← Chapters

ကောင်းကင်နယ်စားကို ဘာလို့ သောက်ဂရုစိုက်ရမှာတုံး

Vol. 8 Ch. 728

ကောင်းကင်နယ်စားကို ဘာလို့ သောက်ဂရုစိုက်ရမှာတုံး

Vol. 8 Ch. 728

မိုးခြိမ်းသံတမျှ ဖြန်းခနဲအသံကြီး မြည်ဟည်းသွားပြီး ချန်ရှုံး၏ ပါးစပ်မှ သွေးများပန်းထွက်သွားကာ သူ နောက်သို့ လွင့်ထွက်သွားသည်။

" မင်း ဗဟိုဧကရာဇ်မြို့တော်ထဲမှာ တိုက်ခိုက်ရဲတယ်ပေါ့လေ" သူက စူးစူးဝါးဝါးပြန်အော်၏။

" မင်းကြောင့် ငါလုပ်ရဲတာပဲ " ပိုင်ရှောင်ချန်းက အော်လိုက်သည်။

" မင်း ငါ့ကို ဝိညာဉ်ဆေး အကြွေးတင်နေတယ်လေ မိတ်ဆွေကြီး။ ငါ လုံးဝ မှန်တယ်နော် "

ထို့နောက် သူက ရှေ့တိုးလာပြီး ချန်ရှုံးကို ကန်ထည့်လိုက်ရာ လေထဲ မြောက်တက်သွားသည်။ တခဏကြာသော် ချန်ရှုံးသည် ဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ ကျောက်နံရံနှင့် အုန်းခနဲ ဝင်ဆောင့်သွားပြီး ထိုအထဲနစ်ဝင်သွားကာ မလှုပ်မယှက်ဖြစ်သွားတော့သည်။ သူ၏ အရိုးအများစုမှာ ကျိုးကြေသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ပရမ်းပတာဖြစ်သွား၏။ထို့နောက် သူ သတိလစ်သွားတော့သည်။

" ဟမ့်၊ အကြွေးမပေးပဲနေမယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ ကိုယ်တော်ပိုင်ကို အကြွေးပေးစရာရှိရင် ပေးကွ"

ပိုင်ရှောင်ချန်းအတွက် ဤပန်းရောင်ဝတ်ရုံနှင့်လူယုတ်မာသည် ကလိမ်ကကျစ်ကောင်ဖြစ်သည်။ သူက သူ့ခြေထောက်နှင့်သူလာပြီး လောင်းရန် အကြုံပြုပြီးနောက် ထွက်ပြေးရန် ကြိုးစားခဲ့သည်။ ထိုသည်က ဤလူယုတ်မာ မည်မျှစိတ်ကြီးဝင်နေကြောင်း ဖော်ပြနေပြီး ပိုင်ရှောင်ချန်း၏ဘဝတွင် အမုန်းဆုံးတစ်ခုက သူ့ကို လူအများ အထင်သေးခြင်းဖြစ်သည်။

နံရံထဲတွင် သတိလစ်လျက် စိုက်နေသည့် ချန်ရှုံးကို လှမ်းကြည့်ရင်း သူ၏တာအိုအစောင့်အရှောက်နှစ်ယောက်သည် ချက်ချင်းပင် ပိုင်ရှောင်ချန်းကို ဒေါသတကြီးအော်ဟစ်လေသည်။

" အတင့်ရဲလိုက်တာ ပိုင်ဟောက် "

" ချန်ရှုံးက ငါတို့ ချန်မျိုးနွယ်စုရဲ့ ပါရမီရှင်ကွ။ ငါတို့ရဲ့ စွမ်းအားအကြီးဆုံး ခေါင်းဆောင်ကြီးက လက်ရှိ ကောင်းကင်နယ်စားတစ်ယောက်ကွ"

" ကောင်းကင်နယ်စား "

စိုးရိမ်ကြောက်လန့်မှုများက ပိုင်ရှောင်ချန်းကို ကြက်သီးတဖြန်းဖြန်းထသွားစေတော့သည်။ မြေရိုင်းဒေသတွင် ကောင်းကင်နယ်စားများသည် နတ်အဆင့်၏ အထွတ်အထိပ်ရှိသည့် လူများ မဟုတ်ပါလော။ နယ်စား သေမင်းအော်သံကဲ့သို့ နယ်စားများသည် မြေနယ်စားများသာ ဖြစ်သည်။

သို့သော် ပိုင်ရှောင်ချန်းသည် သူမှန်သည်ဟု တထစ်ချ ယုံကြည်သည့်အပြင် ဤ ချန်ရှုံးက ပြဿနာအရင်လာရှာသူဖြစ်သည်။ သူသည် လောင်းကြေးကို အဆိုပြုသူဖြစ်ပြီး ထွက်ပြေးရန် ကြိုးစားသူလည်း ဖြစ်သည်။ ပိုင်ရှောင်ချန်း လုံးဝမမှားပေ။ ထို့အပြင် ဤလူများအားလုံးအရှေ့တွင် ကြောက်စရာအကြောင်းလည်း မရှိချေ။

သူက အံတင်းတင်းကြိတ်ရင်း တာအိုစောင့်ရှောက်သူများကို စိန်းစိန်းဝါးဝါး ကြည့်ကာ ပြောသည်။

" ဘယ်သူက ကောင်းကင်နယ်စားတွေကို ဂရုစိုက်လို့တုံး။ သရဲကြီးမြို့တော်မှာတုန်းက နတ်ဘုရားတစ်ပိုင်းကိုတောင် ကျုပ် ပြန်ပေးဆွဲခဲ့သေးတယ်"

ထို့နောက် သူက ပုံမှန်အတိုင်း အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက်သည် တာအိုစောင့်ရှောက်သူနှစ်ယောက်ကို သယ်ဆောင်သွားပြီး ချန်ရှုံးဘေးရှိ နံရံကို တိုက်ချပစ်လိုက်ရာ သူတို့လည်း သတိလစ်သွားတော့သည်။

ဘေးမှ ရပ်ကြည့်နေသူများအားလုံး ထိုအဖြစ်အပျက်ကုန်စင်ကို မြင်သောအခါ ပင့်သက်ရှိုက်သွားကြသည်။ လူတိုင်းမှာ ပိုင်ရှောင်ချန်း၏ ရဲစွမ်းသတ္တိရှိသော အပြုအမူကို အထင်ကြီးသွားပြီး ထိုမတော်တဆမှုသတင်းက ပျံနှံ့လာလေသည်။

ထို့နောက် ပိုင်ရှောင်ချန်းက လက်နှစ်ဖက်ကိုနောက်ပစ်၍ ဂုဏ်ယူစွာ ပြောသည်။

" လက်ထောက်ဝိညာဉ်လေးရေ၊ ဆိုင်ကို ပိတ်လိုက်ပါ "

ကြောက်ရွံမှုများဖြင့် ရင်တဒိန်းဒိန်းခုန်ရင်း ပိုင်ဟောက်က ဖောက်သည်များအားလုံးကို အပြင်သို့ အလျင်အမြန် ပို့ဆောင်ပြီး အရှေ့တံခါးကို ပိတ်လိုက်သည်။

လာရောက်ကြည့်ရှုကြသော ဝိညာဉ်ကျင့်ကြံသူများအားလုံးသည် မြင်ခဲ့ရသောအရာများကြောင့် အံ့သြတုန်လှုပ်နေတော့သည်။ အမှန်တကယ်တော့ လူနည်းစုသာ ထွက်သွားကြလေသည်။ ချန်မျိုးနွယ်စုမှ ကောင်းကင်နယ်စားက ယခုကိစ္စကို သည်အတိုင်း လွှတ်ထားမည်မဟုတ်ရာ လူအများသည် နောက်ထပ်ဖြစ်လာမည်ကို ကြည့်ချင်နေကြသည်။

" အခုကစပြီး ဒီစိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်က ဗဟိုဧကရာဇ်မြို့တော်မှာ သေချာပေါက် နာမည်ကြီးမှာပဲ"

" ဆယ့်ငါးဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၊ အဲဒါနဲ့ သူ့နာမည်ရယ် ကဗျာစာတန်းရယ်နဲ့ လိုက်ဖက်ပါပေတယ် "

" ဘယ်သူက တွေးမိမှာတုန်း။ ပိုင်ဟောက်လို့ခေါ်တဲ့ ထိပ်တန်းဆရာတစ်ယောက် မြို့နယ်ရှစ်ဆယ့်ကိုး မှာ ပုန်းနေလိမ့်မယ်လို့။ ဘာလို့ ဒီနာမည်က ရင်းနှီးနေတာပါလိမ့် "

အမှန်တကယ်တော့ ချန်ရှုံး၏အော်ဟစ်ပြောကြားခဲ့သည်များကြောင့် လူတိုင်း ပိုင်ဟောက်နာမည်ကို သိသွားကြတော့သည်။ မကြာမီ လူများသည် ထိုနာမည်ကို တွေးကြည့်လာကြပြီး များမကြာမီ ဝိညာဉ်ကျင့်ကြံသူတစ်ယောက်က အံသြတုန်လှုပ်လျက် ထအော်၏။

" ပိုင်ဟောက်။ ကျုပ် အခု မှတ်မိပြီ။ သူက သရဲကြီးမြို့တော်က ပိုင်ဟောက် ဖြစ်ရမယ်။ သူက သူ့အဖေသူသတ်ပြီး ပုန်ကန်တုန်းက သရဲကြီးဘုရင်ကို ကူညီခဲ့တယ်။ သူက ဝိညာဉ်ရေနွေးအိုးထဲမှာ လက်ရွေးစင်တွေအားလုံးကို ပြန်ပေးဆွဲခဲ့တဲ့ တစ်ယောက်ပဲ "

" ဘုရားရေ။ ကျုပ်လဲ မှတ်မိပြီ။ အဲဒါ သူပဲ၊ သူက ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားမရှိတဲ့အပြင် သူ့မျိုးနွယ်စုကိုလဲ သစ္စာဖောက်တဲ့သူလို့ ကျုပ်ကြားတယ်။ သူက အနိုင်ကျင့်လွန်းလို့ လူတိုင်း သူ့ကို မုန်းကြတယ်ဆိုပဲ "

" အဲဒါတွေ အားလုံးက ဘာမှ မဟုတ်သေးဘူး။ သူက မယားခိုးသမားဖြစ်ရတာကို ဂုဏ်ယူနေတယ်လို့လဲ ကြားတယ်။ လုံးဝကို သောက်ရှက်မရှိတဲ့ကောင်၊ အခု သူ ဗဟိုဧကရာဇ်မြို့တော်ကို ရောက်ချလာပြီ။ ဒါ့အပြင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေး မဟာအကြီးအကဲယောင်ဆောင်ထားတယ် "

လူအများ စကားပြောကြသည်နှင့်အမျှ သူတို့ကြားဖူးသော ပိုင်ဟောက်အကြောင်း ပြန်သတိရလာတော့သည်။ ထိုအချိန်တွင် ဆိုင်ထဲ၌ ပိုင်ရှောင်ချန်းသည် လက်ကိုနောက်ပစ်လျက် နံရံထဲစိုက်ဝင်နေသော ချန်ရှုံးနှင့် သူ၏တာအိုအစောင့်အရှောက်နှစ်ယောက်ကို ရပ်ကြည့်နေသည်။ သူက ချန်ရှုံး မည်မျှအထက်စီးဆန်စွာပြုမူခဲ့ပြီး အကြွေးမဆပ်ဘဲ ထွက်ပြေးရန် ကြိုးစားခဲ့သည်ကို တွေးလိုက်သည်နှင့် သူ၏ဒေါသများ ဆူပွက်လာတော့သည်။

" လုံးဝလူရမ်းကားတွေ ။ ငါ ဘယ်သူ့ကိုမှ ရန်မစပဲ ရေငုံနှုတ်ပိတ်နေခဲ့တာတောင် ဒီကောင်စုတ်က ငါ့ဆီလာပြီး အနိုင်ကျင့်ရဲတယ်"

ပိုင်ဟောက်တစ်ယောက်တည်းသာ ကြားရစေရန် မျက်နှာဖုံး၏ စွမ်းအားများကို အသုံးပြုရင်း သူကပြောသည်။

" ပိုင်ဟောက်၊ ဒါက ဆရာ့အမှားမဟုတ်ဘူးမလား။ မင်း အကုန်မြင်တာပဲ။ ဒါ သူတို့က စည်းကျော်လာတာ "

ပိုင်ဟောက်မှာ မည်သို့ပြန်ဖြေရမည်ကို မသိသဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ ကပ်ဘေးကား ဆိုက်နေလေပြီ။ သို့သော် ပိုင်ရှောင်ချန်း စခဲ့ခြင်း မဟုတ်သည်မှာ မှန်၏။ ၎င်းမှာ “ အပင်မြင့်လေ လေတိုက်လေ ” ဖြစ်ခဲ့ရခြင်းပင်။

" ဆရာ ကျွန်တော်တို့ အခု ဘာလုပ်ရမလဲ စဉ်းစားဖို့လိုတယ် " သူက ပြောသည်။

" သိပ်မကြာခင် သူတို့ မျိုးနွယ်စုက ကျွန်တော်တို့ကို သေချာပေါက်လာရှာတော့မှာ"

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားနေပြီဖြစ်သည်။ စောစောက သူသည် ရဲရင့်စွာ ပြုမူခဲ့သော်လည်း အမှန်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ဤသည်မှာ နတ်တစ်ပါးရှိသော မျိုးနွယ်စုဖြစ်ပြီး သူက သရဲကြီးမြို့တော်ထဲမှာ ရှိနေခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက စာပို့ကျောက်စိမ်းပေလွှာကို ထုတ်ကာ သရဲကြီးဘုရင်ထံ အသံစာ ပေးပို့လိုက်သည်။

မကြာမီ သရဲကြီးဘုရင်၏ သြဇာညောင်းသော အသံ တုန့်ပြန်သည်ကို ကြားလိုက်ရသည်။

" မင်း ဘာတွေ ကြောက်နေတာတုန်း။ သူက ကောင်းကင်နယ်စားလေးပဲကို ဟုတ်တယ်မလား။ နားထောင် ပိုင်ဟောက်၊ မင်းက သရဲကြီးမြို့တော်ရဲ့ အမှုဆောင်ချုပ်၊ ငါ့သမက်လို့ပြောလဲ ဟုတ်တယ်။ အဲဒီတော့ ချန်ဟောက်စုန်က သူ့ရာထူးကို သုံးပြီး အနိုင်ကျင့်ရင်တော့ ငါလဲ ပြန်လုပ်ရလိမ့်မယ် "

အခြားတစ်ယောက်၏ ဂရုစိုက်ပေးမှုကြောင့် ပိုင်ရှောင်ချန်း စိတ်ထဲကြည်နူးစွာ မခံစားခဲ့ရသည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် သရဲကြီးဘုရင်၏ ပြန်စာကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ၎င်းသည် သူ့အနားထဲတွင် သံစဉ်လေးများ သဖွယ် ငြိမ့်ညောင်းသာယာနေတော့သည်။ သူ၏ဘုရင်မင်းမြတ်က သူ့အပေါ် ဂရုစိုက်သည့် အချက်က စိတ်ဖိစီးမှုများစွာကို လျော့ကျသွားစေသည်။ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း သူက ချန်ရှုံးနှင့် သူ၏ တာအိုအစောင့်အရှောက်များကို စိန်းစိန်းဝါးဝါးလှမ်းကြည့်လိုက်သည်။

" ဟမ့်၊ အကြွေးမပေးပဲ ငါ့ဆီက ထွက်ပြေးဖို့ ကြိုးစားတယ်ပေါ့။ နည်းနည်းပါးပါး ထပ်တိုးသင့်လား။ သရဲကြီးဘုရင်က ငါ့နောက်မှာ ရှိပေးမည်လို့ ပြောထားတာပဲ "

သူက နှုတ်ခမ်းကို သပ်လိုက်ရင်း သူလွန်သွားသည်လား ဆုံးဖြတ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူက ဝိညာဉ်ဆေး ၈ ကုဋေပိုင်ဆိုင်သည်ကို သတိရလိုက်သည်နှင့် သူ၏ ဒေါသမီးများ တောက်လောင်လာတော့သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းမနေဘဲ ထာဝရထီးကို ထုတ်ကာ ချန်ရှုံးကို စိုက်လိုက်သည်။

" နည်းနည်းပဲ ယူမှာပါ "

သူက ရေရွတ်လိုက်သည်။ ချန်ရှုံး၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သူ့မျက်နှာနှင့် လည်ပင်းတို့အပေါ်တွင် သွေးကြောပြာကြီးများ ထောင်လာတော့သည်။ ထို့နောက် သူက နာကျင်စွာ အော်ဟစ်လိုက်သည်။

အပြင်ဘက်ရှိ လူများက ထိုသည်ကို ကြားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ပိုင်ရှောင်ချန်းပင်လျှင် အတန်ငယ်လန့်ဖျပ်သွားပြီး ထာဝရထီးကို ပြန်ထုတ်လိုက်သည်။ သူက ရောစပ်အရိုးအဆင့်တွင် ရပ်နေသည်ကို မြှင့်တင်ရန်အတွက် ချန်ရှုံး၏ သက်စောင့်အား ဆယ်ရာခိုင်နှုန်းကိုသာ စုပ်ယူရသေးသည်။

" မင်းဘာလုပ်နေတာလဲ ပိုင်ဟောက်။ မင်း သေချင်းဆိုးနဲ့ သေမှာ"

ချန်ရှုံးသည် သိသိသာသာ ပိန်သွား၏။ ပိုင်ရှောင်ချန်းကို ဒေါသတကြီး စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း သူက နံရံထဲမှ ထွက်ရန် ရုန်းကန်လိုက်သည်။

ချန်ရှုံး၏ရုန်းကန်နေပုံကိုကြည့်ကာ ထာဝရထီးကြောင့် မထိခိုက်သည့်ပုံမပေါ်သောကြောင့် ပိုင်ရှောင်ချန်းက နောက်ထပ် သက်စောင့်အားအနည်းငယ် ထပ်မံစုပ်ယူရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ချန်ရှုံး၏ခန္ဓာကိုယ်ထဲ ထီးနက်ကို ထပ်မံထိုးစိုက်လိုက်သည်။

" ပါးစပ်ပိတ်ထား။ ငါ နည်းနည်းလေးပဲ ယူတာ။ ဘာမှမပြောပလောက်ဘူး။ မင်း ငါ့ကို ဝိညာဉ်ဆးပုလင်း ကုဋေရှစ်ဆယ် အကြွေးတင်နေတာနော်။ မင်း ငါ့ကို ကျိန်ဆဲရဲတယ်လား "

နောက်ထပ် ကျိန်ဆဲသံများနှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက ထီးနက်ကို သုံးကြိမ်မြောက်သုံးလိုက်သည်။ ထို့နောက် လေးကြိမ်၊ ငါးကြိမ်…

ပိုင်ဟောက်မှာ မှင်သက်နေပြီး အကြံအနည်းငယ် အလျင်အမြန် ပေးလိုက်သည်။

" ဆရာ ရပ်သင့်ပြီနော်။ ဆရာသူ့ကို သတ်မိတော့မယ် "

" စိတ်မပူပါနဲ့။ ဆရာ့မှာ ဒီလို အတွေ့အကြုံတွေ အများကြီးရှိတယ် "

ပိုင်ရှောင်ချန်းမှာ အတော်လေး စိတ်အားတက်ကြွနေပြီး သူ သတိမထားမိခင်မှာပင် ချန်ရှုံးက အရိုးပေါ်အရေတင်သာကျန်တော့သည်။ သူ၏အော်ဟစ်သံများသည် အားနည်းနေပြီး ဖြည်းညင်းစွာ အသက်ရှူနေရသည်။ ထိုမျှသာမက သူ၏ မျက်လုံးများထဲတွင် အကြောက်တရားများဖြင့် တောက်ပနေတော့သည်။ ဤအချိန်တွင် သူသည် သူ၏ ဆုံးဖြတ်ချက်များအားလုံးအတွက် နောင်တရနေပြီဖြစ်ပြီး သူ၏ မိတ်ဆွေရောင်ရင်းများအားလုံး ဘာကြောင့် အနှီပိုင်ဟောက်ကို မိုးမွှန်အောင် ကျိန်ဆဲကြသည့်တိုင် ဝင်မရှုပ်ရဲသည်ကို နားလည်လိုက်လေပြီ။

ချန်ရှုံးကို ပြီးသောအခါ ပိုင်ရှောင်ချန်းက တာအိုအစောင့်အရှောက်နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ တခဏကြာသော် သူက ပြောသည်။

" ဘယ်လိုပြောမလဲ ငါ့တပည့်လေး။ ငါဒီနှစ်ယောက်ဆီ ဆက်သွားသင့်လား"

ပိုင်ဟောက်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး သူ့ဆရာကြောင့် ပိန်ချုံးချိနဲ့သွားသော သနားစရာ ချန်ရှုံးကို လှမ်းကြည့်လိုက်သည်။ ချန်ရှုံးအတွက် သူ စိတ်မကောင်း ဖြစ်မိပါသော်လည်း မည်သို့လုပ်သင့်သည်ကို သူ့ဆရာအား ပြောရန်လိုသည်ဟုလည်း ခံစားနေရသည်။

" အမ်၊ အကုန်လုံးကို အတူတူလဲလုပ်လိုက်ပါလား။ ကျွန်တော်တို့ ကောင်းကင်နယ်စားချန်ကို အာခံပြီးနေမှတော့ ဒီလိုလုပ်လဲ ဘာမှ မထူးလောက်တော့ပါဘူး "

" ဒါက စိတ်ဓာတ်ပဲကွ " ပိုင်ရှောင်ချန်းက ပြန်ဖြေလိုက်သည်။

" ဟားဟားဟား ငါလဲ အဲ့လိုပဲ တွေးနေတာ"

ထို့နောက် သူက ပထမဆုံးတာအိုအစောင့်အရှောက်ကို ထာဝရထီးနက်ဖြင့် ထိုးစိုက်လိုက်သည်။ မကြာမီ တာအိုအစောင့်အရှောက်နှစ်ယောက်လုံး ယခင်ထက် ပိန်ကပ်သွားသည်။ သို့သော် သူက တရားမလွန်သည့်အပြင် သူတို့က အဓိကတရားခံများမဟုတ်သည်ကို ထည့်တွက်လိုက်ရင်း သူတို့၏ သက်စောင့်အားအနည်းငယ်ကိုသာ ယူလိုက်လေသည်။

သက်စောင့်အားများစွာကြောင့် ပျော်ရွှင်ဝမ်းမြောက်နေစဉ် ဆိုင်၏ အရှေ့တံခါးကို စွမ်းအားကြီးသော အားတစ်ခုသက်ရောက်လာခြင်းကြောင့် တသိမ့်သိမ့်တုန်ခါသွား၏။ ထို့နောက် တံခါးသည် ဝုန်းခနဲပွင့်သွားပြီး နတ်စွမ်းအင်လှိုင်းတစ်ခု ဆိုင်ထဲတွင် ထွက်ပေါ်လာသည်။

" ပိုင်ဟောက် "

အံတင်းတင်းကြိတ်ထားပြီး အမျက်ဒေါသများ တောက်လောင်နေသော မျက်ဝန်းများဖြင့် သခင်မလေး ဟုန်ချိန်က ဆိုင်ထဲသို့ ဝုန်းဒိုင်းကြဲဝင်လာတော့သည်။

All Chapters