေးနွေးကြသည်။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းကို ယခင်က အလွန် ရန်လိုခဲ့ကြသော်လည်း တရှ၏ ကျွမ်းကျင်သူများ၏ အလွဲသုံးစားပြုမှုကို ခံရပြီးနောက် ချူးယွင်ဖန်းဘက်မှ မရပ်တည်ဘဲ မနေနိုင်ခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ချူးယွင်ဖန်းက လျန်ရွေ့ချိုင်နှင့် အခြားကျွမ်းကျင်သူများကို သတ်သည်ဟူသော သတင်းက ပျံ့နှံ့သွားခဲ့သည်။
ခဏတာအတွင်း၌ပင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်လာသည်။ ယင်းက ပထမဆုံးအကြိမ်မဟုတ်ပေ။ ချူးယွင်ဖန်းက တရှ၏ ကျွမ်းကျင်သူများကို အကြီးအကျယ်သတ်ဖြတ်ခဲ့သည်မှာ ဤသည်က ဒုတိယအကြိမ်ဖြစ်သည်။
ယခင်က ချူးယွင်ဖန်းသည် ရှန်ဖေးယွမ်နှင့် တဝေ၌ ပြဿနာဖြစ်စေခဲ့သော အခြားသူများကို သတ်ပစ်ခဲ့သည်။ စုစုပေါင်း လူဒါဇင်ပေါင်းများစွာသည် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ၎င်းတို့အနက် ထက်ဝက်ကျော်သည် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်အထက် ကျွမ်းကျင်သူများဖြစ်သည်။ လူအများအပြားသည် အံ့အားသင့်စွာ အော်ဟစ်ခဲ့ကြသည်။
သူတို့၏ ခရမ်းရောင်မိုးကြိုးဓားနယ်မြေသည် မည်သည့်အချိန်တွင် ဤမျှ မကြုံစဖူး ပုဂ္ဂိုလ်တစ်ဦး ရှိလာသည်ကို ၎င်းတို့မသိခဲ့ကြပေ။ တရှ၏ ထိပ်တန်းကျွမ်းကျင်သူများပင် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။
၎င်းတို့အတွက် ယင်းက မယုံနိုင်စရာကောင်းလှသည်။
လူအများအပြားသည် ချူးယွင်ဖန်ူအပေါ် မျှော်လင့်ချက်များ ထားခဲ့ကြသည်။ သူတို့သည် တရှမှ ဤလူများကို တိုက်ခိုက်နိုင်စွမ်း မရှိတော့သော်လည်း တရှကို တိုက်ခိုက်နိုင်သော အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့သည်။ ချက်ချင်းပင် ချူးယွင်ဖန်း၏ နာမည်သည် ကမ္ဘာကို တုန်လှုပ်စေခဲ့ပြီး သူ၏ဂုဏ်သတင်းသည် ယှဉ်နိုင်စရာပင်မရှိတော့ပေ။ သို့သော် ပိုမိုကြီးမားသော သတင်းတစ်ပုဒ်သည် တစ်ညတည်းတွင် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်က ကမ္ဘာတစ်ဝှမ်းကို အုပ်စိုးခဲ့သော ခရမ်းရောင်မိုးကြိုးဓားများနယ်မြေ၏ နောက်ဆုံးအကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကို ရှာဖွေတွေ့ရှိခဲ့သူများမှာ တရှမှ ကျွမ်းကျင်သူများသာ ဖြစ်သည်။
ဤသတင်းသည် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့သည်။
အစပိုင်းတွင် သာမန်လူအများစုသည် မိုးကြိုးခရမ်းဓားဂိုဏ်းရှိကြောင်းမသိခဲ့ကြပေ။
သို့သော် ထိုကဲ့သို့သော အဖြစ်အပျက်များကို ကြုံတွေ့ပြီးနောက်၊ အထူးသဖြင့် ဒေသဆိုင်ရာ အင်အားကြီးနိုင်ငံအသီးသီးမှ ကျွမ်းကျင်သူများသည် ခရမ်းရောင်မိုးကြိုးဓားနယ်မြေအကြောင်း အနည်းငယ် သိရှိလာကြသည်။
လွန်ခဲ့သော အချိန်တစ်ခုက ဤကမ္ဘာကြီးကို မိုးကြိုးခရမ်းဓားနယ်မြေက အုပ်ချုပ်ခဲ့သည်။ ဤအကြောင်းကြောင့်ပင် ခရမ်းရောင်မိုးကြိုးဓားများ ပေါ်ပေါက်လာခြင်းသည် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့သည်။
ဖြစ်နိုင်ချေအရှိဆုံးမှာ အဖွဲ့ကြီးများမှ လူများသည် ခရမ်းရောင်မိုးကြိုးဓားများအကြောင်း အနည်းငယ်သာ သိကြခြင်း ဖြစ်သည်။ သဘာဝအတိုင်းပင် မိုးကြိုးခရမ်းဓားနယ်မြေကို ကောင်းစွာ နားလည်ကြကာ မိုးကြိုးခရမ်းဓားနယ်မြေ၏ အမွေအနှစ်ကို ရယူလိုသူ များစွာရှိခဲ့သည်။
အတားအဆီးကို ဖြတ်ကျော်ခဲ့သော တရှမှ ကျွမ်းကျင်သူများသည်မူ အမွေအနှစ်အတွက် ဤနေရာသို့ ရောက်ရှိနေခဲ့ကြခြင်းဖြစ်သည်။
ဤကာလအတွင်း မိုးကြိုးခရမ်းဓားများ၏ အမွေအနှစ်အတွက် ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရသည်။ အရာအားလုံးသည် ၎င်းအပေါ်တွင် လည်ပတ်နေသည်။ ဤနှစ်များတစ်လျှောက် မိုးကြိုးခရမ်းဓားနယ်မြေ၏ အဓိကအင်အားကြီးနိုင်ငံအမျိုးမျိုးသည် အမွေအနှစ်ကို တစ်ခုချင်းစီ ရှာဖွေနေခဲ့ကြသည်။ သို့သော် ၎င်းကို ဘယ်သောအခါမှ ရှာမတွေ့နိုင်ခဲ့ပေ။
မိုးကြိုးခရမ်းဓားနယ်မြေသည် ကြာမြင့်စွာကတည်းက ဖျက်ဆီးခံခဲ့ရပြီဖြစ်သောကြောင့် အမွေအနှစ်များ မည်သို့ကျန်ရှိနေနိုင်မည်နည်း။ ရှိပါက ၎င်းကို ရှာဖွေတွေ့ရှိခဲ့သင့်သည်မှာ ကြာပြီဖြစ်သည်။
မိုးကြိုးခရမ်းဓားနယ်မြေ၏ နောက်ဆုံးဌာနချုပ် မည်သည့်နေရာ၌ ရှိသည်ကို မည်သူမျှ မသိကြပေ။ အချိန်ကြာလာသည်နှင့်အမျှ ရှေးဟောင်းစာအုပ်များစွာသည် စစ်ပွဲ၏ ရှုပ်ထွေးမှုများကြားတွင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် မိုးကြိုးခရမ်းဓားနယ်မြေသည် လူ့လောကတွင်မဟုတ်ဘဲ နတ်ဆိုးအဖွဲ့တွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
သို့သော် နတ်ဆိုးအဖွဲ့တွင် နတ်ဆိုးများစွာသည်လည်း အလားတူတိုက်ခိုက်မှုများကို ခံခဲ့ရသည်။ တရှ၏ ထိပ်တန်းကျွမ်းကျင်သူများစွာသည် နတ်ဆိုးအဖွဲ့သို့ ဝင်ရောက်ကာ နတ်ဆိုးမျိုးနွယ်စုများစွာကို ဖျက်ဆီးခဲ့ကြသည်။ တစ်ချိန်က ထင်ရှားသော နတ်ဆိုးဘုရင်များသည် ၎င်းတို့၏ကိုယ်ပိုင်နယ်မြေတွင် ကြက်ပေါက်လေးများကဲ့သို့ ကြေမွသေဆုံးခဲ့ကြသည်။
နတ်ဆိုးများစွာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ အချို့သည် တရှ၏ လက်ပါးစေများဖြစ်လာပြီး အချို့မှာ သေဆုံးခဲ့သည်။ အချိန်တိုအတွင်း နတ်ဆိုးအဖွဲ့သည် တရှ၏ ကျွမ်းကျင်သူများထံ ဦးညွတ်ခဲ့ကြသည်။ တရှသည် မိုးကြိုးခရမ်းဓားနယ်မြေကို ရှာဖွေရန် နတ်ဆိုးအဖွဲ့၏ အင်အားအားလုံးကို စုစည်းခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ၎င်းတို့သည် မိုးကြိုးခရမ်းဓားနယ်မြေ၏
ဌာနချုပ်ကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။
ယင်းက တစ်ညတည်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် တုန်လှုပ်ချောက်ခြားမှုများဖြစ်ပေါ်စေခဲ့သည်။ ယခုမှသာ
လူတိုင်း သဘောပေါက်လာကြပြီး မိုးကြိုးခရမ်းဓားနယ်မြေ၏ အမွေဆက်ခံမှုသတင်း တစ်ခုမျှ မကြားရသည်ကို သိလာကြသည်။ မိုးကြိုးခရမ်းဓား ဌာနချုပ်သည် အနောက်ဘက် နတ်ဆိုးနယ်မြေ၌ အမြဲရှိနေခဲ့တာကို တွေ့ရှိခဲ့ရသည်။
နောက်ဆက်တွဲသတင်းများ ပို၍ပင် များပြားလာခဲ့သည်။ တရှ၏ ကျွမ်းကျင်သူများသည် မိုးကြိုးခရမ်းဓား၏ တောင်ဘက်ဝင်ပေါ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး နတ်ဆိုးအဖွဲ့၏ နတ်ဆိုးအများအပြားအား
တံခါးကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ ၎င်းတို့က တိုက်ခိုက်ခံရမည်ကို မကြောက်ကြပေ။
မိုးကြိုးခရမ်းဓားနယ်မြေ၏ တောင်တံခါးမှ မရေမတွက်နိုင်အောင် များပြားလှသော ဓားစွမ်းအင်များ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။ မရေမတွက်နိုင်အောင်များပြားလှသည့် နတ်ဆိုးများ ချက်ချင်း သေဆုံးသွားကြသည်။
ခဏတာအတွင်း၌ပင် တစ်ကမ္ဘာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ မိုးကြိုးခရမ်းဓားနယ်မြေ၏ တောင်ဘက်ဝင်ပေါ်ကို တွေ့ရှိခဲ့သော်လည်း ယင်းသို့ဝင်ရန် မလွယ်ကြောင်း လူတိုင်းသဘောပေါက်သွားကြသည်။ လက်ရှိ တရှ၏ ပညာရှင်များအားလုံးက မိုးကြိုးခရမ်းဓားနယ်မြေ၏ တောင်ဘက်တံခါးအပြင်ဘက်တွင် စခန်းချကာ ထိုနေရာသို့ ဖောက်ဝင်ရန် နည်းလမ်းရှာနေကြသည်။
နတ်ဆိုးအဖွဲ့၏ မွန်းစတားများအား တံခါးကို တိုက်ခိုက်ရန် အဆက်မပြတ် တွန်းအားပေးနေကြသည်။ မရေမတွက်နိုင်အောင်များပြားသော ထိခိုက်ဒဏ်ရာရသူများကြောင့် သွေးများသည် မြစ်ရေကဲ့သို့ စီးဆင်းနေသည်။ လူမျိုးစုတစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည့်အလားပင်ဖြစ်သည်။
မိုးကြိုးခရမ်းဓားနယ်မြေကို ကိုင်တွယ်ဖြေရှင်းရသည်က အလွန် ခက်ခဲလွန်းသောကြောင့် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေနိုင်သည်ဟု ပြော၍ရသည်။ ထိုအချိန်၌ တရှ၏ ပညာရှင် အနည်းငယ်သာ ရှိသည်ကို လူတိုင်းသိကြသည်။ တကယ်တမ်းတွင် မိုးကြိုးခရမ်းဓားနယ်မြေကို ဝင်ရောက်ခဲ့သည့်
စစ်မှန်သော ထိပ်တန်း ပညာရှင်များသည် နာမည်ကြီး ရှန်ဖေးယွင်နှင့် လျန်ရွေ့ချိုင်တို့မဟုတ်ပေ။
ခဏတာအတွင်း၌ ဤသတင်းက ချူးယွင်ဖန်းက လျန်ရွေ့ချိုင်ကို သတ်ကာ မူလစွမ်းအင် ပေါင်းစည်းမှု အစီအရင်ကို သိမ်းပိုက်ခဲ့သည့်အချက်ကို ဖုံးကွယ်သွားခဲ့သည်။