အခန်း (၅၅၇-၅၅၈)
Vol. 56 Ch. 557-558
အခန်း ၅၅၇ - ကောင်းကင်တိမ်တိုက် ဧကရာဇ်
"ရတနာ ဟုတ်လား"
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦးဟာ ရတနာ ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အခါ သူတို့ရဲ့မျက်နှာတွေကို ဘယ်နားသွားထားရမှန်းမသိအောင် အတော်လေး အနေရခက်သွားကြပါတယ်။
နယ်စားမင်းသားရဲ့ ဘေးနားက အဘိုးအို က သူတို့ တွန့်ဆုတ်နေတာကို သတိထားမိတာကြောင့် ဒေါသတကြီး ငေါက်ငမ်းလိုက်ပါတယ်။
"မင်းတို့ သိထားတာတွေကို အကုန်ပြောစမ်း ငါတို့ မင်းသားလေးက မင်းတို့ရဲ့ အမှိုက်လို အမွေအနှစ်တွေကို လုယူဖို့ စိတ်ဝင်စားနေတာ မဟုတ်ဘူး"
စိတ်မဝင်စားဘူး ဟုတ်လား လာနောက်နေတာလားလို့ ပညာရှင် ၄ ယောက်က စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေကြပါတယ်။
သူတို့မျက်နှာကတော့ မဲ့ကာရွဲကာနဲ့ပါ။
အဘွားအိုက လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး တိုးတိုးလေး ဖြေလိုက်ပါတယ်။
"မင်းသားလေး ကျုပ်တို့ ဂူသင်္ချိုင်းထဲ ဝင်ခဲ့တာတော့ မှန်ပါတယ် ဒါပေမဲ့ ဘာအမွေအနှစ်မှ မရခဲ့ပါဘူး တကယ်လို့ ရခဲ့ရင်လည်း အခုလို အပြင်မှာ သနားစရာကောင်းအောင် ထိုင်စောင့်မနေပါဘူး"
အဘိုးအို ရဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ လှောင်ပြောင်ရိပ်တွေ ဖြတ်ပြေးသွားပါတယ်။
"ဒါက မသေမျိုးဂူသင်္ချိုင်း ပဲ ဘာအမွေမှ မကျန်ခဲ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား"
နယ်စားမင်းသားလေးက အဘိုးအိုကို တိတ်တိတ်နေဖို့ အချက်ပြလိုက်ပြီး အဘွားအိုဘက် လှည့်မေးပါတယ်။
"မင်းတို့က သနားစရာကောင်းအောင် စောင့်နေရတယ်ဆိုတော့ ဘာကို စောင့်နေကြတာလဲ"
အဘွားအိုက သွားကြိတ်ပြီး အထဲမှာ ဖြစ်ပျက်ခဲ့သမျှ အကုန်လုံးကို အစအဆုံး ပြန်ပြောပြလိုက်ပါတော့တယ်။
နယ်စားမင်းသားနဲ့ သူ့အခြွေအရံတွေ အံ့သြသွားကြပါတယ်။
ဝိညာဉ်သန္ဓေသားအဆင့် ၄ ယောက်လုံး ဘာမှမရဘဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေး တစ်ယောက်ကပဲ အခွင့်အရေးအားလုံးကို သိမ်းကျုံးယူသွားတယ်ဆိုတဲ့ အချက်က မယုံနိုင်စရာပါပဲ။
"သွားကြစို့ အထဲကို ငါနဲ့အတူ ပြန်ဝင်မယ် မင်းတို့စကား မှန်၊ မမှန် ငါကိုယ်တိုင် စစ်ဆေးမယ်"
လို့ မင်းသားလေးက ခပ်ပေါ့ပေါ့ ရယ်ရင်း ပြောပါတယ်။
အဘွားအိုနဲ့ ကျန်တဲ့သူတွေကလည်း မငြင်းရဲကြပါဘူး။
တကယ်တော့ သူတို့လည်း နယ်စားမင်းသားရဲ့ အစောင့်အရှောက်နဲ့ဆိုရင် ပိုစိတ်ချရမယ်လို့ တွေးပြီး အထဲပြန်ဝင်ချင်နေကြတာပါ။
ဒါပေမဲ့ ဂူသင်္ချိုင်းဝင်ပေါက်ကို ရောက်တဲ့အခါ ဝုန်း ကနဲ အသံကြီးနဲ့အတူ တံခါးကြီးက မမျှော်လင့်ဘဲ ပိတ်သွားပါတယ်။
ချက်ချင်းဆိုသလိုပဲ အလွန်အစွမ်းထက်တဲ့ အရှိန်အဝါတစ်ခုက တံခါးကို ဖုံးလွှမ်းသွားပြီး သူတို့အရင်က ဖျက်ဆီးထားတဲ့ တားမြစ်ချက် တွေဟာလည်း နဂိုအတိုင်း ပြန်ဖြစ်သွားပါတော့တယ်။
နယ်စားမင်းသားရဲ့ အကြည့်တွေက အေးစက်သွားပါတယ်။
"မင်းတို့ ငါ့ကို လိမ်နေတာလား အစီိရင် တွေ ပျက်သွားပြီလို့ ပြောခဲ့တယ်မဟုတ်လား"
အဲဒီစကားအဆုံးမှာပဲ အဘိုးအို ရဲ့ အရှိန်အဝါက တောင်ကြီးတစ်လုံးလို သူတို့ ၄ ယောက်ပေါ် ဖိကျလာပါတယ်။
သူတို့ရဲ့ အရိုးတွေ၊ အသားတွေဟာ တင်းကျပ်လာပြီး တဖျတ်ဖျတ် မြည်သံတွေတောင် ထွက်လာပါတယ်။
"ကျုပ်တို့ တကယ် ဖျက်ခဲ့တာပါ"
၄ ယောက်သား ကြောက်လန့်တကြား ငြင်းကြပါတယ်။
အဘွားအိုက တစ်ခုခုကို သတိရသွားပြီး ကမန်းကတန်း ပြောလိုက်ပါတယ်။
"ဒါ... ဒါ ဟိုစက္ကူရုပ်မည်းနဲ့ ဖြူကြောင့်ပဲ ဖြစ်ရမယ်"
အဘိုးအို က ရေရွတ်လိုက်ပါတယ်။
"တကယ်လို့ ဒါက တာအိုဂိုဏ်း ရဲ့ စီနီယာတစ်ယောက်ရဲ့ ဂူသင်္ချိုင်းဆိုရင်တော့ သူ့ရဲ့ နည်းလမ်းတွေက ထူးဆန်းနေမှာပဲ"
"မင်းတို့ မလိမ်ဘူးဆိုရင် အရင်က ပျက်သွားတဲ့ အစီရင် က အဲဒီစက္ကူရုပ်တွေ တမင်ပြထားတဲ့ ဟန်ဆောင်မူ့ ပဲ ဖြစ်ရမယ် သူတို့ရဲ့ ရည်ရွယ်ချက်က အမွေခံ တစ်ယောက်ကို ရွေးချယ်ဖို့ပဲ"
ဒီစကားကြောင့် အားလုံး နားလည်သွားကြပါတယ်။
"ဒါဆို အကြီးကဲ ယွမ် ပြောချင်တာက သူတို့က အဲဒီ အခြေခံတည်ဆောက်ခြင်းအဆင့် ကောင်လေးကို အမွေခံအဖြစ် ရွေးလိုက်တာပေါ့ ဒါကြောင့် သူက အမွေအနှစ် ၃ ခုလုံးကို ရသွားတာလား"
မင်းသားလေးက တွေးတောရင်း ပြောပါတယ်။
"အရေခွံဆုတ်ကျင့်စဉ်ကတော့ လမ်းမှားကျင့်စဉ် နဲ့ တူတယ်၊ မျက်လုံးစမ်းသပ်မှုကတော့ မူလအစကို မသိရဘူး တတိယတစ်ခုကတော့ မိုးကြိုးကျင့်စဥ်အမွေအနှစ်ပဲ"
ခဏအကြာမှာတော့ မင်းသားလေးက ခပ်တိုးတိုး ရယ်လိုက်ပါတယ်။
"ဒါက အလယ်ပိုင်းတိုက်ကြီ ရဲ့ နယ်မြေပဲ ဒီမြေပေါ်မှာရှိတဲ့ မြက်တစ်ပင် သစ်ပင်တစ်ပင်ကအစ ငါတို့အပိုင်ပဲ ဒီစီနီယာက အမွေပေးချင်တယ်ဆိုရင် ငါတို့ဆီကနေပဲ ဖြတ်သန်းရမယ်"
"ဒီမှာပဲ စောင့်နေကြစို့ သူထွက်လာတာနဲ့ အမွေအနှစ်တွေကို ငါတို့ဆီ လွှဲပေးခိုင်းရမယ် အပြန်အလှန်အနေနဲ့ အဲဒီအမွေအနှစ်တွေကို သူ့ဘာသာ ဆက်ပြီး သိမ်းထားခွင့် ပေးလိုက်မယ်"
အဘိုးအို က ပြုံးပြီး ခေါင်းညိတ်ပါတယ်။
"ဒါက တရားမျှတပါတယ်"
ဝိညာဉ်သန္ဓေသားအဆင့် ၄ ယောက်ကတော့ ကြောင်ကြည့်နေကြပါတယ်။
ဒီလူတွေက သူတစ်ပါးပစ္စည်းကို ဓားပြတိုက်ဖို့ကို ဘယ်လိုတောင် အေးအေးဆေးဆေး ပြောနေကြတာလဲ။
အစိုးရအရာရှိတွေက အတော်လေး ဗိုလ်ကျစိုးမိုးတတ်တယ်လို့ ကြားဖူးပေမဲ့ အခုမှပဲ ကိုယ်တိုင်မြင်ဖူးပါတော့တယ်။
ချိုင်းရွှင့် တစ်ယောက်တော့ မျက်နှာဖြူလျော့သွားပါတယ်။
"စီနီယာတုန်းဖန်း အခုတော့ ဒုက္ခအကြီးအကျယ် တွေ့ပြီ"
ချိုင်းလုံ ကတော့ ဘေးနားကနေ လှောင်ပြုံးပြုံးပြီး ပြောပါတယ်။
"မင်းရဲ့ အားကိုးကြီးက ပြိုလဲတော့မှာပဲ မင်း ဘာဆက်လုပ်မလဲ"
တစ်ချိန်တည်းမှာပဲ ဂူသင်္ချိုင်းအတွင်းမှာ ဖန့်ချန်ဟာ စက္ကူရုပ်နှစ်ရုပ်ရဲ့ တကယ့်ကိုယ်ခန္ဓာကို ဝိညာဉ်ကျေးကျွန် အဖြစ် အောင်မြင်စွာ သန့်စင်ပြီးသွားပါပြီ။
"ဒီဂူသင်္ချိုင်းမှာ တခြား အခွင့်အရေးတွေ ရှိသေးလား"
ဖန့်ချန်က မေးပါတယ်။
"သခင်လေး..."
စက္ကူရုပ်ဖြူက စပြောပါတယ်။
"နောက်ဆိုရင် ငါ့ကို အရှင် လို့ပဲ ခေါ်ပါ သခင်လေး ဆိုတဲ့ ခေါ်သံက ငါ့နားထဲမှာ သိပ်မသက်သာဘူး"
ဖန့်ချန်က ကြားဖြတ်ပြောလိုက်ပါတယ်။
"ဟုတ်ကဲ့ပါ အရှင် ဂူသင်္ချိုင်းထဲမှာ ဘာမှ မကျန်တော့ပါဘူး သခင်ကြီးက သူ့ရဲ့ အဆုံးသတ်ကို သိတာကြောင့် အမွေအနှစ်အားလုံးကို ကျုပ်တို့ထဲမှာပဲ အစွမ်းကုန် စုစည်းထားခဲ့တာပါ"
ဖန့်ချန်က သူ့ကို အမွေပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ဘွဲ့နာမည်ကို မေးတဲ့အခါမှာတော့ စက္ကူရုပ်တွေက ရိုသေသမှုနဲ့ ဖြေပါတယ်။
"ကျုပ်တို့ သခင်ကြီးရဲ့ ဘွဲ့တော်က ကောင်းကင်ဘုံ တာအိုအရှင် ပါ"
သူဟာ မသေမျိုးအဆင့် အထွတ်အထိပ်နားထိ ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း သိလိုက်ရတဲ့အခါ ဖန့်ချန် သက်ပြင်းချမိပါတယ်။
အလယ်ပိုင်းတိုက်ကြီး တစ်ခုလုံးမှာတောင် ဒီလိုပုဂ္ဂိုလ်မျိုး ၂၀ လောက်ပဲ ရှိတာပါ။
"မင်းတို့က ငါ့ကျင့်စဉ်ကို မြင်တာနဲ့ စီနီယာယွမ်ဟယ် ရဲ့ နာမည်ကို သိပြီး ငါက တာအိုသုံးထောင်ကျမ်း ကို ကျင့်နေမှန်း ဘယ်လိုသိတာလဲ"
စက္ကူရုပ်ဖြူက သက်ပြင်းချရင်း ဖြေပါတယ်။
"အရှင် မသိဘူးလား အရှင် ကျင့်နေတဲ့ ကျင့်စဉ်က ကောင်းကင်တိမ်တိုက် ဧကရာဇ် ဆီက ဆင်းသက်လာတာလေ"
"ဧကရာဇ်"
ဖန့်ချန် အံ့သြသွားပါတယ်။ သူ တစ်ခါမှ မကြားဖူးတဲ့ ဘွဲ့ထူးပါပဲ။
"ဟုတ်ပါတယ် ယွမ်ဟယ် ဆိုတာ ကောင်းကင်တိမ်တိုက် ဧကရာဇ်ရဲ့ တာအိုဘွဲ့နာမည်ပဲ သူ့ရဲ့ အမွေအနှစ်ကို ရထားတဲ့ အရှင်ဟာ ကျုပ်တို့သခင်ကြီးရဲ့ တကယ့်အမွေခံပဲလို့ ကျုပ်တို့ ယုံကြည်သွားတာပါ"
"ကျုပ်တို့ သခင်ကြီးတောင်မှ အသက်ရှင်စဉ်က အဲဒီ ဧကရာဇ်ကြီးဆီကနေ လမ်းညွှန်မှု ခံယူချင်ခဲ့တာ"
ဖန့်ချန်ရဲ့ မျက်နှာဟာ တင်းမာသွားပါတယ်။
စီနီယာယွမ်ဟယ်က အဲဒီလောက်အထိ အရှိန်အဝါကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးလား သူတို့ဟာ ခေတ်ကာလချင်း တူတူပဲ လို့ ဖန့်ချန် ထင်ထားခဲ့တာပါ။
အခုတော့ အရာအားလုံးက သူ ထင်ထားတာထက် ပိုပြီး နက်နဲနေပါတော့တယ်။
အခန်း ၅၅၈ - ကိစ္စရပ်များ ပြီးဆုံးခြင်းနှင့် ထွက်ခွာချိန်
ဖန့်ချန်က တိုးတိုးလေး မေးလိုက်ပါတယ်။
"စီနီယာ ကွယ်လွန်သွားတာ ဘယ်လောက်တောင် ကြာပြီလဲ"
"နေပါဦး စဉ်းစားကြည့်ပါရစေ"
စက္ကူရုပ်ဖြူက လက်ချောင်းလေးတွေနဲ့ တစ်ချက်ချင်း ရေတွက်နေပြီးမှ ခပ်တိုးတိုး ပြောပါတယ်။
"၁၃,၄၆၅ နှစ် ရှိပြီ"
စက္ကူရုပ်မည်းကလည်း သက်ပြင်းချပါတယ်။
"အချိန်တွေက အတော်ကြီးကို ကြာသွားခဲ့ပြီပဲ"
ဖန့်ချန် ရင်ထဲ ထိတ်ခဲသွားပါတယ်။
ဒါဆိုရင် စီနီယာယွမ်ဟယ် ရဲ့ သက်တမ်းက နှစ်ပေါင်းသောင်းချီ ရှိနေတာလား။
သူ သိထားသလောက်တော့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်တောင် နှစ် ၈၀၀ ပဲ နေရတာပါ။
မသေမျိုးအဆင့်ဒါမှမဟုတ် လွတ်လပ်သောမသေမျိုး တွေကရော နှစ်ပေါင်းထောင်ချီ နေနိုင်ကြတာလား။
"သခင်ကြီး ဆုံးပါးသွားတုန်းက အသက် ၃,၇၀၀ ခန့် ရှိပါပြီ အဲဒီတုန်းက သူ့ရဲ့ သက်တမ်းကုန်ခါနီးဖြစ်လို့သာ လွတ်လပ်သောမသေမျိုးအဖြစ် အသွင်ပြောင်းဖို့ ရွေးချယ်ခဲ့ရတာပါ မဟုတ်ရင်တော့ ရန်သူတွေက သူ့ကို အလွယ်တကူ လုပ်ကြံနိုင်မှာ မဟုတ်ပါဘူး"
စက္ကူရုပ်ဖြူက ဆက်ပြောပါတယ်။
"သခင်ကြီး ပြောသလိုပဲပေါ့ ဒါတွေက ကံကြမ္မာပါပဲ"
"နေပါဦး ကောင်းကင်ဘုံတာအိုအရှင်က အသက် ၃,၇၀၀ မှာ သက်တမ်းကုန်ခါနီး ဖြစ်နေပြီဆိုရင် မင်းတို့ပြောတဲ့ စီနီယာယွမ်ဟယ်ရဲ့ အဆင့်အတန်းက သူ့ထက် အများကြီး ပိုမြင့်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ လွတ်လပ်သောမသေမျိုးတွေက မသေမျိုးအဆင့်တွေထက် ပိုပြီး အသက်ရှည်လို့လား"
ဖန့်ချန်က အံ့အားသင့်စွာ မေးလိုက်ပါတယ်။
"လွတ်လပ်သောမသေမျိုးတွေရဲ့ သက်တမ်းကလည်း မသေမျိုးအဆင့်တွေထက် အများကြီး ပိုမရှည်ပါဘူး"
" ပြီးတော့ သူတို့က ဒီလောကရဲ့ နိယာမတွေက လက်မခံတဲ့ ဖြစ်တည်မှုတွေမို့ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်မှုကိုလည်း အမြဲ ရင်ဆိုင်နေရတာပါ"
စက္ကူရုပ်မည်းက ကောင်းကင်ကို လက်ညှိုးထိုးရင်း ခနဲ့တဲ့တဲ့ ပြောပါတယ်။
တာအိုဂိုဏ်းတွေနဲ့ ကောင်းကင်ဘုံ ကြားမှာ ကြီးမားတဲ့ ရန်ငြိုးတွေ ရှိနေပုံရပါတယ်။
"အရှင် ကောင်းကင်တိမ်တိုက် ဧကရာဇ်ကြီး ကွယ်လွန်သွားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတာကို အရှင် မသိဘူးလား"
စက္ကူရုပ်ဖြူက တစ်ခုခုကို သတိရသွားသလို လေးလေးနက်နက် မေးပါတယ်။
ဖန့်ချန်က ရယ်မောရင်း ခေါင်းခါလိုက်ပါတယ်။
"ကွယ်လွန်သွားပြီ ဟုတ်လား မဖြစ်နိုင်တာ ငါ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကတင် စီနီယာယွမ်ဟယ်ကို ကိုယ်တိုင် တွေ့ခဲ့တာလေ သူကိုယ်တိုင်ပဲ ငါ့ကို တာအိုသုံးထောင်ကျမ်း အမွေပေးခဲ့တာ"
စက္ကူရုပ်နှစ်ရုပ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
"အရှင် ကျွန်တော်တို့က ဒီကိစ္စကို အရှင့်ကို ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ သခင်ကို သစ္စာဖောက်တာက ဝိညာဉ်ပါ အစပျောက်အောင် အဖျက်ဆီးခံရမယ့် အလုပ်ပါ"
စက္ကူရုပ်ဖြူက သက်ပြင်းချပါတယ်။
ဖန့်ချန်ရဲ့ မျက်နှာပေါ်က အပြုံးတွေ မှေးမှိန်သွားပါတယ်။
"အရှင် တွေ့ခဲ့တာက ကောင်းကင်တိမ်တိုက် ဧကရာဇ်ကြီး ဒီလောကမှာ ချန်ထားရစ်ခဲ့တဲ့ ဝိညာဉ်အကြွင်းအကျန် ပဲ ဖြစ်ရပါမယ်"
စက္ကူရုပ်မည်းက တိုးတိုးလေး ပြောပါတယ်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျမတို့ သခင်ကြီး တာအိုပညာရှင်အဖြစ် နာမည်ကျော်နေတုန်းကတင် ဧကရာဇ်ကြီး ဆုံးပါးသွားတာ နှစ်ပေါင်း မရေတွက်နိုင်အောင် ကြာနေပါပြီ"
"သူက လူဝင်စားဖို့ ငြင်းဆန်ပြီး ဒီလောကထဲမှာပဲ ဝိညာဉ်အဖြစ် လှည့်လည်သွားလာနေတာပါတစ်ခါတလေ ကံကောင်းတဲ့သူတွေဆိုရင် သူ့ကိုတွေ့ပြီး လမ်းညွှန်မှုတွေ ရတတ်ကြပါတယ်"
ဖန့်ချန် မျက်မှောင်ကြုတ်လိုက်ပါတယ်။
"ဒါပေမဲ့ စီနီယာယွမ်ဟယ်က ငါ့ကို အလယ်ပိုင်းတိုက်ကြီးမှာရှိတဲ့ တာအိုသုံးထောင်ဂိုဏ်း ကို သွားခိုင်းခဲ့တာလေ တကယ်လို့ သူက ဝိညာဉ်အကြွင်းအကျန်ပဲ ဆိုရင် ဘာလို့ အဲဒီလို ပြောခဲ့ရတာလဲ"
"တချို့က ပြောကြတာတော့ ဧကရာဇ်ကြီးရဲ့ ဝိညာဉ်က ရူးသွပ်သွားပြီတဲ့ သူကိုယ်တိုင် သေဆုံးသွားတာကိုတောင် သူ မသိတော့ဘူးလို့ ဆိုကြတယ်"
စက္ကူရုပ်ဖြူက ခါးခါးသီးသီး သက်ပြင်းချပါတယ်။
"ဟိုးအရင်ကတော့ ဒီလောကမှာ တာအိုသုံးထောင်ဂိုဏ်း ဆိုတာ တစ်ခုပဲ ရှိခဲ့တာပါ ဒါပေမဲ့ တစ်နေ့မှာတော့ ဂိုဏ်းကြီးက ကပ်ဘေးကြီးနဲ့ ကြုံခဲ့ရပြီး ပညာရှင်တွေ အသတ်ခံခဲ့ရတယ် အဲဒီနေ့မှာပဲ ဧကရာဇ်ကြီးလည်း ကွယ်လွန်ခဲ့ရတာပါ"
"အဲဒီနောက်ပိုင်းမှာ တပည့်တွေက ပြန့်ကျဲသွားပြီး တာအိုဂိုဏ်းပေါင်းစုံ မှိုလိုပေါက်လာတာပေါ့ ကျွန်တော်တို့ သခင်ကြီးရဲ့ အမွေအနှစ်ကလည်း အဲဒီ တာအိုသုံးထောင်ဂိုဏ်းရဲ့ အကိုင်းခက် တစ်ခုပါပဲ"
" သခင်ကြီး အမြဲပြောတာကတော့ တာအိုပညာရပ် သုံးထောင်ထဲမှာမှ တာအိုသုံးထောင်ကျမ်း က အကောင်းဆုံး အခြေခံပဲတဲ့"
ဖန့်ချန်ရဲ့ မျက်နှာ ဖြူလျော့သွားပါတယ်။
"ဒါဆို မင်းတို့ပြောချင်တာက အခု လောကမှာ တာအိုသုံးထောင်ဂိုဏ်း ဆိုတာ မရှိတော့ဘူးပေါ့ အခုရှိနေတဲ့ တာအိုဂိုဏ်းတွေ အားလုံးက အဲဒီကနေ ဆင်းသက်လာတာလား"
"မှန်ပါတယ် အရှင် တာအိုလမ်းစဉ်အားလုံးရဲ့ မူလအစက တာအိုသုံးထောင်ဂိုဏ်းပါပဲ အဲဒီဂိုဏ်း ထွန်းကားစဉ်တုန်းကဆိုရင် အပြာရောင်မိုးကြိုးနတ်သားရဲတွေတောင် လာပြီး တာအိုဆွေးနွေးခဲ့ကြတာပါ"
ဖန့်ချန် ရုတ်တရက် တစ်ခုခုကို သတိရသွားပါတယ်။
သူ အရင်က လူတော်တော်များများကို မေးဖူးပေမဲ့ တာအိုသုံးထောင်ဂိုဏ်း အကြောင်း တစ်ယောက်မှ မကြားဖူးကြတာဟာ ဒီဂိုဏ်းက မရှိတော့လို့ပဲ ဖြစ်ရမယ်။
ဒါပေမဲ့ သစ်စိမ်းဂိုဏ်း က ဘိုးဘေးကြီးကတော့ ဒီဂိုဏ်းအကြောင်း သိနေပြီး မြေပုံတောင် ပေးခဲ့သေးတာပဲ။
"မဖြစ်နိုင်ဘူး ငါ ကိုယ်တိုင် သွားကြည့်မှ ဖြစ်မယ်"
ဖန့်ချန်က စိတ်ကို တင်းထားလိုက်ပါတယ်။
အခု စက္ကူရုပ်တွေ ပြောတာက အမှန်လား၊ ဒါမှမဟုတ် သူတို့ နှစ်ပေါင်းသောင်းချီ ပိတ်မိနေလို့ အပြင်က အခြေအနေကို မသိတာလားဆိုတာ သူ ကိုယ်တိုင် အဖြေရှာရပါမယ်။
"ဒီကိစ္စက ဒီမှာတင် ပြီးပြီ ငါ အခု ထွက်သွားဖို့ အချိန်တန်ပြီ"
ဖန့်ချန်က ပြောလိုက်ပြီး ဂူသင်္ချိုင်းအပြင်ဘက်က ရန်သူတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်ပါတော့တယ်။