← Chapters

အခန်း (၅၇၅-၅၇၆)

Vol. 58 Ch. 575-576

အခန်း (၅၇၅-၅၇၆)

Vol. 58 Ch. 575-576

အခန်း ၅၇၅ - နေမင်းသီးသုံးလုံး

အကြီးအကဲရွှီနှင့် အခြားသူများမှာ ဖန့်ချန်ကို ကြည့်ရင်း ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေကြသည်။

ဖန့်ချန်သည် ဂိုဏ်းသို့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်တာအိုဂိုဏ်း ကို အမြစ်ပြတ်ချေမှုန်းပြီး တာအိုတစ်ထောင်ဂိုဏ်းကို အသက်ပြန်သွင်းပေးခဲ့သူ မဟုတ်ပါလား။

သူ ရောက်လာသည့်အချိန်မှစ၍ ခြောက်သွေ့နေသော သစ်ပင်အိုကြီးမှာ အညှောက်သစ်များ ပြန်လည်ထွက်ပေါ်လာသကဲ့သို့ ဂိုဏ်းကြီးမှာ အသက်ဝင်လာခဲ့သည်။

ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး

"အားနာနေစရာ မလိုပါဘူး"

ဟု ဆိုကာ ဖေ့ချင်းဖုန်းဘက်သို့ လှည့်လိုက်သည်။

"တူတော်မောင် ဖေ့... မင်းနဲ့ စကားခဏလောက် ပြောချင်လို့"

သူတို့နှစ်ယောက် ဆွေးနွေးဆောင်မှ ထွက်လာပြီးနောက် ဖန့်ချန်က တိုက်ရိုက်ပင် မေးလိုက်သည်။

"တူတော် မင်း သစ်စိမ်းဂိုဏ်း ရဲ့ ဘိုးဘေးအကြောင်း သိသလား"

ဖေ့ချင်းဖုန်းက ဇဝေဇဝါဖြစ်သွားပြီး

"သစ်စိမ်းဂိုဏ်းလား အဲဒါ အပြာရောင်တာအိုနယ်မြေ ထဲမှာ ရှိတာလား ကျွန်တော် မကြားဖူးဘူး"

ဟု ဖြေကြားသည်။

ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"မင်း မသိဘူးလား..."

ထို့နောက် သူက ဆက်လက်ရှင်းပြသည်။

"အဲဒီဂိုဏ်းက နတ်ဘုရားမင်းဆက် နယ်မြေထဲမှာ ရှိတဲ့ နတ်ဘုရားစံအိမ်တစ်ခုပဲ "

(ဒီနေရာမှာ တစ်ခုပြောချင်တာက စာဖတ်သူတွေ မျက်စိရှုပ်သွားဆိုးလို့ပါ နတ်ဘုရားမင်းဆိုတာက အင်အားကြီးမားတဲ့ အင်ပါယာတွေကိုဆိုလိုတာပါ ဥပမာ-အလယ်ပိုင်းတိုက်ကြီးပေါ့၊နတ်ဘုရားစံအိမ်ဆိုတာကတော့ တက်လှမ်းခြင်းအဆင့်တွေ ဦးဆောင်တဲ့ အင်းအားစုတွေပါ ပြောရရင် နတ်ဘုရားတစ်ပိုင်းပေါ့ )

"နတ်ဘုရားစံအိမ် ဟုတ်လား အဲဒါဆိုရင် အဲဒီမှာ နနတ်ဘုရား တစ်ပါး ရှိနေမှာပေါ့"

ဖေ့ချင်းဖုန်းက အံ့သြတုန်လှုပ်သွားသည်။

"အဲဒီလို အဆင့်မြင့်ပုဂ္ဂိုလ်တွေက ကျွန်တော်တို့ တာအိုတစ်ထောင်ဂိုဏ်းကို လှည့်ကြည့်မှာတောင် မဟုတ်ပါဘူး"

"မင်း မှားနေပြီ အဲဒီဂိုဏ်းရဲ့ ဘိုးဘေးက တာအိုတစ်ထောင်ဂိုဏ်းအကြောင်းကို သိရုံတင်မကဘူး ဒီနေရာဟာ တာအိုသုံးထောင်ဂိုဏ်းရဲ့ မူလဘိုးဘေးနယ်မြေဆိုတာကိုပါ သိနေတာ ငါ ဒီကို ရောက်လာတာလည်း သူ လမ်းညွှန်ပေးလို့ပဲ"

ဖေ့ချင်းဖုန်းမှာ အံ့ဩမှင်တက်သွားသည်။

သူသည် တစ်သက်လုံး အပြာရောင်တာအိုနယ်မြေမှ မထွက်ဖူးသော်လည်း နတ်ဘုရားမင်းဆက်နှင့် ထိုနေရာမှာ အလွန်ဝေးကွာကြောင်း သိထားသည်။

ထိုမျှ အဆင့်မြင့်သော ပညာရှင်ကြီးက သူတို့ကဲ့သို့ ကျဆင်းနေသော ဂိုဏ်းငယ်လေးအကြောင်းကို ဘယ်လို သိနေရတာလဲ

ဖန့်ချန်သည် လမ်းကြောင်းပြောင်းကာ မေးလိုက်သည်။

"ဒါတွေ ထားလိုက်ပါဦး ငါ ဒီကိုလာတုန်းက မသေမျိုးချင်မျိုးနွယ် မှာ စစ်ပြင်နေသလိုမျိုး အစောင့်အကြပ်တွေ အရမ်းထူထပ်နေတာ တွေ့ခဲ့တယ် အဲဒါ ဘာဖြစ်လို့လဲဆိုတာ မင်းတို့ သိသလား"

ဖေ့ချင်းဖုန်းက ကွမ်းအာ၊ အကြီးအကဲရွှီနှင့် အကြီးအကဲဟွမ်တို့ကို ခေါ်လိုက်သည်။

"ဦးလေးရှစ် သူတို့ သုံးယောက်က အပြင်ကို ခဏခဏသွားတော့ အပြင်သတင်းတွေကို ပိုသိကြပါတယ်"

အကြီးအကဲရွှီက ပြုံးလိုက်ပြီး

"ဂိုဏ်းချုပ်ဘမင်းက တရားထိုင်နေတာ ကြာပြီဆိုတော့ မသိတာ မဆန်းပါဘူး လွန်ခဲ့တဲ့ ရက်ပိုင်းက ချင်မျိုးနွယ်နဲ့ လန်ယာမျိုးနွယ် ကြားမှာ စိတ်ဝင်စားစရာ အဖြစ်အပျက်လေးတစ်ခု ရှိခဲ့တယ်"

"ဘာအဖြစ်အပျက်လဲ"

ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။

"ချင်မျိုးနွယ်က အသုံးမကျတဲ့ သခင်လေးတစ်ယောက်ဟာ လန်ယာမျိုးနွယ်ရဲ့ သမီးပျို လန်ယာယွီကို မျက်စိကျပြီး ချင်းမျိုးနွယ်ဘိုးဘေး နှစ်ပေါင်းများစွာ စိုက်ပျိုးထားတဲ့ နေမင်းသီး ကို ခိုးယူပြီး သူမကို ပေးလိုက်တာလေ"

" အဲဒီအသီးက ဘေးသုံးပါး ကပ်ကိုးပါး ကို ကျော်ဖြတ်တဲ့နေရာမှာ အရမ်းအစွမ်းထက်တာ အခု အဲဒီအသီးကို စားပြီး လန်ယာယွီက ပထမဆုံး ဘေးဒုက္ခကို ကျော်ဖြတ်သွားနိုင်ပြီ"

အကြီးအကဲရွှီက ရယ်မောရင်း ဆက်ပြောသည်။

"ဒီကိစ္စကြောင့် မျိုးနွယ်စုနှစ်ခုကြားမှာ အခြေအနေတွေ တင်းမာနေတာပါ စစ်တပ်တွေ ပြင်ထားတယ်ဆိုတာကလည်း ဟန်ပြပါပဲ နောက်ပိုင်းတော့ နှစ်ဖက်ညှိနှိုင်းသွားကြမှာပါ"

သို့သော် ဖန့်ချန်ကတော့ မပြုံးနိုင်ပေ။

ထိုကိစ္စ၏ နောက်ကွယ်တွင် ဝိညာဉ်သွေးဂိုဏ်း ရှိနေသည်ကို သူ သိထားသည်။

အကယ်၍ သူတို့သာ ကြိုးကိုင်လိုက်လျှင် ထိုကိစ္စမှာ သာမန်ရန်ပွဲမှသည် မျိုးနွယ်စု ရာပေါင်းများစွာ ပါဝင်လာမည့် စစ်ပွဲကြီးအထိ ဖြစ်သွားနိုင်သည်။

"ဦးလေးရှစ် ချင်မျိုးနွယ်ရဲ့ ဘိုးဘေးတွေကလည်း အရင်က တာအိုသုံးထောင်ဂိုဏ်းမှာ ကျင့်ကြံခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ဖူးတယ် သူတို့ဆီမှာလည်း တာအိုအမွေအနှစ်တွေ ရှိနိုင်တယ်"

ဟု ဖေ့ချင်းဖုန်းက ဆိုသည်။

ဖန့်ချန်က စိတ်ဝင်တစား မေးလိုက်သည်။

"ချင်မျိုးနွယ်ကလည်း တာအိုသုံးထောင်ဂိုဏ်းက ဆင်းသက်လာတာလား"

အကြီးအကဲရွှီက နှာခေါင်းရှုံ့လိုက်ပြီး

"ချင်မျိုးနွယ်မှာ အသုံးမကျတဲ့ သခင်လေး ရှိသလို ချင်နယဲ့ ဆိုတဲ့ တရားမဝင်သားတစ်ယောက်လည်း ရှိတယ်"

"သူက အရမ်းတော်တာ အသက် ၃၃ နှစ်နဲ့တင် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်ကို ရောက်နေပြီ လာမယ့်နှစ်အနည်းငယ်အတွင်း ရွှေအမြုတေအဆင့်ကို ရောက်မယ်လို့တောင် သတင်းကြီးနေတာ"

ဖန့်ချန် စဉ်းစားလိုက်သည်။

အသက် ၃၃ နှစ်နှင့် အထွတ်အထိပ်အဆင့်ဆိုသည်မှာ ပါရမီထူးလွန်းခြင်း ဖြစ်နိုင်သလို ဝိညာဉ်သွေးဂိုဏ်း၏ ဝိညာဉ်သွေးဆေးလုံး များကြောင့်လည်း ဖြစ်နိုင်သည်။

ဝိညာဉ်သွေးဂိုဏ်းသည် အပြာရောင်တာအိုနယ်မြေကို သူတို့၏ ကစားကွင်းအဖြစ် အသုံးချနေခြင်း ဖြစ်နိုင်ပေသည်။

ထိုစဉ် ကွမ်းအာ၏ မျက်နှာပျက်သွားပြီး ဆက်သွယ်ရေး စာစောင်တစ်ခုကို ထုတ်ကြည့်လိုက်သည်။

"ဦးလေးရှစ်၊ ဂိုဏ်းချုပ် ချင်မျိုးနွယ်က လူတစ်ယောက် အပြင်ဘက်ကို ရောက်နေတယ် သူက အဆင့်အတန်း မြင့်တဲ့ပုံပဲ"

အားလုံး အံ့ဩသွားကြသည်။

ချင်မျိုးနွယ်အကြောင်း ပြောနေတုန်းမှာပဲ သူတို့ ရောက်လာကြသည်မှာ တိုက်ဆိုင်လွန်းလှသည်။

ဖေ့ချင်းဖုန်းက ဖန့်ချန်ဘက်သို့ လှည့်လိုက်သည်။

"ကျွန်တော် သွားကြည့်လိုက်ပါ့မယ် သူတို့ ဘာကိစ္စနဲ့ လာတာလဲဆိုတာကိုပေါ့"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

"ငါလည်း လိုက်ခဲ့မယ်"

ဖန့်ချန်၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော ခွန်အားနှင့် စက္ကူရုပ်နှစ်ရုပ်၏ အစွမ်းရှိနေသဖြင့် ဖေ့ချင်းဖုန်းမှာ ရင်ထဲတွင် အနည်းငယ် တည်ငြိမ်သွားပါတော့သည်။

အခန်း ၅၇၆ - ချင်မျိုးနွယ်၏ သခင်မ

တာအိုတစ်ထောင်ဂိုဏ်း ၏ အပြင်ဘက်ဝင်းအတွင်းရှိ ဆွေးနွေးဆောင်ကြီး၏ ရှေ့တွင် လေထုမှာ တင်းမာလွန်းလှသဖြင့် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။

ယနေ့တွင် အသစ်ခန့်အပ်ထားသော ခြံဝင်းမှူး သည် သူ၏ လက်အောက်ရှိ တာအိုဘုန်းကြီးတစ်စုနှင့်အတူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ရပ်နေကြရသည်။

သူတို့၏ ရှေ့တွင်တော့ ဝတ်စုံနက်ဝတ်ဆင်ထားသော လူအများအပြားသည် ဆွေးနွေးဆောင်ကြီးကို ဝိုင်းရံထားကြပြီး ထိုသူများထံမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ သာမန်လူတစ်ဦး ခံနိုင်ရည်ရှိသည်ထက် များစွာ ကျော်လွန်နေသည်။

ထိုသူများသည် လူသတ်သမားများကဲ့သို့ အေးစက်လှသလို၊ သူတို့၏ လက်များမှာလည်း အချိန်မရွေး ဓားဦးဆီသို့ ရောက်သွားနိုင်သည့် အနေအထားတွင် ရှိနေသည်။

ယနေ့သည် အခြားနေ့များနှင့်မတူဘဲ သာမန်လူများအတွက် ဘေးဆောင်များတွင်သာ ဝတ်ပြုခွင့်ရှိပြီး ထိုဆွေးနွေးဆောင် အနီးသို့ ချဉ်းကပ်ရန် အရည်အချင်း မရှိကြပေ။

အနီးသို့ ချဉ်းကပ်ရန် ကြိုးစားသူတိုင်းကို ထိုဝတ်စုံနက်ဝတ် လူများက စကားတစ်ခွန်းမှ မပြောဘဲ အေးစက်စက် အကြည့်များဖြင့်သာ နှင်လွှတ်လိုက်ကြသည်။

ဝင်းမှူးသည် သူ၏ နဖူးမှ ချွေးစေးများကို အဆက်မပြတ် သုတ်လိုက်ရင်း စိတ်ကို တည်ငြိမ်အောင် အတင်းကြိုးစားနေရသည်။

"အတွင်းနန်းတော်က နတ်ဘုရားဆရာကြီးတွေ ဘာလို့ ရောက်မလာသေးတာလဲ"

ဟု သူ စိုးရိမ်တကြီး ရေရွတ်လိုက်မိသည်။

သူသည် ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း ချင်မျိုးနွယ် ဆိုသည့် အမည်ကို ကြားလိုက်ရုံနှင့်ပင် ဒူးတုန်သွားရသည်။

ဤအပြာရောင်တာအိုနယ်မြေ တစ်ခုလုံးတွင် မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်းမှ ချင်မျိုးနွယ်ကို မတော်လှန်ရဲကြပေ။

သူတို့ကို သွားရောက် ရန်စမိပါက မျိုးနွယ်စုတစ်ခုလုံး မြေလှန်ဖျက်ဆီးခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

၃ နှစ်သား ၅ နှစ်သားအရွယ်ကလေးများပင် နတ်ဘုရားအတတ်များကို တတ်မြောက်နေသည်ဟု သတင်းကြီးသည့် ထိုမျိုးနွယ်စုမှာ ယခု ဤနေရာသို့ ရောက်နေခြင်းပင်။

ထိုစဉ် ကောင်းကင်ယံ၌ တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် ဖန့်ချန်နှင့် အဖွဲ့သားများ ရောက်ရှိလာကြသည်။

ဝင်းမှူးသည် ဝမ်းသာအားရဖြင့် ခရီးဦးကြိုပြုရန် ပြေးသွားသော်လည်း ဝတ်စုံနက်ဝတ် အစောင့်များကတော့ သူတို့ကို မျက်လုံးထောင့်မှသာ အကဲခတ်ကြည့်နေကြသည်။

ဆွေးနွေးဆောင်အတွင်းမှ ဝတ်စုံနက်ဝတ် လူတစ်ဦး ထွက်လာပြီး ဖန့်ချန်တို့အနီးသို့ ချဉ်းကပ်လာသည်။

သူ၏ အကြည့်မှာ ဂိုဏ်းချုပ် ဖေ့ချင်းဖုန်းဆီသို့ တိုက်ရိုက်ကျရောက်သွားသည်။

"တာအိုတစ်ထောင်ဂိုဏ်းရဲ့ ဖေ့ချင်းဖုန်းလား ရွှေအမြုတေအဆင့် အစောပိုင်းပေါ့"

ဟု ထိုလူက ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

ဖေ့ချင်းဖုန်းက ခေါင်းညိတ်ပြလိုက်သော်လည်း အကြီးအကဲရွှီနှင့် အခြားသူများမှာမူ ထိုလူ၏ ရိုင်းပျသော အပြုအမူကြောင့် ဒေါသထွက်နေကြသည်။

ဂိုဏ်းချုပ်တစ်ယောက်၏ အမည်ကို တိုက်ရိုက်ခေါ်ခြင်းမှာ အလွန်ပင် ရိုင်းပျလွန်းလှသော်လည်း ချင်မျိုးနွယ်၏ အင်အားကြောင့် သူတို့ အောင့်အီးနေကြရသည်။

"ငါ့နာမည်က ဟယ်ပိုင်ယန် ချင်သခင်မကြီးရဲ့ လက်ပါးစေတစ်ယောက်ပါ"

ဟု ထိုလူက မိတ်ဆက်သည်။

"သခင်မက အထဲမှာ အမွှေးနံ့သာတိုင် ထွန်းညှိပြီး ဝတ်ပြုနေတယ် ဂိုဏ်းချုပ်ဖေ့ အထဲဝင်နိုင်တယ်၊ ကျန်တဲ့သူတွေကတော့ ဒီမှာပဲ စောင့်ပါ"

အားလုံး အံ့ဩသွားကြသည်။

ချင်သခင်မ လား ချင်မျိုးနွယ်စု ခေါင်းဆောင်၏ ဇနီးဖြစ်သူ၊ အကြီးအကဲရွှီပြောခဲ့သော အသုံးမကျသည့် သခင်လေး၏ မိခင်ဖြစ်သူက ဘာကြောင့် ဒီလို ကျဆင်းနေတဲ့ တာအိုတစ်ထောင်ဂိုဏ်းကို လာပြီး ဝတ်ပြုနေရတာလဲ

"တာအိုဝေဟယ် ဒါက ကျွန်တော့်ရဲ့ ဦးလေးရှစ်ပါ သူက ကျွန်တော်တို့ဂိုဏ်းမှာ အဆင့်အတန်း အမြင့်ဆုံးသူပါ"

ဟု ဖေ့ချင်းဖုန်းက ဖန့်ချန်ကို မိတ်ဆက်ပေးလိုက်သည်။

ဟယ်ပိုင်ယန်သည် အနည်းငယ် တွေဝေသွားသည်။

သူသည် ဖန့်ချန်ကို စစ်ဆေးကြည့်ရာ အခြေခံတည်ဆောက်ခြင်း နောက်ပိုင်းအဆင့် မျှသာ ရှိသည်ကို တွေ့ရသဖြင့် သူ၏ သတိထားမှုမှာ လျော့ကျသွားပြီး

"ခဏစောင့်ပါ ကျွန်တော် သခင်မကို သွားသတင်းပို့ပေးမယ်"

ဟု ဆိုကာ အထဲသို့ ဝင်သွားသည်။

ခေတ္တအကြာတွင် သူ ပြန်ထွက်လာပြီး

"သခင်မက မင်းတို့နှစ်ယောက်လုံးကို ဖိတ်ခေါ်လိုက်တယ် စကားပြောရင် သတိထားကြပါ"

ဟု သတိပေးလိုက်သည်။

ဖန့်ချန်နှင့် ဖေ့ချင်းဖုန်းတို့ ဆွေးနွေးဆောင်အတွင်းသို့ ဝင်လိုက်သည့်အခါ မြင့်မားသော စင်မြင့်ပေါ်တွင် မြင့်မြတ်သော သားရဲသုံးပါး ၏ ရုပ်ထုများကို တွေ့လိုက်ရသည်။

ထိုရုပ်ထုများသည် တာအိုသုံးထောင်ဂိုဏ်း၏ အမွေအနှစ် သင်္ကေတများ ဖြစ်ပြီး ယနေ့တိုင်အောင် အဆင့်မြင့်ပညာရှင်များပင် ရိုသေကြရသည့် အရာများဖြစ်သည်။

ရုပ်ထုများ၏ ရှေ့တွင် အမျိုးသမီးတစ်ဦးသည် ကျောပေးကာ ဒူးထောက်ဝတ်ပြုနေသည်။

သူမ၏ ကိုယ်ဟန်မှာ ကျော့ရှင်းပြီး ဆွဲဆောင်မှု ရှိလှသော်လည်း ဖန့်ချန်သည် သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါအရ သူမသည် ဝိညာဉ်သန္ဓေသားအဆင့် ပညာရှင်တစ်ဦး ဖြစ်ကြောင်း တစ်ချက်တည်းနှင့် သိလိုက်သည်။

သူမ၏ ဘေးတွင် ရွှေအမြုတေအဆင့်ရှိသော အစောင့်အကြပ်များစွာ ရှိနေသည်။

ဟယ်ပိုင်ယန်က တိုးတိုးလေး လျှောက်တင်လိုက်သည်။

"သခင်မ သူတို့ ရောက်လာပါပြီ"

ထိုအမျိုးသမီးသည် ဖြည်းညှင်းစွာ ထရပ်ကာ လှည့်ကြည့်လိုက်သည်။

သူမသည် အသက် ၄၀ ဝန်းကျင်ခန့် ရှိပုံရပြီး အလွန်လှပသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း သူမ၏ အသားအရေမှာ အနည်းငယ် ဖြူဖျော့ကာ ကျန်းမာရေး မကောင်းသည့်ပုံ ပေါက်နေသည်။

ဖေ့ချင်းဖုန်းက ရိုသေစွာ ဂါရဝပြုလိုက်သော်လည်း ဖန့်ချန်ကတော့ ခေါင်းညိတ်ရုံသာ ပြုလုပ်သည်။

"ဖန့်ချန်ပါ သခင်မကြီး ကို ဂါရဝပြုပါတယ်"

ဟု သူက တည်ငြိမ်စွာ ဆိုသည်။ သခင်မက ခေါင်းညိတ်ပြလိုက်ပြီး

"အားနာနေစရာ မလိုပါဘူး"

ဟု သာယာသောအသံဖြင့် ဆိုသည်။

ဖေ့ချင်းဖုန်းက ရုပ်ထုများကို ကြည့်ရင်း မေးလိုက်သည်။

"ဒီနေ့ ကျွန်တော်တို့ဂိုဏ်းကို ဘာကိစ္စနဲ့ လာရောက်တာလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ"

"အထူးတလည် ကိစ္စမရှိပါဘူး အမွှေးနံ့သာတိုင် ထွန်းညှိပြီး ဝတ်ပြုချင်ရုံတင်ပါပဲ"

ဖေ့ချင်းဖုန်းက အနည်းငယ် တွန့်ဆုတ်နေပြီးမှ

"ပွင့်ပွင့်လင်းလင်း ပြောရရင် ချင်မျိုးနွယ်စုဟာလည်း တာအိုဂိုဏ်းက ဆင်းသက်လာတာဆိုတော့ အိမ်မှာလည်း ဒီသားရဲသုံးပါးရုပ်ထုတွေ ရှိမှာပဲလေ ဘာလို့ ဒီလောက်ဝေးတဲ့နေရာကို လာရတာလဲ"

ဟယ်ပိုင်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

"သခင်မက မင်းတို့ဂိုဏ်းကို ဂုဏ်ပြုပေးတာပဲလေ မင်းတို့က မူလတာအိုဂိုဏ်းစစ်စစ်လို့ အမြဲကြွေးကြော်နေတာ မဟုတ်လား"

သခင်မက ဟယ်ပိုင်ယန်ကို တားဆီးလိုက်ပြီး

"ရိုင်းပျတာတွေ မလုပ်ပါနဲ့"

ဟု ဆိုကာ ဖန့်ချန်တို့ဘက်သို့ လှည့်လိုက်သည်။

သူမ၏ မျက်နှာတွင် ဝမ်းနည်းရိပ်အချို့ ဖြတ်ပြေးသွားသည်။

"တကယ်တော့ ငါ့သားလေးရဲ့ ဘေးကင်းရေးအတွက် ဆုတောင်းပေးချင်လို့ပါ တာအိုတစ်ထောင်ဂိုဏ်းက အခုတော့ ကျဆင်းနေပေမဲ့ တစ်ချိန်က အရမ်းကြီးကျယ်ခဲ့တာပဲ ဒီနေရာမှာရှိတဲ့ သားရဲသုံးပါးရဲ့ ဝိညာဉ်တွေက ပိုပြီး စွမ်းမလားလို့ပါ"

စကားဝိုင်းသည် ချင်မျိုးနွယ်နှင့် လန်ယာမျိုးနွယ်ကြား တင်းမာမှုများဆီသို့ ရောက်ရှိသွားသည်။

သခင်မက သက်ပြင်းချကာ ဆိုသည်။

"မကြာခင်မှာ လန်ယာမျိုးနွယ်နဲ့ စစ်ဖြစ်တော့မယ့်ပုံပဲ တာအိုတစ်ထောင်ဂိုဏ်းလည်း ကြိုတင်ပြင်ဆင်ထားကြပါ"

ဟယ်ပိုင်ယန်က သခင်မ ကို ကန့်ကွက်သော်လည်း သူမက ဆက်ပြောသည်။

"ဖုံးကွယ်ထားလို့ ဘယ်လောက်ကြာမှာလဲ"

ထို့နောက် သူမက ဖေ့ချင်းဖုန်းကို ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ဖေ့ ရှေးခေတ်တုန်းက တာအိုသုံးထောင်ဂိုဏ်းမှာ နေမင်းသီး တွေ ပေါများခဲ့တယ်လို့ ကြားဖူးတယ် အခုအချိန်မှာ အဲဒီအသီးတွေ ဘယ်မှာ ကျန်ရှိနေသေးလဲဆိုတာ မင်းသိလား အဲဒါကို ရရင် ဘေးဒုက္ခတစ်ခုကို တားဆီးနိုင်လိမ့်မယ်"

ဖေ့ချင်းဖုန်းက စိတ်မကောင်းစွာဖြင့် ခေါင်းယမ်းလိုက်သည်။

"ရှေးခေတ်တုန်းကတော့ ဟုတ်ပါတယ် ဒါပေမဲ့ အခုတော့ အမွေအနှစ်တွေရော ရတနာတွေရော အကုန်လုံး အလုခံလိုက်ရတာ ကြာပါပြီ ကျွန်တော်တို့ဆီမှာ အဲဒီအသီးတွေ မရှိတော့ပါဘူး"

ဖန့်ချန်ကတော့ ဘေးမှ တိတ်ဆိတ်စွာ နားထောင်နေရင်း စိတ်ထဲမှ ကြေးမှန်ကြီးကို လှမ်းမေးလိုက်သည်။

"မှန်ချပ်လေး ဒီအပြာရောင်တာအိုနယ်မြေထဲမှာ နေမင်းသီး ရှိတဲ့နေရာကို မင်းသိလား"

All Chapters