အခန်း (၅၆၅-၅၆၆)
Vol. 57 Ch. 565-566
အခန်း ၅၆၅ - ကတိကဝတ်
"ဘိုးဘေးကြီး ဟုန်းချင်းလား မဖြစ်နိုင်တာဂိုဏ်းချုပ်ကြီး ပြောတာတော့ သူက ကွယ်လွန်သွားပြီ ဆိုပဲ"
"ရုပ်အလောင်းကို မတွေ့သရွေ့တော့ သေပြီလို့ ပြောလို့မရဘူး ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ယောက်က ဒီလောက်အလွယ်တကူ သေပါ့မလား သူတို့က သက်တမ်း ရှစ်ရာလောက်အထိ နေနိုင်တာလေ"
အကြီးအကဲတွေဟာ အသံလှိုင်းကနေတစ်ဆင့် တိုင်ပင်ပြီးနောက်မှာတော့ အကြီးအကဲကွမ်းက ဖန့်ချန်ကို လေးနက်စွာ ကြည့်ပြီး မေးပါတယ်။
"မင်း တကယ်ပြောနေတာလား စီနီယာတစ်ယောက်က မင်းကို အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ရင် ဒီကိုလာပြီး စာရင်းသွင်းဖို့ တကယ်ပဲ မှာခဲ့တာလား"
"တာအိုသုံးထောင်ဂိုဏ်းမှာ စာရင်းသွင်းဖို့ပါ"
ဖန့်ချန်က ဆိုင်းဘုတ်ကို တစ်ချက်ကြည့်ပြီး ပြင်ပေးလိုက်ပါတယ်။
"တာအိုတစ်ထောင်ဂိုဏ်း မဟုတ်ပါဘူး"
အကြီးအကဲကွမ်းရဲ့ မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားပါတယ်။
"မင်းမှာ သက်သေရှိလား"
"သက်သေ..."
ဖန့်ချန်က ခဏလောက် စဉ်းစားပြီး ခေါင်းခါပြလိုက်ပါတယ်။
"ကျွန်တော့်မှာ ဘာသက်သေမှ မရှိဘူး"
"သက်သေလည်းမရှိဘဲ ငါတို့ တာအိုတစ်ထောင်ဂိုဏ်းထဲကို ဒီအတိုင်း ဇွတ်ဝင်လာတာပေါ့လေ"
အကြီးအကဲရွှီက ခပ်အေးအေးပဲ ပြောပါတယ်။
"ထားလိုက်ပါ သူ ခိုးဝင်လာတယ်ဆိုရင်တောင် ငါတို့ဆီမှာ သူ လိုချင်လောက်စရာ ဘာပစ္စည်းမှလည်း မရှိတော့ပါဘူး"
အကြီးအကဲဟွမ်က ခပ်အမ်းအမ်း ပြောလိုက်ရာ အကြီးအကဲရွှီက သူ့ကို ဒေါသတကြီး လှည့်ကြည့်ပါတော့တယ်။
ဖန့်ချန်က လက်ယှက်ဂါရဝပြုပြီး
"အားလုံးပဲ ကျွန်တော်တို့က မျိုးနွယ်တူတွေ ဖြစ်နိုင်ပါတယ် တစ်နေရာမှာ ထိုင်ပြီး အေးအေးဆေးဆေး စကားပြောလို့ ရမလား ကျွန်တော် မေးစရာလေး နည်းနည်းပဲ ရှိတာပါ ပြီးရင် ကျွန်တော် ထွက်သွားပါ့မယ်"
သူတို့ ၃ ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သဘောတူလိုက်ကြပါတယ်။
အကြီးအကဲရွှီက ဖန့်ချန်ကို အကဲခတ်ရင်း မေးပါတယ်။
"တာအိုမိတ်ဆွေ မင်းက ဘာဖြစ်လို့ စကားပြောရင် မျက်လုံးပိတ်ထားတာလဲ"
ဖန့်ချန်က မျက်လုံးကို ဖွင့်လိုက်ပါတယ်။
အကြီးအကဲတွေနဲ့ လူငယ်လေးပါ အံ့သြသွားကြပါတယ်။
သူက မွေးရာပါ မျက်စိမမြင်ရတဲ့သူလား ဒါပေမဲ့ မျက်စိမမြင်တဲ့သူတစ်ယောက်က သူတို့ရဲ့ အတွင်းဆောင်ထဲကို ဘယ်သူမှမသိအောင် ခိုးဝင်လာနိုင်တာကို တွေးမိတော့ သူတို့တွေ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားကြပါတယ်။
မိနစ် ၂၀ ခန့်အကြာမှာတော့ ဧည့်ခန်းဆောင်တစ်ခုထဲမှာ ဖန့်ချန်နဲ့ အကြီးအကဲ ၃ ယောက် ထိုင်နေကြပါတယ်။
တပည့်တွေ လက်ဖက်ရည်လာချပေးပြီး ပြန်ထွက်သွားတဲ့အခါ အကြီးအကဲရွှီက စကားစပါတယ်။
"တာအိုမိတ်ဆွေ မင်း သိချင်တာ မေးနိုင်ပါတယ် ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေ မဟုတ်ရင်တော့ ငါ အကုန်ပြောပြပါ့မယ်"
ဖန့်ချန်က တည့်တည့်ပဲ မေးလိုက်ပါတယ်။
"တာအိုတစ်ထောင်ဂိုဏ်းနဲ့ တာအိုသုံးထောင်ဂိုဏ်းကြားက ပတ်သက်မှုကို သိချင်ပါတယ်"
သူတို့ ၃ ယောက်စလုံး သက်ပြင်းချလိုက်ကြပါတယ်။ အကြီးအကဲကွမ်းက ရှင်းပြပါတယ်။
"ဒီကိစ္စက တာအိုလောကမှာ စုံစမ်းရင် သိနိုင်ပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီလောကမှာ တာအိုဂိုဏ်းဆိုလို့ တာအိုသုံးထောင်ဂိုဏ်း တစ်ခုပဲ ရှိခဲ့တာ"
"နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဂိုဏ်းက ကွဲသွားပြီး လူတွေ အများကြီး ထွက်သွားကြတယ် အဲဒီကနေ အခုမြင်နေရတဲ့ ဂိုဏ်းပေါင်းစုံ ဖြစ်လာတာပေါ့"
"လူတွေက သူတို့ရဲ့ အရင်းအမြစ်ကို မေ့သွားကြပေမဲ့ ငါတို့ တာအိုတစ်ထောင်ဂိုဏ်းရဲ့ ဘိုးဘေးကတော့ ဒါကို မှတ်ထားပြီး ဒီနေရာမှာပဲ တည်တည်တံ့တံ့ နေခဲ့တာ"
"သူက ငါတို့ဟာ တာအိုသုံးထောင်ဂိုဏ်းရဲ့ မူလဆက်ခံသူတွေဖြစ်လို့ နာမည်ကို ဆက်ထိန်းထားခဲ့တယ် ဒါပေမဲ့ တခြားဂိုဏ်းကြီးတွေက ငါတို့ကို အသိအမှတ်မပြုတဲ့အပြင် ငါတို့ပိုင်တာတွေကို လာလုကြတယ်"
"ဖိအားတွေ များလာတော့ နောက်ဆုံးမှာ တာအိုသုံးထောင်ဂိုဏ်း ကနေ တာအိုတစ်ထောင်ဂိုဏ်း လို့ နာမည်ပြောင်းလိုက်ရတာပဲ"
"ဒါကြောင့် အခု လောကမှာ တာအိုသုံးထောင်ဂိုဏ်း မရှိတော့ဘူး တာအိုတစ်ထောင်ဂိုဏ်းပဲ ရှိတော့တယ်"
လို့ အကြီးအကဲကွမ်းက နာကျင်စွာ ပြောပါတယ်။
"မင်း သိချင်တာ သိပြီဆိုရင်တော့ ပြန်တော့မလား"
အကြီးအကဲရွှီက စိတ်မရှည်သလို မေးပါတယ်။
"ဒါဆို ကျွန်တော် တာအိုတစ်ထောင်ဂိုဏ်းထဲကို ဝင်ခွင့်ရှိမလား ဒါက ကျွန်တော့်စီနီယာကို ပေးခဲ့တဲ့ ကတိကို တည်ရာလည်း ရောက်ပါတယ်"
ဖန့်ချန်က အေးအေးဆေးဆေးပဲ ပြောလိုက်ပါတယ်။
အကြီးအကဲရွှီရဲ့ မျက်နှာက ပိုပြီး ပုပ်သိုးသွားပါတယ်။
"ကြည့်စမ်း သူက ဇွတ်ဝင်ချင်နေတာ တစ်ခုခု ကြံစည်နေတာ သေချာတယ်"
"တာအိုတစ်ထောင်ဂိုဏ်းမှာ ခရမ်းရောင်လျှပ်စီး အဆောင် အမွေအနှစ် ရှိလား ဒါမှမဟုတ် မိုးကြိုးကျင့်စဥ် ရော ရှိလား ဝိညာဉ်ပူးကပ်ကျင့်စဥ် အရာခပ်သိမ်းကို စစ်သည်အဖြစ် ပြောင်းလဲခြင်းအတတ် ဒါမှမဟုတ် မြေလျှိုးအတတ် ရော ရှိကြသေးလား"
ဖန့်ချန်က ရုတ်တရက် မေးလိုက်ပါတယ်။
အကြီးအကဲ ၃ ယောက်စလုံး မှင်သက်သွားကြပါတယ်။
"ငါတို့... ငါတို့ဆီမှာ အဲဒါတွေ မရှိတော့ဘူး"
အကြီးအကဲကွမ်းက မျက်မှောင်ကြုတ်ပြီး ဖြေပါတယ်။
"မိုးကြိုးကျင့်စဥ် ဆိုတာ အရင်က ရှိခဲ့ဖူးတယ်လို့ ကြားဖူးပေမဲ့ တခြားဂိုဏ်းတွေက လာလုသွားလို့ ပျောက်ဆုံးသွားတာ ကြာပြီ"
ဖန့်ချန်က တည်ငြိမ်စွာ ဆက်ပြောပါတယ်။
"အဲဒီကျင့်စဥ်တွေ အကုန်လုံး ကျွန်တော့်ဆီမှာ ရှိတယ် ခင်ဗျားတို့ သင်ယူချင်ကြလား"
"ဘာပြောလိုက်တာလဲ မင်းဆီမှာ အဲဒီအမွေအနှစ်တွေ ရှိတယ် ဟုတ်လား ပြီးတော့ ငါတို့ကို ပြန်သင်ပေးမယ် ဟုတ်လား"
အကြီးအကဲရွှီက မယုံနိုင်သလို အော်ဟစ်လိုက်ပါတယ်။
"ဂိုဏ်းထဲဝင်ပြီးရင် ကျွန်တော်တို့က ဂိုဏ်းတူချင်းတွေပဲလေ ဒီကျင့်စဉ်တွေက တာအိုသုံးထောင်ဂိုဏ်းနဲ့ပဲ ထိုက်တန်တာပါ ကျွန်တော်က မူလပိုင်ရှင်တွေဆီ ပြန်ပေးရုံပါပဲ"
အကြီးအကဲ ၃ ယောက်ဟာ ချက်ချင်းဆိုသလို အပြင်ကို ထွက်ပြီး တိုင်ပင်ကြပါတယ်။
"သူ တကယ်ပဲ အဲဒီကျင့်စဉ်တွေ ရှိနေရင်ရောဒါပေမဲ့ သူက သူလျှိုများလား"
အကြီးအကဲရွှီက စိုးရိမ်နေပါတယ်။
အကြီးအကဲဟွမ်က ဝင်ပြောပါတယ်။
"သူ့မှာ အဲဒီလို အစွမ်းထက်တဲ့ ကျင့်စဉ်တွေ ရှိနေရင် ငါတို့လို ဂိုဏ်းပျက်လေးထဲကို ဘာလာလုစရာ ရှိလို့ သူလျှိုလုပ်မှာလဲ ငါတို့ဆီမှာ ဘာတန်ဖိုးရှိတာ ကျန်သေးလို့လဲ"
"အကြီးအကဲဟွမ် ပြောတာ ဟုတ်တယ် သူက ဘိုးဘေးကြီးဟုန်းချင်းရဲ့ တပည့် ဖြစ်ဖို့များတယ်"
အကြီးအကဲကွမ်းက ထောက်ခံပါတယ်။
"ဒါဆိုရင် စမ်းသပ်ကြည့်ရအောင် ဘိုးဘေးကြီးဟုန်းချင်း မပျောက်ခင်က ချန်ထားခဲ့တဲ့ ကျောက်သေတ္တာ ရှိတယ် မဟုတ်လား ဘယ်သူမှ ဖွင့်လို့မရတာလေ တကယ်လို့ သူက ဘိုးဘေးကြီးရဲ့ တပည့်အစစ်ဆိုရင် အဲဒါကို ဖွင့်နိုင်ရမယ်"
လို့ အကြီးအကဲရွှီက အကြံပေးပါတယ်။
သူတို့တွေဟာ ဂိုဏ်းချုပ်ကြီးကို သတင်းပို့ဖို့နဲ့ တခြားတောင်ထိပ် ၆ ခုက အကြီးအကဲတွေကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
မကြာခင်မှာပဲ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၉ ယောက်စလုံး ဘိုးဘေးရုပ်တုရှေ့ကို ရောက်လာကြပါတယ်။
အားလုံးက ဘာတွေဖြစ်နေမှန်း မသိဘဲ ထိတ်လန့်နေကြပါတယ်။
"ဘာတွေဖြစ်လို့ ငါတို့ကို အရေးတကြီး ခေါ်တာလဲ ဝိညာဉ်တာအိုဂိုဏ်း က လာတိုက်ပြန်ပြီလား"
လို့ တခြားအကြီးအကဲတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်ပါတော့တယ်။
အခန်း ၅၆၆ - ဂိုဏ်းဝင်ခွင့်
"ဒါက ဝိညာဉ်တာအိုဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး"
အကြီးအကဲရွှီက ခေါင်းယမ်းရင်း ပြောလိုက်ပါတယ်။
"ဂိုဏ်းချုပ်ကြီး ရောက်လာရင် မင်းတို့ နားလည်သွားမှာပါ"
"မင်းတို့ ၃ ယောက်က ဘာတွေ လျှို့ဝှက်နေတာလဲ"
"မင်းက ဘယ်သူလဲ ဒါက ငါတို့ တာအိုတစ်ထောင်ဂိုဏ်းရဲ့ ဘိုးဘေးခန်းမဆောင်ပဲ ဘယ်သူမဆို ဒီကို လာလို့ရတယ် ထင်နေလား"
အကြီးအကဲ ၃ ယောက်က လျှို့ဝှက်လွန်းနေတာကြောင့် တခြားသူတွေက မကျေမနပ် ဖြစ်လာပြီး ဖန့်ချန်ကို စူးစိုက်ကြည့်ကာ စစ်မေးကြပါတယ်။
"ဒါက တာအိုမိတ်ဆွေ ဖန့် ပါ သူက ငါတို့ဂိုဏ်းနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရှိတယ် အားလုံးပဲ စိတ်ရှည်ပေးကြပါ"
လို့ အကြီးအကဲကွမ်းက ဖန့်ချန်ကိုယ်စား ဝင်ပြောပေးပါတယ်။
အားလုံးက ထပ်မံမေးမြန်းဖို့ ပြင်နေတုန်းမှာပဲ ခမ်းနားထည်ဝါတဲ့ အရှိန်အဝါတစ်ခု ချဉ်းကပ်လာတာကို ခံစားလိုက်ရပါတယ်။
ခဏအကြာမှာတော့ အဘိုးအိုတစ်ယောက်ဟာ ဘိုးဘေးခန်းမဆောင်ထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာပါတယ်။
အားလုံးက ချက်ချင်း အရိုအသေပေးလိုက်ကြပါတယ်။
"ဂိုဏ်းချုပ်ကြီးကို ဂါရဝပြုပါတယ်ဗျာ"
အဘိုးအိုက အဓိကနေရာမှာ ထိုင်လိုက်ပြီး အားလုံးကို အေးအေးဆေးဆေးနေဖို့ လက်ဟန်ပြလိုက်ပါတယ်။
သူက ဖန့်ချန်ကို ခဏလောက် အကဲခတ်ပြီးနောက် တိုးတိုးလေး မေးပါတယ်။
"လူငယ်လေး မင်းရဲ့ကိစ္စကို သူတို့ ငါ့ကို ပြောပြပြီးပြီ မင်းက ငါတို့ဂိုဏ်းကို ဝင်ဖို့အတွက်တင် အဖိုးတန်တဲ့ တာအိုကျင့်စဉ်တွေကို ပေးမယ်လို့ ပြောနေတာလား"
အားလုံးက အံ့သြသွားကြပါတယ်။
ဖန့်ချန်က ခပ်အေးအေးပဲ ပြုံးပြီး
"ကျွန်တော်က နောက်နေတဲ့ပုံ ပေါက်နေလို့လား စီနီယာ"
လို့ ပြန်မေးပါတယ်။
"မဟုတ်ပါဘူး"
အဘိုးအိုက ဖန့်ချန်ကို သေချာကြည့်ပြီး ပြုံးလိုက်ပါတယ်။
"သူတို့က မင်းဟာ ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက်ဆီကနေ ပညာသင်ယူခဲ့တယ်လို့ သံသယရှိနေကြတယ် အဲဒါကို ငါ အတည်ပြုချင်တယ်"
"ဘယ်လို အတည်ပြုမှာလဲ"
"ဒါက ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ ကျောက်သေတ္တာ ပဲ မင်း ဒါကို ဖွင့်နိုင်ရင် မင်းဟာ ဘိုးဘေးကြီးရဲ့ တိုက်ရိုက်တပည့် ဆိုတာ သေချာသွားပြီ ဒါဟာ မင်းပြောတဲ့စကားတွေ မှန်မမှန် ငါတို့ အတည်ပြုမယ့် နည်းလမ်းပဲ"
အဘိုးအိုက သူ့ရဲ့ ဝတ်ရုံထဲကနေ ကျောက်သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအားနဲ့ ဖန့်ချန်ရဲ့ ရှေ့ကို ဖြည်းဖြည်းချင်း ပို့ဆောင်ပေးလိုက်ပါတယ်။
"ဒါ ဘိုးဘေးကြီး ဟုန်းချင်း ချန်ထားခဲ့တဲ့ ကျောက်သေတ္တာ မဟုတ်လား"
"ဂိုဏ်းချုပ်ကြီး ဒီသေတ္တာက ငါတို့ဂိုဏ်းရဲ့ အဖိုးတန်ရတနာလေ ဘာလို့ သူစိမ်းတစ်ယောက်ကို အလွယ်တကူ ပေးလိုက်ရတာလဲ"
"စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ကြီးရော ငါတို့ပါ ဒီမှာရှိနေတာပဲ ဘယ်သူက လုသွားနိုင်မှာလဲ"
အကြီးအကဲကွမ်းနဲ့ တခြားသူတွေကလွဲရင် ကျန်တဲ့သူတွေအားလုံးက ထိတ်လန့်တုန်လှုပ်နေကြပါတယ်။
ဘိုးဘေးကြီးဟုန်းချင်းဟာ ဒီဂိုဏ်းရဲ့ နောက်ဆုံး ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်ဖြစ်ပြီး ဒီကျောက်သေတ္တာထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရှိနေနိုင်တယ်လို့ သူတို့ ယုံကြည်နေကြတာပါ
အကြီးအကဲကွမ်းက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တဲ့အခါ အားလုံး မှင်သက်သွားကြပါတယ်။
"မိုးကြိုးကျင့်စဥ် ဟုတ်လား ဒါက အပြာရောင်တာအို နယ်မြေတစ်ခုလုံးမှာတောင် ရှားပါးလှတဲ့ ကျင့်စဉ်ပဲ"
"ဝိညာဉ်ပူးကပ်ကျင့်စဥ်... မြေလျှိုးအတတ်..."
အကြီးအကဲတွေရဲ့ အကြည့်တွေက သံသယကနေ စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားပါတယ်။
ဒီကျင့်စဉ်တွေသာ ရမယ်ဆိုရင် တာအိုတစ်ထောင်ဂိုဏ်းရဲ့ အင်အားက တစ်ဟုန်ထိုး တိုးတက်လာမှာပါ။
ဖန့်ချန်က ဘိုးဘေးကြီးရဲ့ တပည့် ဟုတ်မဟုတ်ဆိုတာထက် ကျင့်စဉ်တွေကို ရဖို့က ပိုအရေးကြီးသွားပါပြီ။
"မင်း ငါ့ဂိုဏ်းထဲ မဝင်ရင် ဒီလူတွေ ငါ့ကို အေးအေးဆေးဆေး နေခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ မင်း သိမှာပါ"
ဂိုဏ်းချုပ်ကြီးက ရယ်မောရင်း ပြောပါတယ်။
"ဒါကြောင့် မင်းက ဘိုးဘေးကြီးရဲ့ တပည့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဂိုဏ်းဝင်ခွင့်အပေါ် သက်ရောက်မှု မရှိပါဘူး ဒါပေမဲ့ စမ်းကြည့်ပါဦး ဒီသေတ္တာကို မင်း ဖွင့်နိုင်မလားလို့"
ဖန့်ချန်က ကျောက်သေတ္တာကို ကြည့်လိုက်တဲ့အခါ တစ်စုံတစ်ရာ ရင်းနှီးနေသလို ခံစားလိုက်ရပါတယ်။
သူက သေတ္တာကို ကိုင်ပြီး အသာအယာ နှိပ်လိုက်တဲ့အခါ ဘာထူးခြားမှုမှ မရှိဘဲ ကလတ် ဆိုတဲ့ အသံနဲ့အတူ အလွယ်တကူ ပွင့်သွားပါတော့တယ်။
တစ်ခန်းလုံး တိတ်ဆိတ်သွားပါတယ်။
နှစ်ပေါင်းများစွာ ဘယ်သူမှ ဖွင့်လို့မရခဲ့တဲ့၊ ရွှေရောင်အမြုတေအဆင့်ရှိတဲ့ ဂိုဏ်းချုပ်ကြီးတောင် မဖျက်ဆီးနိုင်ခဲ့တဲ့ သေတ္တာက ဖန့်ချန်ရဲ့ လက်ထဲမှာ အလွယ်လေး ပွင့်သွားတာပါ။
အဘိုးအိုက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ လက်ယှက်ဂါရဝပြုလိုက်ပါတယ်။
"ကျွန်တော်မျိုး ဖေ့ချင်းဖုန်း က ဦးလေး ရှစ် ကို ဂါရဝပြုပါတယ်"
"သူက တကယ်ပဲ ဘိုးဘေးကြီးဟုန်းချင်းရဲ့ တပည့်ပဲ"
အကြီးအကဲတွေ အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားပြီး ဖန့်ချန်ကို ဦးညွှတ်လိုက်ကြပါတယ်။
"ကျွန်တော်တို့က ဘိုးဘေး ကို ဂါရဝပြုပါတယ်!"
သေတ္တာထဲမှာတော့ နတ်ဘုရားသားရဲ ၃ ကောင်ရဲ့ ပုံတွေ ထွင်းထုထားတဲ့ ကျောက်စေ့တစ်စေ့ ရှိနေပါတယ်။
ဖန့်ချန်က အဲဒါ ဘာလဲဆိုတာ မသိသေးပေမဲ့ သေတ္တာကို ပြန်ပိတ်ပြီး ဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်ပါတယ်။
တကယ်တော့ စီနီယာယွမ်ဟယ်ရဲ့ အဆင့်အတန်းက ဘိုးဘေးကြီးဟုန်းချင်းထက် အများကြီး မြင့်ပေမဲ့ အရှုပ်အထွေး မဖြစ်အောင် သူ ငြိမ်နေလိုက်ပါတယ်။
"အခု ကျွန်တော့်ကို ဂိုဏ်းဝင်အဖြစ် စာရင်းသွင်းပေးလို့ ရပြီလား"
ဖေ့ချင်းဖုန်းက ခေါင်းညိတ်လိုက်ပါတယ်။
"ရပါတယ် ဘာပြဿနာမှ မရှိပါဘူး"
ဖန့်ချန်က ကျောက်သေတ္တာကို ဖေ့ချင်းဖုန်းဆီ ပြန်ပစ်ပေးလိုက်ပေမဲ့ ဖေ့ချင်းဖုန်းက ငြင်းဆိုပြီး ဖန့်ချန်ဆီ ပြန်ပေးပါတယ်။
"ဦးလေးရှစ် ဒါက ဘိုးဘေးကြီး ချန်ထားခဲ့တာမို့ မူလပိုင်ရှင်ဆီပဲ ပြန်ရောက်သင့်ပါတယ်"
အဲဒီနောက် ဖေ့ချင်းဖုန်းက ကြေးခေါင်းလောင်းကြီးကို တီးလိုက်ပါတယ်။
ဂိုဏ်းတစ်ခုလုံးက တပည့် ၄၀၀ ကျော်ဟာ ဘိုးဘေးခန်းမဆောင်ရှေ့ကို အမြန်ရောက်လာကြပါတယ်။
"ဘာဖြစ်တာလဲ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ထွက်လာတယ်ဆိုတော့ ရန်သူလာတိုက်တာလား"
တပည့်တွေက ထိတ်လန့်နေကြပါတယ်။
ဖေ့ချင်းဖုန်းက ပြုံးပြီး ကြေညာလိုက်ပါတယ်။
"ဒီနေ့ဟာ ငါတို့ဂိုဏ်းအတွက် မင်္ဂလာရှိတဲ့ နေ့ပဲ ငါတို့ဂိုဏ်းရဲ့ ဘိုးဘေး တစ်ယောက် ပြန်ရောက်လာပြီ"
သူက ဖန့်ချန်ကို မိတ်ဆက်ပေးလိုက်ပါတယ်။
"ဒါက ဘိုးဘေးကြီးဟုန်းချင်းရဲ့ တိုက်ရိုက်တပည့်ပဲသူက အခုမှ ဂိုဏ်းကို ပြန်လာတာ"
တပည့်တွေကတော့ ကြောင်ကြည့်နေကြပါတယ်။
"သူက အရမ်းငယ်သေးတယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာလား ငါတို့ ထင်ထားတဲ့ ဝိညာဉ်သန္ဓေသားအဆင့် အစွမ်းထက် ပုဂ္ဂိုလ်ကြီး မဟုတ်ဘူးလား"
ဖေ့ချင်းဖုန်းက တပည့်တွေရဲ့ ထင်မြင်ချက်ကို ဂရုမစိုက်ဘဲ အနက်ရောင် ဂိုဏ်းဝင်မှတ်တမ်းစာအုပ်ထဲမှာ ဖန့်ချန်ရဲ့ နာမည်ကို ရေးသွင်းလိုက်ပါတော့တယ်။
ဖန့်ချန်ကတော့ ရင်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ သူဟာ တာအိုသုံးထောင်ဂိုဏ်းထဲကို တကယ် မဝင်ရောက်နိုင်ခဲ့ပေမဲ့ စီနီယာယွမ်ဟယ်ကို ပေးခဲ့တဲ့ ကတိကိုတော့ တစ်နည်းတစ်ဖုံ တည်လိုက်နိုင်ပြီ ဖြစ်ပါတယ်။