အခန်း (၅၉၅-၅၉၆)
Vol. 60 Ch. 595-596
အခန်း ၅၉၅ - နေမင်းဝိညာဉ်ဘုရင်
အစေခံမလေးတစ်ဦးက ချင်နယဲ့ကို ခန်းမအတွင်းသို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။
ချင်နယဲ့သည် ခန်းမအတွင်းသို့ ရောက်သည်နှင့် ချူလန်ကို ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် သူ၏ အေးစက်သော အကြည့်များကို ဖန့်ချန်ထံသို့ ပို့လိုက်သည်။
"မိတ်ဆွေ စောစောက ဝိညာဥ်ရင်းမြင့်ရပ်ကွက် မှာ မိတ်ဆွေနဲ့ ကျိန်းယန်တာအိုဂိုဏ်းရဲ့ အစောင့်အရှောက်တွေ တိုက်ခိုက်ခဲ့ကြတယ်နော် အဲဒီတိုက်ပွဲရဲ့ ရိုက်ခတ်မှုတွေကြောင့် ငါတို့ပါ ထိခိုက်သွားခဲ့ရတယ်"
ဟု ချင်နယဲ့က ခပ်အေးအေး ဆိုလိုက်သည်။
"အော် ဟုတ်လား ငါတော့ သတိမထားမိလိုက်ဘူး သခင်လေး ချင်နယဲ့တို့ ဘာများ ထိခိုက်သွားသေးလဲ"
ဖန့်ချန်က ဘာမှမသိသလို ဟန်ဆောင်လျက် အံ့သြသည့်မျက်နှာထားဖြင့် ချင်နယဲ့ကို အကဲခတ်ရင်း မေးလိုက်သည်။
ချင်နယဲ့က အောင့်သက်သက် အပြုံးတစ်ခုကို ဖန်တီးကာ ခေါင်းခါပြသည်။
"ပြင်းထန်တဲ့ ဒဏ်ရာတော့ မရပါဘူး ဒါပေမဲ့ တိုက်ပွဲရဲ့ အရှိန်ကြောင့် ငါတို့အားလုံး သတိလစ်သွားခဲ့ရတယ်"
ထိုစဉ် ချူလန်က ကြားဖြတ်ကာ ဖန့်ချန်ကို အပြစ်တင်သယောင်ဖြင့် ဆိုလိုက်သည်။
"သခင်လေးဖန့် နောက်ခါဆိုရင် ပိုပြီး သတိထားသင့်တယ်နော်"
ဖန့်ချန်ကလည်း နားလည်မှုရှိရှိ ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ပါ သခင်မကြီး နောက်နောင် ကျွန်တော် ပိုပြီး သတိထားပါ့မယ်"
စကားဝိုင်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချင်နယဲ့က ကိစ္စရပ်တစ်ခုကို အမှတ်မထင် မေးလိုက်သလိုဖြင့် ဆိုလာသည်။
"ဒါနဲ့ မိတ်ဆွေဖန့် ငါတို့ရဲ့ သိုလှောင်လက်စွပ်တွေကိုများ မြင်မိသေးလား ငါတို့ သတိပြန်ရလာတဲ့အချိန်မှာ ငါတို့အားလုံးရဲ့ လက်စွပ်တွေ ပျောက်ဆုံးနေတာကို တွေ့လိုက်ရလို့ပါ"
"အဲဒါကိုတော့ ငါ သတိမထားမိဘူး အဲဒီအချိန်က ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာဆိုတော့ တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး ခိုးသွားတာလည်း ဖြစ်နိုင်တာပဲ"
" ဒီလိုမျိုးတွေက ခဏခဏ ဖြစ်တတ်တာပဲလေသခင်လေး ချင်နယဲ့အနေနဲ့ နောက်ခါ လူစည်ကားတဲ့နေရာတွေကို သွားရင် ပိုပြီး သတိထားသင့်တယ်နော်"
ဟု ဖန့်ချန်က ခေါင်းခါယမ်းလျက် ပြန်လည် အကြံပြုလိုက်သည်။
ချင်နယဲ့က သက်ပြင်းတစ်ချက်ချကာ
"တကယ်တော့ သခင်လေး ချီဖာရဲ့ လက်စွပ်ထဲမှာ ပါတဲ့ ပစ္စည်းတွေက တကယ့်ကို တန်ဖိုးကြီးတာတကယ်လို့ အဲဒါတွေကို ပြန်မရဘူးဆိုရင် အပြာရောင်တာအိုအိမ်တော် ရဲ့ အရှင်သခင်က တစ်ယောက်ယောက်ကို အပြစ်တင်ပါလိမ့်မယ် ဒါက ကိစ္စကြီးသွားနိုင်တယ်"
ဟု သတိပေးသလို ပြောဆိုလိုက်သည်။
ချူလန်က ဝင်၍ အကြံပေးသည်။
"နယဲ့အာ မင်းတို့ဆီက ပစ္စည်းတွေကို အခွင့်ကောင်းယူပြီး ခိုးရဲတဲ့သူကို ရှာဖို့ မျိုးနွယ်စုက ကျင့်ကြံသူတွေကို ချက်ချင်း စုံစမ်းခိုင်းလိုက်ပါ"
ချင်နယဲ့သည် ချူလန်ကို တစ်ချက်ကြည့်ကာ ဖန့်ချန်ဘက်သို့ ပြန်လှည့်လိုက်သည်။
သူသည် အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် ဆိုလိုက်တော့သည်။
"ငါတို့ သတိလစ်သွားတဲ့အချိန်မှာ မိတ်ဆွေဖန့်က အနားမှာ ရှိနေတာ သခင်လေး ချီဖာကတော့ ဒီကိစ္စမှာ မိတ်ဆွေ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေတယ်"
ဖန့်ချန် ပြန်မပြောခင်မှာပင် ချူလန်က ရှေ့သို့ တစ်လှမ်းတက်ကာ တည်ငြိမ်သော်လည်း ပြတ်သားသော လေသံဖြင့် ကြားဝင်လိုက်သည်။
"နယဲ့အာ မင်းက ငါဖိတ်ထားတဲ့ ဧည့်သည်ရဲ့ သိက္ခာကို စော်ကားနေတာလား"
ချင်နယဲ့က သက်ပြင်းချကာ
"သခင်မကြီး ကျွန်တော်က သံသယရှိတာ မဟုတ်ပါဘူး သခင်လေး ချီဖာက သံသယရှိနေတာပါ ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိလို့ပါ"
"ဒါဆို သူက မင်းကို ဘာလုပ်ခိုင်းလိုက်တာလဲ"
ဟု ချူလန်က မေးလိုက်သည်။
"သူက မိတ်ဆွေဖန့်ကို ကိုယ်တိုင် ကိုယ်ထည် ရှာဖွေချင်နေတာပါ ပြီးတော့ သိုလှောင်လက်စွပ်ကိုလည်း စစ်ဆေးချင်နေတယ်"
" ဒါမှသာ မိတ်ဆွေဖန့်က အရှက်မရှိတဲ့ သူခိုးမဟုတ်ဘူးဆိုတာ အတည်ပြုနိုင်မှာဖြစ်သလို သခင်လေး ချီဖာကိုလည်း ရှင်းပြနိုင်မှာပါ"
ဟု ချင်နယဲ့က ခပ်တိုးတိုး ဆိုလိုက်သည်။
"ရှာဖွေမယ် ဟုတ်လား ရတာပေါ့ အဲဒါက ပြဿနာမရှိပါဘူး"
ချူလန်က ခေါင်းညိတ်ပြရင်း သူမ၏ လက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
"အရင်ဆုံး ငါ့ကို ရှာပါ ပြီးမှ သခင်လေးဖန့်ကို ရှာပေါ့"
ချင်နယဲ့မှာ အံ့သြသွားကာ စိတ်ရှုပ်ထွေးသွားရသည်။
"သခင်မကြီး ဒါက အလွန် ထိလွယ်ရှလွယ်တဲ့ ကိစ္စပါ ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့"
"ဘာကို ဆိုလိုတာလဲ မင်းက ငါ့ဧည့်သည်ကို ကွယ်ရာမှာ အပြစ်ပြောတာဆိုရင် ငါ လျစ်လျူရှုနိုင်ပါတယ် ဒါပေမဲ့ အခုတော့ နယဲ့အာ ကိုယ်တိုင်လာပြီး သူ့ကို သူခိုးလို့ စွပ်စွဲပြီး ရှာဖွေဖို့ တောင်းဆိုနေတာပဲ"
" ဒါက ငါ့မျက်နှာကို ဖြတ်ရိုက်လိုက်တာ မဟုတ်ဘူးလား ငါ ချူလန်ဟာ မသေမျိုးချင်မျိုးနွယ်စု ရဲ့ တိုက်ရိုက်အဖွဲ့ဝင် မဟုတ်ပေမဲ့ ငါ့ကို တစ်ပါးသူတွေက အလိုရှိတိုင်း နှိမ်ချ စော်ကားတာကိုတော့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး"
"မင်းတို့ တကယ်ပဲ ရှာဖွေချင်တယ်ဆိုရင်တော့ အရင်ဆုံး ငါ့ကို ရှာပါ ပြီးမှ သခင်လေးဖန့်ကို ရှာ အဲဒီလို ရှာတဲ့နေရာမှာလည်း ငါ့ခင်ပွန်းကိုပါ ခေါ်ပြီး သူ့ရှေ့မှာပဲ ရှာဖွေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်"
ချူလန်၏ ရပ်တည်ချက်က အလွန်ပင် ပြတ်သားလှသည်။
ချင်နယဲ့သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လက်အုပ်ချီကာ
"ကျွန်တော် မရိုမသေ ဖြစ်မိသွားပါတယ် အခုပဲ ပြန်ပါရစေဦး"
ဟု ဆိုကာ ထွက်ခွာသွားတော့သည်။ သူသည် မကျေမနပ် ဖြစ်နေသော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။
ချင်နယဲ့ ထွက်သွားသည်နှင့် ချူလန်၏ နှုတ်ခမ်းဖျားတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်လာသည်။
ဖန့်ချန်သည် ချူလန်၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် ရွှန်းရွှန်းဝေနေသော အမူအရာကို တွေ့လိုက်ရသည်။
၎င်းမှာ သားဖြစ်သူ ချင်ဖုန်း၏ ပြဿနာ ဖြေရှင်းနိုင်တော့မည် ဖြစ်သောကြောင့် စိတ်ထဲမှ အလေးအပင်ကြီး ကျသွားသည့်ပုံပင်။
ချူလန်က ပြုံးလျက်
"သခင်လေးဖန့် နောက်ထပ် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ဟု မေးလိုက်သည်။
"အခြေအနေကို စောင့်ကြည့်ပြီး အချိန်အခါကို စောင့်ရမှာပေါ့"
ချူလန်ကလည်း ဖန့်ချန်ကို ဆက်ပြီး အတင်းအကျပ် မမေးတော့ပေ။
နေမင်းအသီးကို ရရှိထားပြီ ဖြစ်သဖြင့် သူမအနေဖြင့် ဝိညာဉ်သွေးဂိုဏ်း နှင့် နောက်ထပ် ပတ်သက်ချင်စိတ် မရှိတော့ပေ။
"စောစောက ငါတို့ သဘောတူထားတာက နေမင်းအသီး ရှိတဲ့နေရာကို ပြောပြရင် အလယ်လတ် ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးဖို့လေ"
"အခုတော့ သခင်လေးက ငါ့အတွက် အသက်စွန့်ပြီး အသီးကိုပါ ယူပေးခဲ့တာဆိုတော့ နောက်ထပ် အလယ်လတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ကိုပါ ထပ်တိုးပေးချင်ပါတယ် ကျေးဇူးပြုပြီး လက်ခံပေးပါ"
ချူလန်၏ နုနယ်သော လက်ကလေးကို ဖြန့်လိုက်ရာ သပ်ရပ်စွာ စီထားသော ဝိညာဉ်ကျောက်တုံးများကို တွေ့လိုက်ရသည်။
တစ်တုံးချင်းစီမှာ လက်မအရွယ်အစားခန့်ရှိပြီး အရည်အသွေး ကောင်းမွန်လှသည်။
ဖန့်ချန်က တိတ်ဆိတ်နေသဖြင့် ချူလန်က ပမာဏ နည်းနေသည်ဟု ထင်မှတ်ကာ
"ငါ စုံစမ်းကြည့်ရသလောက် နေမင်းအသီး တစ်လုံးတည်းကိုတောင် ကျင့်ကြံသူတွေက အလယ်လတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်အထိ ပေးဝယ်ချင်ကြတာ"
"ဒီကျောက်တုံး ၂၀၀ က နည်းတယ်ဆိုတာ ငါ သိပါတယ် ဒါပေမဲ့ ဒါက ငါ အခုလောလောဆယ် ပေးနိုင်တဲ့ အကုန်ပဲမို့ အားမနာဘဲ လက်ခံပေးပါ"
ဟု ပြုံးလျက် ဆိုသည်။
ဖန့်ချန်က ပြုံးကာ ထိုကျောက်တုံးများကို လက်ခံလိုက်သည်။
သူသည် ထိုကျောက်တုံးများကို မည်သို့ အသုံးချရမည်ကို တွေးနေမိသည်။
တာအိုသုံးထောင် နယ်မြေ သည် အလွန် ကောင်းမွန်လှသော်လည်း ထိုနေရာသို့ ဝင်ရောက်ရန် အလယ်လတ် ဝိညာဉ်ကျောက်တုံး ၅၀၀ လိုအပ်သည်။
အလယ်လတ်ကျောက်တုံးများသည် အဆင့်နိမ့်ကျောက်တုံးများထက် အဆပေါင်းများစွာ တန်ဖိုးရှိသဖြင့် ၅၀၀ ပြည့်အောင် စုဆောင်းရန်မှာ မလွယ်ကူလှပေ။
ဖန့်ချန်က ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီးနောက်
"သခင်မကြီး တကယ်လို့ ကျွန်တော် တဲ့ နက်နဲအဆင့် ဝိညာဉ်ရတနာ တစ်ခု ဝယ်ချင်ရင် ဘယ်ကို သွားသင့်လဲ"
ဟု မေးလိုက်သည်။
ချူလန်သည် ဖန့်ချန် ကျောက်တုံးများကို လက်ခံလိုက်သဖြင့် စိတ်သက်သာရာ ရသွားသော်လည်း သူ၏ မေးခွန်းကြောင့် အံ့သြသွားရပြန်သည်။
"သခင်လေးဖန့် နက်နဲ အဆင့် ရတနာတွေက အရမ်းကို အဖိုးတန်ပြီး ရှာရခက်ပါတယ် အဲဒါကို ဝယ်ချင်ရင်တော့ လက်နက်ပညာရှင် ရဲ့ နေအိမ်ကို တိုက်ရိုက်သွားရပါလိမ့်မယ်"
"ဒီချင်မျိုးနွယ်စု နယ်မြေမှာ အဲဒီအဆင့် ရတနာကို ဖန်တီးနိုင်တဲ့ တစ်ဦးတည်းသော ပညာရှင်ကတော့ ကျိန်းယန်တာအိုဂိုဏ်းက အကြီးအကဲ တစ်ယောက်ပဲ ရှိတယ်"
ဖန့်ချန်က အနည်းငယ် အံ့သြသွားသည်။
သူက ထပ်မံ စုံစမ်းကြည့်ရာ အပြာရောင်တာအိုအိမ်တော် သို့မဟုတ် အခြားနယ်မြေများ၌ပင် ထိုအဆင့် ရတနာများကို သာမန်အရောင်းဆိုင်များတွင် မရနိုင်ဘဲ လက်နက်ပညာရှင်များနှင့် လူကိုယ်တိုင် သိကျွမ်းမှုရှိမှသာ ရရှိနိုင်ကြောင်း သိလိုက်ရသည်။
ယခုအချိန်တွင် သူသည် ကျိန်းယန်တာအိုဂိုဏ်းနှင့် ရန်ငြိုးဖြစ်ထားသဖြင့် ထိုဂိုဏ်းမှ ရတနာရရှိရန်မှာ မဖြစ်နိုင်တော့ပေ။
"သခင်လေးဖန့် ငါ့ရဲ့ ချူမျိုးနွယ်စုက ကွန်ဟိုင်း ပညာရှိ လို့ခေါ်တဲ့ လက်နက်ပညာရှင်တစ်ယောက်နဲ့ သိကျွမ်းတယ် သူက မသေမျိုးမိစ္ဆာပင်လယ် ထဲက အနီရောင်မြူကျွန်း မှာ နေထိုင်တာ"
"အကယ်၍ သခင်လေးက တကယ်ပဲ အဲဒီရတနာကို လိုချင်တယ်ဆိုရင် အဲဒီမှာ ကံစမ်းကြည့်လို့ ရတယ်"
ချူလန်က ဖန့်ချန်ကို ကျောက်စိမ်းပြားတစ်ခု ကမ်းပေးလိုက်သည်။
"ဒါက ချူမျိုးနွယ်စုရဲ့ ကိုယ်စားလှယ် အမှတ်အသားပဲ ကွန်ဟိုင်းပညာရှိက သခင်လေးကို ကူညီဖို့ သေချာပေါက် သဘောတူမယ်လို့ မပြောနိုင်ပေမဲ့ အနည်းဆုံးတော့ မင်းကို ချက်ချင်း မောင်းထုတ်မှာ မဟုတ်ဘူး"
ဖန့်ချန်က ကျောက်စိမ်းပြားကို လက်ခံလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။
မိမိ၏ အခန်းသို့ ပြန်ရောက်သောအခါ ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို ကိုယ်ပြင်ပသို့ ထုတ်လွှတ်လိုက်ပြီး ချင်နယဲ့၏ ခြံဝင်းအတွင်းသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် ချင်နယဲ့၏ ဘေး၌ ချူလန်ကို စောင့်ကြည့်ရန် ထားခဲ့သော ရွှေအမြုတေအဆင့် တပည့်သာမက အခြားသော ဝိညာဉ်သွေးဂိုဏ်းသားများလည်း ရှိနေသည်ကို တွေ့လိုက်ရသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့်နှင့် ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူ တစ်ဦးပင် ပါဝင်နေသည်။
"အားလုံးပဲ ခုနစ်ရက်အတွင်းမှာ သိုလှောင်လက်စွပ်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြန်ရအောင် ယူကြပါ"
ဟု ချင်နယဲ့က မျက်နှာသေဖြင့် အမိန့်ပေးလိုက်သည်။
အခြားသူများက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူက မျက်မှောင်ကြုတ်လျက် ချင်နယဲ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ချင်နယဲ့ မင်း တကယ်ပဲ နေမင်းအသီး ကို မင်းနဲ့အတူ ယူလာခဲ့တာလား"
ချင်နယဲ့က ခေါင်းညိတ်ပြသည်။
ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒီပစ္စည်းက ဘယ်လောက် အရေးကြီးသလဲဆိုတာ မင်းသိသားနဲ့ ဘာလို့ ငါ့ကို လုံခြုံအောင် အပ်မထားခဲ့တာလဲ"
"ငါ့အနားမှာ ရှိနေတာက အလုံခြုံဆုံးပဲ"
ဟု ချင်နယဲ့က အေးစက်စွာ ပြန်ပြောသည်။
"ဒါက ငါ့အတွက် စမ်းသပ်မှုတစ်ခုပဲ ဘယ်လိုအမှားမျိုးမှ အဖြစ်မခံနိုင်ဘူး"
ဝိညာဥ်သန္ဓေသား ကျင့်ကြံသူက လှောင်ရယ်လိုက်သည်။
"အမှားအယွင်း အဖြစ်မခံနိုင်ဘူး ဟုတ်လား အခုတော့ သိုလှောင်လက်စွပ်တွေပါ ပျောက်ကုန်ပြီအကယ်၍ ဒါက စမ်းသပ်မှုကို ထိခိုက်သွားမယ်ဆိုရင်တော့ နေမင်းဝိညာဉ်ဘုရင် စိတ်ပျက်သွားလိမ့်မယ်နော်"
'နေမင်းဝိညာဉ်ဘုရင်' ဟုတ်လား
ဖန့်ချန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားသည်။
စီနီယာအရှင်ဝေဟင်ပြေး က တစ်ခါက ပြောဖူးသည်မှာ ဝိညာဉ်သွေးဂိုဏ်းတွင် ဝိညာဉ်ဘုရင် ဟူသော ဘွဲ့ထူးသည် အလယ်ပိုင်းသုံးဆင့် ရှိ ကျင့်ကြံသူများကို ခေါ်ဝေါ်သော ဘွဲ့ထူးပင် ဖြစ်သည်။
အခန်း ၅၉၆ - ကျိန်းယန်သံတမန် ရောက်ရှိလာခြင်း
ချင်နယဲ့သည် သူ၏ရှေ့တွင် ရပ်နေသော ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကို ကြည့်ကာ အေးစက်သော်လည်း ယုံကြည်မှုအပြည့်ရှိသော အကြည့်များဖြင့် ဆိုလိုက်သည်။
"စစ်သူကြီး ကျော်လွှားနဂါး ငါ့ရဲ့ စမ်းသပ်မှုက ကျရှုံးမှာ မဟုတ်ဘူး နေမင်းဝိညာဉ်ဘုရင် ကိုလည်း ငါ စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး ငါ အခု မျှော်လင့်တာကတော့ မင်းတို့အားလုံး ငါနဲ့ ပူးပေါင်းပြီး ငါတို့ရဲ့ သိုလှောင်လက်စွပ်တွေကို ခိုးသွားတဲ့ သူခိုးကို ရှာပေးဖို့ပဲ"
ချင်နယဲ့၏ ယုံကြည်မှုအပြည့်ရှိသော လေသံကြောင့် ကျန်ရှိနေသော ဂိုဏ်းသားများမှာ အံ့သြသွားကြသည်။
ထိုမစ်ရှင်၏ အသေးစိတ် အချက်အလက်များကို သူတို့ အကုန်မသိကြပေ။
အကြောင်းမှာ ၎င်းသည် နေမင်းဝိညာဉ်ဘုရင်က ချင်နယဲ့အား တိုက်ရိုက်ပေးအပ်ထားသော တာဝန်ဖြစ်ပြီး ချင်နယဲ့ကသာ အရာရာကို ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။
"ဒါနဲ့ စစ်သူကြီး ကျော်လွှားနဂါး ဒီစမ်းသပ်မှုကို ငါ အောင်မြင်သွားရုံနဲ့ ချင်မျိုးနွယ်စုမှာ မင်းရဲ့ နေရာကို ငါ လုယူမယ်လို့တော့ မထင်နဲ့ဦး"
"ငါ့ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဒီလို သေးငယ်တဲ့ နေရာထက် အများကြီး ပိုပြီး မြင့်မားတယ်"
ဟု ချင်နယဲ့က ထပ်လောင်း ပြောဆိုလိုက်သည်။
စစ်သူကြီး ကျော်လွှားနဂါးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။
"မင်းနဲ့ ငါ ပူးပေါင်းပေးပါ့မယ် အဲဒီသူခိုးကိုလည်း ရှာတွေ့အောင် ကြိုးစားပေးမယ်"
"ပြီးတော့ ချူလန် ခေါ်လာတဲ့ လူကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ထား သူက အဓိက သံသယရှိသူပဲ"
ဟု ချင်နယဲ့က ညွှန်ကြားလိုက်သည်။
ချူလန်ကို စောင့်ကြည့်ရန် တာဝန်ကျထားသော အနက်ရောင်ဝတ်စုံဝတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူက
"ကျွန်တော် သူ့ကို စောင့်ကြည့်နေပါတယ်"
ဟု ပြန်ဖြေသည်။
"သတိထားဦး သူ့ကို ရိပ်မိအောင် မလုပ်နဲ့ သူ့ရဲ့ ကျင့်ကြံမှုက ပုံမှန်ကြည့်ရင် မြင်ရသလောက် မရိုးရှင်းဘူး မင်းထက် အများကြီး သာလွန်တဲ့ အဆင့်မှာ ရှိနေတာ"
ဟု ချင်နယဲ့က သတိပေးလိုက်သည်။
ဖန့်ချန်သည် ဝိညာဉ်အခြေအနေဖြင့် ဘေးမှနေ၍ အခြေအနေအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
နေမင်းဝိညာဉ်ဘုရင် ဟူသော အမည်ကို ကြားလိုက်ရခြင်းမှာ အလွန် အရေးကြီးသော သတင်းအချက်အလက်ပင် ဖြစ်သည်။
၎င်းသည် ထိုအကြံအစည်အားလုံးမှာ ဝိညာဉ်ဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ဦး၏ နောက်ကွယ်မှ စီစဉ်မှုဖြစ်ပြီး ချင်နယဲ့က အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း ညွှန်ပြနေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိသေးသော ချင်နယဲ့ကို ထိုမျှ ကြီးမားသော တာဝန်ပေးအပ်ထားခြင်းမှာ ၎င်းတို့ နှစ်ဦးကြား ဆက်ဆံရေးမှာလည်း မရိုးရှင်းနိုင်ပေ။
'သူ့ရဲ့ ယုံကြည်မှုက အစစ်အမှန်လား ဒါမှမဟုတ် နေမင်းအသီး ပျောက်ဆုံးသွားတာက သူ့အစီအစဉ်ကို မထိခိုက်ဘူးလို့ ဟန်ဆောင်ယုံကြည်နေတာလား'
ဖန့်ချန်သည် ချင်နယဲ့၏ မျက်နှာကို အကဲခတ်သော်လည်း မည်သည့်အရိပ်အယောင်မျှ မတွေ့ရပေ။
ချင်နယဲ့၏ ယုံကြည်မှုမှာ အလွန် သဘာဝကျနေပြီး သရုပ်ဆောင်နေသည့်ပုံ မပေါ်ပေ။
"ချင်နယဲ့ မင်းမှာ တခြား ပြောစရာ မရှိတော့ရင် ငါ သွားတော့မယ် ငါ ဒီမှာ ကြာကြာနေရင် တစ်ယောက်ယောက် ရိပ်မိသွားလိမ့်မယ်"
ဟု စစ်သူကြီး ကျော်လွှားနဂါးက ဆိုသည်။
"နောက် ခုနစ်ရက်နေရင် အစည်းအဝေး ရှိတယ်အစည်းအဝေး ပြီးတာနဲ့ တာအိုတစ်ထောင်ဂိုဏ်းက လူကို ငါ့ရှေ့ကို ခေါ်လာပေးရမယ် သူ့မှာရှိတဲ့ နည်းစနစ်အချို့ကို ငါ တကယ့်ကို စိတ်ဝင်စားနေတာ"
ဟု ချင်နယဲ့က အေးစက်စွာ ပြောလိုက်သည်။
"ဒါက ကိစ္စမရှိပါဘူး"
ဟု စစ်သူကြီးက ပြန်ဖြေကာ လှည့်ထွက်သွားတော့သည်။
စစ်သူကြီး ကျော်လွှားနဂါးသည် ချင်မျိုးနွယ်စု၏ နေအိမ်အတွင်း ကျွမ်းကျင်စွာ သွားလာရင်း သီးသန့်ဆန်သော ခြံဝင်းတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုနေရာတွင် သူသည် မသေမျိုးချင်မျိုးနွယ်စု၏ ခေါင်းဆောင် ရှေ့တွင် ရိုသေစွာ ရပ်လိုက်သည်။
"အရှင် သခင်လေး နယဲ့ရဲ့ ဒဏ်ရာက မပြင်းထန်ပါဘူး တိုက်ပွဲရဲ့ အရှိန်ကြောင့်ပဲ ဖြစ်တာပါ"
ဟု စစ်သူကြီးက သတင်းပို့သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ချင်မျိုးနွယ်စုခေါင်းဆောင်က ခေါင်းညိတ်သည်။
"စစ်သူကြီး အစည်းအဝေးပြီးရင် ငါတို့မျိုးနွယ်စုနဲ့ လန်ယားမျိုးနွယ်စုကြားက ကိစ္စတွေက အဖြေပေါ်တော့မယ် ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဖုန်းအာ ကို ခေါ်ပြီး အပြင်မှာ ခဏလောက် သွားပုန်းနေပေးဖို့ ငါ မျှော်လင့်တယ်"
"အရှင် ဒါကို ဘိုးဘေးသာ သိသွားရင် အရှင်ရဲ့ နေရာကိုပါ ထိခိုက်နိုင်ပါတယ်"
"အဲဒါကို ငါ မပူနိုင်တော့ဘူး ငါက မျိုးနွယ်စုခေါင်းဆောင် ဆိုပေမဲ့ ငါ့သားကိုတောင် ငါ မကာကွယ်နိုင်ဘူး"
"ဒီခေါင်းဆောင်ရာထူးက ဘာမှ အဓိပ္ပာယ်မရှိပါဘူး ငါက မျိုးနွယ်စုထဲက အဖိုးကြီးတွေအတွက် သတင်းပို့သမား သက်သက်ပါပဲ"
ဟု ခေါင်းဆောင်က ခါးသီးစွာ ပြုံးလျက် ဆိုသည်။
"မင်းအနေနဲ့လည်း ဒီကိစ္စကို လုပ်ရင် ဒုက္ခရောက်နိုင်တယ် မင်း မလုပ်ချင်ဘူးဆိုရင်လည်း ငါ မင်းကို အပြစ်မတင်ပါဘူး၊ တခြားတစ်ယောက်ကိုပဲ ရှာခိုင်းပါ့မယ်"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက ကျွန်တော်က အရှင့်ရဲ့ လက်ရုံး ဖြစ်ခဲ့တာပါ အရှင့်ရဲ့ ကူညီစောင့်ရှောက်မှုကြောင့် ကျွန်တော် ဒီအဆင့်ကို ရောက်ခဲ့တာမို့ ဒီတာဝန်ကို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်"
ဟု စစ်သူကြီး ကျော်လွှားနဂါးက ပြန်ဖြေသည်။
ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြသွားရသည်။
ချင်မျိုးနွယ်စုခေါင်းဆောင်မှာ သားဖြစ်သူ ချင်ဖုန်း၏ ကိစ္စတွင် လျစ်လျူရှုထားသည်ဟု သူ ထင်ခဲ့သော်လည်း အမှန်တကယ်တွင် ခေါင်းဆောင်မှာ ချင်ဖုန်းကို တိတ်တဆိတ် လွှတ်ပေးရန် စီစဉ်နေခြင်း ဖြစ်သည်။
သို့သော် ကံဆိုးသည်မှာ ထိုစစ်သူကြီး ကျော်လွှားနဂါးသည် ဝိညာဉ်သွေးဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်နေခြင်းပင်။
သူသည် ချင်နယဲ့၏ တိုက်ရိုက်လက်အောက်ခံ မဟုတ်သော်လည်း အဖွဲ့အစည်းတစ်ခုတည်းက ဖြစ်သည်။
အကယ်၍ ထိုစစ်သူကြီးက ချင်ဖုန်းကို ခေါ်ဆောင်သွားမည်ဆိုပါက လမ်းခုလတ်တွင် ချင်ဖုန်းအတွက် သေတွင်းဖြစ်သွားပေလိမ့်မည်။
ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ချင်မျိုးနွယ်စုအတွင်းရှိ လေထုမှာ ပို၍ပင် တင်းမာလာသည်။
အစည်းအဝေး ကျင်းပရန် တစ်ရက်သာ လိုတော့သည်။
ဖန့်ချန်နှင့် လီတောက်ယဲ့တို့သည် ခြံဝင်းအတွင်း၌ အေးအေးလူလူ အနားယူရင်း အစေခံမလေး ချပေးထားသော သစ်သီးများကို စားသုံးနေကြစဉ် ချင်ရွှမ်းသည် ဒေါသတကြီး ရောက်လာပြီး သစ်သီးဗန်းကို ကန်ချလိုက်တော့သည်။
"သခင်မလေး ချင်ရွှမ်း ဒါက ဘာသဘောလဲ "
လီတောက်ယဲ့က အော်လိုက်သည်။
"ဒီသစ်သီးတွေက မင်းကို ဘာများ စော်ကားလို့လဲ ဒါက နှမြောစရာကြီးကွ "
"ဖယ်စမ်း နင် နဲ့ မဆိုင်ဘူး!"
ချင်ရွှမ်းက လီတောက်ယဲ့ကို အော်ငေါက်လိုက်ပြီး ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။
"နင် ငါ့အမေကို နေမင်းအသီး အကြောင်း လိမ်ညာခဲ့တယ်နော် အခု ကြည့်ဦး မနက်ဖြန် အစည်းအဝေး လုပ်တော့မယ် အစည်းအဝေး ပြီးတာနဲ့ ငါ့အစ်ကိုကို ဘိုးဘေးက အပြစ်ပေးတော့မှာ"
" နေမင်းအသီးက ဘယ်မှာလဲ ဘယ်မှာလဲလို့ နင့်မှာ ကျင့်ကြံမှု နည်းနည်းရှိတာနဲ့ ငါတို့မျိုးနွယ်စုထဲမှာ သောင်းကျန်းလို့ ရမယ် မထင်နဲ့"
"ငါသာ အမိန့်ပေးလိုက်ရင် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူကို ခေါ်ပြီး နင့်ကို အခုချက်ချင်း အမှုန့်လုပ်ပစ်လို့ ရတယ်!"
ချင်ရွှမ်းသည် ဖန့်ချန်ကို အခုချက်ချင်းပင် သတ်ပစ်ချင်နေသော်လည်း မိခင်ဖြစ်သူက သူ့ကို ကာကွယ်ပေးထားသဖြင့် ဒေါသကို မြိုသိပ်ထားရသည်။
"သခင်မလေး သခင်မကြီး ချူလန်ကို တကယ် စိုးရိမ်တယ်ဆိုရင် ငါ့ကို လာအော်နေမယ့်အစား သူ့ကို သွားမေးကြည့်တာ ပိုကောင်းမယ် မထင်ဘူးလား"
ဖန့်ချန်က ပြုံးလျက် ဆိုလိုက်သည်။
"ငါ့အမေက နင့်ရဲ့ အလိမ်အညာတွေကြားမှာ လမ်းပျောက်နေတာ သူက ငါ့ကို စောင့်ဦးပဲ ပြောနေတယ် မနက်ဖြန် အစည်းအဝေး လုပ်တော့မှာကို ငါက ဘာကို စောင့်ရမှာလဲ"
ချင်ရွှမ်း၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲလာသည်။
"ငါ့အမေက ငါ့အစ်ကိုကို အချစ်ဆုံးပဲ အစ်ကို့ကို တစ်ခုခုဖြစ်ရင် အမေပါ ရူးသွားလိမ့်မယ်"
ထိုစဉ် လူတစ်ဦး ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။
၎င်းမှာ မျက်နှာတွင် သွေးရောင်မရှိဘဲ နွမ်းလျနေသော ချင်ဖုန်း ပင် ဖြစ်သည်။
သူသည် နေရောင်ခြည်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် အလွန်ပင် ပိန်ချောင်နေသည်။
"ညီမလေး သခင်လေးဖန့်ကို ဒုက္ခမပေးပါနဲ့ အမေ ဒီရက်ပိုင်း စိတ်သက်သာရာ ရနေတာကို အစ်ကို မြင်ပါတယ် သခင်လေးဖန့်က လိမ်နေတာပဲဖြစ်ဖြစ်မလိမ်တာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ လက္ခဏာပဲလေ"
ဟု ချင်ဖုန်းက တိုးညှင်းစွာ ဆိုလိုက်သည်။
"အစ်ကိုပါ သူ့ကို သခင်လေးလို့ ခေါ်နေတာလားသူက အဲဒီဘွဲ့နဲ့ ထိုက်တန်လို့လား"
ချင်ရွှမ်းက ရွဲ့ကာ ပြောလိုက်သည်။ သူမသည် ချင်ဖုန်းကို အေးစက်စွာ ကြည့်ရင်း
"ချင်ဖုန်း နင်သာ ငါ့အစ်ကို မဟုတ်ရင် နင့်ကို ငါ အခုချက်ချင်း ရိုက်နှက်မိမှာ နင့်ကြောင့် ဒီပြဿနာတွေ အကုန်ဖြစ်ရတာ ငါ လန်ယာယွီ ကို ရှာဖို့ လူလွှတ်ထားပြီးပြီ အစည်းအဝေး ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ အသက်ရှင်ရမှာ မဟုတ်ဘူး"
ချင်ဖုန်း၏ မျက်နှာ ပျက်သွားပြီး
"သူ့ကို ဒုက္ခမပေးပါနဲ့ ဒါတွေအားလုံးက ငါ့အပြစ်တွေပဲ သူနဲ့ မဆိုင်ဘူး"
ဟု အော်လိုက်သည်။
ချင်ရွှမ်းက လှောင်ရယ်လိုက်သည်။
"နောက်ကျသွားပြီ ငါ့လူတွေ သူ့ကို ဖမ်းထားပြီးပြီမနက်ဖြန် အစည်းအဝေးမှာ သူ့ကို နင် မြင်ရလိမ့်မယ် နင် ကံကောင်းရင်တော့ သူက နင့်အစား အပြစ်အားလုံးကို ခံယူသွားလိမ့်မယ်"
သူမသည် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ
"နင်လည်း အတူတူပဲ မနက်ဖြန်ပြီးရင် ငါ့အမေ သတိဝင်လာလိမ့်မယ် အဲဒီအခါကျမှ နင်နဲ့ ငါ ရှင်းကြတာပေါ့"
ချင်ရွှမ်း ထွက်သွားပြီးနောက် ချင်ဖုန်းမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။
လီတောက်ယဲ့က ပန်းသီးတစ်လုံးကို ကိုက်လိုက်ရင်း
"မင်းတို့ မောင်နှမတွေကတော့ တကယ့်ကို ပြဿနာပဲကွာ"
ဟု ဆိုကာ ခေါင်းခါလိုက်သည်။
ထိုစဉ် အစေခံလေးတစ်ဦးသည် တုန်တုန်ရင်ရင်ဖြင့် ချဉ်းကပ်လာသည်။
"သခင်လေးဖန့် သခင်လေးကို တစ်ယောက်ယောက်က တွေ့ချင်နေပါတယ် သူက ကျိန်းယန်တာအိုဂိုဏ်းက တာအိုဆရာတစ်ယောက် ပါ"