အခန်း (၅၆၁-၅၆၂)
Vol. 57 Ch. 561-562
အခန်း ၅၆၁ - မင်းက ရှက်နေမှတော့ သေလိုက်တော့
ဖန့်ချန်က ခဏလောက် စဉ်းစားဟန်ပြုပြီး
"ဒါက တကယ်ပဲ နားလည်မှုလွဲတာလား"
လို့ မေးလိုက်ပါတယ်။
အဲဒီနောက် သူက ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ၄ ယောက်ဘက်ကို လှည့်ကြည့်ပြီး
"သူပြောတော့ ဒီမြေပေါ်မှာရော ကောင်းကင်မှာရော ရှိသမျှအရာအားလုံးက နန်းတော် အပိုင်ဆိုပဲ ဒါက တကယ်ပဲလား"
ထို ၄ ယောက်စလုံးကတော့ ထိတ်လန့်နေကြပေမဲ့ ဖန့်ချန်ရဲ့ အမေးကို မြင်တဲ့အခါ အတင်းပဲ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ကြပါတယ်။
သူတို့ထဲက တစ်ယောက်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြီး
"အလယ်ပိုင်းတိုက်ကြီးမှာတော့ အဲဒီလို အဆိုတစ်ခု ရှိတာ အမှန်ပါပဲ ဒါပေမဲ့ တကယ်တမ်းမှာတော့ အားလုံးက ဒါကို သဘောတူကြတာ မဟုတ်ပါဘူး"
လို့ ဖြေပါတယ်။
အကြီးအကဲယွမ်ရဲ့ အလောင်းကို ကြည့်ပြီး ချီရန် တစ်ယောက် ဂနာမငြိမ် ဖြစ်နေပါပြီ။
"တာအိုမိတ်ဆွေတုန်းဖန်း ငါက မင်းနဲ့ ကိစ္စတွေကို ဆွေးနွေးချင်ရုံတင်ပါ အကြမ်းဖက်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိပါဘူး ကျေးဇူးပြုပြီး နားလည်ပေးပါ"
"ဒါတွေအားလုံးက ဟိုအဘိုးကြီးရဲ့ စိတ်ကျဉ်းမြောင်းမှုကြောင့် ဖြစ်ရတာပါ သူက သူတစ်ပါးအပေါ် သည်းခံနိုင်စွမ်း မရှိဘူး"
"တာအိုမိတ်ဆွေတုန်းဖန်း အမွေအနှစ်ရတာကို မြင်တော့ သူက မနာလိုဖြစ်ပြီး လုယူချင်တာပါ သူက သေထိုက်လို့ သေတာပါ"
မင်းသားလေးရဲ့ စကားကို ကြားရတဲ့အခါ လူအုပ်ကြီးက စိတ်ထဲကနေ သက်ပြင်းချလိုက်ကြပါတယ်။
အမှားအမှန်ကို ဒီလောက် ဗြောင်ကျကျ ပြောင်းလဲပစ်နိုင်တာဟာ တကယ့်ကို နယ်စားမင်းသားရဲ့ သားပီသပေတော့တယ်။
"သူက အမှားလုပ်ခဲ့တာမို့ သေသွားပြီ ဒါက သူ့ရဲ့ ကံကြမ္မာ ပဲ"
ဖန့်ချန်က အဘိုးကြီးရဲ့ အလောင်းကို ကြည့်ပြီး ခေါင်းညိတ်ပါတယ်။
အဲဒီနောက် ချီရန်ဘက်ကို ပြန်လှည့်ကြည့်ပြီး
"မင်းလည်း အမှားလုပ်ခဲ့တာပဲ ဒါကြောင့် မင်းနဲ့ ထိုက်တန်တဲ့ ကံကြမ္မာကို မင်းလည်း လက်ခံရရှိရမယ်"
ချီရန်ကတော့ မကောင်းတဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
"ငါ့ရဲ့ ကံကြမ္မာ"
သူ့မျက်နှာက ချက်ချင်းဆိုသလို ပြာနှမ်းသွားပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ
"တာအိုမိတ်ဆွေတုန်းဖန်း ငါ့အဖေက အပြာရောင်တာအို နယ်စားမင်းကြီးပဲ သူက အစောပိုင်း တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်တစ်ယောက်တကယ်လို့ မင်း ငါ့ကို သတ်ရင် မင်းလည်း ကြောက်စရာကောင်းတဲ့ ကံကြမ္မာကို ခံစားရလိမ့်မယ်"
"ငါလား ငါကတော့ ကံကြမ္မာ ကို တစ်ခါမှ မကြောက်ဖူးဘူး"
ဖန့်ချန်က ခပ်အေးအေးပဲ ပြုံးလိုက်ပြီး စက္ကူရုပ်နှစ်ရုပ်ကို ခေါင်းညိတ်ပြလိုက်ပါတယ်။
ဂျွတ်
စက္ကူရုပ်ဖြူနဲ့ စက္ကူရုပ်မည်းတို့ဟာ ချီရန်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်ပါတော့တယ်။
အဲဒီနောက်မှာတော့ စက္ကူရုပ်မည်းက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကျန်ရှိနေတဲ့ ကိုယ်ရံတော် ဝိညာဉ်သန္ဓေသားအဆင့်တွေကိုပါ မလွတ်တမ်း လိုက်ဖမ်းပြီး တစ်လုတ်တည်း ဝါးမြိုပစ်လိုက်ပါတယ်။
ကိစ္စတွေ ပြီးသွားတဲ့အခါ စက္ကူရုပ်နှစ်ရုပ်ဟာ ဖန့်ချန်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ ဖြည်းဖြည်းချင်း ပြန်လည် ဝဲပျံနေကြပါတယ်။
သူတို့ရဲ့ အကြည့်က လူအုပ်ကြီးဆီ ရောက်သွားတဲ့အခါ ဝိညာဉ်သန္ဓေသားအဆင့်ပဲဖြစ်ဖြစ်၊ ရွှေရောင်အမြုတေအဆင့်ပဲဖြစ်ဖြစ် အားလုံးဟာ တောင့်တောင့်ကြီး ဖြစ်ကုန်ကြပါတယ်။
ဒီစက္ကူရုပ်နှစ်ရုပ်ရဲ့ တည်ရှိမှုက သေသူတွေအတွက် မီးရှို့ပေးရတဲ့ အရုပ်တွေနဲ့ မခြားနားပေမဲ့ သူတို့ဆီက ထွက်ပေါ်နေတဲ့ စွမ်းအားကတော့ လူသေမတတ် ကြောက်စရာကောင်းနေလို့ပါ။
အဘွားအိုနဲ့ ကျန်တဲ့ ဝိညာဉ်သန္ဓေသားအဆင့် ၃ ယောက်ဟာ အတင်းပြုံးပြီး ဖန့်ချန်ကို အရိုအသေပေးလိုက်ကြပါတယ်။
"ဂုဏ်ယူပါတယ် တာအိုမိတ်ဆွေ ဂုဏ်ယူပါတယ်"
ချိုင်းလုံရဲ့ မျက်နှာကတော့ သွေးမရှိသလို တောင့်တင်းနေပါပြီ။
ချိုင်းရွှင့်ကတော့ အရှိန်အဝါတွေကြားကနေ သတိပြန်ဝင်လာပြီး ချိုင်းလုံကို ကြည့်လိုက်ပါတယ်။
"ချိုင်းလုံ မင်းတော့ သွားပြီ"
"ချိုင်းရွှင့် ခုနက ငါပြောတာတွေက အပေါစားစကားတွေလို့ပဲ သဘောထားပေးပါကွာ ငါတို့က ဂိုဏ်းတူ မိသားစုတူတွေ မဟုတ်လား ငါ့ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ပေးပါဦး"
ချိုင်းလုံက တိုးတိုးလေး ကပ်တောင်းပန်နေပါတယ်။
"မင်း ခုနက ပြောခဲ့တာတွေကို ငါ စီနီယာတုန်းဖန်းကို အကုန် အမှန်အတိုင်း ပြောပြမှာပါ မင်းနဲ့ ကံကြမ္မာကို ဖြေရှင်းမလား၊ မဖြေရှင်းဘူးလားဆိုတာကတော့ စီနီယာရဲ့ အဆုံးအဖြတ်ပဲ"
လို့ ချိုင်းရွှင့်က ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်ပါတယ်။
"ခုကျမှ ဂိုဏ်းတူ၊ မိသားစုတူ လာလုပ်မနေနဲ့ မင်း ငါ့ကို အမှိုက်လို ဆက်ဆံတုန်းက အဲဒီ ညီအစ်ကိုသံယောဇဉ်တွေ ဘယ်ရောက်နေလဲ"
ဖန့်ချန်က သူတို့ဆီကို လျှောက်လာတာကို မြင်လိုက်ရတဲ့အခါ ချိုင်းလုံရဲ့ ခြေထောက်တွေ တုန်ယင်လာပါတယ်။
အဘွားအို ၄ ယောက်ကတော့ ဖန့်ချန်က သူတို့ကို ဂရုမစိုက်တာကို မြင်တဲ့အခါမှပဲ အသက်ဝဝ ရှူနိုင်ပါတော့တယ်။
သူတို့ဟာ ချီရန်ရဲ့ အလောင်းကို ကြည့်ပြီး သက်ပြင်းချမိကြပါတယ်။
တကယ်လို့ ချီရန်သာ ရှေ့ကနေ မောက်မာမပြခဲ့ရင် သူတို့ကိုယ်တိုင် ဖန့်ချန်ကို ဖိအားပေးမိမှာ သေချာပါတယ်။
အဲဒီလိုဆိုရင် အခု အလောင်းက သူတို့ ဖြစ်နေလောက်ပါပြီ။
"တာအိုမိတ်ဆွေတုန်းဖန်း"
ချိုင်းမိသားစုရဲ့ ဘိုးဘေးကြီးက ရှေ့ကိုတက်ပြီး ရိုရိုသေသေ အရိုအသေပေးပါတယ်။
"ငါ့ရဲ့ တပည့်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်"
ချီချုံ ကလည်း ချက်ချင်းပဲ ဖန့်ချန်ကို ဦးညွှတ်ပါတယ်။
ဖန့်ချန်ရဲ့ နောက်ကနေ သူ့ရဲ့တပည့်တွေ ပြန်ပါလာတာကို မြင်တော့ ချီချုံရဲ့ အကြီးဆုံးတပည့် မိုချောင် ကတော့ ထိတ်လန့်မှုနဲ့ သံသယတွေ ရောထွေးနေပါတယ်။
ဒါတွေက တကယ်ပဲ ငါ့ညီလေးတွေ၊ ညီမလေးတွေလား ဒါမှမဟုတ် စက္ကူရုပ်တွေလိုမျိုး မိစ္ဆာတွေလား
"ဆရာ ကျွန်တော်တို့ကို ကယ်ခဲ့တာ စီနီယာတုန်းဖန်းပါ ကျွန်တော်တို့က သရဲတွေ မဟုတ်ပါဘူး"
လို့ တပည့်တွေက အသည်းအသန် ရှင်းပြကြပါတယ်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ"
ချီချုံက ခေါင်းတွေကို တရစပ်ညိတ်ပြီး ဖန့်ချန်ကို ကြည့်ကာ ရှက်ကိုးရှက်ကန်း ဖြစ်နေပါတယ်။
"တာအိုမိတ်ဆွေတုန်းဖန်း အရင်က ဂူသင်္ချိုင်းထဲမှာ ငါပြောခဲ့တဲ့ မသင့်တော်တဲ့ စကားတွေအတွက် ငါ တကယ်ပဲ ရှက်မိပါတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ဖန့်ချန်က ပြန်ဖြေလိုက်ပါတယ်။
"မင်းက ရှက်နေမှတော့ သေလိုက်တော့"
ချီချုံရဲ့ မျက်နှာမှာ အံ့သြမှုတွေ မပျောက်သေးခင်မှာပဲ စက္ကူရုပ်မည်းရဲ့ လက်က သူ့ရဲ့ ခေါင်းကို ဖြတ်ယူသွားပါတော့တယ်။
ခေါင်းမပါတဲ့ ခန္ဓာကိုယ်က ခဏလောက် ယိုင်နဲ့သွားပြီး သွေးတွေ ပန်းထွက်လျက် မြေပြင်ပေါ်ကို ဘုန်းဘုန်းလဲကျသွားပါတယ်။
မိုချောင်နဲ့ တခြားသူတွေတင်မက ဖန့်ချန် ကယ်ထုတ်လာတဲ့ တပည့်တွေပါ မှင်သက်ကုန်ကြပါတယ်။
အားလုံးဟာ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေပါပြီ။
ဖန့်ချန်ဟာ နယ်စားမင်းသားကိုတင်မကဘူး ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်ကိုလည်း ပုရွက်ဆိတ်တစ်ကောင်လိုပဲ သဘောထားနေတာပါ။
သူတို့အားလုံး ဖန့်ချန်ရဲ့ မျက်လုံးကို တည့်တည့်မကြည့်ရဲဘဲ ခေါင်းငုံ့ထားကြပါတယ်။
ချိုင်းမိသားစု ဘိုးဘေးကြီးကတော့ ချီချုံရဲ့ အလောင်းကို တစ်ချက်ကြည့်ပြီး ဖန့်ချန်ကို ပြောပါတယ်။
"တာအိုမိတ်ဆွေတုန်းဖန်း ချီချုံက တကယ်ပဲ သေထိုက်သူပါ"
မိုချောင်ကတော့ သတိပြန်ဝင်လာပြီး မျက်ရည်တွေနဲ့
"မင်း... မင်း ငါ့ဆရာကို သတ်လိုက်ပြီ..."
လို့ ရေရွတ်ပါတယ်။
ဖန့်ချန်က ပြုံးပြီး
"မင်းရဲ့ ဆရာအတွက် လက်စားချေချင်လို့လား"
လို့ မေးပါတယ်။
သူက ချီချုံကို ဝိညာဉ်သွေးဂိုဏ်းကလို့ သံသယရှိပေမဲ့ အထောက်အထား ရှာမနေတော့ပါဘူး။
ဂူသင်္ချိုင်းထဲမှာ သူ့ကို အပြစ်ပုံချဖို့ ကြိုးစားခဲ့တဲ့ ချီချုံရဲ့ လုပ်ရပ်တွေကတင် သေဒဏ်ပေးဖို့ လုံလောက်နေပါပြီ။
မိုချောင်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ
"ဆရာ့အလောင်းကို ငါ ယူသွားလို့ ရမလား"
လို့ ခွင့်တောင်းပါတယ်။
ဖန့်ချန် ခေါင်းညိတ်ပြတော့မှ သူဟာ အလောင်းကို သယ်ပြီး အမြန်ပဲ ထွက်သွားပါတော့တယ်။
ဖန့်ချန် ကယ်တင်ခဲ့တဲ့ ကျင့်ကြံသူတွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။
တစ်ဖက်က သူတို့ဆရာ၊ တစ်ဖက်က သူတို့အသက်သခင်။
ဒါပေမဲ့ ဂူသင်္ချိုင်းထဲမှာ သူတို့ကို ပစ်ထားခဲ့တဲ့ ချီချုံရဲ့ လုပ်ရပ်ကို ပြန်တွေးမိတဲ့အခါမှာတော့ ဝမ်းနည်းစိတ်က အနည်းငယ်တော့ လျော့ပါးသွားပါတယ်။
"စီနီယာတုန်းဖန်း ကျွန်တော်တို့ သွားခွင့်ပြုပါဦး"
ဖန့်ချန် ခေါင်းညိတ်လိုက်ပါတယ်။
"သွားကြတော့"
လူအုပ်ကြီး လူစုကွဲသွားချိန်မှာပဲ တစ်နေရာကနေ မကောင်းတဲ့ အနံ့တစ်ခု ရလာပါတယ်။
"ချိုင်းလုံ မင်း ဘောင်းဘီထဲ အပေါ့သွားလိုက်တာလား"
လို့ ချိုင်းရွှင့်က အံ့သြတကြီး မေးလိုက်ပါတယ်။
ချိုင်းလုံရဲ့ မျက်နှာက နီရဲနေပြီး
"ငါ... ငါက စီနီယာတုန်းဖန်းရဲ့ ဒေါသကြောင့် လန့်သွားလို့ပါ ဒါက မရည်ရွယ်ဘဲ ဖြစ်သွားတာပါ"
လို့ ဝန်ခံပါတယ်။ သူဟာ ဖန့်ချန်ကို ကြောက်လွန်းလို့ အခုလို ဖြစ်သွားတာပါ။
ချိုင်းရွှင့်ကတော့ ဖန့်ချန်ဆီကို လျှောက်သွားပြီး အမှန်အတိုင်း ပြောလိုက်ပါတယ်။
"စီနီယာတုန်းဖန်း ချိုင်းလုံက အရင်က စီနီယာ့အပေါ် မကောင်းတဲ့ စကားတွေ အများကြီး ပြောခဲ့ပါတယ် စီနီယာ အခက်တွေ့တာကို ကြည့်ပြီးတော့လည်း သူက လှောင်ပြောင်နေခဲ့တာပါ"
ချိုင်းလုံရဲ့ မျက်နှာက ချက်ချင်းဆိုသလို ပြာနှမ်းသွားပါတယ်။
သူက ကြောက်လွန်းလို့ ဘောင်းဘီထဲ အပေါ့သွားမိတာတောင်မှ ချိုင်းရွှင့်က သူ့ကို လွှတ်မပေးသေးပါဘူး။
အခန်း ၅၆၂ - လျှပ်စီးနတ်သားရဲ
ဖန့်ချန်က သက်ပြင်းခပ်တိုးတိုးချလိုက်ရင်း
"တာအိုမိတ်ဆွေချိုင်း မင်းရဲ့ မျိုးဆက်သစ်က စိတ်နေစိတ်ထား သိပ်မကောင်းဘူးပဲ သူက ကြီးပွားဖို့ခဲယဉ်းတဲ့အပြင် မင်းတို့ ချိုင်းမိသားစုအတွက်ပါ တစ်နေ့ ဒုက္ခခေါ်လာလိမ့်မယ်"
လို့ ပြောလိုက်ပါတယ်။
ချိုင်းမိသားစု ဘိုးဘေးကြီးက စကားဆုံးတာနဲ့ ချက်ချင်းဆိုသလို ချိုင်းလုံကို လက်ဝါးနဲ့ ရိုက်ချလိုက်ပါတော့တယ်။
ချိုင်းလုံရဲ့ ခန္ဓာကိုယ်ထဲက မသေမျိုးအကြောအစုံဟာ တစ်ခဏချင်းမှာတင် ကြေမွပျက်စီးသွားခဲ့ရပါတယ်။
"ဘိုးဘေးကြီး"
ချိုင်းလုံ မြေပြင်ပေါ် ဒူးထောက်ကျသွားပါတယ်။
အသက်ရှူလိုက်တိုင်း ပါးစပ်ထဲက သွေးတွေ ပန်းထွက်နေပြီး သူ့ရဲ့ ဘိုးဘေးကြီးကို မယုံနိုင်သလို စိုက်ကြည့်နေပါတယ်။
ဒါပေမဲ့ ချိုင်းမိသားစု ဘိုးဘေးကြီးက သူ့ကို တစ်ချက်တောင် လှည့်မကြည့်ပါဘူး။
သူက ဖန့်ချန်ကို ကြည့်ပြီး ကျိုကျိုရိုရို ပြုံးကာ
"တာအိုမိတ်ဆွေတုန်းဖန်း အခုလို သတိပေးတာ တကယ်ပဲ အချိန်ကိုက်ပါပဲ ကျွန်တော့်မိသားစုအတွက် နောင်တစ်ချိန်မှာ ဖြစ်လာမယ့် ဘေးဒုက္ခကို ကြိုတင်ကာကွယ်ပေးလိုက်တာပါ တကယ်ပဲ ကျေးဇူးကြီးလှပါတယ်"
ဘိုးဘေးကြီးရဲ့ ပြတ်သားတဲ့ လုပ်ရပ်ကို မြင်တော့ ဖန့်ချန်က ခေါင်းညိတ်ပါတယ်။
"မင်းကတော့ အလားအလာ ရှိသားပဲ"
ဖန့်ချန်က သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပြီး ဘိုးဘေးကြီးဆီ ကမ်းပေးလိုက်ပါတယ်။
အသံကိုလည်း တိုးတိုးလေးပဲ ကြားအောင် ပို့လိုက်ပါတယ်။
"ဒါက ရွှေရောင်အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ချန်ထားခဲ့တဲ့ လက်စွပ်ပဲ အထဲမှာ ဘာပါလဲ ငါလည်း မသိဘူး၊ ဒါပေမဲ့ ဒါရှိရင် မင်း ဒီကို လာရတာ အလဟဿ မဖြစ်တော့ဘူး"
" ချိုင်းရွှင့်ကိုတော့ အသေအချာ ပြုစုပျိုးထောင်ပေးပါ သူက အားကိုးထိုက်တဲ့သူ ဖြစ်လာလိမ့်မယ်"
ချိုင်းမိသားစု ဘိုးဘေးကြီးက ဝမ်းသာအားရနဲ့ လက်စွပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပါတယ်။
"ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ"
သူ့ကိုယ်သူ တကယ်ပဲ မှန်ကန်တဲ့ဘက်က ရပ်တည်မိတယ်လို့ တွေးပြီး ဂုဏ်ယူနေမိပါတယ်။
တစ်ခါတလေမှာ ကြိုးစားမှုထက် မှန်ကန်တဲ့ ရွေးချယ်မှုက ပိုအရေးကြီးတာ မဟုတ်လား။
ဖန့်ချန်က ချိုင်းရွှင့်ကို ပြုံးပြပြီး
"ချိုင်းရွှင့် ငါတို့ နောင်မှ ပြန်တွေ့ကြတာပေါ့"
လို့ နှုတ်ဆက်လိုက်ပါတယ်။
စက္ကူရုပ်ဖြူနဲ့ မည်းတို့ဟာ အစိမ်းရောင် မီးခိုးငွေ့တွေအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားသလို ဖန့်ချန်ကိုယ်တိုင်လည်း ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံထဲကို တိုးဝင် ပျောက်ကွယ်သွားပါတော့တယ်။
ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင် ၄ ယောက်ဟာ အခုမှပဲ အသက်ဝဝ ရှူနိုင်ကြပေမဲ့ ဖန့်ချန် ဓားအလင်းတန်းအဖြစ် ပြောင်းသွားတာကို မြင်တော့ ထပ်ပြီး ထိတ်လန့်သွားကြပြန်ပါတယ်။
"ဒါ... ဒါက ဓားအသွင်ပြောင်းအတတ် ပဲ"
ချိုင်းမိသားစု ဘိုးဘေးကြီးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။
"သူက တကယ်ပဲ ဓားကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာလား"
"ဘိုးဘေးကြီး ဓားအသွင်ပြောင်းအတတ်ဆိုတာ ဘာလဲဟင်"
ချိုင်းရွှင့်က နားမလည်ဘဲ မေးပါတယ်။
ဘိုးဘေးကြီးက သူ့ကို မြတ်နိုးစွာ ကြည့်ပြီး
"ငါ့မြေး ငါ အရင်က ဓားကျင့်ကြံသူတစ်ယောက်နဲ့ ဆုံဖူးခဲ့တယ် ဓားအသွင်ပြောင်းအတတ်ဆိုတာ သူတို့ရဲ့ သင်္ကေတပဲ"
"ဒီလောကမှာ ဓားကျင့်ကြံသူတွေပဲ သူတို့ကိုယ်သူတို့ ဓားအဖြစ် ပြောင်းလဲပြီး ခရီးသွားနိုင်ကြတာ မင်းက တာအိုမိတ်ဆွေတုန်းဖန်းနဲ့ ရင်းနှီးအောင် လုပ်ထားနိုင်တာ တကယ်ပဲ ကံကောင်းတာပဲ"
"နောင်တစ်ချိန်မှာ မင်းအတွက် အခွင့်အရေးကြီးတွေ ရလာလိမ့်မယ် အခုကစပြီး မင်းက ချိုင်းမိသားစုရဲ့ သခင်လေးပဲ"
ချိုင်းမိသားစု တပည့်တွေအားလုံး ချိုင်းရွှင့်ကို မနာလိုစိတ်နဲ့ ကြည့်နေကြပါတယ်။
ချိုင်းလုံကတော့ အဲဒီစကားကို ကြားပြီး ဒေါသတွေ၊ နာကျင်မှုတွေ ပေါက်ကွဲကာ နေရာမှာတင် သတိလစ်သွားပါတော့တယ်။
"ငါတို့လည်း မြန်မြန် ထွက်ကြရအောင် တာအိုမိတ်ဆွေတုန်းဖန်းက နယ်စားမင်းသားကို သတ်ခဲ့တာဆိုတော့ ငါတို့လည်း ပတ်သက်မိရင် ဒုက္ခတွေ့နိုင်တယ်"
ဘိုးဘေးကြီးက သူ့လူတွေကို ခေါ်ပြီး အမြန်ပဲ ထွက်ခွာသွားပါတယ်။
"ဓားကျင့်ကြံသူ သူက ဓားကျင့်ကြံသူ ဖြစ်နေတာကိုး"
"အံ့သြစရာ မရှိပါဘူး၊ ဒါကြောင့်လည်း တာအိုအမွေအနှစ်ကို သူ ရခဲ့တာပဲ ဓားကျင့်ကြံသူတွေရဲ့ အမွေအနှစ်က တာအိုဂိုဏ်းတွေထက် မနိမ့်ပါဘူးတစ်ခါတလေ ပိုတောင် အစွမ်းထက်သေးတယ်"
လူအုပ်ကြီးက ပြောဆိုနေတုန်းမှာပဲ ဂူသင်္ချိုင်းကြီးက တဖြည်းဖြည်း မှေးမှိန်သွားပြီး လေထဲမှာတင် ပျောက်ကွယ်သွားပါတယ်။
အားလုံးဟာ အသက်ရှင်လျက် ထွက်လာနိုင်တာကိုပဲ ကံကောင်းတယ်လို့ မှတ်ယူလိုက်ကြရပါတယ်။
တစ်ဖက်မှာတော့ ကိုယ်ယောင်ဖျောက်နေတဲ့ စက္ကူရုပ်မည်းက လှောင်ပြုံး ပြုံးနေပါတယ်။
"အရှင် ဓားကျင့်ကြံသူတွေရဲ့ အမွေအနှစ်က တာအိုဂိုဏ်းတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ဒီလူတွေက အခုခေတ် တာအိုဂိုဏ်းတွေကိုပဲ မြင်ဖူးပြီး အရင်က တာအိုအစစ်အမှန်တွေရဲ့ စွမ်းအားကို မသိကြလို့ပါ"
စက္ကူရုပ်ဖြူကတော့ ဘာမှမပြောပေမဲ့ သူ့မျက်နှာမှာလည်း လှောင်ပြောင်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။
ဖန့်ချန်ကတော့ ဘာမှပြန်မပြောဘဲ စဉ်းစားနေပါတယ်။
ရှေးခေတ် တာအိုပညာရှင်တွေရဲ့ အတတ်တွေက ဓားကျင့်ကြံသူတွေထက် ပိုမို နက်နဲနိုင်တာကို သူ လက်ခံပါတယ်။
ရုတ်တရက် ဖန့်ချန်ရဲ့ အကြည့်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအချို့ဆီ ရောက်သွားပါတယ်။
သူက သူတို့နောက်ကနေ အရိပ်လို တိတ်တဆိတ် လိုက်ပါသွားပါတယ်။
"ငါတို့ ဘာဆက်လုပ်ကြမလဲ မစ်ရှင်ကလည်း ကျရှုံးခဲ့ရုံမက ချီရန် ပါ အသတ်ခံလိုက်ရပြီ နယ်စားမင်းရုံးက သိရင် ဒုက္ခပဲ"
"ဒါက သခင်ကြီးရဲ့ အစီအစဉ်ကိုတော့ မထိခိုက်လောက်ပါဘူးနော် နယ်စားမင်းကြီးကလည်း လုံလောက်တဲ့ ပိုင်ဆိုင်မှုတွေ စုဆောင်းထားပြီးပြီ ပြီးတော့ ငါတို့ရဲ့ ဘယ်သူဆိုတာကိုလည်း သူတို့မှ မသိတာ"
သူတို့တွေ တိုင်ပင်ပြီး အပြာရောင်တာအို နယ်မြေဆီကို အမြန် ပြန်သွားကြပါတယ်။
သူတို့နောက်မှာ ဖန့်ချန် တစ်ယောက် လိုက်လာနေတာကို လုံးဝ သတိမထားမိကြပါဘူး။
လအနည်းငယ် ကြာပြီးနောက်
သူတို့တွေ နယ်မြေထဲကို ဝင်လာပြီး သတင်းပို့ဖို့အတွက် ဆက်သွယ်ရေး အဆောင် ကို ထုတ်လိုက်တဲ့အချိန်မှာပဲ လက်တစ်ဖက်က လေထဲမှာတင် ပုတ်ထုတ်လိုက်ပါတယ်။
ပေါ်လာတဲ့သူက ဖန့်ချန် ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ သူတို့တွေ သွေးပျက်မတတ် ကြောက်လန့်သွားကြပါတယ်။
"ဆရာ ကျွန်တော်တို့နဲ့ ဆရာကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူးဗျာ"
ကျင့်ကြံသူတစ်ယောက်က အတင်းအော်ပြောပါတယ်။
"မင်းတို့နဲ့ ငါနဲ့ကတော့ ရန်ငြိုးမရှိပါဘူး ဒါပေမဲ့ ငါနဲ့ ဝိညာဉ်သွေးဂိုဏ်း ကြားမှာတော့ ရန်ငြိုး ရှိတယ်"
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
"မင်းတို့ရဲ့ သခင်ကြီး ဆိုတာ ဘယ်သူလဲ အမှန်အတိုင်း ပြောရင် ငါ အသက်ချမ်းသာပေးမယ်"
ဝိညာဉ်သွေးဂိုဏ်း ဆိုတဲ့ အမည်ကို ကြားလိုက်ရတဲ့အခါ သူတို့တွေ ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ ဖန့်ချန်က သံဓာတ်စွမ်းအားကို သုံးပြီး သံလှောင်အိမ်တွေနဲ့ သူတို့ကို ပိတ်လှောင်လိုက်ပါတယ်။
"မင်းတို့ ဘယ်မှ ထွက်ပြေးလို့ မရပါဘူး ငါ မေးတာကို ဖြေကြစမ်း"
ဖန့်ချန်က အေးစက်စက် ပြောလိုက်ပါတယ်။
"မင်းတို့ ဘာဖြစ်လို့ ဂူသင်္ချိုင်းထဲကနေ ကောင်းကင်ဘုံမိစ္ဆာသီး ကို ရအောင် ယူခိုင်းရတာလဲ ပြီးတော့ ငါ့ရဲ့ အစီအစဉ်တွေကို မင်းတို့ ဘယ်လို သိနေတာလဲ"
သူတို့တွေက ဘာမှ ပြန်မဖြေဘဲ ဖန့်ချန်ဆီကနေ အချက်အလက်တွေ ပြန်ရဖို့ ကြိုးစားနေကြပါတယ်။
ဖန့်ချန်က ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
"မင်းတို့ကို ငါ့ရဲ့ အပြာရောင်မိုးကြိုးအတတ်စမ်းသပ်ဖို့ပဲ သုံးရတော့မယ် ထင်တယ်"
သူဟာ လျှပ်စီးနတ်သားရဲ နဲ့ ချိတ်ဆက်ဖို့ ကြိုးစားလိုက်ပါတယ်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်သွားပြီး သူဟာ စကြဝဠာကြီးရဲ့ အလယ်ကို ရောက်သွားသလို ခံစားလိုက်ရပါတယ်။
ဟိုးအဝေးကြီးမှာတော့ လျှပ်စီးအလင်းတန်းတစ်ခုကို သူ မမှိန်မသုန် မြင်လိုက်ရပါတယ်။
ဒါ... လျှပ်စီးနတ်သားရဲ လား