← Chapters

မုန့်ချောင်

Vol. 9 Ch. 87

မုန့်ချောင်

Vol. 9 Ch. 87

ထိုအသံပိုင်ရှင်ကို အားလုံး မြင်တွေ့လိုက်ရရန် အချိန်ကြာကြာ မစောင့်ဆိုင်းလိုက်ရပေ။

အပြာရောင် မီးပွားတစ်ခု လက်ခနဲ တောက်ပသွားပြီးနောက်၊ အသက်နှစ်ဆယ်အရွယ်ခန့်ဟု ထင်ရသော လူငယ်တစ်ဦးက တရားရုံးတော်၏ အလယ်တည့်တည့်တွင် ပေါ်လာလေသည်။

သူသည် ချောမောပြီး ဖြူဝင်းသော မျက်နှာသွင်ပြင်ရှိကာ၊ စကြာဝဠာတစ်ခုလုံးကို ထည့်သွင်းထားသည့်အလား နက်ရှိုင်းသော အပြာရောင်မျက်လုံးများ၊ သွယ်လျသော ကိုယ်ခန္ဓာနှင့်၊ ကြယ်ရောင်လဲ့နေသော အပြာရောင်နွယ်ပင်လေးဖြင့် တစ်စိတ်တစ်ပိုင်း ထုံးဖွဲ့ထားသည့် လေထဲတွင် လွင့်ပျံနေသော အပြာရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။

သူ၏ ဝတ်ရုံပေါ်တွင် ရောမဂဏန်း ‘IV’ ဟု ရေးထွင်းထားသော စိန်မဏ္ဍိုင်ပုံစံတစ်ခု ပါရှိပြီး၊ ထိုစိန်မဏ္ဍိုင်ပုံစံ၏ အထက်တွင် ‘အထက်တန်း’ဟူသော စာလုံးကို ရေးသားထားလေသည်။

ထိုသူကို မြင်လိုက်ရသည်နှင့်၊ ယန်ချင်း၊ မော်ယွင်ရူ၊ ယီကျဲနှင့် ဆုကျင်ကျင်းတို့ အားလုံး နေရာမှ မတ်တတ်ရပ်လိုက်ကြပြီး လက်ယှက်အရိုအသေပေးကာ တစ်ပြိုင်နက်တည်း နှုတ်ခွန်းဆက်လိုက်ကြသည်။

“အထက်တန်း နယ်မြေတရားသူကြီး မုန့်ချောင်ကို အရိုအသေပေးပါတယ်”

သူတို့၏ အသံများက တရားရုံးတော်အတွင်း ပဲ့တင်ထပ်သွားပြီးနောက်၊ ရိုသေလေးစားမှု အငွေ့အသက်များက နေရာအနှံ့ ပျံ့နှံ့သွားလေသည်။

ယန်ချင်းနှင့် ကျန်သူများ၏ အပြုအမူကြောင့် ဂိုဏ်းချုပ် ဟန်ချင်းလင်း၊ လျိုယွမ်နှင့် ကျောက်ချီတို့မှာ လန့်ဖြန့်သွားကြပြီး၊ အသစ်ရောက်လာသော ထိုလူငယ်လေးမှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် တရားရုံးတော်ရှိ အဖွဲ့ဝင်များအားလုံးထံမှ ဤမျှလောက်အထိ တုံ့ပြန်မှုကို အဘယ်ကြောင့် ရရှိနေရသနည်း ဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

တိန်ချောင်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ ထိုလူငယ်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

“ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တစ်ဝက် ကျွမ်းကျင်သူပဲ။”

“သူ့ရဲ့ စွမ်းအင်လှိုင်းတွေကို ထိန်းချုပ်ထားတဲ့ကြားကတောင်၊ သူက ငါ ရင်ဆိုင်ခဲ့ရတဲ့သူထက် အဆင့်နည်းနည်းလောက် ပိုပြီး စွမ်းအားကြီးနေတာပဲ” ဟု တိန်ချောင်က တွေးလိုက်မိသည်။

“တရားဝင် ထုံးတမ်းအစဥ်အလာတွေကို ရပ်လိုက်ကြပါ။ အခုချိန်မှာ ငါက မင်းတို့ရဲ့ အမှုထဲကို ဝင်ရောက်စွက်ဖက်တဲ့ ဧည့်သည်တစ်ယောက် သက်သက်ပါပဲ”

မုန့်ချောင်က ယဉ်ကျေးသော အပြုံးတစ်ခုဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါက ဝင်ရောက်စွက်ဖက်တာ မဟုတ်ရပါဘူး။ အခုလို ကြွရောက်ချီးမြှင့်ပေးတာကိုက ကျွန်တော်တို့ ကံကောင်းလွန်းလို့ပါ”

ယန်ချင်းက အလျင်စလိုနှင့် အလွန်အမင်း ရိုသေစွာ ပြောလိုက်သည်။

ဖားတတ်သော ယန်ချင်းတစ်ယောက် ဇာတ်ကောင်စရိုက်စတင် ဝင်ရောက်လာလေပြီ။ သူ၏ အရှေ့တွင် ရှိနေသူမှာ အထက်တန်း နယ်မြေတရားရုံးမှ တရားသူကြီးတစ်ဦး ဖြစ်သည်။

သူ သိခွင့်ရှိသည့် အဆင့်သတ်မှတ်ချက်များအရ ဆိုလျှင်၊ အထက်တန်း နယ်မြေတရားရုံးသည် အဖွဲ့အစည်းကြီးတစ်ခုလုံးတွင် အဆင့်မြင့်ဆုံး တရားရုံး ဖြစ်သည်။

အဖွဲ့အစည်းတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများ ရှိနေကြောင်းကို သူ သေချာပေါက် သိထားသော်လည်း၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် သက်ဆိုင်သည့် အမှုများကို စစ်ဆေးစီရင်သော တရားရုံး ရှိမရှိကိုမူ သူ မသေချာခဲ့ပေ။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများမှာ အလွန်ရှားပါးလှပြီး ထိုအဆင့်သို့ ရောက်ရှိအောင်မြင်ခဲ့သူတိုင်းသည် ကံကြမ္မာ၏ သားတော် သမီးတော်များ ဖြစ်ကြသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူအချင်းချင်း သတ်ဖြတ်ရန်မှာ အလွန် ခဲယဉ်းလှသည်။

တစ်ဦးက အစပိုင်းအဆင့်ဖြစ်ပြီး နောက်တစ်ဦးက နှောင်းပိုင်းအဆင့် ဖြစ်နေမှသာ သတ်ဖြတ်နိုင်မည်ဖြစ်သော်လည်း၊ ထိုအခြေအနေမျိုးတွင်ပင် သူတို့၏ အသက်ရှင်သန်မှုကို သေချာစေရန် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ပိုင်ဆိုင်ထားသော နည်းလမ်းများမှာ ရေတွက်၍မရနိုင်အောင် များပြားလှပေသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်ရသည်ထက်၊ နယ်မြေအဆင့် ကျွမ်းကျင်သူ တစ်ရာကို သတ်ဖြတ်ရသည်က ပို၍ လွယ်ကူပေလိမ့်မည်။

ထိုအကြောင်းရင်းကြောင့်ပင်၊ ဖမ်းဆီးအပြစ်ပေးရန် မဆိုထားနှင့် ရှာဖွေတွေ့ရှိရန်ပင် ခက်ခဲလှသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများကို စစ်ဆေးစီရင်မည့် တရားရုံးတစ်ခု ရှိနေလိမ့်မည်ဟု ယန်ချင်း ဘယ်သောအခါမှ မတွေးခဲ့ဖူးပေ။

သို့သော် လွန်ခဲ့သော နှစ် ၉၀ ခန့်က အဆင့် ၁ ဂိုဏ်းတစ်ခုကို ရာထူးချပစ်ခဲ့သည့် အဖြစ်အပျက်တစ်ခု ရှိခဲ့ပြီး၊ ထိုအချိန်က အဆိုပါဂိုဏ်းမှာ ၎င်းတို့၏ တစ်ဦးတည်းသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူနှင့် နယ်မြေအဆင့် ကျွမ်းကျင်သူ ထက်ဝက်ကျော်ကို ဆုံးရှုံးခဲ့ရသည်။

ထိုသို့ ရာထူးချခံရခြင်း၏ အကြောင်းရင်းမှာ တရားရုံးတော်နှင့် ဆက်စပ်နေသော်လည်း၊ ထိုအကြောင်းအရာမှာ အဖွဲ့အစည်းအတွင်း ပြောဆိုရန် တားမြစ်ထားသော အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။

ယန်ချင်းက လဲ့ဝေယွမ်ထံမှ အသေးစိတ်အချက်အလက် အချို့ကို သိရှိရန် တစ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း၊ မသိသင့်သည်များကို မမေးမြန်းရန် ပြင်းထန်စွာ သတိပေးခံခဲ့ရလေသည်။

ထို့ကြောင့် အထက်တန်း နယ်မြေတရားရုံးသည် အမြင့်ဆုံးအဆင့်ရှိသော တရားရုံးဖြစ်ပြီး၊ ၎င်း၏ အဖွဲ့ဝင်များသည် တရားရုံးတော်များတွင် အင်အားအကြီးမားဆုံးသော အင်အားစုဖြစ်ကြောင်း အဖွဲ့အစည်းအတွင်း လူသိများ လက်ခံထားကြသည်။

၎င်းတို့အားလုံးမှာ တူညီသော အထွတ်အထိပ် နယ်မြေအဆင့် ကျွမ်းကျင်သူများကြားတွင်ပင် ထင်ရှားပေါ်လွင်နေသော အထွတ်အထိပ် နယ်မြေအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

အဖွဲ့အစည်း စတင်တည်ထောင်ချိန်မှ ယနေ့အထိ မှတ်တမ်းဝင်ထားသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ အများစုမှာ အထက်တန်း နယ်မြေတရားရုံးမှ ထွက်ပေါ်လာကြခြင်းဖြစ်ပြီး၊ လူအနည်းငယ်သာ အတွင်းနယ်မြေ တရားရုံး သို့မဟုတ် အကယ်ဒမီကဲ့သို့သော အဖွဲ့အစည်း၏ အခြားဌာနခွဲများမှ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။

အကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ကောလာဟလများ ရှိနေခဲ့သည်။

ယန်ချင်း သူ့ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော်လည်း ဒုတိယကျောင်းအုပ်ကြီးနှင့် ဌာနမှူးအချို့မှာ အထွတ်အထိပ် နယ်မြေအဆင့် ကျွမ်းကျင်သူများ ဖြစ်နေသည့်အတွက် ထိုကောလာဟလမှာ ယုံကြည်နိုင်စရာ ရှိပေသည်။

…..

“ဟားဟား... လဲ့ဝေယွမ်၊ သူက မင်း ပြောတဲ့အတိုင်းပဲ” ဟု မုန့်ချောင်က သဘောကျနေသော အမူအရာဖြင့် ပြောလိုက်သည်။

“တောင်းပန်ပါတယ် ယန်ချင်း။ ငါက အလုပ်ချိန် ဇယားတွေနဲ့ ခွင့်ရက်တွေကို မစီမံပေးနိုင်ဘူး။ အထူးသဖြင့် နန်းတော် တရားရုံးတွေမှာပေါ့။”

“တကယ်လို့ ငါသာ စည်းကျော်သွားမယ်ဆိုရင် ငါ့အထက်လူကြီးတွေနဲ့ ငါလည်း ပြဿနာ တက်သွားနိုင်တယ်”

မုန့်ချောင်က တောင်းပန်နေသော အမူအရာဖြင့် ပြောလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် အကြံအစည်တစ်ခုရှိနေသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ယန်ချင်းမှာ သူ၏ ဖားယားမည့် အကြံအစည်လေးကို အပြည့်အဝ အကောင်အထည် မဖော်နိုင်မီကတည်းက ကြိုတင် သိမြင်သွားခြင်း ခံလိုက်ရသဖြင့် ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားလေပြီ။

“ဒီမြေခွေးအိုကြီး လဲ့ဝေယွမ်က ဘယ်တော့မှ မနားတော့ဘူးလား။ သူက တန်ပြန်အစီအမံ ဘယ်နှခုတောင် ချထားတာလဲ။”

“ငါ့အတွက် ခွင့်ရက် ဆိုတာကော ရဦးမှာလား။ ငါ လိုချင်တာက သက်တောင့်သက်သာ ဘဝလေးနဲ့ ယန်ချင်းဆိုတဲ့ ငါ့ကိုယ်ငါ ရှင်သန်ခွင့်လေး တစ်ခုလောက် ပေးချင်ရုံလေးပါ”

ယန်ချင်းက သူ့ဘာသာ တွေးလိုက်ရင်း လဲ့ဝေယွမ်ထံသို့ မကျေမနပ်ဖြင့် လှည့်ကြည့်လိုက်ရာ၊ လဲ့ဝေယွမ်က အေးစက်စွာ ပြုံးပြရင်း တုံ့ပြန်လိုက်လေသည်။

“မင်းက အနှစ်တစ်ထောင်လောက် ငယ်ပါသေးတယ် ယန်ချင်းရာ။ အဖွဲ့အစည်းက မင်းဆီမှာရှိတဲ့ ချီစွမ်းအင်ကို နောက်ဆုံး တစ်စက်မကျန်တဲ့အထိ ညှစ်ထုတ်သွားမှာ သေချာတယ်။”

“အဲဒီနောက်မှာ မင်းရဲ့ စွမ်းအင်တွေ ပြန်ပြည့်လာအောင် ဆေးပင်တွေ ကျွေးပြီး ထပ်ခါတလဲလဲ အကြိမ်ကြိမ် ညှစ်ထုတ်သွားဦးမှာ။”

“သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေနဲ့ ယန်ချင်း... အဖွဲ့အစည်းက မင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်”

လဲ့ဝေယွမ်က တွေးလိုက်ရင်း၊ ယန်ချင်းအား အလွန် ကြောက်ရွံ့သွားစေသည့် ညင်သာသော အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။

“ဒါပေမဲ့...”

မုန့်ချောင်၏ အသံက ယန်ချင်းကို တိုက်ခိုက်နေသည့် ထိုကြောက်မက်ဖွယ်ကောင်းသော အကြောက်တရားဆီမှ လျင်မြန်စွာ ဆွဲထုတ်သွားလေသည်။

“အကယ်လို့ မင်းသာ နယ်မြေတရားရုံးတွေကို ရောက်လာခဲ့မယ်ဆိုရင်၊ အုပ်ချုပ်ရေးမှူး တစ်ယောက်ဆီမှာ မင်းအတွက် ငါ စကားကောင်းလေး ပြောပေးလို့ ရပါတယ်။”

“တခြားနေရာတွေထက် နယ်မြေတရားရုံးတွေ အတွင်းမှာ ငါက ပိုပြီး လုပ်ပိုင်ခွင့်ရှိတယ်။ မင်း လိုချင်နေတဲ့ အရာမှန်သမျှကို ငါ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”

မုန့်ချောင်က ပြောလိုက်ရင်း၊ လဲ့ဝေယွမ်နှင့် မသိမသာ ပါးနပ်သော အကြည့်ချင်း ဖလှယ်လိုက်လေသည်။

“တကယ်လား”

လဲ့ဝေယွမ်၏ အပြုံးကြောင့် အကြောက်တရားဖြင့် ဝိုင်းရံခံနေရသော ယန်ချင်းမှာ၊ ယခုအခါတွင် အကောင်းဆုံး သတင်းကြီးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ပျော်ရွှင်မှုကြောင့် မြူးထူးသွားလေသည်။

“ငါ ကတိပေးပါတယ်။ ဒါပေမဲ့ မင်း သိထားရမှာက နယ်မြေတရားရုံး တရားသူကြီးတစ်ယောက် ဖြစ်လာဖို့ဆိုတာ စွမ်းအားကိုချည်းပဲ အကဲဖြတ်တာ မဟုတ်ဘူး။”

“မင်း ကိုင်တွယ်ခဲ့တဲ့ အမှုတွေနဲ့ မင်းချမှတ်ခဲ့တဲ့ စီရင်ချက်တွေကိုပါ အကဲဖြတ်တာ။ ဒါပေမဲ့ မင်း လုပ်နိုင်မယ်ဆိုတာ ငါ သေချာပါတယ်။”

“ဘာပဲဖြစ်ဖြစ် လဲ့ဝေယွမ်က မင်းနဲ့ မင်းရဲ့ အလုပ်တွေအကြောင်းကို အကောင်းတွေချည်း ပြောထားတာကိုး” ဟု မုန့်ချောင်က ပြန်ဖြေလိုက်သည်။

စိတ်လှုပ်ရှားလွန်း၍ ပါးစပ်မှ အမြှုပ်ထွက်မတတ် ဖြစ်နေသော ယန်ချင်းမှာ၊ ဤကိစ္စတစ်ခုလုံးတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသဖြင့် ရေအေးဖြင့် အပက်ခံလိုက်ရသလို ဖြစ်သွားလေသည်။

“ဒီပုံစံက နည်းနည်း ရင်းနှီးလွန်းနေသလိုပဲ။ နန်းတော် တရားရုံး အုပ်ချုပ်ရေးမှူး တစ်ယောက်က ငါ့ကို ပေးခဲ့တဲ့ ကတိနဲ့ အတူတူပဲ မဟုတ်ဘူးလား။”

“အဲဒီကတိကြောင့်ပဲ နန်းတော်အဆင့်ကို ချိုးဖောက်နိုင်ဖို့ ငါ အရူးတစ်ယောက်လို အလုပ်လုပ်ပြီး ကြိုးစားခဲ့ရတာ မဟုတ်ဘူးလား။”

“နန်းတော် တရားရုံးတွေကို ရောက်သွားတာနဲ့ သက်တောင့်သက်သာ နေရမယ်ဆိုတဲ့ အိပ်မက်လေးတစ်ခုအတွက် ငါးနှစ်လုံးလုံး ကောင်းကောင်းတောင် အိပ်မပျော်ခဲ့ရဘူးလေ။”

“ အခုကျတော့ ထိုက်တန်တဲ့ အနားယူချိန်လေး ယူမိတာကိုပဲ အပြစ်ပေးခံလိုက်ရတယ်။ ငါက ငါးနှစ်တိတိ ခွေးတစ်ကောင်လို အလုပ်လုပ်ခဲ့ရတာ။”

“ ပြီးတော့ ခွင့်ပြုချက်နဲ့ယူတဲ့ သုံးလ ခွင့်ရက်ကို အဖွဲ့အစည်းက ငါ့ကို အပြစ်ပေးတယ်။ တကယ်ကို သွေးအေးလွန်းပါတယ်။”

“ငါ နန်းတော် တရားရုံးတွေမှာရော တကယ် အဆင်ပြေပါ့မလား” ဟု ယန်ချင်းက မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ထိုအဖြေကို သိရှိရန် သူ ခြောက်ရက်သာ လိုတော့ပေသည်။

…

“ကဲ ဒါဆို ယန်ချင်း... ငါ စာချုပ်ချုပ်ပေးတာကို မင်း သဘောတူတယ် မဟုတ်လား”

မုန့်ချောင်က ရုတ်တရက် ပြောလိုက်ရင်း၊ ထိုနေရာရှိ သက်ဆိုင်သူများကို ရင်ဆိုင်လိုက်ချိန်တွင် သူ၏ အကြည့်မှာ တည်ကြည်သွားပြီး တိန်ချောင်ထံသို့ အကြည့်ရောက်သွားချိန်တွင် ပို၍ပင် လေးနက်သွားလေသည်။

“သဘောတူပါတယ် စီနီယာ မုန့်ချောင်”

ယန်ချင်းက ပြောလိုက်ရင်း၊ လေးပွင့်ဆိုင် သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များ ပါဝင်သော ရွှေညိုရောင် သားရေစာရွက်ဟောင်း တစ်ရွက်ကို သူ့ထံသို့ ကမ်းပေးလိုက်သည်။

ကတိကဝတ် တံဆိပ်ခတ်နှိပ်ရန်သာ ကျန်တော့ပြီး၊ ထိုအရာကို မုန့်ချောင်က ပြုလုပ်ပေးမည် ဖြစ်သည်။

“တကယ်ကို နှမြောစရာပဲ။ ဒါပေမဲ့ ဘယ်သူသိနိုင်မှာလဲ... အဲဒီ စွမ်းအားကြီးမားလှတဲ့ လက်ဝါးကြီးက ဒီတိုက်ကြီးကို နောက်တစ်ကြိမ် ထပ်ပြီး တုန်လှုပ်သွားစေနိုင်တာပဲလေ”

တိန်ချောင်ကို မြင်သောအခါ မုန့်ချောင်က သက်ပြင်းချလိုက်သည်။

“အဲဒီတုန်းကတော့ ငါ ဝင်မပါနိုင်ခဲ့ဘူး။ ဒါပေမဲ့ ခင်ဗျား ရှာဖွေနေတဲ့ အဖြေတွေကို ရှာတွေ့အောင်တော့ ငါ ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်” ဟု မုန့်ချောင် တွေးလိုက်မိသည်။

ထိုအချိန်က သူသည် နယ်မြေအဆင့်၏ သတ္တမအဆင့်တွင်သာ ရှိသေးသည်။ သူ၏ လုံခြုံရေးကို သေချာစေရန် ယုံကြည်မှု ရှိခဲ့သော်လည်း၊ ဝင်ရောက်စွက်ဖက်ရန်မူ မလုံလောက်ခဲ့ပေ။

ထိုအချိန်က အဖွဲ့အစည်းမှာလည်း အဆင့် ၂ အဖွဲ့အစည်း အများအပြားနှင့် ပတ်သက်နေပြီး၊ အရိပ်ထဲတွင် အဆင့် ၁ အဖွဲ့အစည်းတစ်ခု၏ လက်ရာများပင် ပါဝင်နေသည့် ကိစ္စရပ်များကို လွှမ်းမိုးကိုင်တွယ်နိုင်လောက်သည့် လုံလောက်သော အဆင့်တစ်ခုတွင် မရှိခဲ့ပေ။

သို့သော် လက်ရှိ အဖွဲ့အစည်းမှာ ထိုအချိန်က နုနယ်သေးသော အခြေအနေမျိုးနှင့် လုံးဝ ကွာခြားနေခဲ့ပြီ ဖြစ်သည်။

ယခုအခါ နေရာအနှံ့သို့ ပျံ့နှံ့နိုင်သည့် ခိုင်မာသော အမြစ်များကို ပိုင်ဆိုင်နေပြီဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ က ကျောက်စိမ်းလက်ဝါးဂိုဏ်းကို ဖျက်ဆီးခဲ့သည့် နောက်ကွယ်မှ ကြိုးကိုင်သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း ရှာဖွေဖော်ထုတ်ရန် မုန့်ချောင်က ထိုအရာများကို အသုံးပြုနေခဲ့သည်။

သူက တရားမျှတမှုကို လိုလားသောစိတ်ဖြင့် ထိုသို့ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ၊ ကျင့်ကြံသူတစ်ဦးအနေဖြင့် တိန်ချောင်အပေါ် ထားရှိသည့် လေးစားမှုကြောင့်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားများ ရှိနေပါလျက်နှင့်၊ သူ၏ဂိုဏ်းအတွက် လုံခြုံသော ခိုလှုံရာတစ်ခု ပေးစွမ်းနိုင်ရန် မထင်မရှား နေထိုင်ရန်သာ ရွေးချယ်ခဲ့သူဖြစ်သည်။.

သို့သော် အချိန်တန်၍ သူ လှုပ်ရှားရမည့်အချိန် ရောက်လာသောအခါ နေမင်းကြီးပင် မျက်စိကျိန်းလောက်အောင် တောက်ပစွာ စွမ်းဆောင်ခဲ့သူဖြစ်သည်။

မုန့်ချောင်မှာ သူ၏ ပြတ်သားမှုနှင့် ကိုယ်ရည်ကိုယ်သွေးကို မလေးစားဘဲ မနေနိုင်ခဲ့ပေ။ ထိုလေးစားမှုကပင် သူတို့၏ ဂိုဏ်းပျက်စီးရခြင်း နောက်ကွယ်မှ တရားခံကို စုံစမ်းစစ်ဆေးရန် သူ့ကို ဆုံးဖြတ်စေခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာကြာ ရှုပ်ထွေးခက်ခဲစွာ စုံစမ်းစစ်ဆေးပြီးနောက်၊ သူသည် အံ့အားသင့်ဖွယ်ရာ တွေ့ရှိချက်များကို ရှာဖွေတွေ့ရှိခဲ့ပြီး တရားခံကို ဖော်ထုတ်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

“အကယ်လို့ ငါ သံသယဖြစ်နေတဲ့အတိုင်းသာ ဆိုရင်၊ ခင်ဗျားရဲ့ ဂိုဏ်း ပျက်စီးသွားရတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို ခင်ဗျား ခံနိုင်ရည် ရှိပါ့မလားလို့ ငါ တွေးနေမိတယ်။”.

“မသိရတာကပဲ စီနီယာ့အတွက် တကယ်တော့ ကောင်းချီးတစ်ခု ဖြစ်နေနိုင်ပါတယ်”

မုန့်ချောင် တွေးလိုက်ရင်း၊ သူ၏ စိုးရိမ်ပူပန်မှုကို ယဉ်ကျေးသော အပြုံးဖြင့် ဖုံးကွယ်ကာ၊ ကျောက်ချီ၊ ဟန်ချင်းလင်း၊ လျိုယွမ်နှင့် တိန်ချောင်တို့အား ခေါင်းညိတ်ပြလိုက်လေသည်။

…

“စကြရအောင်”

မုန့်ချောင်က ပြောလိုက်ရင်း ထိုသားရေစာရွက်ဟောင်းကို လေထဲသို့ ညင်သာစွာ ပစ်တင်လိုက်ရာ၊ ၎င်းမှာ လေထဲတွင် လွင့်မျောသွားပြီး ရှေးဟောင်း သင်္ကေတများနှင့် မှော်စာလုံးများက ထိုအပေါ်မှ လက်ခနဲ တောက်ပလာလေသည်။

“ငါ မုန့်ချောင်သည် အဖွဲ့အစည်းကို ကိုယ်စားပြု၍၊ ကြာပန်းဝါဂိုဏ်းမှ ဂိုဏ်းချုပ် ဟန်ချင်းလင်း၊ တောင်ကျစမ်းရေစံအိမ်မှ လျိုယွမ်၊ ကျောက်ချီ နှင့် တိန်ချောင် တို့ကြား ပြုလုပ်ထားသော သဘောတူညီချက် စာချုပ်အတွက် သက်သေအဖြစ် ရပ်တည်ကာ ချည်နှောင် တံဆိပ်ခတ်နှိပ်ပေးမည်။”

“ချည်နှောင်လော့”

သူက ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

သူ၏ လေသံမှာ ညင်သာသော်ငြားလည်း၊ ဧရာမ မိုးကြိုးပစ်ချသံကြီးက တရားရုံးတော်ကို ရိုက်ခတ်သွားသကဲ့သို့ အသံထွက်ပေါ်လာပြီး၊ ရှစ်ထောင့်ကြယ်စက်ဝိုင်းတစ်ခုက သူ၏ ခြေအောက်တွင် ပေါ်လာကာ တရားရုံးတော် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

တရားရုံးတော် အတွင်းရှိ မြင်ကွင်းမှာ ကောင်းကင်ယံသို့ ပြောင်းလဲသွားသည့်အလား နက်ရှိုင်းသော အပြာရောင် နောက်ခံက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး၊ လ၊ နေ နှင့် ကြယ်များ ကဲ့သို့သော ကောင်းကင်ဘုံဆိုင်ရာ သင်္ကေတများက စက်ဝိုင်းတစ်ဝိုက်တွင် လက်ခနဲ တောက်ပလာကြသည်။

ထိုသားရေစာရွက်သည် ဗဟိုချက်သို့ လွင့်မျောသွားပြီး၊ ရှေးဟောင်း သင်္ကေတများက ရွှေရောင် သံကြိုးများအဖြစ် ပြောင်းလဲသွားကာ အမည်ဖော်ပြခံရသူ တစ်ဦးချင်းစီ၏ လက်ကောက်ဝတ်များတွင် အလိုအလျောက် ရစ်ပတ် ချည်နှောင်သွားကြလေသည်။

သံကြိုးများက သူတို့၏ လက်ကောက်ဝတ်များကို မြဲမြံစွာ ချည်နှောင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် သားရေစာရွက်ပေါ်တွင် သူတို့၏ အမည်များ အားလုံး ပေါ်လာလေသည်။

ထို့နောက် ရွှေရောင်သံကြိုးသည် အလင်းစက်ငယ်လေးများအဖြစ် ပြောင်းလဲသွားပြီး၊ သားရေစာရွက်ပေါ်တွင် နောက်ဆုံးစာလုံး ရေးသားပြီးစီးချိန်၌ လုံးဝ ပျောက်ကွယ်သွားကာ တရားရုံးတော်မှာ ပုံမှန် အသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားလေသည်။

ဟန်ချင်းလင်း၊ လျိုယွမ်၊ ကျောက်ချီ နှင့် တိန်ချောင်တို့ အားလုံးသည်၊ သဘောတူညီချက် ပြီးမြောက်သောအခါ သို့မဟုတ် ဖောက်ဖျက်သောအခါမှသာ ပေါ်ထွက်လာမည့် ကတိကဝတ် အင်အားစု တစ်ခုခုဖြင့် သူတို့၏ ဝိညာဉ်အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွင် အချင်းချင်း အပြန်အလှန် ချိတ်ဆက်မိသွားကြောင်းကို ခံစားလိုက်ကြရသည်။

“ဒါက”

ကတိကဝတ် တံဆိပ်ခတ်နှိပ်ခြင်းမှ ထွက်ပေါ်လာသော ဖော်ပြ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားသည့် အင်အားကို ခံစားလိုက်ရသောအခါ တိန်ချောင်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားလေသည်။

ထိုအရာက သူ့ကို ခြိမ်းခြောက်လာမည့် မည်သည့်အရာကိုမဆို အလိုအလျောက် ကာကွယ်ပေးမည့် သူ၏ သူတော်စင်အဆင့် ရတနာကိုပင် ကျော်လွန်သွားနိုင်ခဲ့သည်။

သူ၏ရတနာမှာ အသက်ဝင်လာခဲ့သော်လည်း၊ အတင်းအကျပ် ဖိနှိပ်ခံလိုက်ရပြီး အိပ်မောကျသွားပုံရသည်။”

“၎င်းမှာ အပြည့်အဝ အသက်မဝင်သေးလျှင်တောင်မှ စစ်မှန်သော သူတော်စင်အဆင့် ရတနာတစ်ခု ဖြစ်သည်။ သို့သော် မုန့်ချောင်၏ အရှေ့တွင်မူ ၎င်းမှာ ကစားစရာ တစ်ခုသာသာ ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။”

တိန်ချောင် သိထားသလောက်ဆိုလျှင်၊ သူတော်စင်အဆင့် ရတနာတစ်ခုကသာ အခြားသော သူတော်စင်အဆင့် ရတနာတစ်ခုကို ဖိနှိပ်နိုင်စွမ်းရှိသည်။

သို့သော် အနီးတစ်ဝိုက်တွင် ထိုအဆင့်ရှိ မည်သည့်ရတနာကိုမျှ သူ မခံစားရပေ။ သားရေစာရွက်မှာ အကောင်းဆုံးမှ ဧကရာဇ်အဆင့် ရတနာတစ်ခုသာ ဖြစ်သည်။

တိန်ချောင် စဉ်းစား၍ရနိုင်သော တစ်ခုတည်းသော ရှင်းလင်းချက်များမှာ မုန့်ချောင်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခြင်း သို့မဟုတ်၊ သူ ကျွမ်းကျင်မှု မြင့်မားစွာ ပိုင်ဆိုင်ထားသည့် ခရမ်းရောင်အဆင့် ကျင့်စဉ်တစ်ခုကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ပေမည်။

ထိုအချက်များထဲမှ မည်သည့်အချက်က မှန်ကန်နေစေကာမူ သူ၏ နှလုံးသားထဲသို့ ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများ ရိုက်ခတ်သွားစေခဲ့သည်။

“ဘာလို့ သူလို အဆင့်အတန်းရှိတဲ့လူက ဒီကို ရောက်လာရတာလဲ။ ငါက ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တစ်ဝက် ကျွမ်းကျင်သူဆိုပေမဲ့ အဲဒါက နာမည်ခံသက်သက်ပဲလေ။”

“‘နဂါးငွေ့တန်း လခြမ်းပုလဲ’ရဲ့ အကာအကွယ်မရှိတဲ့ ငါ့ရဲ့ လက်ရှိအခြေအနေမှာ နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကတောင် ငါ့ကို အလွယ်တကူ ထိခိုက်စေနိုင်တယ်။”

“ ငါ့ရဲ့ အစွမ်းအထက်ဆုံး အချိန်မှာတောင် အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်မရှိတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တစ်ဝက် ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။”

All Chapters