အခန်း (၁၃၁-၁၃၂)
Vol. 9 Ch. 131-132
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-131
အခန်း ၁၃၁ ။ လူတိုင်း နှိပ်ကွပ်ခြင်း
စွန်းမျိုးရိုးကို နောက်ထပ် အချိန်အတန်ကြာမှ ပြန်တွေ့ရမည်ဟု ထင်ထားသော်လည်း ဩဂုတ်လကုန်တွင် ဖုန်းရှီးနန်းဆောင်သို့ ရောက်လာခဲ့လေသည်။
လူတိုင်း သူမကို ကြည့်သော အကြည့်များသည် အမျိုးမျိုး ကွဲပြားနေကြသည်။ စွန်းရှိုးယီ၏စိတ်ထဲတွင်မူ ပို၍ ရှုပ်ထွေးနေခဲ့သည်။ ဒေါသထွက်ခြင်း၊ ရှက်ရွံ့ခြင်း၊ မကျေနပ်ခြင်းနှင့် မတရားခံရခြင်း အစရှိသည့် ခံစားချက်များရောပြွမ်းနေသည်။
သို့သော် သူမသည် အချိန်ကြာမြင့်စွာ အချစ်တော်ဖြစ်ခဲ့ရသူဖြစ်သဖြင့် မာန်မာနရှိနေသေးပြီး အလွယ်တကူ ခေါင်းငုံ့မည့်သူ မဟုတ်ပေ။
"စွန်းရှိုးယီနဲ့ မတွေ့တာ ကြာပြီပဲ၊ နေကောင်းသွားပြီလား" ကျင်းဖေးက ပြုံးလျက် နှုတ်ဆက်လိုက်သည်။ သူမကို အထက်အောက် စုန်ဆန်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ကာ၊ "ဘေးနားက အစေခံတွေက ဘယ်လိုခစားနေကြတာလဲ။ ဒါက မနှစ်က ခေတ်စားခဲ့တဲ့ အထည်နဲ့ ဒီဇိုင်း မဟုတ်ဘူးလား၊ ဘာလို့ အခုမှ သခင်မကိုထုတ်ပေးပြီး ဝတ်ခိုင်းရတာလဲ"
ထိုစကား ထွက်လာသည်နှင့် ခန်းမထဲရှိ ကိုယ်လုပ်တော် အားလုံး လှမ်းကြည့်လိုက်ကြသည်။ စူးစမ်းသော အကြည့်များကြောင့် စွန်းမျိုးရိုး၏မျက်နှာမှာ မီးစနှင့် ထိုးသကဲ့သို့ ပူလောင်သွားသည်။
အသက်ပြင်းပြင်း ရှူလိုက်ပြီးမှ တင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။ "တစ်နှစ်မှာ အဝတ်အစားတွေ ဒီလောက်များတာ၊ မဝတ်ဘဲထားရင် အလကားဖြစ်သွားမှာပေါ့၊ အရှင်မင်းကြီးကလည်း ချွေတာဖို့ မကြာခဏ ပြောနေတာပဲ။ တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ အရှင်မင်းကြီးနဲ့ စိတ်တူကိုယ်တူ ဖြစ်သင့်တယ်လေ"
"အယ်... စွန်းရှိုးယီက အရှင်မင်းကြီးနဲ့ စိတ်တူကိုယ်တူပါလား၊ ချွေတာရမှန်း သိတတ်တယ်နော်။ ကျွန်မတို့နဲ့ မတူပါဘူး၊ ကျွန်မတို့ကတော့ တောက်ပတာလေးတွေပဲ ဝတ်ချင်နေကြတာ။ မကြာသေးခင်ကပဲ အပ်ချုပ်ဆောင်က အသစ်ချုပ်ထားတဲ့ ဝတ်စုံနှစ်စုံ လာပို့တာ။ ဒီနေ့ပဲ ဝတ်လာခဲ့လိုက်တယ်။ အခု စွန်းရှိုးယီ ပြောတာ ကြားလိုက်ရတော့ တကယ်ပဲ ရှက်မိပါတယ်။ ခဏနေ ပြန်ရောက်ရင် အမြန် သွားလဲလိုက်ပါဦးမယ်" ကျောက်ကျယ်ယွီက တမင်သက်သက် ပြောလိုက်သည်။
ပါးစပ်ကသာ ပြောနေသော်လည်း လက်ကမူ ဆံထိုးကို သွားထိလိုက်သည်။ ထိုဆံထိုးသည် ယခုနှစ်မှ အသစ်လုပ်ထားသော ဆံထိုးအသစ် ဖြစ်သည်။
ကျောက်ကျယ်ယွီသည် အချစ်တော် မဟုတ်သော်လည်း မိဖုရားခေါင်ကြီးကို အမှီပြုထားသဖြင့် အနည်းဆုံးတော့ ယခုလက်ရှိ စွန်းမျိုးရိုးထက် ပိုမိုနေထိုင်ကောင်းမွန်သည်။
ကျင်းဖေးက ပြုံးလိုက်ပြီး စကားဆက်မပြောတော့ပေ။
ယခင်က စွန်းမျိုးရိုး အချစ်တော်ဖြစ်စဉ်က သူမကို မလေးမစား ပြောဆိုဖူးပေသည်။ သို့သော် စကားပြောဆိုမှုအဆင့်သာရှိခဲ့သဖြင့် ကျင်းဖေးသည် အလွန်အကျွံ ပြန်လည်တိုက်ခိုက်ရန် စိတ်မဝင်စားပေ။
စိတ်ကျေနပ်ရုံလောက်ဆို တော်လောက်ပြီဖြစ်သည်။ သူမက စလိုက်သည်နှင့် နောက်ကနေလိုက်ပြီး ပြဿနာရှာမယ့်သူများမှာ တစ်ယောက်နှစါ်ယောက်မကပေ။
စွန်းမျိုးရိုး အပြစ်မရှိလျှင်တောင် သူမ တစ်ချိန်က အချစ်တော်ဖြစ်ခဲ့ဖူးခြင်းသည် အခြား နန်းတွင်းသူများအတွက်တော့ အပြစ်ပင်ဖြစ်သည်။
ထင်သည့်အတိုင်းပင် ရှူးဖေးရောက်လာပြီး သူမကိုမြင်သည်နှင့် ပို၍ပင် အားမနာတော့ပေ။
"စွန်းရှိုးယီကို အရင်ကပန်းလေးလို့လှပတဲ့ မိန်းမပျိုလေးလို့ ပန်ကုန်း ထင်ထားခဲ့တာ၊ ဒီလောက် အချိန်ကြာကြာ မတွေ့ရတာတောင် မျက်နှာပေါ်က ပေါင်ဒါတွေက ဘာလို့ ဒီလောက် ထူနေရတာလဲ၊ နဖူးစွန်းက အမာရွတ်ကကော ဘာဖြစ်တာလဲ"
"မယ်မယ်က မင်းသမီးကြီးကို ပြုစုနေရလို့ အပြင်လောက အကြောင်း မသိလို့ပါ။ စွန်းရှိုးယီက ပလိပ်ရောဂါဖြစ်တုန်းက အနာတွေပေါက်ပြီး အမာရွတ်ကျန်ခဲ့တာပါ" ကျန်းချိုက်ရန်က အနောက်မှနေ၍ အေးစက်စွာ ဝင်ပြောလိုက်သည်။
သူမ ယခင်က စွန်းမျိုးရိုး၏အနိုင်ကျင့်ခြင်းကို မနည်းခံခဲ့ရသည်။ ယခု စွန်းမျိုးရိုး အရှက်ကွဲသည်ကို မြင်ရမည့် အခွင့်အရေးဖြစ်သဖြင့် အလွယ်တကူ အလျှော့ပေးမည်မဟုတ်ပေ။
ရှူးဖေးသည် ထိုရှင်းပြချက်ကို ကြားသောအခါ မျက်လုံးထဲတွင် ရွံရှာမှုများ အထင်းသားပေါ်လာသည်။
"ပန်ကုန်းကြည့်ရတာ စွန်းရှိုးယီက နောက်ဆို အပြင်ထွက်တာ နည်းရင်ကောင်းမယ်။ ပန်ကုန်းကို ရွံရှာစေတာက ကိစ္စမရှိပေမဲ့ မင်းရဲ့အမာရွတ်တွေနဲ့ အရှင်မင်းကြီးကို လန့်သွားအောင် မလုပ်မိစေနဲ့။”
"ဒီချန်းချဲ့ မျက်နှာပေါ်က အမာရွတ်တွေက သိပ်မများပါဘူး။ အချိန်ကြာရင် သဘာဝအတိုင်း ပျောက်သွားမှာပါ။ ရှူးဖေးမယ်မယ် စိတ်ပူပေးစရာ မလိုပါဘူး။ မယ်မယ် မကြည့်ချင်ရင် ခေါင်းလွှဲထားလိုက်ပေါ့"
စွန်းရှိုးယီသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ မူလကတည်းက ပျော့ညံ့သော စိတ်သဘောထားရှိသူ မဟုတ်သလို တစ်ချိန်က ထည်ဝါခဲ့ဖူးသဖြင့် ဒေါသကြီးသူ ဖြစ်သည်။
ဤကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ရန်စလာမှုကို ဒေါသ မထွက်ဘဲ မနေနိုင်ပေ။
"ဖြောင်း!"
ပြတ်သားသော ရိုက်ချက်သံ တစ်ချက် ထွက်ပေါ်လာသည်။ လူတိုင်း သတိဝင်လာချိန်တွင် ရှူးဖေးက လက်ပြန်ရုတ်ပြီးနေပြီ ဖြစ်သည်။
စွန်းမျိုးရိုး မျက်လုံးပြူးသွားသည်။ မျက်နှာတစ်ခုလုံး မီးစနှင့် ထိုးသကဲ့သို့ပူလောင်
သွားခဲ့သည်။
"ရှူးဖေးမယ်မယ်က ရာထူးကြီးသူလေ၊ ရှိုးရီက မယ်မယ့်ကို ရှောင်ပေးရမှာပဲ ရှိတယ်။ မယ်မယ်က ရှိုးရီကို ရှောင်ပေးရမယ်ဆိုတာ စည်းကမ်းမရှိတဲ့ စကားပဲ။ ရှိုးရီက ရောဂါကုနေရင်း နန်းတွင်းစည်းကမ်းတွေကို မေ့သွားတာတော့ မဟုတ်ပါဘူးနော်" ကျန်းချိုက်ရန်က အေးစက်စွာ ပြုံးလျက် ဝင်ပြောလိုက်သည်။
ရှူးဖေးက နှာခေါင်းရှုံ့လိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ စွန်းမျိုးရိုးကိုကျော်ကာ မိမိနေရာသို့ သွားထိုင်လိုက်သည်။
စွန်းရှိုးယီ၏ရင်ထဲတွင် အရှက်ရမှုပေါင်းများစွာ ပြည့်နှက်နေသော်လည်း ယခင်နှင့် အခြေအနေ မတူတော့သဖြင့် သည်းခံခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိပေ။
သူမ ယခင်က ပြစ်မှားခဲ့ဖူးသူများမှာ ဤလူနည်းစုလောက်သာ မဟုတ်ပေ။
နောက်မှ ရောက်လာကြသော ဝမ်ရှိုးယွမ်၊ ဖန်းရှိုးရီ၊ လင်းရှိုးရုန် အစရှိသူများမှအစ မိဖုရားခေါင်ကြီး အပါအဝင် လူတိုင်းနီးပါး သူမကို နှိပ်ကွပ်ကြသည်။
ဤသည်မှာ တော်ဝင်ကိုယ်လုပ်တော်များ၏ ဝမ်းနည်းစရာ ကံကြမ္မာပင်။ တစ်ခဏတာ အချစ်မခံရတော့သည်နှင့် လူတိုင်း နှိပ်ကွပ်နိုင်သူ ဖြစ်သွားတော့သည်။
ဒါပေမဲ့ ဘယ်သူမှ သူမကို ဂရုမစိုက်ကြပေ။
စွန်းမျိုးရိုးထက် မကြာမီ ကျင်းပတော့မည့် ချုံးယန်ပွဲတော်အခမ်းအနားကို လူတိုင်း ပို၍စိတ်ဝင်စားကြသည်။
ဤသည်မှာ ကြီးကျယ်ခမ်းနားသော နန်းတွင်းစားသောက်ပွဲတော်ဖြစ်ပြီး အရှင်မင်းကြီး ရှေ့မှောက်တွင် မျက်နှာပြခွင့်ရမည့်အချိန်ဖြစ်သည်။
ပုံမှန် အရှင်မင်းကြီးကို မတွေ့ရသူများအတွက် စားပွဲတော်ကိုသာ မျှော်လင့်ရသည် မဟုတ်လား။
အဓိကကတော့ ဆောင်းဦးရာသီပွဲတော်တွင် ကျန်းမျိုးရိုး၏သာဓကရှိနေသဖြင့် ကိုယ်လုပ်တော် အများအပြား စိတ်ကူးယဉ်လာကြခြင်း ဖြစ်သည်။
(T/N - ဧကရာဇ်အရှေ့အရည်အချင်းထုတ်ပြပြီး ရာထူးတိုးခံရတာကို စိတ်ကူးယဉ်ကြတာပါ)
ဖုန်းရှီးနန်းဆောင်မှ ထွက်လာသောအခါ ယဲ့ယွင်၊ ကျိုးချိုက်ရန်နှင့် ဝမ်ရှိုးယွမ်တို့ အတူ လမ်းလျှောက်လာကြသည်။
သူမတို့ သုံးယောက်သည် တစ်ဖွဲ့တည်းဖြစ်ကြောင်း ယခုအခါ နန်းတွင်းထဲတွင် အတိအလင်းဖြစ်နေပြီဖြစ်သည်။
"ဒီနေ့ ရှမိန်ရန် စိတ်အခြေအနေ တော်တော်ကောင်းနေတာ တွေ့လိုက်တယ်။ ထွက်လာတုန်းကတောင် မျက်နှာမှာ အပြုံးပန်းတွေ ဝေနေတာပဲ" ဝမ်ရှိုးယွမ်က တိုးတိုးလေး ပြောလိုက်သည်။
ကျိုးချိုက်ရန် ခေါင်းညိတ်လိုက်ပြီး၊ "အရင်တုန်းကလည်း သူက သဘောကောင်းပြီး နူးညံ့တာ တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့လိုမျိုး တကယ် စိတ်ပါလက်ပါ ပြုံးနေတာမျိုးတော့ မဟုတ်ဘူး"
"ပြုံးမှာပေါ့၊ ငါသာ ရှမျိုးရိုးဆိုရင် ငါကိုယ်တိုင်တောင် နှစ်ချက်လောက် ဝင်
ကန်မိဦးမယ်။ ဒါမှ ပိုကျေနပ်စရာကောင်းအုံးမယ်။ ဒီနေ့ ရှမိန်ရန်က ပါးစပ်နဲ့ ဝင်မတိုက်ခိုက်ခဲ့ဘူးလေ" ယဲ့ယွင် မျက်ခုံးပင့်လိုက်သည်။
စွန်းမျိုးရိုး ဤအခြေအနေ ရောက်သွားသည်ကို အပျော်ဆုံးလူမှာ ရှမျိုးရိုးပင် ဖြစ်သည်။
ဝမ်ရှိုးယွမ်လည်း နှာခေါင်းရှုံ့လိုက်ပြီး၊ "အဲဒီတုန်းက စွန်းမျိုးရိုး ဘဝင်မြင့်နေတုန်းက ဝမ်သယ့်ဖေးကလွဲရင် ဘယ်သူ့မျက်နှာကိုမှ မထောက်ခဲ့ဘူးလေ။ ဒီနေ့ ဒီလိုဖြစ်လာမယ်လို့ သူ ထင်ခဲ့မှာ မဟုတ်ဘူး"
မနှစ်က စွန်းမျိုးရိုး ဘယ်လောက်တောင် ဘဝင်မြင့်ခဲ့လဲ။ မိဖုရားခေါင်ကြီးက ယန်မျိုးရိုးအတွက် အထူးစီစဉ်ပေးထားသော ကပွဲကိုတောင် ဝင်လုပြီး မျက်နှာယူရဲခဲ့သည်။ ထို့အပြင် တစ်ဆင့်လည်း အောင်မြင်ခဲ့သေးသည်။
ဒါပေမဲ့ အရင်က ဘဝင်မြင့်ခဲ့သလောက် အခုသူမကျရှုံးသောအခါ ဖိနှိပ်ချင်သူများတန်းစီနေခဲ့သည်။
"ပန်းဆိုတာ ရက်တစ်ရာ မလန်းဆန်းနိုင်ဘူး၊ လူဆိုတာ ရက်တစ်ထောင် မကောင်းနိုင်ဘူး။ တကယ်လို့ သူ နည်းနည်းလောက် ထိန်းသိမ်းခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး" ယဲ့ယွင် ပြုံးလိုက်သည်။ "တကယ်လို့ တစ်သက်လုံး အချစ်တော်ဖြစ်ရမယ့် အရည်အချင်းမရှိရင် ကိုယ့်လမ်းကိုယ် ပိတ်အောင် မလုပ်မိဖို့ အရေးကြီးတယ်"
"ဟုတ်တယ်၊ အဲဒီသဘောပါပဲ" ဝမ်ရှိုးယွမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
တခြားစကားများသိပ်မပြောတော့ပေ။ ယခု ယဲ့ယွင်သည်အချစ်တော်ဖြစ်နေရချိန်ဖြစ်၍ စကားမှားပြီး ယဲ့ယွင် အထင်လွဲသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
လမ်းတစ်လျှောက် လျှောက်လာပြီးနောက် ဝမ်ရှိုးယွမ် ရောက်မည့်နေရာသို့ အရင်ရောက်သဖြင့် သူမတို့နှင့် လမ်းခွဲလိုက်သည်။
ယဲ့ယွင် ဘာမှလုပ်စရာ မရှိသဖြင့် ကျိုးချိုက်ရန်ကို ယွီရှို့အဆောင်သို့ လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်လိုက်သည်။
ကျိုးချိုက်ရန်က သဘာဝကျကျ မငြင်းဘဲ နှစ်ယောက်သား အတူ သွားလိုက်ကြသည်။
သို့သော် ယွီရှို့အဆောင်တံခါးဝသို့ ရောက်သည်နှင့် နင်ချန်၏ဝေါယာဉ် အပြင်ဘက်တွင် ရပ်ထားသည်ကို လှမ်းမြင်လိုက်ရသည်။
"အရှင်မင်းကြီး ကျယ်ယွီ့ဆီ ရောက်နေတာပဲ။ ဒီချန်းချဲ့ နောက်တစ်ခါမှလာပြီး ဒုက္ခပေးပါတော့မယ်" ကျိုးချိုက်ရန် ချက်ချင်း ခြေလှမ်း ရပ်တန့်လိုက်သည်။
ယဲ့ယွင် သက်ပြင်းချလိုက်ပြီး၊ "မင်းနဲ့ စကားပြောမလို့ စိတ်ကူးထားတာ။ နောက်တစ်ခါမှပဲ ပြောရတော့မယ် ထင်တယ်"
ကျိုးချိုက်ရန်က မျက်နှာတွင် အပြုံးတစ်ခုဖြင့် ဖွဖွလေး ဦးညွှတ်လိုက်သည်။ "ဒီချန်းချဲ့က ပုံမှန် အားနေတာပါ။ ကျယ်ယွီ စကားပြောချင်ရင် လူလွှတ်ပြီး ခေါ်လိုက်ပါ။ ဒီချန်းချဲ့ ချက်ချင်း လာခဲ့ပါ့မယ်"
"ကောင်းပြီ၊ ဒါဆို ငါ မင်းကို အားမနာတော့ဘူးနော်" ယဲ့ယွင်လည်း ပြုံးလိုက်ပြီး နောက်ဆုံးတွင် ဟွေယွဲ့ကို လှည့်၍ မှာကြားလိုက်သည်။ "မင်း ငါ့ဆီကလက်ဖက်ခြောက်တချို့ ထုပ်ပြီး ခဏနေ ကျိုးချိုက်ရန်ဆီ သွားပို့ပေးလိုက်ပါ၊ ဒီနေ့ ငါက ချိန်းထားတာ ပျက်သွားလို့ပါလို့"
"ကျေးဇူးတင်ပါတယ် ကျယ်ယွီ၊ ဒီချန်းချဲ့ ခွင့်ပြုပါဦး"
ကျိုးမျိုးရိုးသည် ထပ်မံဂါရဝပြုပြီး လုံးဝတွယ်ကပ်ခြင်းမရှိဘဲ လှည့်ထွက်သွားလေသည်။
ယဲ့ယွင် အဝတ်အစားကို သပ်ရပ်အောင် ပြင်ပြီး ယွီရှို့အဆောင်သို့တစ်ယောက်တည်း ဝင်သွားလေသည်။
လမ်းတွင် ကျိုးမျိုးရိုး၏အစေခံမလေးက နားမလည်နိုင်ဖြစ်နေသည်။
"ချိုက်ရန်က ဘာလို့ မသွားတာလဲ။ မင်ကျယ်ယွီက ချိုက်ရန်ကို မလာနဲ့လို့ ပြောတာမှ မဟုတ်တာ။ ဒါ အရှင်မင်းကြီးကိုတွေ့နိုင်မယ့် အခွင့်အရေးကောင်းလေ!"
"နင် မှတ်ထား။ ငါ ရာထူးတိုးတာက မင်ကျယ်ယွီ ဆွဲတင်ပေးလို့၊ တခြားအရာတွေကြောင့် မဟုတ်ဘူး။ ငါသာ အချစ်တော်ဖြစ်ရမယ်ဆိုရင် စောစောစီးစီး အရှင်မင်းကြီး မှတ်မိနေလောက်ပြီ။ အခု အတင်းကပ်သွားပြီးတော့ အချစ်လည်း မခံရ၊ မင်ကျယ်ယွီရဲ့ ယုံကြည်မှုကိုလည်း ဆုံးရှုံးသွားရင် အဲဒါမှ ဘာမှမရဘဲဖြစ်ကျန်ခဲ့မှာ"
ကျိုးမျိုးရိုးသဘ် ယခုအခါအရာအားလုံးကိုရှင်းလင်းစွာ တွေးတောပြီးသားဖြစ်သည်။ သူမသည်ယခင်က အချစ်တော်ဖြစ်ချင်ခဲ့ဖူးသော်လည်း နန်းတော်ထဲရောက်ပြီး တစ်နှစ်ကျော်အတွင်း သူမ၏မာန်မာနများမှာ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။ လောလောဆယ် ကောင်းကောင်းမွန်မွန် နေထိုင်သွားချင်ရုံသာရှိတော့သည်။
မင်ကျယ်ယွီကို မှီခိုပြီး ကောင်းကောင်းနေနိုင်မှတော့ ဘာကိစ္စအပင်ပန်းခံပြီး အချစ်တော် လုပ်နေဦးမှာလဲ။
ထို့ပြင် သူမသည် ဉာဏ်နီဉာဏ်နက်များသူလည်း မဟုတ်ပေ။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-132
အခန်း ၁၃၂ ။ ခွေးလေး
"အရှင်မင်းကြီး ဘာလို့ အခုချိန်ကြီးရောက်လာတာလဲ၊ အရေးကြီးတဲ့ စာလွှာတွေ ဖတ်စရာ မရှိဘူးလား"
ယဲ့ယွင် အခန်းထဲ ဝင်လာသည်နှင့် စားပွဲပေါ်တွင် ပစ်ထားသော ပုံကြမ်းတစ်ထပ်ကို နင်ချန် လှန်လှော ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
"အခုတလော လုပ်စရာ သိပ်မရှိဘူး။ ဒါကြောင့် ကျန်း မင်းကို လာကြည့်တာ" နင်ချန် ပြောရင်း လက်ရေးမူကြမ်း တစ်ရွက်ကို ကောက်ယူလိုက်သည်။ "ဒါတွေ အကုန် မင်း ဆွဲထားတာလား။ ပုံစံတွေကတော့ ကျန်း တစ်ခါမှ မမြင်ဖူးတာတွေပဲ"
ယဲ့ယွင် ခေါင်းညိတ်ပြီး အနားသို့ လျှောက်သွားသည်။
"ဒီချန်းချဲ့က တခြား ဝါသနာ သိပ်မရှိပါဘူး၊ ပန်းချီဆွဲရတာပဲ နည်းနည်း စိတ်ဝင်စားလို့ အဝတ်အစားနဲ့ လက်ဝတ်ရတနာ ပုံစံလေးတွေ လျှောက်ဆွဲထားတာပါ။ တကယ်လို့ ချုပ်ပြီးသွားရင် အရှင်မင်းကြီးကို ဝတ်ပြမလို့လေ။”
မိန်းမပျိုလေးသည် ဉာဏ်များစွာ ပြုံးလိုက်ရာ သူမ၏မျက်ဝန်းလှလှလေးများသည် ကြယ်တာရာများအလား တောက်ပနေသည်။
"မင်းရဲ့စိတ်ကူးတွေအကုန်လုံးက အစားအသောက်နဲ့ အဝတ်အစားပေါ်မှာပဲ ရောက်နေတာကိုး" နင်ချန်က လက်လျော့ထားသည့် ပုံစံဖြင့် ခေါင်းခါလိုက်သည်။
သို့သော် ချက်ချင်းပင် ယွမ်ကျိုဘက်သို့ လှည့်၍ မှာကြားလိုက်သည်။ "ဘဏ္ဍာတိုက်ထဲကနေ နွေရာသီနဲ့ ဆောင်းဦးရာသီအတွက် အဆင်ပြေမယ့် အထည်စတချို့ သွားရွေးခဲ့။ ပြီးရင် သူ့ကိုအဝတ်အစား ကောင်းကောင်းတချို့ချုပ်ပေးလိုက်။”
"အမိန့်တော်အတိုင်းပါ" ယွမ်ကျိုက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
အပြင်ထွက်သွားရင်း စိတ်ထဲတွင် တွေးနေမိသည်။ အရှင်မင်းကြီးက ယွီရှို့အဆောင်ကို ချီးမြှင့်လိုက်တဲ့ အထည်စတွေက တစ်နှစ်လုံးစာ ဝတ်ရင်တောင် ကုန်မှာ မဟုတ်ဘူး၊ အခုလည်းထပ်ရပြန်ပြီ။ မင်ကျယ်ယွီတို့ အဝတ်အစား ထပ်တာတောင် မတွေ့ရဘူး။
ယဲ့ယွင်ကတော့ ဘာပဲဖြစ်ဖြစ် ပေးရင် ယူလိုက်မည်ဖြစ်သည်။ အလကားရတာပဲကို မယူစရာ အကြောင်း မရှိဘူးလေ။
ထို့အပြင်ပုံကြမ်းဆွဲရခြင်း၏နောက်ထပ်ရည်ရွယ်ချက်မှာ ခေတ်ဆန်ဆန်ဒီဇိုင်းများကို ချုပ်လုပ်ရောင်းချနိုင်ရန်ဖြစ်ပြီး ပုံစံတချို့ကို နန်းတွင်းအပြင်ဘက် ချူမိသားစုဆီပို့ဖို့ ရည်ရွယ်ထားတာကိုတော့နင်ချန်အားပြောပြရန် စိတ်ကူးမရှိပေ။
အခုခေတ်တွင် အထည်ရောင်းတဲ့သူများပေမယ့် အသင့်ချုပ်ပြီးသား အဝတ်အစား ရောင်းတဲ့သူတွေ သိပ်မများသေးဘူး။ ဒီလို လှပတဲ့ အဝတ်အစားတွေကို ချိတ်ဆွဲထားရင် လူကြိုက်များမှာ သေချာတယ်။
ဒါတင်မကသေးဘူး၊ ခေါင်းဆောင်း လက်ဝတ်ရတနာပုံစံတွေလည်း အတူတူတစ်ဆင်ဆာ ပြထားနိုင်ရင်မြို့ထဲကသခင်မလေးတွေရဲ့ အာရုံကိုဖမ်းစားနိုင်လိမ့်မယ်။
"ဒီနေ့ ကျန်း ပစ္စည်းလေးတစ်ခု ရထားတယ်။ ရွှီကျန်းပိုင် ဆက်သတာလေ။ မင်း ကြိုက်လောက်မယ် ထင်လို့ ယူလာခဲ့တယ်"
နင်ချန်က စားပွဲပေါ်ရှိ ကြိမ်သေတ္တာလေးကို ညွှန်ပြလိုက်သည်။ သူ့မျက်ဝန်းထဲတွင် အရောင်တောက်တောက်လေးတစ်ခု ပေါ်လာသည်။
နင်ချန်သည် ယခုကဲ့သို့ လျှို့ဝှက်သလိုလုပ်နေပုံကြောင့် ယဲ့ယွင် တကယ် စပ်စုချင်လာသည်။
"ဘာပစ္စည်းကောင်းမို့လို့ အရှင်မင်းကြီးက ဒီလောက် မြတ်နိုးနေရတာလဲ။”
ပြုံးစစပြောရင်း လျှောက်သွားကာ သေတ္တာကို ဖွင့်လိုက်သည်။
"ဝုတ်... ဝုတ်...!"
"ခွေးလေး!"
ခွေးဟောင်သံ နုနုလေးက သေတ္တာထဲမှ ထွက်ပေါ်လာသည်။ အထဲတွင် နှင်းကဲ့သို့ ဖြူဖွေးသော ခြင်္သေ့ခွေးလေးတစ်ကောင်ရှိနေသည်။
ယဲ့ယွင် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လက်လှမ်းကာ ခွေးလေးကို ပွေ့ချီလိုက်ရာ မျက်လုံးထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။
"ရွှီကျန်းပိုင်က ခွေးကြိုက်တယ်။ ဒါက သူ့အိမ်မှာ ကိုယ်တိုင် မွေးထားတာ။ အမျိုးအစား အရမ်းကောင်းပြီး လိမ္မာတယ်"
နင်ချန်က သူမ ပျော်ရွှင်နေသည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။
"ဒီချန်းချဲ့ အိမ်မှာရှိတုန်းကလည်း တစ်ကောင် မွေးဖူးတယ်။ အဲဒီတုန်းကလည်း ဒီလိုပဲ ဖြူဖွေးနေတဲ့ ခြင်္သေ့ခွေးလေးပါပဲ။ ဒါပေမဲ့ သူက အသက်ကြီးသွားပြီ။ ဒီချန်းချဲ့ အရွယ်ရောက်တဲ့နှစ်မှာပဲ ဆုံးသွားတာ။ နောက်ပိုင်း နန်းတော်ထဲ ဝင်လာတော့ ထပ်မမွေးဖြစ်တော့ဘူး"
ယဲ့ယွင်သည် သဘောကျလွန်းသဖြင့် ပွေ့ဖက်ထားပြီး မလွှတ်တော့ပေ။
နင်ချန် မျက်ခုံးပင့်လိုက်ပြီး
"ဒါ တိုက်ဆိုင်တာပဲ၊ ကြည့်ရတာ ကျန်း လက်ဆောင်ရွေးတာ မှန်သွားပြီထင်တယ်"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ယဲ့ယွင်သည် အမှန်တကယ်ပင်ပျော်ရွှင်နေသည်။ ကိုယ်ကို နှိမ့်၍ ဂါရဝပြုပြီး ခွေးလေးကို ပွတ်သပ်ပေးလိုက်သည်။ နောက်ဆုံးတွင် ဟွေယွဲ့ကလာရောက်ပြီး ခွေးလေးကို ပွေ့ချီသွားသည်။
ထိုအချိန်တွင် ယွမ်ကျို ပြန်ရောက်လာပြီး အထဲမှ စကားဝိုင်းကို ကြားလိုက်ရသဖြင့် ပြုံးလိုက်သည်။
အရှင်မင်းကြီးက တိုက်ဆိုင်တာ မဟုတ်ဘဲ တမင်လူလွှတ်ပြီး စုံစမ်းခိုင်းထားတာလေ။
အမတ်ကြီးရွှီ ဒီနေ့ ခွေးလာပို့တုန်းက မပေးချင်ပေးချင် ဖြစ်နေတဲ့ ပုံစံကို ပြန်တွေးကြည့်ရင်း ယွမ်ကျိုသည် မိမိသခင်ဖြစ်သူအား နှာခေါင်းရှုံ့လိုက်သည်။
ဒါပေမဲ့ ဒီအကြောင်းတွေကို ယဲ့ယွင် မသိပါဘူး။ နေ့စဉ် အလုပ်များနေတဲ့ ဧကရာဇ်မင်းမြတ် တစ်ပါးက ဒီလောက် အလေးထားမယ်လို့ မထင်ထားမိဘူးလေ။
လက်ဆောင်ရထားတော့ သဘာဝကျကျ ပိုပြီး ဂရုစိုက်ရတာပေါ့။ လက်ဖက်ရည်ပွဲ ပြင်ခိုင်းပြီး ကိုယ်တိုင် ဖျော်စပ်ကာဆက်သလိုက်သည်။
နင်ချန် အလွန်သဘောကျသွားပြီး တစ်ခွက် သောက်လိုက်၍မျက်လုံးများ မှေးစင်းကာ၊ "လက်ရာက ပိုကောင်းလာပါလား၊ ပုံမှန် လေ့ကျင့်ထားလို့လား"
"ဒီချန်းချဲ့က ဘယ်မှာ ဒီလောက်လုံ့လရှိမှာလဲ။ ဒီနေ့ စိတ်ပျော်နေလို့ ဖျော်လိုက်တဲ့ လက်ဖက်ရည်က ပိုချိုမြိန်သွားတာ နေမှာပေါ့" ယဲ့ယွင် ပြုံးလိုက်သည်။
ကိုယ့်အတွက်လည်း တစ်ခွက် ထည့်လိုက်သည်။
ဘာမှ ကွာခြားပုံမရပါဘူး။
"မင်းရဲ့ ဝမ်းကွဲအစ်ကိုက တကယ်ပဲ စာပေအရည်အချင်း ရှိတာပဲ။ ဟန်လင်းကျောင်းတော်ကို ဝင်တာ မကြာသေးပေမဲ့ လူတော်တော်များများက သဘောကျနေကြတယ်။ မနေ့က တက္ကသိုလ်ပညာရှင်ဟယ်ကတောင် သူ့ကိုခေါ်ပြီး ဘေးနားမှာထား သင်ပေးချင်တယ်လို့ ပြောလာတယ်" နင်ချန်က ပြောလိုက်သည်။
ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး၊ "ကြည့်ရတာ ဦးလေးက ဆရာငှားရမ်းခ အလကား ကုန်တာ မဟုတ်ဘူးပဲ"
ပြောပြီးသည်နှင့် စကားဆက်မပြောတော့ပေ။
နင်ချန် သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် မနေနိုင်ဘဲ၊ "မင်း တခြားပြောစရာမရှိတော့ဘူးလား"
ပညာရှင်ဟယ်က ချူယွင်ဟွိုက်ကို လိုချင်တာတင် မဟုတ်ဘဲ ဝူမိသားစုက လူငယ်တစ်ယောက်ကိုလည်း လိုချင်နေသည်။ နင်ချန် ယွီရှို့အဆောင်ကို မလာခင် ယိကျယ်ယွီဘက်ကို အရင်ဝင်ခဲ့သည်။ ဝူမျိုးရိုးသည် ယဲ့ယွင်ကဲ့သို့ တိတ်ဆိတ်မနေပဲသူမ၏ လိုအင်ဆန္ဒကိုထုတ်ပြလာသည်။
ဝူမျိုးရိုးသည် စကားတွေ အများကြီးပြောပြီး ဒီကိစ္စကို အမြန်ဆုံးအတည်ပြုပေးဖို့ မျှော်လင့်နေကြောင်း အတိအလင်းပြသခဲ့သည်။
ပညာရှင်ဟယ်သည် လက်ရှိခေတ်တွင် ပထမအဆင့်ပညာရှိကြီးတစ်ဦးအဖြစ်သက်မှတ်နိုင်ပေသည်။ သူ့ဘေးနားမှာနေပြီး ပညာသင်ယူခွင့်ရရန် လူတော်တော်များများအလုအယက်တောင်းဆိုကြသည်။
"အရှင်မင်းကြီးက ဒီချန်းချဲ့ကို ဘာပြောစေချင်လို့လဲ။ နန်းတွင်းကိစ္စတွေ အကုန်လုံးက အရှင်မင်းကြီးကိုယ်တိုင် ဆုံးဖြတ်ရမှာလေ။ တကယ်လို့ အရှင်မင်းကြီးက ဒီချန်းချဲ့လို မိန်းမသားတစ်ယောက်ရဲ့ စကားကိုနားထောင်ပြီး ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဘာဖြစ်သွားမလဲ"
ယဲ့ယွင်က အံဩခြင်းကို မဖုံးကွယ်ဘဲ မျက်ဖြူလှန်ပြလိုက်သည်။ 'လူအ' တစ်ယောက်ကို ကြည့်သကဲ့သို့ပင်။
ယဲ့ယွင်ဆီမှ ပွင့်ပွင့်လင်းလင်း ပြောခံလိုက်ရသည့်အတွက် နင်ချန် နေရခက်သွားပြီး ချောင်းတစ်ချက်ဟန့်ကာ စိတ်ထဲမှရှက်ရွံ့မှုကို ဖုံးကွယ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းရဲ့ဝမ်းကွဲအစ်ကိုပဲဟာ။ ကျန်းက မင်းကို မေးကြည့်ရုံပါ။ မင်းပြောပုံဆိုပုံကို ကြည့်စမ်း..."
"အရှင်မင်းကြီးက တကယ်ပဲ ဒီချန်းချဲ့ရဲ့သဘောထားကို နားထောင်ချင်တယ်ဆိုရင် ဒီချန်းချဲ့ အမြင်ကတော့ လောလောဆယ် လက်မခံသေးတာ ပိုကောင်းမယ် ထင်ပါတယ်" ယဲ့ယွင် နှာခေါင်းရှုံ့လိုက်သည်။
"ဘာကြောင့်လဲ"
သူမ၏အဖြေက သိသိသာသာကို အံ့ဩစရာ ကောင်းပေသည်။
"ဝမ်းကွဲအစ်ကိုက ငယ်ပါသေးတယ်။ ဟန်လင်းကျောင်းတော်ကိုဝင်တာ ဘယ်လောက်မှ မကြာသေးဘူး၊ အတွေ့အကြုံ ယူရဦးမယ်။ အောက်ခြေက ကိစ္စတွေကိုတောင် မသင်ယူရသေးဘဲ ရုတ်တရက် ရာထူးတိုးပေးလိုက်ရင် တစ်အချက်အနေနဲ့ လူအများက လက်ခံမှာ မဟုတ်ဘူး။ နှစ်အချက်အနေနဲ့ မာနကြီးသွားနိုင်တယ်။ ပြီးတော့ အရှင်မင်းကြီးက ချူမိသားစုကို တော်ဝင်ကုန်သည်အဖြစ် ခန့်အပ်ထားပြီးပြီ။ ဒီချန်းချဲ့လည်း နန်းတွင်းထဲမှာ နေရာတစ်ခု ရထားပြီ။ ဒီအချိန်မှာ ဝမ်းကွဲအစ်ကိုက ထိပ်ဆုံးရောက်လာရင် မီးလောင်ရာ လေပင့်သလိုဖြစ်ပြီး ကောင်းတဲ့ကိစ္စဖြစ်လာမှာမဟုတ်ပါဘူး။ နည်းနည်းလောက် အနည်ထိုင်ပြီးမှ ဆက်စဉ်းစားတာ ပိုကောင်းပါလိမ့်မယ်"
သူမသည် ရေရှည်အကျိုးအတွက်ကိုသာ အဓိကစဉ်းစားသူဖြစ်သည်။ ဘာကိစ္စ နေရာတစ်နေရာလေးအတွက်နဲ့ လောနေရမှာလဲ။
ပညာရှင်ဟယ်က တကယ်ပဲ အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ ချူယွင်ဟွိုက်သာ သွားလိုက်ရင် ဟယ်မိသားစုနဲ့ တွဲမိသွားလိမ့်မယ်။ ဆရာကောင်းရှိတာ ကောင်းပေမယ့် ဆရာက ဖိနှိပ်ထားရင် တကယ်တမ်းကျတော့ ထိပ်ဆုံးရောက်ဖို့ ပိုခက်ခဲသွားလိမ့်မယ်။
နင်ချန်သည် ရှေ့မှ မိန်းမပျိုလေးကိုကြည့်ရင်း မျက်လုံးထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည်။
နန်းတော်ထဲရှိအာဏာနဲ့ စည်းစိမ်
အောက်တွင်မယစ်မူးပဲမှာ ယခုကဲ့သို့တည်ငြိမ်တဲ့စိတ်ထားမျိုးရှိသော ယဲ့ယွင်ကိုတကယ် ရှားပါးသည်ဟုခံစားမိသည်။
အမှန်တွင် နင်ချန်သည်လည်း ယဲ့ယွင်နှင့်သဘောထားတူညီပေသည်။ အောက်ခြေမှာ အရင်လေ့ကျင့်ပေးပြီးမှ ရာထူးတိုးပေးမယ်ဆိုလည်း နောက်မကျပါဘူး။ ဒါပေမဲ့ ယဲ့ယွင်လည်း သူနဲ့တူတဲ့အမြင်မျိုးရှိနေမယ်လို့ မထင်ထားမိဘူး။
သူမလေးသည် ဘေးလူတွေထက်ပင်ပိုပြီး ထိုးထွင်းသိမြင်နိုင်ပေသည်။
နောက်ဆုံးတော့ ဒီကိစ္စကို ဆွေးနွေးလို့ အဖြေမထွက်ခဲ့ပါဘူး။ ယဲ့ယွင် ပြောသလိုပဲ၊ တကယ်လို့ ဧကရာဇ်မင်းမြတ်က မိန်းမတစ်ယောက်စကားနားထောင်ပြီး ဆုံးဖြတ်ချက်ချမယ်ဆိုရင် တကယ်ပဲ အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။
နေ့လယ်စာ စားပြီးနောက် ယဲ့ယွင်က နင်ချန်ကိုဆွဲခေါ်ကာ ဖိနပ်နှင့် ခြေအိတ်များ ချွတ်ပြီး ပြတင်းပေါက်နားက ခုံရှည်ပေါ်တွင် လှဲအိပ်လိုက်ကြသည်။
နင်ချန်က ခေါင်းအုံးကိုမှီထားပြီး ယဲ့ယွင်က သူ့ပေါင်ပေါ်တွင် မှောက်လျက် အိပ်နေသည်။
ဆံထိုးများကို ဖယ်ရှားလိုက်ပြီဖြစ်ရာ ဆံပင်တစ်ဝက်က ဖားလျားချထားပြီး ကျန်တစ်ဝက်က ထုံးထားဆဲမို့ ကြောင်လေးတစ်ကောင်လို ဖြစ်နေပေသည်။
ထိုဆံပင်နက်နက်လေးများသည် အလွန်သပ်ရပ်နေပြီး တောက်ပသော အရောင်လေးများ ထွက်ပေါ်နေသည်။ နင်ချန် မနေနိုင်ဘဲ လက်လှမ်းကာ ပွတ်သပ်လိုက်သည်။ ထို့နောက် စွဲလမ်းသွားသကဲ့သို့ ဆံပင်တစ်ခွေကို လက်ချောင်းဖြင့် ရစ်ပတ်လိုက်၊ ဖြေလိုက်၊ ပြန်ပတ်လိုက် လုပ်နေလေသည်။
ယဲ့ယွင်က သူ့ကို ကလေးဆန်သည်ဟု ထင်သော်လည်း ပြောဖို့ အားမရှိတော့ပေ။ လှဲလိုက်သည်နှင့် အိပ်ချင်လာသည်။
နောက်ဆုံးတွင် မသိမသာ အိပ်ပျော်သွားလေသည်။
နင်ချန်သည် မိမိဒူးပေါ်တွင် မှောက်လျက် အိပ်ပျော်နေသော မိန်းမပျိုလေးကို တွေ့လိုက်ရသောအခါ အံ့ဩသလိုလို ထူးဆန်းသလိုလိုဖြစ်သွားပြီး သူလည်း ခေါင်းအုံးကိုမှီလျက် မှေးစက်လိုက်သည်။
ဟွေယွဲ့ ရေခဲထည့်ရန် ဝင်လာသောအခါ သခင်နှစ်ယောက်လုံး အိပ်ပျော်နေကြသည်ကို တွေ့လိုက်ရသဖြင့် အလျင်အမြန် စောင်ပါးလေးတစ်ထည်ယူလာပြီး လွှမ်းပေးလိုက်သည်။
ဒီလို အိပ်ရတာ သိပ်မသက်သာလှပေ။ တစ်နာရီ မပြည့်ခင်မှာပင် ယဲ့ယွင် နိုးလာခဲ့သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် နင်ချန်လည်း နိုးလာသည်။
"အထဲဝင်အိပ်ကြရအောင်" ယဲ့ယွင်က မျက်လုံးတစ်ဝက်ဖွင့်ကာ တိုးတိုးလေး ပြောလိုက်ရင်း ခေါင်းဖြင့် နင်ချန်၏ခါးကို ပွတ်သပ်လိုက်သည်။
နင်ချန်လည်း အိပ်ရေးမဝသေးသဖြင့် ခေါင်းညိတ်လိုက်ကာ သူမကို ပွေ့ချီပြီး အတွင်းဆောင်သို့ ဝင်သွားလေသည်။
ဒီတစ်ခါ အိပ်စက်ခြင်းသည် နှစ်နာရီနီးပါး ကြာမြင့်သွားလေသည်။
ညနေခင်းတွင် အပြင်ဘက်၌ ရုတ်တရက် မိုးရွာလာသဖြင့် နန်ကျစ် ပြတင်းပေါက် လာပိတ်မှ သူတို့နှစ်ဦး နိုးလာကြသည်။