← Chapters

ရက်စက်တဲ့ လူသတ်သမား

Vol. 5 Ch. 75

ရက်စက်တဲ့ လူသတ်သမား

Vol. 5 Ch. 75

သွေးနံပါတ်တစ်ဆယ့်သုံးသည် သူ့၏ ပထမဆုံးတာဝန်မှာ ပစ်မှတ်လက်ချက်နှင့် မဟုတ်ဘဲ တောဝက်နှစ်ကောင်၏ ကိုက်ခဲမှုကြောင့် ကျရှုံးရမည်ဟု လတစ်ခါမှ တွေးမထားမိခဲ့ချေ။

အဖြစ်အပျက်များ၏ အစသည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဖြစ်လေသည်။

ထိုအချိန်တွင် သူ သည် အထူးတာဝန်တစ်ခုအား လက်ခံရရှိခဲ့လေသည်။ တဖက်လူမှ သူ့အား လေးနှစ်အရွယ် ကလေးမလေး တစ်ယောက်ကို သတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ သူမနာမည်အား သူ မသိသလိုသကဲ့သို့ မည်သည့် ပုံစံ ဆိုသည်အားလည်း မသိချေ။

သူမသည် ကီလိုမီတာ ၃၀၀ အကွာမှ တောနက်ထဲ၌ စွန့်ပစ်ခံထားရသည် ဟုသာ သိထားခဲ့ကာ ထို သဲလွန်စအတိုင်း လိုက်ဖို့ ရန် အတွက် အမိန့်ရထားခြင်း ဖြစ်လေသည်။

တာဝန်စတင်ရာနေရာမှ နေ၍ ကီလိုမီတာ ၃၀၀ အကွာအဝေးဆိုလျှင် သူသည် မဟာချန်နိုင်ငံ၏ နယ်မြေအား ဖြတ်ကျော်ပြီး ဖြစ်ကာ မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် တောင်တန်းအား ဖြတ်ကျော်သွားခဲ့လျှင် မြေပြင်သည် ကြွယ်ဝလှသည့် မြောက်ပိုင်း နိုင်ငံ(မြောက်ပိုင်း ကြွယ်ဝနိုင်ငံ) ၏ ပိုင်နက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

မြောက်ပိုင်းကြွယ်ဝနိုင်ငံမှ အမဲလိုက်ရန် အဓိကထားကာ လွန်ခဲ့သည် နှစ်များစွာကတည်းမှ မဟာချန်နိုင်ငံတော်ကြီးအား အညံ့ခံထားခဲ့ခြင်း ဖြစ်သည်။ အလယ်မှ တောင်တန်းကြီးတွင်မူ အေးချမ်းသည် ဟု ယူဆ၍ ရနိုင်သေး၏။

"အဲဒီကလေးမလေးက နည်းနည်းတော့ လျှို့ဝှက်ဆန်းကြယ်တယ် အရင်တုန်းက ကျွမ်းကျင်သူ တော်တော်များများ သွားလုပ်ကြံကြပေမယ့် အားလုံးက လက်ဗလာနဲ့ ပြန်လာခဲ့ကြရတယ် ကြားတယ် မင်း သတိထားဦးနော်"

မထွက်ခွာခင်မှာပင် ဂိုဏ်းခွဲခေါင်းဆောင်မှ သွေးနံပါတ်တစ်ဆယ့်သုံးအား သတိပေးလိုက်ခြင်း ဖြစ်သည်။

"ဆုကြေး ငွေတုံး ၁၀၀၀ က များပြားပေမယ့် မင်းအသက်က ပိုအရေးကြီးတယ် အရေးကြီးတဲ့ အချိန်ရောက်ရင် ကိုယ့်အသက် ကိုယ် လွတ်အောင်ပြေးဖို့ မှတ်ထားအုန်း"

ထိုစကားများအား ကြားချိန်တွင် သွေးနံပါတ်တစ်ဆယ့်သုံးအား တစ်စုံတစ်ခု မှားနေပြီဟု ခံစားမိစေခဲ့လေသည်။

‘သူမက မိစ္ဆာမလေးများလား’

‘သူမက လေးနှစ်ပဲ ရှိသေးသလို သူမကို ကာကွယ်ပေးမယ့်သူလည်း မရှိဘူးလို့ ကြားထားတယ် ’

‘ဒီလောက် လူတွေအများကြီး အသုံးပြုဖို့ လိုလို့လား’

သူတို့ အဖွဲ့အစည်း ဖြစ်သည့် သွေးမိုးမျှော်စင်မှာမူ သိုင်းလောက၌ အနည်းဆုံး အဆင့် ၁၃၈ နေရာတွင် ရှိနေသေးလေသည်။ သွေးနံပါတ်တစ်ဆယ့်သုံးမှ မြေပုံအား သေချာလေ့လာကြည့်လိုက်ချိန်တွင် မြောက်ဘက် တောက်လျှောက်တွင် ယုံတင်းခရိုင် ရှိနေသည်အား တွေ့လိုက်ရလေသည်။

ထိုခရိုင်မြို့ထဲမှ ရွာလေး တစ်ရွာအား ဖြတ်သွားနိုင်ခဲ့လျှင် သူ ပိုမြန်မြန် သွားနိုင်ပေလိမ့်မည်။ သူ၏ ပြိုင်ဘက်ကင်း သိုင်းပညာအကြောင်း တွေးမိပြီးနောက် မည်သည့် ပြသာနာမှ မရှိနိုင် ဟု ခံစားမိသည့် အတွက် ပျော်ပျော်ရွှင်ရွှင်နှင့်ပင် ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် တောင်တန်းထဲ ဝင်ရောက်သည့် ပထမဆုံးရက်မှာပင် တောင်ပေါ်မှ သစ်ပင်များသည် သူထင်ထားသည်ထက် ပို၍ မြင့်နေသည်အား တွေ့လိုက်ရတော့သည်။

အပြင်ဘက်မှာ နေသာနေသော်လည်း အတွင်းဘက်တွင်တော့ မှောင်မဲနေခဲ့ကာ မည်သည့်ဘက်မှ မည်သည့်အရပ် ရောက်မည်ကို ပင်လျှင် သူ မခွဲခြားနိုင်တော့ချေ။ ထို့နောက် သူ လမ်းပျောက်သွားလေတော့သည်။

နေ့တစ်ဝက်ခန့် လျှောက်သွားပြီးသည့် နောက်တွင် ဝံပုလွေ သုံးကောင်အား နှိမ်နင်းနိုင်ခဲ့ကာ ဝက်ဝံ တစ်ကောင်ကိုပင် သတ်ခဲ့သေးလေသည်။ ထို့နောက် ကျားတစ်ကောင်အား ခြောက်လှန့်ကာ မောင်းထုတ်ခဲ့လေသည်။ နောက်ဆုံးတွင်မူ တောဝက်နှစ်ကောင်၏ လက်ချက်ဖြင့် ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။

"ငါတော့ သွားပြီ"

တောဝက်များကြောင့် ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားတဲ့အချိန်တွင် သွေးနံပါတ်တစ်ဆယ့်သုံးသည် သူ၏ စိတ်ထဲမှနေ၍ ညည်းတွားလိုက်မိလေသည်။

"ငါ့ဘဝတော့ ပြီးဆုံးသွားပြီ"

သို့သော် သူ နိုးလာချိန်တွင် မျက်လုံးဝိုင်းဝိုင်းကြီး တစ်စုံအား စိုက်ကြည့်မိလျက်သား ဖြစ်နေခဲ့လေသည်။

မဟုတ်ချေ... ထိုသည်မှာ မျက်လုံးဝိုင်းဝိုင်း သေးသေးလေးတစ်စုံပင် ဖြစ်သည်။

မျက်လုံးသေးသေးလေးများ၏ ပိုင်ရှင်မှာမူ နှင်းဆီရောင် ပန်းပွင့်ဖော်ထားသော ဂါဝန်ရှည်အား ဝတ်ထားလေသည်။ သူမ၏ ခေါင်းပေါ်၌ အရောင်တူ ပန်းပွင့်များ ပန်ဆင်ထားကာ ဆံပင်လေးအား ဆံထုံးလေး နှစ်ထုံး ခွဲထုံးထားလေသည်။ သူမ၏ မျက်နှာလေးမှာမူ ရဲနေခဲ့ကာ အနည်းငယ် ပိန်နေသည့်တိုင် ဖျော့တော့နေပုံ မရချေ။

သူမသည် တောသူမလေး တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်မှာ ထင်ရှားသော်လည်း ငယ်ရွယ်သေးသည့် အတွက်ကြောင့် ရိုးရှင်းကာ သက်ဝင်လှုပ်ရှားနေပုံ ပေါက်နေလေသည်။

‘ကလေးမလေး တစ်ယောက်ပဲ’

"ဖက်ထုပ်ဦးလေး နိုးလာပြီပဲ"

အားယွီလေးမှ မျက်တောင်ခတ်လိုက်ကာ သူမ၏ ခြေတိုလေးများဖြင့် တံခါးအပြင်ဘက်အား ခုန်ပေါက် ထွက်သွားခဲ့လေသည်။ သူမသည် ဆေးဖက်ဝင်အပင်များအား လှမ်းနေသည် ဟူရှောင်တုံးအား လှမ်း၍ အော်ခေါ်လိုက်လေသည်။

"ကိုကိုရှောင်ထုံ ကိုကိုရှောင်ထုံ ဖက်ထုပ်ဦးလေး နိုးလာပြီ"

သွေးနံပါတ်တစ်ဆယ့်သုံးမှာမူ ခေါင်းပေါ်တွင် မေးခွန်းပုံစံ သကေ်တများပင် ပေါ်လာခဲ့လေတော့သည်။

‘ဖက်ထုပ်ဦးလေး ဆိုတာ ငါ့ကိုပြောတာတော့ မဟုတ်လောက်ပါဘူးနော်’

သူသည် လှုပ်ရှားရန် ပြင်လိုက်သော်လည်း သူ၏ ကိုယ်အား ဘောလုံး တစ်လုံးကဲ့သို့ စည်းနှောင်ထားသည်အား မြင် တွေ့လိုက်ရလေတော့သည်။

မီးခိုးစိမ်းရောင် ခေါင်းပေါင်း ပေါင်းထားသည့် လူငယ်တစ်ယောက်မှ အပြေးဝင်လာခဲ့ကာ သူ၏ လက်အား ဖိထားလိုက်လေသည်။

"မလှုပ်နဲ့ ခင်ဗျား တစ်ကိုယ်လုံးက အရိုးတွေ ကျိုးနေတာ ပြန်ကောင်းမကောင်းက နောက်ရက်အနည်းငယ်အပေါ် မူတည်နေတယ်"

ဟူရှောင်ထုံမှ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်တို့ မိသားစုမှာ ကျန်တဲ့ တစ်ခုတည်းသော အဝတ်စုတ်တွေနဲ့ ခင်ဗျားကို ပတ်ထားပေးထားရတာ ခင်ဗျား ထပ်ပြီး ညစ်ပတ်အောင် လုပ်ရင် ကျွန်တော် ခင်ဗျားကို လဲပေးနိုင်တော့မှာ မဟုတ်ဘူး"

သွေးနံပါတ်တစ်ဆယ့်သုံး မှ ပါးစပ်ဟ လိုက်လေသည်။

"ငါ"

သူသည် အလွန်အမင်း ရေငတ်နေခဲ့ကာ လည်ချောင်းမှာလည်း အထူးတလည် အသံဝင်နေသည်အား သတိထားမိလိုက်လေသည်။ သူနှင့် လုံးဝမတူသလို ဖြစ်နေခဲ့သည်။

ရွာထဲမှ လူတစ်ယောက် တောဝက်နှင့်တိုးကာ ဒဏ်ရာရလာသည် ဟု အားယွီလေး ယမန့်နေ့မှ ကြားမိခြင်း ဖြစ်သည်။ ရွာသား အားလုံးသည်လည်း သွားကြည့်ကြသေးလေသည်။

သို့သော် ထိုအချိန်တွင် သူမ၏ မိသားစုမှ သူမအား ပေးမသွားခဲ့ချေ။ သွေးထွက်သံယိုဖြစ်မှုများ များလွန်းးသည်ဟု ခံစားရပြီးနောက် ညဘက်ရောက်လျှင် အိမ်မက်ဆိုးများ မက်မည်ကို စိုးရိမ်သည့် အတွက် ဖြစ်လေသည်။

နောက်တစ်နေ့ရောက်ချိန်တွင် ဝမ်ဝူလန်နှင့် တခြားသူများသည် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ အားယွီလေးအား တိတ်တဆိတ် ဆွဲခေါ်ပြီး သွားကြည့်ကြခြင်း ဖြစ်သည်။ သူမသည် ထိုသူ အစည်းအနှောင်တွေ ခံထားရသည်ကိုသာ တွေ့လိုက်ရခြင်း ဖြစ်သည်။

"ဒါ အဘွားလုပ်တဲ့ ဖက်ထုပ်တွေနဲ့ အတူတူပဲ မဟုတ်ဘူးလား"

ဝမ်ဝူလန် မှ လွှတ်ခနဲ ပြောလိုက်သည့် ထို စကားအား အားယွီလေးမှ မှတ်မိနေသည့် အတွက် သူ့အား ဖက်ထုပ်ဦးလေး ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။

"ဖက်ထုပ်ဦးလေး နာနေလားဟင် အရမ်းနာမှာပဲ သမီး ကြမ်းပြင်ပေါ် လဲကျတုန်းကဆို ဖင်တောင် နာတယ်"

အားယွီလေးမှ လည်ပင်းအား ဆန့်လိုက်ကာ သွေးနံပါတ်တစ်ဆယ့်သုံးအား နာကျင်လှသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

[ကလေး သူ့ကို ရေမတိုက်နဲ့နော်]

အသားလုံးလေး သည် သူမလေးအား အမှန်တကယ် ကြောက်နေခဲ့လေပြီ။

ထိုကလေးမလေးသည် ပစ္စည်းဥစ္စာများအား မသိမ်းထားတတ်ဘဲ ဝေဿန္တရာမင်း ဝင်စားသကဲ့သို့ မွေးဖွားလာခြင်း ဖြစ်ပေလိမ့်မည်။ သူမ၌ ရှိရှိသမျှ အားလုံး တခြားသူများအား ပေးချင်နေခဲ့ခြင်း ဖြစ်လေသည်။

ဤနေရာအား ရောက်လာစဉ်ဝယ် ၁၅ နှစ် ၁၆ နှစ်လောက်သာ ဖြစ်နေခဲ့လျှ၍် သူမ ဤမျှလောက် သဘောကောင်းနေလိမ့်မည် မဟုတ်ချေ။

‘သူမက ကလေးပဲ ရှိပါသေးတယ်လေ’

"ဒါပေမဲ့ ဖက်ထုပ်ဦးလေးက အရမ်းနာနေတာလေ"

အားယွီလေးမှ လက်ချောင်းလေးများကို ထိုးလိုက်လေသည်။

[မင်းရဲ့ အဲဒီကိုကို ကို ပေးလိုက်တာမှ ပိုကောင်းဦးမယ်]

အသားလုံးလေးမှ စိတ်ဆိုးမာန်ဆိုး ပြောလိုက်လေသည်။

[အနည်းဆုံးတော့ သူက မနေ့က မင်းအတွက် ပန်းကုံး လုပ်ပေးခဲ့သေးတယ်လေ]

ချင်ဟွိုင်သည် မူလတွင် လုပ်မပေးချင်ခဲ့ချေ။ အရင်အချိန်များတွင်လည်း တစ်ကြိမ် တစ်ခါမှ မလုပ်ဖူးချေ။

သို့သော် အားယွီလေးမှ လာကြည့်ချင်သည် ဟု ဆိုသည်နှင့် သူမအား ချော့ဖို့အတွက် ချင်ဟွိုင်မှ ကြမ်းပြင်ပေါ်မှ ပန်းကုံးအား ကောက်ယူပြီးနောက် တိတ်တဆိတ် ပြင်ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ၏ လက်ရာသည် အမှန်တကယ် ညံ့လွန်းသည့် အတွက် အားယွီလေးမှ ပြန်ယူကာ ခဏလောက် ဆော့ကစားလိုက်သည် နှင့် တစ်ပြိုင်နက် ပြိုကွဲသွားလေတော့သည်။

ထိုအချိန်တွင် ဟူရှောင်ထုံမှ ကျိုထားသည်မှာ ကြာပြီဖြစ်သည့် ဆေးတစ်ပန်းကန်အား ယူဆောင်လာခဲ့လေသည်။ အားယွီလေးသည် အနံ့ရချိန်တွင် နှာခေါင်းအား ချက်ချင်း ပိတ်လိုက်လေတော့သည်။

"ကိုကိုထုံ ဒါဘာကြီးလဲ နံလိုက်တာ"

အားယွီလေးမှ မျက်မှောင်ကြုတ်လိုက်မိလေသည်။ သူမ၏ နှာခေါင်းသည် အနံခံအာရုံ အလွန်ကောင်းလွန်းလှသည်။ ဆေးဖက်ဝင် အပင်များ၏ အနံ့သည် သူမအတွက် အရမ်း ပြင်းလွန်း လှလေသည်။

"ဒါ ဆေးလေ သူ ဒဏ်ရာရထားတော့ ဆေးသောက်ရမယ် မဟုတ်ရင် သူ ပြန်ကောင်းမှာ မဟုတ်ဘူး"

ဟူရှောင်ထုံမှ ဆေးအား ယူဆောင် လာခြင်း ဖြစ်သည်။ သွေးနံပါတ်တစ်ဆယ့်သုံးမှ သူ့အား ကြည့်နေသည်အား မြင်သော် ဟူရှောင်ထုံမှ ပြောလိုက်လေသည်။

"ကျွန်တော်တို့ ခင်ဗျားဆီက ဘာမှ မယူထားပါဘူး ခင်ဗျား ပြန်ကောင်းလာမှ ဆေးဖိုး ပေးလို့ရပါတယ် ပြီးတော့ ကျွန်တော့်အဖေက ပြောတယ် ခင်ဗျားဒဏ်ရာတွေက ပြင်းထန်တယ်တဲ့ ခင်ဗျား နည်းနည်း သက်သာလာရင် ခရိုင်မြို့ကို သွားပြသင့်တယ် ကျွန်တော်တို့မိသားစုက ခင်ဗျားကို ကုပေးနိုင်ချင်မှ ကုပေးနိုင်မှာ"

သွေးနံပါတ်တစ်ဆယ့်သုံးသည် ထူးဆန်းသလို ခံစားလိုက်ရလေသည်။ ထိုလူနှစ်ယောက်အား မြင်ရသည်မှာ အတော် ထူးဆန်းလှသည်ဟု ခံစားလိုက်ရလေသည်။

ကလေးမလေး တစ်ယောက်မှ သူ့အား ပွစိပွစိ ပြောနေခဲ့ကာ လူငယ်တစ်ယောက်မှ သူ့အား ဆေးကူတိုက်ပေးရန် ရောက်လာခြင်း ဖြစ်သည်။ သူတို့ သည် တစ်ခါမှ မတွေ့ဖူးကြချေ။

...

‘ရောဂါကုရတာ ပိုက်ဆံအများကြီး ကုန်တယ် မဟုတ်လား’

‘သူ့အိတ်ကပ်ထဲမှာ ငွေတုံး ၁၀၀ ပဲ ပါတာ လောက်ပါ့မလား မသိဘူး’

‘ဟူး သူ မြန်မြန် ပြန်ကောင်းမှ ဖြစ်မယ်’

‘သူ နည်းနည်း ပြန်ကောင်းလာရင် အဲဒီကလေးမလေးကို သတ်ရမယ်’

‘ဒါဆိုရင် ငွေတုံး တစ်ထောင် ရမှာ’

သွေးနံပါတ်တစ်ဆယ့်သုံးသည် ပါးစပ်အား မနည်းဟလိုက်ကာ ဟူရှောင်ထုံလက်ထဲမှ ခါးသက်လှသည့် ဆေးတစ်ပန်းကန်အား သောက်လိုက်လေတော့သည်။

အမှန်ပင် ခါးသက်ကာ ရွံစရာကောင်းလှသည့် ဆေးပါပင်။

သူ နေရခက်နေတုန်းမှာပင် သူ၏ ပါးစပ် အတွင်းသို့ တစ်စုံတစ်ခု ရုတ်တရက် ထိုးထည့်ခြင်း ခံလိုက်ရလေသည်။ သွေးနံပါတ်တစ်ဆယ့်သုံး လန့်သွားပြီးနောက် ကြောက်လန့်တကြား အန်ထုတ်ချင် သွားမိလေသည်။ ။ နောက်ဆုံးကျမှ သူ့လျှာဖျားပေါ်၌ ချိုချဉ်အရသာ အရည်လေး စီးကျလာသည်အား သတိထားမိလိုက်လေသည်။

အားယွီလေး၏ မျက်လုံးများသည် လှပသည့် လခြမ်းကွေးလေးများကဲ့သို့ ဖြစ်နေခဲ့ကာ ပြုံးလိုက်ချိန်တွင် သူမ၏ သွားဖြူဖြူလေးများ ပေါ်လာခဲ့လေသည်။ သူမသည် နူးညံ့လှသည့် အသံလေးဖြင့် ပြောလိုက်လေသည်။

"ဖက်ထုပ်ဦးလေး ဒီအသီးက စားလို့ကောင်းတယ်နော် စားပြီးရင် မပျော်မရွှင် မဖြစ်နဲ့တော့နော်”

ထိုသို့ ပြောပြီးသည်နှင့် သူမသည် နောက်ထပ် လက်ညှိုးတစ်ချောင်း ဆန့်ထုတ်ကာ သွေးနံပါတ်တစ်ဆယ့်သုံး၏ မျက်မှောင်ကြုတ်ထားသည်အား ထိလိုက်လေတော့သည်။

"မျက်မှောင်မကြုတ်နဲ့လို့ မေမေက ပြောဖူးတယ် မျက်မှောင် ခဏခဏကြုတ်ရင် အဘိုးကြီး ဖြစ်သွားလိမ့်မယ်တဲ့"

...

သွေးနံပါတ်တစ်ဆယ့်သုံးသည် ကြောင်အသွားပြီးနောက် မည်သည်ကိုမှ ပြန်မတုံ့ပြန်နိုင်တော့ချေ။

အားယွီလေးမှာမူ လုပ်ချင်တာလုပ် ပြောချင်တာပြောပြီးနောက် ခုန်ပေါက်လျှက် ထွက်ခွာသွားလေတော့သည်။

သူမရဲ့ အိတ်ထဲ၌ အသီးနှစ်လုံးသာ ကျန်တော့ခြင်း ဖြစ်သည်။ ဖက်ထုပ်ဦးလေးအား သူမ မခွဲပေးနိုင်တော့ချေ။ ထို့ကြောင့် မြန်မြန် ပြေးထွက်လာရခြင်း ဖြစ်လေသည်။ ထိုသို့ မဟုတ်လျှင် သူမ မနေနိုင်ဘဲ ထပ်ခွဲပေးမိနေပါဦးမည် ဖြစ်သည်။

ထို အသီးများအား ဦးဦးချီကျားးကမှ သစ်ပင်ပေါ်မှ သူမအတွက် ခူးပေးထားခြင်း ဖြစ်သည်။ တခြား မည်သူမှ မခူးနိုင်ချေ။ အားယွီလေး သည် သမားတော်ဟူ၏ ခြံဝင်းထဲမှ နေ၍ ပြေးထွက်လာလိုက်ချိန်တွင် အဝေးမှ သစ်မာပင်အောက်၌ လက်နောက်ပစ်လျှက် ရပ်နေသည့် ချင်ဟွိုင်အား တွေ့လိုက်ရလေတော့သည်။

သစ်မာပင်တွင် အညှောင့်တွေ ထွက်နေခဲ့ပြီ ဖြစ်သည်။

လိပ်ပြာ အနည်းငယ်ခန့်သည် မည်သည့် နေရာကမှန်းမသိ ရောက်ရှိလာပြီး ချင်ဟွိုင်၏ ဘေးပတ်လည်မှ ပျံဝဲနေပုံမှာ သူ့အား ကလေး ပိုဆန်သွားစေခဲ့လေသည်။

"ကိုကို အားယွီလေးနဲ့ လာဆော့တာလား"

ချင်ဟွိုင်မှ သူမအား ကြည့်လျှက် အတွေးနက်နေပုံ ရလေသည်။ ထိုအချိန်မှာပင် နောက်ထပ် လိပ်ပြာငယ်လေး တစ်ကောင် ပျံသန်းလာခဲ့လေသည်။

All Chapters