← Chapters

အိမ်နီးချင်း

Vol. 5 Ch. 73

အိမ်နီးချင်း

Vol. 5 Ch. 73

ချင်ဟွိုင်မှ အားယွီလေးနှင့် ပို၍ နီးနီးကပ်ကပ်နေချင်သည် အတွက်ကြောင့် ဝမ်မိသားစုနှင့် အတူနေထိုင် နိုင်ရန်အတွက် ရွာလူကြီးဟူနှင့် သွားရောက်ညှိနှိုင်းဖို့ရန် ချီကျားအား ခိုင်းစေလိုက်ပါလေသည်။

သို့သော် သူမသိခဲ့သည်မှာ ဟူမိသားစု ကျေးရွာတွင် ဝမ်မိသားစု အိမ်သည် ဧည့်သည်လက်ခံထားရန် အတွက် အဆင်မပြေဆုံး အိမ်ဖြစ်နေသည် ဆိုတာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်မိသားစု အိမ်တွင် အခန်းငါးခန်းသာ ရှိကာ မိသားစုဝင်များ များပြားသည့် အတွက် လူတိုင်း အိပ်စရာ နေရာ လုံလောက်ရုံသာ ကပ်ကပ်သပ်သပ် နေထိုင်နေရခြင်း ဖြစ်သည်။

အဘိုးအိုဝမ်နဲ့ အဘွားဝမ်တို့သည် တစ်ခန်းယူထားကာ ကျန်သော သားလေးယောက်နှင့် ချွေးမလေးယောက်သည် ကျန်အခန်းများတွင် ခွဲနေကြရခြင်း ဖြစ်သည်။ သားများနှင့် ချွေးမများ အခန်းထဲတွင် သစ်သားကုတင်များ ရှိသော်လည်း ထိုသည်မှာ ကလေးများ အတွက် ဖြစ်လေသည်။ မြေးယောင်္ကျားလေး ခုနစ်ယောက်အတွက်ပင် နေရာ မလုံလောက်ပါချေ။။

ထို့ကြောင့် ဝမ်လျိုလန် နဲ့ ဝမ်ချီလန် တို့ဆိုလျှင် ဝမ်ချွမ်းမန်ရဲ့ အခန်းတွင်သာ သွားအိပ်ကြရလေသည်။ အားယွီလေး မရောက်လာခင် အချိန်တွက် ဝမ်မိသားစု၌ မြေးမိန်းကလေး မရှိခဲ့ချေ။ မရှိ၍သာ တော်တော့ပေသည်။ အကယ်၍ မြေးမိန်းကလေး တစ်ဦးမျှသာ ရှိခဲ့လျှင်ပင် သူတို့သည် နောက်ထပ် အခန်းများ ထပ်ချဲ့ရဖွယ် ရှိလေသည်။

ယခုအချိန်တွင် အားယွီလေးသည် ရံဖန်ရံခါ အဘွားဝမ်နှင့် အတူအိပ်ကာ တစ်ခါတလေတွက် လျိုရှီတို့နှင့် တိုးဝှေ့၍ အိပ်စက်လေသည်။

မြို့မှ သခင်လေး တစ်ဦးသည် သူတို၏ အိမ်တွင် လာရောက် တည်းခိုချင်သည်ဟု အဘွားဝမ် မှ ကြားလိုက်ရချိန်တွက် မည်သူမည်ဝါဟူ၍ မေးမြန်းချင်ပင်မရှိဘဲ စဉ်းစားတွေဝေခြင်း မရှိ ချက်ချင်း ငြင်းလိုက်လေသည်။

"မဖြစ်နိုင်ဘူး ကျုပ်တို့ အိမ်က အပြင် လူ ကို တည်ခိုခွင့်ပေးဖို့ နေရာ အလွတ်မရှိတော့ဖူး”

ရွာလူကြီးဟူမှ ဝင်ရောက် ပြောဆိုလေသည်။

"သူတို့က ဒီအတိုင်းနေမှာမှ မဟုတ်တာ နေစားရိတ် အနေနဲ့ တစ်ရက်ကို ကြေးပြား တစ်ဆယ်တောင် ပေးထားတာလေ အဲ့ဒါက ခင်ဗျားရဲ့ သား မြို့ပေါ်တက် အလုပ်လုပ်ရတာထက် ပိုမကောင်းဘူးလား"

လယ်အလုပ် မလုပ်ရသည့် အချိန်တွင် ဝမ်ချွမ်းဖူမှ မြို့ပေါ်တက်၍ အလုပ်လုပ်လေ့ရှိသော်လည်း နေ့တိုင်း အလုပ်မလုပ်ရပါချေ။ ပိုက်ဆံစုချင်သည့် အတွက်ကြောင့် ဝမ်ချွမ်းဖူမှ နေ့တိုင်း မြို့အား ကုန်းကြောင်းလျှောက်လျှက် အသွားအပြန် လုပ်လေသည်။

သူသည် မိုးမလင်းခင် အိမ်မှ ထွက်ခွာပြီး ညဉ့်နက်မှသာလျှင် အိမ်ပြန်ရောက်လေ့ရှိကာ ထိုအခါမှသာ အနားယူ အိပ်စက်ရခြင်း ဖြစ်ပေသည်။ သို့သော် ထိုသို့ လုပ်ခြင်းဖြင့်ပင်လျှင် တစ်လလုံးနေမှ ကြေးပြား တစ်ရာ နှစ်ရာလောက်သာ စုဆောင်းမိခြင်း ဖြစ်သည်။ သို့သော်လည်း အဘွားဝမ်၏ သဘောထားမှာမူ အလွန်ပင် ခိုင်မာနေဆဲ ဖြစ်လေသည်။

"ကျုပ်တို့အိမ်က မကျယ်ဘူး သူ့ကို တခြားနေရာ ရှာခိုင်းလိုက်ပါတော်"

အခုဆိုလျှင် သူတို့၏ မိသားစုတွင် လျှို့ဝှက်ချက်များအား ဖုံးကွယ်ထားရသည့် အားယွီလေး ရှိနေသေးသည်ကို ထည့်မတွက်လျှင်ပင် မဖြစ်နိုင်ပါချေ။ အကယ်၍များ အားယွီ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားခဲ့လျှင် အားယွီသည် အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။ အားယွီလေး မရှိခဲ့သည့် အချိန်တွင် ဆိုလျှင်ပင် သူမ သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူမတို့၏ ဝမ်မိသားစုထဲတွင်ပင် လူ အများကြီး ရှီနေပြီ ဖြစ်ရာ သူစိမ်းနှစ်ယောက်သာ ထပ်မံ၍ တိုးလာခဲ့မည်ဆိုလျှင် သူမ နေ့တိုင်း စိတ်ပူနေရပေလိမ့်မည်။ မိသားစုတစ်စုလုံး စားသောက်ရန်အတွက် အညစ်အကြေးစွန့်ဖို့ရန် ကိစ္စများအား စီမံခန့်ခွဲနေရသည် ဖြစ်ပင် သူမ အတွက် လုံလောက်နေပြီ ဖြစ်သည်။

ရွာလူကြီးဟူမှ အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။

"သူက ခင်ဗျားရဲ့ အားယွီလေးကို ခင်လို့ ဝမ်မိသားစုအိမ်မှာ လာနေချင်တာလေ အဲ့ဒါ မကောင်းဘူးလား"

ထိုစကားအား ကြားလိုက်ရချိန်တွင် အဘွားအိုဝမ်မှ ပို၍ပင် မပျော်မရွှင် ဖြစ်သွားလေတော့သည်။

"ရှင် ဘာတွေ လာပြောနေတာလဲ ကျုပ်တို့အားယွီလေးက ဘယ်လောက်ပဲ ရှိသေးလို့လဲ ရှင် ကလေးရဲ့ ဂုဏ်သိက္ခာကျအောင် လုပ်နေတာလား"

"ဒယ်ဝမ်ရဲ့ မိန်းမရာ ဘာတွေပြောနေတာလဲဟ ငါက အဲဒီလိုသဘော ပြောတာမဟုတ်ပါဘူး သူက ကလေးလေးပဲ ရှိပါသေးတယ် ကလေး အချင်းချင်း သံယောဇဉ် ဖြစ်တယ်ဆိုတာ ဖြူစင်ပါတယ် ခင်ဗျားထင်သလို ရှုပ်ထွေးမနေပါဘူး ပြီးတော့ အဲဒီကလေးက ဒီကို ကျန်းမာရေး အတွက် လာကုနေတာလေ ကုသိုလ်လုပ်တယ် သဘောထားလိုက်ပါ"

သို့သော် ရွာလူကြီးဟူ မည်သို့ပင် ပြောနေသည် ဖြစ်စေ အဘွားဝမ်မှ သဘောမတူခဲ့ချေ။ ရွာလူကြီးဟူသည်လည်း တခြားသော နည်းလမ်း မရှိတော့သည့်အတွက် တခြားနေရာ ရှာကြည့်ဖို့ရန် ချီကျားကိုသာ ပြောလိုက်ရလေတော့သည်။ ချီကျားသည် အငြင်းခံရလိမ့်မည်ဟု ထင်မထားမိသည့် အတွက် သူသည် သေချာစဉ်းစားပြီးနောက် ပြန်ပြောလိုက်လေသည်။

"၁၀ပြားက နည်းလွန်းလို့လား ကျွန်တော် ထပ်တိုးပေးလို့ရပါတယ်"

အမှန်တကယ်တွင် တစ်ရက်အား ငွေတစ်တုံးပေးလျှင်ပင် လုံလောက်ပြီဟု ချီကျားး မှ ထင်ထားခဲ့ခြင်း ဖြစ်သည်။ ခရိုင်မြို့မှ အကောင်းဆုံး တည်းခိုခန်းပင်လျှင် တစ်ရက်ကို ငွေတစ်တုံးသာ ကျသင့်သည့် အတွက် သူ ကမ်းလှမ်းသည့် ပမာဏသည် အလွန်ပင် မက်လောက်စရာ ဖြစ်နေသင့်ပေသည်။။

‘မည်သူကများ ထို မြင်းလှည်း မောင်းသမားကို သူ့အား ပညာပေးခိုင်းလိုက်လို့လဲ’

ရွာလူကြီးဟူမှ ခေါင်းခါပြီးနောက် သက်ပြင်းချလျှင် ပြောလိုက်လေတော့သည်။

"ပိုက်ဆံကြောင့် မဟုတ်ပါဘူး ခင်ဗျား မသိသေးလို့ပါ ဝမ်မိသားစုက ခေါင်းမာတယ်လို့ နာမည်ကြီးပြီးသားဗျ သူတို့ သဘောမတူဘူးဆိုရင် မိုးပြိုကျလာရင်တောင် သဘောတူမှာ မဟုတ်ဘူး"

ရွာလူကြီးဟူသည် အဘွားဝမ်ကိုသာ ပြောခဲ့ရခြင်း ဖြစ်သော်လည်း အဘွားဝမ်၏ စကားသည် ဝမ်မိသားစုတစ်ခုလုံးအား ကိုယ်စားပြုမှန်း သူ သိလေသည်။ ထိုသို့ ပြောသည်အား ကြားပြီးချိန်တွင် ချီကျားသည်လည်း လက်လျော့ လိုက်ရတော့သည်။

"ဒါဆို သူတို့နဲ့ အနီးဆုံးက ဘယ်မိသားစုလဲ"

ရွာလူကြီးဟူ မှ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရတော့သည်။ အဘယ်ကြောင့်များ အဘိုးအိုဝမ်၏ အိမ်ဘေးမှာမှ ဖြစ်ချင်နေရလေသနည်း။ ရွာလူကြီးဟူ၏ သံသယဝင်နေသော အကြည့်များအား မြင်လိုက်ရချိန်တွင် ချီကျားမှ အလျင်အမြန် ရှင်းပြလိုက်ပါတော့သည်။

"ဒီလိုပါ ကျွန်တော်တို့ သခင်လေး မြို့ပေါ်မှာတုန်းက အဲဒီကလေးမလေးနဲ့ ဆော့ဖူးတယ် အဲဒီတုန်းက သခင်လေးက ကလေးမလေးကို ခင်သွားတာမို့ အခု သူ့နားမှာ ပိုနီးနီးကပ်ကပ် နေချင်တာပါ"

ထိုအချိန်ကျမှသာ အားယွီလေး မြို့ပေါ်တက်ဖူးသည်အား ရွာလူကြီးဟူ သတိရသွားလေတော့သည်။ သို့သော် သူတို့ မည်သည့်အချိန်တွင် အတူတူ ဆော့ဖူးကြလေသနည်း။ တဖက်လူမှာလည်း လိမ်စရာ အကြောင်း မရှိလောက်ဟု တွေးမိသည့် အတွက်ကြောင့် ထိုကိစ္စအား ဘေးဖယ် ထားလိုက်လေတော့သည်။

"အဘိုးအိုဝမ်အိမ်နဲ့ အနီးဆုံးကတော့ ဟူစန်းရဲ့ မိသားစုပဲ သူတို့အိမ်က ဒုတိယကလေးက အပြင်မှာ အလုပ်လုပ်နေတာ တစ်နှစ်ပတ်လုံး အိမ်မပြန်တတ်ဘူး အိမ်မှာ အခန်းလွတ် ရှိလောက်တယ်"

ရွာလူကြီးဟူ စဉ်းစားကြည့်လိုက်ချိန်တွင် ဟူမိသားစုသည် မဆိုးလောက်ဟု ခံစားမိလိုက်ရလေသည်။ တတိယအဒေါ်ဟူသည် စိတ်သဘောထား ပွင့်လင်းသူဖြစ်သည့် အတွက် သူတို့နှင့် အဆင်ပြေပြေ နေနိုင်လောက်လေသည်။ သေချာစေရန် အလို့ငှာ ရွာလူကြီးဟူမှ ဟူစန်း၏အိမ်အား သွားမေးကြည့်လေသည်။

ဟူစန်းမှ ချက်ချင်းပင် ဝမ်းပန်းတသာ ကြိုဆိုကာ သူတို့နှစ်ယောက် နေထိုင်နိုင်ရန် အတွက် အိမ်မကြီး အခန်းကိုပင် ဦးဆောင်ကာ ဖယ်ပေးရှာလေသည်။

ဟူစန်းမှ သူ၏ မိသားစုအား ခေါ်ပြီးနောက် ချင်ဟွိုင်၏ ပစ္စည်းများအား သွားရောက် ကူသယ်ခိုင်းလိုက်တော့သည်။ ချီကျားသည် ဟူမိသားစုအိမ် အတွင်းသို့ ဝင်ဝင်ချင်းမှာပဲ အလွန်ပင် ထိတ်လန့်သွားခဲ့သည်။

အစောပိုင်း အချိန်များတွင် သူတို့သည် မြန်မြန်ဆန်ဆန် ခရီးသွားရင်းဖြင့် လေဟာပြင်၌ စခန်းချ အိပ်စက်ခဲ့ရချိန်တွင်ပင် ယခုလို ယိုယွင်းပျက်စီးနေသည့် နေရာမျိုးတွင် တစ်ခါမှ မနေခဲ့ဖူးပါချေ။ အိမ်မကြီးသည် ဝမ်းနည်းစရာ ကောင်းလောက်အောင်ပင် ယိုယွင်းပျက်စီး နေခဲ့လေသည်။ သစ်သားကုတင်အား ဖြစ်သလို ဆက်ထားသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်လေသည်။ သစ်သားဟောင်းများကြား၌ သစ်သားသစ်တွေကိုပင် ရောလျှက် ထပ်ထားခြင်း ဖြစ်သည်။

ခြေတင်ခုံများ ဝါးလိုက်ကာများ မရှိသကဲ့သို့ ကောင်းမွန်လှသည့် ပြတင်းပေါက်တစ်ခုလေးပင် မရှိပါချေ။ ကုတင်ပေါ်မှ မွေ့ရာဆိုလျှင်လည်း မွေ့ယာ ပုံစံပင် မပေါ်တော့ဘဲ ပုပ်သိုးသိုးအနံ့များ ရနေခဲ့လေသည်။ အခန်းတစ်ခုလုံးသည်လည်း ပစ္စည်းပေါင်းစုံနဲ့ ပြည့်ကျပ်နေခဲ့လေသည်။

နံရံအက်ကွဲကြောင်းများတွင်လည်း တံစဉ်များ အပါအဝင် ထွေရာလေးပါး ပစ္စည်းများ အများကြီး ထိုးထည့်ထားသည်ကို မြင်လိုက်ရသည်။ ထို့အပြင် ကြမ်းပြင်ပေါ်တွင်လည်း ကျောက်ပြားဟူ၍ မရှိဘဲ မြေကြီးသက်သက် ဖြစ်လေသည်။

ထို့အပြင် မြေကြီးပင်လျှင် ညီညာမှု မရှိဘဲ ကျင်းခွက်များဖြင့် ပြည့်နှက်နေခဲ့ကာ အချို့ ကျင်းလေးများထဲတွင် စေးကပ်ကပ် အရာတစ်ခုခုနှင့် ပြည့်နေခဲ့ပါသည်။ ချီကျားသည် သူ၏ သခင်လေးမှ ဤအရာများအား မြင်လျှင် လုံးဝ သည်းခံနိုင်လိမ့်မည် မဟုတ်ဟု တွေးရင်း ဖြင့် ချင်ဟွိုင်အား လှမ်းကြည့်လိုက်မိလေသည်။

‘သူ ဘယ်တုန်းကများ ဒီလိုနေရာမျိုးမှာ နေဖူးလို့လဲ’

ချင်ဟွိုင် ၏ မျက်လုံးတွေထဲတွင် မည်သည့် ခံစားချက်မှ မရှိချေ။ သခင်လေးမှာ ယခု အနည်းငယ်ပင် ပျော်နေသယောင် ဖြစ်နေသည်ဟုပင် သူ ထင်ယောင်ထင်မှား ဖြစ်မိလိုက်လေသည်။ အားယွီလေး ပန်းခူးရာမှနေ၍ ပြန်ရောက်လာချိန်တွက် သူမ၏ ကိုကိုမှ တတိယအဒေါ်ဟူ၏ အိမ်အား ပြောင်းသွားခဲ့သည်ကို သိလိုက်ရလေသည်။

တတိယအဒေါ်ဟူရဲ့ အိမ်မှာ အဘိုးအိုဝမ်၏ အိမ်နှင့် ခြေလှမ်း တစ်ရာလောက်သာ ဝေးလေသည်။ သာမန်ဆိုလျှင် ဟိုဘက်ခြမ်းမှ အော်ပြောလိုက်လျှင်တောင် ကြားရလေသည်။ အားယွီလေးမှ ပန်းများအား အိမ်ပြန်သယ်လာပြီးနောက် အဘိုးအိုဝမ်အား ပန်းကုံး ကူလုပ်ပေးဖို့ ရန် အတွက် ပြောလိုက်လေသည်။ ထို့နောက် ထိုပန်းကုံးအား ယူပြီးနောက် တတိယအဒေါ်ဟူ၏ အိမ်ဘက်သို့ ထွက်လာခဲ့လိုက်လေသည်။

ချင်ဟွိုင်သည် ခြံဝင်းထဲ၌ ထိုင်နေလျှက် ရှိသည်။ တတိယအဒေါ်ဟူ၏ ခြံဝင်းထဲ၌ မက်မွန်ပင်တစ်ပင် စိုက်ထားကာ မက်မွန်ပန်းများသည် လှလှပပ ဖူးပွင့်လျှက် ရှိနေလေသည်။

"ကိုကိုရေ"

အားယွီလေးမှ ဝါးခြံစည်းရိုးပေါ် တွင် မှီလိုက် ပြီးနောက် ချင်ဟွိုင်အား လက်လှမ်းပြလိုက်လေသည်။ ချင်ဟွိုင်မှ သူမအား တစ်ချက် လှမ်းကြည့်လိုက်ပြီးတွင် မျက်မှောင်ကြုတ်ထားသည်များပင် အလိုလို ပြေလျော့သွားသည့်တိုင် သူသည် ငြိမ်ငြိမ်လေးသာ ဆက်၍ ထိုင်နေလေသည်။ တတိယအဒေါ်ဟူမှ ပျော်ရွှင်စွာဖြင့် ခြံစည်းရိုးတံခါးအား လာဖွင့်ပေးလေသည်။

"အားယွီလေး ဘာလာလုပ်တာလဲ"

"ဒေါ်ဒေါ်ရေ သမီး ကိုကို့ကို လာရှာတာ"

အားယွီလေးမှ ချိုချိုသာသာဖြင့် ပြုံးလျှက် ပြောလိုက်လေသည်။

"သမီးက သူ့ကို သိတာလား ကောင်းတာပေါ့ ဝင်လာပြီး သူ့ကို ကစားဖော်လုပ်ပေးပါဦး ဒီကလေးက စကားသိပ်မပြောချင်ဘူး ထင်တယ်"

တတိယအဒေါ်ဟူမှ သူမအား ဝင်ခွင့်ပေးလိုက် ပြီးနောက် အလုပ်ဆက်လုပ်ရန် အတွက် လှည့်ထွက်သွားလေတော့သည်။ အားယွီလေးမှာမူ ယုန်ပေါက်လေး တစ်ကောင်ကဲ့သို့ ချင်ဟွိုင်၏ ရှေ့သို့ ခုန်ပေါက်လျှက် ရောက်လာတော့သည်။ သူမသည် ပန်းကုံးအား ချင်ဟွိုင်ဆီသို့ ကမ်းပေးလိုက်လေသည်။ ချင်ဟွိုင်သည် မူလတွင် မယူချင်သော်လည်း အားယွီလေး၏ ခေါင်းပေါ်၌ ပန်းကုံးစွပ်ထားသည်အား မြင်လိုက်ရချိန်တွင် အားယွီလေး ကမ်းပေးသည့် ပန်းကုံးအား လှမ်းယူလိုက်တော့သည်။ အဘယ်ကြောင့် ဆိုသော် သူမလေးမှ သူ၏ ခေါင်းပေါ်ကိုပါ လာစွပ်ပေးမည်အား ကြောက်သည့်အတွက် ဖြစ်ပေသည်။

"ကိုကို့နာမည်က ဘယ်လိုခေါ်လဲဟင်"

အားယွီလေးက ချင်ဟွိုင်အား ဝိုင်းပတ်နေလျှက် လျှောက်သွားရင်း ဖြင့် သူမ၏ ငယ်သွားဖြူဖြူ သေးသေးလေးများပင် ပေါ်အောင် ရယ်ပြလျှက် မေးမြန်းလိုက်သည်။ ချင်ဟွိုင်သည် အစပိုင်းတွင် ရင်ဘတ်ထဲ၌ စုတ်ပြဲမတတ် နာကျင်မှုအား ခံစားနေရကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် အားယွီလေး မှ အနားကပ်လာချိန်တွင် ထိုနာကျင်မှုသည် ဒီရေကျသွားသကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

...

မြို့ပေါ်တွင် ရှိခဲ့စဥ် အတွင်း သူ ထင်ထားခဲ့သည်မှာ အမှန်ပင် စိတ်ထင်ရုံ သက်သက် မဟုတ်ခဲ့ပါချေ။ သူ၏ မျက်လုံးအား အနည်းငယ် မှေးစင်းလိုက်ပြီး နောက် အားယွီလေးကို အကဲခတ်သည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

"မင်းကဘယ်သူလဲ"

ချင်ဟွိုင်မှ တိုးတိုးလေး မေးမြန်းလိုက်လေသည်။

"ညီမလေးက အားယွီလေ"

အားယွီလေးမှ ချင်ဟွိုင် ပြောချင်သည့် အဓိပ္ပာယ်အား နားမလည်ဘဲ မျက်တောင်လေး ခတ်လျှက် ပြန်ဖြေလိုက်လေသည်။

"ကိုကို မေ့သွားပြီလား ညီမလေး နာမည် ပြောပြထားဖူးတယ်လေ ညီမလေးကို ဖူပေါင်(ကောင်းချီးရတနာလေး) လို့လည်း ခေါ်လို့ရတယ် အားလုံးက အဲဒီလိုခေါ်ရတာ ကြိုက်ကြတယ်"

‘အားယွီ သူ သိတာပေါ့’

သခင်ကျန်းမှ သူမ၏ နောက်ကြောင်းအား ဖုံးကွယ်ပေးရန် အတွက်ပင် သူ့အား အကူအညီတောင်းဖူးသေးသည်။

‘မည်သူမှ မလိုချင်၍ စွန့်ပစ်ခံထားရပြီး အသက်ရှင်လာသည့် ကလေး’

သူမသည် ညွန်တောကဲ့သို့ စိတ်ဓာတ်မျိုး ရှိနေသင့်သော်လည်း အဘယ်ကြောင့်များ သူမ၏ မျက်လုံးများသည် ဤမျှလောက် ကြည်လင်နေရလေသနည်း။ ဤသည်မှာ သူတို့ဆင်ထားသည့် ထောင်ချောက်များ ဖြစ်နေမည်လား။ သေခါနီးဖြစ်နေသော သူ့လို လူတစ်ယောက်အတွက်နှင့် သူတို့သည် ဤမျှလောက်အထိ ဒုက္ခခံကြလေသလော။

[ကလေးရေ သူသေတော့မယ်]

အသားလုံးလေး၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။

All Chapters