အခန်း (၁၆၁၅-၁၆၁၇)
Vol. 108 Ch. 1615-1617
အခန်း(၁၆၁၅) ‘ချူးယွင်ဖန်း’ ဆိုတဲ့ နာမည်
ချူးယွင်ဖန်းက ထိုလူ၏လက်မှ ကျောက်စိမ်းပြားတစ်ချပ်ကို ယူလိုက်သည်။ ထိုအထဲတွင် အချက်အလက်များစွာ ပါဝင်သည်။ ထိုအချက်အလက်အားလုံးသည် ခရမ်းရောင်မိုးကြိုးဓားများအတွင်း နေရာအမျိုးမျိုးမှ ထိုလူစုဆောင်းထားခြင်းဖြစ်သည်။
ချူးယွင်ဖန်းရှေ့၌ သူသည် သူ၏ရာထူးကို သိသည်။ ဧကရာဇ်နှစ်ပါးကို ထောက်ခံခဲ့သော ဧကရာဇ်အကြံပေးသည် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ကောင်ဖြစ်သည်။ သာမန်လူများ မသိသောအရာများစွာကို သူသိပြီး ဤငယ်ရွယ်သော ဧကရာဇ်အကြံပေးကို နားမလည်နိုင်ဟု သူခံစားရသည်။ တရှ၏ ပါရမီရှင်နှင့် နှိုင်းယှဉ်လျှင်ပင် ချူးယွင်ဖန်းက ပို၍ပင် သာလွန်သည်။
ချူးယွင်ဖန်းက ယန်ဖေးယန်နှင့် ပတ်သက်သည့် အချက်အလက်များကို အမြန်လှန်ကြည့်သောအခါ ထိုလူသည် အသက်ပြင်းပြင်းရှူရန်ပင် မဝံ့ရဲပေ။
ယန်ဖေးဖုန်က တရှရှိ အတန်ငယ် အစွမ်းထက်သောဂိုဏ်းတစ်ခုဖြစ်သည့် နတ်ရုပ်သေးဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်။ သူ၏ခွန်အားသည် မယုံနိုင်လောက်အောင် ကြီးမားသည်။ ပုံမှန်အားဖြင့် ဤဂိုဏ်းသည် ထိပ်တိုက်တိုက်ခိုက်လေ့မရှိပေ။ သူတို့သည် ချူးယွင်ဖန်းဖျက်ဆီးခဲ့သော ရုပ်သေးရုပ်များကဲ့သို့သော ရုပ်သေးရုပ်များကို မကြာခဏ စေလွှတ်လေ့ရှိသည်။ သူတို့တိုက်ခိုက်ခဲ့သည့် တစ်ခုတည်းသောအချိန်က ခရမ်းရောင်မိုးကြိုးဓားများ၏ တောင်တံခါးကို သိမ်းပိုက်နေချိန်တွင်ဖြစ်ပြီး ပြသနိုင်ခဲ့သည့် ခွန်အားသည်လည်း ကြောက်မက်ဖွယ်ကောင်းသည်။
၎င်းတို့အသုံးပြုခဲ့သော ရုပ်သေးရုပ်များထက် များသွာ သာလွန်သည်။
“ငါနားလည်ပြီ”
ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။
ယန်ဖေးဖုန်၏ ခွန်အားက သူ၏ ရုပ်သေးရုပ်ထက် များစွာသာလွန်နေနိုင်သည်။ သူ၏ ရုပ်သေးရုပ် ပျက်စီးသွားသော်လည်း သူ၏ အမူအရာကို မပြောင်းလဲခဲ့သည်က အံ့သဩစရာမဟုတ်ပေ။
ချူးယွင်ဖန်းက အဝေးကို ကြည့်လိုက်သည်။ ခရမ်းရောင်မိုးကြိုးဓားများ၏ တောင်တံခါးသည် မြို့ကြီးတစ်မြို့၏ ဝင်ပေါက်ဖြစ်သည်။ နတ်ဆိုးအဖွဲ့က ၎င်းကို သတိမထားမိခြင်းမှာ မြို့တစ်မြို့လုံးကို လျှို့ဝှက်အတားအဆီးဖြင့် ကာကွယ်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် တရှမှ လူများသည်မူ ကွဲပြားသည်။
၎င်းတို့သည် မိုစကြိုးခရမ်းဓားနယ်မြေ၏ ဆက်ခံသူကို ဖမ်းဆီးကာ ၎င်းတို့ထံမှ ဌာနချုပ်၏ တိကျသောနေရာကို ရရှိခဲ့သည်။ ထို့ကြောင့်ပင် ၎င်းတို့၏ပစ်မှတ်ကို တစ်ချက်တည်းဖြင့် ထိမှန်အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မြို့တစ်မြို့လုံး၏ အပေါ်တွင် ကြီးမားသော အတားအဆီးကြီးတစ်ခုရှိသည်။ ချူးယွင်ဖန်းက သူ၏ နတ်မျက်စိကို ဖွင့်လိုက်သောအခါ ဤသည်က
သာမန်အတားအဆီးများ မဟုတ်ဘဲ နတ်ဘုရားမှော်ပညာများနှင့် ဖွဲ့စည်းထားသည့် အတားအဆီးများဖြစ်ကြောင်း သူ တွေ့ရှိခဲ့သည်။
နတ်ဘုရားမှော်ပညာတစ်ခုစီသည် ရတနာဓားတစ်ချောင်းကဲ့သို့ပင်ဖြစ်သည်။ ဤဓားများသည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် လေထဲတွင် စီးဆင်းသွားကာ အတားအဆီးတစ်ခု ဖြစ်လာခဲ့သည်။ ယင်းအတားအဆီးကပင် တရှ ပညာရှင်များကို ရပ်တန့်စေ၍ နတ်ဆိုးအဖွဲ့မှ မွန်းစတားများအား မြို့ကို တိုက်ခိုက်ရန် အမိန့်ပေးစေခဲ့သည်။
သို့သော်လည်း မိုးကြိုးရမ်းဓားများသည် ထိပ်တန်းဂိုဏ်းတစ်ခုအနေဖြင့် ၎င်း၏အစွမ်းသတ္တိကို အမှန်တကယ်ပြသခဲ့သည်။ ထိုမွန်းစတားများသည် နေ့ရောညပါ သေခြင်းကိုမကြောက်ဘဲ တိုက်ခိုက်ကြသော်လည်း အတားအဆီးကို မချိုးဖျက်နိုင်ခဲ့ပေ။ အတားအဆီးကို တိုက်ခိုက်သောအခါ မရေမတွက်နိုင်သော ဓားအလင်းများနှင့် အဆောင်များ နိုးထလာကာ အရပ်လေးမျက်နှာမှ ပေါက်ကွဲထွက်လာကြသည်။
ဤပြင်းထန်သော ဓားမိုးအောက်တွင် မွန်းစတားများ မည်မျှပေ ကြောက်ရွံ့ခြင်းမရှိဘဲ ဝင်ရောက်တိုက်ခိုက်ပါစေ၊ ၎င်းသည် အသုံးမဝင်ပေ။
တရှ၏ ကျွမ်းကျင်သူများပင် အကြိမ်အနည်းငယ် တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ခြွင်းချက်မရှိဘဲ ၎င်းတို့အားလုံး ပြန်လည်တိုက်ခိုက်ခံခဲ့ရသည်။
၎င်းတို့ထဲမှ တချို့က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ တချို့ကမူ နေရာ၌ပင် သေဆုံးသွားခဲ့သည်။
၎င်းတို့ရရှိခဲ့သည့် အချက်အလက်များအရ တရှ၏ ကျွမ်းကျင်သူများသည် ဝင်ရောက်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့ပြီးဖြစ်ရမည်။ မဟုတ်လျှင် ၎င်းတို့ တိတ်တိတ်လေး စောင့်နေမည်မဟုတ်ပေ။
သတင်းရင်းမြစ်က မိုးကြိုးခရမ်းဓားဂိုဏ်းကို သိမ်းပိုက်ခဲ့ပြီးဟုပြောသည်။ သို့သော် ဤကိစ္စက ချူးယွင်ဖန်းနှင့် မဆိုင်ပေ။
မြို့ကို ၎င်းတို့၏ဒေသနှင့် သက်ဆိုင်ရာစခန်းများအလိုက် စခန်းလေးခုခွဲခြားထားသည်။ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တံခါးများတွင် ၎င်းတို့၏ကိုယ်ပိုင်တပ်ဖွဲ့များရှိသည်။ ၎င်းတို့ထဲတွင် ယန်ဖေးဖုန်သည် မြောက်တံခါး၏ခေါင်းဆောင်ဖြစ်သည်။
ထိုနေရာရှိတပ်ဖွဲ့များသည် သူ့လက်အောက်တွင် လက်အောက်ခံကြသည် သို့မဟုတ် သူ့လက်အောက်တွင် သခင်များဖြစ်ကြသည်။
ချူးယွင်ဖန်းသည် ယန်ဖေးဖုန်နှင့် မျက်နှာချင်းဆိုင်ရှိ မိုးကြိုးခရမ်းဓားနယ်မြေ တောင်ဘက်တံခါးတွင် ရှိနေခဲ့သည်။ မိုးကြိုးရမ်းဓား၏ တောင်ဘက်တံခါးတွင် ကျွမ်းကျင်သူများသည် တောင်များနှင့် သစ်တောများတစ်လျှောက် ပြန့်ကျဲနေပြီး အတားအဆီး ပွင့်လာရန် စောင့်ဆိုင်းနေကြသည်။
ရုတ်တရက် သူတို့သည် တောင်ဘက်တံခါးသို့ တည့်တည့်သွားနေသော ဝင့်ကြွားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
"ရပ်လိုက်! မင်းဘယ်သူလဲ"
ထိုဒေသတွင် ကင်းလှည့်နေသော တရှမှ ကျွမ်းကျင်သူအနည်းငယ်က ဤလူကို ရပ်တန့်စေခဲ့သည်။ ဤလူများအားလုံးသည် ထိပ်တန်းပညာရှင်များဖြစ်သည်။ သူတို့က ရွှေအမတေပြီးပြည့်စုံအဆင့်၌ ရှိနေကြသည်။ မိုးကြိုးခရမ်းဓားနယ်မြေတွင် ၎င်းတို့သည် နိုင်ငံတော်တစ်ခုလုံးကို ဖျက်ဆီးနိုင်သော တည်ရှိမှုများဖြစ်သည်။ သို့သော် ဤနေရာတွင် ၎င်းတို့သည် ကင်းလှည့်တာဝန်အတွက်သာ လုံလောက်သည်။
ဤလူများသည် မာနထောင်လွှားသော အမူအရာများ ပြကြသည်။ ချူးယွင်ဖန်း၏ အဝတ်အစားများကို မြင်သောအခါ သူသည် တရှမှမဟုတ်ကြောင်း သိလိုက်ကြသည်။
"လမ်းဖယ်စမ်း ဒီနေရာက မင်းတို့ နယ်ခံတွေအတွက် မဟုတ်ဘူး။"
"ဟုတ်တယ်။ မိုးကြိုးခရမ်းဓားရဲ့ အမွေအနှစ်ကို ယူဖို့ အခွင့်အရေးရှိတယ်လို့ မင်းတို့ထင်လား။ ရယ်လွန်းလို့ သေးပါထွက်တယ်"
ဤလူများအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောလိုက်ကြသည်။ သို့သော်
၎င်းတို့ရှေ့မှ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ "မင်း ဘယ်သူလဲ" ဟု ထပ်မေးလိုက်ကြသည်။
ဤစကားလုံးများသည် နတ်စွမ်းအင်ရှိပုံရကာ တရှ၏ ဤကျွမ်းကျင်သူအနည်းငယ်၏ ဆံပင်များကို ထောင်မတ်သွားစေသည်။ သူတို့သည် ဆယ်မီတာကျော်အကွာသို့ အလိုလိုခုန်တက်သွားကြသည်။
၎င်းတို့က သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ချူးယွင်ဖန်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။ ၎င်းတို့သည် ရွှေအမတေပြီးပြည့်စုံအဆင့်များ ဖြစ်သောကြောင့် ၎င်းတို့သည် သဘာဝအတိုင်း ကြောက်တတ်သူများမဟုတ်ကြပေ။ သို့သော် ၎င်းတို့ရှေ့၌ ရှိနေသည့် ဤကြီးမားသော လူသတ်နတ်ဘုရားသည်မူ ခြွင်းချက်ဖြစ်သည်။
ချူးယွင်ဖန်းက မိုးကြိုးခရမ်းဓားနယ်မြေတစ်ခုလုံးတွင် ၎င်းတို့ကို ခြိမ်းခြောက်နိုင်ကာ အမှိုက်သရိုက်ကဲ့သို့ ဆက်ဆံနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ အရေးကြီးဆုံးမှာ သူသည် တရှ၏လူများကို မုန်းတီးသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။ သူ ၎င်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်သရွေ့ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်နိုင်မည်မဟုတ်ပေ။
၎င်းတို့၏ ကျင့်ကြံမှုနှင့် မိုးကြိုးခရမ်းဓားနယ်မြေ၏
သာမန် ဒေသခံများရှေ့၌ မာနထောင်လွှားနိုင်လိမ့်မည်။ ချူးယွင်ဖန်းနှင့် တွေ့ဆုံရသည်ကမူ ၎င်းတို့၏ သဘာဝရန်သူနှင့် တွေ့ဆုံရသကဲ့သို့ပင်ဖြစ်သည်။
ချူးယွင်ဖန်းက ဤလူများ ကြောက်လန့်နေသည်ကို မြင်သောအခါ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ သူ မည်သည့်အချိန်မှစ၍ ဤသို့ နာမည်ကြီးလာသနည်း။ သူ့နာမည်ကြားရုံနှင့် ၎င်းတို့ကို ကြောက်လန့်သွားစေလောက်အောင်ပင်ဖြစ်သည်။ ရယ်ရမည်လော၊ ငိုရမည်လော ဂုဏ်ယူရမည်လောကို သူမသိတော့ပေ။
"ဟုတ်တယ်။ ငါက ချူးယွင်ဖန်းပဲ" သူ ခေါင်းညိတ်ပြလိုက်သည်။
ဤလူများ ရုတ်တရက် ပိုဝေးရာကို ထွက်ပြေး၍ သူ့ကို ရန်သူကြီးတစ်ယောက်ကဲ့သို့ စိုက်ကြည့်ကြလိမ့်မည်ဟု မည်သူကထင်မည်နည်း။
၎င်းတို့၏ မျက်နှာများ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေကာ ဆက်မနေရဲကြဘဲ ထွက်ပြေးရန် လှည့်သွားကြသည်။
အခန်း(၁၆၁၆)လှေကားတက်ဖို့ မင်းကို လိုအပ်မယ်
ချူးယွင်ဖန်း အံ့သြသွားသည်။ သူ၏ ဂုဏ်သတင်းက မည်သည့်အချိန်မှစ၍ ဤအဆင့်အထိ ရောက်သွားသနည်း။ ငိုနေသော ကလေးများကို တိတ်သွားစေနိုင်သော အဆင့်၌ရှိသည်။
“ချူးယွင်ဖန်း ရောက်နေပြီ။ ချူးယွင်ဖန်းပဲ!”
တစ်ယောက်ယောက်က ထိတ်လန့်တကြား အော်လိုက်သည်။ ချက်ချင်းပင် အားလုံး၏ လှုပ်ခတ်နေသော နတ်စွမ်းအင်များက ထိတ်လန့်မှုကို ပြနေသည်။ သူ့နာမည်ကို ကြားသောအခခါ အားလုံး ထိတ်လန့်သွားသကဲ့သို့ ထင်ရသည်။
အဝေးတွင် နောက်မှလိုက်လာသော မိုးကြိုးခရမ်းဓားနယ်မြေမှ ပညာရှင်များ အံ့အားသင့်သွားကြသည်။ ဤလူများ လုံးဝ ကြောက်နေကြသည်လော။ ၎င်းတို့သည် ယခင်က
တရှပညာရှင်များ ဤမျှကြောက်တတ်သည်ကို တစ်ခါမျှ မမြင်ဖုးပေ။ ဤသည်က ၎င်းတို့သိသော တရှပညာရှင်များနှင့် လုံးဝကွာခြားသည်။
သူတို့တွေ့ခဲ့သော တရှမှ ကျွမ်းကျင်သူ မည်သူဖြစ်စေ ၎င်းတို့ထဲမှ မည်သူက အဆင့်မြင့်ကာ အင်အားကြီးမားပုံ မပေါ်သနည်း။ ၎င်းတို့ထဲမှ
တချို့က ၎င်းတို့နှင့် စကားပြောရန်ပင် ဂရုမစိုက်ကြပေ။ ၎င်းတို့က
လူတိုင်းကို အမှိုက်ကဲ့သို့ ကြည့်လေ့ရှိသည်။ ထို့ကြောင့်
၎င်းတို့၏ နားလည်မှုအရ တရှပညာရှင်များသည် ယခင်ကထက် ပို၍ပင် မောက်မာသင့်သည်။
သို့သော် ယခုမူ ချူးယွင်ဖန်း၏ နာမည်ကိုကြားပြီးနောက် ထိုလူများ အံ့အားသင့်သွားကြသည်။ ၎င်းတို့သည် ၎င်းတို့သိသော တရှ၏
ကြီးကျယ်ခမ်းနားသည့် ပညာရှင်များနှင့် အတူတူမျိုး မဟုတ်ပေ။
“သူတို့က ငါတို့သိတဲ့ လူတွေပဲလား။”
ဤလူများအားလုံး ပင့်သက်ရှိုက်လိုက်ကြသည်။
“ချူးယွင်ဖန်းက သူတို့ကို တကယ်ကြောက်စေတယ်။”
“ဟားဟားဟား၊ ဒီလူတွေက ငါတို့ကို နယ်ခံတွေ တောသားတွေဆိုပြီး အထက်သေးနေတာ သူတို့မျက်စိရှေ့မှာ လုံးဝမထားခဲ့ကြဘူး။ အခု သူတို့ ဒီလောက် မာနထောင်လွှားရဲသေးလားဆိုတာ ကြည့်ရအောင်။”
“ဟုတ်တယ်။ မိုးကြိုးခရမ်းဓားနယ်မြေမှာ ကျွမ်းကျင်သူတွေ ရှိသေးတယ်ဆိုတာ ငါတို့ သူတို့ကို ပြသင့်တယ်။”
လူအများအပြားက တရှ၏ ကျွမ်းကျင်သူများကို လှောင်ပြောင်နေကြသည်။
ဤလူများသည် အလွန် မာနထောင်လွှားကာ ၎င်းတို့ကို ဝက်များ ခွေးများကဲ့သို့ ဆက်ဆံကြသည်။
ယခု ချူးယွင်ဖန်းက ၎င်းတို့၏ ဒေါသများကို ထုတ်ဖော်ရန် ကူညီပေးခဲ့သည်။
ချူးယွင်ဖန်းက ကျွန်းကျင်သူ မည်မျှကို သတ်ခဲ့သနည်း။ သူတို့ မည်သို့ မကြောက်ဘဲနေနိုင်မည်နည်း။
၎င်းတို့က ချူးယွင်ဖန်းကို အာရုံစိုက်ခဲ့ကြသည်။ သူလာမည်ဟု ပြောထားသော်လည်း သူဤမျှထိ
ပွင့်ပွင့်လင်းလင်း ထွက်လာသည်မှာ ယင်းက ပထမဆုံး အကြိမ်ဖြစ်သည်။
“ချူးယွင်ဖန်း၊ မင်းဘာလို့ဒီမှာရှိနေတာလဲ” တရှမှ ကျွမ်းကျင်သူတစ်ဦးက မေးလိုက်သည်။
“ငါလာမယ်ဆိုတာ မင်းတကယ်မသိဘူးလား။ မိုးကြိုးခရမ်းဓားနယ်မြေမှာရှိတဲ့
လူအားလုံးကို နိမ့်ကျတဲ့ဒေသခံတွေလို့ မင်းမထင်ဘူးလား” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။
“ငါတို့အားနည်းလွန်းတယ်လို့ မင်းမထင်ဘူးလား။ ငါတို့ဘယ်လောက်အားနည်းလဲဆိုတာပြဖို့ မင်းတို့ထဲကတချို့ကို ငါသတ်ပစ်မယ်!”
တရှမှ ကျွမ်းကျင်သူများသည် တိတ်ဆိတ်သွားကြသည်။ ချူးယွင်ဖန်းက စိန်ခေါ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။
“ချူးယွင်ဖန်း၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်ရမယ်ဆိုတဲ့ စကားပုံကို မင်းမကြားဖူးဘူးလား။ မင်းတကယ်ပဲ မင်းကိုယ်မင်း အဲ့လောက်စွမ်းတယ်လို့ထင်လား။ မင်း အရမ်းမာန်တက်နေတာပဲကွ”
အနက်ရောင်ဝတ်ရုံဝတ်ထားသော လူငယ်တစ်ဦးက ပြောသည်။
“ဘာလို့လဲ။ မင်း ငါ့ကိုဆန့်ကျင်နေတာလား” ချူးယွင်ဖန်းက လူငယ်ကို လှမ်းကြည့်လိုက်သည်။
"မင်းကို ဆန့်ကျင်တာလား။ မဟုတ်ဘူး၊ ငါမဟုတ်ဘူး၊ ဒါပေမယ့် မင်းနားလည်ရမယ်။ မင်း ရှန်ဖေးယွင်နဲ့ လျန်ရွေ့ချိုင်ကို သတ်လိုက်ရုံနဲ့ မင်းလုပ်ချင်တာ လုပ်နိုင်တယ်လို့ မထင်လိုက်နဲ့။ သူတို့နှစ်ယောက်က ငါတို့နဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး" လူငယ်က အေးစက်စက်ပြောလိုက်သည်။
"ဒီနေရာက မင်း မာနထောင်လွှားနိုင်တဲ့နေရာ မဟုတ်ဘူး" သူက ဆက်ပြောသည်၊
"ဒီမှာ စည်းကမ်းရှိတယ်။ မင်းသာ အမိန့်ကို မလိုက်နာရင် သေရလိမ့်မယ်။"
"ဟုတ်တယ်။ ဒီနေရာက မင်း မာနထောင်လွှားနိုင်တဲ့နေရာ မဟုတ်ဘူး။ မင်းက နဂါးတစ်ကောင်ဖြစ်ရင်တောင် ခွေခွေလေးနေရမယ်၊ မင်းက ကျားတစ်ကောင်ဖြစ်ရင်တောင် လှဲနေရမယ်၊"
နောက်ထပ် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက်က ထရပ်ကာ ချူးယွင်ဖန်းကို အေးစက်စက်ကြည့်နေသည်။
ချူးယွင်ဖန်းက ၎င်းတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
"ဘာလဲ မင်း ငါ့ကို တိုက်ခိုက်မှာလား"
ချူးယွင်ဖန်းက ၎င်းတို့နှစ်ယောက်ကို ကြည့်၍ ၎င်းတို့၏ စကားများကြောင့် စိတ်မလှုပ်ရှားပေ။
“မင်းတို့နှစ်ယောက်က အစွန်းရောက်လွန်းတယ်။ ဒီလောကမှာ အစွမ်းထက်တဲ့သူတွေကို လေးစားကြတယ်။ ရှန်ဖေးယွင်နဲ့ လျန်ရွေ့ချိုင်က မင်းနဲ့ ဘာဆိုင်လို့လဲ”
လူတစ်ယောက် အဝေးမှ လျှောက်လာသည်။ ဤလူက
အရပ်ရှည်ကာ ရုပ်ရည်လည်း ကြည့်ကောင်းသည်။ ထိုလူက ချူးယွင်ဖန်းနှင့် လူနှစ်ယောက်ရှေ့တွင် လာရပ်သည်။
“ဟွမ်ဖုန်း မင်းက အပြင်လူတစ်ယောက်အတွက် ရပ်တည်ပေးတာက တကယ်သင့်တော်လား”
ခြိမ်းခြောက်နေသည့် လူငယ်က အေးစက်စက်ပြောသည်။
“ယဲ့ချိုးရွှေလို သစ္စာဖောက် တစ်ယောက်နဲ့တင် လုံလောက်ပြီ။ မင်းလည်း ငါတို့ကို သစ္စာဖောက်မှာလား”
ဤခြိမ်းခြောက်နေသော လူငယ်က လူများကို တံဆိပ်ကပ်သည့် နေရာတွင် တော်ကြောင်း ချူးယွင်ဖန်းသဘောပေါက်လိုက်သည်။
“သစ္စာဖောက်တာလား” ဟွမ်ဖုန်းဆိုသော အရပ်ရှည်သူကပြုံးစိစိနှင့်ပြောသည်။
“မင်းတို့နှစ်ယောက်ကြားမှာ အထင်လွဲမှုတစ်ခုခုတော့ ရှိရမယ်ထင်တယ်။ ငါ မင်းတို့နဲ့ဘယ်တုန်းက အတူတူရှိခဲ့လို့တုန်း”
လူတိုင်း၏ အမူအရာက အေးစက်သွားသည်။ ဟွမ်ဖုန်းအကြောင်း လူတိုင်းသိသော်လည်း တိတ်တဆိတ်ရှောင်နေသည့် ဤပြဿနာကို ပြောထုတ်လာလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။
သူ လူတိုင်းရှေ့၌ ပြောခဲ့သည်။
"ငါ့ကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အရေးမကြီးပါဘူး။ သူတို့က ငါ့ကိုပစ်မှတ်ထားချင်နေတာဆိုတော့ နောက်ထပ်လူအနည်းငယ်ကို သတ်ရတာကို ငါဂရုမစိုက်ဘူး" ချူးယွင်ဖန်းက အေးစက်စွာပြောသည်။ သူ့ကိုပစ်မှတ်ထားသူများကို ဘယ်သောအခါမှ တွန့်ဆုတ်ပေ။
"မင်း အခု ဒူးထောက်ပြီး ငါ့ကိုတောင်းပန်၊ မဟုတ်ရင် မင်းသေမှာ။" ချူးယွင်ဖန်း၏အသံသည် ပို၍ပို၍အေးစက်လာသည်။
ချူးယွင်ဖန်းက ၎င်းတို့ကို ဤမျှ မျက်နှာသာမပေးဘဲ နေလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားသဖြင့်
ဒေါသထွက်နေကြသည်။ ချူးယွင်ဖန်းသည် သူတို့ထင်ထားသည်ထက် များစွာပို၍အားကောင်းသည်။
"မင်းနောက်ကလူက ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်းတို့ အခု ထွက်လာရဲတယ်ဆိုတော့ ငါ့ဒေါသကို ရင်ဆိုင်ကြတော့”
ချူးယွင်ဖန်း၏စကားများကို လူတိုင်းကြားသောအခါ၊ သူတို့ သဘောပေါက်သွားကြသည်။ ဤလူနှစ်ဦးက တရှအတွက် ရပ်တည်နေပုံရသော်လည်း ၎င်းတို့နောက်တွင် အခြားသူများရှိနေနိုင်သည်။
မိုးကြိးခရမ်းဓားနယ်မြေမှ လူအမြောက်အမြားက ချူးယွင်ဖန်း၏ ပုံစံကို သိကြသည်။ သူ့ ပွဲဦးထွက်ကတည်းက သူ ဘယ်သောအခါကမျှ အရှုံးမပေးဖူးပေ။ သူ့ကို ဖိနှိပ်ရန် ကြိုးစားသူ မည်သူ့ကိုမဆို သတ်ပစ်ပေလိမ့်မည်။
“ဒါက သူ့ရဲ့ ပုံစံပဲ။ ချူးယွင်ဖန်းက ဒီလူတွေကို ခေါင်းငုံ့လိုက်ရင် ငါတို့သိတဲ့ ချူးယွင်ဖန်းမဟုတ်တော့ဘူး။”
“မင်း အရမ်းလွန်နေပြီ။ မင်းကိုယ်မင်း တကယ် ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား” လူငယ်လေးက အော်ပြောလိုက်သည်။
ထို့နောက် မီးလုံးတစ်ခု လင်းလက်သွားပြီး သူ့လက်ထဲတွင် ကြေးတူကြီးတစ်ခု ပေါ်လာသည်။
အခန်း(၁၆၁၇) ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်များကို စက္ကန့်ပိုင်းအတွင်းသုတ်သင်ခြင်း
ဤအရပ်ပုပုလူငယ်၏ လက်ထဲမှ ကြေးတူသည် သူ့ထက်မြင့်သည်။ သူ့လက်ထဲ ဝှေ့ယမ်းလိုက်သောအခါ အနည်းငယ် ရယ်စရာကောင်းသည်။ သို့သော် ကြေးတူက ကမ္ဘာကြီးကို ကြေမွသွားစေမည့် ကြောက်စရာကောင်းသော လေဆင်နှာမောင်းတစ်ခုကို ဖန်တီးပေးခဲ့သည်။
ဤအရပ်ပုသော လူငယ်က တူကျွမ်းကျင်သူတစ်ဦးဖြစ်ကာ
အလွန်ကြောက်စရာကောင်းသည်။
"သေးငယ်တဲ့လှည့်ကွက်တွေ”
ဤအရပ်ပုသော လူငယ်တွင် အံ့သြဖွယ်ကောင်းသော ခွန်အားရှိသည်။
သာမန်သူများ သူ့ကို မြင်ပါက ၎င်းတို့၏ အရှိန်အဟုန်များ ဆုံးရှုံးရပေလိမ့်မည်။ သို့သော် ချူးယွင်ဖန်းရှေ့၌မူ သူ၏ ကျွမ်းကျင်မှုကို ကျွမ်းကျင်သူတစ်ဦးအား ပြသနေခြင်းသာဖြစ်သည်။
ချူးယွင်ဖန်းက မကြည့်ဘဲ ထိုးလိုက်ရာ ထိုလက်သီးက တူကို တည့်တည့်ထိမှန်သွားသည်။
"ချူးယွင်ဖန်းက မာနကြီးလွန်းတယ်။ အဲဒီကြေးတူက အနည်းဆုံး ပေါင်တစ်သောင်းရှိတယ်၊ သူက လက်ဗလာနဲ့ ထိုးရဲတယ်ပေါ့"
"ဒီကောင် ယုံကြည်မှုလွန်ကဲနေတယ်။"
ချူးယွင်ဖန်း၏ လုပ်ရပ်ကြောင့် လူတိုင်းအံ့အားသင့်သွားကြသည်။ ဤမျှ ပြင်းထန်သော တိုက်ပွဲပုံစံကို ၎င်းတို့ တစ်ခါမျှ မမြင်ဖူးကြပေ။
ယှဉ်နိုင်စရာမရှိသော ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်းက ချူးယွင်ဖန်းသည် ၎င်းတို့ ထင်ထားသကဲ့သို့ သူ့လက်မောင်းကို မဆုံးရှုံးလိုက်ရသည်ကို မြင်လိုက်ရသည်။ ဆန့်ကျင်ဘက်အနေနှင့် သူ့လက်သီးက ကြေးတူကို ထိုးဖောက်ကာ အပိုင်းပိုင်းကွဲသွားသည်။
"ဒါ မဖြစ်နိုင်ဘူး”
အရပ်ပုသော လူငယ်က အလျင်အမြန်ဆုတ်သွားသည်။ ချူးယွင်ဖန်းကြောင့် သူ့လက်မောင်းတစ်ခုလုံး ကျိုးသွားကာ သွေးများ စီးကျလာသည်။ ခွန်အားအရ ချူးယွင်ဖန်းကြောင့် လုံးဝရှုံးနိမ့်သွားသည်။ ချူးယွင်ဖန်းနှင့် ယှဉ်နိုင်သော စွမ်းရည်မရှိပေ။
"မြန်မြန်တိုက်ခိုက်!" အရပ်ပုသော လူငယ်လေးက ဟိန်းဟောက်လိုက်သည်။
သူ့မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများပေါ်လာသည်။ သူနှင့် ခြိမ်းခြောက်နေသော လူငယ်တို့သည် တရှမှ လူအားလုံးကို ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် လှုံဆော်ရန် သဘောတူညီချက်တစ်ခုရထားသည်။ ဟွမ်ဖုန်းကြောင့် ၎င်းတို့ ပျက်ဆီးသွားလိမ့်မည်ဟု မည်သူက သိမည်နည်း။ မည်သူမျှ မလှည့်စားဘဲ ချူးယွင်ဖန်းရှေ့၌ ရပ်လိုက်သည်။
ထိုအချိန်၌ ခြိမ်းခြောက်နေသော လူငယ်က နောက်ဆုံးတွင် စတင်လှုပ်ရှားလိုက်သည်။ သူသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ချူးယွင်ဖန်းဆီသို့ ပျံသန်းသွားသည်။
သူတိုက်ခိုက်သောအခါ မိုးတိမ်များနှင့် လေပြေများလည်း ပေါ့ပါးနေသော်လည်း ချူးယွင်ဖန်း၏ ခေါင်းကို တိုက်ရိုက်ထိုးစိုက်နေသကဲ့သို့ဖြစ်သည်။
ဤသည်က လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ပုံမှန်လှုပ်ရှားမှုဖြစ်သည်။ ဤခြိမ်းခြောက်နေသော လူငယ်က လုပ်ကြံသတ်ဖြတ်သူလမ်းစဥ်ကို သင်ယူခဲ့ကာ ဤအချိန်၌ပင် သူ ပေါက်ကွဲထွက်သွားသည်။
ဤသည်က ၎င်းတို့နှစ်ယောက် ဆွေးနွေးခဲ့သည့် စစ်မှန်သော လျို့ဝှက်ချက်ဖြစ်သည်။ အရပ်ပုသော လူငယ်က ချူးယွင်ဖန်းကို အာရုံလွှဲမည်ဖြစစ်ကာ နောက်ဆုံးလှုပ်ရှားမှုကို လုပ်မည့်သူက ခြိမ်းခြောက်နေသော လူငယ်ဖြစ်သည်။
ချူးယွင်ဖန်းက လုံးဝ မပြင်ဆင်ထားပုံရသည်။
အရပ်ပုသော လူငယ်ကို လိုက်ဖမ်းရန်သာ သူ အာရုံစိုက်ထားခဲ့သည်။ ထို့နောက်
ခဏအတွင်း၌ပင် ခြိမ်းခြောက်နေသော လူငယ်က ချူးယွင်ဖန်း၏ ရှေ့တည့်တည့်သို့ရောက်သွားသည်။
ဓားတစ်ချောင်းက ချူးယွင်ဖန်း၏ခေါင်းပေါ်သို့တည့်တည့်ကြလာသည်။
ချွင်
သတ္တုတိုက်မိသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ့ဓားက ချူးယွင်ဖန်း၏ ခေါင်းပေါ်သို့ ကျသွားပြီးနောက် မရေမတွက်နိုင်အောင်များပြားလှသော မီးပွားများလွင့်စင်သွားသည်။
"မဖြစ်နိုင်ဘူး!"
ခြိမ်းခြောက်နေသော လူငယ်က လုံးဝ အံ့အားသင့်သွားသည်။ ဤတိုက်ခိုက်မှုကို ချူးယွင်ဖန်းက တားဆီးနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ချူးယွင်ဖန်းတွင် နာမည်ကောင်းရှိသည်။ ချူးယွင်ဖန်းက မကြည့်ဘဲ တားလိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်
ချူးယွင်ဖန်း၏ ခုခံမှုကိုမူ သူ မကျော်လွှားနိုင်ခဲ့ပေ။
သူ အာရုံပျံ့လွင့်နေချိန်တွင် ချူးယွင်ဖန်းက အရပ်ပုသော လူငယ်ရှေ့ကို ရောက်လာ၍ သူ့ကို ထိုးလိုက်ရာ အရပ်ပုသော လူငယ်က အံ့အားသင့်သွားသည်။ သူ မတုံ့ပြန်နိုင်ခင်၌ ချူးယွင်ဖန်း၏ လက်ချက်နှင့် သေဆုံးသွားခဲ့သည်။
ခြိမ်းခြောက်နေသော လူငယ်က နောက်ဆုံးတွင် တုံ့ပြန်လိုက်သည်။ အလွန်အန္တရာယ်များသော ခံစားချက်တစ်ခုက သူ့ဦးနှောက်ထဲကို ပြေးဝင်လာသည်။ သူ ထွက်ပြေးချင်သောအခါ နောက်ကျသွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။ ချူးယွင်ဖန်းက သူ့နောက်တွင်ရပ်နေပြီဖြစ်ကာ ဓားအလင်းတန်းတစ်ခုက သူ့ကို ခုတ်ချလိုက်သည်။
ဝှစ်
ခြိမ်းခြောက်နေသော လူငယ်မှာ ခုခံကာကွယ်မှု မရှိဘဲ နှစ်ပိုင်းကွဲသွားသည်။
ဤအရာများအားလုံးက အသက်အနည်းငယ်ရှုချိန်အတွင်းဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းက မြန်ဆန်သည်။ မည်သူမျှ မတုံ့ပြန်နိုင်ခင်၌ သူ့ကို ရန်စသော လူနှစ်ဦးကို သတ်ခဲ့ပြီးဖြစ်သည်။
လူတိုင်း ချက်ချင်း ပေါက်ကွဲထွက်သွားကြသည်။
"ဘယ်လောက်အစွမ်းထက်လိုက်လဲ။ ချူးယွင်ဖန်းအကြောင်း ကြားဖူးပေမယ့် ငါ့မျက်လုံးနဲ့ မြင်ရတာလောက်တော့ မယှဉ်နိုင်ဘူး။"
"မိုးကြိုးခရမ်းဓားနယ်မြေမှာ ဒီလိုလူတစ်ယောက်ပေါ်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။"
"ဒီလူနှစ်ယောက်ကို အသက်စွန့်ဖို့ ဘယ်သူက ညွှန်ကြားခဲ့တာလဲဆိုတာ ငါမသိဘူး။ တော်တော်နှမြောစရာပဲ။"
"ချူးယွင်ဖန်းရဲ့ ရက်စက်တဲ့နည်းလမ်းတွေက ကောလာဟလတွေထက်တောင် ပိုထိတ်လန့်စရာကောင်းတယ်။ သူတို့နောက်ကွယ်ကလူက ဘယ်သူလဲဆိုတာ သူဂရုမစိုက်ဘူး။"
ချူးယွင်ဖန်း အလောင်းနှစ်လောင်းကို စုဆောင်းနေသည်ကို ကြည့်ရင်း ဟွမ်ဖုန်း၏ မျက်နှာတွင် သိချင်စိတ်ပေါ်လာသည်။ ချူးယွင်ဖန်း၏ နက်နဲသောအဓိပ္ပာယ်ကို သူခံစားမိသည်။ ကြမ်းတမ်းသော နဂါးတစ်ကောင် မြစ်ကိုဖြတ်ကူး၍ မရဟူသည်မှာ အမှန်မဟုတ်သော်လည်း
ချူးယွင်ဖန်းက သူ၏ စွမ်းအားကို အစွမ်းသတ္တိ အပြည့်အဝနှင့် တည်ဆောက်ချင်သည်မှာ သံသယဖြစ်ရန် မလိုပေ။ သူ့ကိုတိုက်ခိုက်ချင်တဲ့သူတိုင်း သူ့လက်ထဲတွင် သေရန် အသင့်ဖြစ်နေရမည်။
သူမတော်တဆသတ်ခဲ့သော လူနှစ်ယောက်က ရွှေအမတေများဖြစ်ကြောင်း သံသယဖြစ်စရာမလိုသော်လည်း ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခံနိုင်ကြပေ။
ဤတိုက်ပွဲအပြီး၌ ချူးယွင်ဖန်း၏ အစွမ်းသတ္တိက လူအမြောက်အမြားကို ခြိမ်းခြောက်ရန် လုံလောက်သည်။
တရှ၏ ကျွမ်းကျင်သူအများအပြားက ဤမြင်ကွင်းကို တိတ်တိတ်လေးကြည့်နေကြကာ အားလုံးက မျက်နှာပေါ်မှ ချွေးစေးများကို သုတ်နေကြသည်။ ချူးယွင်ဖန်းက ကောလာဟလများထက် ပိုရက်စက်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့စောစောစီးစီး ထွက်မလာမိပေ။ မဟုတ်ပါက မည်သို့လုပ်ရမှန်းမသိဘဲ သေသွားကြရလိမ့်မည်။
"အစ်ကိုချူး ကျွန်တော်နဲ့ ခဏလောက် စကားပြောချင်လား" ဟွမ်ဖုန်းက ခဏရပ်၍ မေးလိုက်သည်။
ချူးယွင်ဖန်းသည် တရှမှ ကျွမ်းကျင်သူနှစ်ဦးကို ပေါ့ပေါ့တန်တန်သတ်ခဲ့သည်ဟူသော အချက်ကို မျက်ကွယ်ပြုလိုက်သည်။
"လက်မခံတာထက်စာရင် လက်ခံတာက ပိုကောင်းတယ်" ချူးယွင်ဖန်းက ခေါင်းညိတ်ပြသည်။
ဟွမ်းဖုန်းက ဦးဆောင်လမ်းပြနေချိန်တွင် ချူးယွင်ဖန်းသည် မိုးကြိုးခရမ်းဓား တောင်တံခါးတည်ရှိရာ မြို့ဘေးရှိ အိမ်တစ်လုံးသို့ ရောက်လာသည်။ အတိတ်ကာလတွင် မိုးကြိုးခရမ်းဓားဂိုဏ်းသည် ဤမြို့ကို ၎င်းတို့၏ဌာနချုပ်အဖြစ် သဘောထားခဲ့သည်။ သဘာဝအတိုင်း ဤအိမ်သည် တစ်ခုတည်းသောအိမ်မဟုတ်ပေ။ မြို့နှင့် ဆက်စပ်နေသော အိမ်များစွာရှိသည်။ ထိုအချိန်က မိုးကြိုးခရမ်းဓားဂိုဏ်းက မည်မျှကြွယ်ဝခဲ့သည်ကို မြင်ယောင်ကြည့်နိုင်သည်။ ယခုအခါ အိမ်တစ်လုံးသည် ဟွမ်ဖုန်း၏ အိမ်ဖြစ်လာခဲ့သည်။
သူတို့နှစ်ဦးသည် နောက်ဖေးခြံတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
"အစ်ကို့နာမည်ကို ကျွန်တော် ကြားဖူးတာကြပြီ အစ်ကိုချူး။ အစ်ကို့ကိုတွေ့ဖို့ ကျွန်တော် မျှော်နေတာ။ ဒီနေ့ အစ်ကို့ကို တွေ့တော့မှ အစ်ကိုက လူတွေကြားက နဂါးတစ်ကောင်မှန်း သိလိုက်ရတယ်။ တကယ့်ပါရမီရှင်ပဲ” ဟွမ်ဖုန်းက ပြောသည်။
ချူးယွင်ဖန်းက ဟွမ်ဖုန်းက အပြုံးချိုချိုဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းငါ့ကို စောင့်နေတာကြာပြီဆို မင်းငါ့ကို ကောင်းတဲ့စကားအနည်းငယ်ပြောရုံပဲ လုပ်ချင်တယ်လို့ ငါမထင်ဘူး လိုရင်းကိုပဲ တိုက်ရိုက်ပြောပါ။"
ဟွမ်ဖန်းက သူဖော်ထုတ်ခံရသည်ကို ဒေါသမထွက်ပေ။
"ကောင်းပြီ၊ ရိုးသားတဲ့သူတစ်ယောက်ရှေ့မှာ ကျွန်တော် မယဥ်မကျေး မလုပ်ပါဘူး။ ယန်ဖေးဖုန်နဲ့ ရင်ဆိုင်ရင် ကျွန်တော်တူတူ ပူးပေါင်းဖို့ အစ်ကို့ကို ဖိတ်ခေါ်ချင်ပါတယ်"