← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 29 Ch. 285-286

အခန်း (၂၈၅) သူ့ကို သတ်လိုက်

"သူက အဆင့်တက်ဖို့ ကြိုးစားနေတာလား။ အရေးကြီးတဲ့ ကိစ္စ မဟုတ်ရင်တော့ တော်ပါသေးတယ်" လုံချန်းက ရေရွတ်လိုက်သည်။

"ဒါနဲ့... ငါ ဒီနေရာကနေ ဘယ်လိုထွက်ရမလဲဆိုတာ နင် စဉ်းစားလို့ရလား" လုံချန်းက မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ရွှင်းကို ကြည့်ကာ မေးလိုက်သည်။

"နည်းလမ်းအချို့ ရှိမယ်ထင်တယ်။ တစ်ခုကတော့ နင် ဒီမှာ ပိတ်မိနေတုန်း ဟင်းလင်းပြင် နိယာမအပေါ် နားလည်သဘောပေါက်မှုကို မြှင့်တင်ဖို့ပဲ" ရွှင်းက ပြန်ဖြေသည်။

"အဲဒါက အချိန်အကြာကြီး ပေးရမှာလေ။ တခြားနည်းလမ်းရော" သူက ထပ်မေးသည်။ နိယာမတစ်ခုကို ထိုးထွင်းသိမြင်ဖို့အတွက် ဤနေရာတွင် နှစ်ပေါင်းများစွာ စောင့်ဆိုင်းမနေချင်ပေ။

"ဒုတိယနည်းလမ်းကတော့ လန်ကျင်း ဆိုတဲ့လူနဲ့ စကားပြောဖို့ပဲ။ သူ နင့်ကို မသတ်ခဲ့တာဆိုတော့ နင့်ဆီက သူအလိုရှိတဲ့အရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။ နင့်ရဲ့ လွတ်မြောက်မှုအတွက် သူနဲ့ ညှိနှိုင်းလို့ရတယ်" သူမက နောက်ထပ် အကြံပြုချက်တစ်ခု ပေးသည်။

"ငါ သူ့ကို ဘာပေးနိုင်မှာလဲ။ သူကိုယ်တိုင် ပြောခဲ့သလိုပဲ ငါ့ရဲ့ ဟင်းလင်းပြင်နိယာမ အသိပညာက သူများကို ပေးလို့ရတာမှ မဟုတ်တာ။ ဒါကြောင့် သူ့ကို ကူညီဖို့ ငါ့မှာ ဘာမှမရှိဘူး" လုံချန်းက သံသယဖြစ်ဖွယ် မျက်နှာထားဖြင့် ဆိုသည်။

"အဲဒါကိုတော့ သူပဲ ဆုံးဖြတ်ပါစေ။ သူကိုယ်တိုင် နင့်ဆီ ရောက်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ပြောရရင် စောစောက နင် တံခါးကို ထိုးနှက်လိုက်တာကြောင့် အပြင်က အစောင့်တွေ သိသွားလောက်ပြီဆိုတော့ သူ အခု လမ်းမှာ ရောက်နေလောက်ပြီ" သူမက အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။

"ဒါဆို ငါ လုပ်နိုင်တာက စောင့်ဖို့ပဲပေါ့" လုံချန်းက အောက်ကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဟေး... ငါ့ကို တစ်ခုလောက် ပြောပြပါဦး။ တကယ်လို့ ငါသာ သေသွားရင် နင် ဘာဖြစ်သွားမလဲ" လုံချန်းက မေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ ငါရော ဒီလက်စွပ်ရောက နင်နဲ့အတူတူ ပျက်စီးသွားမှာပေါ့" ရွှင်းက ပြုံးလျက် ဆိုသည်။

လုံချန်းသည် သူမ၏ စကားကြောင့် မှင်တက်သွားရသည်။ သူမသည် ဤကဲ့သို့သော အကြောင်းအရာကို ပြုံးပြုံးလေး ပြောနိုင်သည်အား သူ မယုံကြည်နိုင်ပေ။

"ပျက်စီးသွားမယ် ဟုတ်လား။ ဘာလို့လဲ။ နင်က တတိယမြောက် ဆက်ခံသူကို သွားမရှာဘူးလား" သူက မေးသည်။

"မရှာပါဘူး။ ဒီလက်စွပ်က ဆက်ခံသူ နှစ်ယောက်အတွက်ပဲ ရည်ရွယ်ပြီး ဖန်တီးထားတာ။ လက်စွပ်ထဲမှာ သွေးစက် နှစ်စက်ပဲ ရှိခဲ့တာလေ။ တစ်စက်က ထျန်းရှန်ကို ပေးခဲ့ပြီး ဒုတိယတစ်စက်ကတော့ နင့်ကို ပေးခဲ့တာ။ တကယ်လို့ နင် သေသွားရင် ငါ့အတွက်ရော၊ လက်စွပ်အတွက်ရော ဘာရည်ရွယ်ချက်မှ ရှိတော့မှာ မဟုတ်ဘူး" သူမက သက်ပြင်းချရင်း ပြောသည်။

လုံချန်း သူမကို ပြန်ပြောရန် ပြင်စဉ်မှာပင် တံခါးပွင့်လာသည်။ မှောင်မည်းနေသော အခန်းထဲသို့ အလင်းရောင်များ ဝင်ရောက်လာသည်။

လူတစ်ယောက် အခန်းထဲသို့ ဝင်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ ထိုလူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း မျက်နှာဖုံး မစွပ်ထားပေ။ မျက်နှာဖုံးမပါဘဲ လုံချန်းသည် ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုလူမှာ အသက် ၄၀ အစောပိုင်းခန့် ရှိပုံရသည်။ သူ၏ နဖူးပေါ်တွင် မိုးကြိုးသင်္ကေတနှင့် တူသော အမာရွတ် သေးသေးလေးတစ်ခု ရှိသည်။

"မင်း နိုးလာပြီပဲ" ထိုလူက ဆိုသည်။

လုံချန်း ထိုအသံကို မှတ်မိသည်။ ၎င်းမှာ သူ့ကို အနိုင်ယူခဲ့သော မျက်နှာဖုံးစွပ်လူ၏ အသံပင် ဖြစ်သည်။

"ခင်ဗျား ဘာလို့ ကျုပ်ကို မသတ်ခဲ့တာလဲ" လုံချန်းက တိုက်ရိုက်ပင် မေးလိုက်သည်။

"မင်းက သေဖို့ အဲလောက်တောင် စိတ်အားထက်သန်နေတာလား" ထိုလူက စိတ်ဝင်တစားရှိသော မျက်နှာထားဖြင့် ဆိုသည်။

"သိပ်ပြီး လေးနက်မနေပါနဲ့။ မင်းကို အသက်ချမ်းသာပေးခဲ့တာ ငါ့ရဲ့ ကိုယ်ကျိုးအတွက်လည်း ပါပါတယ်။ ငါ့ရဲ့ ပန်းတိုင်တစ်ခု အောင်မြင်ဖို့ မင်းရဲ့ အကူအညီ လိုတယ်။ အတိအကျပြောရရင် မင်း နိယာမရဲ့ အကူအညီပေါ့" ထိုလူက ပြုံးလျက် ပြောသည်။

"ဘာပန်းတိုင်လဲ။ ပြီးတော့ ကျုပ်က ဘာလို့ ကူညီရမှာလဲ" လုံချန်းက စူးစမ်းလိုက်သည်။ ၎င်းမှာ သူ သိလိုသော အဓိက မေးခွန်းဖြစ်သည်။

"အချိန်တန်ရင် မင်း သိရမှာပါ။ အခုလောလောဆယ်တော့ ငါက မင်းရဲ့ ကယ်တင်ရှင်ဆိုတာပဲ သိထားဖို့ လိုတယ်။ မင်းရဲ့ ဒဏ်ရာတွေက ငါထင်တာထက် ပိုပြင်းထန်နေလို့ ငါ့ရဲ့ အဖိုးတန် အသက်ပေး ဆေးလုံးကိုတောင် သုံးခဲ့ရတယ်" ထိုလူက ပြောသည်။

"အဲဒီဒဏ်ရာတွေက ခင်ဗျားကိုယ်တိုင် ပေးခဲ့တာ မဟုတ်ဘူးလား" လုံချန်းက ရွဲ့ကာ ပြောလိုက်သည်။

"မင်းသာ လိုချင်သေးရင် ငါ နောက်ထပ် ဒဏ်ရာတွေ ထပ်ပေးလို့ရပါသေးတယ်" ထိုလူက လုံချန်းကို စိုက်ကြည့်ရင်း ခနဲ့ပြုံးဖြင့် ဆိုသည်။

"ဪ... ဒါနဲ့။ မင်းကို ငါ ကူညီပေးနေတုန်းမှာပဲ ထူးခြားတဲ့ အရာတစ်ခု မင်းကို ကျွေးထားသေးတယ်ဆိုတာ ပြောပြဖို့ မေ့နေတာ။ အဲဒါက ငါကိုယ်တိုင် ဖော်စပ်ထားတဲ့ အဆိပ်ပဲ" ထိုလူက အရေးကြီးသော အရာတစ်ခုကို ရုတ်တရက် သတိရသွားသည့်အလား ပြောလိုက်သည်။

"အဲဒီအဆိပ်က အပတ်တိုင်း ငါပေးတဲ့ အထူးဆေးလုံးကို သောက်နေသရွေ့တော့ မင်းကို ဘာမှ မဖြစ်စေပါဘူး။ ဒါပေမဲ့ ဆေးသောက်ဖို့ တစ်ကြိမ်လောက် လွဲသွားတာနဲ့ မင်း သေရလိမ့်မယ်။ အဆိပ်တစ်ရာ ကုသဆေးလုံးတောင် ငါ့ရဲ့ အထူးအဆိပ်ကို မပျယ်နိုင်ဘူး" သူက ဆက်ပြောသည်။

"ငါ ခိုင်းတဲ့အလုပ် ပြီးသွားရင်တော့ အဆိပ်ဖြေဆေး အပြီးအပိုင် ပေးမှာပါ။ ပြီးတော့ မင်း သဘောတူမယ်ဆိုရင် မင်းကို ငါ့ရဲ့ တိုက်ရိုက်တပည့် အဖြစ် လက်ခံဖို့လည်း အသင့်ပဲ" သူက ထပ်လောင်း ဆိုသည်။

"အဆိပ်အကြောင်းတော့ ကျုပ် နားလည်ပါပြီ။ ဒါပေမဲ့ ဘာလို့ တိုက်ရိုက်တပည့် အဖြစ် လက်ခံချင်ရတာလဲ" လုံချန်းက ထိုလူကို ကြည့်ကာ မေးလိုက်သည်။

"အကြောင်းရင်း နှစ်ခု ရှိတယ်။ ပထမတစ်ခုက မင်းရဲ့ ပါရမီကို ငါ တကယ် သဘောကျလို့ မင်းကို ငါ့တပည့် ဖြစ်စေချင်တယ်။ ဒုတိယကတော့ အဲဒါက ဂိုဏ်းထဲမှာ မင်းကို အကာအကွယ် ပေးလိမ့်မယ်။ အခြား အနက်ရောင်ဝတ်ရုံ အကြီးအကဲတွေကို မင်းကို အသက်ချမ်းသာပေးဖို့ ငါပေးထားတဲ့ ဆင်ခြေပေါ့" ထိုလူက ရှင်းပြသည်။

"မုဆိုးကြယ်နဲ့ ကျုပ်ရဲ့ဓားကော ဘယ်မှာလဲ" လုံချန်းက သူ့စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်နေသော မေးခွန်းကို မေးလိုက်ပြန်သည်။

"မုဆိုးကြယ် ဟုတ်လား။ ဪ... မိစ္ဆာမုဆိုးသားရဲကို ပြောတာလား။ သူ ဘေးကင်းပါတယ်၊ မစိုးရိမ်ပါနဲ့။ ငါ ခိုင်းတဲ့အလုပ် ပြီးရင် မင်းရဲ့ မုဆိုးကြယ်ကို ပြန်ပေးမယ်။ မင်းရဲ့ဓားကတော့... ဒီမှာ" ထိုလူက ပြောဆိုကာ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ထုတ်ယူပြီး လုံချန်းထံသို့ ပစ်ပေးလိုက်သည်။

"ဒါက ဓားကောင်းတစ်လက်ပါပဲ၊ နှမြောစရာကောင်းတာက သူ့ရဲ့အဆင့်က အရမ်းနိမ့်နေတာပဲ" ထိုလူက ဆိုသည်။

လုံချန်းသည် ဓားကို ဖမ်းယူကာ မတ်တပ်ရပ်လိုက်သည်။ သူသည် ထိုလူထံသို့ ဓားဖြင့် ချိန်ရွယ်လိုက်သည်။

"ကျုပ်က ကျုပ်အသက်ထက် လက်စားချေတာကို ပိုပြီး မရွေးချယ်ဘူးလို့ ခင်ဗျား ဘာလို့ ထင်နေရတာလဲ" လုံချန်းက ပြောဆိုရင်း သူ၏ ကျင့်ကြံခြင်း စွမ်းအားကို စတင် အသုံးပြုလိုက်သည်။

"ငါ ပြောစရာရှိတာ ပြောပြီးပြီ။ အခု မင်း ဘာလုပ်ချင်သလဲဆိုတာက မင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ မင်း သေမလား၊ ဒါမှမဟုတ် ငါ့ကို ကူညီပြီး ငါ့တပည့် ဖြစ်မလား။ အဲဒါဆိုရင် ဝိညာဉ်နက်ဂိုဏ်းထဲမှာ မင်းရဲ့ အဆင့်အတန်းက မြင့်မားသွားလိမ့်မယ်" လန်ကျင်းက ပြုံးလျက် ဆိုသည်။

လုံချန်း ထိုနေရာတွင် ရပ်နေစဉ် သူ၏ စိတ်ထဲတွင် အသံတစ်သံက စကားပြောနေသည်။ ၎င်းမှာ နှလုံးသားမိစ္ဆာ၏ အသံပင် ဖြစ်သည်။

ထိုအသံသည် အရာတစ်ခုတည်းကိုသာ ထပ်တလဲလဲ ပြောဆိုနေသည်။ လုံချန်းက ထိုလူကို သတ်ပစ်စေချင်သည့်အလား တစ်ချိန်လုံး ထပ်ခါတလဲလဲ ပြောနေလေတော့သည်။

"လုပ်လိုက်စမ်း၊ သူ့ကို သတ်လိုက်။ ငါတို့ ဒီကနေ လွတ်မြောက်နိုင်တယ်"

အခန်း (၂၈၆) လူသိရှင်ကြား မလုပ်နဲ့

သူ၏ စိတ်ထဲတွင် အသံတစ်သံက အရာတစ်ခုတည်းကိုသာ ထပ်တလဲလဲ ပြောနေသည်။

"လုပ်လိုက်စမ်း၊ သူ့ကို သတ်လိုက်။ ငါတို့ ဒီကနေ လွတ်မြောက်နိုင်တယ်"

"မင်း ငါ့ကို သတ်နိုင်လို့လား။ သတ်နိုင်ရင်လည်း သတ်ကြည့်လေ" ထိုလူက ဆိုသည်။ သူသည် ခဏလေးမျှပင် ကြောက်ရွံ့နေသည့်ပုံ မပေါ်ပေ။

လုံချန်းသည် ဓားဖြင့် ထိုလူအား ဆက်လက်ချိန်ရွယ်ထားသော်လည်း နောက်ဆုံးတွင်တော့ ဓားကို ပြန်နှိမ့်ချလိုက်သည်။ ထိုလူကို အနိုင်ယူနိုင်မလားဆိုသည်မှာ အသာထား၊ အနိုင်ယူနိုင်ခဲ့လျှင်ပင် သူ ဤနေရာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူ လွတ်မြောက်နိုင်ခဲ့လျှင်ပင် မုဆိုးကြယ်နှင့် သူ၏ဓားကော မည်သို့ ဖြစ်သွားမည်နည်း။ မုဆိုးကြယ်မှာ သူ၏ ရဲဖော်ရဲဖက်ဖြစ်ပြီး၊ ထိုဓားမှာလည်း သူတော်စင်ဘုရင် ရှန်းဝူ၏ အမွေအနှစ်ကို ရယူရန် သော့ချက်များထဲမှ တစ်ခု ဖြစ်သည်။

လုံချန်းသည် ဓားအား ချလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်း ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဒူးထောက်လျက် လဲကျသွားသည်။ လုံချန်း၏ တုံ့ပြန်မှုကို မြင်လိုက်ရသည့်အခါ လန်ကျင်းပင် မှင်တက်သွားရသည်။ လုံချန်းသည် သူ၏ နှလုံးသားမိစ္ဆာကြောင့် ဝေဒနာခံစားနေရသည်ကို သူ မသိပေ။

လုံချန်းသည် သူ၏ နှလုံးသား ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသဖြင့် ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဖိထားမိသည်။

"ငါ မင်းကို အတင်းအကျပ် မခိုင်းဘူးဆိုတာက မင်းရဲ့ အလိုဆန္ဒတွေကို လျစ်လျူရှု ပိုင်ခွင့်ရှိတယ်လို့ မဆိုလိုဘူး။ ငါ့ကို အတင်းအကျပ် မလုပ်ခိုင်းစေနဲ့။ ဒါက အပြစ်ဒဏ် သေးသေးလေးပဲ ရှိသေးတယ်" နှလုံးသားမိစ္ဆာ၏ ရက်စက်သော အသံက ဦးနှောက်ထဲတွင် ပေါ်လာသည်။

လန်ကျင်းသည် ဒူးထောက်ထိုင်နေသော လုံချန်းကို ကြည့်ကာ စဉ်းစားနေမိသည်။ "မင်း နေမကောင်းဘူးလား" သူက နောက်ဆုံးတွင် မေးလိုက်သည်။

လုံချန်းက ဘာမှ ပြန်မပြောဘဲ ရင်ဘတ်ကိုသာ ဖိထားပြီး သူ၏ အသက်ရှူသံ မှန်ကန်သွားအောင် ကြိုးစားလိုက်သည်။ ခဏအကြာတွင် သူ သက်သာသွားပြီး မတ်တပ်ရပ်လိုက်သည်။ သို့သော် ဤနာကျင်မှုမှာ သူ ခံစားဖူးသမျှထဲတွင် အဆိုးဝါးဆုံး ဖြစ်ကြောင်း သူ သေချာပေါက် သိလိုက်သည်။

"မင်း အခု သက်သာသွားပုံရပြီပဲ" လန်ကျင်းက သူ၏ မေးစေ့ကို ပွတ်ရင်း လုံချန်းကို အကဲခတ်ကာ ပြောလိုက်သည်။

"ကဲ... ငါ့ရဲ့ ကမ်းလှမ်းချက်ကို မင်း လက်ခံလား။ မင်းက အကျဉ်းသား မဟုတ်ဘဲ ငါ့ရဲ့ တပည့်တစ်ယောက် ဖြစ်လာမှာပါ" လန်ကျင်းက ပြုံးလျက် ဆိုသည်။

"ခင်ဗျားရဲ့ တောင်းဆိုချက်ကို ကျုပ်လက်ခံပေးမယ်။ ကျုပ် ခင်ဗျားကို ကူညီမယ်... ဒါပေမဲ့ ခင်ဗျားကို ဆရာအဖြစ်တော့ ကျုပ် အသိအမှတ်မပြုဘူး။ ခင်ဗျားမှာ အဲဒီလို အရည်အချင်း မရှိဘူး" လုံချန်းက ပြန်ဖြေလိုက်သည်။

"ဟားဟားဟား... ငါ့မှာ အရည်အချင်းမရှိရင် ဘယ်သူ့မှာ ရှိမှာလဲကွာ။ ထားပါတော့၊ မင်း ကြိုက်သလို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်တန်ရင်တော့ မင်း ငါ့ကို ကူညီရမယ်။ အခု ငါ့နောက်ကို လိုက်ခဲ့" လန်ကျင်းက ပြောသည်။

သူသည် နောက်လှည့်ကာ တံခါးပြင်ပသို့ ထွက်ခွာသွားသည်။ လုံချန်းကလည်း သူ့နောက်မှ လိုက်သွားသည်။

'ငါလည်း သူ့ကို သတ်ချင်တာပေါ့။ အခု ဒီနေရာမှာတင် သူ့ကို သတ်ပစ်ချင်တာ။ ဒါပေမဲ့ ငါ့ရဲ့ စိတ်အလိုကို အရှုံးမပေးနိုင်ဘူး။ သူ့ကို မကြာခင် ငါ သတ်မှာပါ။ အရင်ဆုံး ငါ မုဆိုးကြယ်ကို ရှာရမယ်၊ ပြီးတော့ ငါ့ကိုယ်ထဲက အဆိပ်ကို ကုရမယ်' သူ တွေးလိုက်သည်။ သူသည် မိမိကိုယ်ကိုယ် စကားပြောနေခြင်းလား၊ သို့မဟုတ် နှလုံးသားမိစ္ဆာကို ပြောနေခြင်းလား ဆိုသည်ကိုတော့ သူ မဝေခွဲနိုင်ပေ။

လုံချန်း အပြင်သို့ ထွက်လာသည့်အခါ ဤနေရာမှာ တကယ်ပင် အကျဉ်းထောင်တစ်ခု ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူနေခဲ့သည့် အခန်းမျိုး ရာနှင့်ချီ၍ ရှိနေသည်။ ထိုနေရာတွင် ဆူညံသံများစွာလည်း ထွက်ပေါ်နေသည်။ လုံချန်းကဲ့သို့ပင် တံခါးကို ဖျက်ဆီးပြီး ထွက်ပြေးချင်နေသူမှာ သူတစ်ယောက်တည်း မဟုတ်ပုံရသော်လည်း တံခါးများမှာ အလွန်ပင် ခိုင်ခံ့လွန်းလှသည်။

"လုံချန်း၊ ငါ နင့်ကို ပြောစရာ တစ်ခုရှိတယ်။ ဟိုလူ အခန်းထဲ ဝင်လာတုန်းက ငါ ပြောမလို့ပဲ။ သူ ထွက်သွားရင်တော့ ငါ နင့်ကို ပြောပြမယ်၊ ဒါပေမဲ့ အဲဒါက သတင်းကောင်းတော့ မဟုတ်ဘူး" ရွှင်းက သူ၏ ဘေးတွင် ဝဲပျံရင်း ပြောလိုက်သည်။

လုံချန်းက သူမကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ဒီနေရာက မင်းရဲ့ အိမ်သစ် ဖြစ်လာတော့မှာဆိုတော့ မင်း အရမ်း စောစောစီးစီး သေမသွားအောင် ဒီနေရာအကြောင်း နည်းနည်း ပြောပြပါရစေ" လန်ကျင်းက လုံချန်းကို ဆက်လက် ပြောပြသည်။

"ငါ အရင်က ပြောခဲ့သလိုပဲ၊ ငါတို့က ဝိညာဉ်နက်ဂိုဏ်းမှာ ရောက်နေတာ။ ဒါက လျှို့ဝှက်တဲ့ နေရာတစ်ခုမှာ တည်ရှိပြီး၊ ငါတို့ကတော့ မိစ္ဆာချိုင့်ဝှမ်းလို့ ခေါ်ကြတယ်" သူက ဆိုသည်။

"မြေကမ္ဘာအဆင့် ပျံသန်းနိုင်တဲ့ သားရဲမရှိဘဲ ဒီနေရာကနေ ထွက်သွားဖို့ မဖြစ်နိုင်ဘူး။ အဲဒီလို သားရဲရှိရင်တောင် ဂိုဏ်းတစ်ဂိုဏ်းလုံးကို မြေကမ္ဘာအဆင့် အကာအကွယ်နဲ့ ဖုံးအုပ်ထားတာကြောင့် ဝင်ဖို့ရော ထွက်ဖို့ရော မလွယ်ဘူး။ ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သူမှ ထွက်လို့မရဘူး" လန်ကျင်းက ထပ်လောင်း ရှင်းပြသည်။

"ဒီဂိုဏ်းက အင်အားကြီးသူက အရာရာကို ဆုံးဖြတ်တဲ့ စည်းမျဉ်းကို ကျင့်သုံးတယ်။ မင်းမှာ အင်အားရှိရင် ဘာမဆို လုပ်လို့ရတယ်။ ဒီနေရာက မင်းအတွက် အကောင်းဆုံးပဲလို့ ငါ ခံစားရတယ်။ ဒီမှာ မင်းရဲ့ မူလသဘာဝကို အပြည့်အဝ ဖော်ထုတ်လို့ရတယ်" သူက နောက်သို့ လှည့်ကြည့်ရင်း ခနဲ့ပြုံးဖြင့် ဆိုသည်။

"မင်း အနီရောင်ဝတ်ရုံတွေကို သတ်နေတာ မြင်ကတည်းက ငါ သတိထားမိတယ်။ မင်းက သတ်သင့်လို့ သတ်နေတာ မဟုတ်ဘူး။ မင်း သတ်ဖြတ်နေရတာကို သဘောကျနေတာ။ သွေးချောင်းစီးနေတာကို ကြည့်ပြီး မင်း အရသာခံနေတာကို ငါ မြင်နေရတယ်" လန်ကျင်းက ဆိုသည်။

"မင်း ကိုယ်တိုင်တောင် သတိမထားမိသေးဘူး ထင်တယ်၊ ဒါပေမဲ့ မင်းက သတ်ဖြတ်ဖို့အတွက် မွေးဖွားလာတဲ့သူလို့ ငါ ခံစားရတယ်" လန်ကျင်းက လုံချန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

လုံချန်းသည် ထိုစကားများကို အလွန်လေးနက်စွာ နားထောင်ခဲ့သော်လည်း ဘာပြန်တွေးရမှန်း မသိပေ။ နောက်ဆုံးစကားကတော့ သူ့ကို အလေးအနက် စဉ်းစားသွားစေသည်။

သူသည် တကယ်ပင် သွေးချောင်း စီးနေသည်ကို လိုချင်နေသည်လား။ သူကိုယ်တိုင်တော့ ထိုသို့ မခံစားရပေ။ သို့သော် ယခု ပြန်စဉ်းစား ကြည့်လိုက်သည်တွင် သူ လူသတ်လိုက်တိုင်းမှာ ကျေနပ်မှုတစ်ခုကို အမြဲ ခံစားရတတ်သည်။ တစ်ခါမှ မရဖူးသော ကျေနပ်မှုမျိုးပင်။ ထိုကျေနပ်မှုက သူ သတ်ဖြတ်ရသည်ကို နှစ်သက်နေသည်လား။ သို့မဟုတ် တခြားတစ်ခုခုကြောင့်လား။ သူ တွေးတောနေမိသည်။

သူတို့သည် အကျဉ်းထောင်၏ စင်္ကြံရှည်ကြီးမှ ထွက်လာကာ ကွင်းပြင်သို့ ရောက်ရှိသွားကြသည်။ လုံချန်းသည် နောက်ဆုံးတွင် လတ်ဆတ်သော လေကို ရှူရှိုက်ခွင့် ရလိုက်ပြီး၊ အံ့သြစရာကောင်းသည်မှာ ဤနေရာမှ ဝိညာဉ်စွမ်းအင်မှာ သားရဲခန်းမထက်ပင် ပိုမို သိပ်သည်းနေခြင်း ဖြစ်သည်။

"ကောင်းတယ် မဟုတ်လား။ ဒါကြောင့်လည်း ဒီမှာ ဂိုဏ်းကို တည်ထောင်ခဲ့တာပေါ့။ မိစ္ဆာချိုင့်ဝှမ်းမှာရှိတဲ့ ဝိညာဉ်စွမ်းအင် သိပ်သည်းဆက ဒီနယ်မြေမှာ အမြင့်ဆုံးပဲ" လန်ကျင်းက ဆိုသည်။

"ဒါနဲ့... ငါ ပြောခဲ့သလို အင်အားကြီးရင် ဘာမဆို လုပ်လို့ရတယ်ဆိုပေမဲ့၊ မင်း မလုပ်သင့်တဲ့ အရာအချို့တော့ ရှိသေးတယ်။ ဥပမာ အကြီးအကဲတွေရဲ့ တပည့်တွေကို မသတ်နဲ့၊ အနည်းဆုံးတော့ လူသိရှင်ကြား မလုပ်နဲ့ပေါ့"

"သက်သေမရှိသရွေ့တော့ ပြဿနာမရှိပါဘူး။ တကယ်လို့ မင်း သတ်လိုက်ရင် သူတို့ရဲ့ ဆရာတွေက ပြဿနာလာရှာလိမ့်မယ်။ အခြေအနေ အတော်များများမှာ ငါ မင်းကို ကယ်ပေးနိုင်ပေမဲ့၊ အမြဲတမ်းတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ မင်း သိတဲ့အတိုင်းပဲ၊ မင်းက အနက်ရောင်ဝတ်ရုံ အကြီးအကဲ တစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်း မရှိသေးဘူးလေ" လန်ကျင်းက ပြောသည်။

"တကယ်လို့ ကျုပ်က ခင်ဗျားရဲ့ တပည့် တစ်ယောက်ကို သတ်လိုက်ရင်ရော" လုံချန်းက လှောင်ပြုံးဖြင့် မေးလိုက်သည်။

"မင်း သူ့ကို မသတ်နိုင်ပါဘူး" ထိုလူက ခေါင်းခါရင်း ပြောသည်။

"ဘာလို့လဲ၊ သူက ခင်ဗျားလောက် သန်မာလို့လား" လုံချန်းက မေးသည်။

"မဟုတ်ဘူး၊ သူက ငါ့ထက်တော့ အားနည်းပါတယ်။ သူက ဒီဂိုဏ်းမှာ ပါရမီအရှိဆုံး တပည့်တွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ သူက သားရဲဂိုဏ်းက အကြီးအကဲ တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်" သူက ပြန်ဖြေလေသည်။

All Chapters