အခန်း (၅၉၉-၆၀၀)
Vol. 60 Ch. 599-600
အခန်း ၅၉၉ - စီရင်ချက်
အရပ်မျက်နှာအသီးသီးမှ ကျရောက်လာသော ပြင်းထန်လှသည့် အကြည့်များကြောင့် ချင်ဖုန်းမှာ အလွန်အမင်း ဖိအားပေးခြင်း ခံနေရသည်။
မိမိပြုလုပ်ခဲ့သော အမှားမှာ မည်မျှကြီးလေးပြီး အကျိုးဆက်ဆိုးရွားကြောင်း သူကောင်းကောင်းသိသည်။
မျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်သော်လည်း ထိုကဲ့သို့ ကြီးမားလှသော အရှုပ်ထုပ်ကြောင့် သူ၏အသက်မှာပင် အန္တရာယ်ရှိနေပြီး အကောင်းဆုံးရလဒ်မှာ ကျင့်ကြံမှု အဖျက်ဆီးခံရကာ တစ်သက်လုံး အကျဉ်းချခံရခြင်းသာ ဖြစ်ပေလိမ့်မည်။
ချူလန်သည် ချင်ဖုန်း၏ရှေ့သို့ ခပ်ဆဆ တိုးလိုက်ပြီး သူ့သားအပေါ် ကျရောက်နေသော မလိုတမာ အကြည့်ဝက်ဝက်ကို မိခင်တစ်ယောက်၏ မေတ္တာဖြင့် ကာကွယ်ပေးထားလိုက်သည်။
"အစ်ကိုကြီး ဖုန်းအာက ဒီတစ်ခါတော့ တကယ့်ကို ပြဿနာအကြီးကြီး ရှာလိုက်တာပဲ ဘိုးဘေးတွေက ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် အစ်ကိုကြီးအနေနဲ့ မိသားစုခေါင်းဆောင်ပီပီ ဘက်လိုက်တာမျိုး မလုပ်ဖို့ ငါမျှော်လင့်ပါတယ်"
ဟု ခပ်လှမ်းလှမ်းမှ သန်မာထွားကြိုင်းသော လူလတ်ပိုင်းတစ်ဦးက တည်ငြိမ်သော်လည်း အဓိပ္ပာယ်ပါပါဖြင့် ဆိုလိုက်သည်။
ခန်းမအတွင်းရှိ အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။
သူတို့သည် ချင်ဖုန်းကို ပုဂ္ဂိုလ်ရေးအရ မုန်းတီး၍ တိုက်ခိုက်နေခြင်း မဟုတ်ဘဲ မသေမျိုးချင်မျိုးနွယ်စု၏ စည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းနေခြင်း ဖြစ်သည်။
ဘိုးဘေးကိုယ်တိုင်က လွတ်ငြိမ်းချမ်းသာခွင့် မပေးသရွေ့ ထိုမျှကြီးလေးသော အမှားကို အပြစ်မပေးဘဲ လွှတ်ပေးလိုက်ပါက မိသားစုစည်းမျဉ်းများ ပျက်ပြားသွားပြီး နောင်လာနောက်သား လူငယ်များကလည်း ဤအမှားမျိုးကို စံနမူနာယူသွားနိုင်သောကြောင့် ဖြစ်သည်။
ထိုသို့ပြောဆိုသူမှာ ချင်မျိုးနွယ်စု၏ ဒုတိယမြောက် အကိုင်းအခက် မှ ခေါင်းဆောင်ဖြစ်ပြီး သူ၏ကျင့်ကြံမှုမှာ ဝိညာဉ်သန္ဓေသားအဆင့် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေကာ အလယ်ပိုင်းသုံးဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။
"စိတ်ချပါ ချင်ဖုန်းက ငါ့သားဖြစ်ပေမဲ့ သူက ကြီးလေးတဲ့အမှားကို လုပ်ခဲ့တာပဲ ဘိုးဘေးတွေက ဘယ်လိုပဲ စီရင်ပါစေ ငါဘက်လိုက်မှာ မဟုတ်ဘူး"
ဟု မျိုးနွယ်စုခေါင်းဆောင်က တိုးညှင်းသော်လည်း ပြတ်သားစွာ ဆိုလိုက်သည်။
ခန်းမအတွင်းရှိ လူအုပ်ကြီးသည် ဖန့်ချန်ကိုလည်း စတင်အကဲခတ်လာကြသည်။
အစပိုင်းတွင် သူတို့က ဖန့်ချန်ကို ချူလန်ထံမှ အခွင့်အရေး နှိုက်လိုသော သာမန်လူတစ်ဦးဟု ထင်ခဲ့ကြသော်လည်း ဝိညာဉ်ရင်းမြစ်ရပ်ကွက် ဖြစ်ရပ်နောက်ပိုင်း သူတို့၏ အမြင်များ ပြောင်းလဲသွားသည်။
ကျိန်းယန်တာအိုဂိုဏ်းမှ အစောင့်အရှောက် တစ်ရာနီးပါး၏ ကြားတွင် ရဲရဲဝံ့ဝံ့ တောင့်ခံနိုင်ခြင်းမှာ သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး လုပ်နိုင်သည့်အရာ မဟုတ်ကြောင်း သူတို့ သိရှိသွားကြသည်။
"သူ့ရဲ့ အရှိန်အဝါက ဝိညာဉ်သန္ဓေသားအဆင့် မဟုတ်တာတော့ သေချာတယ်"
"အခြေခံတည်ဆောက်ခြင်း အဆင့်လည်း မဖြစ်နိုင်ဘူး၊ အဲဒီအဆင့်က လူတစ်ယောက် ဒီလိုစွမ်းဆောင်ရည်မျိုး မရှိနိုင်ဘူး"
"ရွှေအမြုတေအဆင့်မှာတောင် ဒီလောက် ထူးချွန်တဲ့ စွမ်းရည်ရှိနေတာက တကယ့်ကို မရိုးရှင်းတဲ့ကိစ္စပဲ"
ကျင့်ကြံသူအချို့သည် လျှို့ဝှက်ဆက်သွယ်ရေးမှတစ်ဆင့် ဖန့်ချန်အကြောင်းကို အချင်းချင်း ဆွေးနွေးနေကြသည်။
ခဏအကြာတွင် ဘိုးဘေးခန်းမ၏ နောက်ဘက်မှ အဘိုးအို၊ အဘွားအို အုပ်စုတစ်စု တည်ငြိမ်စွာ ထွက်ပေါ်လာသည်။
၎င်းတို့အားလုံးမှာ အနည်းဆုံး အလယ်ပိုင်းသုံးဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ထိုအထဲတွင် ဝိညာဉ်ခွဲဖြာခြင်းအဆင့် အများအပြားနှင့် ပေါင်းစပ်ခြင်းအဆင့် အချို့ ပါဝင်သည်။
သူတို့၏ ခေါင်းဆောင်ဖြစ်သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်လေထုမှာ ရုတ်ချည်းပင် လေးလံသွားပြီး အားလုံး၏ ရင်ဘတ်ပေါ်သို့ ကျောက်တုံးကြီးတစ်ခုဖြင့် ဖိထားသကဲ့သို့ ခံစားရကာ အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။
၎င်းတို့မှာ ချင်မျိုးနွယ်စု၏ အဆင့်မြင့်ဆုံး ဘိုးဘေးများ ဖြစ်ကြပြီး မိသားစုအတွင်း အလွန်ကြီးမားသော ဖြစ်ရပ်များရှိမှသာ လူလုံးပြလေ့ရှိသူများ ဖြစ်သည်။
ပုံမှန်အားဖြင့် သူတို့သည် မိမိတို့၏ ဂူများတွင်သာ အေးဆေးစွာ ကျင့်ကြံနေလေ့ရှိသည်။
ဒါက ချင်မျိုးနွယ်စုရဲ့ ပေါင်းစပ်ခြင်းအဆင့် ဘိုးဘေး ဖြစ်ရမယ်။
သူ့ရဲ့ အရှိန်အဝါက နန်ဘုရားသန့်စ် သောမြေက ဆူးမော့ ထက် အနည်းငယ် အားနည်းသလို၊ သစ်စိမ်းဂိုဏ်းက စီနီယာလီလည်း မသန်မာဘူး ဟု ဖန့်ချန်က စောင့်ကြည့်ရင်း သုံးသပ်နေမိသည်။
"ဘိုးဘေးတွေကို ဂါရဝပြုပါတယ်"
မျိုးနွယ်စုခေါင်းဆောင်၏ ဦးဆောင်မှုဖြင့် ခန်းမအတွင်းရှိ လူအားလုံးက အမြင့်ဆုံးသော ရိုသေမှုဖြင့် ဦးညွှတ်လိုက်ကြသည်။
"အင်း..."
အလယ်တွင် ထိုင်နေသော ဘိုးဘေးက ခေါင်းညိတ်ပြရင်း သူ၏အကြည့်မှာ ချင်ဖုန်းထံသို့ အေးစက်စွာ ကျရောက်သွားသည်။
"ဒီနေ့ ငါတို့ ဘာကို ဆွေးနွေးကြမယ်ဆိုတာ အားလုံး သိကြမှာပါ"
ချင်ဖုန်းက ရုတ်တရက် ရှေ့သို့တိုးကာ ဒူးထောက်လျက် စကားပြောလာသည်။
"ဘိုးဘေး ဖုန်းအာ အမှားကြီး မှားခဲ့ပါတယ် ဘိုးဘေးက ကျွန်တော့်ကို ဘယ်လိုပဲ စီရင်ပါစေ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ် ကျွန်တော့်မှာ ဘာကန့်ကွက်ချက်မှ မရှိပါဘူး"
"မင်းကိစ္စကို ခဏနေမှ ရှင်းမယ်"
ဟု ဘိုးဘေးက ခပ်အေးအေး ဆိုလိုက်သည်။
သူသည် လက်ကို ယမ်းလိုက်ရာ ကောင်းကင်လျှို့ဝှက်ကြေးမှန် တစ်ချပ် လေထဲသို့ ပျံတက်သွားပြီး အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာသည်။
မှန်အတွင်း၌ အခြားသော ခန်းမအကျယ်ကြီးတစ်ခုနှင့် အစွမ်းထက်သော အကြီးအကဲများစွာ၏ ပုံရိပ် ပေါ်လာသည်။
ခေါင်းဆောင်နေရာတွင် ထိုင်နေသောသူ၏ တည်ကြည်ပြီး အေးစက်လှသော အကြည့်မှာ မှန်တစ်ဖက်ခြံမှ ချင်မျိုးနွယ်စု ဘိုးဘေးထံသို့ တိုက်ရိုက် ကျရောက်လာသည်။
"ညီအစ်ကိုချင် မင်း ဆုံးဖြတ်ချက် တစ်ခုခု ချပြီးပြီလား"
ထိုသူက ဖြည်းညှင်းစွာ မေးလိုက်သည်။ ၎င်းမှာ လန်ယာမျိုးနွယ်စု၏ ဘိုးဘေး ပင် ဖြစ်သည်။
"အဲဒီ နေမင်အသီး က ငါ့အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ ညီအစ်ကိုလန်ယား သိမှာပါ"
"ငါ့ မျိုးဆက် တစ်ယောက်ရဲ့ မိုက်မဲမှုကြောင့် အခိုးခံလိုက်ရတယ် ဆိုပေမဲ့ နောက်ဆုံးတော့ အဲဒါကို မင်းတို့ လန်ယာမျိုးနွယ်စုရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က စားသုံးလိုက်တာပဲ မဟုတ်လား"
ချင်မျိုးနွယ်စု ဘိုးဘေးက ပြုံးလျက် ဆိုသည်။
"ငါတို့ ချင်မျိုးနွယ်စုအနေနဲ့ ဒီကိစ္စအတွက် လုံလောက်တဲ့ ရှင်းပြချက်နဲ့ လျော်ကြေးတစ်ခု လိုချင်တယ်"
"ညီအစ်ကိုချင် စိတ်ချပါ လန်ယာမျိုးနွယ်စုက ဒီအတွက် ရှင်းပြချက် ပေးမှာပါ ဒါပေမဲ့ ဒီကိစ္စက ငါတို့မျိုးနွယ်စုနှစ်ခုကြားမှာ လက်နက်ကိုင်ပဋိပက္ခအထိ မရောက်ဖို့ပဲ မျှော်လင့်ပါတယ်"
ဟု လန်ယာဘိုးဘေးက ဆိုသည်။
"ငါ သိထားတာကတော့ မင်းတို့က နယ်စားမင်း ကို ကြားဝင်ညှိနှိုင်းပေးဖို့ တောင်းဆိုထားတယ်၊ နယ်စားမင်းရဲ့သား ချီဖာ လည်း ငါတို့ဆီ ရောက်နေတာပဲ"
"ဒါပေမဲ့ ဒီကိစ္စက ငါနဲ့ မင်းကြားက ကိစ္စလို့ နယ်စားမင်းကို ငါ ကိုယ်တိုင် ရှင်းပြထားပြီးပြီ ဒါကြောင့် နယ်စားမင်းက ဝင်မပါဖို့ ဆုံးဖြတ်လိုက်ပြီ ဒါကို မင်း နားလည်လား ညီအစ်ကိုလန်ယာ"
လန်ယာဘိုးဘေးသည် တည်ငြိမ်နေဆဲပင်။
"ညီအစ်ကိုချင် စကားတွေကို ဝိုက်ပတ်မနေပါနဲ့တိုက်ရိုက်ပဲ ပြောပါ"
"ငါ တောင်းဆိုတာက မင်းတို့ရဲ့ လန်ယာရှေးဟောင်းကျမ်းစာ ပဲ ပြီးတော့ မင်းတို့ပိုင်နက်ရဲ့ တစ်ဝက်ကို ငါတို့ဆီ လွှဲပေးရမယ် ဒါကို သဘောတူရင်တော့ စစ်မဖြစ်ဘဲ ဒီကိစ္စကို အဆုံးသတ်နိုင်မယ်"
ဟု ချင်မျိုးနွယ်စု ဘိုးဘေးက အေးစက်စွာ ကြေညာလိုက်သည်။
ဤစကားကြောင့် လန်ယာဘိုးဘေးသာမက ခန်းမအတွင်းရှိ ချင်မျိုးနွယ်စုဝင်များပါ အံ့အားသင့်သွားကြသည်။
ထိုစည်းကမ်းချက်များကို လန်ယာမျိုးနွယ်စုက မည်သို့မျှ သဘောတူလိမ့်မည် မဟုတ်ပေ။
လန်ယာကျမ်းစာဆိုသည်မှာ သူတို့မျိုးနွယ်စု၏ အခြေခံအုတ်မြစ် ဖြစ်သည်။
"ညီအစ်ကိုချင် မင်းက ညှိနှိုင်းဖို့ လမ်းစမချန်တော့ဘူးပဲ ငါ နောက်ထပ် နေမင်းအသီး တစ်လုံးကို ဘယ်လိုနည်းနဲ့မဆို ရှာပေးမယ်ဆိုရင်ကော"
လန်ယာဘိုးဘေး၏ မျက်ဝန်းတွင် ဒေါသအရိပ်အယောင်များ လျှပ်ခနဲ ပေါ်လာသည်။
"သုံးနှစ်အတွင်း မင်း ရှာပေးနိုင်မလား"
ချင်မျိုးနွယ်စု ဘိုးဘေးက တုံ့ပြန်သည်။
"မရှာပေးနိုင်ရင်တော့ စကားကို ပြန်ရုပ်သိမ်းလိုက်ပါ နောက်ထပ် ကပ်ဘေးကြီး မကျရောက်ခင် မင်းတို့ရဲ့ ဘိုးဘေးနန်းတော်ကို ငါ ကိုယ်တိုင် ချေမှုန်းပစ်မယ်"
လန်ယာဘိုးဘေး တိတ်ဆိတ်သွားသည်။
သုံးနှစ်အတွင်း ထိုအသီးကို ရှာရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
အနှစ်တစ်ရာဆိုလျှင်ပင် အခွင့်အရေးမှာ အလွန်နည်းပါးလှသည်။
"ဒီကိစ္စက... ငါတို့ကိုပဲ အပြစ်တင်လို့ မရဘူး"
လန်ယာဘိုးဘေးက ရုတ်တရက် ဆိုသည်။
"ဒါက မင်းရဲ့မျိုးဆက်ယ ချင်ဖုန်းကိုယ်တိုင်က လုပ်ခဲ့တာလေ ငါလည်း အဲဒီအသီးကို တမင် စားတာမဟုတ်သလို၊ မင်းကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ဖို့လည်း စိတ်ကူးမရှိဘူး"
ထိုစကားကြောင့် အားလုံး၏ အကြည့်များမှာ ချင်ဖုန်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ချင်မျိုးနွယ်စု ဘိုးဘေးကလည်း ချင်ဖုန်းကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
"ဒါကြောင့် ဒီနေ့ မင်းတို့ဆီက ရှင်းပြချက် လိုချင်သလို ငါ့အိမ်ထဲက အမှိုက်ကိုလည်း အရင်ဆုံး ရှင်းပစ်ဖို့ ငါ စီစဉ်ထားတယ်"
အခန်း ၆၀၀ - ဝိညာဉ်ချေဖျက်ခြင်း၊ သံသရာလမ်းဖြတ်တောက်ခြင်း
ဘိုးဘေးသည် လန်ယာမျိုးနွယ်စုရှေ့တွင်ပင် ချင်ဖုန်းကို စီရင်ရန် ရည်ရွယ်ထားကြောင်း အားလုံး သိရှိသွားကြသည။
၎င်းမှာ မသေမျိုးချင်မျိုးနွယ်စုသည် ထိုကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားကြောင်း ပြတ်သားသော သတင်းစကား ပေးလိုက်ခြင်းပင် ဖြစ်သည်။
ချင်မျိုးနွယ်စုခေါင်းဆောင်မှာမူ ချင်ဖုန်းနှင့် ပတ်သက်မှုအားလုံးကို ဖြတ်တောက်ထားပြီးသည့်အလား မည်သည့်ခံစားချက်မျှ မပြဘဲ တည်ငြိမ်နေသည်။
"ချင်ဖုန်း မင်း နေမင်းအသီး ကို ခိုးယူခဲ့တာ မှန်သလား"
ချင်မျိုးနွယ်စု ဘိုးဘေးက မေးလိုက်သည်။
"ကျွန်တော် ဝန်ခံပါတယ်..."
ချင်ဖုန်းက ခေါင်းငိုက်စိုက်ချလျက် ပြန်ဖြေသည်။
ချင်ရွှမ်းမှာ အလွန်စိုးရိမ်နေသော်လည်း ဝင်ပြောရန် ဝေခွဲမရ ဖြစ်နေသည်။
"မင်း ခိုးယူခဲ့တဲ့ အရာကို ဘယ်သူ့ကို ပေးခဲ့တာလဲ"
ဘိုးဘေးက ထပ်မေးသည်။
ချင်ဖုန်း တိတ်ဆိတ်နေဆဲပင်။
အမှန်တရားကို လူတိုင်း သိထားကြသော်လည်း သူကိုယ်တိုင် နှုတ်မှ ထုတ်ပြောရန် ငြင်းဆန်နေခြင်း ဖြစ်သည်။
"ဖုန်းအာ မင်းကို တစ်ယောက်ယောက်က ခြိမ်းခြောက်ခိုင်းစေလို့ ခိုးခဲ့ရတာပါလို့ ဘိုးဘေးကို ပြောလိုက်စမ်းပါ"
ချူလန်က တိုးညှင်းစွာ ဆိုသည်။
ချင်ဖုန်းက ခေါင်းကို အကြိမ်ကြိမ် ခါယမ်းကာ
"ဘယ်သူမှ ကျွန်တော့်ကို မခိုင်းပါဘူး ဒါဟာ ကျွန်တော့်ရဲ့ လောဘနဲ့ ခွင့်မလွှတ်နိုင်တဲ့ အတ္တကြောင့်ပါ"
လူအုပ်ကြီးက ခေါင်းညိတ်ကြသည်။
ချင်ဖုန်း၏ အမှားကို ဝန်ခံရဲသော သတ္တိကို အသိအမှတ်ပြုကြသော်လည်း သူပြုလုပ်ခဲ့သော အမှား၏ ကြီးလေးမှုအရ သူသည် သေဒဏ်နှင့်သာ ထိုက်တန်ပေသည်။
"ရှင်..."
ဝူဝမ် က ချင်မျိုးနွယ်စုခေါင်းဆောင်၏ လက်ကို ဆွဲကာ စိုးရိမ်တကြီး ကြည့်လိုက်သည်။
သူမသည် ချင်ဖုန်းအတွက် တစ်ခုခု ပြောပေးရန် သူ့ကို အရိပ်အယောင် ပြနေခြင်း ဖြစ်သည်။
သို့သော် ခေါင်းဆောင်မှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ အေးစက်မြဲ အေးစက်နေဆဲပင်။
"ဘာမှ မပြောဘဲနေရင် ငါတို့ မသိဘူးလို့ ထင်နေတာလား"
ပေါင်းစပ်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"လန်ယာမျိုးနွယ်စုက နိမ့်ကျတဲ့ မိန်းကလေးတစ်ယောက်အတွက်နဲ့ ဘိုးဘေးရဲ့ နေမင်းအသီး ကို ခိုးရဲတယ်လား မင်းရဲ့ သွေးကြောထဲမှာ စီးဆင်းနေတာ ဘယ်သူ့သွေးလဲ"
ထိုစကားကြောင့် အားလုံး၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။
ချူလန်၏ မျက်နှာမှာလည်း ဖြူလျော့သွားသည်။
ထိုစကားမှာ အလွန်ကြီးလေးသော အဓိပ္ပာယ်ကို သွယ်ဝိုက်ရည်ညွှန်းနေသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် တည်ငြိမ်နေသော ချင်မျိုးနွယ်စုခေါင်းဆောင်က ဝင်ပြောလာသည်။
"လေးစားရတဲ့ ဘိုးဘေးတို့ ဖုန်းအာဟာ ချင်မျိုးနွယ်စုရဲ့ သွေးစစ်စစ်ပါ ဒါကို သံသယဖြစ်စရာ မလိုပါဘူး"
ဘိုးဘေးက ထိုကိစ္စကို ဆက်မပြောတော့ဘဲ ချင်ဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"မင်း အဲဒီအသီးကို လန်ယာမျိုးနွယ်စုက လန်ယာယွီ ကို ပေးခဲ့တာ မဟုတ်လား"
ချင်ဖုန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်ပြသည်။
"ဟုတ်ပါတယ်..."
"ဘိုးဘေး ကိစ္စက ရှင်းသွားပါပြီ ဆုံးဖြတ်ချက် ချပေးပါ"
ဟု ပေါင်းစပ်ခြင်းအဆင့် ဘိုးဘေးက ဆိုလိုက်သည်။
"ဒါဟာ တကယ့်ကို သစ္စာဖောက်မှုပဲ"
ချင်မျိုးနွယ်စု ဘိုးဘေးက ကြေညာလိုက်သည်။
"အရင်ဆုံး ချင်ဖုန်းကို အကျဉ်းချထားလိုက် သုံးရက်အကြာမှာ လူပုံအလယ်မှာ အသားလွှာပေါင်း တစ်ထောင်ဖြတ်ပြီး ကွပ်မျက်ရမယ် သူ့ရဲ့ ဝိညာဉ်ကို ချေဖျက်ပြီး သံသရာ လည်ပတ်ခွင့် လမ်းစကိုပါ ထာဝရ ဖြတ်တောက်ရမယ်"
ခန်းမအတွင်းရှိ လူများစွာမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားကြသည်။
အသားလွှာ တစ်ထောင်ဖြတ်ရုံတင်မကဘဲ ဝိညာဉ်ကိုပါ ချေဖျက်ပြီး သံသရာလမ်း ဖြတ်တောက်မည်တဲ့လား
၎င်းမှာ ချင်ဖုန်းကို ထိုလောကမှ လုံးဝဥဿုံ ပျောက်ကွယ်သွားစေရန်နှင့် မည်သည့် သက်ရှိအဖြစ်မျှ ပြန်လည်မွေးဖွားခွင့် မရစေရန် ပြုလုပ်ခြင်း ဖြစ်သည်။
ဤမျှ ပြင်းထန်သော စီရင်ချက်မျိုးမှာ ချင်မျိုးနွယ်စုတွင် မတွေ့ရသည်မှာ ကြာလှပြီ ဖြစ်သည်။
ချူလန်မှာ မူးဝေသွားပြီး လဲမကျအောင် ချင်ရွှမ်းက အမြန်ဖေးမပေးလိုက်ရသည်။
မှန်အတွင်းမှ ကြည့်နေသော လန်ယာမျိုးနွယ်စုဝင်များလည်း ချင်မျိုးနွယ်စု၏ ပြတ်သားမှုကြောင့် စိုးရိမ်စိတ် ပိုတိုးလာကြသည်။
ချင်ဖုန်းက ခါးသီးစွာ ပြုံးလိုက်သည်။
"ဝိညာဉ်ချေဖျက်ခံရမယ်"
သူသည် ဤမျှ ပြင်းထန်သော ပြစ်ဒဏ်မျိုး ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ချင်မျိုးနွယ်စု ဘိုးဘေး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု သူခံစားရသည်။
ဤကဲ့သို့ ရက်စက်သော နည်းလမ်းမှသာ စည်းကမ်းကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်က ယွဲ့လုံ ဟု အော်ခေါ်လိုက်သည်။
ယွဲ့လုံသည် ချင်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးအနေဖြင့် ရှေ့သို့ တိုးလာသည်။
ခေါင်းဆောင်၏ အသံမှာ အေးစက်လျက် အမိန့်ပေးလိုက်သည်။
"ချင်ဖုန်းကို ခေါ်သွားပြီး သေချာစောင့်ကြည့်ထား သုံးရက်နေရင် ကွပ်မျက်ပြီး ဝိညာဉ်ကိုပါ ချေဖျက်ပစ်"
"ရှင် တကယ်ပဲ ဒီလောက်တောင် ရက်စက်ရမှာလား"
ချူလန်က မျိုးနွယ်စုခေါင်းဆောင်ကို ငေးကြည့်ရင်း မေးလိုက်သည်။
"အမေ ဒါ ကျွန်တော့်အမှားပါ ပြစ်ဒဏ်ကို ကျွန်တော် လက်ခံပါတယ် အဖေ့ကို အပြစ်မတင်ပါနဲ့"
ချင်ဖုန်းက သူ့မိခင်ကို နှစ်သိမ့်ရန် ကြိုးစားသည်။
ချင်မျိုးနွယ်စုခေါင်းဆောင်မှာ ချူလန်ကို ကြည့်ပင်မကြည့်ဘဲ ယွဲ့လုံကိုသာ ထပ်မံ အော်ဟစ်လိုက်သည်။
"ဘာလို့ ခေါ်မသွားသေးတာလဲ"
ယွဲ့လုံက ချင်ဖုန်းကို ကြည့်ကာ
"သခင်လေး... လိုက်ခဲ့ပါတော့"
ဟု ဆိုသည်။
ထိုစဉ် ချင်ရွှမ်းက အလျင်အမြန် ဝင်ပြောသည်။
"ခဏလေးပါ ဘိုးဘေး ကျွန်မ လန်ယာယွီကို ဖမ်းထားပြီးပါပြီ သူမကသာ အဓိက လက်သည်တရားခံပါ သူမရဲ့ ချိုသာတဲ့ စကားတွေကြောင့်သာ မဟုတ်ရင် အစ်ကိုက ဒီလို မိုက်မဲတာမျိုး လုပ်မှာ မဟုတ်ဘူး သူမကို သတ်လိုက်ရင် ဘိုးဘေးတို့ရဲ့ ဒေါသကို ဖြေလျှော့ပေးနိုင်မှာပါ"
လူအုပ်ကြီး အံ့သြသွားသလို၊ မှန်ထဲမှ လန်ယာဘိုးဘေးတို့လည်း အံ့သြသွားကြသည်။
သို့သော် လန်ယာမျိုးနွယ်စုက ဘာမှ ဝင်မပြောပေ။
အကယ်၍ ရွှေအမြုတေအဆင့် တပည့်မလေးတစ်ယောက်ကို စတေးပြီး ပြဿနာပြေလည်မည်ဆိုပါက သူတို့ သဘောတူပေလိမ့်မည်။
သို့သော် ချင်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ချင်ရွှမ်း ဒီကိစ္စက လန်ယာယွီနဲ့ ဘာမှမဆိုင်ဘူး ငါ တစ်ယောက်တည်း တာဝန်ယူမယ် ဘာလို့ အပြစ်မရှိတဲ့လူကို ဆွဲထည့်တာလဲ"
"အစ်ကို အစ်ကိုက မိန်းကလေးတစ်ယောက်အတွက်နဲ့ ဒါတွေအားလုံးကို လုပ်နေတာလား ဒါက တန်လို့လား"
ချင်ရွှမ်း၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်လျှံလာသည်။
"အစ်ကို့အတွက် အမေ ဘယ်လောက် စိုးရိမ်ခဲ့ရလဲ သိလား အမေက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူဆိုတော့ သက်တမ်းရှည်ရမှာ၊ ဒါပေမဲ့ အခု အမေ့ဆံပင်တွေ ဖြူကုန်တာကို အစ်ကို သတိထားမိရဲ့လား"
"အမေဟာ အောက်လမ်းနည်းတွေကို သုံးတယ်ဆိုပြီး ကောလာဟလတွေ ကြားနေရတာတောင် အစ်ကို့အတွက် အကုန်သည်းခံခဲ့တာ"
"အခုတော့ အစ်ကိုက အသေခံပြီး အဆုံးသတ်ချင်တယ်ပေါ့ ကျန်ခဲ့တဲ့လူတွေကိုကော အစ်ကို ထည့်မစဉ်းစားဘူးလား"
ချင်ဖုန်း ဆွံ့အသွားရသည်။
လူအုပ်ကြီး၏ အကြည့်များမှာ အောက်လမ်းနည်း ဟု အပြောခံရသော ဖန့်ချန်ဆီသို့ ရောက်သွားကြသည်။
ဖန့်ချန်ကတော့ ဘာမှမဖြစ်သလို တည်ငြိမ်နေဆဲပင်။
"တော်ပြီ..."
ချူလန်က သက်ပြင်းသဲ့သဲ့ချကာ
"ရန်မဖြစ်ကြနဲ့တော့ ဒီကိစ္စကို အဆုံးသတ်ကြရအောင်"
သူမသည် ချင်မျိုးနွယ်စု ဘိုးဘေးကို ကြည့်ကာ ဦးညွှတ်လိုက်သည်။
"ဘိုးဘေး ကျွန်မ ဘိုးဘေးအတွက် နောက်ထပ် နေမင်းအသီး တစ်လုံး ရှာတွေ့ထားပါတယ်ကျေးဇူးပြုပြီး ကျွန်မသားရဲ့ အသက်ကို ချမ်းသာပေးပါ"
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အားလုံးက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ချူလန်ကို ဝိုင်းကြည့်လိုက်ကြသည်။
ဘိုးဘေးများပင် အံ့အားသင့်သွားကြသည်။ မှန်ထဲမှ လန်ယာဘိုးဘေးကတော့ အခြေအနေကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
ချင်ရွှမ်းမှာ မျက်လုံးပြူးသွားသည်။
ငါ အကြားမှားတာလား နေမင်းအသီး ဟုတ်လား ချင်ဖုန်းနှင့် မျိုးနွယ်စုခေါင်းဆောင်တို့လည်း အံ့သြမှင်သက်သွားကြသည်။
ခေါင်းဆောင်သည် ချူလန်အနီးရှိ ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။
ချင်နယဲ့ကတော့ တည်ငြိမ်နေသော်လည်း သူ၏လက်သီးကို လက်အင်္ကျီအတွင်း၌ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ"
ဘိုးဘေးက မေးလိုက်သည်။
"တာအိုဆရာဖန့်ရဲ့ လမ်းညွှန်မှုနဲ့အတူ ကျွန်မ နောက်ထပ် နေမင်းအသီး တစ်လုံးကို ရှာတွေ့ခဲ့တာပါ"
ဟု ချူလန်က ဆိုရင်း သိမ်းဆည်းထားသော အိတ်အတွင်းမှ အသီးကို ထုတ်ပြလိုက်သည်။
ချင်နယဲ့၏ မျက်နှာမှာ ရုတ်ချည်းပင် ဖြူဖျော့သွားသည်။
၎င်းမှာ သူပျောက်ဆုံးသွားသော အသီးဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသောကြောင့် ဖြစ်သည်။
"ဒါ... ဒါ တကယ်ပဲ နေမင်းအသီးပဲ..."
"အရှိန်အဝါက လုံးဝ မှားစရာမရှိဘူး ဆေးဖက်ဝင်အပင် ဥယျာဉ်မှာတုန်းက ငါ သေချာ စစ်ဆေးခဲ့ဖူးတယ်"
"ဒါဆို ဒီလူက လူလိမ်မဟုတ်ဘူးပေါ့"
လူအုပ်ကြီးကြားတွင် တီးတိုးပြောသံများ ဆူညံသွားသည်။
ချင်ရွှမ်းသည် ဖန့်ချန်ကို ငေးကြည့်ရင်း သူမ၏ မျက်ဝန်းတွင် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာတော့သည်။