← Chapters

အခန်း (၁၆၁၂-၁၆၁၄)

Vol. 108 Ch. 1612-1614

အခန်း (၁၆၁၂-၁၆၁၄)

Vol. 108 Ch. 1612-1614

အခန်း(၁၆၁၂) ငါမင်းကို သတ်မှာစောင့်နေ

နှစ်ယောက်သား ထွက်သွားသည်ကို ကြည့်ပြီးနောက် ချူးယွင်ဖန်းက သူ့လက်နှင့် ချိပ်စည်းတစ်ခု

ဖန်တီးလိုက်သည်။ ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြားတွင် ကြီးမားသော တောင်တန်းကြီးတစ်ခု ဖြစ်ပေါ်လာကာ မူလစွမ်းအင်ပေါင်းစည်းခြင်း အစီအရင်ကို ဝင်တိုက်မိသွားသည်။

ကြီးမားသော ပေါက်ကွဲမှုနှင့်အတူ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး အစီအရင်တစ်ခုလုံး လုံးဝပြိုကျသွားခဲ့သည်။ အစီအရင်သည် ကြီးမားသော အုပ်စုအမျိုးမျိုး၏ သူလျှိုများရှေ့တွင် ဖျက်ဆီးခံခဲ့ရသည်။

"မူလစွမ်းအင်ပေါင်းစည်းခြင်း အစီအရင် ပြိုလဲသွားပြီ။ ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ!"

"ချူးယွင်ဖန်းအရမ်းကြောက်ဖို့ကောင်းလွန်းတယ်”

"ဒါက မိုးကြိုးခရမ်းနယ်မြေအတွက် ကောင်းတဲ့အရာပဲ!"

အချိန်ကြာလာသည်နှင့်အမျှ မိုးကြ်ုးခရမ်းနယ်မြေ၏ အယူအဆကို လူတိုင်း တဖြည်းဖြည်း လက်ခံလာကြသည်။ ဤချူးယွင်ဖန်းက အမှန်ပင် ရက်စက်ကြမ်းကြုတ်သည်။ သူမရနိုင်သည်ကို အခြားမည်သူမျှ မရနိုင်စေရပေ။ တရှ၏ ကျွမ်းကျင်သူများ အတွက် မူလစွမ်းအင်ပေါင်းစည်းခြင်း အစီအရင်ကို ထားခဲ့ရန် သူ့တွင် ရည်ရွယ်ချက်မရှိပေ။

သို့သော်လည်း မကြာမီတွင်၊ ၎င်းတို့သည် အစီအရင်ကို ဖျက်ဆီးပြီးနောက်၊ အစီအရင်တွင် ပေါင်းစပ်ထားသော မူလစွမ်းအင် မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ လူတိုင်း အံ့အားသင့်သွားကြသည်။ ၎င်းတို့က ချူးယွင်ဖန်းကို မယုံနိုင်စွာ ကြည့်ကြသည်။ အစီအရင်တွင် ပေါင်းစပ်ထားသော မူလစွမ်းအင်များဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ ၎င်းကို ဂရုစိုက်သူတိုင်း ဤအရာကို သိကြသည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့သည် မည်သည့်စွမ်းအင်ကိုမျှ မမြင်နိုင်ကြပေ။

ဘာတွေဖြစ်နေတာလဲ။

ချူးယွင်ဖန်းက အားလုံးကို စုပ်ယူခဲ့ခြင်းဖြစ်သည်ကို ၎င်းတို့ မယုံနိုင်ကြပေ။ ချူးယွင်ဖန်သာ တစ်ကြိမ်တည်းနှင့် မူလစွမ်းအင်များကို ဤမျှများများ စုပ်ယူနိုင်ခဲ့ပါက သူ ပေါက်ကွဲသွားမည်မှာ သေချာသည်။

၎င်းတို့မသိခဲ့သည်မှာ ချူးယွင်ဖန်း၏ တောင်မြစ်ပန်းချီကားထဲတွင် တိတ်ဆိတ်စွာ ပေါင်းစပ်ထားသည့်

ဇစ်မြစ်ပေါင်းစည်းမှု ဆေး ဆယ်လုံး ရှိနေသည်ဟူသော အချက်ပင်ဖြစ်သည်။

ဤဆေးလုံးများကို မူလစွမ်းအင်ပေါင်းစည်းခြင်း အစီအရင်ထဲမှ ပေါင်းစပ်ထားသည့် မူလစွမ်းအင်မှပြုလုပ်ထားခြင်းဖြစ်သည်။ ဤမျှတိုတောင်းသည့် အချိန်အတွင်းတွင် ချူးယွင်ဖန်းက ထိုစွမ်းအင်အားလုံးကို စုပ်ယူနိုင်ခြင်းမရှိသော်လည်း စွမ်းအင်များကို စုဆောင်း၍ ပေါင်းစပ်ထားသည့် ဇစ်မြစ်ပေါင်းစည်းမှု ဆေးများ ပြုလုက်နိုင်သည်။

ချူးယွင်ဖန်းသည် ဆေးတစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူ၍ မျိုချလိုက်သည်။ ကြီးမားသော ပေါင်းစပ်ထားသော မူလစွမ်းအင်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှတစ်ဆင့် စီးဆင်းလာပြီး သူ၏ ခြေလက်များနှင့် အရိုးများထဲသို့ ပျံ့နှံ့သွားကာ အစွမ်းထက်သော စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ မောပန်းနွမ်းနယ်မှုကို ရစ်ပတ်ကာ ရွှေအမတေပုံစံအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် ကူညီပေးခဲ့သည်။

ချူးယွင်ဖန်းက မရပ်တန့်ခဲ့ပေ။ သူသည် အနောက်ဘက် နတ်ဆိုးနယ်မြေရှိ မိုးကြိုးရမ်းဓား၏ တောင်တံခါးဆီသို့ တည့်တည့် ဦးတည်သွားခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲ၏ရလဒ်သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့သည်။ ချူးယွင်ဖန်းက ယန်ဖေးဖန်၏ ရုပ်သေးရုပ်ကို တိုက်ပွဲတွင် သတ်ခဲ့ကာ ရလဒ်သည် လူတိုင်း၏ မျှော်လင့်ချက်ထက် လုံးဝကျော်လွန်ခဲ့သည်။ လူတိုင်း၏ ကနဦးအမြင်အရ ချူးယွင်ဖန်းက ယန်ဖေးဖန်၏ ရုပ်သေးရုပ်ဖြင့် မသေဆုံးခဲ့လျှင်ပင် သူသည် ဝမ်းနည်းဖွယ်အခြေအနေဖြင့် ထွက်ပြေးရဦးမည်ဖြစ်သည်။ အမှန်တကယ်ရလဒ်မှာ အံ့အားသင့်စရာဖြစ်သည်။

"ချူးယွင်ဖန်းအနိုင်ရသွားပြီလား”

"ချူးယွင်ဖန်းက ဒီအထိ တိုးတက်လာတာလား"

"ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ! ချူးယွင်ဖန်း ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ”

ဤတိုက်ပွဲ၏ရလဒ်သည် တရှ၏ပညာရှင်များကိုပင် အံ့အားသင့်စေခဲ့သည်။

"ဒီလူကို ငါတို့ လျှော့တွက်ထားပုံပဲ"

"အဆင့်နိမ့် မိုးကြိုးခရမ်းဓားနယ်မြေမှာ ဒီလိုကောင်မျိုး ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။"

"ယန်ဖေးဖုန်က အရမ်းရှက်စရာကောင်းတာပဲ။ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလို့ ကြွားလုံးထုတ်ပေမယ့် သူပြုပြင်ထားတဲ့ ရုပ်သေးရုပ်ကတော့ အရမ်းအားနည်းတယ်။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။"

"ချူးယွင်ဖန်း ငါ့မှာ အချိန်ရရင် ဒီလောကမှာ မင်းအတွက် နေရာမရှိတော့ဘူး!"

ခဏတာမျှ ကမ္ဘာကြီးက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။ ချူးယွင်ဖန်းက သူ့နေရာကို မဖုံးကွယ်ခဲ့ပေ။ သူသည် ဝံ့ကြွားစွာဖြင့် မိုးကြိုးရမ်းဓား၏ တောင်တံခါးသို့ တည့်တည့်သွားခဲ့သည်။ မည်သူ့ထံမှမျှ သူဖုံးကွယ်၍မရခဲ့ပေ။ ထိုအခါမှသာ ချူးယွင်ဖန်းက မိုးကြိုးရမ်းဓားနယ်မြေသို့ ဦးတည်လိုကြောင်း လူတိုင်းသဘောပေါက်ခဲ့ကြသည်။

ခဏတာအတွင်း လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

တရှ၏ အလွန်အစွမ်းထက်သော ပညာရှင်များကို ရင်ဆိုင်ရသောအခါ မိုးကြိုးခရမ်းဓားနယ်မြေ၏ အဓိကတပ်ဖွဲ့အားလုံးသည် ခေါင်းငုံ့ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိဘဲ ၎င်းတို့ကို တိုက်ခိုက်ရန် မဝံ့မရဲဖြစ်နေကြသည်။

သို့သော် ချူးယွင်ဖန်းကမူ လုံးဝကွဲပြားသည်။ သူသည် အင်အားသုံး၍ တိုက်ခိုက်နေခဲ့သည်။ တရှ၏ ကျွမ်းကျင်သူများ ကျူးကျော်ဝင်ရောက်ပြီးကတည်းက တစ်စုံတစ်ယောက်က ဤမျှ လွှမ်းမိုးနိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ချူးယွင်ဖန်းက ရှန်ဖေးယွင်၊ လျန်ရွေ့ချိုင်နှင့် အခြားသူများကို သတ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ယန်ဖေးဖန်၏ ရုပ်သေးကို ချေမှုန်းရုံသာမက တရှ၏ ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်ရန် မိုးကြိုးရမ်းဓား၏ တောင်တံခါးသို့ ကိုယ်တိုင် အပြေးအလွှား ပြေးသွားခဲ့သည်။

ယင်းက မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ကာ တရှ၏ ပညာရှင်များပင် တခြားရှုထောင့်မှ မကြည့်ဘဲ မနေနိုင်ကြပေ။ ချူးယွင်ဖန်းက သူ၏ သဘောထားကို ပြသရဲသည်။ သူသည် ယန်ဖေးဖုန်ကို သတ်ရန် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။

"ကောင်းပြီ။ သူလာသေတဲ့အထိ ဒီမှာစောင့်နေမယ်” ချူးယွင်ဖန်းကြောင့် ဒေါသထွက်နေသော ယန်ဖေးဖုန်က ဒေါသတကြီးပြောလိုက်သည်။

ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေကာ လူတိုင်း၏ အကြည့်များသည် ချူးယွင်ဖန်းဆီ အာရုံစိုက်နေကြသည်။

အနောက်ဘက်နတ်ဆိုးနယ်မြေတွင် လူတစ်ယောက်က သစ်တောထဲတွင် အံ့ဩစရာကောင်းသည့် အမြန်နှုန်းနှင့် သွားနေခဲ့သည်။

သူ၏ အမြန်နှုန်းက အသံထက်ပင် မြန်လွန်းသည်။ သူ မည်သည့်နေရာသို့ ဖြတ်သွားဖြတ်လာစေကာမူ ကြောက်စရာကောင်းသော အသံဗလံများ ထွက်ပေါ်လာသည်။

သူ့နောက်တွင် ကြောက်စရာကောင်းသော အသံလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရုတ်တရက် ပုံရိပ်က ရပ်တန့်သွားသည်။

ယင်းမှာ အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသော သိမ်မွေ့သော မျက်နှာအမူအရာရှိသော လူငယ်တစ်ဦးဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ သူသည် ကြီးမားသော မုန်တိုင်းတစ်ခု၏ အလယ်ဗဟိုကဲ့သို့ ဖြစ်နေသည်။

သူသည် နတ်ဆိုးအဖွဲ့ပတ်လည်ရှိ လေထုကို စုပ်ယူလိုက်သည်။ အေးစက်မှု၏ သက်ရောက်မှုကို မခံခဲ့ရပေ။ သူသည် ထိုအရာအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူပြီး သူ၏ကိုယ်ပိုင်အစွမ်းအဖြစ် ပြောင်းလဲလိုက်သည်။

"ဟား”

ချူးယွင်ဖန်းက အော်ဟစ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါက်ကွဲထွက်လာသည်။ သူသည် ရွှေအမတေပုံစံအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။

မိုးကြိုးရမ်းဓားနယ်မြေ၏ တောင်တံခါးဆီကို သူ မပျံသွားခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက ထိုတံခါးဆီသို့ ပြေးသွားခဲ့သည်။ သူပြေးနေတုန်းတွင် သူ့ခန္ဓာကိုယ်က စွမ်းအားများ ဆူပွက်လာကာ သူ့ခန္ဓာကိုယ်ထဲမှ သွေးများသည်လည်း ဆူပွက်နေသည့်ရေကဲ့သို့ စီးဆင်းသွားသည်။ သူ့ခန္ဓာကိုယ်ထဲက သွေးများအားလုံး အဆုံးစွန်အထိ လှုပ်ရှားသွားပြီးနောက် အဆင့်ဖြတ်ကျော်ရန်လာ်း နီးကပ်လာပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည်လည်း ဆက်လက်ကြီးထွားလာသည်။ ခဏလေးအတွင်း၌ပင် ၎င်းသည် တောအုပ်တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့သည်။

အခန်း(၁၆၁၃) လက်စားချေဖို့ လာခဲ့တာလား

ဤအချိန်တွင် ပုံရိပ်အနည်းငယ်သည် ကောင်းကင်ကိုဖြတ်၍ ပြေးလွှားသွားသည်။ ၎င်းတို့က မကြာမီ ချူးယွင်ဖန်းအနီးသို့ ရောက်ရှိလာကာ သူ့ကို မြင်လိုက်ရသည်။ ခေါင်းဆောင်မှာ အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ကြော့ရှင်းသော ခန္ဓာကိုယ်သာမက လှပသောမျက်နှာသည်လည်း ဆွဲဆောင်မှုရှိလှသည်။ ချူးယွင်ဖန်းကို မြင်လိုက်သောအခါ သူမ၏ မျက်နှာသည် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သွားသည်။

"သူပဲ”

အမျိုးသမီး၏ မျက်လုံးများတွင် ထိတ်လန့်ဖွယ်သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နေသည်။ သူမ၏ နောက်တွင် မျက်နှာ လေးထောင့်နှင့် အသက်လတ်ပိုင်းအမျိုးသားတစ်ယောက်နှင့် အစိမ်းရောင်ဝတ်ထားသော လူငယ်တစ်ယောက်ရှိသည်။ ၎င်းတို့သုံးယောက် ချူးယွင်ဖန်ကိုမြင်သောအခါ ၎င်းတို့ဂ မျက်နှာများတွင် သတ်ဖြတ်ချင်စိတ်များ ပေါ်လာသည်။

"တကယ်ကို သူပဲ။ မင်းတကယ်ဒီကိုလာရဲမယ်လို့ ငါမထင်ထားဘူး" အစိမ်းရောင်ဝတ်လူငယ်က ချူးယွင်ဖန်းကို ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"သူ့ကိုသတ်ပြီး အစ်ကိုလျန်အတွက် လက်စားချေလိုက်" အမျိုးသမီးက ဒေါသတကြီးပြောလိုက်သည်။

သူတို့သုံးယောက် ချူးယွင်ဖန်းကိုမြင်သောအခါ ဒေါသထွက်သွားကြသည်။ ချူးယွင်ဖန်း၏ လက်ချက်နှင့် သေဆုံးသွားသည့် လျန်ရွေ့ချိုင်အကြောင်း ၎င်းတို့အားလုံး တွေးမိကြသည်။ ၎င်းတို့တွင် လျန်ရွေ့ချိုင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သူက ၎င်းတို့၏ အသက်ကို ကယ်တင်ခဲ့သည်ဟု ပြော၍ရသည်။ သူ့ကြောင့်မဟုတ်လျှင် ၎င်းတို့ရှိမည်မဟုတ်ပေ။

"ရှင် ဒီကိုလာနေတယ်လို့ ကျွန်မကြားထားပြီးသား ခွေးမသား။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက အဲ့ဒေသမှာ ကင်းလှည့်နေတာ၊ နောက်ဆုံးတော့ ရှင့်ကို ဖမ်းမိပြီ"

အနီရောင်ဝတ်ထားသော အမျိုးသမီး၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာတစ်ခု ရှိနေသောကြောင့် လူများ တုန်လှုပ်သွားကြသည်။ မိုးကြိုးခရမ်းဓားနယ်မြေထဲသို့ မဝင်မီက မြင်ကွင်းကို ပြန်အမှတ်ရသောအခါ သူမ၏ မျက်လုံးများ ရဲတက်လာသည်။

"စိတ်မပူပါနဲ့။ မိုးကြိုးရမ်းဓားရဲ့ အမွေကို ရပြီးတာနဲ့ ကို့ ကျင့်ကြံမှုအဆင့် တိုးတက်လာလိမ့်မယ်။ မင်းရဲ့ ဂိုဏ်းချုပ်ဆီ သွားပြီး ကိုတို့ လက်ထပ်ပွဲကို ကမ်းလှမ်းပါ့မယ်။"

ဤအကြောင်းကြားပြီးနောက် ၎င်းတို့ကို ကောင်းကင်နှင့်မြေကြီးက ထာဝရခွဲခွါသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ ယင်းကို

စဉ်းစားမိသောအခါ အမျိုးသမီး၏ မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်က ပို၍ရှင်းလင်းလာသည်။

"ဒီကောင်က ရက်စက်လွန်းတယ်။ အစ်ကိုကြီး လျန်တောင် သူ့ကို မယှဉ်နိုင်ဘူး။ ငါတို့ သူ့ကို ဘယ်လိုအနိုင်ယူရမှာလဲ" အသက်လတ်ပိုင်းလူက တွေးတောလိုက်သည်။

သူ့မျက်နှာအမူအရာက အနည်းငယ်ကြောက်ရွံ့နေပုံရသည်။ ချူးယွင်ဖန်း၏ လက်ရှိဂုဏ်သတင်းက အတုအယောင်မဟုတ်ပေ။ သူသည် ဤကာလတစ်ခုလုံး သူ့လမ်းကြောင်းကို လျှောက်လှမ်းနေခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီက သူ့အကြောင်းကို မည်သူမျှ မသိခဲ့သော်လည်း ရှန်ဖေးယွင်နှင့် လျန်ရွေ့ချိုင်တို့နှင့်

တိုက်ပွဲနှစ်ခုအပြီးတွင် ချူးယွင်ဖန်း၏ ပြင်းထန်သော ဂုဏ်သတင်းကို ကမ္ဘာက သိလာခဲ့သည်။ ယန်ဖေးဖုန်၏

ရုပ်သေးရုပ်ကို ဖျက်ဆီးလိုက်သည့်အခါ လူအများအပြား ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြသည်။ ၎င်းတို့အနက် ချူးယွင်ဖန်းကို မျက်လုံးထဲ မထည့်သူများ ရှိခဲ့သော်လည်း အသက်လတ်ပိုင်းလူကမူ ၎င်းတိူ့ထဲမှ တစ်ယောက် မဟုတ်ပေ။

"ဘာပြောလိုက်တာလဲ" အနီရောင်ဝတ်ထားသည့် အမျိုးသမီးက အသက်လတ်ပိုင်းလူကို သတ်ဖြတ်လိုသော အကြည့်နှင့် ကြည့်လိုက်သည်။

“အစ်ကိုလျန်က ကျွန်မတို့အသက်ကို ကယ်တင်တုန်းက ဘာပြောလိုက်တာလဲ။ ရှင်တို့အသက်က သူ့အပိုင်လို့ ပြောတယ်။ ရှင့်ကို ဒီခေါ်လာဖို့ အစ်ကိုလျန်က ကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ခဲ့ရတယ်။ ဒီလိုနည်းနဲ့ ရှင် သူ့ကို ပြန်ပေးဆပ်ရမယ်!"

အသက်လတ်ပိုင်းအရွယ် အမျိုးသားက အမျိုးသမီးကို ကြည့်၍ စိတ်ရှုပ်ထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ လျန်ရွေ့ချိုင်က သူမအတွက် မည်သို့ဆိုလိုသည်ကို သူ နားလည်သည်။

လျန်ရွေ့ချိုင်က သူမဘဝတွင် အထောက်အပံ့ ထောက်တိုင်ဖြစ်ခဲ့သည်။ ယခု ဤထောက်တိုင်ကို ဆုံးရှုံးသွားပြီဖြစ်သောကြောင့် သူမ၏ လက်စားချေမှုကို တားဆီးရဲသည့် မည်သူမဆို သူမ၏ ရန်သူ

ဖြစ်လာလိမ့်မည်။

"ဟုတ်တယ်။ ကျွန်တော်တို့ကို အစ်ကိုလျန်က ကယ်တင်ခဲ့တာ၊ ချူးယွင်ဖန်းက အခုအချိန်မှာ အဆင့်တက်ဖို့လုပ်နေပုံပဲ။ ကျွန်တော်တို့ လှုပ်ရှားဖို့ အခွင့်အရေးကောင်းပဲ" လူငယ်က ခဏစောင့်ကြည့်ပြီးနောက် ပြောလိုက်သည်။

ချူးယွင်ဖန်းက အောင်မြင်မှုတစ်ခု၏ အစွန်းတွင် ရှိနေသည်ဟု သူယုံကြည်နေသည်။ ၎င်းသည် သံသယဖြစ်စရာမလိုသော အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

"ဟုတ်တယ်။ ဒါက အကောင်းဆုံးအခွင့်အရေးပဲ။ ကောင်းကင်ဘုံတောင် ကျွန်မတို့ဘက်မှာရှိတယ်၊ ရှင်ထင်လား" အမျိုးသမီးက ကျယ်လောင်စွာပြောလိုက်ပြီး မျက်လုံးများသည် ပြင်းထန်သော အမုန်းတရားများနှင့် တောက်ပနေသည်။

"ဒါ့အပြင် ဒီလူက အစွမ်းထက်တယ်။ သူ့ကို ထပ်ပြီး အဆင့်ဖြတ်ဖို့အခွင့်အရေးပေးရင် ကျွန်မတို့ရဲ့ ကံဆိုးမှုပဲ"

"ရှင်ကြောက်နေတယ်ဆိုတာ ကျွန်မသိပါတယ်" အမျိုးသမီးက ပြောသည်။

"ဒါပေမယ့် စဉ်းစားကြည့်ပါ။ မြို့ဝန်ဟန်ထျန်က ချူးယွင်ဖန်းရဲ့ ဦးခေါင်းကို ရှာနေတယ်။ ကျွန်မတို့ ရတာနဲ့ ရှင်လိုချင်တာ ဘာမဆိုရနိုင်တယ်။ ရှင့်မှာ အမတေရလာဖို့

မျှော်လင့်ချက်တောင် ရှိတယ်"

အသက်လတ်ပိုင်းလူကလည်း ယင်းကို စဉ်းစားမိသည်။ ၎င်းကို စဉ်းစား၍

အံကြိတ်လိုက်သည်။

"မင်းတို့ပြောတာ မှန်တယ်။ ဒါက ကောင်းတဲ့ အခွင့်အရေးပဲ"

အသက်လတ်ပိုင်းအရွယ်လူက ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်သည်။ ဤအချိန်တွင် သူ့စိတ်လွတ်သွားပုံရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်လုံးတစ်လုံးက ဝန်းရံထားသည်။

အသက်လတ်ပိုင်းလူက အနောက်သို့ တစ်ချက်ကန်ပြီးနောက် မြေပြင်ကို နင်းချလိုက်သည်။ ဤကန်ချက်သည် ကောင်းကင်တစ်ခုလုံးကို လှန်ပစ်ပြီး ချက်ချင်းပင် ချုးယွင်ဖန်းပေါ်သို့ ကျရောက်သွားသည်။

ဘမ်း

ဤကန်ချက်က ချူးယွင်ဖန်း ပတ်လည်က စွမ်းအင်လှိုင်းကို ထိုးဖောက်ဝင်ရောက်၍ သူ့ခန္ဓာကိုယ်ပေါ် တည့်တည့်ကျသွားသည်။ သို့သော် တိတ်ဆိတ်နေကာ မြေပြင်ပေါ်တွင် တုန်ခါမှုအနည်းငယ်ပင်မရှိပေ။

သူ့ကန်ချက်၏ စွမ်းအားကို အားတစ်ခုက စုပ်ယူသွားသည့်အလားပင်ဖြစ်သည်။

"ဘာ ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

အသက်လတ်ပိုင်းလူ၏ မျက်နှာအမူအရာ ပျက်သွားသည်။ သူ တစ်ခုခုကို တွေးမိပြီးနောက် ချက်ချင်းပင် လမ်းမှ ထွက်သွားရန် ကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်၌ ရုတ်တရက် ကြီးမားသော အားတစ်ခုက သူ့ခြေထောက်ကို ဆွဲကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။

လက်ကြီးတစ်ဖက်က စွမ်းအင်မုန်တိုင်းကို လှမ်းယူ၍ သူ့ကို ဆွဲကိုင်ကာ မြေပြင်ပေါ် ပစ်ချလိုက်သည်။

ဘမ်း

ထိုသူကို ဆွဲကိုင်၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ပေရာပေါင်းများစွာ မြင့်မားသော ဖုန်မှုန့်လှိုင်းလုံးကြီးသည် ပင်လယ်ပြင်တွင် ကြီးမားသော မုန်တိုင်းတစ်ခုကဲ့သို့ တက်လာသည်။ သူ့ခန္ဓာကိုယ် ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးမည်မျှ ကျိုးသွားသည်ကို သူ မသိပေ။

သို့သော် သူဆက်မတွေးနိုင်ခင်၌ ကြီးမားသည့် လက်တစ်ဖက်က လေထဲတွင်ပေါ်လာကာ သူ့ကိုရိုက်နှက်သည်ကို မြင်လိုက်ရသည်။

"လုပ်စမ်း ဒီလောက်တောင် ရက်စက်ဖို့ လိုလို့လား”

လူငယ်လေးသည် ဤမြင်ကွင်းကိုမြင်သောအခါ အော်ဟစ်၍ ခုန်ထွက်လိုက်သည်။ သို့သော် နောက်ထပ်ကြီးမားသော လက်တစ်ဖက် ထွက်လာသည်ကို သူမြင်လိုက်ရသည်။ ယင်းက လက်သီးဆုပ်၍ပင် သူ့ကို ထိုးလိုက်သည်။

ဘမ်း

လူငယ်လေးသည် လက်သီးနှင့်ထိမှန်၍ နောက်ပြန်လွင့်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲတွင် အပိုင်းပိုင်းကွဲသွားသည်။ အလယ်အလတ်အဆင့် ပြီးပြည့်စုံသည့် ရွှေအမတေတစ်ယောက်က ချက်ချင်းပင် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားခဲ့သည်။ သူပေါ်လာမှုက အသက်လတ်ပိုင်းအရွယ်လူ၏ ပါးရိုက်ခံရသော ကံကြမ္မာကို မပြောင်းလဲစေခဲ့ပေ။ သူ ခဏလေးပင် မရှောင်နိုင်ထဲ့ပေ။

ခဏအတွင်း၌ သူမ၏ အဖော်နှစ်ယောက် သေဆုံးသွားခဲ့သည်။ အမျိုးသမီး၏ မျက်လုံးများ ရဲတက်လာပြီး ချူးယွင်ဖန်းကို မုန်းတီးစွာ ကြည့်လိုက်သည်။ ချူးယွင်ဖန်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေသည့် ခံစားချက်တစ်ခုကိုသာ သူမ ခံစားနိုင်တော့သည်။

အခန်း(၁၆၁၄) ရွှေအမတေပုံစံအထွတ်အထိပ်အဆင့်

ခဏအတွင်း၌ ရှင်းရှင်းလင်းလင်း နားလည်ပြီး အဆင့်ဖြတ်ကျော်ရန်ကြိုးစားနေဆဲဖြစ်သော ချူးယွင်ဖန်းက ပြီးပြည့်စုံသည့် ရွှေအမတေအဆင့်နှစ်ဦးကို ပေါ့ပေါ့ပါးပါး တိုက်ခိုက်သတ်ဖြတ်လိုက်သည်။

အမျိုးသမီးက ယခုအချိန်၌ ကြောက်လန့်နေပြီဖြစ်သည်။ သူမ၏ ကျင့်ကြံမှုက ကောင်းမွန်သော်လည်း ဤအချိန်တွင် ချူးယွင်ဖန်ရှေ့၌ သူမသည် အနည်းငယ် အားနည်းနေပုံရသည်။ သူမ၏ အဖော်နှစ်ယောက်က ရွှေအမတေပြီးပြည့်စုံအဆင့်များ ဖြစ်သော်လည်း ချူးယွင်ဖန်က ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေသကဲ့သို့ သတ်ပစ်လိုက်သည်။

ချူးယွင်ဖန်ကို တကယ်သတ်ချင်နေသော်လည်း ယခုနူ အနည်းငယ်ကြောက်နေပြီဖြစ်၏။

သူမ ချူးယွင်ဖန်းကို ကြောက်နေခဲ့သည်။

"ကျွန်မ ရှင့်ကို သတ်မယ်!"

အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် ချူးယွင်ဖန်းအပေါ် သူမ၏ဒေါသကြောင့် လွှမ်းမိုးခံလိုက်ရသည်။ သို့သော် သူမ ဘာမှမလှုပ်ရှားနိုင်မီတွင် ကြီးမားသောလက်တစ်ဖက်က မုန်တိုင်းထဲမှ ထွက်လာပြီး သူမအပေါ်သို့ ရိုက်ခတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ကမ္ဘာကြီးကို ဇောက်ထိုးလှန်လိုက်သလိုပင်ဖြစ်သည်။

"လုပ်စမ်းပါ”

အမျိုးသမီးက ၎င်းတို့၏

ယူဆချက်အားလုံး မှားယွင်းနေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ၎င်းတို့က ချူးယွင်ဖန်သည် အဆင့်တက်ခါနီး အခြေအနေ၌ ရှိနေ၍ ရှေ့ဆက်တိုးရန် သို့မဟုတ်

နောက်ဆုတ်ရန် မရဟု ထင်ကြသည်။ သူသည် ၎င်းတို့၏ သနားညှာတာမှုအောက်တွင် ရှိနေသင့်သည်။ အနည်းဆုံးအနေနှင့် သူ၏ နားလည်မှုနှင့် အဆင့်ဖြတ်နိုင်သည့် အခြေအနေမှ နောက်ဆုတ်ကာ အနှောင့်အယှက်ဖြစ်သွားသင့်သည်။

ချူးယွင်ဖန်းက ၎င်းတို့ ထင်ထားသကဲ့သို့ မဟုတ်ကြောင်း မည်သူက သိမည်နည်း။ သူက ၎င်းတို့၏ နားလည်မှုကို လုံးဝချိုးဖျက်လိုက်သည်။ လက်ရှိတွင် သူသည် အဆင့်ဖြတ်ကျော်ရန် ကြိုးစားနေသော်လည်း အားနည်းသူမဟုတ်ပေ။

ဆန့်ကျင်ဘက်အနေနှင့် သူတို့ထင်ထားသည်နှင့် လုံးဝကွာခြားနေသည်။

ချူးယွင်ဖန်းက တိုက်ပွဲများအတွင်း အကြိမ်ပေါင်းများစွာ အဆင့်ဖြတ်ကျော်ထဲ့ရာ သူ၏ကြွယ်ဝသောအတွေ့အကြုံများသည် သူတို့၏စိတ်ကူးထက် ကျော်လွန်ခဲ့သည်။ မှန်သည် သူသည် သူ့ကိုယ်သူ အန္တရာယ်ထဲသို့ အလွယ်တကူ မရောက်စေခဲ့ပေ။

ရိုက်ချက်က အမျိုးသမီးဆီကို တည့်တည့်သွားသည်။ သူမပေါ်ကျလာသည့်လက်ကို ရှောင်ရန် ကြိုးစားရင်း သူမ နောက်ဆုတ်သွားသည်။ သို့သော် နတ်ဘုရားစွမ်းအင်တစ်ခုက သူမအပေါ် တွယ်ကပ်နေသည့်အလား လက်ကို ရှောင်လွှဲနိုင်စွမ်း မရှိသည်ကို သူမ တွေ့ရှိခဲ့သည်။

ဘမ်း

လက်ဖဝါးက သူမအပေါ် ကျရောက်သွားပြီးနောက် သူမ အော်ဟစ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းကွဲအက်သွားပြီး ကောင်းကင်တွင် သွေးများအဖြစ် ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းက သူမကို တောင်မြစ်ပန်းချီကားထဲသို့ ထည့်လိုက်သည်။

ချက်ချင်းသတ်ဖြတ်မှုတစ်ခုပင်ဖြစ်၏။

ပတ်ဝန်းကျင်က မပြောင်းလဲပေ။ ပြင်းထန်သည့်တိုက်ပွဲ မဖြစ်ခဲ့သကဲ့သို့ ပုံမှန်မြင်ကွင်းကို ပြန်ရောက်သွားသည့်နှယ်ပင်ဖြစ်သည်။ ချူးယွင်ဖန်းက အလွန်မြန်လွန်းသောကြောင့် သူတို့ကို သတ်ခင် တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။

ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ နတ်ဘုရားစိတ်ဝိဉာဉ်များသည် ဤနေရာတွင် တိုက်ပွဲကို သတိပြုမိသကဲ့သို့ ပျံ့နှံ့သွားသည်။ ချူးယွင်ဖန်းပတ်လည်ရှိ ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းလည်း ငြိမ်သက်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားကာ မည်သည့်အရာမျှ မကျန်ခဲ့ပေ။

ချူးယွင်ဖန်၏ မျက်နှာအမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။ သူ၏

အဆင့်ဖြတ်ကျော်မှု ပြီးဆုံးသွားပြီး အထွတ်အထိပ် ရွှေအမတေပုံစံအဆင့်ကို တရားဝင် ချိုးဖျက်နိုင်ခဲ့သည်။ ယခု သူသည် ပြီးပြည့်စုံသော ရွှေအမတေ ဖွဲ့စည်းရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။

မိုးကြိုးရမ်းဓားနယ်မြေသို့ သူ အဆုံးထိ မပျံသန်းခဲ့ရသည့် အကြောင်းရင်းက ဤအတွက်ဖြစ်သည်။ မိုးကြိုးရမ်းဓားနယ်မြေရှိ တရှက လူအများစုသည် ထိပ်တန်းပညာရှင်များဖြစ်သည်ကို သူကောင်းကောင်းသိသည်။ သူ လုပ်ဆောင်ချက်မလုပ်ခင်တွင် လုံးဝယုံကြည်မှုရှိရန် လိုသည်။

ယခု သူ၏ခွန်အားတိုးတက်လာသည်နှင့်အမျှ သူ၏တိုက်ခိုက်ရေးခွန်အားသည် အဆပေါင်းများစွာတိုးလာခဲ့သည်။ နတ်ဘုရားခွန်အားအဆောင်မပါလျှင် သာမန်အမြင့်ဆုံးပြီးပြည့်စုံသည့် ရွှေအမတေများသည် သူ့ကို မယှဉ်နိုင်ပေ။

သူအဆောင်ကိုအသုံးပြုပြီးသည်နှင့် သူသည် ၎င်းတို့အားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ချူးယွင်ဖန်းလည်း မိုးကြိုးရမ်းဓား၏ အမွေအနှစ်အပိုင်းအစတစ်ခုကို ရယူချင်သည်။ အနည်းဆုံးတော့ ယန်ဖေးဖုန်ကို ရယူခွင့်မပေးနိုင်ပေ။

နတ်ဘုရားခွန်အားအဆောင်ကို တစ်ကြိမ်အသုံးပြုပြီးနောက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသန်းပေါင်းများစွာကို ပြန်လည်ဖြည့်သွင်းရန် အသုံးပြုခဲ့ရသည်။ သုံးစွဲမှုမှာ မများလှသော်လည်း ဒုတိယအကြိမ်အသုံးပြုပြီးနောက် ၎င်းတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

အခြေအနေကို ကြည့်လျှင် သူ အသုံးချနိုင်စရာ သိပ်မရှိသော်လည်း ချူးယွင်ဖန်းအတွက် ဤမျှနှင့် လုံလောက်သည်။

ချူးယွင်ဖန်းက သူ၏အရှိန်အဝါကို မည်သူမျှ မသိစေရန် ထိန်းချုပ်ထားလိုက်သည်။ သို့သော် ဤလူများ၏ နတ်စွမ်းအင်များက သူ့အပေါ် လွှမ်းမိုးသွားသောအခါ သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်။

"သူပဲ!"

"သူတကယ်ရောက်လာတယ်၊ ဒီအချိန်မှာပဲ။ ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးမားမှုကို သူတကယ်မသိဘူး။"

လူတိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးကြသည်။ မကြာမီတွင်ပင် ကြီးမားသောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သူတို့တွေ့ရှိခဲ့သည်။ သူတို့၏ခွန်အားဖြင့် ဖြစ်ပျက်ခဲ့သည်များကို လျင်မြန်စွာ သိရှိခဲ့ကြသည်။

ချူးယွင်ဖန်းကို သတ်ရန် ခြိမ်းခြောက်ခဲ့သော လူသုံးဦး ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် ယခင်က တိုက်ခိုက်ခဲ့သူများဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပေ။ အခင်းဖြစ်ပွားရာနေရာမှ အခြေအနေအရ ၎င်းတို့သုံးဦးသည် ကံဆိုးခဲ့ပုံပေါ်သည်။

သူတို့နတ်ဘုရားစွမ်းအား၏ အတက်အကျကို ခံစားမိချိန်ကို ပြန်စဉ်းစားကြည့်သည့်အခါ အံ့အားသင့်စရာကောင်းသော ကောက်ချက်တစ်ခုကို မြန်မြန်ဆန်ဆန် ချလိုက်ကြသည်။ ချူးယွင်ဖန်းက ပြီးပြည့်စုံသည့် ရွှေအမတေ သုံးဦးကို အချိန်တိုအတွင်း သတ်ပစ်လိုက်သည်။

ထို့ကြောင့် ချူးယွင်ဖန်း၏ စွမ်းအားကို မသိသော တရှ၏ ကျွမ်းကျင်သူ အများအပြား၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းက အလွန်ရက်စက်ကြမ်းကြုတ်လွန်းသည်။

သူသည် ရက်စက်ကြမ်းကြုတ်သည့် နဂါးတစ်ကောင် မဟုတ်ပါက မြစ်ကို မဖြတ်ကူးနိုင်ပေ။

ချူးယွင်ဖန်းသည် သူတို့အတွက် ကောင်းသောလူတစ်ယောက်ဟု မထင်ရသော်လည်း ပေါ့ပေါ့တန်တန်ဆက်ဆံရမည့်သူလည်း မဟုတ်ပေ။ သူပေါ်လာသည့်အချိန်တွင် သူသည် သူတို့အား ပြင်းထန်သောအစွမ်းသတ္တိကို ပြသခဲ့သည်။

ချူးယွင်ဖန်ရောက်ရှိလာခြင်းသတင်းသည် ခရမ်းရောင်မိုးကြိုးဓားများ၏ပတ်ဝန်းကျင်သို့ မိုးကြိုးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ သူက လာမည်ဟုပြောခဲ့သော်လည်း လူအများက သူသည် ကျွမ်းကျင်သူများစုဝေးရာ ဤနေရာကို လာရန် သတ္တိရှိမည်မဟုတ်ဟု ထင်မြင်ခဲ့ကြသည်။

သူတို့ လုံးဝမှားသွားခဲ့သည်။ ချူးယွင်ဖန်းတွင် ထိုသို့ သတ္တိရှိသည်။

မိုးကြိုးရမ်းဓားနယ်မြေ၏ တောင်တံခါးအပြင်ဘက်တွင် မရေမတွက်နိုင်အောင်များသော ပုဂ္ဂိုလ်များ လှည့်လည်သွားလာနေကြသည်။ တရှက ပညာရှင်များသာမကပေ။ မိုးကြိုးခရမ်းနယ်မြေက

ရွှေအမတေများလည်း များစွာ ရှိသည်။ အခွင့်အလမ်းနည်းသည်ကို ၎င်းတို့ သိသော်လည်း မိုးကြိုးရမ်းဓားနယ်မြေ၏ အမွေအနှစ်ကို ရရှိပြီးနောက် တခြားသူများထက် ထူးခြားနေလိမ့်မည်ဟု မျှော်လင့်နေကြတုန်းဖြစ်သည်။

တောအုပ်တစ်ခုထဲတွင် ချူးယွင်ဖန်းသည် မြင့်မားသော သစ်ပင်တစ်ပင်ကို မှီထားသည်။ သူ့ရှေ့တွင် အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ဦးသည် လေးစားစွာဖြင့် သူ့ထံ သတင်းပို့နေသည်။

"ဧကရာဇ်အကြံပေးခင်ဗျာ ယန်ဖေးဖုန်အကြောင်း သင်သိချင်တဲ့ အချက်အလက်အားလုံး ဒီမှာရှိပါတယ်။"

All Chapters