← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁) စခန်းကို တိုက်ခိုက်ခြင်း

"ခေါင်းဆောင်၊ အနီးနားမှာ လူတစ်စုကို ကျွန်တော် တွေ့ခဲ့တယ်။ သူတို့က ကျွန်တော်တို့ နယ်မြေထဲမှာ စခန်းချနေကြတာ။ သူတို့ရဲ့ အဝတ်အစားနဲ့ မြင်းရထားကို ကြည့်ရတာ အန္တရာယ်ကို နားမလည်ဘဲ ကမ္ဘာပတ်ကြည့်ဖို့ ထွက်လာတဲ့ သူဌေးသား အရူးလေးတွေနဲ့ တူတယ်ဗျ" ထိုလူက မုတ်ဆိတ်မွှေးနှင့် လူကို ပြုံးစိစိဖြင့် ပြောလိုက်သည်။

"ကလေးတစ်သိုက် ဟုတ်လား၊ ငါလို... မြေကမ္ဘာအဆင့် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်က ကလေးအုပ်စုကို လုယက်မယ်လို့ တကယ်ပဲ ထင်နေတာလား။ ငါ့ရဲ့ အာရုံစိုက်မှုကို ရလောက်တဲ့ အရာမျိုး သူတို့မှာ ရှိလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။ မင်း တကယ် လုချင်တယ်ဆိုရင်လည်း လူနှစ်ယောက်ခေါ်သွားပြီး သူတို့မှာရှိတဲ့ အစုတ်အပြတ်လေးတွေကို သွားယူလိုက်ပေါ့" မုတ်ဆိတ်မွှေးနှင့် ခေါင်းဆောင်က နှာခေါင်းရှုံ့ရင်း အသားကို ဆက်စားနေသည်။

"ဒါပေမဲ့ ခေါင်းဆောင်... အဓိက ဆွဲဆောင်မှုရှိတာကို ကျွန်တော် မပြောရသေးဘူးလေ။ အဲဒီအုပ်စုထဲမှာ မိန်းကလေး နှစ်ယောက် ပါတယ်ဗျ။ တစ်ယောက်က အသက် ၂၀ မပြည့်တပြည့်ပဲ ရှိဦးမယ်၊ နောက်တစ်ယောက်ကတော့ ပိုတောင် ငယ်သေးတယ်။ အဲဒီ နှစ်ယောက်က ကျွန်တော် မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။ နတ်သမီးလေးတွေ ကျလာသလား အောက်မေ့ရတယ်။ ခေါင်းဆောင် သဘောကျမယ်လို့ ကျွန်တော် ထင်တယ်" သူက ကောက်ကျစ်စွာ ပြုံးလျက် ဆက်ပြောသည်။

"ဟင်... မိန်းကလေးတွေ ဟုတ်လား။ အင်း... မိန်းကလေး တစ်ယောက်ရဲ့ အရသာကို မမြည်းစမ်းရတာ တော်တော်ကြာပြီပဲ။ ငါတို့ ဖမ်းလာတဲ့ မိန်းကလေးတွေက အလွယ်တကူ သေသွားကြတာ စိတ်ပျက်စရာပဲ။ ကောင်းပြီ! အဲဒီကလေးတွေကို တိုက်ခိုက်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ မိန်းကလေးတွေကို ငါ ယူမယ်၊ ကျန်တဲ့ ကလေးတွေနဲ့ ပိုက်ဆံကိုတော့ မင်းတို့ ကြည့်ရှင်းလိုက်ကြ" ခေါင်းဆောင်၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။

"ခေါင်းဆောင်... ကျွန်တော်တို့လည်း မိန်းမနဲ့ ကင်းကွာနေတာ ကြာပြီဗျ။ မိန်းကလေးတစ်ယောက်လောက် ကျွန်တော်တို့ကို ပေးလို့ မရဘူးလား" နောက်လိုက်တစ်ယောက်က လက်ကို ပွတ်သပ်ရင်း ဖော်လံဖားသော အပြုံးဖြင့် မေးလိုက်သည်။

"ရတာပေါ့။ ငါ အားရသွားလို့ သူတို့ အသက်ရှင်နေသေးရင် မင်းတို့ အချင်းချင်း ဝေမျှယူကြပေါ့။ အဲဒီလောက်အထိ မစောင့်နိုင်ဘူးဆိုရင်လည်း ဟိုကောင်လေးတွေကို အသုံးချပြီး ပျော်နိုင်ပါတယ်" ခေါင်းဆောင်က ရယ်မောရင်း မတ်တတ်ရပ်လိုက်သည်။

'ဒီအရူးတွေ။ သူတို့ အသက်ရှင်နေသရွေ့ ငါက သူတို့အတွက် ချန်ထားပေးမယ်လို့ တကယ် ထင်နေတာလား' ခေါင်းဆောင်က စိတ်ထဲမှ ကောက်ကျစ်စွာ တွေးလိုက်သည်။

"လမ်းပြစမ်း၊ ဟူလေး" ခေါင်းဆောင်က သတင်းလာပေးသူကို ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ ခေါင်းဆောင်" ဟူ ဟု ခေါ်သော ထိုလူက စိတ်လှုပ်ရှားစွာဖြင့် ဦးတည်ရာသို့ လျှောက်သွားသည်။ သူတို့သည် တောအုပ်ကို ဖြတ်ကျော်ကာ မိနစ် ၂၀ ခန့် လျှောက်လာပြီးနောက် မြင်းရထားတစ်စီးနှင့် တဲအချို့ကို မြင်လိုက်ရသည်။

'ဟင်း... ဟူလေး လိမ်ပြောတာ မဟုတ်ဘူးပဲ။ မြင်းရထားက ကြည့်ကောင်းပေမဲ့ အင်ပါယာရဲ့ ထိပ်တန်း မိသားစုတွေ သုံးတဲ့ မြင်းရထားလောက်တော့ မမိုက်သေးဘူး။ နိုင်ငံ တစ်နိုင်ငံက လာတဲ့သူတွေ ဖြစ်ရမယ်။ အဲဒါက ပိုကောင်းတာပေါ့' ခေါင်းဆောင်က မင်ယု၏ မြင်းရထားကို အကဲခတ်ရင်း တွေးလိုက်သည်။

"သူတို့က တော်တော် နုံတာပဲ။ အပြင်မှာ အစောင့်တောင် တစ်ယောက်မှ မထားထားဘူး။ အတွေ့အကြုံမရှိတဲ့ ခရီးသွားအုပ်စု ဖြစ်ရမယ်" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ မပါဘဲနဲ့လည်း မင်းတို့ အေးဆေး ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါထင်တယ်။ သွားပြီး အကုန်လုံးကို ဖမ်းလိုက်ကြ။ မိန်းကလေးတွေကိုတော့ ဂရုစိုက်နော်။ သူတို့ကိုယ်ပေါ်မှာ အခြစ်အရာလေးတောင် မရှိစေနဲ့၊ မဟုတ်ရင် အဲဒီလူကို ငါ အရိုးကွဲအောင် ရိုက်ပစ်မယ်" ခေါင်းဆောင်က တင်းတင်းကြပ်ကြပ် သတိပေးကာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ ခေါင်းဆောင်" လူအုပ်ကြီးက ခေါင်းညိတ်ပြပြီး တဲများဆီသို့ စတင် ချဉ်းကပ်သွားကြသည်။

သူတို့သည် ညဥ့်၏ တိတ်ဆိတ်မှုကို အခွင့်ကောင်းယူကာ အသံကို တတ်နိုင်သမျှ လျှော့၍ လျှောက်လာကြသည်။

သူတို့ လျှောက်လာရင်း မင်းသမီး ကျိချင်း ပြုလုပ်ထားသော အချက်ပေးစည်းကို ဖြတ်ကျော်မိသွားကြသည်။ ၎င်းမှာ ကျိချင်း တစ်ယောက်တည်းသာ ကြားနိုင်သော အချက်ပေးသံ ဖြစ်သည်။ သူမသည် ထိုအာရုံကို ရလိုက်သည်နှင့် ချက်ချင်း နိုးလာတော့သည်။

တစ်ဖက်တွင် ကျိရှန်းသည်လည်း သူ၏ တဲထဲတွင် သက်သောင့်သက်သာ အိပ်ပျော်နေစဉ် စိတ်ထဲ၌ သတိပေးချက်တစ်ခု ရလိုက်သည်။ ၎င်းမှာ သူ စခန်းကာကွယ်ရန် အသုံးပြုထားသော ရတနာ ပစ္စည်း ကြောင့် ဖြစ်သည်။ ထိုပစ္စည်းက မီတာ ၅၀၀ အတွင်း သူစိမ်းတစ်ယောက် ဝင်လာသည်နှင့် သူ့ကို အချက်ပေးမည် ဖြစ်သည်။

သူသည်လည်း မျက်မှောင်ကြုတ်လျက် နိုးလာခဲ့သည်။

သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားကို ထုတ်ယူကာ သာမန်ကာလျှံကာ ပုံစံရှိသော သံချပ်ကာအား ဝတ်ဆင်လိုက်သည်။ ဓားနှင့် သံချပ်ကာမှာ သာမန်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် မြေကမ္ဘာအဆင့် အထွတ်အထိပ် ပစ္စည်းများ ဖြစ်ကြသည်။

နိုင်ငံငယ်များတွင် သာမန် မြေကမ္ဘာအဆင့် ပစ္စည်းများပင် ရှားပါးလှသည်ဖြစ်ရာ အထွတ်အထိပ် အဆင့်များမှာ အင်ပါယာများတွင်သာ ရှိနိုင်သော အံ့မခန်း အရင်းအမြစ်များ ဖြစ်ကြောင်း ပြသနေသည်။

သူသည် ဓားကိုင်လျက် တဲအပြင်သို့ ထွက်လာရာ လက်နက်များ ကိုင်ဆောင်ကာ လာနေသော လူ ၅၀ ခန့်ကို မြင်လိုက်ရသည်။ သူသည် ထိတ်လန့်ခြင်း သို့မဟုတ် စိုးရိမ်ခြင်း မရှိဘဲ အတော်လေး တည်ငြိမ်နေခဲ့သည်။

သူက ဘေးဘက်ကို ကြည့်လိုက်ရာ ကျိချင်းလည်း ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမသည် ဓားကို ကိုင်ထားပြီး တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။

သူမက မင်ယုကို အကြောင်းကြားရန် သွားသော်လည်း အံ့သြစရာကောင်းစွာပင် မင်ယုသည်လည်း သူမဘာသာ ထွက်လာခဲ့သည်။ မင်ယုနှင့် ကျိရှန်းတို့က တိုက်ခိုက်သူတွေ လာနေမှန်း ဘယ်လိုသိလဲဆိုတာ ကျိချင်း မသေချာသော်လည်း သူမ မမေးခဲ့ပေ။

"ဓားပြအချို့ ငါတို့ကို လုဖို့ ကြိုးစားနေတာ ထင်တယ်။ ငါတို့ကို လွယ်ကူတဲ့ ပစ်မှတ်တွေလို့ သူတို့ ထင်နေပုံရတယ်" ကျိရှန်းက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။

"သူတို့က တကယ့် ဓားပြတွေဆိုတာ သေချာလား။ နင့်အသက်ကို လာယူတဲ့သူတွေ မဟုတ်ဘူးလား" ကျိချင်းက သံသယရှိသော လေသံဖြင့် မေးသည်။

"ဟားဟား... ဒါက သိသာလွန်းပါတယ်။ ငါ့နောက်က လိုက်နေတဲ့သူတွေက လုပ်ကြံသတ်ဖြတ်သူတွေလေ။ သူတို့က ငါ့ဆီကို ဒီလိုမျိုး ပြေးဝင်လာလောက်အောင် နုံအတဲ့သူတွေ မဟုတ်ဘူး။ သူတို့က ပစ်မှတ်ကို အစပိုင်းမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှာ၊ ဒီလိုမျိုး အင်အားသုံးပြီး ဝင်လာမှာ မဟုတ်ဘူး" ကျိရှန်းက ကျိချင်းကို ပြုံးလျက် ရှင်းပြသည်။

"ခိုးတိုက်တာ မအောင်မြင်မှသာ သူတို့က အင်အားသုံးမှာ။ ဒါပေမဲ့ အခု ရှေ့က အရူးတွေကတော့ ရူးနေတဲ့ ခွေးတွေလို ငါတို့ဆီ ပြေးလာနေတာ။ သူတို့မှာ စနစ်တကျ ရှိပုံလည်း မရဘူး" ဟု သူက ဆက်ပြောသည်။

"ဪ... ဒါနဲ့၊ အစ်ကိုချန်းကော ဘယ်မှာလဲ။ သူ အိပ်နေတုန်းလား" လုံချန်း ရောက်မလာသေးသည်ကို သတိပြုမိသဖြင့် သူ မေးလိုက်သည်။

"သူ တစ်နေရာရာမှာ ရှိနေမှာပါ။ ညက အပြင်မှာ ကျင့်ကြံမယ်လို့ သူပြောတယ်" ကျိချင်းပင် လုံချန်း၏ အတိအကျနေရာကို မသိပေ။ စခန်းအနီးတွင် ရှိနေမည်ဟု သူမ ထင်ထားသော်လည်း သူ့ကို မမြင်ရပေ။

အခန်း (၂၅၂) ငါ မှားသွားတယ်

"သူ တစ်နေရာရာမှာ ရှိနေမှာပါ။ ညက အပြင်မှာ ကျင့်ကြံမယ်လို့ သူပြောတယ်" ကျိချင်းပင် လုံချန်း၏ အတိအကျနေရာကို မသိပေ။ စခန်းအနီးတွင် ရှိနေမည်ဟု သူမ ထင်ထားသော်လည်း သူ့ကို မမြင်ရပေ။

"ရပါတယ်။ သူ့ဘာသာ ကျင့်ကြံပါစေ။ ဒီလို အဆင့်နိမ့် လူမိုက်တွေကိုတော့ ငါတို့ပဲ ကိုင်တွယ်လို့ ရပါတယ်" ကျိရှန်းက သူတို့ဆီ ပြေးလာနေသည့် လူများကို ကြည့်ရင်း ခနဲ့တဲ့တဲ့ အပြုံးဖြင့် ပြောလိုက်သည်။

"ငါ မြေကမ္ဘာအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို မြင်နေရတယ်။ တစ်ယောက်က မြေကမ္ဘာအဆင့် ၄ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မြေကမ္ဘာအဆင့် ၂ ပဲ။ ကျန်တဲ့သူတွေ အကုန်လုံးက ရွှေအမြုတေအဆင့်တွေပါ။ နင် ပျော်ချင်သေးလား၊ ဒါမှမဟုတ် ငါပဲ အကုန်ရှင်းလိုက်ရမလား" သူက မင်ယုကို ကြည့်ကာ မေးလိုက်သည်။ သူမ၏ ကျင့်ကြံဆင့်ကို သူ မြင်နိုင်ပြီး သူမ မည်မျှ သန်မာကြောင်းလည်း သူသိသည်။ သူမသည် သူမ၏ ပြသထားသော အဆင့်ထက်ပင် ပို၍ သန်မာမည်ဟု သူ ခံစားမိနေသည်။

"နင်ပဲ လုပ်လိုက်ပါ။ ငါ တိုက်ခိုက်ဖို့ စိတ်မပါဘူး" မင်ယုက မျက်နှာသေဖြင့် ပြန်ပြောသည်။

"ကောင်းပြီလေ" သူ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ ကျိရှန်းသည် လက်ထဲက ဓားကို တင်းတင်းဆုပ်ကာ ရှေ့သို့ လှမ်းတက်လိုက်သည်။

"သူတို့ ငါတို့ကို ဒီလောက်အစောကြီး သတိထားမိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကြည့်ရတာ ဒီကလေးတွေက ငါတို့ထင်သလောက် မနုံဘူးပဲ" တဲထဲက ထွက်လာသည့် လူ ၃ ယောက်ကို မြင်လိုက်ရသဖြင့် ဟူလေးက ရေရွတ်လိုက်သည်။

"သတိထားမိတော့ရော ဘာဖြစ်လဲ။ သူတို့ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ ထွက်မပြေးတာပဲ ကောင်းပါတယ်။ ငါတို့ လိုက်ဖမ်းရတဲ့ ဒုက္ခ သက်သာတာပေါ့" နောက်ထပ် လူတစ်ယောက်က ရယ်မောရင်း ပြောလိုက်သည်။

"ဟိုကောင်လေးကတော့ သေဖို့ တော်တော် အားသန်နေပုံပဲ" ကျိရှန်း သူတို့ဆီ ပြေးလာသည်ကို မြင်လိုက်ရသဖြင့် တစ်ယောက်က ဆိုသည်။

သူတို့ကြားက အကွာအဝေးမှာ မီတာ ၃၀ ပင် မရှိတော့ချိန်တွင် ကျိရှန်း၏ အရှိန်မှာ ရုတ်တရက် အဆပေါင်းများစွာ မြင့်တက်သွားသည်ကို သူတို့ သတိထားမိလိုက်သည်။ သူတို့ မျက်လုံးများနှင့်ပင် သူ့ကို လိုက်မကြည့်နိုင်တော့ပေ။

ကျိရှန်းသည် လေထဲတွင် ကခုန်နေသကဲ့သို့ပင် သူ၏ဓားကို အလွန် ကျော့ရှင်းစွာဖြင့် ခုတ်ယမ်းနေတော့သည်။

သူ၏ တိုက်ခိုက်မှုကို ခံရသူတိုင်း တစ်ယောက်ပြီးတစ်ယောက် အစီအရီ လဲကျ သေဆုံးကုန်ကြသည်။

သူ၏ နောက်ထပ် လက်တစ်ဖက်ဖြင့် ကျိရှန်းသည် ခါးတွင် ချိတ်ထားသော အိတ်ကို သုံးကြိမ် ပုတ်လိုက်သည်။

"သူတို့ကို ငါ့အတွက် ရှင်းပေးစမ်း၊ အဖြူလေး" ကျိရှန်း ပြောလိုက်သည်နှင့် တောက်ပသော အလင်းစက်လေးမှာ သားရဲအိတ်ထဲကနေ ထွက်လာပြီး ဝိညာဉ်ဝါးမျို ဝံပုလွေကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ကျိရှန်းက ဓားပြအချို့အား သတ်ဖြတ်နေစဉ် အဖြူလေးကလည်း အများအပြားကို သတ်ဖြတ်နေသည်။

ဝိညာဉ်ဝါးမျို ဝံပုလွေ၏ ကိုက်ခြင်းကို ခံရသူတိုင်းသည် သူတို့၏ ဝိညာဉ်ကို အဆိပ်ပြင်း မြွေပေါင်းရာချီ ကိုက်နေသကဲ့သို့ ခံစားရလေသည်။ သူတို့သည် ရူးမတတ် နာကျင်မှုကို ခံစားနေရစဉ်မှာပင် အဖြူလေးက သူတို့၏ ခန္ဓာကိုယ်များကို ဆွဲဖြဲပစ်လိုက်တော့သည်။

"ဟိုကောင်လေး၊ သူက မရိုးရှင်းဘူး။ တုချီ၊ သွားပြီး အဲဒီကောင်လေးကို ရှင်းလိုက်စမ်း" မြေကမ္ဘာအဆင့် ၄ ကျင့်ကြံသူက မြေကမ္ဘာအဆင့် ၂ ကျင့်ကြံသူကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ အစ်ကိုမူ။ကျွန်တော် သွားပြီး သူ့ဦးခေါင်းခွံကို ချေမွပစ်မယ်" တုချီ ဟု ခေါ်သော လူက အရပ်ပုပု လူကို ပြောလိုက်သည်။ တုချီမှာ အရပ် ၇ ပေခွဲခန့် မြင့်သော်လည်း အစ်ကိုမူမှာမူ ၄ ပေခန့်သာ ရှိသည်။ သို့သော် သူသည် ခေါင်းဆောင်ပြီးလျှင် ကျင့်ကြံဆင့် အမြင့်ဆုံးဖြစ်သဖြင့် မည်သူမှ သူ့ကို မလှောင်ရဲကြပေ။

"ဟူ... မင်း ဟိုသားရဲကို ကိုင်တွယ်လိုက်" အစ်ကိုမူက လုံချန်းတို့အကြောင်း သတင်းပေးခဲ့သည့် ဟူကို ဆက်လက် အမိန့်ပေးသည်။ ဟူသည် ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ ရောက်နေသူ ဖြစ်သည်။

"ဟုတ်ကဲ့" ဟူက ခေါင်းညိတ်ကာ ရတနာဓားမြှောင်ကို ကိုင်ပြီး အဖြူလေးဆီသို့ ပြေးသွားသည်။

"ဟင်း... ငါက အဓိကဟင်းလျာတွေကို နောက်ဆုံးမှ စားမလို့ပဲ၊ ဒါပေမဲ့ မင်းတို့က ကိုယ့်ဘာသာ ထွက်လာမှတော့ စိတ်ပျက်မသွားအောင် ငါ လုပ်ပေးရမှာပေါ့" ကျိရှန်း၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။ ထိုအပြုံးက သူ့ကို ပုံမှန် မြင်တွေ့နေရကျ သဘောကောင်းသည့် လူကြီးလူကောင်း ပုံစံနှင့် လုံးဝ ကွဲပြားသွားစေသည်။ ယခုအချိန်တွင် သူသည် အစွမ်းထုတ်ရသည်ကို ပျော်ရွှင်နေပုံရသည်။

သူသည် ကျော့ရှင်းသော ခြေလှမ်းများဖြင့် သာမန် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကို ရှောင်ရှားရင်း မြေကမ္ဘာအဆင့် ကျင့်ကြံသူနှင့် ဓားချင်း ယှဉ်တိုက်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် ကျင့်ကြံသူ ၅ ယောက်ထက်မကကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

တစ်ဖက်တွင် ဟူသည် အဖြူလေးက တခြားလူတစ်ယောက်ကို သတ်နေစဉ် ဝင်ရောက် တိုက်ခိုက်လိုက်သည်။ ဝိညာဉ်ဝါးမျို ဝံပုလွေမှာ လျှပ်စီးကဲ့သို့ မြန်သော အရှိန်ဖြင့် ဟူ၏ ဓားမြှောင်ကို ရှောင်တိမ်းလိုက်သည်။

ဟူ ဘာဖြစ်သွားမှန်း မသိခင်မှာပင် သူ၏ ခြေထောက်ကို အဖြူလေးက ကိုက်လိုက်လေသည်။

"အား..." သူသည် ဝိညာဉ်တစ်ခုလုံး ကြေမွသွားမတတ် နာကျင်မှုကို ခံစားလိုက်ရပြီး အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေသွားကာ ထိန်းချုပ်မရတော့သလို ခံစားလိုက်ရသည်။

သို့သော် ထိုနာကျင်မှုမှာ ကြာရှည်မခံလိုက်ပေ။ အဖြူလေးက သူ၏ ဦးခေါင်းကို ကိုက်ဖြတ်ပစ်လိုက်သဖြင့် သူ၏ နာကျင်မှုများ ထာဝရ ပြီးဆုံးသွားတော့သည်။

အခြားတစ်ဖက်တွင်လည်း ကျိရှန်းသည် မြေကမ္ဘာအဆင့် ၂ ကျင့်ကြံသူကို အချိန်အတော်ကြာ မယူဘဲ သတ်ဖြတ်လိုက်သည်။ အခြား ဓားပြများလည်း အသတ်ခံလိုက်ရပြီး မြေပြင်တစ်ခုလုံးမှာ သွေးချင်းချင်း နီနေတော့သည်။

မြေကမ္ဘာအဆင့် ၄ ကျင့်ကြံသူ အစ်ကိုမူ တစ်ယောက်တည်းသာ ကျန်တော့သည်ကို တွေ့လိုက်ရသည့်အခါမှ ကျိရှန်း၏ ကခုန်နေသော ခြေလှမ်းများ ရပ်တန့်သွားသည်။

"နောက်ဆုံးတော့ အဓိကဟင်းလျာအတွက် အချိန်ရောက်ပြီ" ကျိရှန်းက ပြုံးလျက် အစ်ကိုမူဆီသို့ တိုးသွားသည်။

"မင်ယ တော်တော် အစွမ်းထက်တာပဲလို့ ငါပြောရမယ်။ ငါတို့အဖွဲ့ထဲ ဝင်ပါလား" အသံတစ်သံက အဝေးကနေ ထွက်ပေါ်လာသည်။

ကျိရှန်းက ထိုဘက်သို့ လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်မွှေးနှင့် လူတစ်ယောက် သူတို့ဆီ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ဟက်... မင်း အဲဒီမှာ ဘယ်လောက်ကြာကြာ နေနေဦးမလဲလို့ ငါ တွေးနေတာ။ ကြည့်ရတာ ဒီပျော်ပွဲရွှင်ပွဲကို မင်းလည်း မလွဲချင်တော့လို့ ထွက်လာတာ ထင်တယ်" ကျိရှန်းက ဓားပြခေါင်းဆောင်ကို ကြည့်ကာ ရယ်မောလိုက်သည်။

"မင်းက သန်မာပါတယ်၊ ဒါပေမဲ့ မောက်မာမှုက မင်းမျက်စိကို ကွယ်မသွားပါစေနဲ့ ကောင်လေး။ မင်းက မြေကမ္ဘာအဆင့် ၆ ကျင့်ကြံသူဆိုတာ ငါ မြင်နေရတယ်။ ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင်တော့ မင်း အသက်ရှင်နိုင်ပါသေးတယ်" ခေါင်းဆောင်က ကောက်ကျစ်စွာ ပြုံးလျက် ပြန်ပြောသည်။

"ဟင်း... ကဲ မင်းရဲ့ ကမ်းလှမ်းချက်ကို ငါ လက်ခံတယ်ပဲ ထားဦး၊ နောက် ဘာဖြစ်မှာလဲ" ကျိရှန်းက စိတ်ဝင်တစား မေးလိုက်သည်။

"ဘာမှ အများကြီး မဟုတ်ပါဘူး။ အဖွဲ့ဝင်ကြေးအနေနဲ့ မင်းရဲ့ ဓားရယ်၊ မင်းနောက်က မိန်းကလေး နှစ်ယောက်ရယ်ကို ငါ့ကို ပေးရမယ်" ခေါင်းဆောင်က အကျယ်ကြီး ရယ်မောရင်း ပြောလိုက်သည်။

"ငါ မှားသွားတယ်..." ကျိရှန်းက စိတ်ပျက်သော မျက်နှာထားဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဟင်... မင်း ဘာပြောလိုက်တာလဲ" ကျိရှန်း၏ စကားကို သေချာမကြားရသဖြင့် ခေါင်းဆောင်က မေးသည်။

"ငါ ပြောတာက ငါ မှားသွားတယ်လို့။ ငါက မင်း ချက်ချင်း တိုက်ခိုက်မလာတာကို ကြည့်ပြီး တခြားသူတွေထက် ၁၀ ရာခိုင်နှုန်းလောက် ပိုပြီး ဉာဏ်ကောင်းတဲ့ ဗီလိန်မျိုး ဖြစ်လိမ့်မယ်လို့ ထင်ထားတာ။ ဒါပေမဲ့ မင်းကလည်း တခြားသူတွေလိုပါပဲ။ သေဖို့ လမ်းရှာနေတဲ့ မောက်မာတဲ့ အရူးတစ်ယောက်ပဲ" ကျိရှန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ဓားပြခေါင်းဆောင်ကို ပြောလိုက်တော့သည်။

All Chapters