← Chapters

အခန်း (၁၆၁၈-၁၆၂၀)

Vol. 108 Ch. 1618-1620

အခန်း (၁၆၁၈-၁၆၂၀)

Vol. 108 Ch. 1618-1620

အခန်း(၁၆၁၈) ဒြပ်မဲ့အဆင့်

“ယန်ဖေးဖန်းနဲ့ ရင်ဆိုင်ဖို့လား” ချူးယွင်ဖန်းက သူ့ဘာသာသူ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ယင်းက မမျှော်လင့်ထားသော အရာတော့ မဟုတ်ပေ။

ဤလောကတွင် အကြောင်းပြချက်မရှိဘဲ အချစ်ဆိုသည်မရှိပေ။ ထို့ကြောင့် သဘာဝအတိုင်း အကြောင်းပြချက်မရှိဘဲ အမုန်းလည်း မရှိပေ။ ချူးယွင်ဖန်းက ဟွမ်ဖုန်းက ရုတ်တရက် သူ့အပေါ် စေတနာကောင်းပြရန် လျှို့ဝှက်ရည်ရွယ်ချက်များ မရှိဟု ယုံကြည်မည်မဟုတ်ပေ။

ဟွမ်ဖန်းသည် အရပ်ရှည်ကာ ချောမောသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အလွန်အစွမ်းထက်သော်လည်း ဖုံးကွယ်ထားသည့် နတ်ဘုရားစွမ်းအားတစ်ခု ရှိသည်။ တခြားသူများဆီမှ ပုန်းအောင်းနိုင်သော်လည်း ချူးယွင်ဖန်း၏ မျက်လုံးများမှမူ ပုန်းအောင်း၍ မရပေ။ ဟွမ်ဖုန်းက အလွန်အားကောင်းသည်။ သူ ယခင်က အနိုင်ယူခဲ့သော အစွမ်းထက်သည့် ရန်သူများထက် သူက ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

ချူးယွင်ဖန်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ ဟွမ်ဖုန်းက ဆက်ပြောသည်။

“ကျွန်တော်တို့အားလုံးက တရှကဆိုပေမယ့် မတူညီတဲ့ အုပ်စုတွေက လာတယ်ဆိုတာ အစ်ကိုဖန်းသိမယ်လို့ ကျွန်တော်ယုံပါတယ်။ ကျွန်တော်က ယန်ဖေးဖုန်နဲ့ ပဋိပက္ခတွေ ရှိတယ်၊ ဒါကြောင့် အစ်ကို့အကူအညီကိုလိုတာ”

ချူးယွင်ဖန်း ခဏမျှ တုံ့ဆိုင်းသွားကာ အလျင်စလို သဘောမတူခဲ့ပေ။

“ယန်ဖေးဖုန်က ခွန်အားကြီးပေမယ့် ငါအနိုင်ရဖို့ အခွင့်အရေးမရှိသလို မဟုတ်ဘူး။ ဒါ့အပြင် ငါကိုယ်ငါ ကာကွယ်နိုင်တယ်။ ဘာလို့ မင်းနဲ့ ပူးပေါင်းဆောင်ရွက်ရမှာလဲ”

ချူးယွင်ဖန်းက ချက်ချင်းသဘောမတူသည်ကို ဟွမ်ဖုန်းက မြင်သော်လည်း သူ စိတ်ထဲမထားပေ။ သူဆိုလျှင် တခြားသူများကို အလွယ်တကူ ယုံကြည်မည်မဟုတ်ပေ။

“အစ်ကို ဒီလိုစဉ်းစားတာ မှန်ပါတယ် ဒါပေမယ့် ပြဿနာတစ်ခုခု ဖြစ်လာမှာကို စိုးရိိမ်မိတယ်” ဟွမ်ဖုန်းကပြောသည်။

“ဘာပြဿနာရှိမှာလဲ” ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့အစွမ်းသတ္တိကို သူ လုံးဝယုံကြည်သည်။ သူ အဆင့်မတက်မီတွင် သာမန်အမြင့်ဆုံး ရွှေအမတေများသည် သူ့ကို မယှဉ်နိုင်ပေ။ ယခု သူ အဆင့်ဖြတ်ကျော်ပြီးပြီဖြစ်၍ ပြီးပြည့်စုံသော ရွှေအမတေ သုံးယောက် ငါးယောက်ကို သူဂရုမစိုက်ပေ။ သူ စိတ်ပိုင်းဖြတ်ထားသဖြင့် ယန်ဖေးဖုန်ကိုလည်း ဂရုမစိုက်ပေ။

“ယန်ဖေးဖုန်ရဲ့ အစွမ်းသတ္တိက ရွှေအမတေပြီးပြည့်စုံခြင်းအဆင့် တစ်ဝက်လောက် ဝေးနေပြီလို့ ငါပြောရင်ရော” ဟွမ်ဖုန်းက ချူးယွင်ဖန်းကို ကြည့်ပြီးနောက် အံ့အားသင့်စရာ သတင်းတစ်ပုဒ်ကို ထုတ်ဖော်လိုက်သည်။

“ဒြပ်မဲ့အဆင့်ကို တစ်ဝက်လောက် ရောက်သွားပြီလား” ချူးယွင်ဖန်း၏ မျက်နှာအမူအရာ အနည်းငယ် ပျက်သွားသည်။

ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သည် အဆင့်၏ အထွတ်အထိပ်ဖြစ်ကြောင်း လူတိုင်းသိသော်လည်း ကျင့်ကြံမှုလမ်းကြောင်း၏ အထွတ်အထိပ် မဟုတ်ပေ။ တကယ်တမ်းတွင် ရွှေအမတေ အဆင့်အထက်၌ တခြားနယ်ပယ်တစ်ခု ရှိကာ ယင်းက ဒြပ်မဲ့အဆင့်ဖြစ်သည်။

ရွှေအမတေအဆင့်သည် ရွှေရောင် အမတေတစ်ခု ဖွဲ့စည်းရန်ဖြစ်သည်။ ထိုအချိန်မှစ၍ လူတစ်ယောက်၏ ဘဝက လူသားကမ္ဘာကို ကျော်လွန်သွားလိမ့်မည်။ သို့သော် ယင်းက အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ စစ်မှန်သော ကျွမ်းကျင်သူတစ်ယောက်အတွက် ဒြပ်မဲ့အဆင့်က တကယ့်အစပြုရာနေရာဖြစ်သည်။

ရွှေအမတေများသည် ၎င်းတို့၏

ရှေ့ကလူများ ချန်ထားခဲ့သော လျှို့ဝှက်သွန်သင်ချက်များအတိုင်း လေ့ကျင့်ကြသည်။ ဒြပ်မဲ့အဆင့်ကို ရောက်သောအခါ ၎င်းတို့က စည်းမျဉ်းများကို တကယ်နားလည်လာလိမ့်မည်။

သိုင်းပညာ၍ ပြောင်းလဲမှုက ပုံရိပ်ယောင်နှင့် စစ်မှန်မှုကြားတွင်

ရှိသည်။ ရွှေအမတေအဆင့်က ပုံရိပ်ယောင်မှ စစ်မှန်မှုအဖြစ်သို့

ကူးပြောင်းခြင်းဖြစ်ကာ ရွှေအမတေသည် စစ်မှန်သော အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လူတစ်ယောက်၏ နတ်ဘုရားစွမ်းအားက နတ်ဘုရားတစ်ပါး၏ အဆင့်အတန်းကို ရောက်သည်အထိ ပို၍ပို၍ အားကောင်းလာသည်။

ဒြပ်မဲ့အဆင့်က စစ်မှန်မှုမှ ပုံရိပ်ယောင်အဖြစ် ကူးပြောင်းခြင်းဖြစ်သည်။

ဒြပ်မဲ့များသည် သဘာဝတရား၏ နိယာမများဖြစ်သည့် ပိုမိုမြင့်မားသော စွမ်းအားအဆင့်ကို နားလည်နိုင်သည်။ ဥပဒေများကို နားလည်ခြင်းနှင့် နားမလည်ခြင်းသည် ရိုးရှင်းသော အယူအဆနှစ်ခုဖြစ်သည်။ အချို့လူများသည် ကွန်ပျူတာကို အသုံးပြုခွင့်ရှိပြီး အချို့မှာ ကွန်ပျူတာ၏ ကုဒ်ကို ပြုပြင်ခွင့်ရှိသကဲ့သို့ပင်ဖြစ်သည်။

“ဒြပ်မဲ့အဆင့်” အမည်ရှိ ဒြပ်မဲ့ဟူသည် သဘာဝတရား၏ နိယာမများကို ကိုယ်စားပြုသည်။ ၎င်းသည် မြင်၍မရ၊ ထိတွေ့၍မရသော စွမ်းအားတစ်ခုဖြစ်ပြီး လူတစ်ဦး၏ ခန္ဓာကိုယ်ဖြင့်သာ နားလည်နိုင်သည်။ ဒြပ်မဲ့အဆင့်သို့ ခြေချပြီးသည်နှင့် ၎င်းတို့သည် အခြားအဆင့်တစ်ခုသို့ ရောက်ရှိလိမ့်မည်။

၎င်းသည် အစသာဖြစ်သော်လည်း ရွှေအမတေများနှင့် နှိုင်းယှဉ်ပါက ကမ္ဘာတစ်ခု ကွာခြားနေဆဲဖြစ်သည်။

ဟွမ်ဖုန်း၏ စကားများကို ကြားသောအခါ ချူးယွင်ဖန်းသည် ယန်ဖေးဖုန်ကို တိုက်ခိုက်ရန် ဟွမ်ဖုန်း အဘယ်ကြောင့် သူနှင့်အတူ ပူးပေါင်းလိုသည်ကို နောက်ဆုံးတွင် နားလည်ခဲ့သည်။

ယန်ဖေးဖုန်သည် ရွှေအမတေပြီးပြည့်စုံခြင်း အထွတ်အထိပ်တွင်သာ ရှိနေပါက ဟွမ်ဖုန်း မကြောက်ပေ။ သို့သော် ဒြပ်မဲ့အဆင့်သို့ ခြေချခြင်းသည် အခြားကိစ္စတစ်ခုဖြစ်သည်။ ခြေလှမ်းတစ်ဝက်သာ ဖြစ်သော်လည်း သူ၏ ခွန်အားသည် အဆမတန် မြင့်တက်လာမည်မှာ သေချာသည်။

ချူးယွင်ဖန်း၏ မျက်နှာအမူအရာက အနည်းငယ် စဉ်းစားဆင်ခြင်နေပုံရသော်လည်း ယန်ဖေးဖုန်က ဒြပ်မဲ့အဆင့်ဝက်သို့ ရောက်သွားလျှင်ပင် သူ့ကိုယ်သူ ယုံကြည်မှုရှိနေဆဲဖြစ်သည်။

အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် မခက်ခဲပေ။ ဇစ်မြစ်ပေါင်းစည်းမှုဆေးလုံး များထဲမှ ကျန်ရှိနေသော စွမ်းအင်ကို အပြည့်အဝ စုပ်ယူရန် အချိန်ရသရွေ့ သူ၏ ခွန်အားက နောက်တစ်ဆင့် တိုးတက်လာမည်ဖြစ်ကာ ဒြပ်မဲ့တစ်ဝက်အဆင့်ပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။

သို့သော် ဤတစ်ကြိမ်တွင်

ချူးယွင်ဖန်းက ငြင်းဆန်ရန် အလျင်စလို မလုပ်ပေ။ သူက ဟွမ်ဖုန်းကို ကြည့်လိုက်သည်။ ချူးယွင်ဖန်းက မငြင်းဆန်သည်ကို မြင်သောအခါ ဟွမ်ဖုန်းက ချက်ချင်းပြောလိုက်သည်။

"အစ်ကို ဒီကိုရောက်လာတာ မကြာသေးတော့ အခြေအနေကို မနားလည်သေးဘူး။ အခု ကျွန်တော်တို့ စခန်းတွေ အများကြီး ခွဲထားတယ်။ ယန်ဖေးဖုန်က အခု မြောက်ဘက်တံခါးကို သိမ်းပိုက်ထားပြီး သူ့နောက်မှာ လက်အောက်ငယ်သားတွေ အများကြီး ရှိနေတယ်။ အစ်ကို့ကို အစောပိုင်းက ရန်စခဲ့တဲ့သူတွေက သူ့ လက်အောက်ငယ်သားတွေပါ။"

ချူးယွင်ဖန်းက နားလည်သည်။ ယင်းက သူ၏ ယခင်ခန့်မှန်းချက်နှင့် မကွာခြားပေ။ သူ့အမြင်အရ ယန်ဖေးဖုန်ဖြစ်နိုင်ခြေ ၈၀%ရှိသော်လည်း သူသေချာမသိပေ။ ယခင်ဖြစ်ရပ်မှ ယန်ဖေးဖုန်က သူ့ကို ပြဿနာရှာနေသည်ဟု သူယူဆခဲ့သည်။ သူ့နောက်ကွယ်တွင် တခြားလူများရှိနေနိုင်သည်။

တရှ၏ ဤလူငယ် ကျွမ်းကျင်သူများထဲမှ မည်သူမျှ ရိုးရှင်းသောသူများ မဟုတ်ပေ။ ၎င်းတို့အားလုံးက ပါရမီရှင်များဖြစ်ကြသည်။

“မြောက်ဘက်တံခါးမှာ ယန်ဖေးဖုန်အပြင် အနောက်ဘက်တံခါးမှာ နေထိုင်တဲ့ နန့်ကုန်းကျိုလည်းရှိတယ်” ဟွမ်ဖုန်းကပြောသည်။

“နန့်ကုန်းကျိုက တရှရဲ့ နန့်ကုန်းမျိုးနွယ်စုက တိုက်ရိုက်ဆင်းသက်လာသူဖြစ်တဲ့အပြင် လူငယ်မျိုးဆက်ကြားမှာ အတော်လေး နာမည်ကြီးတဲ့သူပါ။”

နန့်ကုန်းမျိုးနွယ်စုက နန့်ကုန်းကျိုဟုတ်လား။

ချူးယွင်ဖန်းက မည်သည့်စကားမျှ မပြောပေ။ သူက နာမည်ကို တိတ်တိတ်လေး မှတ်မိနေခဲ့သည်။

“နန့်ကုန်းကျိုးအပြင် အရှေ့တံခါးကို သိမ်းပိုက်ထားတဲ့ ဓားသမားလည်းရှိတယ်။ ဒီလူက သီးသန့် ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ရဲ့နောက်ခံက ဘာလဲဆိုတာ ဘယ်သူမှ မသိဘူး။ သူက လူငယ်မျိုးဆက်ရဲ့ နာမည်ကြီးတပည့်တွေကို စိန်ခေါ်ခဲ့တဲ့ဓားသမားဆိုတာပဲ သိတယ်” ဟွမ်ဖန်းက ပြောသည်။

“တကယ်တော့ သူက ရက်စက်လွန်းပြီး အသက်တွေကို အလွယ်တကူ သတ်ပစ်တတ်လို့ပဲ။ သူက ဂိုဏ်းခေါင်းဆောင်တချို့ကို သူ့ကို ကိုယ်တိုင်တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့ပေမယ့် သူတို့အားလုံး သူ့လက်ချက်နဲ့ ရှုံးနိမ့်သွားခဲ့တယ်။”

“ဒါဆိုရင် တောင်တံခါးကို သိမ်းပိုက်ထားတဲ့သူက မင်းပဲ ဖြစ်ရမယ်” ​ ချူးယွင်ဖန်းက ဟွမ်ဖုန်းကို ကြည့်၍ ဘာသိဘာသာ ပြောလိုက်သည်။

ဟွမ်ဖန်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“လူတိုင်းရဲ့ အသိအမှတ်ပြုမှုကြောင့် ကျွန်တော်က တောင်တံခါးရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ကိုယ့်ဘက်ကိုယ် ကာကွယ်နေကြတာပါ။ အတားအဆီး ဖြိုခွင်းဖို့ စောင့်နေကြတာပါ။”

“အဲ့အချိန်ရောက်ရင် တံခါးအမျိုးမျိုးကနေ ဝင်ရောက်တိုက်ခိုက်မယ်လို့ ကျွန်တော်တို့ သဘောတူထားပြီးသား။ အမွေဆက်ခံမယ့်သူက ဘယ်သူမှာ အရည်အချင်းရှိလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။”

အခန်း(၁၆၁၉) ယန်ဖေးဖုန်၏ တံခါးခေါက်သံ

“ဒါပေမယ့် အဲ့လိုဆိုရင် ဘာလို့ ငါနဲ့ အလုပ်လုပ်ချင်ရတာလဲ” ချူးယွင်ဖန်းက ဟွမ်ဖုန်းကို ကြည့်လိုက်သည်။

“မင်းနဲ့ လက်တွဲမယ့်သူ တခြားမရှိဘူးလား”

“ဟုတ်ပါတယ်၊ ဒါပေမယ့် လူတွေများလေ ပိုကောင်းလေပါပဲ။” ဟွမ်ဖုန်းက ပြုံးလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ အစ်ကိုချုး ယန်ဖေးဖုန်နဲ့ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီ၊ ဒါကြောင့် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ မသင့်တော်ဘူးလား”

ချူးယွင်ဖန်းက ခဏစဉ်းစားလိုက်သည်။

“ဒါဆိုရင် မင်းရဲ့ တောင်းဆိုချက်ကို လက်ခံပါ့မယ်။ ဒါပေမယ့် မိုးကြိုးခရမ်းဓားဂိုဏ်းရဲ့ လက်ရှိအခြေအနေအကြောင်း ငါ သိပ်မသိဘူး။ ငါ့ကို အသေးစိတ်ပြောပြပေးပါလား။”

ဟွမ်ဖုန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

“အစ်ကိုချူး အစ်ကိုက ကျွန်တော်ထင်ထားတာထက် အများကြီး ပိုအားကောင်းတယ်”

ဟွမ်ဖုန်းက ပြောနေစဉ် ချူးယွင်ဖန်းက အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်သည်။

ချူးယွင်ဖန်းက လှုပ်ရှားမှုအနည်းငယ်သာ ပြုလုပ်ခဲ့သော်လည်း ပြီးပြည့်စုံသော ရွှေအမတေအဆင့်အထိ မရောက်သေးကြောင်း သူသိနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ရွှေအမတေပြီးပြည့်စုံအဆင့်နှင့် ရွှေအမတေပြီးပြည့်စုံအဆင့်မရောက်မီကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခုရှိသည်။

ထို့အပြင် ချူးယွင်ဖန်၏ တိုက်ခိုက်နိုင်စွမ်းက ရွှေအမတေ အထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဉ်နိုင်နေပြီဖြစ်သည်။

‘ဒါက ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းလိုက်သလဲ’

ဟွမ်ဖုန်းက သူ၏ ထိတ်လန့်မှုကို ကျော်လွှားရန် အချိန်အတော်ကြာခဲ့သည်။ တစ်ချိန်တည်း၌ သူသည် ချူးယွင်ဖန်း၏ နောက်ခံကိုလည်း အလွန်စိတ်ဝင်စားခဲ့သည်။ ချူးယွင်ဖန်းက မည်သို့သော နောက်ခံမျိူး ရှိသောကြောင့် ဤမျှ အထင်ကြီးစရာကောင်းနေရသည်ကို သူမသိပေ။

“သာမန်လူတွေက မင်းကို ခြိမ်းခြောက်မှုမပေးနိုင်ပေမယ့် နန့်ကုန်းကျို ယန်ဖေးဖုန်တို့က ခြေလှန်းဝက် ဒြပ်မဲ့အဆင့်ကို ရောက်နေကြပြီ။ အခုချိန်မှာ သူတို့ကို ရှောင်တာ အကောင်းဆုံးပဲ” ဟွမ်ဖုန်းက အကြံပေးခဲ့သည်။

“ငါ မမှားဘူးဆိုရင် မင်းလည်း ခြေလှန်းတစ်ဝက် ဒြပ်မဲ့အဆင့်မှာပဲ ရှိနေသင့်တယ်။” ချူးယွင်ဖန်က ယဲ့ချိုးရွှေ ယခင်က ပြောခဲ့သည်ကို သတိရသွားသည်။

မူလစွမ်းအင်ပေါင်းစပ်ခြင်း အစီအရင်၏ နောက်ကွယ်တွင် လူများစွာရှိခဲ့သည်။ ယန်ဖေးဖုန်နှင့် အခြာသူများသည် မူလစွမ်းအင်ပေါင်းစည်းခြင်း အစီအရင်ကို ဒြပ်မဲ့အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် မျှော်လင့်နေကြသည်။

“မင်းပြောတာမှန်တယ်။” ဟွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။

ချူးယွင်ဖန်းက ဤသို့သာဟု

သူ့ဘာသာသူ တွေးနေမိသည်။ သူ၏

လက်ရှိ ကျင့်ကြံမှုအရ သာမန် အထွတ်အထိပ် ရွှေအမတေများပင် သူ့ကို မလှုပ်ရှားစေနိုင်သော်လည်း ဟွမ်ဖုန်းကြောင့် သူ့ရင်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ခံစားလိုက်ရသည်။

ချူးယွင်ဖန်းက ခဏတာ

စဉ်းစားလိုက်သည်။ ဤလူများမှတပါး တခြားသူများကို ဂရုမစိုက်ပေ။ ၎င်းတို့က သူ့ကို ခြိမ်းခြောက်ရန် မလုံလောက်သော်လည်း ဤလူများနှင့် တွေ့လျှင်ပင် သူ့ကိုယ်သူ ကာကွယ်နိုင်သည်။

သူ့ကို အံ့အားသင့်စေသည်မှာ ယန်ဖေးဖုန်က ခြေလှမ်းတစ်ဝက် ဒြပ်မဲ့အဆင့်သို့ ရောက်သွားကာ သူ၏

ခွန်အားက နောက်တစ်ဆင့် တက်လှမ်းလိုက်ခြင်းဖြစ်သည်။

ဤသည်ပ ချူးယွင်ဖန်း၏ အစီအစဉ်များကို ဖျက်ဆီးပစ်လိုက်သည်။ သို့သော် သူ စိတ်ဓာတ်မကျပေ။ အချိန်နည်းနည်း ပိုယူ၍ နောက်ထပ် အဆင့်ဖြတ်ကျော်ရန်သာ လိုသည်။

ထိုအချိန်တွင် ယန်ဖေးဖုန်နှင့် ရင်ဆိုင်ရလျှင်ပင် သူ အနိုင်ရလိမ့်မည်။

"ဒါပေမယ့် မူလစွမ်းအင်ပေါင်းစည်းမှုအစီအရင်က မင်း ဒြပ်မဲ့အဆင့်ကို ဖြတ်ကျော်ဖို့ အသုံးပြုဖို့ စီစဉ်ထားတဲ့ နည်းလမ်းတစ်ခုလို့ ငါကြားတယ်။ အခု ငါ ဖျက်ဆီးလိုက်ပြီဆိုတော့ မင်း စိတ်မဆိုးဘူးလား" ချူးယွင်ဖန်းက မေးလိုက်သည်။

ဟွမ်ဖုန်းက ပြုံးလိုက်ရုံသာ ပြုံးလိုက်သည်။

“အစ်ကိုချူး အစ်ကို ကျွန်တော်တို့ကို လျှော့တွက်ထားတာ။ တရှမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဒြပ်မဲ့အဆင့်က ဘာမှမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်ပေမယ့် ကျွန်တော် တို့အားလုံးဟာ သက်ဆိုင်ရာဂိုဏ်းတွေရဲ့ ထိပ်တန်းတပည့်တွေပါ။ ဒြပ်မဲ့အဆင့်ကို တက်ဖို့ နည်းလမ်းအမျိုးမျိုးရှိတယ်။ အဲ့ အစီအရင် တစ်ခုပဲရှိတာမဟုတ်ဘူး”

“အစ်ကိုချူး မိုးကြိုးခရမ်းဓားနယ်မြေကို ဘယ်သူမဆို ဝင်နိုင်တယ်လို့တော့မပြောနဲ့”

ချူးယွင်ဖန်းက ယင်းကိုကြားသောအခါ သူသတ်ခဲ့သူများ အပါအဝင် ဤလူများသည် ဂိုဏ်းအမျိုးမျိုးထဲတွင် အကောင်းဆုံးဖြစ်နိုင်သည်ဟု ရုတ်တရက် သဘောပေါက်လိုက်သည်။ ၎င်းတို့ အားလုံးက အလွန် သန်မာသည်မဟုတ်သော်လည်း အလားအလာကောင်းသူများ ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ ၎င်းတို့၏ အနာဂတ်က အကန့်အသတ်မရှိပေ။ ထို့ကြောင့် ဤလူများသည် တစ်ယောက်ထပ် ပို၍ တစ်ယောက် မာနကြီးသည်က အကြောင်းမဲ့ မဟုတ်ပေ။

ကံမကောင်းစွာဖြင့် ရှန်ဖေးယွင်၊ လျန်ရွေ့ချိုင်နှင့် အခြားသူများသည် ချူးယွင်ဖန်းကို ရန်စ၍ သူ့လက်ချက်နှင့် သေဆုံးသွားခဲ့ကြသည်။

“မူလစွမ်းအင်က အဖိုးတန်ပေမယ့် ဒီကိုရောက်လာတဲ့ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက် မဟုတ်ဘူး။ ကျွန်တော်တို့တကယ်လိုချင်တာက မိုးကြိုးခရမ်းဓားနယ်မြေရဲ့ အမွေပဲ။”

"ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်းလောက် ရနိုင်မယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ အနာဂတ်အလားအလာက အကန့်အသတ်မရှိ ဖြစ်သွားလိမ့်မယ်" ဟွမ်ဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောသည်။

ချူးယွင်ဖန်းနောက်ဆုံးတွင် နားလည်သွားသည်။ ချူးယွင်ဖန်းက အစီအရင်ကို ဖျက်ဆီးလိုက်သော်လည်း ဟွမ်ဖုန်းက သူနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေသေးခြင်းသည် အံ့ဩစရာ မဟုတ်ပေ။ ဟွမ်ဖုန်းအတွက် ဒြပ်မဲ့အဆင့်ကို ဝင်ရောက်ရန် နည်းလမ်းတစ်ခုထက်ပို၍ ရှိသည်။ အစီအရင်က လမ်းကြောင်းတစ်ခုသာ ဖြစ်သည်။

"တရှနဲ့ ယှဉ်ရင် မိုးကြိုးခရမ်းဓားဂိုဏ်းက အရမ်းအစွမ်းထက်လား" ချူးယွင်ဖန်းက မေးသည်။

"အဲ့တာက အဓိကအချက် မဟုတ်ပါဘူး။ ဒါပေမယ့် မိုးကြိုးခရမ်းဓားဂိုဏ်းရဲ့ အစွမ်းသတ္တိကိုတော့ သံသယဖြစ်စရာ မလိုပါဘူး။ တရှရဲ့ ပထမတန်းစားဂိုဏ်းတွေနဲ့ တန်းတူထားဖို့ လုံလောက်ပါတယ်" ဟွမ်ဖုန်းက ပြောသည်။

"မိုးကြိုးခရမ်းဓားဂိုဏ်းမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျဆုံးသွားခဲ့ကြပေမယ့် သူ့ရဲ့ ဓားလမ်းကြောင်းအတားအဆီးက ကျွန်တော်တို့ကို အကူအညီမဲ့စေတုန်းပါပဲ" ဟွမ်ဖုန်းက သက်ပြင်းချလိုက်သည်။

“ကျွန်တော်တို့ အတင်းအကြပ်လိုချင်ရင် အကြီးအကျယ် ထိခိုက်နစ်နာမှာကို စိုးရိမ်တယ်"

ချူးယွင်ဖန်းက ဟွမ်ဖုန်းသည် မြို့ဝန်ဟန်ထျန်က သူ၏တပ်ကို မိုးကြိုး ခရမ်းဓားနယ်မြေသို့ ဦးဆောင်ရန် စောင့်ဆိုင်းနိုင်ကြောင်း ပြောတော့မည့်အလားပင်ဖြစ်သည်။

သို့သော် ဤလူများသည် မြို့ဝန်ဟန်ထျန် မလုပ်ဆောင်နိုင်မီ အမွေကို ခွဲဝေရန် စီစဉ်နေဖွယ်ရှိကြောင်း သူချက်ချင်းသဘောပေါက်လိုက်သည်။

ကောလာဟလများအရ မြို့ဝန်ဟန်ထျန်၏ အစွမ်းသည် အခြားသူများထက် များစွာသာလွန်သည်။ သူလှုပ်ရှားမှုတစ်ခုပြုလုပ်ပါက ၎င်းတို့သည် ဘယ်သောအခါမှ ဝေစုမရနိုင်ပေ။

“နောက်ပြီး ကျွန်တော်တို့က အဲ့မွန်းစတားတွေကို တိုက်ခိုက်ဖို့ အတင်းအကျပ်စေခိုင်းခဲ့တယ်။ အဲ့မှာ ထိတ်လန့်ဖို့ကောင်းတဲ့ မြင်ကွင်းကို မြင်တွေ့ခဲ့ရတယ်။ အထဲမှာ ထိတ်လန့်ဖို့ကောင်းတဲ့ မြင်ကွင်းတစ်ခု ရှိပြီး အရောင်စုံအလင်းတွေ ထွက်နေတာ ပြီးတော့ အရမ်းလည်း မှော်ဆန်တယ်” ဟွမ်ဖုန်းက ပြောလိုက်သည်။

“ကျွန်တော်တို့ အနီးထိမသွားနိုင်ခဲ့တာ ဝမ်းနည်းစရာပါပဲ။ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ၊ အဲ့ရောင်စုံအလင်းတွေကို မိုးကြိုးခရမ်းဓားဂိုဏ်းက

သူတို့ရဲ့ တပည့်တွေရဲ့ မရီးဒျန်နဲ့ ရိုးတွင်းခြင်ဆီတွေကို သန့်စင်ဖို့ အသုံးပြုခဲ့တဲ့ပုံပဲ။ နှစ်ပေါင်းများစွာကြာပြီးတဲ့အထိ စွမ်းအင်က မပျောက်ကွယ်သွားသေးဘူး။ ကျွန်တော်တို့ အဲ့တာကို ရနိုင်ရင် ဒြပ်မဲ့အဆင့်ကို လှမ်းနိုင်မှာ သေချာတယ်”

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ထို့ကြောင့် ဟွမ်ဖုန်းတွင် ရည်မှန်းချက်တစ်ခုရှိနှင့်ပြီးဖြစ်သည်။ မူလစွမ်းအင်ပေါင်းစည်းမှုအစီအရင် ပျက်စီးသွားသည်ကို သူဂရုမစိုက်သည်က အံ့ဩစရာ မဟုတ်ပေ။

ရုတ်တရက် ၎င်းတို့နှစ်ယောက် စကားပြောနေကြစဉ် ခြံဝင်းအပြင်ဘက်မှ မယှဉ်နိုင်လောက်အောင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

“ချူးယွင်ဖန်း ထွက်လာပြီး ကိုယ့်သေမင်းကိုယ် ရင်ဆိုင်လိုက်စမ်း!”

ဤအော်သံက ခြံဝင်းတစ်ခုလုံးကို ပြားချပ်သွားစေသည့် အသံလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချူးယွင်ဖန်းနှင့် ဟွမ်ဖုန်းတို့ကို ပေါ်လွင်စေသည်။

၎င်းတို့နှစ်ယောက် ခေါင်းမော့ကြည့်လိုက်သောအခါ ဆံပင်များ ဖရိုဖရဲဖြစ်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူက အရပ်ရှည်ကာ မျက်နှာကလည်း ချောမောသည်ဟု ပြော၍ရနိုင်သည်။

အထူးဆန်းဆုံးက သူ့ကျောပေါ်တွင် ယှဉ်နိုင်လောက်အောင် ကြီးမားသော သေတ္တာတစ်လုံး သယ်ဆောင်ထားခြင်းပင်ဖြစ်သည်။ သူ့ထက်ပင် ပိုကြီးပါသေးသည်၌

“ယန်ဖေးဖုန်” ဟွမ်ဖုန်းက အေးစက်စက်ပြောလိုက်သည်။

ချူးယွင်ဖန်းက မည်သူဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။

အခန်း(၁၆၂၀) အပြန်အလှန်တိုက်ပွဲ

ချူးယွင်ဖန်း၏ သတင်းကိုကြားပြီးနောက်၊ ယန်ဖေးဖုန်က ချူးယွင်ဖန်းနှင့် တရှပညာရှင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေရန် စိတ်ရှည်ရှည်ဖြင့် လူများစေလွှတ်ခဲ့သည်။

သူသည် ချူးယွင်ဖန်းကို ဖယ်ရှားရန် လူတိုင်း၏လက်များကို အသုံးပြုလိုခဲ့သည်။ သို့သော် ဤတရှကျွမ်းကျင်သူများသည် လိမ္မာပါးနပ်သူများဖြစ်သည်။ သူတို့ကို မည်သို့လွယ်ကူစွာ လှည့်စားနိုင်မည်နည်း။

ထို့အပြင်၊ ၎င်းသည် အလွန်ယုတ်မာသော အကြံအစည်တစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသာ ခွန်အားမကြီးမားပါက ၎င်းတို့တိုက်ခိုက်နိုင်မည်ဖြစ်သည်။ သို့သော် သူရောက်ရှိသည်နှင့် သူသည် ပြင်းထန်သောရပ်တည်ချက်ကို ခင်းကျင်းပြီး ရွှေအမတေနှစ်ဦးကို သတ်ခဲ့သည်။

ဤနေရာတွင် မည်သူကမျှ မျက်စိကန်းနေသူမဟုတ်ပေ။ ချူးယွင်ဖန်းသည် ရွှေအမတေအထွတ်အထိပ်အဆင့်၌ မရှိသော်လည်း သူ၏တိုက်ခိုက်ရေးအစွမ်းသည် ၎င်းထက် မနိမ့်ကျကြောင်း သူတို့မြင်နိုင်သည်။

တရှမှ ကျွမ်းကျင်သူများစွာရှိသော်လည်း ၎င်းတို့ထဲမှ အနည်းငယ်သာ ချူးယွင်ဖန်းနှင့်အတူ ပခုံးချင်းယှဉ်ရပ်တည်နိုင်သည်။ သူ့ကို နှိမ်နင်းနိုင်သူ အနည်းငယ်သာရှိနိုင်သည်။

ထိုကဲ့သို့သောအခြေအနေများတွင်၊ မည်သူသည် ယန်ဖေးဖုန်၏ ဓားဖြစ်လာမည်နည်း။

ယင်းကို သဘောပေါက်ပြီးနောက် ယန်ဖေးဖုန် ထိုင်မနေနိုင်တော့ဘဲ ကိုယ်တိုင် အရေးယူရန် စီစဉ်လိုက်သည်။

“မင်း သတ္တိရှိလိုက်တာ ယန်ဖေးဖုန်၊ ငါနဲ့ တိုက်ဖို့ ကြံစည်နေတာလား” ဟွမ်ဖုန်းက ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။

သူသည် ကောင်းကင်ထဲသို့ ပျံသန်းသွားပြီး အဝေးမှ ယန်ဖေးဖုန်နှင့် ရင်ဆိုင်လိုက်သည်။

“ဟွမ်ဖုန်း ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ငါသာ မင်းဆိုရင် ဒီကိစ္စကို ရှောင်နေမယ်။ ဒီကိစ္စက မင်း ဝင်စွက်ဖက်လို့ မရတဲ့အရာပဲ” ယန်ဖေးဖုန်က ပြောသည်။

“ဒီလူယုတ်မာက တရှက လူအများကြီးကို သတ်ခဲ့တာ သတင်းက ပျံ့နှံ့သွားပြီဆိုတာ မင်းသိလား။ သူ့ကို သတ်နိုင်တဲ့သူဟာ သိုင်းပညာအသစ်တွေကို သင်ကြားရမှာဖြစ်ပြီး ရတနာတွေလည်း ရမှာ။ မင်း ဘယ်လိုထင်လဲ။ အခုချက်ချင်း သူ့ကို သတ်ချင်နေတဲ့ လူတွေ အများကြီးရှိတယ်။ မင်း ငါ့ကို သတ်ဖို့ ကူညီပေးရင် မင်းနဲ့ ငါ ဒီဆုလာဘ်တွေကို ခွဲဝေယူလို့ရတယ်။”

ယန်ဖေးဖုန်ကလည်း ဟွမ်ဖုန်းကို အနည်းငယ် သတိထားနေသည်။

သူ့ကို သွေးဆောင်ရန် ဤနည်းလမ်းကို သုံးချင်နေသည်။ ပတ်ဝန်းကျင်မှ အသက်ရှူသံများ ကြားနေရသည်။

တစ်ချိန်တည်းတွင် ကျွမ်းကျင်သူအများအပြားက သူတို့ကို ဝိုင်းရံထားကြသည်။ ဤဆုလာဘ်များအကြောင်း ကြားသောအခါ ၎င်းတို့အားလုံး ပင့်သက်ရှိုက်လိုက်မိကြပြီးနောက် လောဘကြီးသော အရိပ်အယောင်များ ၎င်းတို့၏ မျက်လုံးများတွင် ပေါ်လာသည်။

သိုင်းပညာတစ်ခုတည်း သို့မဟုတ် အဖိုးတန်ရတနာတစ်ခုက ၎င်းတို့ကို လှုပ်ရှားစေရန် မလုံလောက်သော်လည်း ချူးယွင်ဖန်းက လူဒါဇင်ပေါင်းများစွာကို သတ်ခဲ့သည်။ သူ့ကိုသတ်လျှင် သိုင်းပညာအသစ်များကို သင်ယူနိုင်သည့်အပြင် အဖိုးတန်ရတနာများ ရနိုင်သည်။ ထို့ကြောင့် ၎င်းတို့ မည်သို့ မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ချူးယွင်ဖန်းတစ်ယောက်တည်း ရပ်နေပါက သူ့ကို ကိုင်တွယ်ရသည်က ပိုလွယ်ကူမည်ဖြစ်သည်။

“ဟားဟားဟား၊ ယန်ဖေးဖုန် မင်းငါ့ကို အထင်လွဲနေပြီ။ ငါက အဲ့လိုလူမျိုး မဟုတ်ဘူး”

ဤကြီးမားသော သွေးဆောင်မှုကို ရင်ဆိုင်လျက် ဟွန်ဖုန်းက လုံးဝ မလှုပ်ရှားခဲ့ပေ။ ဤအကျိူးကျေးဇူးများသည် မသေးငယ်လှသော်လည်း သူ့တွင်

ရည်မှန်းချက်ကြီးသည်။ ဤအနည်းငယ်က သူ့ကို ဘက်ပြောင်းလာစေရန် မလုံလောက်ပေ။

“ဟွမ်ဖုန်း မင်း ဒါကို သဘောတူရမယ်။ မင်းမလိုချင်ရင်တောင် မင်း သဘောတူရမယ်” ​​ ယန်ဖေးဖုန်က အေးစက်စက်ပြောလိုက်သည်။

ထို့နောက် ယန်ဖေးဖုန်က လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။ ကောင်းကင်တွင် မရေမတွက်နိုင်အောင် များပြားလှသည့် ဝိညာဉ်စွမ်းအင်များ စုစည်း၍ ဧရာမရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယင်းက ဝိညာဉ်စွမ်းအင်များနှင့် အပြည့်အဝဖွဲ့စည်းထားသော ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည်။

ယင်းက နတ်ရုပ်သေးဂိုဏ်း၏ နည်းလမ်းတစ်ခုဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့ ဂရုတစိုက် ဖန်တီးထားသည့် ရုပ်သေးရုပ်များကို အကြိမ်တိုင်း အသုံးပြုရန် မဖြစ်နိုင်ပေ။ ယင်းနှင့်တင် မလုံလောက်ပေခ ဤရုပ်သေးရုပ်များသည်

ဝိညာဉ်စွမ်းအင်မှ ပေါင်းစပ်ထားသော်လည်း ချူးယွင်ဖန်း ယခင်က နင်းခြေသုတ်သင်ခဲ့သော ထိပ်တန်းရုပ်သေးရုပ်များနှင့် ယှဉ်လို့မရသော်လည်း ရွှေအမတေများကဲ့သို့ သန်မာနေဆဲဖြစ်သည်။

“ယန်ဖေးဖုန်” ဟွမ်ဖုန်း၏ မျက်နှာ မည်းမှောင်သွားသည်။

ယန်ဖေးဖုန်က သူ့ကို လေးစားမှု မရှိပေ။ သို့သော် သူ ရွေ့လျားတော့မည့်အချိန်၌ ကောင်းကင်တွက် နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာသည်ကို သူမြင်လိုက်ရသည်။

ကောင်းကင်တွင် စစ်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါးလူတစ်ယောက်က ဟွမ်ဖုန်းကို လေးတစ်ချောင်းနှင့် ချိန်ထားသည်။

“အစ်ကို၊ မလှုပ်ရှားပါနဲ့လို့ အကြံပြုပါရစေ။ မဟုတ်ရင် ကျွန်တော်တို့ ပျော်ရွှင်စရာ အချိန်တွေ ရှိမှာ မဟုတ်ဘူး။”

“နန့်ကုန်းကျို”

ဟွမ်ဖုန်း၏ မျက်နှာအမူအရာက လာသူကို စိုက်ကြည့်ရင်း ပိုပို၍ ရုပ်ဆိုးလာသည်။ သူ ချူးယွင်ဖန်းကို ပြောခဲ့သော နန့်ကုန်းကျိုပင်ဖြစ်သည်။

သူ လှုပ်ရှားရဲလျှင် နန့်ကုန်းကျိုလည်း လှုပ်ရှားမည်ဖြစ်ကြောင်း သူ သံသယမရှိပေ။ နန့်ကုန်း မျိုးနွယ်စုက မြားပစ်စွမ်းရည်ကြောင့် နာမည်ကြီးကာ လက်ရှိ မိသားစုခေါင်းဆောင်ကိုပင် မြားပစ်နတ်ဘုရားဟု လူသိများသည်။

ဟွမ်ဖုန်းသည် နန့်ကုန်းကျိုနှင့်

ယန်ဖေးဖုန်ကို ကြောက်သည်။ ယန်ဖေးဖုန်နှင့် နန့်ကုန်းကျိုတို့ ပူးပေါင်းလိုက်မည်ဟူသော သူ အစိုးရိမ်ဆုံးအရာက နောက်ဆုံးတွင် ဖြစ်လာသည်။ ဓားသမား အတွက်ကမူ သူက အမြဲတစေ သီးသန့်ကျင့်ကြံနေခဲ့သောကြောင့် မည်သူနှင့်မျှ ပူးပေါင်းရန် မဖြစ်နိုင်ပေ။ မဟုတ်ပါက ချူးယွင်ဖန်းကို ရှာရန်မလိုပေ။

“နန့်ကုန်းကျိုတောင် ပေါ်လာပြီ။ ယန်ဖေးဖုန်က ချူးယွင်ဖန်းကို သတ်ဖို့ အခိုင်အမာ ပြောနေပုံရတယ်။”

“ချူးယွင်ဖန်းက သေခြင်းတရားက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူတို့ထဲက ဘယ်သူမဆို သူ့ကို သတ်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်၊ သူတို့နှစ်ယောက် အတူတူ ပေါင်းတာကို ထည့် မပြောနဲ့တော့။”

“နန့်ကုန်းကျိုကို ဟွမ်ဖုန်း တားဆီးထားရင်တောင် ချူးယွင်ဖန်း ကြာကြာ မခံနိုင်မှာကို စိုးရိမ်တယ်။”

ချူးယွင်ဖန်း၏ အခွင့်အရေးများအပေါ် မည်သူမျှ အကောင်းမြင်မှု မရှိကြပေ။ ချူးယွင်ဖန်း၏ အစွမ်းသတ္တိက ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်၌ပင်

မရှိပေ။ ထို့ကြောင့်

သူ့တွင် အမြင့်ဆုံး ရွှေအမတေအဆင့်နှင့် ယှဉ်နိုင်သော အစွမ်းသတ္တိရှိလျှင်လည်းမထူးပေ။ ဤသို့သော သူတစ်ဦးကို

သူ မည်သို့ ယှဉ်နိုင်မည်နည်း။

သို့သော် ချူးယွင်ဖန်းသည် ပျံသန်းလာသော ဝိညာဉ်ရုပ်သေးကို မကြောက်ပေ။ သူခုန်တက်ကာ ဒုံးပျံကဲ့သို့ လက်သီးတစ်ချက် ပစ်ထုတ်လိုက်သည်။

ဘမ်း!

ဤလက်သီးသည် ဝိညာဉ်စွမ်းအင်ရုပ်သေးကို အပိုင်းပိုင်းကွဲကြေစေသည်။

“ယန်ဖေးဖုန်၊ မင်းမှာ ဒါပဲရှိတာလား” ချူးယွင်ဖန်းသည် ယန်ဖေးဖုန်သည် ပြင်ဆင်ထားသည်ကို သိနိုင်သော်လည်း သူစိတ်မလှုပ်ရှားပေ။

“မင်း ရဲတင်းလှချည်လား! မင်းမှာ လှည့်ကွက်တွေရှိတယ်!” ယန်ဖေးဖုန်က အေးစက်စွာအော်လိုက်သည်။

“မင်းဒီလောက်မာနကြီးတာ အံ့သဩစရာမဟုတ်ဘူးပဲ”

သူပြောနေစဉ် ယန်ဖေးဖုန်လှုပ်ရှားသွားသည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွင်လာကာ သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။!

ဘမ်း

ဘမ်း

ချက်ချင်းပင် လက်ဖဝါးထောင်ပေါင်းများစွာ ကျရောက်လာပြီး ကောင်းကင်တစ်ခုလုံး ပြိုကျလုနီးပါးဖြစ်သွားသည်။ သို့သော် ချူးယွင်ဖန်းသည် အရှုံးမပေးလိုပေ။ သူသည် အံ့ဖွယ် လက်သီးရှစ်ချက်ဖြင့် တိုက်ခိုက်ခဲ့သည်။

ကောင်းကင်တွင် သူသည် ယန်ဖေးဖုန်နှင့် ထိပ်တိုက်တိုက်ခိုက်ခဲ့သည်။ လူတိုင်း အံ့အားသင့်သွားကြသည်။ ၎င်းတို့၏ အမြင်အရ ချူးယွင်ဖန်းက ယန်ဖေးဖုန်နှင့် ဘယ်သောအခါမှ ထိပ်တိုက်ရင်ဆိုင်မည်မဟုတ်ပေ။

ယင်းက သူ၏ ကိုယ်ပိုင်အားနည်းချက်ကို အသုံးပြု၍ ရန်သူကို တိုက်ခိုက်ခြင်းဖြစ်သည်။ သာမန်လူတစ်ယောက်မျှ ဤသို့လုပ်မည်မဟုတ်ပေ။

ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအစွမ်း မည်မျှပင် အားကောင်းစေကာမူ သူ၏ လေ့ကျင့်မှုတွင် အားနည်းချက်များ ထင်ရှားသည်။ ချူးယွင်ဖန်းက ဆန့်ကျင်ဘက်လုပ်၍ ယန်ဖေးဖုန်နှင့် တိုက်ခိုက်မည်ကို မည်သူက သိမည်နည်း။

ချူးယွင်ဖန်းက အားနည်းချက်ရှိနေသော်လည်း အချိန်တိုအတွင်း ရှုံးနိမ့်မည့် အန္တရာယ်မရှိခြင်းက လူတိုင်းကို ပို၍ အံ့အားသင့်စေခဲ့သည်။

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ချူးယွင်ဖန်းရဲ့ အစွမ်းက ဘာလို့ အရင်ကထက် ပိုအားကောင်းနေရတာလဲ”

All Chapters