← Chapters

ထရပ်ဖဲလ် မြေအောင်းမှို

Vol. 5 Ch. 65

ထရပ်ဖဲလ် မြေအောင်းမှို

Vol. 5 Ch. 65

ညီအစ်ကိုများသည် အားယွီလေးအား ခေါ်ဆောင်လျှက် ပစ္စည်းတူးရန် တောင်ပေါ်သို့ တက်လာခဲ့ကြသည်။ အဓိကအားဖြင့် တောရိုင်း သစ်သီး အမျိုးမျိုးအား ရှာဖွေရန် အတွက် ဖြစ်လေသည်။

နွေဦးကာလ ဖြစ်သဖြင့် အပင်များမှာ ယခုမှသာ ကြီးထွားကာစ ပြုလာခြင်း ဖြစ်သည်။ အသီးအနှံများ သိပ်မရှိသေးသည့်တိုင် တစ်ခုမဟုတ် တစ်ခုတော့ သူတို့ ရှာတွေ့တတ်စမြဲ ဖြစ်လေသည်။

အားယွီလေးအတွက်မှာမူ ပစ္စည်းများ တွေ့သည် ဖြစ်စေ မတွေ့သည် ဖြစ်စေ တောင်ပေါ်သို့ တက်ရလျှင်ပင် အလွန် ပျော်ရွှင်နေပြီ ဖြစ်သည်။

ထင်းရှူးသားဖြင့် ပြုလုပ်ထားသည့် ပေါက်ပြားငယ်နှင့် တံစဉ်ငယ်တို့၏ ထက်မြက်မှုမှာ သံထည်ပစ္စည်းများအား မယှဉ်နိုင်သော်လည်း အားယွီလေးအတွက်မူ အသုံးပြု၍ ရရုံမျှ ရှိနေသေးသည်။ သွေးမထားသည့်အတွက် အတော်လေး ဘေးကင်းလှသည်။

"ဝူလန် လျိုလန် ချီလန် အားယွီ ဒီမှာ ခဏစောင့်နေကြဦး ငါတို့ တောင် အနောက်ဘက်နားကို တစ်ချက် သွားကြည့်လိုက်ဦးမယ်"

စန်းလန်နှင့် စီလန်တို့သည် ကလေးများအား တစ်ချက် သတိပေး စောင့်ခိုင်းထားပြီးနောက် တောင်အနောက်ဘက်နားသို့ ဦးတည်သွား လိုက်ကြတော့သည်။

တစ်ဖက်တွင်မူ အတော်လေး မတ်စောက်လွန်းလှသဖြင့် ညီငယ်ညီမငယ်များအား ခေါ်သွားလျှင် သူတို့အတွက် အသွားအလာ ကျပ်တည်းပေလိမ့်မည် ဖြစ်သည်။

ဝူလန်မှာ တောကြက်အနည်းငယ် ထပ်တွေ့နိုင်မလားဟု ရေရွတ်နေဆဲပင် ဖြစ်သည်။ လျိုလန်နှင့် ချီလန်တို့မှာမူ သဘာဝကျစွာပင် အလွန် စိတ်လှုပ်ရှား နေကြလေသည်။

"တောကြက် များများ ထပ်တွေ့ရင် အိမ်မှာ အသားဟင်း ထပ်စားရဦးမှာပဲ"

လွန်ခဲ့သည့် တစ်ခေါက်တွင် တောကြက်သုံးကောင် တွေ့ခဲ့သည် ဖြစ်ရာတွင် နှစ်ကောင်သာ စားခဲ့ရလေသည်။ တစ်ကောင် ကျန်နေသေး၏။ လွန်ခဲ့သည့် နှစ်ရက်တွင် ထိုအကောင်အား အစားအစာနှင့် လဲလှယ်ရန် မြို့ထဲသို့ ယူသွားခဲ့လေသည်။ ဝမ်ချွမ်းမန်မှ အထူးတလည် သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။

မြို့ထဲမှ အစားအစာမှာ ခရိုင်မြို့မှ သယ်ဆောင်လာသည့် အစားအစာနှင့် အနည်းငယ် ကွာခြားလေသည်။ သို့သော် ဗိုက်ပြည့်ရန်အတွက်သာ အဓိကကြသည်ဖြစ်သည့်အတွက် သူတို့သည် ဂရုမစိုက်ကြချေ။ ဝမ်ချီလန်မှ ပြောလိုက်လေသည်။

"ပြီးခဲ့တဲ့တစ်ခေါက်က ဒီခြုံပုတ်တွေကြားထဲမှာ တွေ့ခဲ့တာ မဟုတ်လား ဒီတစ်ခါ သေချာ ထပ် ရှာကြည့်ကြရအောင်"

အားယွီလေးသည်လည်း သူမ၏ တံစဉ်ငယ်လေးအား ဝှေ့ယမ်းပြလျှက် ပြောလိုက်လေသည်။

"သမီးလည်း ရှာချင်တယ်"

ဝမ်ဝူလန်မှ ပြီးခဲ့သည့် တစ်ခေါက်တွင် အားယွီလေးနှင့် ဆိတ်ပေါက်လေးတို့သည်လည်း တောကြက် တစ်ကောင်စီ ဖမ်းမိခဲ့ကြသည်ဟု တွေးမိလိုက်သဖြင့် သူ့ညီမလေးအား လုံးဝ လျှော့မတွက်ရဲပါချေ။

"ကောင်းပြီလေ အားယွီလည်း လိုက်ရှာပါ အားယွီက ငါတို့ထက် အရင် ရှာတွေ့ချင် တွေ့မှာပေါ့"

ညီမလေး အားယွီ၏ ကံတရားသည် သူတို့ထက် ပို၍ ကောင်းလှသည်။ အားယွီလေးမှာမူ သဘာဝကျစွာပင် အလွန်ပင် ပျော်ရွှင်နေသော်လည်း ခေတ္တမျှ ရှာဖွေပြီးနောက် အနည်းငယ် မောပန်းလာသလို ခံစားလိုက်ရတော့သည်။

သူမသည် မြက်ခင်းထဲတွင် လေးဖက်ထောက်လျှက် သွားလာနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ အဝတ်အစားများပေါ်တွင် စေးကပ်ကပ် အရာများစွာ ကပ်ငြိနေလေတော့သည်။

"အို သမီးရဲ့ အဝတ်တွေ"

သူမ၏ လွယ်အိတ်လေးတွင်လည်း အမည်းရောင် အရာလေးများ ဖုံးလွှမ်းနေသကဲ့သို့ သူမ၏ အဝတ်အစားများမှာလည်း ထိုအရာများ ကပ်ညိကာ ပေကျံလျှက် ရှိသည်။

"ဟားဟား ဒါတွေက ကတ္တီပါပင်တွေလေ ဆွဲခွာလိုက်ရင် ရပါတယ်"

(**ကတ္တီပါပင် ဆိုသည်မှာ နတ်ဖလန်းပင် (သို့) နေကြာရိုင်းပင် ဟုလည်း ခေါ်ဝေါ်တတ်ကြသေးသည်။ ထို အပင်၏ ထူးခြားချက်များမှာ အပင်၏ အစေ့များတွင် ချိတ်ကဲ့သို့ ဆူးလေးများပါဝင်ကာ တောများ ခြုံများကြား လျှောက်သွားခဲ့လျှင် အလွယ်တကူ ကပ်ပါလာတတ်လေသည်။ သို့သော်လည်း မြန်မာ့ တိုင်းရင်းဆေးပညာရပ်များတွင်မူ နတ်ဖလန်းပင်အား ဆီချိုရောဂါ အစာအိမ်နာရောဂါနှင့် ရောင်ရမ်းမှုများအား ကုသရာတွင် အသုံးပြုလေ့ရှိလေသည်။ သို့သော် အပင်များအား ဆေးဖက်ဝင်များ အဖြစ် အသုံးမပြုခင် ကျွမ်းကျင်သူနှင့် သမားတော်များအား တိုင်ပင်ရန် လိုအပ်ပေသည်။**)

ဝမ်ဝူလန် ကြည့်လိုက်ရာတွင် အားယွီလေး၏ လက်ကလေးများသည် သူမ၏ ကိုယ်ပေါ်ရှိ ကတ္တီပါမြက်သီးများအား အလုပ်ရှုပ်စွာ ဆွဲခွာနေသည်အား တွေ့လိုက်ရလေသည်။

နာမည်နှင့်လိုက်ဖက်စွာပင် ကတ္တီပါမြက်သီးမှာ မည်းနက်ကာ စေးကပ်နေလေသည်။ ဆွဲမခွာလျှင် ပြုတ်ကျမည့်အမျိုးအစား မဟုတ်ပေ။ အားယွီလေးမှ နှုတ်ခမ်းလေးဆူလိုက်ကာ ဝမ်ဝူလန်အား သနားစဖွယ် အမူအရာလေးဖြင့် မော့ကြည့် လိုက်လေတော့သည်။

"ကိုကိုငါး အားယွီရဲ့ အဝတ်တွေ ကြည့်မကောင်းတော့ဘူး"

ဝမ်ဝူလန် တစ်ယောက် ဘာပြောရမှန်း မသိတော့ပါချေ။

"မလှုပ်နဲ့ ကိုကို လာပြီး ဖယ်ပေးမယ်"

အားယွီ၏ မျက်နှာထားလေးမှာ သနားစရာ ကောင်းလွန်းသဖြင့် သူ မရယ်ရက်တော့ပေ။ တောင်ပေါ်တက်ပြီးနောက် အစာရှာထွက် သူများအနေဖြင့် ထိုအရာများ ပေကျံခြင်းမှာ ပုံမှန်သာ ဖြစ်လေသည်။ တစ်ခါတစ်ရံ သူ နောက်လှည့်လိုက်သောအခါ တစ်ကိုယ်လုံး ဖြူကောင် တစ်ကောင်ကဲ့သို့ ဆူးများ ဖုံးလွှမ်းနေတတ်သေးသည်။

အားယွီလေးသည် ကျောက်တုံး တစ်တုံးပေါ်တွင် လိမ္မာစွာ ထိုင်နေခဲ့ကာ ဝမ်ဝူလန်မှ သူမ၏ ကိုယ်ပေါ်ရှိ မြက်သီးများအား ကူညီဖယ်ရှားပေးသည်ကို စောင့်ဆိုင်းနေခဲ့လေသည်။ မည်သို့ပင် ဖြစ်စေကာမူ နောက်တစ်ကြိမ် ခြုံပုတ် အတွင်းသို့ လုံးဝ ဝင်မတိုးတော့ဟု သူမ ကျိန်ဆိုလိုက်တော့သည်။

ဝမ်ဝူလန်မှာ ရွေးချယ်စရာ မရှိတော့သဖြင့် တံစဉ်ငယ်လေးအား ယူ၍ သူမအား တူးဆွရန် ပေးလိုက်လေသည်။ အားယွီလေးသည် အတော်လေး ကျယ်ဝန်းသည့် နေရာတစ်ခုအား ရှာတွေ့လိုက်ကာ မြက်သီးများ ထပ်ကပ်မည်ကို စိုးရိမ်သဖြင့် သတိထားလျှက် ရွေ့လျားလိုက်လေသည်။

သူမ၏ အဝတ်အစားများမှာ အသစ်စက်စက် ဖြစ်နေသည်။ ဒုတိယ အဒေါ်မှ မိသားစုအတွက် အဝတ်အစားများ ချုပ်ပေးပြီးနောက် ထောင့်စွန်းမှ ပိတ်စအနည်းငယ် ချန်ထားခဲ့ကာ သူမအတွက် ဂါဝန်ငယ်လေးတစ်ထည် ချုပ်ပေးထားခြင်း ဖြစ်သည်။

သူမသည် ထို အဝတ်လေးအား လွန်စွာ သဘောကျလေသည်။ ထို့ကြောင့် ညစ်ပတ်သွားမည်အား မလိုလားချေ။ နေရာလွတ် အတွင်းမှ အသားလုံးလေးမှ ရုတ်တရက် ပြောလိုက်လေသည်။

[ဟိုဘက်က ထင်းရှူးပင်အောက်မှာ သွားတူးလိုက်]

အားယွီလေးမှ သူမ၏ စိတ်ထဲမှနေ၍ မေးမြန်းလိုက်ကာ ခြေတံတိုလေးများဖြင့် တောအုပ် အတွင်းသို့ စတင်၍ လျှောက်သွားလိုက်လေသည်။

"ထင်းရှူးပင်ဆိုတာ ဘာလဲဟင်"

[ကြည့်လိုက် အဲ့ဒီအရွက်က အပ်ချောင်းနဲ့ တူတယ် မင်းကိုယ်ပေါ်က အရာတွေနဲ့ နည်းနည်းတူတယ် ဒါပေမဲ့ ပိုကြီးပြီး ပိုရှည်တယ် ဟုတ်တယ် အဲ့ဒီနားမှာပဲ]

အသားလုံးလေး၏ ညွှန်ကြားမှုအောက်တွင် အားယွီလေးသည် နောက်ဆုံး၌ ထင်းရှူးပင် တစ်ပင်အား ရှာတွေ့သွားတော့သည်။

[ဟိုဘက် နည်းနည်းတိုးလိုက် ဖြည်းဖြည်းချင်း တူးနော် အရမ်း အားမစိုက်နဲ့]

သူမ၏ တံစဉ်ငယ်လေးဖြင့် အသားလုံးလေး ပြသည့် နေရာအား တူးဆွလိုက်ရာ မည်းနက်နေသည့် မြေကြီးအချို့ တူးဖော်မိလိုက်လေသည်။

[လုပ်ပါ ဦးတော့မယ် နည်းနည်းပဲ လိုတော့တယ်]

ခေတ္တမျှ တူးဆွပြီးနောက် အားယွီလေးသည် မြေကြီးထဲတွင် လုံးဝန်းသော အရာအချို့ ပေါ်လာသည်အား မြင်တွေ့လိုက်ရသည်။

"ဝါး အမည်းရောင် အသီးတွေပဲ"

အားယွီလေးသည် မြေကြီး အတွင်းတွင် အမည်းရောင် အသီးများအား မြင်လိုက်ရပြီးနောက် လှမ်းယူလိုက်လေသည်။ ထို အမည်းရောင် အသီးတွင် အားယွီလေး ဖော်ပြ၍ မရနိုင်သည့် အနံ့တစ်မျိုး ရှိနေသေးသည်။ မွှေးသလိုလို ခါးသလိုလို အနံ့မျိုး ဖြစ်ပြီး ရွှံ့နွံနံ့လည်း ရနေလေသည်။

ဝမ်ဝူလန်မှာ အကြာကြီး ရှာဖွေသည့်တိုင် မည်သည်ကိုမှ မတွေ့သည့် အတွက် အားယွီလေးအား ရှာဖွေရန် အလျင်အမြန် ရောက်ရှိလာခဲ့သည်။ အားယွီလေးသည် ထင်းရှူးပင် အောက်၌ ဖင်လေးကုန်း၍ ထိုင်လျက်သား ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူမသည် တွင်းငယ်လေး တစ်တွင်း အမှန်တကယ်ပင် တူးထားသေးသည်။

"အားယွီ ဘာလုပ်နေတာလဲ"

ဝမ်ဝူလန် မှ အမြန်သွားကြည့်လိုက်လေရာ အားယွီ ကိုင်ထားသည့်အရာအား မြင်ပြီးနောက် မျက်လုံးပြူးသွားလေတော့သည်။

"အို ဘာလို့ မြည်းချေးတုံးကို ကောက်ကိုင်ထားတာလဲ လွှင့်ပစ်လိုက်လေ"

"ဟင်"

အားယွီလေးမှာ မြည်းချေးတုံးဆိုသည်မှာ မည်သည်ကို ဆိုလိုသည်အား သူမ မသိသည့် အတွက် ဝမ်ဝူလန်အား ကြက်သေသေကာ ကြည့်နေမိလေသည်။ ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့ သည်လည်း အသံကြားသဖြင့် ပြေးလာကြသည်။ အားယွီလေး လက်အတွင်း၌ ကိုင်ထားသည့် အရာနှင့် သူမဘေးရှိ မြေကြီးပေါ်မှ အပုံလိုက် ဖြစ်နေသော အရာများအား သူတို့ မြင်တွေ့လိုက်ကြရလေသည်။ ဝမ်လျိုလန်မှ ဗိုက်အား နှိပ်လျှက် ရယ်မောလိုက်လေသည်။

"ဘယ်သူကများ မကောင်းမှုတွေ လုပ်ထားလို့ မြေကြီးထဲမှာ မြည်းချေးတုံးတွေ လာမြှုပ်ထားရတာလဲ"

ဝမ်ချီလန် သည်လည်း ပါးစပ်နားရွက်ချိတ်မတတ် ပြုံးဖြီးနေလေသည်။

"မြန်မြန် လွှင့်ပစ်လိုက် ညီမလေး အားယွီ အဲ့ဒါကြီးက နံတယ်"

ရွာသူကြီး၏ မြည်းကောင် နှင်းပိ၍ မသေဆုံးခင် အချိန်တွင် ရွာထဲရှိ ကလေးများသည် ထိုမြည်းအား သွားကြည့်လေ့ ရှိကြလေသည်။ သေချာသည်မှာ သူတို့သည် မြည်းချေးအား မြင်ဖူးကြသည်။ ၎င်းတို့မှာ လုံးဝန်းပြီး မည်းနက်သော မစင်လုံးများနှင့် တူညီလေသည်။ ယခု အားယွီလေး ကိုင်ထားသည့်အရာနှင့် ထပ်တူပင် ဖြစ်ပေသည်။

"မနံပါဘူး"

‘နည်းနည်းတောင် မွှေးနေသေးတယ်’

အားယွီလေးမှာ ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ သူမ၏ အစ်ကိုများမှ တစ်ယောက်ပြီး တစ်ယောက် ရှင်းပြကြချိန်တွင် သူမ လက်ထဲမှ ပစ္စည်းများအား အလျင်အမြန် လွှင့်ပစ်လိုက်လေသည်။သူမ အနည်းငယ် ဝမ်းနည်းသွားမိသည်။

"နတ်သူငယ်လေး ကိုကိုတွေ အားလုံးက ပြောကြတယ် ဒါက မြည်းချေးတဲ့ ဟင့် အားယွီ နံစော်သွားပြီ"

...

မူလတွင် သူမသည် အနံ့ဆိုးသည်ဟု မထင်ခဲ့ပေ။ သို့သော် သူမ၏ အစ်ကိုများမှ ပြောလိုက်သောအခါ အနံ့သည် နံစော်သည်ဟု သူမ ခံစားလိုက်ရတော့သည်။

သူမ ငိုချင်လာမိတော့သည်။ နေရာလွတ်ထဲသို့ ပြေးဝင်သွားပြီးနောက် နတ်သူငယ်၏ အမွှေးများကို ဆွဲဆိတ်ပစ်ချင်လာခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူမသည် မြည်းချေးများအား ကိုင်မိသွားပြီးဖြစ်ကာ သူမ၏ လက်ကလေးများ ညစ်ပတ်သွားခဲ့ပြီ မဟုတ်ပါလော။

‘ဟင့်’

[...]

အသားလုံးလေးမှာ ဒေါသထွက်လွန်းသဖြင့် အော်ရယ်ချင်စိတ်ပင် ပေါက်သွားခဲ့လေသည်။ အကယ်၍ သူ့တွင် မျက်နှာသွင်ပြင်သာ ရှိပါမူ ယခုအချိန်တွင် အလွန် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။

[ဖွီ ဘာ မြည်းချေးလဲ အဲ့ဒါ ထရပ်ဖဲလ်ကွ မင်းတို့က အမည်းရောင် ထရပ်ဖဲလ်မှိုအကြောင်း သိလို့လား]

[မင်းတို့ ကမ္ဘာမှာ ဒီအရာက အရမ်း တန်ဖိုးကြီးတယ်]

အသားလုံးလေးသည် ဤနေရာတွင် အတော်လေး တန်ဖိုးရှိသည့် ပစ္စည်းတစ်ခု ရှိကြောင်း နောက်ဆုံးတွင် အသိအမှတ် ပြုနိုင်ခဲ့သော်လည်း ရလဒ်အနေဖြင့် ကလေးတစ်သိုက်မှ ၎င်းအား မြည်းချေးတုံးဟု ခေါ်ဆိုနေပြီး သူ၏ ကလေးလေးကိုပင် ခြောက်လှန့်နေကြသေးလေသည်။ ထိုသို့ ဖြစ်လာချိန်တွင် သူသည် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။ အားယွီလေး၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ကာ သတိထားလျှက် မေးလိုက်လေသည်။

"ဒါ မြည်းချေး မဟုတ်ဘူးလားဟင်"

အမှန်တကယ်တွင် အားယွီလေးသည် မြည်းချေးမှာ မည်သို့ ပုံစံဆိုသည်အား မသိပေ။ သူမသည် မြည်းတစ်ကောင်ကိုပင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ချေ။

...

ရွာသူကြီး၏ မြည်းသည် အိမ်သို့ မရောက်သေးချေ။ သို့သော် သူမစိတ် အတွင်း၌ နတ်သူငယ်လေးများမှ လိမ်ညာလေ့မရှိဘဲ အထူးတလည် ဉာဏ်ကောင်းကြသည်ဟု မှတ်ယူထားခြင်း ဖြစ်သည်။

[ဒါပေါ့ မဟုတ်ဘူးပေါ့ မြန်မြန် ကောက်ထားလိုက် ဒါက အရမ်း ဈေးကြီးတယ် ပိုက်ဆံရအောင် လုပ်လို့ရတယ်ကွ]

[ပြန်ရောက်ရင် မင်းအဖွားဆီ ယူသွားပြီး ပြလိုက် ပိုက်ဆံရအောင် ရောင်းခိုင်းလိုက်]

ကောင်းကင်ဘုံမှ သူတို့အား အလွန် မျက်နှာသာပေးလှပေသည်။ ထိုဝမ်မိသားစုမှ အမှန်တကယ်ကိုပင် ဆင်းရဲလွန်းလှပေသည်။ သို့မဟုတ်လျှင် အားယွီအား ပိုက်ဆံရှာခိုင်းမည့် နည်းလမ်းများအား သူ စဉ်းစားမိလိမ့်မည် မဟုတ်ချေ။

ပိုက်ဆံရှိမှသာ မြေရမည်ဖြစ်သည်။ မြေရှိမှသာ အစားအစာများ အတွက် စိုက်ပျိုးနိုင်မည် ဖြစ်သည်။ အစားအစာ ရှိမှသာ အစားအစာများ စိုက်ပျိုးခြင်း တာဝန်အား ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကာ နေရာလွတ်ကိုလည်း အဆင့်မြှင့်တင်နိုင်မည် ဖြစ်လေသည်။ ပြဿနာများအား အရင်းအမြစ်မှနေ၍ မည်သို့ ဖြေရှင်းရမည် ဆိုသည်အား သိသည့် အမှန်ပင် ဉာဏ်ကောင်းလှသည့် အမှုထမ်းတစ်ယောက်ပင် ဖြစ်လေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ ဖွားဖွားအတွက် ဖွားဖွားအတွက်"

အားယွီလေး ဂရုမစိုက်တော့ချေ။ သူမ၏ လွယ်အိတ်အား ဖွင့်လိုက်ပြီးနောက် ဘေးနားရှိ ပန်းခြင်းလေးကို ကောက်ယူလျှက် အမည်းရောင် ထရပ်ဖဲလ်များအား တစ်လုံးချင်းစီ လိုက်လံ ကောက်လေတော့သည်။ ဝမ်ဝူလန်မှ သူမအား အလျင်အမြန် တားဆီးလိုက်လေသည်။

"ဟေး ဟေး ဟေး ကိုကို ပြောတာ နားထောင်စမ်း ဒါက အနံ့နံတဲ့ မြည်းချေးတုံးပါဆို မကောက်နဲ့တော့လေ"

"မဟုတ်ဘူး ဒါက ပစ္စည်းကောင်း"

အားယွီလေးမှ လေးနက်စွာ ပြောဆိုလိုက်သည်။

"ကောက်ပြီးရင် အဖွားကို ပြလိုက်မယ်"

အားယွီလေးမှ တစ်စုံတစ်ခု လုပ်မည်ဟု ဆုံးဖြတ်ပြီးပါမူ သေချာပေါက် အကောင်းဆုံး ဖြစ်စေရန် လုပ်ဆောင်လေ့ရှိပေသည်။ မည်သူမျှ သူမ၏ စိတ်အား ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်ဝူလန်၏ စိတ် အတွင်း၌ အတွေးတစ်ခုသာ ရှိတော့သည်။

‘ပြီးသွားပြီ ညီမလေး အားယွီ မြည်းချေးတွေနဲ့ ကစားတယ် ဆိုတာ အဖွားသိသွားရင်တော့ ငါတို့ သေချာပေါက် အရိုက်ခံရတော့မှာပဲ’

"ကောင်းပြီလေ ငါတို့ အတူတူ ကောက်ကြတာပေါ့"

ဝမ်ဝူလန်သည် ကံတရားအား လက်ခံလိုက်ကာ ဝမ်လျိုလန်နှင့် ဝမ်ချီလန်တို့ကိုပါ ဆွဲခေါ်လိုက်လေတော့သည်။

"မင်းတို့ကောင်တွေလည်း ကောက်ကြ"

‘သေချာတာပေါက်ပင် လူတိုင်း အတူတူ အဆူခံရပြီး အတူတူ ညစ်ပတ်ကြရမည်’

ဝမ်လျိုလန်နှင့် ဝမ်ချီလန် တို့ ဆွံ့အသွားကြတော့သည်။ ခဏအကြာတွင် ဝမ်စန်းလန်နှင့် ဝမ်စစ်လန်တို့ ရောက်လာကြတော့သည်။

"ကိုကိုသုံး ကိုကိုလေး ဒီကို လာခဲ့ကြ"

ဝမ်ဝူလန်မှ ခုန်ပေါက်သွားပြီးနောက် သူတို့ကိုပါ တွင်းထဲသို့ ဆွဲခေါ်လိုက်လေတော့သည်။ အားယွီလေးမှ ဘေးနားတွင် နောက်ထပ် တွင်းနှစ်တွင်း ထပ်တူးရန် ဝမ်ဝူလန်အား ပြောလိုက်ပြီး ဖြစ်လေသည်။

ဝမ်စန်းလန်နှင့် ဝမ်စစ်လန် တိုသည်လည်း ဆွံအကုန်ကြတော့သည်။ လူတိုင်းသည် "မြည်းချေး" ကောက်သည့် အဖွဲ့ အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ခဲ့ကြရတော့သည်။ အားယွီလေးမှလွဲ၍ ကျန်လူများအားလုံး၏ မျက်နှာများမှာ မဲ့ရွဲ့နေကြကုန်လေသည်။

All Chapters