← Chapters

ရွာသားအသစ်များ

Vol. 5 Ch. 72

ရွာသားအသစ်များ

Vol. 5 Ch. 72

အားယွီလေးမှာ ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့လေသည်။ သိသိသာသာပင် အကူညီမဲ့ အားကိုးရာမဲ့မှုတစ်ခု ချင်ဟွိုင်၏ မျက်လုံးများထဲတွင် လက်ခနဲ ဖြတ်သန်းသွားခဲ့ကာ ဆီးသီးယိုမှာ လေထဲတွင်ပင် အေးခဲ သွားသယောင် ဖြစ်သွားတော့သည်။

သူသည် ချီကျားအား ကြည့်လိုက်သော်လည်း ချီကျားသည်လည်း စိတ်ရှုပ်ထွေးနေလေသည်။ သူသည် ခံစားချက်မရှိသည့် ကိုယ်ရံတော်တစ်ဦးသာ ဖြစ်လေသည်။ ကလေးမလေး တစ်ယောက်၏ အတွေးအား သူ မည်သို့ နားလည်နိုင်မည်နည်း။

"အားယွီ အားယွီ ဘာဖြစ်လို့လဲ"

ဝမ်စစ်လန်သည် ပစ္စည်းလာပို့ရင်း ရောက်လာခဲ့ခြင်း ဖြစ်သည်။ အားယွီ၏ ငိုသံကို ကြားလိုက်ရသောအခါ လူအုပ်ကြားထဲမှ အလျင်အမြန် တိုးဝှေ့ကာ ပြေးလာခဲ့ခြင်း ဖြစ်သည်။ အားယွီလေးသည် မရင်းနှီးသည့် ကောင်လေး တစ်ယောက်၏ ရှေ့တွင် ရပ်လျှက် အလွန် ဝမ်းနည်းနေပုံ ပေါက်သည်ကို သူ တွေ့လိုက်ရလေသည်။

ဝမ်စစ်လန်သည် မည်သည်ကိုမှ မစဉ်းစားနိုင်တော့ဘဲ အားယွီလေးအား သူ၏ နောက်သို့ ဆွဲပို့လိုက်ပြီးနောက် ချင်ဟွိုင်ကို မလိုလားအပ်သော အမူအရာဖြင့် ကြည့်လိုက်တော့သည်။

"မင်းက ငါ့ညီမလေးကို ငိုအောင် လုပ်လိုက်တာလား"

သူမဘေးမှ ဟူအာ့ဖန်မှ ဝင်ပြောလေသည်။

"ငါက အားယွီလေးကို သကြားလုံးပေးမလို့လုပ်တာ သူက အားယွီလေးကို ပေးမစားဘူး"

"ငါ့ညီမ သကြားလုံးစားတာကို တားရအောင် မင်းက ဘယ်သူမို့လို့လဲ"

ဝမ်စစ်လန်သည် ပြောဆိုပြီးမှ သတိဝင်လာခဲ့ကာ ဟူအာ့ဖန်အား ပြန် ကြည့်လိုက်မိသည်။

"ဘာသကြားလုံးလဲ သကြားလုံးက ဘယ်က ရတာလဲ"

ဟူအာ့ဖန်မှ သူ၏ လက်ဖဝါးထဲမှ သကြားလုံးကို ဖွင့်ပြလိုက်လေရာ အမည်းရောင် လက်ရာများ စွန်းထင်းနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ကိုက်ရာ အကြီးကြီး တစ်ခုလည်း ရှိနေသေးသည်။ ဝမ်စစ်လန်မှ အလွန်ရွံရှာသွားလေတော့သည်။

"မင်း ဒီသကြားလုံး ဘယ်ကရတာလဲ ငါ့ညီမကို ဒါကြီး ဘယ်လိုလုပ် ပေးရဲတာလဲ"

"ညီမလေး အားယွီတောင် ဘာမှမပြောဘူး မင်းက ဘယ်သူမို့လို့ မကြိုက်ရတာလဲ ငါ မင်းကို ပေးတာမှ မဟုတ်တာ"

ဟူအာ့ဖန်သည်လည်း နှာမှုတ်လိုက်ကာ ချင်ဟွိုင်ကို လက်ညှိုး ထိုးပြလိုက်လေသည်။

"သူက အဲဒါကို လုစားချင်နေတာ"

ချင်ဟွိုင် နှင့် ချီကျားတို့ နှစ်ဦးသည် ဟူအာ့ဖန်၏ စကားကြောင့် ကြက်သေသေ သွားခဲ့ရလေတော့သည်။ အားယွီလေးမှာမူ ငိုနေဆဲပင် ဖြစ်သည်။

[ကလေးမလေး မငိုနဲ့တော့ မင်းငိုတာနဲ့ ငါ့ခေါင်း ပေါက်ကွဲတော့မယ်]

အသားလုံးလေးသည် ရုတ်တရက်ဆိုသလို ယခင်အချိန်တွင် သတိကြီးလှသော ကလေးဆိုးလေးကို လွမ်းဆွတ်သွားမိလေသည်။ ယခင် အချိန်များတွင် သူမသည် အကောင်းမြင်တတ်ပြီး သန်မာပုံ ပေါက်သော်လည်း တစ်ခါမျှ မငိုရဲသလို ကျယ်လောင်စွာလည်း စကားမပြောရဲခဲ့ချေ။ ယခုအချိန်တွင်မူ သူမသည် အလွယ်တကူ ငိုတတ်နေပြီ ဖြစ်ကာ အငို တိတ်လည်း မတိတ်နိုင်တော့ပေ။

သူမသည် အလိုလိုက် ခံထားရသော ကလေးဆိုးလေးများကဲ့သို့ ပြုမူနေလေတော့သည်။ မိဘအုပ်ထိန်းမှု လမ်းညွှန် စာအုပ် တစ်အုပ် ပြန်ရှာဖို့ အမှန်တကယ် စဉ်းစားရပေတော့မည်။ သို့မဟုတ်ပါက တစ်နေ့တွင် စိတ်ပူလွန်းအားကြီးကာ အမွှေးများပင် ကျွတ်ကုန်တော့မည် ဖြစ်သည်။ အားယွီလေးမှ အလွန်ပင် ဝမ်းနည်းစိတ်မကောင်း ဖြစ်စွာ ခံစားနေရခြင်း ဖြစ်သည်။

"နတ်သူငယ်လေးရေ ကိုကိုက သမီးကို မကြိုက်ဘူး ဟီး ဒါပေမဲ့ သမီးက သူ့ကို အရမ်းကြိုက်တာ သူက အရမ်းကြည့်ကောင်းတယ်လေ သူ သမီးကို ပန်းတွေလည်း ပေးတယ်"

"ဒါပေမဲ့ သူ သမီးကို ဆီးသီးယို စားခိုင်းတယ် အဲဒါကြီးက အရမ်းချဉ်တာပဲ"

အားယွီ ငိုရခြင်း အကြောင်းအရင်းမှာ ထိုဆီးသီးယိုကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်းအား ထိုအခါမှသာ အသားလုံးလေး နားလည်သွားတော့သည်။

[သူလည်း မင်းကို ကြိုက်ပါတယ် စဉ်းစားကြည့်ပါဦး ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက မင်းရဲ့အဖွား မင်းကို ဆီးသီးယို ပေးခဲ့တယ်မလား]

[မင်းအဖွားက မင်းကို အရမ်းချစ်လို့သာ မင်းအတွက် ဆီးသီးယို ဝယ်ပေးခဲ့တာလေ ဟုတ်တယ်မလား]

[ဒီကိုကိုလေးက တကယ် တစ်ခုခုပဲ သူက မင်းကို ကောင်းကောင်း ဆက်ဆံချင်ရုံပါ နင် ဆီးသီးယို မကြိုက်မှန်း သူမှ မသိတာ]

အားယွီလေးမှာ ဖြည်းဖြည်းချင်း အငိုရပ်သွားလေတော့သည်။ မျက်ဝန်းထောင့်တွင် မျက်ရည်စများ ရှိနေသေးသော်လည်း သူမ အံ့သြသွားပုံ ရလေသည်။

"တကယ်လား"

သူမ တကယ် အငိုရပ်သွားသည်အား မြင်သောအခါ အသားလုံးလေး သက်ပြင်းချလိုက်မိသည်။

[ဟုတ်တယ်… ငါပြောတာ မယုံရင် သူ့ကို မေးကြည့်လိုက်]

အားယွီလေး ချက်ချင်းပင် ချင်ဟွိုင်၏ ရှေ့သို့ လျှောက်သွားလိုက်ကာ မျက်ရည်စများဖြင့် ပြည့်နေသည့် မျက်နှာလေးဖြင့် ချင်ဟွိုင်အား မော့ကာ ကြည့်လျှက် သူမ မေးလိုက်လေသည်။

"ကိုကို အားယွီ့ကို ကြိုက်လို့ ဆီးသီးယို ပေးတာလားဟင်"

မထင်မှတ်ထားသော မေးခွန်းကြောင့် ချင်ဟွိုင် ကြောင်အသွားခဲ့သည်။

'ငါ သူ့ကို ကြိုက်လို့လား'

မဖြစ်နိုင်ချေ။ သူ ကြိုက်တဲ့အရာ ဘာမှမရှိသကဲ့သို့ သူ ကြိုက်တဲ့လူလည်း မည်သူမှ မရှိချေ။ ထို့ကြောင့် ချင်ဟွိုင် ခေါင်းခါချင်ခဲ့မိသည်။

သို့သော် သူမ ခေါင်းလေးကို အနည်းငယ် စောင်းလိုက်သည်နှင့် ကလေးမလေး၏ နှုတ်ခမ်းလေး ဆူထွက်လာခဲ့ကာ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာသည်ကိုသာ မြင် တွေ့လိုက်ရသည်။ အကယ်၍ သူသာ မကြိုက်ဘူးဟု ပြောလိုက်လျှင် သူမ ကမ္ဘာပျက်မတတ် ငိုကြွေးတော့မည့် ပုံပင် ဖြစ်နေခဲ့သည်။ ချင်ဟွိုင်မှာမူ မတတ်သာဘဲ ခေါင်းအား အတင်း ညိတ်ပြ လိုက်ရတော့သည်။ အားယွီလေးသည် မျက်ရည်များကြားမှ ပြုံးလိုက်လေသည်။

သူမသည် ဆီးသီးယိုအား ယူလိုက်ပြီး ကိုက်စားသကဲ့သို့ ဟန်ဆောင်လိုက်သည်။ သူမ၏ ပါးလေးအား ဖောင်းကာ ဝါးပြီး မျိုချလိုက်သကဲ့သို့ လုပ်လိုက်သည်။ ထို့နောက် သူမသည် ဆီးသီးယိုကို ပြန်ကမ်းပေးလိုက်လေသည်။ ချင်ဟွိုင်၏ နားမလည်နိုင်သော အကြည့်အောက်တွင် အားယွီလေးမှ အလွန်လေးနက်စွာ ပြောလိုက်လေသည်။

"ကိုကိုက အားယွီ့ကို ကြိုက်လို့ ဆီးသီးယို ပေးတယ် အားယွီလည်း ကိုကို့ကို ကြိုက်တယ် ဒါကြောင့် ကိုကို့ကို ဆီးသီးယို ပြန်ပေးမယ်နော်"

ထိုသို့ဆိုလျှင် ကိုကိုက သူမ သူ့ကို ကြိုက်မှန်း သိသွားမှာဖြစ်သကဲ့သို့ သူမသည်လည်း ချဉ်စုတ်နေသည့် ဆီးသီးယိအား စားရန် မလိုတော့ချေ။

‘ဝါး သူမက တကယ် ဉာဏ်ကောင်းတဲ့ ကလေးပဲ’

အားယွီလေးသည် စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်လေသည်။ ချင်ဟွိုင်သည် သူ၏ လက်ထဲ ပြန်ရောက်လာသည့် ဆီးသီးယိုအား ကြည့်ရင်း ဖြင့် အနည်းငယ် ရှုပ်ထွေးသွားလေသည်။

ကံကောင်း ထောက်မစွာဖြင့် ချင်ဟွိုင်သည် အားယွီလေးအား ဆီးသီးယိုအပြင် ပေးစရာ အခြားအရာများလည်း ရှိနေသေး၏။ မထွက်ခွာမီ ဥယျာဉ်ငယ်လေးထဲမှ တူးဆွယူဆောင်လာခဲ့သော ပန်းများလည်း ပါသေးသည်။

ယခင် အကြိမ်တွင် သူသည် အားယွီလေးအား ပေးခဲ့ဖူးသည့် ပီယိုနီပန်းအချို့သည် ယခုအခါ အမြစ်မှ အဖူးသစ်များ ထွက်လာခဲ့ပြီဖြစ်သည်။ သူသည် အားယွီလေးအား မပေးမီ ပန်းအိုးငယ် နှစ်လုံးထဲတွင် ထည့်ထားလိုက်လေသည်။

"ဝါး ပန်းပွင့်လေးတွေ အားယွီ ကြိုက်တယ်"

ဟွာဟွာ (ပန်း) အား လက်ခံရရှိသောအခါ အားယွီလေး သဘာဝကျကျပင် ပျော်ရွှင်သွားလေတော့သည်။ သူမသည် ကိုကို့အား နည်းနည်း ပိုကြိုက်ဖို့ရန် အတွက် ဆုံးဖြတ်လိုက်လေတော့သည်။ အားယွီလေး မှ ဝမ်စစ်လန်၏ လက်အား ဆွဲလိုက်လေသည်။

"ကိုကိုလေး ပန်းသွားခူးရအောင် အားယွီ ကိုကို့အတွက်လည်း ပန်းခူးပေးချင်တယ်"

...

အားယွီလေး၏ အမြင်တွင် သူမ ကြိုက်သည့်သူ မှန်သမျှအား ပန်းပေးတတ်ခြင်း ဖြစ်သည်။ ဝမ်စစ်လန်မှ ပြောလိုက်သည်။

"ကိုကိုငါးကို ခေါ်သွားခိုင်းလိုက် ကိုကိုလေးက ပစ္စည်းပို့စရာ ရှိသေးတယ် အခု လိုက်မပို့နိုင်သေးဘူး ညီမလေးရဲ့ ပန်းတွေကို အရင် ပြန်ယူသွားပေးမယ် ဒီမှာ အရင် ဆော့နေဦးနော် လိမ္မာတယ်"

ဝမ်စစ်လန်သည် ဒုတိယအိမ်ခွဲမှ ကလေးဖြစ်သည်။ သူ၏ ဖခင် လေဖြတ်နေသောကြောင့် သူသည် သူ၏ ဖခင်အတွက် ကိုယ်စား လုပ်ပေးနိုင်သည်ဟု တွေးလျှက် အိမ်တွင် အလုပ်ပို လုပ်ပေးလေ့ရှိသည်။

"ကောင်းပြီ"

လူတိုင်း လေးလေးနက်နက် အလုပ်လုပ်နေချိန်တွင် သူမလေးသည် အပျော်သဘော ပန်းခူးနေခြင်းဖြစ်မှန်း အားယွီသိပေသည်။ ထို့ကြောင့် အရေးကြီးကိစ္စများအား မနှောင့်နှေးစေချင်ခဲ့ပေ။ ဘေးနားမှ ဟူအာ့ဖန်မှ ပြောလိုက်သည်။

"ငါ နင့်ကို လိုက်ပို့မယ် ဘယ်နားမှာ အလှဆုံးပန်းတွေ ရှိလဲဆိုတာ ငါ သိတယ်"

အားယွီလေးမှာမူ ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။

"ကောင်းပြီ ကျေးဇူးပါ ကိုကိုဝတုတ်"

ဟူအာ့ဖန် ပြုံးဖြဲဖြဲ လုပ်လိုက်လေသည်။

"ဟီးဟီး ကျေးဇူးတင်စရာ မလိုပါဘူးဟာ နင်က ငါ့ရဲ့ ညီမလေးအားယွီပဲဟာ"

နေ့တိုင်း သူ့အား ကိုကိုဟု ခေါ်ကာ ထိုမျှ လိမ္မာလှသည့် ညီမလေးမျိုး ရှိခဲ့လျှင် ကြယ်တွေ လတွေ ခူးပေးရမယ်ဆိုရင်တောင် သူ သွားခူးပေးအုန်းမည် ဖြစ်သည်။

အားယွီလေးသည် ဟူအာ့ဖန်ခေါ်ရာ နောက်သို့ လိုက်သွားသည်အား ချင်ဟွိုင် အားကိုးရာမဲ့စွာ ကြည့်နေလိုက်မိသည်။ သူ၏ လက်ထဲမှ ဆီးသီးယိုကိုပင် မကြည့်တော့ဘဲ မြေကြီးပေါ်သို့ ပစ်ချလိုက်လေတော့သည်။

နှပ်ချေးတွဲလောင်းနှင့် ကလေးလေး တစ်ယောက်သည် ဆီးသီးယိုအား စိုက်ကြည့်နေသည်မှာ ကြာပြီ ဖြစ်သည်။ ချင်ဟွိုင် လွှင့်ပစ်လိုက်သည်အား မြင်သောအခါ ချက်ချင်း ပြေးကောက်လိုက်ကာ ကိုက်စားလိုက်သည်။

"ချိုလိုက်တာ"

သို့သော် သူ့၏ ပျော်ရွှင်မှုမှဦ ကြာကြာ မခံလိုက်ပေ။

"ချဉ်တယ်ဟ စားမကောင်းဘူး"

...

သူသည် ချင်ဟွိုင်အား မကျေမနပ် ကြည့်လိုက်သည်။

‘မယ်ကံကောင်းလေး မကြိုက်တာ အံ့သြစရာ မဟုတ်ဘူး စားမကောင်းလို့ကိုး’

ထို့နောက် သူသည် ဆီးသီးယိုမှ သကြားရည်များကို လျှာဖြင့် အကုန်လျက်လိုက်ပြီးနောက် ကျန်နေသည့် ဆီးသီးအား လွှင့်ပစ်လိုက်တော့သည်။

ချင်ဟွိုင် သည်လည်း ထူးဆန်းနေဟန်ဖြင့် ကြောင်အစွာ ပြန်ကြည့်လိုက်မိသည်။ ရထားမောင်းသူသည် မြင်းရထားပေါ်မှ ပစ္စည်းအားလုံးအား ချခိုင်းပြီးနောက် မြင်းများကို ဆွဲထုတ်လိုက်သည်။

ထို့နောက် သူသည် ဟူမိသားစုရွာမှ လူများအား မြင်းရထားအား တောင်ကုန်းပေါ်သို့ သယ်ခိုင်းလိုက်တော့သည်။ ကြေးပြားများ၏ စိတ်အား တက်ကြွစေမှု အောက်တွင် ပစ္စည်းများ သယ်ယူရန် နာရီဝက်သာ ကြာလိုက်သည်။ ချီကျားမှာမူ စကားပင် မပြောနိုင်တော့ချေ။

သူတို့၏ ပိုက်ဆံများအား အသုံးပြုမည့် အစီအစဉ်သစ်များကို စတင် စဉ်းစားနေမိလေသည်။ ဟူမိသားစုရွာသို့ လူတစ်ယောက် ရောက်လာခဲ့ကာ ကြီးမားလှသည့် လှုပ်ရှားမှုကြီး ဖြစ်ပေါ်စေခဲ့ရာ သဘာဝကျကျပင် ရွာလူကြီးဟူအား အသိပေးသလို ဖြစ်သွားခဲ့လေသည်။ ရွာလူကြီးဟူသည် ရွာအဝင်ဝမှ ပစ္စည်းပုံကြီးအား မြင်လိုက်ရသောအခါ အံ့အားသင့်စွာ ပြောလိုက်မိသည်။

"ဒါက"

သူသည် မသိစိတ်ဖြင့် လူကြီးဖြစ်သူ ချီကျားအား ကြည့်လိုက်လေသည်။ ချီကျားမှ ချင်ဟွိုင်အား တစ်ချက် ကြည့်လိုက်ပြီးနောက် လက်မြှောက် အရှုံးပေးလိုက်ကာ ပြောလိုက်တော့သည်။

"ကျွန်တော်တို့ ခင်ဗျားတို့ရွာမှာ လာနေကြမလို့ပါ"

"လာနေမယ်"

ရွာလူကြီးဟူမှ မျက်မှောင်ကြုတ် လိုက်မိလေသည်။

"ကျွန်တော်တို့ရွာက နှင်းမုန်တိုင်းဒဏ် ခံထားရတာ ခုထိ ပုံမှန် အခြေအနေထိ ပြန်မကောင်းသေးဘူး ခင်ဗျားတို့နေဖို့ အိမ်အပို မရှိဘူး အကယ်၍ ရှုခင်း လာကြည့်တာဆိုရင်တော့ ဖုန်းအန်းရွာကို သွားလိုက်ပါလား အဲဒီရွာက နှင်းမုန်တိုင်း ဘေးဒဏ် မသင့်ဘူးလို့ ကြားတယ် ရှုခင်းလည်း ကောင်းသေးတယ်"

ချီကျားမှ ခေါင်းခါလိုက်လေသည်။

"ရွာလူကြီး ခင်ဗျား မသိလို့ပါ ကျွန်တော်တို့က သခင်လေးရဲ့ ရောဂါကို ကုဖို့ လာခဲ့ကြတာပါ ကျွန်တော်တို့ သခင်လေးက ငယ်ငယ်လေးကတည်းက အားနည်းတယ်ဗျ ဆရာဝန်က ဂရုစိုက်ဖို့ ပြောထားတယ် ပညာရှင် တစ်ယောက်က ပြောတယ် ခင်ဗျားတို့ရွာက ပုန်းအောင်းပြီး ချီဓာတ်စုဆောင်းဖို့ ကောင်းတဲ့နေရာတဲ့ ဒါကြောင့် ဒီမှာ ခဏလာနေဖို့ အကြံပေးလိုက်တယ် သူ့အခြေအနေအတွက် ကောင်းတယ်လို့ ပြောလိုက်တယ်"

ရွာလူကြီးဟူ စိတ်မလှုပ်ရှားသည်အား မြင်သောအခါ ချီကျားသည် တိတ်တဆိတ် အတွင်းအားကို ထုတ်လွှတ်လိုက်လေသည်။ သူ၏ မျက်လုံးများ နီရဲလာပြီးနောက် အသံမှာလည်း အက်ကွဲသွားခဲ့သည်။

"ကူညီတယ်လို့ သဘောထားလိုက်ပါဗျာ ကျွန်တော်တို့ ဒီမှာ အလကား နေမှာ မဟုတ်ပါဘူး"

"ကျွန်တော် နေတဲ့ ရက်တိုင်း အတွက် နေစားရိတ် ပေးမှာပါ"

ချီကျားသည် ရထားမောင်းသူ၏ နည်းလမ်းအား ပြန်သတိရသွားခဲ့ကာ ချင့်ချိန်လိုက်လေသည်။

"တည်းခိုခအတွက် ကြေးပြား ၁၀ ပြားဆိုရင်ရော ဘယ်လိုလဲ"

ရွာလူကြီးဟူမှ လက်ခုပ်တီးလိုက်ကာ ပြောလိုက်လေသည်။

"ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး အဓိက က ကလေး ကျန်းမာရေး ပြန်ကောင်းဖို့က ပိုအရေးကြီးတာပါ ကျွန်တော် ကြည့်ပြီး နေစရာ စီစဉ်ပေးပါ့မယ်"

ရွာသားအားလုံးသည် ချင်ဟွိုင်နှင့် သူ့အပေါင်းအပါများအား နွေးထွေးစွာဖြင့် ကြည့်လိုက်ကြလေသည်။

‘တစ်ညကို ကြေးပြား ၁၀ ပြား ကိစ္စကြီးပဲ’

ဧည့်သည်များအတွက် အခန်းလွတ်ရစေရန် အတွက် သူတို့၏ ယောကျာ်း သို့မဟုတ် သားများအား ဝက်ခြံထဲ၌ သွားအိပ်ခိုင်းရလျှင်ပင် ပြဿနာမရှိဟု သူတို့၏ စိတ်အတွင်း၌ တွေးနေမိကြလေသည်။

ချင်ဟွိုင်မှ ချီကျားအား ကြည့်လိုက်လေသည်။ ချီကျား သည် ထိုအကြည့်အား နားလည်သွားခဲ့ကာ ပြောလိုက်တော့သည်။

"ဒီမှာ ဝမ်မိသားစု ရှိတယ်လို့ ကြားတယ် ကျွန်တော်တို့ သူတို့နဲ့အတူ နေလို့ရမလား မသိဘူး"

တစ်စုံတစ်ယောက်မှ တိုးတိုးလေး ပြောလိုက်လေသည်။

"အဖိုးအို ဝမ်ရဲ့ ကြက်ခြံကတော့ အလွတ်ဖြစ်နေတုန်းပဲ မလား"

All Chapters